Part - 16

9.7K 940 84
                                    

Unicode

The dimple on his cheek

"Not sure if you know this,
But When,we first met
I got so nervous, I couldn't speak
In that very moment,I found the
One and my life had found its
Missing piece .......
So as long as I live I love you
Well heaven hold you? .......... "

Westlife ၏" Beautiful in wife "
သီချင်းသံသည် မင်္ဂလာညစာစားပွဲ စတိတ်စင်
ပေါ်မှ ခပ်တိုးတိုးပျံ့လွင့်လာသည်။ စင်အောက်
က ဧည့်ပရိသတ်များသည် အသံအားကောင်း
ကောင်းနဲ့ သာယာချမ်းမြေ့ဖွယ်ဆိုနေသော
အဆိုတော်အား ငေးနေရာမှ စတိတ်စင်နောက်
ကနေ သတိုးသား သတိုးသမီး ထွက်လာတာမို့
သောင်းသောင်းဖျဖျ အော်ဟစ်လျက် ဝိုင်းပြီး
ဂုဏ်ပြုလိုက်ကြသည်။

" ဝိုး.......... "

သတိုးသားက လက်ဝှေ့ယမ်းနှုတ်ဆက်ကာ
သတိုးသမီးကို ပွေ့ဖက်နမ်းရှုံ့လိုက်သည်မို့
အော်ဟစ်သံတွေက ပို၍ ဆူညံ ပွက်လောရိုက်
သွားသည်။ မန္တလေးမြို့၏ အထင်ကရ နေရာ
တစ်ခုဖြစ်သော Novotal Hotel ၏ Pool
Side တွင် ကျင်းပနေသော မင်္ဂလာညစာစားပွဲ
သည် ဂုဏ်သရေရှိ ဧည့်ပရိသတ်များ မီးရောင်
စုံများနဲ့ ခမ်းနားထည်ဝါ လွန်းလှပေသည်။

သီချင်းသံလေးနဲ့လိုက်ဖက်ညီစွာပင် မင်္ဂလာ
စင်မြင့် တစ်လျှောက်ဖြေးညှင်းစွာ လျှောက်လမ်း
လာသော သတိုးသားနဲ့သတိုးသမီးသည် သက်
ဝင်ပန်းချီကားလေးလို လှပလွန်းတာမို့ စင်
အောက်က ပရိသတ်များက အပြုံးကိုယ်စီနဲ့
ကြည်နူးစွာပင် ငေးကြည့်နေကြသည်။

"ရဲဇော်တော့ စွံသွားပြီ ထက်ခေါင် မင်းတို့ရော
ဘယ်နေ့လဲ "

အနားရှိ စားပွဲဝိုင်းတွင် နေရာယူထားပြီး မင်္ဂလာ
စုံတွဲကို မျက်တောင်မခတ် ငေးမောနေရင်းမှာပင်
ဘေးနားက သီဟရဲ့ စကားသံကြောင့် ထူးထက်
ခေါင်က သီဟဘက်ကို လှည့်ကြည့်လာသည်။

" လိုပါသေးတယ်ကွာ "

ထူးထက်ခေါင် က ဘေးနားမှာ ရှင်းလေး ထိုင်
နေသဖြင့် ရယ်ကျဲကျဲပြောတော့ သီဟက သူတို့
နှစ်ယောက်လုံးကို ဝေ့ကြည့်ကာ

" မင်းတို့က ဗြုန်းစားကြီး စေ့စပ်လိုက်တော့
အရင်ယူဖြစ်မယ်ထင်တာ ခုတော့ လူပျိူကြီးက
လက်ဦးသွားပြီ "

The Dimple On His Cheek ( Completed ) Z+UWhere stories live. Discover now