Zhu Yuကို ကယ်ဖို့ လူတိုင်းကို သတ်နိုင်တယ်။Part 1 (One)

8.7K 761 30
                                    

တိတ်ဆိတ်နေသော ခန်းမတွင်းတွင် မည်သူကမှ စကားမပြောရဲကြချေ။ ခန်းမအပြင်တွင် စစ်သားများစွာက သပ်ရပ်စွာစီတန်းနေကြသည်မှာ မနက်ကတည်းကဖြစ်ပြီး အမိန့်ပေးသည်နှင့် လှုပ်ရှားရန် စောင့်ဆိုင်းနေကြသည်။

ဒူးထောက်ထားသူမှာ ကောင်းစွာသတိရနေပြီဖြစ်သော အထိန်းတော်Liဖြစ်ပြီး ဝဖိုင့်ဖိုင့် ခန္ဓာကိုယ်ကြီးမှာ အဆက်မပြတ်အရိုက်ခံထားရသည်။ 

"မင်းသိထားသမျှအကုန်လုံး တစ်ခုမကျန် ငါ့ကိုပြော။" လက်ချောင်းသွယ်သွယ်များက ကျောက်စိမ်းပုတီးကို ဖျစ်ညှစ်နေသည်။ Xiao Zhi၏ မျက်နှာက မုန်တိုင်းကျခါနီးကောင်းကင်ပမာ လွန်စွာတည်ငြိမ်နေသည်။ 

"စစ်သူကြီးကို လျှောက်...လျှောက်တင်ပါတယ်။ ကျွန်မကို မိန်းကလေးChuကို ရှာပြီး ခေါ်လာဖို့ သခင်ကြီး Zhi က အမိန့်ပေးခဲ့တာပါ။ အစကတော့ အရာအားလုံးက ပုံမှန်ပါပဲ။ ဒါပေမဲ့ ဘယ်သူထင်မှာလဲ ကျွန်မတို့ ခြံဝန်းထဲကို ဖြတ်လာတဲ့ အချိန် ကျွန်မရုတ်တရက် သတိလစ်သွားတယ်။"

တစ်ဖက်တွင်တော့ အရာရှိZhiမှာ အထိန်းတော် Liက သူ့ကိုပါ ဦးတည်ပြီးပြောလာသည်ကို ကြားလိုက်သည်နှင့် သူ့ကိုယ်မှာလည်း တဆတ်ဆတ်တုန်ယင်လာသည်။

"ဘယ်သူလဲဆိုတာကို သေချာမြင်လိုက်ရလား။?" Xiao Zhiက မျက်စိမှိတ်ထားပြီး လက်ချောင်းသွယ်သွယ်များမှာ ကျောက်စိမ်းပုတီးအား ဖျစ်ညှစ်ထားဆဲဖြစ်ပြီး မည်သူကမှ အသက်မရှုဝံ့ကြသေးပေ။

"မ... မမြင်လိုက်ရပါဘူး။." အထိန်းတော်Li အကြောက်လွန်ကာ နောက်တစ်ကြိမ် သတိလစ်သွားပြန်သည်။ သို့သော်လည်း သတိလစ်သွားသည်ကပင် သူမအတွက်တော့ ကောင်းသည်ဟုဆိုရပေမည်။

"လျှောက်တင်ပါတယ်။!" အကြံပေးLiu ခန်းမတွင်းသို့ဝင်လာကာ ကြမ်းပေါ်တွင် ဒူးထောက်လိုက်သည်။ "ကျွန်တော်မျိုး Xiang Cong (fragrant insect/worm)ရဲ့ ရနံ့နောက်ကို လိုက်ခဲ့ပါတယ်။ မိန်းကလေးChuကို တတိယမင်းသား စံအိမ်တော်မှာ အဖမ်းခံထားရတာကို သိခဲ့ရပါတယ်။

ထိုစကားကို ကြားလိုက်ရသောအခါ အရာရှိZhi အံ့သြသွားသည်။ "တတိယမင်းသား စံအိမ်တော်.... တတိယမင်းသားစံအိမ်တော်ဆိုတာက Cong Zhouမှာရှိတဲ့ မင်းသား(၃)ရဲ့ အိမ်တော်မဟုတ်လား။ အကြံပေး Liu ခင်ဗျားမှားပြောတာတော့ မဟုတ်ပါဘူးနော်။?"

Let Me Hug And Sleep!Where stories live. Discover now