"KyungSoo သားလေး...
Ommaတို့ ဒီတစ်ပတ်စနေ ဂျယ်ဂျူကို အလည်သွားကြမယ်"
စာရေးစားပွဲမှာထိုင်ကာ စာအုပ်ဖတ်နေတုန်း အခန်းထဲဝင်လာသည့် Ommaက ခရီးသွားဖို့အကြောင်းပြောလာသည်...
စနေနေ့ဆိုတော့ သဘက်ခါပဲ...
"တစ်အိမ်လုံးသွားမှာလား Omma"
"မဟုတ်ဘူး သားရဲ့..သားနဲ့Ommaပဲ..
သားအဖွားနဲ့အဘက မလိုက်တော့ဘူးတဲ့လေ.
Ommaသားလေး စာမေးပွဲဖြေအပြီး အလည်အပတ်သွားကြတာပေါ့"
"ဟုတ် Omma..
ဘယ်နှရက်သွားလည်ကြမှာလဲ"
"စနေနေ့သွားပြီး ဗုဒ္ဓဟူးနေ့မနက်ပြန်လာမယ် သားလေး..အပြန်ကျရင် ဆိုးလ်ကိုတန်းပြန်မလာပဲ ဘူဆန်ကိုဝင်ဦးမယ်"
"ဘူဆန်ကို"
"အင်း..Arjuma Kangတို့ဆီဝင်ဦးမှာ..
အပြန်ကျရင် Arjumaတို့သားအမိပါ ဆိုးလ်ကိုလိုက်လာဦးမှာ"
Arjuma Kangက ဘူဆန်ကအဖွားသူငယ်ချင်းရဲ့ သမီး...
ဆွေမျိုးနီးစပ်တော့တော်သည်...
Arjuma Kangဆီမှာလည်း ကျွန်တော်နဲ့ရွယ်တူ သမီးလေးတစ်ယောက်ရှိသည်...
"အာ..ဟုတ် Omma..ဒါဆို သဘက်ခါ ဘယ်အချိန်သွားမှာလဲ"
"မနက်၆နာရီလောက်သွားကြမယ် သား..
Ommaကားလက်မှတ်ဖြတ်ပြီးပြီ"
"ဟုတ်ကဲ့ Omma"
"ကဲ ဒါဆိုသားလည်းအိပ်တော့လေ..
ကိုးနာရီလည်းထိုးနေပြီ"
"နှစ်နှစ်ခြိုက်ခြိုက်အိပ်ပါ Omma"
Ommaက ကျွန်တော့နဖူးကိုဖွဖွနမ်းပြီး အခန်းထဲကနေပြန်ထွက်သွားသည်...
အင်းး ဂျယ်ဂျူကိုအလည်သွားမယ့်ကိစ္စ Chenတို့ကိုအသိပေးရဦးမည်...
တော်ကြာ သူရှိတယ်ထင်ပြီး အိမ်လာမှာစိုးရသည်လေ...
တီ~
"Hello" 📞
ဖုန်းဝင်ဝင်သွားချင်းပင် Chenက ဖုန်းကိုင်သည်...
"အေး Chenရေ..ငါသဘက်ခါကျရင်ဂျယ်ဂျူကို အလည်သွားမှာမို့ မင်းတို့ကိုလှမ်းပြောတာ...
တော်ကြာ ငါရှိတယ်ထင်ပြီး အိမ်လာနေမှာစိုးလို့" 📞
"ဘယ်နှရက်ကြာမှာလဲ KyungSoo" 📞
"ဗုဒ္ဓဟူးနေ့ညလောက်ပြန်ရောက်မှာ..
အပြန်ကျ ဘူဆန်ကိုဝင်ဦးမှာမို့" 📞
"အာ အိုကေ အိုကေ..ကောင်းကောင်းပျော်ခဲ့" 📞
"အင်း အာ့ဆို ဒါပဲ Chen..
