The Dimple On His Cheek ( Com...

aseinnkyaw

464K 32.9K 2.4K

ယောကျ်ားတစ်ယောက်ကို ချစ်မိတာက အပြစ်ဆိုရင် ကျွန်တော့်မှာ သူ့ကိုချစ်မိတဲ့ အပြစ်တစ်ခုပဲရှိတာပါ ရှင်းမြတ်နိုးပို... Еще

Author's Note
Character Intro
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 10
Part - 11
Part - 12
Part - 13 ( Kiss Sense )
Part - 14
Part - 15 ( Trio)
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24 ( Valentine Special )
Part - 25
Part - 26
Part - 27
Part - 28
Part - 29
Part - 30
Part - 31
Pre - Ending
3 Hours ago
Ending
Extra - 2
Inner Art ❤️
Book Cover 🤍

Part - 9

10.2K 1K 30
aseinnkyaw

Unicode

မြတ်နိုးခြင်းတွေ အပြည့်စီးဝင်နေတဲ့ မျက်ဝန်းမျိူးနဲ့ရှင်းကို ကျွန်တော်သတိလက်လွတ် ငေးကြည့်မိနေတော့ ရှင်းက အဓိပ္ပာယ်ကောက်လွဲတယ် ။

"ဟေ့ကောင် ချမ်းမြေ့ အကြည့်တွေကရူးခါနေတာပဲကွာ ငါကို မင်းကောင်မလေးများ မှတ်နေလား ဟမ်"

ရှင်းက အရယ်တဝက်နဲ့ မျက်ခုံးပင့်ပြောတော့
ကြွေကျလုနီးပါး ကျွန်တော့် နှလုံးသားတွေဟာ
ပြန်အဖတ်ဆယ်လို့တောင်မရတော့ ။

ပြုံးလိုက်တိုင်း ခွက်ခွက်ဝင်သွားတတ်တဲ့ ရှင်းရဲ့ပါးပေါ်က ပါးချိူင့်ခွက်လေးက ကျွန်တော့်အား ဒုတိယတစ်ကြိမ် ရူးသွပ်စေပြန်တယ် ။

" ကျောက်ရုပ်ကြီးလုပ်နေမှာလား ဟေ့ကောင်
ဘာတွေအသည်းအသန် စဉ်းစားနေတာလဲ "

မင်းကိုချစ်တဲ့အကြောင်းဟု ကျွန်တော် ထုတ်မပြောမိ။ပြောဖို့ အချိန်မတန်သေးတာလည်း ပါကောင်းပါလိမ့်မည်။

"ကိုယ့်ဘာသာဝအောင်စားစမ်းပါ ငရှင်းရာ
စားသလောက်မဝတဲ့ ဘော်ဒီလေးဖြစ်နေလို့သာပေါ့ မဟုတ်ရင်တော့ မင်းစားပုံမျိူးနဲ့ ဝက်ဖြစ်နေလောက်ပြီ"

ရှေ့မှာတောင်လိုယာလိုပုံထားတဲ့ အပေါင်းပန်းကန်တွေကို ကြည့်ပြီးပြောလိုက်ခြင်းပင်။ တကယ်က ရင်ခုန်သံတွေကို စကားလမ်းကြောင်းလွှဲကာ ထိန်းလိုက်ခြင်းလည်းပါသည်။

" ငါကြိုက်တဲ့ အစားအစာ မို့လို့ပါကွာ "

ရှင်းလေးက စပ်ဖြီးဖြီးရယ်ပြတော့ မနိုင်ဘူးဆိုသည့်သဘောနဲ့ ကျွန်တော်ခေါင်းရမ်းပြလိုက်သည်။

ရှင်းလေးဟာ တစိမ်းတစ်ရံတွေနဲ့ဆိုအနေအေးသလောက် ကျွန်တော်အပေါ်ဆိုလျှင်တော့ စိတ်ရင်းအတိုင်း ပွင့်ပွင့်လင်းလင်းလေးဆက်ဆံတတ်တာကို ကျေနပ်ရပေသည်။

အခုလည်း ရုပ်ရှင်ရုံထဲကထွက်လာပြီး
ကိုယ်တော်ချော က ဗိုက်ဆာတယ်ဟု ဆို၍
DimSum ဆိုင်တစ်ဆိုင်မှာအဝတီးနေတာမို့
ချစ်နေရသောကျွန်တော်က ရှင်းသန့်ချောမွတ်
လှတဲ့ မျက်နှာလေးသာကို ကြည့်ပြီး အလိုလို
ဗိုက်ပြည့်နေခြင်း။

"မင်းနဲ့တွေ့ရတာ စိတ်ချမ်းသာတယ်ကွာ
ဟိုလူကြီးနဲ့တွေ့ရင် မိန်းကလေးလိုဟန်ဆောင်
နေရတော့ ဘယ်အချိန် အလိမ်ပေါ်သွားမလဲ
ဆိုတာပဲ ရင်တထိတ်ထိတ်နဲ့စိုးရိမ်နေရတယ် "

