Let Me Hug And Sleep!

By Candy_bee820

403K 36K 1.2K

Author Qian Caoရဲ႕ Novelေလးကို ဘာသာျပန္ထားတာပါ။ အိပ္မေပ်ာ္ျခင္းေရာဂါကို ခံစားေနရတဲ့ စစ္သူႀကီးတစ္ဦးနဲ႔ သူမရဲ... More

စစ္သူႀကီး၏ ေရာဂါဆန္း (စစ်သူကြီး၏ ရောဂါဆန်း)
အေစခံအျဖစ္ လုပ္အားေပးျခင္း (အစေခံအဖြစ် လုပ်အားပေးခြင်း)
သူမအား ေပြ႕ဖက္၍ အိပ္စက္ျခင္းသို႔[Part 1] (သူမအား ပွေ့ဖက်၍ အိပ်စက်ခြင်းသို့)
သူမအား ေပြ႕ဖက္၍ အိပ္စက္ျခင္းသို႔[Part 2]သူမအား ပွေ့ဖက်၍ အိပ်စက်ခြင်းသို့[Part 2
အမ်ိဳးသမီးမ်ား စကားဝိုင္း (အမျိုးသမီးများ စကားဝိုင်း)
မေကာင္းတဲ့လူ Part 1(မကောင်းတဲ့လူ Part 1)
မေကာင္းတဲ့လူ Part2 (မကောင်းတဲ့လူ Part 2)
နန္းတြင္းသက္ေတာ္ေစာင့္တစ္ေယာက္.. (နန်းတွင်းသက်တော်စောင့်တစ်ယောက်)
သတၱမမင္းသားေလး၏ အလည္တစ္ေခါက္ (သတ္တမမင်းသားလေး၏ အလည်တစ်ခေါက်)
အိမ္ေတာ္မွ အျပင္ထြက္ရန္ [Part 1] (အိမ်တော်မှ အပြင်ထွက်ရန် [Part 1])
အိမ္ေတာ္မွ အျပင္ထြက္ရန္ [Part 2] (အိမ်တော်မှ အပြင်ထွက်ရန်)
အလြန္​အကြၽံ စိတ္​ပူ​ေန​ေသာသူ (အလွန်အကျွံ စိတ်ပူနေသောသူ)
မင္းသမီး ၁၀ (မင်းသမီး ၁၀)
သူက စစ္သူႀကီးလား...? (သူကစစ်သူကြီးလား... ?)
မင္းကို လက္ထပ္မယ္ Part 1 (မင်းကိုလက်ထပ်မယ် )
မင္းကို လက္ထပ္မယ္။ Part 2 (မင်းကိုလက်ထပ်မယ်)
မင္းက ငါ့အတြက္ပဲ (မင်းကငါ့အတွက်ပဲ)
ကံဆိုးေသာ အခ်စ္ (ကံဆိုးသောအချစ်)
Cong Zhouသို့ စစ်ချီခြင်း Part 1(Cong Zhouသို့ စစ်ချီခြင်း Part 1)
Cong Zhouသို႔ စစ္​ခ်ီျခင္​း Part 2 (Two)
Zhu Yuကို ကယ္ဖို႔ လူတိုင္းကို သတ္နိုင္တယ္။Part 1 (One)
Zhu Yuကို ကယ္ဖို႔ လူတိုင္းကို သတ္နိုင္တယ္။Part 2 (Two)
Zhu Yuကို ကယ္ဖို႔ လူတိုင္းကို သတ္နိုင္တယ္။Part 3 (Three)
အေပးအယူ (အပေးအယူ)
ဘယ္မွမသြားရဘူး (ဘယ်မှမသွားရဘူး)
ၿမိဳ႕တံခါးကိုပိတ္​လိုက္​ (မြို့တံခါးကိုပိတ်​လိုက်)
သူ႔ကို ခ်စ္မိျခင္း Part 2 (သူ့ကို ချစ်မိခြင်း)
အဆိပ္ေျဖျခင္း Part 1 (အဆိပ်ဖြေခြင်း )
အဆိပ္ေျဖျခင္း Part 2 (အဆိပ်ဖြေခြင်း )
အဆိပ္ေျဖျခင္း Part 3 (အဆိပ်ဖြေခြင်း )
အဆိပ္ေျဖျခင္း Part 4 (အဆိပ်ဖြေခြင်း)
** Part 1 (Z+U)
** Part 2 (Z+U)
*** Part 3 (Z+U)
EPILOGUE (Z+U)

သူ႔ကို ခ်စ္မိျခင္း Part 1 (သူ့ကို ချစ်မိခြင်း)

8.6K 831 52
By Candy_bee820

(Zawgyi)

Zhu Yu went out, having short fun while visiting the Xing Yuan Tea House and tasting many different teas.

While...
Xiao Zhi was panicking, scared and even commanding his soldiers to inspect every corner street of Cong Zhou for finding her after shut the city gate.

Only this time...
For the first time she saw others side of Xiao Zhi that makes her more than scared.
No smile expression,
No relieve expression,
No comfort words,
which he always show her whenever they are seeing or meeting each others.

