Zawgyi
"Zhu Yu..." သူ႔ကိုယ္ကို ကိုင္းညႊတ္လိုက္သည္။ သူ႔လက္ေခ်ာင္းမ်ားက သူမမ်က္နွာအစိတ္အပိုင္းတစ္ခုခ်င္းစီကို ထိေတြ႔ေနသည္။ "ကိုယ့္ကိုယံုထားပါ။ မင္းကို အၾကာႀကီးမေစာင့္ခိုင္းဘူး။ ကိုယ္မင္းကို ျပန္နႈိးေပးမယ္။!" ထို႔အျပင္ သူမကို အဆိပ္သင့္ေစခဲ့သူမ်ားကို ဘယ္လုိအေျခအေနျဖစ္ျဖစ္ သူအသက္ရွင္ခြင့္ျပဳမည္မဟုတ္ေပ။!
"စစ္သူႀကီး ေက်းဇူးျပဳ၍ အသက္ကို ခ်မ္းသာေပးပါ။! အသက္ကုိ ခ်မ္းသာေပးပါ။!" စိတ္ဆင္းရဲစရာေကာင္းေသာ ငိုေၾကြးသံမ်ားက အခန္းတြင္းမွ မရပ္မနားထြက္ေပၚေနသည္။ မေရမတြက္နိုင္ေသာ နွိပ္စက္ျခင္းကိရိယာမ်ားကို ျမည္းစမ္းျပီးျဖစ္ေသာေၾကာင့္ ျဖစ္နိုင္လွ်င္္ ဦးေလး Fa အျမန္ဆံုးေသခြင့္ကိုသာ ေမွ်ာ္လင့္မိေတာ့သည္။!
"အဲ့ဒီ့ေတာ့ မင္းအျပစ္ကို ဝန္ခံေတာ့မွာလား။?" Xiao Zhi ကုလားထိုင္ႀကီးတစ္လံုးတြင္ဝင္ထိုင္လိိုက္ျပီီး ဦးေလး Fa မ်က္လံုးမ်ားကို စိုက္ၾကည့္ကာ ေမးလိုက္သည္။ သူ႔မ်က္လံုးမ်ားတြင္ လူသတ္ေငြ႕မ်ားကို ေတြ႕ေနရသည္။
"ဟုတ္..ဟုတ္ကဲ့! ကၽြန္ေတာ္မ်ိဳး ဝန္...ဝန္ခံပါ့မယ္။ !" ဦးေလးFa အလ်င္အျမန္ပင္ေျဖလိုက္သည္။ "ကၽြန္ေတာ္မ်ိဳးက Luo Yang ျမိဳ႕က Yue Qin လက္ဖက္ရည္ဆိုင္မွာ အလုပ္လုပ္ခဲ့တာပါ။ တစ္ရက္ေတာ့ ကၽြန္ေတာ္ ေလာင္းကစားဝိုင္းမွာ ရႈံးျပီး အေၾကြးအမ်ားၾကီးတင္ခဲ့ပါတယ္။ အဲ့ဒီ့ေန႔ ...အဲ့ဒီ့ေန႕က ကၽြန္ေတာ့ကို ကစားဝိုင္းက အေၾကြးဆပ္ဖို႔ ျခိမ္းေျခာက္ေနတဲ့အခ်ိန္ အမိိ်ဳးသမီးတစ္ေယာက္က ေရာက္လာျပီး ကၽြန္ေတာ့ကို အေၾကြးဆပ္ဖို႔ ကူညီေပးခဲ့ပါတယ္။ ကၽြန္ေတာ့ကို Cong Zhouလက္ဖက္ရည္ဆိုင္ကို လာခိုင္းခဲ့ပါတယ္။ ကၽြန္ေတာ့ကို Cong Zhouမွာ ေက်ာ္ၾကားေအာင္လုပ္ခိုင္းျပီး Zhu Yuကို လာေအာင္ ဆြဲေဆာင္ခိုင္းပါတယ္။ Chu Zhu Yuက ကၽြန္ေတာ္အရင္က အလုပ္လုပ္ခဲ့တဲ့ Yue Qinလက္ဖက္ရည္ဆိုင္ပိုင္ရွင္ရဲ႕ သမီးပါ။ အဲ့ဒီအမ်ိဳးသမီးက Zhu Yu ဆိုင္ကုိ လာတဲ့ေန႔မွာ သူမေသာက္မဲ့လက္ဖက္ရည္ထဲကို ထည့္ဖိို႔ ေဆးပုလင္းအေသးေလး တစ္ခု ေပးခဲ့ပါတယ္။"
