Part - 23

9.1K 692 29
                                    

The dimple on his cheek

Unicode

ရွှန်းရွှန်းသည် စိုင်းစင်ခေးဆိုင်ရဲ့Facebook Account ထဲဝင်ကြည့်ရင်း သွားကြီးတဖြီးဖြီးနဲ့မျက်နှာက မှိုရသလို ဖြစ်နေသည်။

အားပါးပါး Cute လိုက်တဲ့ ဘေဘီလေး။ ဒီ Baby လေးနဲ့များတွဲရရင်တော့.ဟီးဟီး

စိုင်းစင်ခေးဆိုင်နဲ့များ ချစ်သူတွေ ဖြစ်ခဲ့ကြလျှင်ဆိုတဲ့အတွေးနဲ့အတူ ရွှန်းရွှန်းမျက်နှာကြီးကစပ်ဖြီးဖြီးဖြစ်လာသည်။ ရယ်နေသော ပါးစပ်က နားရွက်ချိတ်လုမတတ်ဖြစ်လာကာ မျက်လုံးများက ဖုန်း Screen ထဲ ကျွတ်ဝင်တော့မတတ်ပင်။

ဒီကလေးလေးက ရှင်းနဲ့သာရုပ်ဆင်တာ။ အကျင့်ကတော့ နဲနဲလေးမှမတူ။ ရှင်ဆိုသည့် အမျိူးကဓာတ်ပုံလေးတစ်ပုံတောင် ပြည့်ပြည့်ဝဝ ရိုက်တတ်တာမျိူးမဟုတ်။ ကလေး Wall ထဲကျပြန်တော့လည်း ပုံတွေက ပလူကိုပျံလို့။ စားစရာ သောက်စရာတွေက တစ်မျိူး၊ ရောက်လေရာနေရာ ချစ်စဖွယ်မျက်နှာလေးနဲ့ မှတ်တမ်း တင်ထားတတ်တာ။

အရပ်ပုပုသေးသေးလေးကိုမှ အဖြူအပြာ ယူနဖောင်းနဲ့ မျက်မှန်ဝိုင်းလေးနဲ့ ရှေ့ဆံပင်လေးတွေဝဲကျနေပြီး နှုတ်ခမ်းဆူရိုက်ထားတဲ့ ပုံဆို တကယ်ကို ချစ်စရာလေးရယ် ။ စိုင်းစင်ခေးဆိုင် ဆိုတာရွှန်းရွှန်း မျက်စိထဲတော့ အနာဂတ်ရဲ့ ချစ်စဖွယ်အင်ဂျင်နီယာ လောင်းလေး။ ပြီးတော့ ရွှန်းရွှန်းရဲ့စိတ်ကူးထဲက အနာဂတ်သတိုးသားလောင်းလေးပင်။

အိပ်ယာပေါ်ပျင်းပျင်းနဲ့ကလေးရဲ့Facebook
အကောင့်လေးထဲ ဝင်မွှေနေစဉ်မှာပဲ တိုက်ဆိုင်စွာပင် ကလေး Account လေး က မီးစိမ်းလာလေသည်။

ငါ စကားသွားပြောသင့်လား? ..... ။
ဒါမှမဟုတ် သူလာပြောတာပဲ စောင့်နေရမလား?

ရွှန်းရွှန်းသည်စိုင်းစင်ခေးဆိုင်ရဲ့Messengerမီးစိမ်းနေသည်ကို ကြည့်ရင်း ဝေခွဲမရဖြစ်နေလေသည်။ ခဏအကြာမှာတော့ ရွှန်းရွှန်းတစ်ယောက် စိတ်ကူးထဲက အကြံအစည်အောင်မြင်သွားသည်လားမသိ။ စိုင်းစင်ခေးဆိုင် ဆီမှ မမဟူသော စာသားလေးတစ်ကြောင်းနဲ့အတူ ရွှန်းရွှန်း ရင်ဘတ်တစ်ခုလုံး ကုလားဘုရားပွဲလှည့်သလို ပြောင်းဆန်ကုန်တော့သည်။

The Dimple On His Cheek ( Completed ) Z+UWhere stories live. Discover now