ငါဖုန်းချလိုက်တော့မယ် Good Night" 📞
"Good Night KyungSoo" 📞
ဖုန်းချပြီးတာနဲ့ အခန်းမီးပတ်လိုက်ပြီး အိပ်စက်ဖို့ပြင်လိုက်တော့သည်...
ပြတင်းပေါက်ပိတ်မထားသောကြောင့် ဝင်လာတဲ့လေအေးအေးလေးတွေက ပုံမှန်လူအဖို့ နှစ်ခြိုက်စွာ အိပ်စက်စေနိုင်သော်ငြား KyungSooကတော့ အိပ်မပျော်ပေ...
တိတ်ဆိတ်နေတဲ့အချိန်မှာ ငှက်လေးတွေရဲ့ ပကျိ ပကျိဆိုတဲ့အသံနဲ့ လေတိုက်သောကြောင့်သစ်ရွက်အချင်းချင်း ပွတ်တိုက်သံကလွဲဘာမှမကြားရ...
အခန်းထဲကို အနည်းငယ်ကျရောက်နေတဲ့လရောင်ကလွဲ အခန်းတစ်ခုလုံးမှောင်မဲလို့...
စိတ်မကြည်စွာအိပ်ယာဘေးက မီးအိမ်ကိုမီးဖွင့်လိုက်သည်...
ပက်လက် မှောက်လျက် ဘေးတစောင်း ပုံစံမျိုးစုံလုပ်ပြီးအိပ်ကြည့်ပါသော်လည်း အိပ်မပျော်သောကြောင့် အိပ်နေရာမှထကာ ပြတင်းပေါက်ဆီသွားရပ်လိုက်သည်...
ကောင်းကင်မှာတော့ ကြယ်တွေစုံလို့...
"Hak...ကြယ်တွေစုံပြီး လေနုအေးအေးတွေတိုက်နေတဲ့ညက အကျည်းတန်ဆန်လိုက်တာ"
ခပ်တိုးတိုးရေရွတ်ပြီး အိမ်ရှေ့ကိုလှမ်းကြည့်လိုက်တော့ မှောင်မဲမဲနေရာမှာမတ်တပ်ရပ်နေတဲ့ လူရိပ်တစ်ရိပ်...
"JongIn Smabae?..မဖြစ်နိုင်တာ"
အဲ့ဒီအရိပ်ကလေးကတော့ မလှုပ်မယှက် ငြိမ်သက်စွာ မတ်တပ်ရပ်လို့...
တိုင်ကပ်နာရီကိုလှမ်းကြည့်လိုက်တော့ 11:11...
"JongIn Sambae သူအစစအရာရာအဆင်ပြေပါစေ"
KyungSooလည်း မလှုပ်မယှက်ပင် အဲ့ဒီအရိပ်ကိုကြည့်ရင်း မတ်တပ်ရပ်နေမိသည်...
တစ်ဖန်နာရီကိုပြန်ကြည့်လိုက်တော့ 11:45တဲ့...
ပြတင်းပေါက်ကိုရော လိုက်ကာကိုရော ချက်ချင်းပိတ် မီးအိမ်လေးကိုပါပိတ်လိုက်ပြီး ကုတင်ပေါ်မှာထိုင်နေမိသည်...
ဘယ်သူလဲမသိပေမယ့် အိမ်မြန်မြန်ပြန်သွားရင်ကောင်းမယ်...
💝ညဘက်တိုက်တဲ့ လေစိမ်းတွေကအေးတယ်..
ဘာအကာအကွယ်မှမရှိတဲ့နေရာမှာ အကြာကြီးရပ်နေတာ ကျန်းမာရေးကို ထိခိုက်ပြီး နေမကောင်းဖြစ်စေနိုင်တယ်...💝
🐻🐧🐻🐧🐻🐧🐻🐧🐻🐧🐻🐧🐻🐧
KyungSoo မီးပူတိုက်ပြီးသွားပြီဖြစ်တဲ့ အဝတ်အစားတွေကို ဘီဒိုထဲထည့်ကာသိမ်းနေလိုက်သည်...