သူက ေမာႀကီးပန္းႀကီးရွင္းျပေနေသာ္လည္း စကားမ်ားက ေရွ႔ေနာက္မဆီေလ်ာ္ေပ။ ထိုအမ်ိဳးသမီးေပးခဲ့ေသာ ပုလင္းထဲမွအရာမွာ ေကာင္းေသာပစၥည္းမျဖစ္နိုင္မွန္း သူေကာင္းေကာင္းသိေသာ္လည္း သူ႔အေၾကြးမ်ားဆပ္ျပီးျဖစ္မည့္အျပင္ ပိုက္ဆံအပိုပါထပ္ရမည္ကို ေတြးလိုက္မိသည္နွင့္ သူထိုကိစၥကို ေပ်ာ္ေပ်ာ္ႀကီးပင္လက္ခံလိုက္ေတာ့သည္။
"မင္းမွာ Zhu Yuအေပၚမေက်နပ္ခ်က္တစ္ခုခုရွိလား။?" Xiao Zhi ကေမးလိုက္သည္။.
"မ...မရွိပါဘူး။" Yue Qingလက္ဖက္ရည္ဆုိင္တြင္ သူအလုပ္လုပ္ေနစဥ္တစ္ေလွ်ာက္လံုး ဆိုင္ပိုင္ရွင္သားအဖႏွစ္ေယာက္လံုုး သူ႔အေပၚအေတာ္ေကာင္းခဲ့ၾကေပသည္။
"ဒါဆို မင္းဘာလို႔ ဒီေလာက္ေတာင္ ရက္စက္ရတာလဲ။l!" Xiao Zhi အသံက ေရခဲတစ္မွ် ေအးစက္လာခဲ့သည္။
"ဒါ...ဒါက ကၽြန္ေတာ္မ်ိဳးကို ျခိမ္းေျခာက္ထားလို႔ပါ။ ဒါေတြအားလံုးက အဲ့ဒီ့မိန္းမေၾကာင့္ပါ။!" ဦးေလးFaက သူနာမည္ပင္မသိထားေသာ အမ်ိဳးသမီးအေပၚ အျပစ္မ်ား အားလံုးကို ပံုခ်လိုက္သည္။
"ဘယ္မိန္းမလဲ။? ဒီတစ္ေယာက္လား။?" Xiao Zhi က သူ႔လက္ေခ်ာင္းသြယ္သြယ္မ်ားျဖင့္ တစ္ေနရာကို ညႊန္ျပလိုက္သည္။ သူညႊန္ျပလိုက္ေသာ အမ်ိဳးသမီးမွာ ေသြးအလိမ္းလိမ္းေပက်ံေနျပီး ျပင္းျပင္းထန္ထန္အရိုက္ခံထားရသည္။
ဦးေလးFa တစ္ခ်က္ၾကည့္ျပီးေနာက္ ေၾကာက္လန္႔စြာျဖင့္ ခပ္တိုးတိုးေျဖလိုက္သည္။ : "ပံုစံအရေတာ့ တူ ...တူပါတယ္။! ဒါေပမဲ့ အဲ့ဒီ့မိန္းမက အျမဲတမ္းဝါးဦးထုပ္ကို ေဆာင္းထားေတာ့ ကၽြန္ေတာ္မ်ိဳး သူမမ်က္ႏွာကိုေတာ့ မျမင္ဖူးပါဘူး။"
"ရွင္တို႔ေတြ လူေကာင္းကို မွားဖမ္းလာၾကျပီ။" ထိုမိန္းမက ေျမေပၚတြင္ တြားသြားေနရျပီး ပါးစပ္ဟရန္ပင္ ခက္ခက္ခဲခဲ ၾကိဳးစားေနရသည္။
"လူေကာင္း?" Xiao Zhi ထိုမိန္းမကို စိုက္ၾကည့္လိုက္သည္။ "မင္းက တကယ္လူေကာင္းဆိုရင္ ဘာလိုျမိဳ႕ရိုးကို ျဖတ္ဖို႔ အသည္းအသည္ၾကိဳးစားခဲ့လဲ။ င့ါစစ္သားေတြမင္းေနာက္ကို ၂ရက္ေလာက္လိုက္ျပီးမွ ဖမ္းမိတယ္။"
"ကၽြန္မ... ကၽြန္မျမိဳ႕ထဲက ထြက္တာ ဥပေဒကို ခ်ိဳးေဖာက္တာမွမဟုတ္..."
