Let Me Hug And Sleep!

By Candy_bee820

403K 36K 1.2K

Author Qian Caoရဲ႕ Novelေလးကို ဘာသာျပန္ထားတာပါ။ အိပ္မေပ်ာ္ျခင္းေရာဂါကို ခံစားေနရတဲ့ စစ္သူႀကီးတစ္ဦးနဲ႔ သူမရဲ... More

စစ္သူႀကီး၏ ေရာဂါဆန္း (စစ်သူကြီး၏ ရောဂါဆန်း)
အေစခံအျဖစ္ လုပ္အားေပးျခင္း (အစေခံအဖြစ် လုပ်အားပေးခြင်း)
သူမအား ေပြ႕ဖက္၍ အိပ္စက္ျခင္းသို႔[Part 1] (သူမအား ပွေ့ဖက်၍ အိပ်စက်ခြင်းသို့)
သူမအား ေပြ႕ဖက္၍ အိပ္စက္ျခင္းသို႔[Part 2]သူမအား ပွေ့ဖက်၍ အိပ်စက်ခြင်းသို့[Part 2
အမ်ိဳးသမီးမ်ား စကားဝိုင္း (အမျိုးသမီးများ စကားဝိုင်း)
မေကာင္းတဲ့လူ Part 1(မကောင်းတဲ့လူ Part 1)
မေကာင္းတဲ့လူ Part2 (မကောင်းတဲ့လူ Part 2)
နန္းတြင္းသက္ေတာ္ေစာင့္တစ္ေယာက္.. (နန်းတွင်းသက်တော်စောင့်တစ်ယောက်)
သတၱမမင္းသားေလး၏ အလည္တစ္ေခါက္ (သတ္တမမင်းသားလေး၏ အလည်တစ်ခေါက်)
အိမ္ေတာ္မွ အျပင္ထြက္ရန္ [Part 1] (အိမ်တော်မှ အပြင်ထွက်ရန် [Part 1])
အိမ္ေတာ္မွ အျပင္ထြက္ရန္ [Part 2] (အိမ်တော်မှ အပြင်ထွက်ရန်)
အလြန္​အကြၽံ စိတ္​ပူ​ေန​ေသာသူ (အလွန်အကျွံ စိတ်ပူနေသောသူ)
မင္းသမီး ၁၀ (မင်းသမီး ၁၀)
သူက စစ္သူႀကီးလား...? (သူကစစ်သူကြီးလား... ?)
မင္းကို လက္ထပ္မယ္ Part 1 (မင်းကိုလက်ထပ်မယ် )
မင္းကို လက္ထပ္မယ္။ Part 2 (မင်းကိုလက်ထပ်မယ်)
မင္းက ငါ့အတြက္ပဲ (မင်းကငါ့အတွက်ပဲ)
ကံဆိုးေသာ အခ်စ္ (ကံဆိုးသောအချစ်)
Cong Zhouသို့ စစ်ချီခြင်း Part 1(Cong Zhouသို့ စစ်ချီခြင်း Part 1)
Cong Zhouသို႔ စစ္​ခ်ီျခင္​း Part 2 (Two)
Zhu Yuကို ကယ္ဖို႔ လူတိုင္းကို သတ္နိုင္တယ္။Part 1 (One)
Zhu Yuကို ကယ္ဖို႔ လူတိုင္းကို သတ္နိုင္တယ္။Part 2 (Two)
Zhu Yuကို ကယ္ဖို႔ လူတိုင္းကို သတ္နိုင္တယ္။Part 3 (Three)
ဘယ္မွမသြားရဘူး (ဘယ်မှမသွားရဘူး)
ၿမိဳ႕တံခါးကိုပိတ္​လိုက္​ (မြို့တံခါးကိုပိတ်​လိုက်)
သူ႔ကို ခ်စ္မိျခင္း Part 1 (သူ့ကို ချစ်မိခြင်း)
သူ႔ကို ခ်စ္မိျခင္း Part 2 (သူ့ကို ချစ်မိခြင်း)
အဆိပ္ေျဖျခင္း Part 1 (အဆိပ်ဖြေခြင်း )
အဆိပ္ေျဖျခင္း Part 2 (အဆိပ်ဖြေခြင်း )
အဆိပ္ေျဖျခင္း Part 3 (အဆိပ်ဖြေခြင်း )
အဆိပ္ေျဖျခင္း Part 4 (အဆိပ်ဖြေခြင်း)
** Part 1 (Z+U)
** Part 2 (Z+U)
*** Part 3 (Z+U)
EPILOGUE (Z+U)