"ငါတော့ ဖွင့်ပြောလိုက်စေချင်တယ် ရှင်း
အချိန်ကြာကြာဆွဲမထားစေချင်ဘူး ဘယ်လိုပဲ
ဖုံးဖိဖိ ယောကျာ်းလေးတစ်ယောက်ကို မိန်းကလေးလို ဟန်ဆောင်ခိုင်းတာကြီးကတော့ မဖြစ်နိုင်တဲ့ ကိစ္စကြီးကွာ မင်းမားသားကြီးနဲ့ တီလေး လွန်တယ်လို့ထင်တယ် "

ချမ်းမြေ့ စကားတွေကြောင်း ရှင်း တွေးတွေး
ဆဆလေးဖြစ်သွားသည်။တကယ်ဆို ဒီကိစ္စမှာ
သူငြင်းလိုက်လို့ရပါလျက် မေမေနဲ့တီလေးတို့ရဲ့
ပယောဂဆိုတာထက် သူကိုယ်တိုင် စိတ်ပါ
လက်ပါ ဟန်ဆောင်မိနေခြင်းအကြောင်းရင်းကို
တော့ သူတစ်ယောက်သာသိလေသည်မို့ ဘာကြောင့်ဆိုတာ ချမ်းမြေ့ကိုတောင် ဝန်မခံမိ။

" ရှင်း ဟိုမှာလာနေတာ ထူးထက်ခေါင်မလား "

သူတို့ ထိုင်နေသောဆိုင်ကစက်လှေကားကိုအစအဆုံးမြင်နေရတာမို့စက်လှေကား အတက်နေရာကို ကြည့်လျက် ချမ်းမြေ့ ဆိုလိုက်ခြင်းပင်။

ဂျာနယ်တစ်ချိူ့နဲ့ Facebook စာမျက်နှာမှာမကြာခဏ မြင်နေရသူမို့ ထူးထက်ခေါင်မှန်း
မြင်ရုံနဲ့တပ်အပ်သိလိုက်သည်။

ကျောပေးထိုင်နေသော ရှင်းလေးက " တကယ်လား "ဟု တိုးတိုးလေး မေးလိုက်လျက် နောက်ပြန်လှည့်အကြည့်

" အို.... Shit တကယ်ကြီးဟ "

မျက်လုံးအစုံဟာ ပြူးကျယ်လျက် ရှင်းလေး
တစ်ယောက်ပျာယာခတ်သွားရတော့သည်။

ဒီလူကြီး.... ဒီကို ဘာလာလုပ်တာပါလိမ့်။

" ချမ်းမြေ့ မင်းဦးထုတ်ပေးစမ်း "

ဆံပင်ဖွာဖွာတွေကို လှလှပပ ပုံကျအောင်ဆောင်းထားတဲ့ ချမ်းမြေ့ရဲ့ K-POP ဆန်ဆန်ဦးထုပ်အမဲအဝိုင်းကို ရှင်းက ဖြတ်ခနဲဆွဲယူလိုက်သည်။

ထို့နောက် ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းလိုက်ကာ ချမ်းမြေ့ကိုယ်လုံးနဲ့ကွယ်လျက် ဆိုင်ထဲမှကုန်းကုန်းကွကွ ထွက်လာခဲ့သည်။

" ဟူး....... မလွယ်ပါလား......"

" ရှင်း ဘာတွေကြောက်နေတာလဲ မင်းကို ဟိုကသိမှာ တောင်မဟုတ်ဘူး"

လမ်းတစ်ဝက်ရောက်မှ ချမ်းမြေ့က စိတ်မရှည်သလို ထပြောတော့ ရှင်းကသက်ပြင်းချလိုက်ကာ

"မင်းမသိပါဘူးကွာ.... ငါဘယ်လောက်ကျောချမ်းနေသလဲဆိုတာ ငါနဲ့ရွှန်ရွှန်း ဒီလောက်ရုပ်တူတာ သူမမှတ်မိပဲနေမလားကွ "

"သဘောကွာ ခုတော့ ငါ့ဦးထုတ်ပြန်ပေး ဆံပင်ပုံစံ ပျက်တယ် "

သူ့ထံမှ ဦးထုပ်ကို လှမ်းယူပြီး အကျအနဆောင်းလိုက်သော ချမ်းမြေ့အား ရှင်း မရည်ရွယ်ပါပဲ ငေးမိသွားသည်။