"ဒါေပမဲ့ မင္းသြားမဲ့ေနရာက Luo Yangျဖစ္ေနတယ္ေလ။" Xiao Zhi ထိုမိန္းမကို စိုက္ၾကည့္ေနျပီး သူက တည္ျငိမ္စြာပင္ဆက္ေျပာလိုက္သည္။ : "တကယ္လို႔ မင္းပါးစပ္ကို ဆက္ျပီး ပိတ္ထားမယ္။ အျပစ္ကို မဝန္ခံဘူးဆိုရင္ေတာ့ မင္းယံုနိုင္မလား။ ငါ့မွာ မင္းပါးစပ္ကို ဆြဲျဖဲနိုင္မယ့္နည္းေတြအမ်ားႀကီးရွိတယ္ေနာ္။"
ထိုအမ်ိဳးသမီးမ်က္လံုးမ်ားက ေၾကာက္ရံြ႕မႈေၾကာင့္ ျပဴးက်ယ္ေနသည္။ သူမက တခဏမွ်တုံ႔ဆိုင္းေနျပီးေနာက္ သူမပါးစပ္ကိုဟကာ သူမလွ်ာကိုက္၍ ကိုယ့္ကိုယ္ကိုသတ္ေသရန္ၾကိဳးပမ္းလိုက္သည္။ သိုေသာ္ သူမေနာက္မွ အေစာင့္ကတားျမစ္နိုင္လိုက္ေလသည္။
"သူမပါးစပ္ကို တစ္ခုခုနဲ႔ဆို႔ထားလိုက္။" Xiao Zhiအမိန္႔ေပးလိုက္သည္။
"ဟုတ္ကဲ့!" ထိုမိန္းမပါးစပ္ကို တစ္စံုတစ္ခုျဖင့္ ပိတ္ဆို႔လိုက္သည့္အသံကို ၾကားလိုက္ရသည္။ သူမပါးစပ္ကို ပိတ္မရေသာေၾကာင့္ သူမေနာက္ထပ္ကိုယ့္ကိုယ္ကို ေသေၾကာင္းၾကံနိုင္မည္မဟုတ္ေတာ့ေပ။
"တကယ္လို႔မင္းေနာက္မွာ ဘယ္သူရွိလဲဆိုတာကို ဖြင့္မေျပာရင္ မင္းေသခ်င္ရင္ေတာင္ ေသခြင့္မရေစရဘူး။!" Xiao Zhiက သူ႔လက္ကို ညင္သာစြာေဝွ႔ယမ္းလိုက္ေသာအခါ အက်ဥ္းခန္းအတြင္းတြင္ ညွင္းပန္းနွိပ္စက္ေသာ အသံမ်ားနွင့္ နာနာက်င္က်င္ငိုေၾကြးျမည္တမ္းသံမ်ားကိုသာ ၾကားရေတာ့သည္။
~~~~~~~~~~
Cong Zhou မွ Luo Yangျမိဳ႕သို႔သြားသည့္ လမ္းေၾကာင္းတြင္ ျမင္းလွည္းတစ္စီးနွင့္ လမ္းေလွ်ာက္သူလူတစ္စု ခရီးျပင္းနွင္ေနၾကသည္။
ထိုလူစုထဲတြင္ နိုင္ငံေတာ္၏ စစ္သူႀကီးခ်ဳပ္ Xiao Zhi လိုက္ပါလာမည္ဟု မည္သူမွထင္ထားမည္မဟုတ္ေပ။ သူက စစ္သား ငါးေသာင္းကို Cong Zhouတြင္ခ်န္ထားခဲ့ျပီး အၾကံေပး Liu Shan နွင့္ tအထူးစစ္သည္အနည္းငယ္ကိုသာ အေစာင့္အျဖစ္ေခၚလာျပီး ျမိဳ႕ေတာ္သို႔ တိတ္တဆိတ္ျပန္လာခဲ့သည္။
တစ္ကိုယ္လံုးကို ထူထဲေႏြးေထြြးေသာ သားေမႊးေစာင္တစ္ခုျဖင့္ ဂရုတစိုက္ေထြးပတ္ထားခံရေသာ သတိလစ္ေနသည့္ လူူတစ္ေယာက္ကို သူ႔ရင္ခြင္ထဲတြင္ ေပြ႕ထားသည္။ သူမသတ္လစ္ေနေသာ္လည္း နာက်င္မႈေၾကာင့္ သူမနွဖူးေပၚတြင္ အေရးေၾကာင္းတစ္ခ်ိဳ႕ကို ေတြ႕ေနရသည္။