အေပးအယူ (အပေးအယူ)

8.3K 730 13
By Candy_bee820

Luo Yangျမိဳ႕လယ္ေခါင္မွ ေလာင္းကစားခန္းမတစ္ခုအတြင္းတြင္ စကားသံမ်ား၊ ေငြဒဂၤါးသံမ်ား၊ အံစာတံုးလွိမ့္သံမ်ားက အဆတ္မျပတ္ထြက္ေပၚေနသည္။

ေလာင္းကစားဝိုင္းအိမ္၏ ေနာက္ဖက္ရွိလမ္းၾကားေလးထဲတြင္ အသက္ေလးဆယ္ေက်ာ္ ေယာက်ာ္းတစ္ေယာက္ကို လူအခ်ိဳ႕မွ ရိုက္ႏွက္ကန္ေက်ာက္ေနၾကသည္။ ရုက္ခ်က္တိုင္းက သူ႔ကိုယ္ေပၚျပင္းထန္စြာ က်ေရာက္ေနျပီး သူက်ယ္ေလာင္စြာ မေအာ္ဟစ္မိေသးသည္အထိ အဆက္မျပတ္ ရိုက္ႏွက္ေနၾကသည္။

"မ... မရိုက္ပါနဲ႔ေတာ့။ က်ဳပ္ေလာင္းလို႔ ရႈံးသြားတဲ့ ေငြကို က်ဳပ္ျပန္ေပးပါ့မယ္။!" သူ႔ပါးစပ္ထဲက ေသြးမ်ား အန္ထြက္ေနသည့္ၾကားမွ စကားေျပာနိုင္ရန္ ခက္ခက္ခဲခဲၾကိဳးစားလိုက္ရသည္။

"ျပန္ေပးမယ္။? ခင္ဗ်ားက ဘာနဲ႔ျပန္ေပးမွာလဲ။? Ah Bao သူငါတို႔ ကစားဝိုင္းက ေခ်းထားတဲ့ ေငြကို တြက္ၾကည့္စမ္း။!" ထိုလူမ်ားထဲမွ ေခါင္းေဆာင္ျဖစ္ဟန္တူသူက သက္လတ္ပို္င္းလူ၏ ရင္ဝကို ေဆာင့္ကန္လုိက္သည္။ ထိုလူကေတာ့ နာက်င္လြန္း၍ ေအာ္ဟစ္ေနရသည္။

"ဟုုတ္ကဲ့။!" Ah Baoဟုေခၚေသာလူက ေငြေခ်းစာခ်ဳပ္တစ္ရြက္ကို ထုတ္ယူလိုက္သည္။ "ဦးေလးFaက ကၽြန္ေတာ္တို႔ကစားဝိုင္းကေန ေငြစ ၁၃၄၅စေခ်းယူထားပါတယ္။"

"ဦးေလးFa ခင္ဗ်ားေသေသခ်ာခ်ာၾကားတယ္ေနာ္။" ေခါင္းေဆာင္လူက ဦးေလး Faကို ကန္လိုက္ျပီး သူ႔မ်က္ႏွာအား အေႀကြးစာရြက္ျဖင့္ရိုက္လိုက္သည္။

"မ...မျဖစ္နိုင္တာ။" ဦးေလးFa မ်က္ႏွာတြင္ မယံုၾကည္နို္င္ေသာ အရိပ္အေယာင္မ်ား ျဖတ္သန္းသြားသည္။ "ေသခ်ာေပါက္ က်ဳပ္ ခင္ဗ်ားဆီကေန ေငြစငါးဆယ္နွစ္စပဲ ေခ်းခဲ့တာပါ။!"