ဒီနေ့ကျမှ ချမ်းမြေ့ဟာ ဒူးနားမှာပြဲနေတဲ့ ဂျင်းအမဲနဲ့ over size ရှပ်အကျီ အမဲက ပုံကျနေကာ ရှူးဖိနပ်အမဲအပြင် နားတစ်ဖက်မှာလည်း နားဆွဲရှည်ရှည်တစ်ခုဆွဲထားလျက် ခပ်ဝိုင်းဝိုင်း ဦးထုပ်အမဲကိုလည်း ပဲများပြီးစောင်းထားသေးတာမို့ ဖြူနုသောအသားက ပို၍ပေါ်လွင်နေကာ လူငယ်ဆန်ပြီး ကြည့်လို့
ကောင်းနေသည်ကိုတော့ ငြင်းမရ။

ချမ်းမြေ့ရဲ့ပုံစံလေးဟာ ပေါ့ပေါ့ပါးပါးရှိလှကာ ထူးထက်ထက်ခေါင်ဆိုတဲ့ လူကြီးနဲ့တော့ တခြားစီပင်။

ထူးထက်ခေါင်ကတော့ တစ်ခါလာလည်း ဒီသမာရိုးကျ ပုံစံခွက်ကြီးထဲကပြောင်းလဲခြင်းမရှိ။

မျက်နှာကအမြဲမှုန်ကုပ်ကုပ်နဲ့ ရှပ်အကျီနဲ့စတိုင်ပန် ၊ဒါမှမဟုတ် စတစ်ကော်လံနဲ့ ယောပုဆိုးဝတ်တာလောက်ပဲတွေ့ဖူးတာမို့ နုနယ်တဲ့မျက်နှာလေးတောင်ပျောက်နေသယောင်။

လွန်ခဲ့တဲ့ ငါးနှစ်ကစာလျှင် ပိုပြီးတည်ငြိမ်ရင့်ကျက်လာသည်မှာ မှန်သော်လည်း ယခုထက်ထိတိုင် Bro အပေါ် နွေးထွေးရှိန်းမြနေတဲ့ ခံစားချက်တွေ အတွက်တော့ ကိုယ့်စိတ်ကိုဖြေသိမ့်တွေးရင်း ရင်မောရလေသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

" ညီ............ "

မလှမ်းမကမ်းကနေ လှစ်ခနဲမြင်လိုက်ရတဲ့ ပုံရိပ်လေးတစ်ခုကြောင့် ကျွန်တော့်စိတ်အာရုံတစ်ခုလုံးထွေပြားသွားသည်။

သေချာပါတယ်...... ဒါ ကျွန်တော့်ရဲ့ညီပါပဲ

ပန်းနုရောင်ပြောင်ဆွယ်တာတစ်ထည်နဲ့ ချည်သားဘောင်းဘီအဖြူရောင်အတိုလေးက ညီဝတ်နေကျ ပုံစံ။

"ညီက ပန်းရောင်ကြိုက်တာလား ညီဝတ်လိုက်တိုင်းပန်းရောင်တွေများတယ်နော် "

"အင်း ကျွန်တော်ပန်းရောင်သိပ်ကြိုက်တယ် Bro ပန်းရောင်က နူးနူးညံ့ညံ့လေးမို့ပိုကြိုက်တာ အများစုကတော့ ပန်းရောင်ကြိုက်ရင်အခြောက်လို့ ထင်ရာမြင်ရာတွေစွဲပြီး သမုတ်ကျတယ် အရောင်တစ်ခုနဲ့ လူ့တန်ဖိုးကို အလွယ်တကူ ဆုံးဖြတ်ကျတယ် ဥပမာ အမဲရောင်ဝတ်ရင် ဂျလေဘီ ပန်းရောင်ဝတ်ရင် အခြောက်ဆိုတာမျိူးပေါ့ ပန်းရောင်ကို မိန်းကလေးတွေပဲကြိုက်ရမယ်လို့ အမိန့်ချထားတာမှမဟုတ်တာ တကယ်တော့ ပန်းရောင်ကြိုက်တိုင်းအခြောက်မဟုတ်သလို အခြောက်တိုင်းလည်း ပန်းရောင်
မကြိုက်ကျပါဖူးဗျာ "

ညီစကားတွေကို ဒီနေ့ထိ ကျွန်တော်မမေ့သေး။

အရောင်လေးတစ်ခုအပေါ်မှာတောင် လေးလေးနက်နက်တွေးပေးတတ်သော ညီဟာ ပန်းရောင်ကြိုက်တဲ့ တကယ့် အရိုးခံကောင်လေး။

ညီ့်မျက်နှာကို အပြည့်အဝ မမြင်ဖူးသည်မှာ မှန်သော်လည်း မှန်းဆလိုက်တိုင်း လွဲခဲတဲ့
ကျွန်တော်ဟာ ညီပါဆိုတာ တပ်အပ်သိနေ
သယောင်။