Xing Yuan လက္ဖက္ရည္ဆိုင္တြင္းတြင္ Chu Zhu Yuတစ္ေယာက္ လက္ဖက္ရည္ တစ္ခြက္ျပီးတစ္ခြက္ ျမည္းၾကည့္ေနခဲ့သည္။ သို႔ေသာ္ ထိုလက္ဖက္ရည္အရသာက သူမေသာက္ခဲ့ဖူးေသာ သူမႏွင့္ ရင္းႏွီးေနေသာ အရသာမ်ားႏွင့္ ဆင္တူေနသည္။ ဤလက္ဖက္ရည္ဆိုင္တြင္ လက္ဖက္ေျခာက္အမ်ိဳးအစားမ်ားစြာရွိသည္။ အခ်ိဳ႕က သူမဆိုင္ရွိ လက္ဖက္ေျခာက္မ်ားႏွင့္တူေသာ္လည္း သူမအတြက္ အနည္းငယ္ထူးဆန္းေနသည္။

သူမ၏ လက္ဖက္ရည္ဆိုင္တြင္ ဤဆိုင္မွ လက္ဖက္ေျခာက္မ်ား အားလံုးရွိသည္ဟု ေျပာရန္ေတာ့ခက္သည္။ သိုေသာ္ သူမဆိုင္မွ လက္ဖက္ေျခာက္အမ်ိဳးအစားမ်ားႏွင့္ မည္မွ်ပင္ တူသည္ဆိုဦးေတာ့ လက္ဖက္ေျခာက္အနံ႔၊ အရသာႏွင့္ အေရာင္အထိ အားလံုးတူူညီေနျခင္းက တိုက္ဆိုင္မႈတစ္ခုႏွင့္ေတာ့ မတူေပ။

"စားပြဲထိုး...ရွင္တို႔ လက္ဖက္ရည္အေဖ်ာ္ဆရာက Luo Yangက လာတာလား။?" Chu Zhu Yu သိခ်င္စိတ္ကို မထိန္းနုိင္ေတာ့ဘဲ လက္ဖက္ရည္ဆိုင္ထဲမွ စားပြဲထိုးေလးကို ေမးလိုက္သည္။

"ဟုတ္ကဲ့...မိန္းကေလးက တစ္ကယ္ကို အျမင္စူးရွတာပဲ။ ကၽြန္ေတ္ာတို႔ လက္ဖက္ရည္ေဖ်ာ္ဆရာက Luo Yang ကေန ဒီCong Zhou ကို ေျပာင္းလာတာ။ Luo Yangကေတာ့ နိဗၺာန္ဘံုႀကီးတစ္ခုဆိုေပမဲ့ ဒီ Cong Zhou ျမိဳ႕မွာေတာ့ ကၽြန္ေတ္ာတို႔ လက္ဖက္ရည္ဆိုင္တစ္ေနရာမွာပဲ Luo Yangလက္ဖက္ရည္ရဲ႕ အရသာကို ျမည္းစမ္းနိုင္မွာပါ။"

ျဖစ္နိုင္သည္က ထိုသူသည္ Luo Yangျမိဳ႕ရွိ သူမ၏လက္ဖက္ရည္ဆိုင္မွ တိတ္တဆိတ္ပညာ သင္ယူထားသူျဖစ္နိုင္ေပမည္။ ထို႔ေၾကာင့္သာ ထိုသူက Cong Zhouသို႔ လာေရာက္က စီးပြားေရးတစ္ခုကို တည္ေထာင္နိုင္ျခင္းျဖစ္ရမည္။ Chu Zhu Yuထိုကဲ့သို႔ စဥ္းစားလိုက္ျပီး  "ေကာင္းျပီေလ။ ဒါဆို ကၽြန္မ ဒီလက္ဖက္ရည္ကို ေဖ်ာ္တဲ့ လက္ဖက္ရည္အေဖ်ာ္ဆရာကို ေတြ႕လို႔ရမလား။ ကၽြန္မကလည္း Luo Yangကပဲ လာခဲ့တာပါ။"

"ဒါက ...." စားပြဲထိုးေလးက ေျဖရခက္သြားသည္။ "ကၽြန္ေတာ္တို႔ လက္ဖက္ရည္အေဖ်ာ္ဆရာက လူထူးဆန္းတစ္ေယာက္ဗ်။ သူ႔ကို ဘယ္သူမွ မျမင္ဖူးဘူး။ လက္ဖက္ရည္ေဖ်ာ္တဲ့အခ်ိန္ေတာင္ သူက ဝါးခေမာက္တစ္ခုကို ေဆာင္းထားတာ။"

"ဝါးခေမာက္ေဆာင္းထားတယ္။?"