"ဦးေလးFa ခင္ဗ်ား ေငြတိုးေခ်းတဲ့ ဥပေဒကို နားမလည္ဘူးလား။? ခင္ဗ်ား တစ္ရက္ အေၾကြးမဆပ္ရင္ ဘယ္ေလာက္ပဲေခ်းထားထား ခင္ဗ်ားဒီလိုမ်ိဳးျပန္ေပးရမွာပဲ။"

"က်ဳပ္...က်ဳပ္မွာ ခင္ဗ်ားကို ေပးရေအာင္ ဒီေလာက္ပိုက္ဆံ အမ်ားႀကီးမရွိဘူး။!" ေလာင္းကစားဝိုင္းမွ ပိုက္ဆံေခ်းလွ်င္ အဆံုးသတ္ေကာင္းမရွိသည္ကို သိေသာ္လည္း ေလာင္းကစားမလုပ္ဘဲေနရန္ သူ႔ကိုယ္သူ မထိန္းခ်ဳပ္နိုင္ခဲ့ေပ။ သူတစ္ေန႔ေတာ့ ပိုက္ဆံအကုန္ျပန္နိုင္ရမည္ဟုသာ သူအျမဲေတြးခဲ့သည္။

"ပိုက္ဆံ... ခင္ဗ်ားမွာ အဲဒီေလာက္ပိုက္ဆံမရွိတာသိသားပဲ။ ဒါေပမဲ့ ခင္ဗ်ားမွာ သမီးတစ္ေယာက္ရွိတယ္ေလ။ သူမကို ေဆာင္ၾကာျမိဳင္ကိုပို႔လိုက္ရင္ ခင္ဗ်ားက်ဳပ္တို႔ကို အေၾကြးမဆပ္နိုင္မွာ ပူစရာလိုေသးလား။?"

"က်ဳပ္က က်ဳပ္သမီးကို ဘယ္လိုလုပ္ေဆာင္ၾကာျမိဳင္မွာ သြားေရာင္းနိုင္မွာလဲ။?"

"ခင္ဗ်ားမေရာင္းဘူးေပ့ါ။? ရတယ္ေလ။! သူ႔ကို ဆက္ရိုက္ၾကစမ္း။!" လူမိုက္ေခါင္းေဆာင္က သူ႔လူမ်ားကို ဦးေလးFaအား ဆက္ရိုက္ၾကရန္ အမိန္႔ေပးလိုက္သည္။

"Ah...ah! မလုပ္ပါနဲ႔။ မရိုက္ၾကပါနဲ႔ေတာ့။ က်ဳပ္ပိုက္ဆံကို ျဖစ္အာင္ျပန္ဆပ္ပါ့မယ္။ ဒါေပမဲ့ က်ဳပ္သမီးေလးကိုေတာ့့ ေဆာင္ၾကာျမိဳင္မွမေရာင္းနိုင္ဘူး။ သူမကအခုထိ လက္မထပ္ရေသးဘူး။!"

"အသံုးမက်တဲ့လူ။ ခင္ဗ်ားသမီးကို ေရာင္းဖို႔ မစဥ္းစားဘူးဆိုမွေတာ့ ခင္ဗ်ားကိုရိုက္တာပဲေကာင္းပါတယ္။ သူ႔ကို ေသတဲ့အထိ ရိုက္ၾကစမ္း။!" ေနာက္ထပ္ရိုက္ခ်က္တစ္ခုေၾကာင့္ ဦးေလးFaနွာေခါင္းမွ ေသြးမ်ားစိီးက်လာသည္။

"Arr...အသက္ကို ခ်မ္းသာေပးၾကပါ။...က်ဳပ္ေတာင္းပန္ပါတယ္!"

