"ပြန်ရောက်ပါပြီ"
အပြင်သွားပြီးပြန်ရောက်တာနဲ့ ဧည့်ခန်းထဲမှာထိုင်နေသော Ommaနှင့်Appaအားနှုတ်ဆက်လိုက်သည်..
"JongIn သား ခဏလာထိုင်ဦး"
Appaကလာထိုင်ဦးဆိုသည်ကြောင့် ဆိုဖာမှာဝင်ထိုင်လိုက်ပါ၏...
Ommaက ကျွန်တော့အား စိုးရိမ်နေတဲ့အကြည့်နဲ့ ကြည့်နေသည်...
"Appa ဘာပြောမလို့လဲ"
"ကျောင်းလည်းမတက်ရသေးခင် ဘူဆန်က ရုံးခွဲဆီကိုများ သားသွားပြီး လုပ်ငန်းလေ့လာချင်မလားလို့ပါ..Appaက သားသဘောကိုမေးရုံပဲ..သား ကျောင်းပြီးသွားရင်လည်း ဒီလုပ်ငန်းတွေကို သားပဲဦးစီးရမှာလေ..Uniတက်ရဖို့က 2လပဲလိုတော့တယ်ဆိုပေမယ့် နည်းနည်းပဲဖြစ်ဖြစ်သိထားတော့ ကျောင်းစာအတွက်လည်း အထောက်အကူ ဖြစ်မယ်ထင်လို့"
Appaပြောတာလည်းမှန်နေတာကြောင့် လုပ်ငန်းလေ့လာဖို့ ဘူဆန်ရုံးခွဲဆီသွားရန် ဆုံးဖြတ်လိုက်သည်...
အလုပ်လေးဖိလုပ်လိုက်ရင် စိတ်အခြေအနေကိုလည်း အနည်းငယ်ပြန်ကောင်းစေနိုင်သည်...
"ဟုတ်ကဲ့ Appa..သား ဘူဆန်ရုံးခွဲကိုသွားပါ့မယ်"
"ဒါဆို Appa မန်နေဂျာ လီကို ဖုန်းဆက်ထားလိုက်တော့မယ်..သူကသားကို အနီးကပ်သင်ကြားပေးလိမ့်မယ်..
နေမယ့်နေရာကတော့ ဘူဆန်ကိုအလုပ်ကိစ္စနဲ့ရောက်တိုင်း Appaနေတဲ့တိုက်ခန်းမှာပဲနေပေါ့..
သားရှိနေတဲ့အတောအတွင်း မန်နေဂျာ လီက သားနဲ့လာနေပေးလိမ့်မယ်..သူက တစ်ကိုယ်တည်းလူပျိုကြီးဆိုတော့ လာနေပေးဖို့အဆင်ပြေတာပေါ့ကွာ"
"ဟုတ်ကဲ့ Appa..အဆင်ပြေရင်ပြီးပါရော"
"သား ဘယ်ရက်သွားမလဲ"
"မနက်ဖြန်မနက်ပဲသွားချင်တယ် Appa"
"ဟုတ်ပြီ သားကို ဒရိုင်ဘာ ဂျို လိုက်ပို့ပေးလိမ့်မယ်"
"ဟို Appa..သား ရထားနဲ့ပဲသွားချင်တယ်..
မနက်ဖြန်မနက် ရထားလက်မှတ် Appaဖြတ်ပေးပါလား"
"အိုကေ အိုကေ..ဒါဆို ရထားလတ်မှတ်ဖြတ်လိုက်မယ်"
"ဒါဆို သားအပေါ်တက်တော့မယ်...
လိုတဲ့ပစ္စည်းတွေထည့်ရအောင်"
"အင်း အင်း"
Appaနဲ့Ommaအား အရိုအသေပေးပြီးတာနဲ့ အပေါ်ထပ် အခန်းရှိရာဆီတက်လာလိုက်တော့သည်...
ဒီမှာနေနေရင်လည်း KyungSooကို တွေ့နေရသည်မှမဟုတ်တာ...