"ကၽြန္ေတာ္တို႔ သူေဌးကေျပာတာေတာ့ ပညာရွင္ေတြက အနည္းနဲ႔အမ်ားေတာ့ ထူးဆန္းတဲ့ အရာေတြကိုလုပ္တတ္တယ္တဲ့။" စားပြဲထိုးေလးက ေခါင္းငံု႔ကာေျဖလိုက္သည္။

ရုတ္တရက္ လက္ဖက္ရည္ဆိုင္အျပင္ဘက္မွ ဆူဆူညံညံအသံမ်ားေပၚထြက္လာသည္။ လက္ဖက္ရည္ေသာက္ေနေသာသူမ်ားပင္ ဆူညံသံမ်ားေၾကာင့္ ေရွာင္ရွားထြက္ခြာသြားၾကသည္။

"မိန္းကေလး ဘာျဖစ္ေနတာလဲမသိဘူး။ ကၽြန္ေတာ္အျပင္ထြက္ၾကည့္လိုက္ဦးမယ္။!" စားပြဲထိုးေလးက ဆိုင္အျပင္ဘက္သို႔ အေျပးတပိုင္းထြက္သြားသည္။

Chu Zhu Yuကလက္ဖက္ရည္ခြက္ပူပူကို မယူကာ တစ္ငံုေသာက္လိုက္သည္။ လက္ဖက္ရည္အနံ႔က သူမဆိုင္က လက္ဖက္ရည္နွင့္ တကယ္ကုို ဆင္တူေနေသာ္လည္း ေဖ်ာ္ပံုကေတာ့ အနည္းငယ္ မတူေသာေၾကာင့္ အရသာအနည္းငယ္ကြာျခားမႈရွိသည္။

လက္ဖက္ရည္ထဲတြင္ သူမရင္းနွီးေသာ အနံ႕ကို ခံစားမိေနေသာ္လည္း ထိုထဲတြင္ အျခားအရာတစ္ခုခုပါဝင္ေနခဲ့သည္....

"မေကာင္းေတာ့ဘူး။! မေကာင္းေတာ့ဘူး.။! စစ္သားေတြက လမ္းတိုင္းကို လိုက္ရွာေနၾကတယ္။!" လက္ဖက္ရည္ဆိုင္ထဲရွိလူမ်ား တစ္ေယာက္တစ္ေပါက္ေအာ္ဟစ္ေနၾကသည္.။

"ဘာ..?"

"သူပုန္ေတြေနာက္တစ္ခါ ထႃကြလာလို႔လား။?"

"ဘယ္သူဦးေဆာင္တာလဲ။?"

တစ္ခဏမွ်ၾကာျပီးေနာက္ ထိုအေၾကာင္းကို လူတိုင္းေဆြးေႏြးေနၾကသည္။

"သူတို႔ေျပာတာေတာ့ စစ္သူႀကီးXiaoက မိန္းမတစ္ေယာက္ကိုရွာဖို႔ အမိန္႔ေပးလိုက္လို႔တဲ့။" အျပင္မွ ဝင္ေရာက္လာေသာ စာသင္သားနွင့္တူသူတစ္ဦးက ေျပာလိုက္သည္။

အမ္..!

Chu Zhu Yuလက္ထဲက လက္ဖက္ရည္ခြက္ပင္ လြတ္က်ကာ စားပြဲေပၚသို႔ လက္ဖက္ရည္မ်ား ဖိတ္က်သြားသည္။ ထိုအခါမွ လက္ဖက္ရည္ဆုိင္တြင္းရွိလူမ်ားက သူမကို သတိထားမိသြားၾကသည္။

သူမေခါင္းျမန္ျမန္ျပန္ငံု႔လိုက္ၿပီး လက္ဖက္ရည္ခြက္ကို ျပန္ကိုင္လုိက္သည္။ လမ္းတိုင္းကို ရွာေဖြဖို႔ အမိန္႔ေပးတာ Xiao Zhiတဲ့လား။?မဟုတ္မွလြဲေရာ..သူရွာေနတဲ့ မိန္းမဆိုတာက—

"အဲ့ဒီ့မိန္းမက ဘယ္လို ျပစ္မႈကို က်ဴးလြန္ခဲ့လို႔လဲ။?" လက္ဖက္ရည္ဆုိင္တြင္းရွိ လူတစ္ေယာက္ကေမးလိုက္သည္။

"သူမက ရာဇဝတ္သားေတာ့ မဟုတ္ေလာက္ပါဘူး။ က်ဳပ္ စစ္သားေတြယူလာတဲ့ မိန္းမရဲ႕ပံုကို ျမင္ျပီးျပီ။ ပံုအရေတာ့ သူမက ရာဇဝတ္မႈတစ္ခုခုက်ဴးလြန္မဲ့သူ မဟုတ္ဘူးလို႔ထင္တာပဲ။" စာသင္သားႏွင့္တူသူက ေျပာလိုက္သည္။

"ေၾသာ္... ဒါဆိုု ပံုထဲက မိန္းကေလးက ဘယ္လိုရုပ္ရည္ရွိလဲ။?" လူတစ္ေယာက္က စိတ္ဝင္တစားေမးလိုက္သည္။

စာသင္သားက ျပန္စဥ္းစားလိုက္ျပီး ေျပာလိုက္သည္။: "အဲ့ဒီ့မိန္းကေလးရဲ႕ မ်က္ႏွာက ဝိုင္းတယ္။ ျပည့္ျပည့္ေဖာင္ေဖာင္းေလး။ ႏွာတံေျဖာင့္ေျဖာင့္နဲ႔ ပန္းေရာင္ႏႈတ္ခမ္းေတြရွိတ.္ သူမဆံပင္ကို အဝါေရာင္ သစ္သားဆံညွပ္နဲ႔ တြယ္ထားတယ္။ စစ္သားေတြေျပာေနတာကို ၾကားတာေတာ့ အဲ့ဒီ့မိန္းကေလးက အရပ္ငါးေပးေက်ာ္ေလာက္ရွိ..."