ပိုပြီးသေချာစေတာက အုပ်အုပ်လေးဝဲကျနေတဲ့
ဆံပင်ပျော့ပျော့လေးအောက်မှာပေါ်နေတဲ့ အဝေးကပင်ထင်ထင်ရှားရှား လှမ်းမြင်နေရတဲ့ ပါးချိူင့်ခွက်လေး။

လှေကားအစကနေ တတ်လာကတည်းက ရယ်မောနေတဲ့ ပါးချိူင့်ခွက်လေးဟာ ကျွန်တော့်စိတ်ကို ညို့ငင်နေသယောင်။

"ညီ့ ပါးချိူင့်လေးက ထင်းနေတာပဲ ကိုယ်ညီ့ကိုတွေ့ချင်လို့ လိုက်ရှာရင် ပါးချိူင့်ပါတဲ့ လူတွေကိုအရင်ရှာရမယ်ထင်တယ် "

ကျွန်တော်အဲလိုပြောတုန်းက ကျွန်တော့်မျက်နှာမှာ ဆွဲဆောင်မှုအရှိဆုံးက ပါးချိူင့်ပဲဟု ညီက ရယ်မောရင်းသာ ပြန်ပြောခဲ့သည်။ အဲဒီအချိန်တုန်းကကျွန်တော်ဟာ ညီကို ဘာလို့များ ရူးရူးမိုက်မိုက်နဲ့ တစ်ခါလေးတောင် အပြင်မှာတွေ့ဆုံဖို့ မပြောခဲ့ရတာလဲ။

ယောကျာ်းတစ်ယောက်ရဲ့ မာန၊ သိက္ခာ နဲ့ လုံးဝမဖြစ်နိုင်ပါဖူးဆိုတဲ့ စိုးရိမ်စိတ်ကြီးကကျွန်တော့်အား ညတိုင်းခြောက်လှန့်ခဲ့သည်။

ညီဘက်က ခံစားချက်တွေကို မြင်နေရသော်လည်း ယောကျ်ားလေးနှစ်ယောက်ဆိုတဲ့ စည်းတစ်ခုကြား ဘောင်မကျော်ရဲခဲ့တဲ့ ကျွန်တော်ဟာ သတ္တိအလွန်ကြောင်တဲ့ကောင်ပါ။

ညီ့ စိတ်တွေကို အစွန်းဆုံးအထိ လဲပြိုကျအောင်ထိုးနှက်ခဲ့ပြီးမှ ဒီနေ့ ဒီအချိန်ထိ ညီသွားနေကျ စားနေကျနေရာတွေမှာ ညီ့ကို အရူးတစ်ယောက်လို ကျွန်တော်လိုက်ရှာနေမိတယ်ဆိုတာ ညီတစ်ယောက်
သာသိရင် ရယ်နေမလားမသိ။

အနဲဆုံးတော့ မိန်းကလေးတစ်ယောက်နဲ့ မကြာခင် လက်ထပ်ရတော့မယ့်ကျွန်တော်ဟာ အလွမ်းတွေကိုကွယ်ဝှက်ရင်း ညီ့ကိုနှုတ်ဆက်စကားတစ်ခွန်းလေးပြောချင်ရုံဟု ခေါင်းစဉ်တပ်ပြီး အရူးအမူးလိုက်ရှာနေမိသည့်တိုင် ခံစားချက်တွေကို ယနေ့ထက်ထိအောင် ဝန်မခံရဲသေး။

ညီကို့ အချိန်ပြည့် မေ့ဖို့ကြိုးစားတိုင်း အရူးတစ်ယောက်လို ညီသွားနေကျ နေရာတွေမှာ တွေ့မလားဆိုတဲ့စိတ်ကလေးတစ်ခုနဲ့ ယနေ့ထက်ထိတိုင် မကြာခဏလာရှာနေမိခဲ့တာကတော့ ကျွန်တော်
ဝန်မခံချင်လည်းဝန်ခံရမယ့် အရာတစ်ခုပင်....။

Zawgyi

ျမတ္နိုးျခင္းေတြ အျပည့္စီးဝင္ေနတဲ့
မ်က္ဝန္းမ်ိဴးနဲ႕ရွင္းကို ကြၽန္ေတာ္သတိလက္
လြတ္ ေငးၾကည့္မိေနေတာ့ ရွင္းက အဓိပၸာယ္
ေကာက္လြဲတယ္

"ေဟ့ေကာင္ ခ်မ္းေျမ့....အၾကည့္ေတြက႐ူးခါေနတာပဲကြာ.....ငါ့ကို မင္းေကာင္မေလး
မ်ား မွတ္ေနလား "

ရွင္းက အရယ္တဝက္နဲ႕ မ်က္ခုံးပင့္ေျပာေတာ့
ေႂကြက်လဳနီးပါး ကြၽန္ေတာ့္ ႏွလုံးသားေတြဟာ
ျပန္အဖတ္ဆယ္လို႔ေတာင္မရေတာ့ ။