"အဲဒီ့ေတာ့ ခင္ဗ်ားသမီးကို ေရာင္းမလား၊ မေရာင္းဘူးလား။?"

"က်ဳပ္...က်ဳပ္..." ဦးေလးFa သူ႔အသက္ကိုေတာ့ လုိခ်င္ေသးသည္။ သူသေဘာတူလိုက္ရန္ ပါးစပ္ကို ခက္ခက္ခဲခဲဖြင့္လုိက္သည့္အခ်ိန္တြင္ ရုတ္တရက္ လမ္္းၾကားေထာင့္မွ အမ်ိဳးသမီးတစ္ဦး၏ အသံထြက္ေပၚလာသည္။

"ရွင္တို႔ဆီက သူူယူထားတဲ့ ပိုက္ဆံကို ကၽြန္မေပးမယ္။"

"အမ်ိဳးသမီး..ခင္ဗ်ားမွားမယ္ေနာ္။ ဒီလူူအိုႀကီးက က်ဳပ္တို႔ဆီက ပိုက္ဆံဘယ္ေလာက္ယူထားလဲကို ခင္ဗ်ားသိလို႔လား။?"

"ဒီေလာက္ဆို ေလာက္ျပီလား။?" ထိုအမ်ိဳးသမီးက ပိုက္ဆံတစ္အိတ္ပစ္ေပးလိုက္သည္။

လူမိုက္ေခါင္းေဆာင္က ယူၾကည့္လိုက္ျပီး ေျပာလိုက္သည္။ : "ေလာက္ပါတယ္။ ဒီေလာက္ဆို လံုေလာက္ပါတယ္။! ခင္ဗ်ားက ဒီလူအိုႀကီးရဲ႕အေၾကြးကို ဆပ္ေပးလိုက္ေတာ့ ဒီအေၾကြးစာရြက္က ခင္ဗ်ားအတြက္ ျဖစ္သြားျပီ။ !" သူကေျပာလိုက္ရင္း အေႀကြးစာရြက္မ်ားကို အမ်ိဳးသမီးထံေပးလိုက္သည္။

ထိုအမ်ိဳးသမီးက ဝတ္စံုေျပာင္ကိုသာဝတ္ဆင္ထားျပီး ထိုသို႔ ဝတ္ဆင္ထားျခင္းကပင္ သူမက အျခားသူမ်ားကို သူမ၏ သရုပ္အမွန္အား မေဖာ္ျပလိုေၾကာင္းထင္ရွားေနသည္။

ထို႔ေနာက္ ေမွာင္မိုက္ေနေသာ လမ္းၾကားထဲမွ အမ်ိဳးသမီးက ဦးေလး Fa အနားသို႔ေရာက္လာသည္။

"ရွင္က ဦးေလး Faလား။?" ထိုအမ်ိဳးသမီးက ေမးလိုက္သည္။ သူမအသံက ဦးေလးFaရင္းနွီးေသာ အသံမ်ိဳးမဟုတ္ေပ။

".....ဟုတ္ပါတယ္။" ဦးေလးF ေခါင္းညိတ္ျပရင္း ျဖည္းျဖည္းခ်င္း သူ႔ကိုယ္ကို ထနို္င္ရန္ႀကိဳးစားလိုက္သည္။ " မိန္းကေလးက ဘယ္သူလဲေတာ့မသိဘူး။ ဘာလို႔ က်ဳပ္အေၾကြးေတြကို ဆပ္ေပးခဲ့တာလဲ။?"