ထိုစာသင္သား၏ အၾကမ္းဖ်င္းေဖာ္ျပခ်က္ႏွင့္ပင္ လက္ဖက္ရည္ဆုိင္တြင္းရွိ လူအားလံုးက Chu Zhu Yu ကို တစ္လွည့္ သူမကို ပံုေဖာ္ျပေနေသာ စာသင္သားကို တစ္လွည့္ ၾကည့္ေနၾကရာမွ ေနာက္ဆံုးေတာ့ Chu Zhu Yuကိုသာ ၾကည့္လာၾကသည္။

"Aiya, သူမက..."

"ဘုရားသခင္! သူမက စစ္သားေတြလိုက္ရွာေနတဲ့ မိန္းမပဲ။!"

"ျမန္ျမန္! ျမန္ျမန္သူမကိုဖမ္းထား။ သူမကို ရံုုးေတာ္ဆီလႊဲေပးရမယ္။!"

လူတိုင္းက လႈပ္ရွားရန္ျပင္ေနၾကခ်ိန္မွာပင္ ရုတ္တရက္ စားပြဲထိုးေလးေခၚလာေသာ စစ္သားမ်ားက လက္ဖက္ရည္ဆုိင္တြင္းသို႔ ဝင္လာသည္။ 

စားပြဲထိုးေလးက စစ္သားမ်ားအနီးသို႕ကပ္ကာ ဦးညႊတ္လိုက္ရင္း ေျပာလိုက္သည္။ : "ကၽြန္ေတာ္မ်ိဳး မမွားနိုင္ပါဘူး။ ဒီီမိန္းကေလးက ကၽြန္ေတာ္တို႔ လက္ဖက္ရည္ဆိုင္မွာ ထုိင္ျပီး လက္ဖက္ရည္ေသာက္ေနတဲ့ ဧည့္သည္ပါ။"

သိပ္မၾကာလိုက္ခင္မွာပင္ စစ္သားမ်ားက Chu Zhu Yuေရွ႕သို႔ေရာက္လာၾကသည္။ စစ္သားတစ္ေယာက္က ပံုတူကို ထုတ္ကာ တုိက္ၾကည့္ျပီး သူမကို ေမးလိုက္သည္။ : " ခြင့္ျပဳပါ။ မိန္းကေလးနာမည္ကို Chu Zhu Yuမဟုတ္လား။?"

ထိုစစ္သားက သူမပံုကို မထုတ္လိုက္ခင္ကတည္းက Chu Zhu Yu ၾကက္ေသေသေနမိသည္။ သူမလုပ္ရပ္က တစ္ျမိဳ႕လံုးကို ထိုမွ်ရႈပ္ေထြးသြားေစမည္ဟု သူမေတြးပင္မေတြးမိခဲ့ေပ။

"မိန္းကေလး?" ထိုစစ္သားက ေခၚလိုက္သည္။

ထိုအခါမွ Chu Zhu Yu သတိဝင္လာသည္။ သူမလက္ေခာ်င္းမ်ားက သူမအက်ႌစကို တင္းက်ပ္စြာဆုပ္ကိုင္လိုက္ျပီး "... ဟုတ္ကဲ့။"

သူမထံမွ အေျဖမွန္ကိုရလိုက္သည္ႏွင့္ ထိုစစ္သားက ရိုေသစြာ ဒူးေထာက္ခ်လိုက္သည္။ "မိန္းကေလး ေက်းဇူးျပဳ၍ ခဏေလာက္ေစာင့္ေပးပါ။"

"အမ္..?"သူမခဏေတာ့ အံ့ၾသသြားသည္။ ထို႔ေနာက္ စစ္သားတစ္ေယာက္က လက္ဖက္ရည္ဆိုင္တြင္းမွ ထြက္သြားျပီး အခ်က္ျပမီးက်ည္တစ္ခုကို လႊတ္ထုတ္လိုက္သည္ကို သူမျမင္လိုက္ရသည္။

ေကာင္းကင္ေပၚတြင္ခရမ္းေရာင္မီးပြားမ်ား ပ်ံ႔က်ဲသြားသည္။ အမည္းေရာင္အသြင္တစ္ခုက လက္ဖက္ရည္ဆုိင္တြင္းသို႔ တစ္လွမ္းခ်င္းေလွ်ာက္ကာ ဝင္လာသည္ကို ျမင္ရရန္ သူမခဏေလာက္ေစာင့္လိုက္ရသည္။

သူ—ထိုသူက အမည္းေရာင္ ဝတ္ရံုကို ဝတ္ဆင္ထားျပီး သူ႔ခါးတြင္ ခရမ္းေရာင္ႏွင့္ ေရႊေရာင္ပါေသာ ခါးပတ္ကို ပတ္ထားသည္။ သူ႔ေခါင္းေပၚရွိ ခရမ္းေရာင္ ေက်ာက္စိမ္းဆံညွပ္က သူ႔ ခါးပတ္ႏွင့္ လိုက္ဖက္လြန္းလွသည္။ ေခ်ာမြတ္နက္ေမွာင္ေနေသာ ဆံႏြယ္တခ်ိဳ႕က သူ႔မ်က္ႏွာေပၚသို႔ က်ေနျပီး သူ႔မ်က္လံုးမ်ားက သူ႔ဝတ္ရံုကဲ့သို႔ပင္ နက္ေမွာင္ေနကာ ျမင္ရသူကို အရည္ေပ်ာ္သြားေစေလာက္သည္။ သူကသူမထံ တစ္လွမ္းခ်င္းတိုးကပ္လာသည္။ သူ႔မ်က္ႏွာက အလြန္တရာေဒါသထြက္ေနေသာ္လည္း အျပံဳးတစ္ခုကို ခ်ိတ္ဆြဲထားေသးသည္။

