Part - 26

7.9K 700 65
                                    

The dimple on his cheek

Unicode

" ရှင်းလေး "

အခန်းထဲဝင်လာပြီး သူ့ကုတင်ပေါ်လာထိုင်ကာ သူ့ကိုတစ်မျိူးတစ်မည် ကြည့်လာသော မမရဲ့မျက်ဝန်းတွေက တစ်ခုခုကို စိုးရိမ်နေသယောင်.... ။

"ဟိုနေ့က ငါနဲ့ ချမ်းမြေ့နဲ့ကိစ္စ နင်မေးချင်နေတာမလား "

ရှင်းလေးက အရင်စကားစကို အစပျိူးပေး
လိုက်သည်။ကိုယ့်အမအကြောင်းကိုယ်မသိတာလည်းမဟုတ်။တော်ရုံဆိုတစ်ခုခု ခိုင်းချင်ရုံ ကိုယ့်ဆီက လိုချင်တာ တစ်ခုခုရှိလို့် ကိုယ့်ကိုမျက်နှာချိူသွေးချင်ရုံ ကိုယ့်ဆီမှာမရှိတဲ့အရာတစ်ခုခုကို ကြွားချင်ရုံသက်သက်ကလွဲလို့ အခန်းထဲ ဝင်လာလေ့ရှိသူ မဟုတ်။

"ဟိုနေ့က ငါလည်း ငါ့ပြသနာနဲ့ငါ ရှုပ်နေတာနဲ့ မနေ့ညကလည်း ဟိုလူကြီးတို့ မိသားစုနဲ့ထမင်း
စားနေရတာနဲ့ မမေးဖြစ်တာ နင်နဲ့ချမ်းမြေ့နဲ့က... "

ရွှန်းရွှန်းက ပြောမည့်အရေး အသံကဆက်ထွက်မလာတော့ပဲ တဖြေးဖြေး တိုးတိမ်ဝင်သွားသည်။ချမ်းမြေ့ကလည်း ငယ်ငယ်ကတည်းကပေါင်းလာတဲ့သူငယ်ချင်း ရှင်းကလည်း သူ့မောင်အရင်းမို့ ဒီနှစ်ယောက်စိတ်ကို အပေါ်ယံကြည့်ရုံနဲ့ ဖြတ်ခနဲဆို အရိပ်အကဲ ဖမ်းတတ်သူ...။

အခု ရှင်းလေး မျက်နှာကို ကြည့်နေသည့် ပုံစံကလည်း အဖြေသိပြီးသား ပုစ္ဆာတစ်ပုဒ်ကို ပိုသေချာသွားအောင် အထူးထုတ်မှာ လှန်ကြည့်ပြီးလာ အတည်ပြုချက်ယူနေသလိုမျိူး ။

"နင်သိနေတယ်မလား မမ ဟုတ်တယ် နင်ထင်နေသလိုပဲ နင်အမြဲတမ်း စနေသလိုပဲ ငါနဲ့ချမ်းမြေ့နဲ့က တွဲနေတာ ပြီးတော့ ငါက Gay လိင်တူ ချစ်တတ်တဲ့ လူတစ်ယောက်ပဲ "

ဘယ်သူမှမသိပဲ တစ်ယောက်တည်း ပင်ပင်ပန်းပန်း ထမ်းပိုးထားရတဲ့ လျိူ့ဝှက်ချက် တစ်ခုကိုကိုယ့်နဲ့အရင်းနှီးဆုံးလူတစ်ယောက်ဆီမှာ ဖြေချလိုက်ရတဲ့ ခံစားချက်တစ်ခုက သူ့စိတ်ကို ဘယ်
လောက်တောင် ပေါ့ပါးသွားစေလဲမသိ။

The Dimple On His Cheek ( Completed ) Z+UOpowieści tętniące życiem. Odkryj je teraz