"ရွင့္ကို အေၾကြးဆပ္ေပးတာက ရွင္နဲ႔ အေပးအယူတစ္ခုလုပ္မလို႔။ အဲဒီ့အေပးအယူသာ ေအာင္ျမင္ခဲ့ရင္ ဒီပိုက္ဆံပမာဏေလာက္မကဘူး ရွင္လိုသေလာက္ေပးမယ္.။ ဒါေပမဲ့--" သူမက စကားကို ခဏရပ္လိုက္သည္.။ တည္ျငိမ္ေနေသာအသံက ခက္ထန္ေသာ အသံသို႔ ေျပာင္းလဲသြားျပီး " တကယ္လို႔ ရွင္က ဒီအေပးအယူကို မလုပ္ခ်င္ဘူးဆိုရင္ေတာ့ ပိုက္ဆံအေႀကြးတင္မကဘူး ရွင္သမီးကိုပါ ျပည့္တန္ဆာအျဖစ္ အေရာင္းခံရမယ္။ ရွင္က သူမအတြက္ စက္ဆုပ္စရာအေကာင္းဆံုးသူျဖစ္သြားမယ္။"

"ဘာ.?" ဦးေလးFa ေတြးရခက္သြားသည္။" ခင္ဗ်ား... တကယ္ပဲ ခင္ဗ်ားက ဘယ္သူလဲ။ ကၽြန္ေတာ္နဲ႔ ဘာလို႔ အေပးအယူလုပ္ခ်င္တာလဲ။?"

"ဘာပဲျဖစ္ျဖစ္ပါ။ ကၽြန္မနဲ႔လုပ္မဲ့ အေပးအယူကိုသာ ရွင္ေအာင္ျမင္ေအာင္လုပ္ပါ။ ကၽြန္မဘယ္သူလဲဆိုတာနဲ႔ ပတ္သတ္ျပီး ရွင္အမ်ားႀကီး သိဖို႔ မလိုဘူး!" ဤသို႔ပဲ ထို အမ်ိဳးသမီးက ေျပာသြားသည္။

ထိုညတြင္ မင္းသမီး(၁၀)နန္းေဆာင္မွ အေစခံတစ္ဦး နန္းတြင္းသို႔ ကေသာကေမ်ာေရာက္လာျပီး မင္းသမီး၏ လ်ွိဳ႕ဝွက္ အခန္းတြင္းသို႔ဝင္သြားသည္။

"ငါခိုင္းလိုက္တဲ့ ကိစၥဘယ္လိုအေျခအေနရွိလဲ။?"မင္းသမီး(၁၀) Dai Rui Qin ေအးတိေအးစက္ေမးလိုက္သည္။

"အကုန္ အဆင္ေျပသြားပါတယ္။ ဟိုလူက လုပ္ေပးဖို႔ သေဘာတူလိုက္ပါတယ္။" အေစခံက ျပန္ေျဖလိုက္သည္။