သို႔ေသာ္ ထိုအျပံဳးက သူမကို မသက္မသာ ခံစားရေစျပီး အႏ ၱရာယ္၏ အေငြ႕အသက္ကို သူမခံစားမိလိုက္သည္။ သူ၏ ထိုမ်က္ႏွာထားက သူ႔ေဒါသကို ေဖာက္ခြဲထုတ္ေနျခင္းထက္ပင္ ပိုေၾကာက္စရာေကာင္းေသးသည္ဟု သူမခံစားလိုက္ရသည္။

Chu Zhu Yu သတိလက္လြတ္ေနာက္ဆုတ္လိုက္မိသည္။ သူမ ေနာက္ေက်ာက နံရံနွင့္ တိုက္မိသည္အထိ ေနာက္ဆုတ္လိုက္သည္။

သူမက သူမမ်က္စိေရွ႕တြင္ ခပ္ေတာင့္ေတာင့္ရပ္ေနခဲ့သည္။ သူ၏နက္ေမွာင္ေသာ မ်က္လံုးတစ္စံုမွတစ္ဆင့္ သူ႔အေတြးမ်ားကို ခန္႔မွန္းရန္ သူမႀကိဳးစားေသာ္လည္း အခ်ည္းအႏွီးပင္။

ေနာက္ဆံုးေတာ့ သူက သူမေရွ႕တြင္ရပ္တန္းသြားျပီ။ သူမကို ၾကည့္ကာ သူမခါးကို ညင္ညင္သာသာဆြဲယူေပြ႕ဖက္လိုက္ေသာ္လည္း သူ႔လက္ေခ်ာင္းငါးေခ်ာင္းက သူမကို တင္းတင္းက်ပ္က်ပ္ဆုပ္ကိုင္ထားရာ သူ႔လက္သည္းမ်ားပင္ သူမအေရျပားတြင္းသို႔ ထိုးေဖာက္ဝင္ေရာက္လာခဲ့သည္။ 

10/8/2018

ကိုုယ္ေတြရဲ႕ Zhu Yu ေလးကို Xiao Zhi မိသြားျပီဆိုေတာ့ ဘာဆက္ျဖစ္မလဲ။ Xiao Zhi က Zhu Yuကို ဘာလုပ္မွာလဲ.....ခြင့္လႊတ္မွာလား။ ဖမ္းထားမွာလား။ ၾကမ္းတမ္းမွာလား။ Readernimတို႔ ခန္႔မွန္းၾကည့္ၾကည့္.... မွန္တဲ့သူကို အာဘြားၾကီးၾကီးေပးမယ္။...Xd

(Unicode)