Xiao Zhiက ေခါင္းငံု႔ကာ သူ႔ရင္ခြင္ထဲမွ Zhu Yuကို ၾကည့္လိုက္သည္။ သူမကို ေလတိုက္မခံရေစရန္ သူ႔ကိုယ္ျဖင့္ ေသေသခ်ာခ်ာကာကြယ္ေပးလိုက္သည္။ "Zhu Yu မင္းအခု အရမ္းနာက်င္ေနတယ္ဆိုတာ ကိုယ္သိတယ္။ ေက်းဇူးျပဳ၍ ေတာင့္ခံေပးထားပါ။ ဟုတ္ျပီလား။?"
သို႔ေသာ္ သတိလစ္ေနေသာ Chu Zhu Yu ကေတာ့ သူ႔စကားကို ျပန္ပင္မေျဖနိုင္ခဲ့ေပ။ သူမ ဒြာရခုနစ္ေပါက္မွ ငါးေနရာမွာ ေသြးယိုစီးေနခဲေလျပီ။
သူမကိုယ္မွ ေသြးတစ္စက္စီးက်လာတိုင္း သူ႔နွလံုးသားက အလြန္ပင္နာက်င္ေနရသည္။ သူမအသက္ရွင္မႈက တျဖည္းျဖည္းအားနည္းလာခဲ့ျပီး ေပ်ာက္ကြယ္စျပဳလာသည္။ သူမ၏ ေဖ်ာ့ေတာ့ေသာ ေသြးခုန္ႏႈန္းနွင့္ ထြက္သက္တုိ႔ေၾကာင့္သာ သူမအသက္ရွင္ေနေသးမွန္းသူသိနိုင္ေတာ့သည္။
~~~~~~~~~~~~~~~~~
18/8/2018
Unicode
"Zhu Yu..." သူ့ကိုယ်ကို ကိုင်းညွှတ်လိုက်သည်။ သူ့လက်ချောင်းများက သူမမျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကို ထိတွေ့နေသည်။ "ကိုယ့်ကိုယုံထားပါ။ မင်းကို အကြာကြီးမစောင့်ခိုင်းဘူး။ ကိုယ်မင်းကို ပြန်နှိုးပေးမယ်။!" ထို့အပြင် သူမကို အဆိပ်သင့်စေခဲ့သူများကို ဘယ်လိုအခြေအနေဖြစ်ဖြစ် သူအသက်ရှင်ခွင့်ပြုမည်မဟုတ်ပေ။!"စစ်သူကြီး ကျေးဇူးပြု၍ အသက်ကို ချမ်းသာပေးပါ။! အသက်ကို ချမ်းသာပေးပါ။!" စိတ်ဆင်းရဲစရာကောင်းသော ငိုကြွေးသံများက အခန်းတွင်းမှ မရပ်မနားထွက်ပေါ်နေသည်။ မရေမတွက်နိုင်သော နှိပ်စက်ခြင်းကိရိယာများကို မြည်းစမ်းပြီးဖြစ်သောကြောင့် ဖြစ်နိုင်လျှင် ဦးလေး Fa အမြန်ဆုံးသေခွင့်ကိုသာ မျှော်လင့်မိတော့သည်။!"အဲ့ဒီ့တော့ မင်းအပြစ်ကို ဝန်ခံတော့မှာလား။?" Xiao Zhi ကုလားထိုင်ကြီးတစ်လုံးတွင်ဝင်ထိုင်လိုက်ပြီး ဦးလေး Fa မျက်လုံးများကို စိုက်ကြည့်ကာ မေးလိုက်သည်။ သူ့မျက်လုံးများတွင် လူသတ်ငွေ့များကို တွေ့နေရသည်။ "ဟုတ်..