တွေ့ရင်လည်း အနေခက်စေမယ့်အတူ ဘူဆန်ကိုသွားတာပဲကောင်းမည်...
လွန်ခဲ့သည့်သုံးပတ် cafeဆိုင်မှာ အမှတ်မထင်တွေ့ပြီးသည့်အချိန်ကစ ဒီနေ့အထိ KyungSoo၏ အရိပ်အယောင်အားမတွေ့ရပေ...
လွန်ခဲ့သည့် လနဲ့ချီကျောင်းပိတ်ရက်တွေတုန်းကမှ ခဏခဏတွေ့ရသေးသည်...
ယခုနှစ်ကတော့...
အခုလည်း Uniမတက်ခင်2လလုံး ဘူဆန်မှာသွားနေမည်ဆိုတော့ မတွေ့ရ...
Uniစတက်ရင်ရော....?
နီးစပ်နေသည်ထက် ပိုမိုဝေးကွာနေခြင်းသည်ကား အချစ်တွေထပ်တူမကျလို့ထင်ပါသည်•••♥
🐻🐧🐻🐧🐻🐧🐻🐧🐻🐧🐻🐧🐻🐧
Luggageအားဆွဲကာ အားသိပ်မရှိလှတဲ့ ခြေလှမ်းတွေနဲ့လမ်းလျှောက်နေတဲ့ JongIn...
ရထားဘူတာမှာတော့ ဆိုက်ရောက်ရထားပေါ်က ဆင်းလာတဲ့သူတွေရော ထွက်ခွာရထားနဲ့လိုက်မယ့်သူတွေရော ရှုပ်ယှက်ခတ်လျှက်...
လမ်းလျှောက်နေရင်း အရှေ့ကိုကြည့်လိုက်တော့ မြင်လိုက်ရသည့်သူကြောင့် JongInအံ့ဩသွားရသည်...
JongInနဲ့ 10ပေအကွာလောက်မှာ KyungSooက ရယ်မောလျှက် စကားပြောနေသည်မလား...
အသည်းပုံနှုတ်ခမ်းလေးပေါ်အောင်ရယ်ကာ စကားပြောနေသည့် KyungSooအား မလှုပ်မယှက်ရပ်ကာ ကြည့်နေမိသည်...
အရှေ့ အနောက် တောင် မြောက် JongInရှေ့ကနေဖြတ်သွားကြတဲ့ လူတွေကိုလည်း မမြင်တော့...
JongInရဲ့ အမြင်အာရုံ အတွေးအာရုံ အရာအားလုံးက အသည်းပုံနှုတ်ခမ်းလေး ပေါ်အောင်ရယ်ကာစကားပြောနေသည့် KyungSooတစ်ဦးတည်းဆီမှာသာ...
ထပ်တိုးအနေနဲ့ တဒိတ်ဒိတ်ခုန်နေတဲ့နှလုံးခုန်သံရယ် ဘူဆန်ကိုမသွားခင်တွေ့လိုက်ရသောကြောင့် ကြည်နူးမှုတွေက ပါဝင်နေပြန်သေးသည်...
ကြည်နူးနေရာကနေ KyungSooများ မိမိအားတွေ့ရင်စိတ်ညစ်သွားမလားဆိုသည့် ပူပန်စိတ်ကလည်းဝင်လာပြန်၏...
KyungSooရယ်မောပြီးစကားပြောနေသည့် သူတွေကိုကြည့်လိုက်တော့ လွန်ခဲ့သည့်သုံးပတ်က cafeဆိုင်ကမိန်းကလေး...
ဘေးကအန်တီကြီးက ထိုကောင်မလေး၏အမေဖြစ်ဟန်တူသည်...
ဘူဆန်ကိုပြန်တော့မှာမို့ လိုက်ပို့တာဖြစ်မည်...
မကြာ KyungSooကမိမိရှိရာဘက်ဆီ ဖျတ်ခနဲလှည့်လာခိုက် အကြည့်ချင်းဆုံသွားသည်...