Zhu Yu went out, having short fun while visiting the Xing Yuan Tea House and tasting many different teas.While...Xiao Zhi was panicking, scared and even commanding his soldiers to inspect every corner street of Cong Zhou for finding her after shut the city gate. Only this time...For the first time she saw others side of Xiao Zhi that makes her more than scared.No smile expression,No relieve expression,No comfort words,which he always show her whenever they are seeing or meeting each others.Xing Yuan လက်ဖက်ရည်ဆိုင်တွင်းတွင် Chu Zhu Yuတစ်ယောက် လက်ဖက်ရည် တစ်ခွက်ပြီးတစ်ခွက် မြည်းကြည့်နေခဲ့သည်။ သို့သော် ထိုလက်ဖက်ရည်အရသာက သူမသောက်ခဲ့ဖူးသော သူမနှင့် ရင်းနှီးနေသော အရသာများနှင့် ဆင်တူနေသည်။ ဤလက်ဖက်ရည်ဆိုင်တွင် လက်ဖက်ခြောက်အမျိုးအစားများစွာရှိသည်။ အချို့က သူမဆိုင်ရှိ လက်ဖက်ခြောက်များနှင့်တူသော်လည်း သူမအတွက် အနည်းငယ်ထူးဆန်းနေသည်။ သူမ၏ လက်ဖက်ရည်ဆိုင်တွင် ဤဆိုင်မှ လက်ဖက်ခြောက်များ အားလုံးရှိသည်ဟု ပြောရန်တော့ခက်သည်။ သိုသော် သူမဆိုင်မှ လက်ဖက်ခြောက်အမျိုးအစားများနှင့် မည်မျှပင် တူသည်ဆိုဦးတော့ လက်ဖက်ခြောက်အနံ့၊ အရသာနှင့် အရောင်အထိ အားလုံးတူညီနေခြင်းက တိုက်ဆိုင်မှုတစ်ခုနှင့်တော့ မတူပေ။ "စားပွဲထိုး...ရှင်တို့ လက်ဖက်ရည်အဖျော်ဆရာက Luo Yangက လာတာလား။?" Chu Zhu Yu သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ လက်ဖက်ရည်ဆိုင်ထဲမှ စားပွဲထိုးလေးကို မေးလိုက်သည်။ "ဟုတ်ကဲ့...မိန်းကလေးက တစ်ကယ်ကို အမြင်စူးရှတာပဲ။ ကျွန်တော်တို့ လက်ဖက်ရည်ဖျော်ဆရာက Luo Yang ကနေ ဒီCong Zhou ကို ပြောင်းလာတာ။ Luo Yangကတော့ နိဗ္ဗာန်ဘုံကြီးတစ်ခုဆိုပေမဲ့ ဒီ Cong Zhou မြို့မှာတော့ ကျွန်တော်တို့ လက်ဖက်ရည်ဆိုင်တစ်နေရာမှာပဲ Luo Yangလက်ဖက်ရည်ရဲ့ အရသာကို မြည်းစမ်းနိုင်မှာပါ။"ဖြစ်နိုင်သည်က ထိုသူသည် Luo Yangမြို့ရှိ သူမ၏လက်ဖက်ရည်ဆိုင်မှ တိတ်တဆိတ်ပညာ သင်ယူထားသူဖြစ်နိုင်ပေမည်။ ထို့ကြောင့်သာ ထိုသူက Cong Zhouသို့ လာရောက်က စီးပွားရေးတစ်ခုကို တည်ထောင်နိုင်ခြင်းဖြစ်ရမည်။ Chu Zhu Yuထိုကဲ့သို့ စဉ်းစားလိုက်ပြီး "ကောင်းပြီလေ။ ဒါဆို ကျွန်မ ဒီလက်ဖက်ရည်ကို ဖျော်တဲ့ လက်ဖက်ရည်အဖျော်ဆရာကို တွေ့လို့ရမလား။ ကျွန်မကလည်း Luo Yangကပဲ လာခဲ့တာပါ။""ဒါက ...." စားပွဲထိုးလေးက ဖြေရခက်သွားသည်။ "ကျွန်တော်တို့ လက်ဖက်ရည်အဖျော်ဆရာက လူထူးဆန်းတစ်ယောက်ဗျ။ သူ့ကို ဘယ်သူမှ မမြင်ဖူးဘူး။ လက်ဖက်ရည်ဖျော်တဲ့အချိန်တောင် သူက ဝါးခမောက်တစ်ခုကို ဆောင်းထားတာ။""ဝါးခမောက်ဆောင်းထားတယ်။?""ကျွန်တော်တို့ သူဌေးကပြောတာတော့ ပညာရှင်တွေက အနည်းနဲ့အများတော့ ထူးဆန်းတဲ့ အရာတွေကိုလုပ်တတ်တယ်တဲ့။" စားပွဲထိုးလေးက ခေါင်းငုံ့ကာဖြေလိုက်သည်။ ရုတ်တရက် လက်ဖက်ရည်ဆိုင်အပြင်ဘက်မှ ဆူဆူညံညံအသံများပေါ်ထွက်လာသည်။ လက်ဖက်ရည်သောက်နေသောသူများပင် ဆူညံသံများကြောင့် ရှောင်ရှားထွက်ခွာသွားကြသည်။ "မိန်းကလေး ဘာဖြစ်နေတာလဲမသိဘူး။ ကျွန်တော်အပြင်ထွက်ကြည့်လိုက်ဦးမယ်။!" စားပွဲထိုးလေးက ဆိုင်အပြင်ဘက်သို့ အပြေးတပိုင်းထွက်သွားသည်။ Chu Zhu Yuကလက်ဖက်ရည်ခွက်ပူပူကို မယူကာ တစ်ငုံသောက်လိုက်သည်။ လက်ဖက်ရည်အနံ့က သူမဆိုင်က လက်ဖက်ရည်နှင့် တကယ်ကိုု ဆင်တူနေသော်လည်း ဖျော်ပုံကတော့ အနည်းငယ် မတူသောကြောင့် အရသာအနည်းငယ်ကွာခြားမှုရှိသည်။ လက်ဖက်ရည်ထဲတွင် သူမရင်းနှီးသော အနံ့ကို ခံစားမိနေသော်လည်း ထိုထဲတွင် အခြားအရာတစ်ခုခုပါဝင်နေခဲ့သည်...."