ဟုတ်ကဲ့! ကျွန်တော်မျိုး ဝန်...ဝန်ခံပါ့မယ်။ !" ဦးလေးFa အလျင်အမြန်ပင်ဖြေလိုက်သည်။ "ကျွန်တော်မျိုးက Luo Yang မြို့က Yue Qin လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်ခဲ့တာပါ။ တစ်ရက်တော့ ကျွန်တော် လောင်းကစားဝိုင်းမှာ ရှုံးပြီး အကြွေးအများကြီးတင်ခဲ့ပါတယ်။ အဲ့ဒီ့နေ့ ...အဲ့ဒီ့နေ့က ကျွန်တော့ကို ကစားဝိုင်းက အကြွေးဆပ်ဖို့ ခြိမ်းခြောက်နေတဲ့အချိန် အမျိုးသမီးတစ်ယောက်က ရောက်လာပြီး ကျွန်တော့ကို အကြွေးဆပ်ဖို့ ကူညီပေးခဲ့ပါတယ်။ ကျွန်တော့ကို Cong Zhouလက်ဖက်ရည်ဆိုင်ကို လာခိုင်းခဲ့ပါတယ်။ ကျွန်တော့ကို Cong Zhouမှာ ကျော်ကြားအောင်လုပ်ခိုင်းပြီး Zhu Yuကို လာအောင် ဆွဲဆောင်ခိုင်းပါတယ်။ Chu Zhu Yuက ကျွန်တော်အရင်က အလုပ်လုပ်ခဲ့တဲ့ Yue Qinလက်ဖက်ရည်ဆိုင်ပိုင်ရှင်ရဲ့ သမီးပါ။ အဲ့ဒီအမျိုးသမီးက Zhu Yu ဆိုင်ကို လာတဲ့နေ့မှာ သူမသောက်မဲ့လက်ဖက်ရည်ထဲကို ထည့်ဖို့ ဆေးပုလင်းအသေးလေး တစ်ခု ပေးခဲ့ပါတယ်။" သူက မောကြီးပန်းကြီးရှင်းပြနေသော်လည်း စကားများက ရှေ့နောက်မဆီလျော်ပေ။ ထိုအမျိုးသမီးပေးခဲ့သော ပုလင်းထဲမှအရာမှာ ကောင်းသောပစ္စည်းမဖြစ်နိုင်မှန်း သူကောင်းကောင်းသိသော်လည်း သူ့အကြွေးများဆပ်ပြီးဖြစ်မည့်အပြင် ပိုက်ဆံအပိုပါထပ်ရမည်ကို တွေးလိုက်မိသည်နှင့် သူထိုကိစ္စကို ပျော်ပျော်ကြီးပင်လက်ခံလိုက်တော့သည်။ "မင်းမှာ Zhu Yuအပေါ်မကျေနပ်ချက်တစ်ခုခုရှိလား။?" Xiao Zhi ကမေးလိုက်သည်။."မ...မရှိပါဘူး။" Yue Qingလက်ဖက်ရည်ဆိုင်တွင် သူအလုပ်လုပ်နေစဉ်တစ်လျှောက်လုံး ဆိုင်ပိုင်ရှင်သားအဖနှစ်ယောက်လုံး သူ့အပေါ်အတော်ကောင်းခဲ့ကြပေသည်။ "ဒါဆို မင်းဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ။l!" Xiao Zhi အသံက ရေခဲတစ်မျှ အေးစက်လာခဲ့သည်။ "ဒါ...