မကောင်းတဲ့လူ Part2 (မကောင်းတဲ့လူ Part 2)

10.4K 1K 11
                                    

"
"မင်း ငါဘယ်သူလဲ မသိဘူးလား။" သူအံ့အားသင့်စွာ သူမကို မြင်းငါ့ကို ဘာလို့ အဲ့လိုပုံစံနဲ့ ကြည့်နေတာလဲ။" Xiao Zhi Zhi မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး Chu Zhu Yuအားတစ်ချက်ကြည့်လိုက်သည်။ 

သူမ သူ့ကို ကြည့်နေရင်း တစ်စုံတစ်ရာကို ရုတ်တရက်သတိရမိလိုက်သည်။

"ရှင်ဘယ်သူလဲ။?"
ကည့်လိုက်သည်။

သူမမျက်မှောင်ကျုံ့လိုက်သည်။ သူမှမပြောတာ ငါက ဘယ်လိုလုပ်သိမှာတုန်း။ အမှန်အတိုင်းပြောရလျှင် လူတစ်ယောက်၏ အဆင့်အတန်းအား ထိုသူဝတ်ဆင်ထားသော အဝတ်အစားများမှတစ်ဆင့် အကဲခတ်နိုင်သည်။ အမည်းရောင်အဝတ်အစားမျိုးကို ဘုန်းကြီးများနှင့် သက်တော်စောင့်များသာ ဝတ်တတ်ကြသည်လေ။

သူမနှင့်တွေ့ခဲ့သည့် နှစ်ကြိမ်လုံး ထိုသူသည် အနက်ရောင်ကိုသာ ဝတ်ဆင်ထားခဲ့သည်။ ထို့ကြောင့် သူသည် အစောင့်တစ်ယောက်သာဖြစ်ရမည်ဟု Chu Zhu Yuသူ့အဆင့်အတန်းကို ခန့်မှန်းလိုက်သည်။

သူတစ်ခဏမျှစဉ်းစားလိုက်ပြီး သူ့ခေါင်းကို တစ်ဖက်သို့လှည့်လိုက်သည်။

"Jue Qing, မင်းငါ့ကိုJue Qingလို့ ခေါ်လို့ရတယ်။ "

ဤတစ်ကြိမ်တွင်တော့ သူလက်ဖက်ရည်သောက်ပြီးသွားသည်နှင့် Chu Zhu Yuပွင့်ပွင့်လင်းလင်းပဲ သူ့ကို ပြန်ခိုင်းတော့သည်။

သိုသော် သူက သူမကို ဖက်လိုက်ပြီး အိပ်ရာပေါ်တိုက်ရိုက်ခေါ်သွားမည်ဟု ဘယ်သူထင်မှာလဲ။ သူမကို ဖက်ထားမှ သူအိပ်ပျော်နိုင်မည်ဟုလည်းပြောသေးသည်။ သူမက သူ့အရုပ်လေးလား။

"ကျွန်မကို လွှတ်!" သူမတို့ နှစ်ဦးလုံး အဝတ်အစားများ ဝတ်ထားကြသော်လည်း သူက သူမကို တိုးဖက်လိုက်သောအခါ Chu Zhu Yuမျက်လုံးများ ပြူးကျယ်သွားရသည်။

"Hey! ရှင်ကျွန်မကို ဒီလိုပြုမူတာကို ကျွန်မ ရုံးတော်မှာတိုင်လို့ရတယ်ဆိုတာ ရှင်သိလား။"

"ရုံးတော်က ဘယ်သူမှ ဒီအမှုကို လက်ခံမှာ မဟုတ်ဘူး။" သူ့လက်ကတော့ နည်းနည်းပင် လျော့မသွားပေ။

"ရှင်ဘာလို့ အဲ့လောက်တောင် သေချာနေရတာလဲ။"

"ဘယ်လိုပဲဖြစ်ဖြစ် ငါအဲ့တစ်ခုတော့သေချာတယ်။" သူ့ကိုယ့်ကိုယ်ကို ယုံကြည့်မှုအပြည့်ဖြင့် ပြောလိုက်သည်။ သူ့ခန္ဓာကိုယ် တစ်ခြမ်းက သူမခုတင်ပေါ်တွင်လှဲနေသည်။

Let Me Hug And Sleep!Where stories live. Discover now