ၿပဳံးလိုက္တိုင္း ခြက္ခြက္ဝင္သြားတတ္တဲ့
ရွင္းပါးေပၚက ပါးခ်ိဴင့္ခြက္ေလးက ကြၽန္ေတာ့္
အား ဒုတိယတစ္ႀကိမ္ ႐ူးသြပ္ေစျပန္တယ္

" ေက်ာက္႐ုပ္ႀကီးလုပ္ေနမွာလား ေဟ့ေကာင္
ဘာေတြအသည္းအသန္ စဥ္းစားေနတာလဲ "

မင္းကိုခ်စ္တဲ့အေၾကာင္းဟု ကြၽန္ေတာ္ ထုတ္
မေျပာမိ။

ေျပာဖို႔ အခ်ိန္မတန္ေသးတာလည္း
ပါေကာင္းပါလိမ့္မည္။

"ကိုယ့္ဘာသာဝေအာင္စားစမ္းပါ ငရွင္းရာ
စားသေလာက္မဝတဲ့ ေဘာ္ဒီေလးျဖစ္ေန
လို႔သာေပါ့ မဟုတ္ရင္ေတာ့ မင္းစားပုံမ်ိဴးနဲ႕
ဝက္ျဖစ္ေနေလာက္ၿပီ"

ေရွ႕မွာ ေတာင္လိုယာလိုပုံထားတဲ့ အေပါင္း
ပန္းကန္ေတြကို ၾကည့္ၿပီးေျပာလိုက္ျခင္းပင္။
တကယ္က ရင္ခုန္သံေတြကို စကားလမ္း
ေၾကာင္းလႊဲကာ ထိန္းလိုက္ျခင္းလည္းပါသည္။

" ငါႀကိဳက္တဲ့ အစားအစာ မို႔လို႔ပါကြာ "

ရွင္းေလးက စပ္ၿဖီးၿဖီးရယ္ျပေတာ့ မနိုင္ဖူး
ဆိုတဲ့သေဘာနဲ႕ ကြၽန္ေတာ္ေခါင္းရမ္းျပလိုက္
သည္။

ရွင္းေလးဟာ တစိမ္းတစ္ရံေတြနဲ႕ဆိုအေနေအး
သေလာက္ ကြၽန္ေတာ္အေပၚဆိုလွ်င္ေတာ့
စိတ္ရင္းအတိုင္း ပြင့္ပြင့္လင္းလင္းေလး
ဆက္ဆံတတ္တာကို ေက်နပ္ရေပသည္။

အခုလည္း ႐ုပ္ရွင္႐ုံထဲကထြက္လာၿပီး
ကိုယ္ေတာ္ေခ်ာ က ဗိုက္ဆာတယ္ဟု ဆို၍
DimSum ဆိုင္တစ္ဆိုင္မွာအဝတီးေနတာမို႔
ခ်စ္ေနရေသာကြၽန္ေတာ္က ရွင္းသန႔္ေခ်ာမြတ္
လွတဲ့ မ်က္ႏွာေလးသာကို ၾကည့္ၿပီး အလိုလို
ဗိုက္ျပည့္ေနျခင္း။

"မင္းနဲ႕ေတြ႕ရတာ စိတ္ခ်မ္းသာတယ္ကြာ
ဟိုလူႀကီးနဲ႕ေတြ႕ရင္ မိန္းကေလးလိုဟန္ေဆာင္
ေနရေတာ့ ဘယ္အခ်ိန္ အလိမ္ေပၚသြားမလဲ
ဆိုတာပဲ ရင္တဒိတ္ဒိတ္နဲ႕စိုးရိမ္ေနရတယ္ "

"ငါေတာ့ ဖြင့္ေျပာလိုက္ေစခ်င္တယ္ ရွင္း
အခ်ိန္ၾကာၾကာဆြဲမထားေစခ်င္ဖူး ဘယ္လိုပဲ
ဖုံးဖိဖိ ေယာက်ာ္းေလးတစ္ေယာက္ကို
မိန္းကေလးလို ဟန္ေဆာင္ခိုင္းတာႀကီးကေတာ့
မျဖစ္နိုင္တဲ့ ကိစၥႀကီးကြာ မင္းမားသားႀကီးနဲ႕
တီေလး လြန္တယ္လို႔ထင္တယ္ "

ခ်မ္းေျမ့ စကားေတြေၾကာင္း ရွင္း ေတြးေတြး
ဆဆေလးျဖစ္သြားသည္။တကယ္ဆို ဒီကိစၥမွာ
သူျငင္းလိုက္လို႔ရပါလ်က္ ေမေမနဲ႕တီေလးတို႔ရဲ႕
ပေယာဂဆိုတာထက္ သူကိုယ္တိုင္ စိတ္ပါ
လက္ပါ ဟန္ေဆာင္မိေနျခင္းအေၾကာင္းရင္းကို
ေတာ့ သူတစ္ေယာက္သာသိေလသည္မို႔
ဘာေၾကာင့္ဆိုတာ ခ်မ္းေျမ့ကိုေတာင္ဝန္မခံမိ။