KyungSooမျက်နှာပေါ်မှာတော့ အံ့ဩမှုတစ်ချို့ကအထင်းသား...
ပြီးတော့ ဘာမှန်းမသိတဲ့ KyungSooမျက်ဝန်းထဲက ခံစားချက်တွေ...
ဘေးနားကကောင်မလေးနဲ့ အန်တီကြီးကလည်း KyungSooကြည့်နေသည့် မိမိအားကြည့်လာသည်...
ဘယ်လိုပဲ အနေရခက်သည်ဆိုဆို နှုတ်ဆက်ဖို့်ရာ KyungSooတို့ရှိရာဆီ လှမ်းလိုက်ပါသည်...
"Luggageကြီးနဲ့ JongIn Sambaeလည်း ဘူဆန်ကိုသွားမလို့လား..ဒီရထားဂိတ်က ဘူဆန်ရထားဂိတ်ဆိုတော့"
ပုံမှန်အတိုင်းပင် တည်တည်ငြိမ်ငြိမ်ဖြင့် KyungSooကနှုတ်ဆက်သည်...
"အင်း ဟုတ်တယ် KyungSoo..
Uniမတက်ခင် ဘူဆန်ကရုံးခွဲမှာ လုပ်ငန်းနဲ့ပတ်သက်တာလေး သွားလေ့လာမလို့..KyungSooကရော ဒီကိုဘယ်လိုလုပ်"
"Arjumaတို့က ဘူဆန်ပြန်တော့မှာမို့ လိုက်ပို့တာပါ"
"အာ အဲ့လိုကိုး"
"KyungSooလေး"
ကျွန်တော်တို့ကြား စကားသံတွေပျောက်ရှပြီး တိတ်ဆိတ်သွားတဲ့အချိန်ဘေးနားက Arjumaဆီမှအသံထွက်လာသည်...
"ဟုတ်ကဲ့ Arjuma Kang"
"Arjumaတို့ သန့်စင်ခန်းခဏသွားလိုက်ဦးမယ်"
"ဟုတ်ကဲ့ Arjuma"
ထိုArjumaက သူ့သမီးနဲ့အတူ သန့်စင်ခန်းသွားတော့ KyungSooက သူတို့အထုပ်တွေစောင့်ရင်းကျန်ခဲ့သည်...
အခုတော့ တစ်ယောက်ဘေးမှာ Luggageတစ်လုံးစီနဲ့ နှစ်ယောက်လုံး မတ်တပ်စုံရပ်လျှက်...
မသိတဲ့သူသာဆို သူတို့နှစ်ယောက်ခရီအတူသွားမှာလို့ ထင်မှာပင်...
KyungSooကိုကြည့်လိုက်တော့ အနေရခက်နေသည်ထင်ပ့...
ဘယ်လိုပဲKyungSooအားတွေ့လိုက်ရလို့ ပျော်မိပေမယ့် အခုလိုKyungSooက အနေရခက်သည့်ပုံစံနဲ့ဆိုတော့ JongInရင်တွေမွန်းကြပ်လာရပြန်သည်...
ညာဘက်လက်မှာတော့ လက်ပတ်လေးနှစ်ခုကို
အခုထိပတ်ထားတုန်း...
"ဘူဆန်မှာ Uniသွားမတက်ခင်အထိနေမှာလား"
JongInအားကြည့်မနေပဲ ရုတ်တရက်စကားဆိုလိုက်သည့် KyungSoo...
"အင်း ဟုတ်တယ်..KyungSooရော ကျောင်းပိတ်ရက်အလည်မသွားဘူးလား"
"ဂျယ်ဂျူကိုအလည်သွားသေးတယ်...
Sambaeနဲ့ cafeဆိုင်မှာ အမှတ်မထင်တွေ့တဲ့နေ့တုန်းကမှ ဂျယ်ဂျူကပြန်ရောက်တာ"
"ဪ ကောင်းပါတယ်..