Dai Rui Qinမ်က္လံုးမ်ားထဲတြင္ ရက္စက္ေသာ အရိပ္အေယာင္မ်ားျဖင့္ တျဖတ္ျဖတ္လက္သြားျပီး သူမကဆက္ေျပာလိုက္သည္။ : "အစ္ကို (၃)က ဒီေလာက္ေတာင္ အသံုးမက်မယ္လို႔ တစ္ခါမွ ထင္မထားခဲ့ဘူး။ ဒီတစ္ခါေတာ့ ငါ့ကိုယ္တိုင္လုပ္မယ္။ Xiao Zhiအဲ့ဒီ့မိန္းမကို ဘယ္လိုကယ္မလဲ ၾကည့္ၾကေသးတာေပါ့။!"
~~~~~~~~~~~~

3.8.2018

ကိုယ္စာေမးပြဲရွိလုိ႔ updateေနာက္က်သြားတာ sorryပါေနာ္။ မနက္ျဖန္လည္း ကိုယ္စာေမးပြဲေျဖရမွာမလုိ႔ cmdေလးေတြ replyမျပန္ျဖစ္ရင္ စိတ္မဆိုးၾကနဲ႔ေနာ္။ Luv  U all..

btw ဒီficကို ကိုယ္​Sweekမွာလည္​းတင္​ထားတယ္​​ေနာ္​။ ေအာက္မွာ Linkတြဲေပးထားတယ္။

Check out this story on Sweek: သူမကို ​ေပြ႕ဖက္​ျခင္​းနွင္​့ အိပ္​စက္​ျခင္​း https://web.sweek.com/story/Am8CDQkADQQDAQkMbAEC

Unicode
Luo Yangမြို့လယ်ခေါင်မှ လောင်းကစားခန်းမတစ်ခုအတွင်းတွင် စကားသံများ၊ ငွေဒင်္ဂါးသံများ၊ အံစာတုံးလှိမ့်သံများက အဆတ်မပြတ်ထွက်ပေါ်နေသည်။

လောင်းကစားဝိုင်းအိမ်၏ နောက်ဖက်ရှိလမ်းကြားလေးထဲတွင် အသက်လေးဆယ်ကျော် ယောကျာ်းတစ်ယောက်ကို လူအချို့မှ ရိုက်နှက်ကန်ကျောက်နေကြသည်။ ရုက်ချက်တိုင်းက သူ့ကိုယ်ပေါ်ပြင်းထန်စွာ ကျရောက်နေပြီး သူကျယ်လောင်စွာ မအော်ဟစ်မိသေးသည်အထိ အဆက်မပြတ် ရိုက်နှက်နေကြသည်။

"မ... မရိုက်ပါနဲ့တော့။ ကျုပ်လောင်းလို့ ရှုံးသွားတဲ့ ငွေကို ကျုပ်ပြန်ပေးပါ့မယ်။!" သူ့ပါးစပ်ထဲက သွေးများ အန်ထွက်နေသည့်ကြားမှ စကားပြောနိုင်ရန် ခက်ခက်ခဲခဲကြိုးစားလိုက်ရသည်။

"ပြန်ပေးမယ်။? ခင်ဗျားက ဘာနဲ့ပြန်ပေးမှာလဲ။? Ah Bao သူငါတို့ ကစားဝိုင်းက ချေးထားတဲ့ ငွေကို တွက်ကြည့်စမ်း။!" ထိုလူများထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသူက သက်လတ်ပိုင်းလူ၏ ရင်ဝကို ဆောင့်ကန်လိုက်သည်။ ထိုလူကတော့ နာကျင်လွန်း၍ အော်ဟစ်နေရသည်။

"ဟုတ်ကဲ့။!" Ah Baoဟုခေါ်သောလူက ငွေချေးစာချုပ်တစ်ရွက်ကို ထုတ်ယူလိုက်သည်။ "ဦးလေးFaက ကျွန်တော်တို့ကစားဝိုင်းကနေ ငွေစ ၁၃၄၅စချေးယူထားပါတယ်။"

"ဦးလေးFa ခင်ဗျားသေသေချာချာကြားတယ်နော်။" ခေါင်းဆောင်လူက ဦးလေး Faကို ကန်လိုက်ပြီး သူ့မျက်နှာအား အကြွေးစာရွက်ဖြင့်ရိုက်လိုက်သည်။