ဒါက ကျွန်တော်မျိုးကို ခြိမ်းခြောက်ထားလို့ပါ။ ဒါတွေအားလုံးက အဲ့ဒီ့မိန်းမကြောင့်ပါ။!" ဦးလေးFaက သူနာမည်ပင်မသိထားသော အမျိုးသမီးအပေါ် အပြစ်များ အားလုံးကို ပုံချလိုက်သည်။ "ဘယ်မိန်းမလဲ။? ဒီတစ်ယောက်လား။?" Xiao Zhi က သူ့လက်ချောင်းသွယ်သွယ်များဖြင့် တစ်နေရာကို ညွှန်ပြလိုက်သည်။ သူညွှန်ပြလိုက်သော အမျိုးသမီးမှာ သွေးအလိမ်းလိမ်းပေကျံနေပြီး ပြင်းပြင်းထန်ထန်အရိုက်ခံထားရသည်။ ဦးလေးFa တစ်ချက်ကြည့်ပြီးနောက် ကြောက်လန့်စွာဖြင့် ခပ်တိုးတိုးဖြေလိုက်သည်။ : "ပုံစံအရတော့ တူ ...တူပါတယ်။! ဒါပေမဲ့ အဲ့ဒီ့မိန်းမက အမြဲတမ်းဝါးဦးထုပ်ကို ဆောင်းထားတော့ ကျွန်တော်မျိုး သူမမျက်နှာကိုတော့ မမြင်ဖူးပါဘူး။""ရှင်တို့တွေ လူကောင်းကို မှားဖမ်းလာကြပြီ။" ထိုမိန်းမက မြေပေါ်တွင် တွားသွားနေရပြီး ပါးစပ်ဟရန်ပင် ခက်ခက်ခဲခဲ ကြိုးစားနေရသည်။ "လူကောင်း?" Xiao Zhi ထိုမိန်းမကို စိုက်ကြည့်လိုက်သည်။ "မင်းက တကယ်လူကောင်းဆိုရင် ဘာလိုမြို့ရိုးကို ဖြတ်ဖို့ အသည်းအသည်ကြိုးစားခဲ့လဲ။ ငါ့စစ်သားတွေမင်းနောက်ကို ၂ရက်လောက်လိုက်ပြီးမှ ဖမ်းမိတယ်။""ကျွန်မ... ကျွန်မမြို့ထဲက ထွက်တာ ဥပဒေကို ချိုးဖောက်တာမှမဟုတ်...""ဒါပေမဲ့ မင်းသွားမဲ့နေရာက Luo Yangဖြစ်နေတယ်လေ။" Xiao Zhi ထိုမိန်းမကို စိုက်ကြည့်နေပြီး သူက တည်ငြိမ်စွာပင်ဆက်ပြောလိုက်သည်။ : "တကယ်လို့ မင်းပါးစပ်ကို ဆက်ပြီး ပိတ်ထားမယ်။ အပြစ်ကို မဝန်ခံဘူးဆိုရင်တော့ မင်းယုံနိုင်မလား။ ငါ့မှာ မင်းပါးစပ်ကို ဆွဲဖြဲနိုင်မယ့်နည်းတွေအများကြီးရှိတယ်နော်။"ထိုအမျိုးသမီးမျက်လုံးများက ကြောက်ရွံ့မှုကြောင့် ပြူးကျယ်နေသည်။ သူမက တခဏမျှတုံ့ဆိုင်းနေပြီးနောက် သူမပါးစပ်ကိုဟကာ သူမလျှာကိုက်၍ ကိုယ့်ကိုယ်ကိုသတ်သေရန်ကြိုးပမ်းလိုက်သည်။ သိုသော် သူမနောက်မှ အစောင့်ကတားမြစ်နိုင်လိုက်လေသည်။ "သူမပါးစပ်ကို တစ်ခုခုနဲ့ဆို့ထားလိုက်။" Xiao Zhiအမိန့်ပေးလိုက်သည်။"ဟုတ်ကဲ့!" ထိုမိန်းမပါးစပ်ကို တစ်စုံတစ်ခုဖြင့် ပိတ်ဆို့လိုက်သည့်အသံကို ကြားလိုက်ရသည်။ သူမပါးစပ်ကို ပိတ်မရသောကြောင့် သူမနောက်ထပ်ကိုယ့်ကိုယ်ကို