** Part 2 (Z+U)

8.9K 900 27
                                    

Zawgyi

"ကျွန်​မ Jue Qingနဲ့​တွေ့ချင်​ပါတယ်​။ ​ကျေးဇူးပြု၍ ဆရာ​တော်​ကျွန်​မကို သူနဲ့​တွေ့ဖို့​ခေါ်သွား​ပေးပါ။!"

"သူက မင်းနဲ့မ​တွေ့ချင်​ဘူးဆိုတာကို မင်းဘာလို့ အတင်းအကျပ်​လုပ်​​နေရ​သေးတာလဲ။" သူက​ပြောလိုက်​ပြီး​နောက်​ Chu Zhu Yuကို မကြည့်​​တော့ဘဲ ​ကျောခိုင်းထွက်​ခွာသွား​တော့သည်​။

အတင်းအကြပ် လုပ်တယ်? ဒာက အတင်းအကြပ်လုပ်တာတဲ့လား။? Chu Zhu Yu ဒူးထောက်နေရင်း ကြောင်အစွာ ငေးနေမိသည်။ တစ်ချိန်က... သူ့နားက ထွက်မသွားရန် သူမကို အထပ်ထပ်ပြောဆိုခဲ့သူက ယခုသူမကိုမတွေ့ချင်သောကြောင့်ပုန်းနေသည်တဲ့လား။

အဘယ့်ကြောင့် သူမနှလုံးသားက ဤမျှနာကျင်နေရသနည်း။? ဤပြော၍ပင်မပြနိုင်သော နာကျင်မှုက ဘယ်ကလာသနည်း။?

သူမအတွက် ဤအဖြစ်များအားလုံးကို လက်ခံရန် ခက်ခဲနေသေးသည်။ သို့သော် အဘယ်ကြောင့် သူမ၏ကမ္ဘာကြီးက အပြောင်းအလဲမန်နေရသနည်း။?

သူမမျက်လုံးများ ပူနွေးလာပြီး မျက်ရည်များစီးကျလာသညိ။ သူမနားထဲတွင် အစေခံတစ်ယောက်၏ အလန့်တကြားအော်သံကို ကြားလိုက်ရသည်။ : "မိန်းကလေး ဘာလို့ငိုနေတာလဲ။!"

ငိုနေတယ်။? သူမငိုနေတာလား။?"

အဲ့ဒီတော့ သူမကို သူကမတွေ့ချင်ဘူးဆိုတာနဲ့ပဲ သူမက မျက်ရည်လွယ်သွားတာပဲ။

ပားလှပ်နူးညံနေသော ကိုယ်ခန္ဓာလေးက ဤပုံစံအတိုငိး ဥယျာဉ်အပြင်ဘက်တွင် မလှုပ်မယှက် ရပ်နေခဲ့သည်။

သူမဘေးတွင်ရပ်နေသော အစေခံလေးမှာ သူမကို စိတ်ပူနေသော်လည်း သူမကို ကူညီနိုင်မည့်နည်းလမ်းသူ့တွင် မရှိခဲ့ပေ။ ထိုအချိန်တွင် Liu Shanနှင့် Xiaoအိမ်တော်ထိန်းတို့ ပျာယီးပျာယာဖြင့်ရောက်လာကြသည်။ သူတို့အနေဖြင့် Chu Zhu Yuကို တားမြစ်နိုင်ပြီး သူမကို အခန်းပြန်၍ အနားယူရန် ဖျောင်းဖျနိုင်မည်ဟုသာ မျှော်လင့်ထားကြသည်။

"မိန်းကလေး Chu ဒီလိုနေတာက မိန်းကလေးကျန်းမာရေးပြန်ကောင်းလာဖို့ အထောက်အကူမဖြစ်နိုင်ဘူးနော်။" Liu Shan ပြောလိုက်သည်။ သူ့စိတ်ထဲတွင် သိမ်းထားသော အကြောင်းအရာများကို Chu Zhu Yuအားပြောပြချင်သော်လည်း ထိုညက စစ်သူကြီး ပြောသွားသောစကားများကို ပြန်ကြားယောင်မိလိုက်သောအခာ သူပြောပြချင်သော်လည်း သူ့စိတ်ကို ပြန်ထိန်းလိုက်ရသည်။

Let Me Hug And Sleep!Where stories live. Discover now