"မ...မဖြစ်နိုင်တာ။" ဦးလေးFa မျက်နှာတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ဖြတ်သန်းသွားသည်။ "သေချာပေါက် ကျုပ် ခင်ဗျားဆီကနေ ငွေစငါးဆယ်နှစ်စပဲ ချေးခဲ့တာပါ။!"

"ဦးလေးFa ခင်ဗျား ငွေတိုးချေးတဲ့ ဥပဒေကို နားမလည်ဘူးလား။? ခင်ဗျား တစ်ရက် အကြွေးမဆပ်ရင် ဘယ်လောက်ပဲချေးထားထား ခင်ဗျားဒီလိုမျိုးပြန်ပေးရမှာပဲ။"

"ကျုပ်...ကျုပ်မှာ ခင်ဗျားကို ပေးရအောင် ဒီလောက်ပိုက်ဆံ အများကြီးမရှိဘူး။!" လောင်းကစားဝိုင်းမှ ပိုက်ဆံချေးလျှင် အဆုံးသတ်ကောင်းမရှိသည်ကို သိသော်လည်း လောင်းကစားမလုပ်ဘဲနေရန် သူ့ကိုယ်သူ မထိန်းချုပ်နိုင်ခဲ့ပေ။ သူတစ်နေ့တော့ ပိုက်ဆံအကုန်ပြန်နိုင်ရမည်ဟုသာ သူအမြဲတွေးခဲ့သည်။

"ပိုက်ဆံ... ခင်ဗျားမှာ အဲဒီလောက်ပိုက်ဆံမရှိတာသိသားပဲ။ ဒါပေမဲ့ ခင်ဗျားမှာ သမီးတစ်ယောက်ရှိတယ်လေ။ သူမကို ဆောင်ကြာမြိုင်ကိုပို့လိုက်ရင် ခင်ဗျားကျုပ်တို့ကို အကြွေးမဆပ်နိုင်မှာ ပူစရာလိုသေးလား။?"

"ကျုပ်က ကျုပ်သမီးကို ဘယ်လိုလုပ်ဆောင်ကြာမြိုင်မှာ သွားရောင်းနိုင်မှာလဲ။?"

"ခင်ဗျားမရောင်းဘူးပေ့ါ။? ရတယ်လေ။! သူ့ကို ဆက်ရိုက်ကြစမ်း။!" လူမိုက်ခေါင်းဆောင်က သူ့လူများကို ဦးလေးFaအား ဆက်ရိုက်ကြရန် အမိန့်ပေးလိုက်သည်။

"Ah...ah! မလုပ်ပါနဲ့။ မရိုက်ကြပါနဲ့တော့။ ကျုပ်ပိုက်ဆံကို ဖြစ်အာင်ပြန်ဆပ်ပါ့မယ်။ ဒါပေမဲ့ ကျုပ်သမီးလေးကိုတော့ ဆောင်ကြာမြိုင်မှမရောင်းနိုင်ဘူး။ သူမကအခုထိ လက်မထပ်ရသေးဘူး။!"

"အသုံးမကျတဲ့လူ။ ခင်ဗျားသမီးကို ရောင်းဖို့ မစဉ်းစားဘူးဆိုမှတော့ ခင်ဗျားကိုရိုက်တာပဲကောင်းပါတယ်။ သူ့ကို သေတဲ့အထိ ရိုက်ကြစမ်း။!" နောက်ထပ်ရိုက်ချက်တစ်ခုကြောင့် ဦးလေးFaနှာခေါင်းမှ သွေးများစီးကျလာသည်။

"Arr...အသက်ကို ချမ်းသာပေးကြပါ။...ကျုပ်တောင်းပန်ပါတယ်!"

"အဲဒီ့တော့ ခင်ဗျားသမီးကို ရောင်းမလား၊ မရောင်းဘူးလား။?"

"ကျုပ်...ကျုပ်..." ဦးလေးFa သူ့အသက်ကိုတော့ လိုချင်သေးသည်။ သူသဘောတူလိုက်ရန် ပါးစပ်ကို ခက်ခက်ခဲခဲဖွင့်လိုက်သည့်အချိန်တွင် ရုတ်တရက် လမ်းကြားထောင့်မှ အမျိုးသမီးတစ်ဦး၏ အသံထွက်ပေါ်လာသည်။

"ရှင်တို့ဆီက သူူယူထားတဲ့ ပိုက်ဆံကို ကျွန်မပေးမယ်။"