" ရွင္း....ဟိုမွာလာေနတာ ထူးထက္ေခါင္မလား "

သူတို႔ ထိုင္ေနေသာဆိုင္ကစက္ေလွကားကို
အစအဆုံးျမင္ေနရတာမို႔စက္ေလွကား
အတတ္ေနရာကို ၾကည့္လ်က္ ခ်မ္းေျမ့
ဆိုလိုက္ျခင္းပင္။

ဂ်ာနယ္တစ္ခ်ိဴ႕နဲ႕ Facebook စာမ်က္ႏွာမွာ
မၾကာခဏ ျမင္ေနရသူမို႔ ထူးထက္ေခါင္မွန္း
ျမင္႐ုံနဲ႕တပ္အပ္သိလိုက္သည္။

ေက်ာေပးထိုင္ေနေသာ ရွင္းေလးက
" တကယ္လား "ဟု တိုးတိုးေလး ေမးလိုက္လ်က္
ေနာက္ျပန္လွည့္အၾကည့္

" အို.... Shit တကယ္ႀကီးဟ "

မ်က္လုံးအစုံဟာ ျပဴးက်ယ္လ်က္ ရွင္းေလး
တစ္ေယာက္ပ်ာယာခတ္သြားရေတာ့သည္။

ဒီလူႀကီး.... ဒီကို ဘာလာလုပ္တာပါလိမ့္။

" ခ်မ္းေျမ့ မင္းဦးထုတ္ေပးစမ္း "

ဆံပင္ဖြာဖြာေတြကို လွလွပပ ပုံက်ေအာင္
ေဆာင္းထားတဲ့ ခ်မ္းေျမ့ရဲ႕ K-POP ဆန္ဆန္
ဦးထုတ္အမဲအဝိုင္းကို ရွင္းက ျဖတ္ခနဲဆြဲယူ
လိုက္သည္။

ထို႔ေနာက္ ဦးထုတ္ကို ခပ္ငိုက္ငိုက္ေဆာင္း
လိုက္ကာ ခ်မ္းေျမ့ကိုယ္လုံးနဲ႕ကြယ္လ်က္
ဆိုင္ထဲမွကုန္းကုန္းကြကြ ထြက္လာခဲ့သည္။

" ဟူး....... မလြယ္ပါလား......"

" ရွင္း ဘာေတြေၾကာက္ေနတာလဲ မင္းကို
ဟိုကသိမွာ ေတာင္မဟုတ္ဖူး "

လမ္းတစ္ဝက္ေရာက္မွ ခ်မ္းေျမ့က
စိတ္မရွည္သလို ထေျပာေတာ့ ရွင္းက
သက္ျပင္းခ်လိဳက္ကာ

"မင္းမသိပါဖူးကြာ.... ငါဘယ္ေလာက္
ေက်ာခ်မ္းေနသလဲ ဆိုတာ ငါနဲ႕႐ႊန္း႐ႊန္း
ဒီေလာက္႐ုပ္တူတာ သူမမွတ္မိပဲေနမလားကြ "

"သေဘာကြာ ခုေတာ့ ငါ့ဦးထုတ္ျပန္ေပး
ဆံပင္ပုံစံ ပ်က္တယ္ "

သူ႕ထံမွ ဦးထုတ္ကို လွမ္းယူၿပီး အက်အန
ေဆာင္းလိုက္ေသာ ခ်မ္းေျမ့အား ရွင္း
မရည္႐ြယ္ပဲ ေငးမိသြားသည္။

ဒီေန႕က်မွ ခ်မ္းေျမ့ဟာ ဒူးနားမွာၿပဲေနတဲ့
ဂ်င္းအမဲနဲ႕ over size ရွပ္အက်ီ အမဲက
ပုံက်ေနကာ ရႉးဖိနပ္အမဲအျပင္ နားတစ္ဖက္
မွာလည္း နားဆြဲရွည္ရွည္တစ္ခုဆြဲထားလ်က္
ခပ္ဝိုင္းဝိုင္း ဦးထုတ္အမဲကိုလည္း ပဲမ်ားၿပီး
ေစာင္းထားေသးတာမို႔ ျဖဴႏုေသာအသားက
ပို၍ေပၚလြင္ေနကာ လူငယ္ဆန္ၿပီး ၾကည့္လို႔
ေကာင္းေနသည္ကိုေတာ့ ျငင္းမရ။

ခ်မ္းေျမ့ရဲ႕ပုံစံေလးဟာ ေပါ့ေပါ့ပါးပါးရွိလွ
ကာ ထူးထက္ထက္ေခါင္ဆိုတဲ့ လူႀကီးနဲ႕ေတာ့
တျခားစီပင္။