သေကြောင်းကြံနိုင်မည်မဟုတ်တော့ပေ။ "တကယ်လို့မင်းနောက်မှာ ဘယ်သူရှိလဲဆိုတာကို ဖွင့်မပြောရင် မင်းသေချင်ရင်တောင် သေခွင့်မရစေရဘူး။!" Xiao Zhiက သူ့လက်ကို ညင်သာစွာဝှေ့ယမ်းလိုက်သောအခါ အကျဉ်းခန်းအတွင်းတွင် ညှင်းပန်းနှိပ်စက်သော အသံများနှင့် နာနာကျင်ကျင်ငိုကြွေးမြည်တမ်းသံများကိုသာ ကြားရတော့သည်။ ~~~~~~~~~~Cong Zhou မှ Luo Yangမြို့သို့သွားသည့် လမ်းကြောင်းတွင် မြင်းလှည်းတစ်စီးနှင့် လမ်းလျှောက်သူလူတစ်စု ခရီးပြင်းနှင်နေကြသည်။ ထိုလူစုထဲတွင် နိုင်ငံတော်၏ စစ်သူကြီးချုပ် Xiao Zhi လိုက်ပါလာမည်ဟု မည်သူမှထင်ထားမည်မဟုတ်ပေ။ သူက စစ်သား ငါးသောင်းကို Cong Zhouတွင်ချန်ထားခဲ့ပြီး အကြံပေး Liu Shan နှင့် tအထူးစစ်သည်အနည်းငယ်ကိုသာ အစောင့်အဖြစ်ခေါ်လာပြီး မြို့တော်သို့ တိတ်တဆိတ်ပြန်လာခဲ့သည်။ တစ်ကိုယ်လုံးကို ထူထဲနွေးထွေးသော သားမွှေးစောင်တစ်ခုဖြင့် ဂရုတစိုက်ထွေးပတ်ထားခံရသော သတိလစ်နေသည့် လူတစ်ယောက်ကို သူ့ရင်ခွင်ထဲတွင် ပွေ့ထားသည်။ သူမသတ်လစ်နေသော်လည်း နာကျင်မှုကြောင့် သူမနှဖူးပေါ်တွင် အရေးကြောင်းတစ်ချို့ကို တွေ့နေရသည်။ Xiao Zhiက ခေါင်းငုံ့ကာ သူ့ရင်ခွင်ထဲမှ Zhu Yuကို ကြည့်လိုက်သည်။ သူမကို လေတိုက်မခံရစေရန် သူ့ကိုယ်ဖြင့် သေသေချာချာကာကွယ်ပေးလိုက်သည်။ "Zhu Yu မင်းအခု အရမ်းနာကျင်နေတယ်ဆိုတာ ကိုယ်သိတယ်။ ကျေးဇူးပြု၍ တောင့်ခံပေးထားပါ။ ဟုတ်ပြီလား။?"သို့သော် သတိလစ်နေသော Chu Zhu Yu ကတော့ သူ့စကားကို ပြန်ပင်မဖြေနိုင်ခဲ့ပေ။ သူမ ဒွာရခုနစ်ပေါက်မှ ငါးနေရာမှာ သွေးယိုစီးနေခဲလေပြီ။ သူမကိုယ်မှ သွေးတစ်စက်စီးကျလာတိုင်း သူ့နှလုံးသားက အလွန်ပင်နာကျင်နေရသည်။ သူမအသက်ရှင်မှုက တဖြည်းဖြည်းအားနည်းလာခဲ့ပြီး ပျောက်ကွယ်စပြုလာသည်။ သူမ၏ ဖျော့တော့သော သွေးခုန်နှုန်းနှင့် ထွက်သက်တို့ကြောင့်သာ သူမအသက်ရှင်နေသေးမှန်းသူသိနိုင်တော့သည်။ ~~~~~~~~~~~~~~~~~18/8/2018