မကောင်းတော့ဘူး။! မကောင်းတော့ဘူး.။! စစ်သားတွေက လမ်းတိုင်းကို လိုက်ရှာနေကြတယ်။!" လက်ဖက်ရည်ဆိုင်ထဲရှိလူများ တစ်ယောက်တစ်ပေါက်အော်ဟစ်နေကြသည်.။ "ဘာ..?""သူပုန်တွေနောက်တစ်ခါ ထကြွလာလို့လား။?""ဘယ်သူဦးဆောင်တာလဲ။?"တစ်ခဏမျှကြာပြီးနောက် ထိုအကြောင်းကို လူတိုင်းဆွေးနွေးနေကြသည်။"သူတို့ပြောတာတော့ စစ်သူကြီးXiaoက မိန်းမတစ်ယောက်ကိုရှာဖို့ အမိန့်ပေးလိုက်လို့တဲ့။" အပြင်မှ ဝင်ရောက်လာသော စာသင်သားနှင့်တူသူတစ်ဦးက ပြောလိုက်သည်။ အမ်..!Chu Zhu Yuလက်ထဲက လက်ဖက်ရည်ခွက်ပင် လွတ်ကျကာ စားပွဲပေါ်သို့ လက်ဖက်ရည်များ ဖိတ်ကျသွားသည်။ ထိုအခါမှ လက်ဖက်ရည်ဆိုင်တွင်းရှိလူများက သူမကို သတိထားမိသွားကြသည်။ သူမခေါင်းမြန်မြန်ပြန်ငုံ့လိုက်ပြီး လက်ဖက်ရည်ခွက်ကို ပြန်ကိုင်လိုက်သည်။ လမ်းတိုင်းကို ရှာဖွေဖို့ အမိန့်ပေးတာ Xiao Zhiတဲ့လား။?မဟုတ်မှလွဲရော..သူရှာနေတဲ့ မိန်းမဆိုတာက—"အဲ့ဒီ့မိန်းမက ဘယ်လို ပြစ်မှုကို ကျူးလွန်ခဲ့လို့လဲ။?" လက်ဖက်ရည်ဆိုင်တွင်းရှိ လူတစ်ယောက်ကမေးလိုက်သည်။ "သူမက ရာဇဝတ်သားတော့ မဟုတ်လောက်ပါဘူး။ ကျုပ် စစ်သားတွေယူလာတဲ့ မိန်းမရဲ့ပုံကို မြင်ပြီးပြီ။ ပုံအရတော့ သူမက ရာဇဝတ်မှုတစ်ခုခုကျူးလွန်မဲ့သူ မဟုတ်ဘူးလို့ထင်တာပဲ။" စာသင်သားနှင့်တူသူက ပြောလိုက်သည်။ "သြော်... ဒါဆို ပုံထဲက မိန်းကလေးက ဘယ်လိုရုပ်ရည်ရှိလဲ။?" လူတစ်ယောက်က စိတ်ဝင်တစားမေးလိုက်သည်။ စာသင်သားက ပြန်စဉ်းစားလိုက်ပြီး ပြောလိုက်သည်။: "အဲ့ဒီ့မိန်းကလေးရဲ့ မျက်နှာက ဝိုင်းတယ်။ ပြည့်ပြည့်ဖောင်ဖောင်းလေး။ နှာတံဖြောင့်ဖြောင့်နဲ့ ပန်းရောင်နှုတ်ခမ်းတွေရှိတ.် သူမဆံပင်ကို အဝါရောင် သစ်သားဆံညှပ်နဲ့ တွယ်ထားတယ်။ စစ်သားတွေပြောနေတာကို ကြားတာတော့ အဲ့ဒီ့မိန်းကလေးက အရပ်ငါးပေးကျော်လောက်ရှိ..."ထိုစာသင်သား၏ အကြမ်းဖျင်းဖော်ပြချက်နှင့်ပင် လက်ဖက်ရည်ဆိုင်တွင်းရှိ လူအားလုံးက Chu Zhu Yu ကို တစ်လှည့် သူမကို ပုံဖော်ပြနေသော စာသင်သားကို တစ်လှည့် ကြည့်နေကြရာမှ နောက်ဆုံးတော့ Chu Zhu Yuကိုသာ ကြည့်လာကြသည်။"Aiya, သူမက...""ဘုရားသခင်! သူမက စစ်သားတွေလိုက်ရှာနေတဲ့ မိန်းမပဲ။!""မြန်မြန်! မြန်မြန်သူမကိုဖမ်းထား။ သူမကို ရုံးတော်ဆီလွှဲပေးရမယ်။!"လူတိုင်းက လှုပ်ရှားရန်ပြင်နေကြချိန်မှာပင် ရုတ်တရက် စားပွဲထိုးလေးခေါ်လာသော စစ်သားများက လက်ဖက်ရည်ဆိုင်တွင်းသို့ ဝင်လာသည်။ စားပွဲထိုးလေးက စစ်သားများအနီးသို့ကပ်ကာ ဦးညွှတ်လိုက်ရင်း ပြောလိုက်သည်။ : "ကျွန်တော်မျိုး မမှားနိုင်ပါဘူး။ ဒီမိန်းကလေးက ကျွန်တော်တို့ လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး လက်ဖက်ရည်သောက်နေတဲ့ ဧည့်သည်ပါ။"သိပ်မကြာလိုက်ခင်မှာပင် စစ်သားများက Chu Zhu Yuရှေ့သို့ရောက်လာကြသည်။ စစ်သားတစ်ယောက်က ပုံတူကို ထုတ်ကာ တိုက်ကြည့်ပြီး သူမကို မေးလိုက်သည်။ : " ခွင့်ပြုပါ။ မိန်းကလေးနာမည်ကို Chu Zhu Yuမဟုတ်လား။?"