ညက KyungSooတို့သားအမိ ဂျယ်ဂျူကနေလည်ပတ်ပြီး..ဘူဆန်က Arjuma Kangတို့နဲ့အတူ ဆိုးလ်ကို ပြန်ရောက်ပြီဖြစ်သည်...
ဂျယ်ဂျူမှာပျော်စရာတော့ကောင်းခဲ့ပါသည်..
တစ်ဦးတည်းမပြင်ပိုမရှိတဲ့ Ommaက ပြုံးပျော်နေခဲ့သည်မလား...
နောက်ကျရင်လည်း Chenတို့နဲ့အတူ သွားလည်ရမည်ဟု KyungSoo တွေးထားလိုက်သည်...
ညာဘက်လက်မှာပတ်ထားတဲ့ လက်ပတ်လေးနှစ်ခုကိုကြည့်မိတော့ အသည်းပုံနှုတ်ခမ်းလေးပေါ်အောင် အလိုလိုပြုံးမိသား...
Ring~Ring~
စာရေးခုံပေါ်တင်ထားတဲ့ဖုန်းလေးက Contact Nameကိုကြည့်လိုက်တော့ Chenတဲ့...
"Hello" 📞
"KyungSoo မင်းပြန်ရောက်ပြီမလား"
"အေး ငါပြန်ရောက်နေပြီ..
မင်းတို့အတွက်လည်း လက်ဆောင်တွေဝယ်လာတယ်" 📞
"KyungSoo is the best.
ခု လေးနာရီခွဲနေပြီဆိုတော့ ငါးနာရီထိုးအရောက် လမ်းထိပ်က Cafeဆိုင်ကိုလာခဲ့...ငါနဲ့အတန်းခေါင်းဆောင် အဲ့မှာစောင့်နေမယ်" 📞
"အိုကေ အာ့ဆို ဒါပဲ" 📞
ဖုန်းချလိုက်ပြီး Chenနဲ့အတန်းခေါင်းဆောင်အတွက် ဝယ်လာတဲ့လက်ဆောင်တွေကိုယူကာ အောက်ထပ်ကိုဆင်းလာလိုက်သည်...
"Ommaရေ သားလမ်းထိပ်က Cafeကိုသွားလိုက်ဦးမယ်..
Chenတို့နဲ့တွေ့မလို့"
"အေးအေး သားလေး ဂရုစိုက်ပြန်လာခဲ့...
သမီးလေး KangHeeကိုပါ ခေါ်သွားပါလား သားရဲ့..သမီးလေးလည်း တစ်ခုခုစားရအောင်"
ထမင်းစားခန်းထဲကထွက်လာတဲ့ Arjuma Kangရဲ့သမီး KangHeeကိုကြည့်ကာ Ommaကပြောသည်...
"KangHeeပါလိုက်ခဲ့လိုက်လေ"
"ရပါတယ် KyungSooရဲ့ အားနာစရာ"
"အားမနာပါနဲ့ဟာ လိုက်ခဲ့ချည်"
နောက်ဆုံးတော့ KangHeeနဲ့အတူ cafeဆိုင်လေးဆီထွက်လာလိုက်သည်...
"KangHee ဒီအထက်တန်းပြီးသွားလို့ တက္ကသိုလ်တက်ရင်ဘူဆန်မှာပဲတက်မှာလား"
"မသေချာသေးဘူး KyungSooရဲ့...
ဘူဆန်မှာပဲတက်ဖို့ကများတယ်"
"အာ အင်း"
ခဏကြာတော့ လမ်းထပ်က cafeဆိုင်လေးဆီရောက်ပြီဖြစ်သည်...
ဆိုင်ထဲရောက်လို့ဝေ့ဝဲကြည့်လိုက်တော့ ဟိုနှစ်ကောင်ကထောင့်ကျတဲ့ဝိုင်းမှာ ထိုင်နေသည်..