ကျောင်းပိတ်တုန်းလေးခရီးသွားရတာ"
ပုံမှန်လိုပင်စကားပြောနေပေမယ့် ရင်ထဲမှာဘယ်လိုတွေဖြစ်နေလဲဆိုတာတော့ ကာယကံရှင်နှစ်ဦးပဲသိသည်မလား...
တဖြူးဖြူးတိုက်နေသည့် လေအေးအေးတွေက ရင်ထဲကအပူတွေကိုတော့ အနည်းငယ်ငြိမ်းစေရင်ကောင်းမည်...
ခဏကြာတော့ သန့်စင်ခန်းသွားသည့် Arjumaတို့ပြန်ရောက်လာသည်..
ရထားကလည်းထွက်တော့မည်မို့ လိုက်ပါမည့်သူတွေက ရထားပေါ်ကို အလျှိုလျှိုတက်သွားကြသည်...
"Arjumaတို့ဘူဆန်ကိုရောက်တာနဲ့ ဖုန်းဆက်လိုက်ဦးနော်"
"အင်းပါ KyungSooလေးရဲ့..Arjumaတို့ ရထားပေါ်တက်ပြီ..KyungSooလည်း အိမ်ကိုဂရုစိုက်ပြန်နော်"
"ဟုတ်ကဲ့ ဂရုစိုက်သွားပါ"
Arjumaရော Arjumaရဲ့သမီးရော ရထားပေါ်တက်သွားပြီဖြစ်ပေမယ့် JongInကတော့ရထားပေါ်မတက်ရသေး...
KyungSooကတော့ Arjumaတို့ကိုသာကြည့်နေသည်...
ရင်ထဲမှာစို့နင့်ပြီး ငိုချင်လာသည်...
အဆင်မပြေတော့တဲ့ ကိုယ့်အခြေအနေကိုယ်ပြန်ထိန်းရင်း KyungSooအား နှုတ်ဆက်လိုက်ပါ၏...
"ကျန်းမာရေးဂရုစိုက်နော် KyungSoo..
ပြန်ရင်လည်းဂရုစိုက်ပြန်ဦး...
သွား သွားတော့မယ်"
"Sambaeလည်း ဂရုစိုက်သွားပါ"
ကြာကြာရပ်နေရင် မဖြစ်တော့မည်မို့ ရထားပေါ်တက်ကာ မိမိထိုင်ခုံနံပါတ်ဆီသို့သာ သွားထိုင်လိုက်တော့သည်...
ဖြစ်ချင်တော့ ခုံနေရာက KyungSooမျက်နှာမူရပ်နေသည့် နေရာ...
KyungSooကတော့ အခုထိမပြန်သေးပဲ ဟိုကြည့်ဒီကြည့်ဖြင့်...
တီ...
ဥဩဆွဲသံနဲ့အတူ စတင်ရွေ့လျားသွားသော မိမိလိုက်ပါသည့် ရထား...
ယခင်ကထက်ပိုဝေးတယ် အဲ့ဒီထက် ပိုပြီးပိုပြီးဝေးကွာသွားတယ် အဲ့ဒီပိုပြီးပိုပြီးဆိုတာထက် ပိုပြီးဝေးကွာသွားတယ်...
စက္ကန့်နဲ့ချီ မိနစ်နဲ့ချီ နာရီနဲ့ချီ ရက်နဲ့ချီ လနဲ့ချီ ပြီးတော့ နှစ်နဲ့ချီ...
ချစ်တယ် ကိုယ်မင်းကိုအများကြီးချစ်ပါတယ် KyungSooရယ်~
💔Cosmic Railway ဒီနှလုံးသားကိုခေါ်ဆောင်သွားလှည့်ပါ💔
TBC...
ဟိုင်း သော်သော်ပါ ကိုယ့်ဘာသာရေးပြီး ကိုယ့်ဘာသာစိတ်မကောင်းကာငိုချင်နေတဲ့ သော်သော်ပါ 😭
Updateမှန်တဲ့ သော်သော်လေးအား Voteနဲ့Fbမစကြပါ...
7.9.2018(12:24AM)
💨PageNo9493💨