10.6K 1.1K 35
In this chapter we still see some funny scenes even not as funny as the before chapters. But, this chapter is showing Chu Zhu Yu trying to find more about "the man in black cloth" that every night visiting her, hugging her and "humiliate" in sweet way .
Zhu Yu is growing affection to Xiao Zhi even she still complaining every act of Xiao Zhi.
No matter how Xiao Zhi annoyed her, she still obediently follow his "order"
Chapter 6~~~
ပထမဆုံးအကြိမ် သူမအခန်းတွင် သူအိပ်ခြင်းသည် အိပ်ရန်သာဖြစ်သည်။ ဒုတိယအကြိမ်တွင်လည်း အိပ်ရန်ဖြစ်ပြီး တတိယအကြိမ်၊ စတုတ္ထအကြိမ်များတွင်လည်း အိပ်ရုံသာအိပ်နေခဲ့သည်။
သူအိပ်သည်မှာ Chu Zhu Yuခန္ဓာကိုယ်ထုံကျင်လာရသည်အထိပင်။ ထိုသူသည် သူမအားဖက်၍အိပ်ရုံအပြင် မည်သည့်ထူးဆန်းသည့်ကိစ္စကိုမျှမပြုလုပ်သူဖြစ်သည်။
ထို့ကြောင့်ပင် သူမသူ့ကို ကရုဏာသက်မိခြင်းဖြစ်သည်။
တစ်ချိန်က သူအိပ်ပျော်ချင်လွန်း၍ သူ့လက်ကိုပင်ချိုးခဲ့သည်ကို သူမသိရသောအခါ သူ့အားစာနာမိသည်။ သမန်လူများအလွယ်တကူပြုလုပ်နိုင်သော ကိစ္စမှာ သူ့အတွက်ခက်ခဲလွန်းနေသည့်အပြင် ထိုအရာကို ပြီးမြောက်စေရန် အလွန်ရှုပ်ထွေးသော နည်းလမ်းများကို သုံးနေရသည်။ အလွန်ကောင်းမွန်သောလက်တစ်ဖက်ကို ချိုးပစ်ရသည်မှာ အလွန်ပင်နာကျင်ပေမည်။
သူမကိုဖက်ထားခြင်းလို ရိုးရှင်းသောအရာက သူ့အားအိပ်ပျော်စေနိုင်လျှင် သူမအဘယ့်ကြောင့်ခေါင်းမာနေရမည်နည်း။
သို့သော်လည်း သူမအားအကြောမပိတ်ရန်တော့ သူ့ထံမှ အာမခံချက်ယူရပေသည်။ အဘယ့်ကြောင့်ဆိုသော် အကြောပိတ်ခြင်းက သူမအား မသက်မသာခံစားချက်ကြီးကို ကျန်ခဲ့စေသောကြောင့်ဖြစ်သည်။
သူမ၏ ကံကြမ္မာကိုလက်ခံပြီးနောက် သူမမည်သည့်ငြင်းဆံမှုကိုမှ မပြုလုပ်တော့ပေ။
သူမတစ်ခါမေးဖူးသည်။ " Jue Qingရှင့် အဖေနဲ့ အမေက ဘယ်မှာလဲ.။?"
"မသိဘူး။"
"မောင်နှမရော။"
"မသိဘူး။ ငါ့မှာမရှိဘုး။ ငါ့မှာ ဆရာတစ်ယောက်ပဲရှိတယ်။ သူက ငါ့မိသားစုပဲ။"
Hah?သူက မိဘမဲ့လား။? "ရှင်မိန်းကလေးတစ်ယောက်ရဲ့ မိသားစုဝင်တစ်ယောက်ဖြစ်လာမဲ့ သမက်တစ်ယောက်လုပ်ဖို့ စဉ်းစားဖူးလား။?"
Let Me Hug And Sleep!Where stories live. Discover now