KyungSooလည်း KangHeeကိုခေါ်ပြီး ကောင်တာဆီသို့သာဦးတည်လိုက်သည်...
"KangHee နင်ဘာသောက်မှာလဲ"
"Latteတစ်ခွက်နဲ့ ချိစ်ကိတ်"
"အမေရီကာနိုတစ်ခွက်..Latteတစ်ခွက် ပြီးတော့ ချိစ်ကိတ်ရယ်ပေးပါ"
KyungSooပဲ ပိုက်ဆံရှင်းလိုက်ပြီး Chenတို့ဝိုင်းဆီဦးတည်ခေါ်သွားလိုက်သည်..
ဒေါက်~ဒေါက်
အားနေတဲ့လက်နဲ့ ဟိုနှစ်ကောင်ရဲ့ခေါင်းကို ခေါက်ထည့်လိုက်တော့ မော့ကြည့်လာတဲ့ မျက်နှာတွေက ဒေါသထွက်နေဟန်...
ပြီးတော့ KyungSooမှန်းသိမှ သွားဖြဲရယ်ပြနေ၏...
"ထိုင် KyungSoo..ဟို သူက"
"KangHeeလေ"
"အာ ဘူဆန်ကမလား"
အဲ့တော့မှ Chenရဲ့အံ့ဩနေတဲ့မျက်လုံးတွေက ပြန်တည်ငြိမ်သွားသည်...
အတန်းခေါင်းဆောင်ကတော့ ရယ်လျှက်သာ..
"ထိုင် KangHee"
"အင်း KyungSoo"
"ရော့ ဒါက မင်းတို့နှစ်ယောက်အတွက် လက်ဆောင်"
တစ်ယောက်ကို လက်ဆောင်ထုပ် နှစ်ခုစီပေးလိုက်ပြီး အမေရီကာနိုသောက်နေလိုက်သည်...
"KyungSoo"
"ဟင်"
"မင်းလက်မှာပတ်ထားတဲ့ လက်ပတ်လေးကနှစ်ခုတောင် ငါ့ကိုတစ်ခုပေးကွာ..ငါသဘောကျလို့"
Chenကအရမ်းကိုလိုချင်နေတဲ့ မျက်လုံးလေးနဲ့ လက်ပတ်ကိုကြည့်ကာ ပြောသည်..
"မပေးပါဘူး ငါတောင်သဘောကျလို့ မရမကဝယ်လာရတာ..
ဒီလက်ပတ်ကိုလိုချင်တဲ့ တစ်ခြားဝယ်သူတစ်ဦးနဲ့တောင် အတိုက်အခံဖြစ်လာရသေးတယ်"
လက်ပတ်,ပတ်ထားတဲ့ လက်ကိုနောက်ဖွက်လိုက်ပြီး ဆူပုတ်ပုတ်ပြောလိုက်သည်...
"သောက်မြင်ကိုကပ်တယ် မပေးနေပေါ့"
သူ့ကိုမပေးတော့ကျတော့ သောက်မြင်ကတ်တယ်တဲ့ အဲ့ဒီ Chenကတော့..
"မွ့"
လက်ပတ်လေးနှစ်ခုကိုမွ့ခနဲနမ်းလိုက်ပြီး အမေရီကာနိုဆက်သောက်နေလိုက်သည်...
Chenနဲ့အတန်းခေါင်းဆောင်ကတော့ လေပါတယ်ဆိုတဲ့အကြည့်နဲ့ ကြည့်နေ၏...
Chenတို့ကိုခပ်ပြုံးပြုံးကြည့်နေရင်းက Chenတို့အကြည့်ရောက်နေသည့် ဆိုင်အပေါက်ဝကိုလှည့်ကြည့်လိုက်တော့ ဆိုင်ထဲကိုဝင်လာသည့် ဆရာမနဲ့JongIn Sambae...