ထူးထက္ေခါင္ကေတာ့ တစ္ခါလာလည္း
ဒီသမာရိုးက် ပုံစံခြက္ႀကီးထဲကေျပာင္းလဲျခင္း
မရွိ။

မ်က္ႏွာကအၿမဲမႈန္ကုပ္ကုပ္နဲ႕ ရွပ္အက်ီနဲ႕
စတိုင္ပန္ ၊ဒါမွမဟုတ္ စတစ္ေကာ္လံနဲ႕
ေယာပုဆိုးဝတ္တာေလာက္ပဲေတြ႕ဖူးတာမို႔
ႏုနယ္တဲ့မ်က္ႏွာေလးေတာင္ေပ်ာက္ေန
သေယာင္။

လြန္ခဲ့တဲ့ ငါးႏွစ္ကစာလွ်င္ ပိုၿပီးတည္ၿငိမ္
ရင့္က်က္လာသည္မွာ မွန္ေသာ္လည္း
ယခုထက္ထိတိုင္ Bro အေပၚ ႏြေးေထြး
ရွိန္းျမေနတဲ့ ခံစားခ်က္ေတြ အတြက္ေတာ့
ကိုယ့္စိတ္ကိုေျဖသိမ့္ေတြးရင္း ရင္ေမာရေလ
သည္။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

" ညီ............ "

မလွမ္းမကမ္းကေန လွစ္ခနဲ ျမင္လိုက္ရတဲ့
ပုံရိပ္ေလးက ကြၽန္ေတာ့္စိတ္အာ႐ုံကို
ေထြျပားသြားေစတယ္

ေသခ်ာပါတယ္...... ဒါကြၽန္ေတာ့္ရဲ႕ညီပါပဲ

ပန္းႏုေရာင္ေျပာင္ဆြယ္တာတစ္ထည္နဲ႕
ခ်ည္သားေဘာင္းဘီအျဖဴေရာင္ အတိုေလးက
ညီဝတ္ေနက် ပုံစံ။

"ညီက ပန္းေရာင္ႀကိဳက္တာလား ညီဝတ္
လိုက္တိုင္းပန္းေရာင္ေတြမ်ားတယ္ေနာ္ "

"အင္း ကြၽန္ေတာ္ပန္းေရာင္သိပ္ႀကိဳက္တယ္
Bro ပန္းေရာင္က ႏူးႏူးညံ့ညံ့ေလးမို႔ပိုႀကိဳက္တာ
အမ်ားစုကေတာ့ ပန္းေရာင္ႀကိဳက္ရင္အေျခာက္
လို႔ ထင္ရာျမင္ရာေတြစြဲၿပီး သမုတ္က်တယ္
အေရာင္တစ္ခုနဲ႕ လူ႕တန္ဖိုးကို အလြယ္တကူ
ဆုံးျဖတ္က်တယ္ ဥပမာ အမဲေရာင္ဝတ္ရင္
ဂ်ေလဘီ ပန္းေရာင္ဝတ္ရင္ အေျခာက္ဆိုတာ
မ်ိဴးေပါ့ ပန္းေရာင္ကို မိန္းကေလးေတြပဲ
ႀကိဳက္ရမယ္လို႔ အမိန႔္ခ်ထားတာမွမဟုတ္တာ
တကယ္ေတာ့ ပန္းေရာင္ႀကိဳက္တိုင္းအေျခာက္
မဟုတ္သလို အေျခာက္တိုင္းလည္း ပန္းေရာင္
မႀကိဳက္က်ပါဖူးဗ်ာ "

ညီစကားေတြကို ဒီေန႕ထိ ကြၽန္ေတာ္မေမ့ေသး။

အေရာင္ေလးတစ္ခုအေပၚမွာေတာင္
ေလးေလးနက္နက္ေတြးေပးတတ္ေသာ
ညီဟာ ပန္းေရာင္ႀကိဳက္တဲ့ တကယ့္
အရိုးခံေကာင္ေလး။

ညီ့္မ်က္ႏွာကို အျပည့္အဝ မျမင္ဖူးသည္မွာ
မွန္ေသာ္လည္း မွန္းဆလိုက္တိုင္း လြဲခဲတဲ့
ကြၽန္ေတာ္ဟာ ညီပါဆိုတာ တပ္အပ္သိေန
သေယာင္။

ပိုၿပီးေသခ်ာေစတာက အုပ္အုပ္ေလးဝဲက်ေနတဲ့
ဆံပင္ေပ်ာ့ေပ်ာ့ေလးေအာက္မွာေပၚေနတဲ့
အေဝးကပင္ထင္ထင္ရွားရွား လွမ္းျမင္ေနရတဲ့
ပါးခ်ိဴင့္ခြက္ေလး။