ထိုစစ်သားက သူမပုံကို မထုတ်လိုက်ခင်ကတည်းက Chu Zhu Yu ကြက်သေသေနေမိသည်။ သူမလုပ်ရပ်က တစ်မြို့လုံးကို ထိုမျှရှုပ်ထွေးသွားစေမည်ဟု သူမတွေးပင်မတွေးမိခဲ့ပေ။"မိန်းကလေး?" ထိုစစ်သားက ခေါ်လိုက်သည်။ ထိုအခါမှ Chu Zhu Yu သတိဝင်လာသည်။ သူမလက်ခောျင်းများက သူမအင်္ကျီစကို တင်းကျပ်စွာဆုပ်ကိုင်လိုက်ပြီး "... ဟုတ်ကဲ့။"သူမထံမှ အဖြေမှန်ကိုရလိုက်သည်နှင့် ထိုစစ်သားက ရိုသေစွာ ဒူးထောက်ချလိုက်သည်။ "မိန်းကလေး ကျေးဇူးပြု၍ ခဏလောက်စောင့်ပေးပါ။""အမ်..?"သူမခဏတော့ အံ့သြသွားသည်။ ထို့နောက် စစ်သားတစ်ယောက်က လက်ဖက်ရည်ဆိုင်တွင်းမှ ထွက်သွားပြီး အချက်ပြမီးကျည်တစ်ခုကို လွှတ်ထုတ်လိုက်သည်ကို သူမမြင်လိုက်ရသည်။ ကောင်းကင်ပေါ်တွင်ခရမ်းရောင်မီးပွားများ ပျံ့ကျဲသွားသည်။ အမည်းရောင်အသွင်တစ်ခုက လက်ဖက်ရည်ဆိုင်တွင်းသို့ တစ်လှမ်းချင်းလျှောက်ကာ ဝင်လာသည်ကို မြင်ရရန် သူမခဏလောက်စောင့်လိုက်ရသည်။ သူ—ထိုသူက အမည်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့ခါးတွင် ခရမ်းရောင်နှင့် ရွှေရောင်ပါသော ခါးပတ်ကို ပတ်ထားသည်။ သူ့ခေါင်းပေါ်ရှိ ခရမ်းရောင် ကျောက်စိမ်းဆံညှပ်က သူ့ ခါးပတ်နှင့် လိုက်ဖက်လွန်းလှသည်။ ချောမွတ်နက်မှောင်နေသော ဆံနွယ်တချို့က သူ့မျက်နှာပေါ်သို့ ကျနေပြီး သူ့မျက်လုံးများက သူ့ဝတ်ရုံကဲ့သို့ပင် နက်မှောင်နေကာ မြင်ရသူကို အရည်ပျော်သွားစေလောက်သည်။ သူကသူမထံ တစ်လှမ်းချင်းတိုးကပ်လာသည်။ သူ့မျက်နှာက အလွန်တရာဒေါသထွက်နေသော်လည်း အပြုံးတစ်ခုကို ချိတ်ဆွဲထားသေးသည်။ သို့သော် ထိုအပြုံးက သူမကို မသက်မသာ ခံစားရစေပြီး အန္တရာယ်၏ အငွေ့အသက်ကို သူမခံစားမိလိုက်သည်။ သူ၏ ထိုမျက်နှာထားက သူ့ဒေါသကို ဖောက်ခွဲထုတ်နေခြင်းထက်ပင် ပိုကြောက်စရာကောင်းသေးသည်ဟု သူမခံစားလိုက်ရသည်။ Chu Zhu Yu သတိလက်လွတ်နောက်ဆုတ်လိုက်မိသည်။ သူမ နောက်ကျောက နံရံနှင့် တိုက်မိသည်အထိ နောက်ဆုတ်လိုက်သည်။ သူမက သူမမျက်စိရှေ့တွင် ခပ်တောင့်တောင့်ရပ်နေခဲ့သည်။ သူ၏နက်မှောင်သော မျက်လုံးတစ်စုံမှတစ်ဆင့် သူ့အတွေးများကို ခန့်မှန်းရန် သူမကြိုးစားသော်လည်း အချည်းအနှီးပင်။ နောက်ဆုံးတော့ သူက သူမရှေ့တွင်ရပ်တန်းသွားပြီ။ သူမကို ကြည့်ကာ သူမခါးကို ညင်ညင်သာသာဆွဲယူပွေ့ဖက်လိုက်သော်လည်း သူ့လက်ချောင်းငါးချောင်းက သူမကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားရာ သူ့လက်သည်းများပင် သူမအရေပြားတွင်းသို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ 10/8/2018ကိုယ်တွေရဲ့ Zhu Yu လေးကို Xiao Zhi မိသွားပြီဆိုတော့ ဘာဆက်ဖြစ်မလဲ။ Xiao Zhi က Zhu Yuကို ဘာလုပ်မှာလဲ.....ခွင့်လွှတ်မှာလား။ ဖမ်းထားမှာလား။ ကြမ်းတမ်းမှာလား။ Readernimတို့ ခန့်မှန်းကြည့်ကြည့်.... မှန်တဲ့သူကို အာဘွားကြီးကြီးပေးမယ်။...Xd

Continue Reading

You'll Also Like

236K 37.9K 63
I Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**
125K 15K 95
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
4.3K 279 8
Normal systemပါmale lead က hostဖြစ်ပြီး female leadက systemလေးပါtransalationဖြစ်ပါတယ် 1104ပိုင်းနဲ့completeဖြစ်ပါတယ် unicode ပါ ZawGyi ကိုတော့ accoun...
105K 9.1K 68
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...