အားနာမှုနဲ့အတူ ဆရာမကိုဘယ်လိုနှုတ်ဆက်ရမှန်းတောင် မသိတော့...
Ommaက ကျွန်တော့ကို JongIn Sambaeဖွင့်ပြောတဲ့အကြောင်း အိမ်တိုင်ရာရောက် သွားအသိပေးထားသည်မလား...
ပြီးတော့ JongIn Sambae...
အခုလိုကိစ္စဖြစ်ထားတော့ မျက်နှာပူတာအပြင်အနေခက်လှသည်...
JongIn Sambaeက ဆိုင်ထဲမှာ ထိုင်နေတဲ့ ကျွန်တော်တို့ကိုတွေ့သွားတော့ ကျွန်တော့ကိုဆွေးဆွေးမြေ့မြေ့လေး ကြည့်နေ၏..
တောင်းပန်ပါတယ် JongIn Sambae...
Chenတို့ကလည်း ကျွန်တော့မျက်နှာကို တစ်ချက်ကြည့်လာသည်...
ကျွန်တော့ကြောင့်ကျွန်တော့သူငယ်ချင်းတွေ အနေရခက်နေလောက်သည်...
KangHeeကတော့ ပြောင်းလဲသွားတဲ့ အခြေအနေကြား ကြောင်တောင်တောင်လေး ကြည့်နေ၏...
ကိုယ့်အတန်းပိုင်ဆရာမမို့ မနှုတ်ဆက်ရင် ရိုင်းရာကြမည်ကြောင့် နှုတ်ဆက်ဖို့ ကျွန်တော်တို့တွေ မတ်တပ်ရပ်လိုက်သည်...
ဆရာမကလည်း ကျွန်တော်တို့ကိုတွေ့သွားတော့ မကောင်းတတ်လို့ထင် ကျွန်တော်တို့စားပွဲဆီ လျှောက်လာ၏...
Noona လျှောက်သွားရာ KyungSooတို့ဝိုင်းဆီ နောက်ကနေ လိုက်သွားလိုက်သည်...
KyungSooရဲ့ဘေးခုံမှာ ထိုင်နေတဲ့ မိန်းကလေးတစ်ယောက်...
သိချင်စိတ်နဲ့အတူ ပူလောင်မှုတစ်ခုက ရင်ထဲအတိုင်းအဆမရှိဝင်လာသည်...
ပြီးတော့ KyungSooသောက်နေသည်က အမေရီကာနို...
JongInသိထားသလောက် KyungSooက တစ်ခါမှအမေရီကာနိုကိုမသောက်ဘူးမလား..
ရင်တွေဘာတွေတုန်ပါဦးမယ် KyungSooရယ်...
"ဟူး"
စိုးရိမ်စိတ်နဲ့အတူ သက်ပြင်းချမိလိုက်သည်...
"ဆရာမကော်ဖီလာသောက်တာလား..
JongIn Hyungရော"
Chenကပင် ဦးဆောင်နှုတ်ဆက်၏...
KyungSooကတော့ Noonaကိုကြည့်ကာ ပြုံးပြုံးလေးရပ်နေသည်...
Chenမေးခွန်းအား အသိအမှတ်ပြု ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်...
"ဟုတ်တယ် သားတို့ရဲ့..သောက်ကြလေ ဆရာမက ဝယ်ပြီးတာနဲ့ပြန်မှာ"
JongInကတော့ KyungSooမျက်နှာကိုပဲ ကြည့်ချင်ပေမယ့် KyungSooပြောထားသည့် တစ်ခြားသူတွေ တစ်မျိုးထင်မည်ဆိုသည့် စကားကြောင့် Noonaဆီကိုသာ အကြည့်လွှဲထားလိုက်သည်...