ေလွကားအစကေန တတ္လာကတည္းက
ရယ္ေမာေနတဲ့ ပါးခ်ိဴင့္ခြက္ေလးဟာ
ကြၽန္ေတာ့္စိတ္ကို ညို႔ငင္ေနသေယာင္။

"ညီ့ ပါးခ်ိဴင့္ေလးက ထင္းေနတာပဲ
ကိုယ္ညီ့ကိုေတြ႕ခ်င္လို႔ လိုက္ရွာရင္
ပါးခ်ိဴင့္ပါတဲ့ လူေတြကိုအရင္ရွာရမယ္ထင္တယ္ "

ကြၽန္ေတာ္အဲလိုေျပာတုန္းက ကြၽန္ေတာ့္
မ်က္ႏွာမွာ ဆြဲေဆာင္မႈအရွိဆုံးက ပါးခ်ိဴင့္ပဲဟု
ညီက ရယ္ေမာရင္းသာ ျပန္ေျပာခဲ့သည္။

အဲဒီအခ်ိန္တုန္းကကြၽန္ေတာ္ဟာ ညီကို
ဘာလို႔မ်ား ႐ူး႐ူးမိုက္မိုက္နဲ႕ တစ္ခါေလးေတာင္
အျပင္မွာ ေတြ႕ဆုံဖို႔ မေျပာခဲ့ရတာလဲ။

ေယာက်ာ္းတစ္ေယာက္ရဲ႕ မာန၊ သိကၡာ နဲ႕
လုံးဝမျဖစ္နိုင္ပါဖူးဆိုတဲ့ စိုးရိမ္စိတ္ႀကီးက
ကြၽန္ေတာ့္အား ညတိုင္းေျခာက္လွန႔္ခဲ့သည္။

ညီဘက္က ခံစားခ်က္ေတြကို ျမင္ေနရ
ေသာ္လည္း ေယာက်္ားေလးႏွစ္ေယာက္ဆိုတဲ့
စည္းတစ္ခုၾကား ေဘာင္မေက်ာ္ရဲခဲ့တဲ့
ကြၽန္ေတာ္ဟာ သတၱိအလြန္ေၾကာင္တဲ့ေကာင္ပါ။

ညီ့ စိတ္ေတြကို အစြန္းဆုံးအထိ လဲၿပိဳက်
ေအာင္ထိုးႏွက္ခဲ့ၿပီးမွ ဒီေန႕ ဒီအခ်ိန္ထိ
ညီသြားေနက် စားေနက်ေနရာေတြမွာ
ညီ့ကို အ႐ူးတစ္ေယာက္လို ကြၽန္ေတာ္
လိုက္ရွာေနမိတယ္ဆိုတာ ညီတစ္ေယာက္
သာသိရင္ ရယ္ေနမလားမသိ။

အနဲဆုံးေတာ့ မိန္းကေလးတစ္ေယာက္နဲ႕
မၾကာခင္ လက္ထပ္ရေတာ့မယ့္ကြၽန္ေတာ္ဟာ
အလြမ္းေတြကိုကြယ္ဝွက္ရင္း ညီ့ကိုႏႈတ္ဆက္
စကားတစ္ခြန္းေလးေျပာခ်င္႐ုံဟု ေခါင္းစဥ္
တပ္ၿပီး အ႐ူးအမူးလိုက္ရွာေနမိသည့္တိုင္
ခံစားခ်က္ေတြကို ယေန႕ထက္ထိေအာင္
ဝန္မခံရဲေသး။

ညီကို႔ အခ်ိန္ျပည့္ ေမ့ဖို႔ႀကိဳးစားတိုင္း
အ႐ူးတစ္ေယာက္လို ညီသြားေနက်
ေနရာေတြမွာ ေတြ႕မလားဆိုတဲ့စိတ္ကေလး
တစ္ခုနဲ႕ ယေန႕ထက္ထိတိုင္ မၾကာခဏ
လာရွာေနမိခဲ့တာကေတာ့ ကြၽန္ေတာ္
ဝန္မခံခ်င္လည္းဝန္ခံရမယ့္ အရာတစ္ခုပင္....။

A Seinn Kyaw

Продолжить чтение

Вам также понравится

Charger ! Mochi

Любовные романы

33.1K 2.4K 30
ထက္ဦးသြင္ ရွား လင္းျမတ္သူ
467 90 15
අලසකම ගෙවා ගන්න, හිත් සනසන්න අතින් වචන වූ කල්හි...... කවි ලිවීම යනු නොනවතින ඇබ්බැහිවීමකි ❤️❤️ Only short poems Sweet poems Enjoy my works❤️❤️
17.6K 1.3K 8
One Shot collations 💛 စိတ်ကူးတည့်ရာ အဝါရောင် ပျော်ရွှင်ခြင်းများ။ (Unicode & Zawgyi)