သိခွင့်မရှိပေမယ့် KyungSooဘေးမှာ ရပ်နေတဲ့ကောင်မလေးက ဘယ်သူဆိုတာ ဘယ်လိုပတ်သတ်တယ်ဆိုတာ သိချင်ပါသည်...
"ဆရာမ ဒါက သားနဲ့ဆွေမျိုးနီးစပ်တော်တဲ့ အဒေါ်ရဲ့သမီးလေ နာမည်က KangHeeတဲ့ သားတို့နဲ့ အသက်အတူတူပဲ..KangHee ဒါက ငါတို့အတန်းပိုင်ဆရာမလေ"
Noonaက သူ့ဘေးမှာရပ်နေတဲ့ မိန်းကလေးဆီ အကြည့်ရောက်သွားတော့ မိတ်ဆက်ပေးလာ၏...
တော်သေးတာပေါ့ ဆွေမျိုးနီးစပ်မို့..
"မင်္ဂလာပါ ဆရာမ..KangHeeပါ"
"မင်္ဂလာပါ သမီးရေ..ကဲ သားတို့သောက်ကြ ဆရာမသွားလိုက်ဦးမယ်"
"ဟုတ် ဆရာမ"
"Hyungလည်း သွားလိုက်ဦးမယ်"
ဒီအတိုင်းသွားရင်မကောင်းတာကြောင့် နှုတ်ဆက်လိုက်သည်...
KyungSooနဲ့ အကြည့်ချင်းတစ်ချက်စုံသွားပေမယ့် ချက်ချင်းလွှဲသွား၏...
ကောင်တာမှာရပ်နေရာကနေ KyungSooတို့ဆီ လှမ်းကြည့်မိသည်...
အသည်းပုံနှုတ်ခမ်းလေးပေါ်အောင် ပြုံးရယ်ရင်း စကားပြောနေ၏...
သူပြုံးတာမြင်ပြန်တော့လည်း သေလောက်အောင်ပင်ပန်းနေတဲ့ကြားထဲက အလိုလိုလိုက်ရယ်မိသေးတာ...
KyungSooလက်မှာ လက်ပတ်လေးနှစ်ခုပတ်ထားသည်ပဲ...
အနက်ရောင်နဲ့ရွှေဝါရောင် ကြိုးလေးတွေကိုရောပြီး လုပ်ထားတဲ့လက်ပတ်လေးက အသားဖြူလှသည့်KyungSooနဲ့လိုက်သည်.
ခဏကြာတော့ Noonaက သူသောက်ချင်သည့်Coffeဝယ်ပြီးပြီဖြစ်၍ ပြန်ဖို့ဆိုင်ထဲကနေထွက်လိုက်သည်...
ဆိုင်တံခါးကိုတွန်းဖွင့်ပြီးအပြင်ကိုမရောက်ခင် KyungSooရှိရာဆီ လှမ်းကြည့်မိတော့ ရယ်နေတာများ ကိုယ်လေးတောင် တသိမ့်သိမ့်တုန်သည်အထိ...
ကံဆိုးချင်တော့ KyungSooက အပေါက်ဝကို ကျောပေးထိုင်နေသည်မို့ ရယ်နေတဲ့ မျက်နှာလေးကိုမတွေ့လိုက်ရ...
ရပြီ..မြတ်နိုးရတဲ့အချစ်က ပျော်ရွှင်နေတာပဲ တစ်ခြားဘယ်အရာကိုလိုအပ်ဦးမည်လဲ...
💝အမေရီကာနိုတွေ သိပ်မသောက်ပါနဲ့ အချစ်ရေ..အချစ်ရင်တွေကိုတုန်စေပြီး အစာအိမ်ကိုဥပါဒ်ပေးမှာစိုးရိမ်တယ်💝
TBC...
သေချာတာထက်သေချာတာကတော့ ဒီficလေးကို အရင်ကထက်ပိုပြီး Updateမှန်မှန်လေးသွားပေးပါမယ်နော်💝
5.9.2018(3:14PM)
💝PageNo9493💝