"အမျိုးသမီး..ခင်ဗျားမှားမယ်နော်။ ဒီလူူအိုကြီးက ကျုပ်တို့ဆီက ပိုက်ဆံဘယ်လောက်ယူထားလဲကို ခင်ဗျားသိလို့လား။?"

"ဒီလောက်ဆို လောက်ပြီလား။?" ထိုအမျိုးသမီးက ပိုက်ဆံတစ်အိတ်ပစ်ပေးလိုက်သည်။

လူမိုက်ခေါင်းဆောင်က ယူကြည့်လိုက်ပြီး ပြောလိုက်သည်။ : "လောက်ပါတယ်။ ဒီလောက်ဆို လုံလောက်ပါတယ်။! ခင်ဗျားက ဒီလူအိုကြီးရဲ့အကြွေးကို ဆပ်ပေးလိုက်တော့ ဒီအကြွေးစာရွက်က ခင်ဗျားအတွက် ဖြစ်သွားပြီ။ !" သူကပြောလိုက်ရင်း အကြွေးစာရွက်များကို အမျိုးသမီးထံပေးလိုက်သည်။

ထိုအမျိုးသမီးက ဝတ်စုံပြောင်ကိုသာဝတ်ဆင်ထားပြီး ထိုသို့ ဝတ်ဆင်ထားခြင်းကပင် သူမက အခြားသူများကို သူမ၏ သရုပ်အမှန်အား မဖော်ပြလိုကြောင်းထင်ရှားနေသည်။

ထို့နောက် မှောင်မိုက်နေသော လမ်းကြားထဲမှ အမျိုးသမီးက ဦးလေး Fa အနားသို့ရောက်လာသည်။

"ရှင်က ဦးလေး Faလား။?" ထိုအမျိုးသမီးက မေးလိုက်သည်။ သူမအသံက ဦးလေးFaရင်းနှီးသော အသံမျိုးမဟုတ်ပေ။

".....ဟုတ်ပါတယ်။" ဦးလေးF ခေါင်းညိတ်ပြရင်း ဖြည်းဖြည်းချင်း သူ့ကိုယ်ကို ထနိုင်ရန်ကြိုးစားလိုက်သည်။ " မိန်းကလေးက ဘယ်သူလဲတော့မသိဘူး။ ဘာလို့ ကျုပ်အကြွေးတွေကို ဆပ်ပေးခဲ့တာလဲ။?"

"ရှင့်ကို အကြွေးဆပ်ပေးတာက ရှင်နဲ့ အပေးအယူတစ်ခုလုပ်မလို့။ အဲဒီ့အပေးအယူသာ အောင်မြင်ခဲ့ရင် ဒီပိုက်ဆံပမာဏလောက်မကဘူး ရှင်လိုသလောက်ပေးမယ်.။ ဒါပေမဲ့--" သူမက စကားကို ခဏရပ်လိုက်သည်.။ တည်ငြိမ်နေသောအသံက ခက်ထန်သော အသံသို့ ပြောင်းလဲသွားပြီး " တကယ်လို့ ရှင်က ဒီအပေးအယူကို မလုပ်ချင်ဘူးဆိုရင်တော့ ပိုက်ဆံအကြွေးတင်မကဘူး ရှင်သမီးကိုပါ ပြည့်တန်ဆာအဖြစ် အရောင်းခံရမယ်။ ရှင်က သူမအတွက် စက်ဆုပ်စရာအကောင်းဆုံးသူဖြစ်သွားမယ်။"

"ဘာ.?" ဦးလေးFa တွေးရခက်သွားသည်။" ခင်ဗျား... တကယ်ပဲ ခင်ဗျားက ဘယ်သူလဲ။ ကျွန်တော်နဲ့ ဘာလို့ အပေးအယူလုပ်ချင်တာလဲ။?"

"ဘာပဲဖြစ်ဖြစ်ပါ။ ကျွန်မနဲ့လုပ်မဲ့ အပေးအယူကိုသာ ရှင်အောင်မြင်အောင်လုပ်ပါ။ ကျွန်မဘယ်သူလဲဆိုတာနဲ့ ပတ်သတ်ပြီး ရှင်အများကြီး သိဖို့ မလိုဘူး!" ဤသို့ပဲ ထို အမျိုးသမီးက ပြောသွားသည်။

ထိုညတွင် မင်းသမီး(၁၀)နန်းဆောင်မှ အစေခံတစ်ဦး နန်းတွင်းသို့ ကသောကမျောရောက်လာပြီး မင်းသမီး၏ လျှို့ဝှက် အခန်းတွင်းသို့ဝင်သွားသည်။

"ငါခိုင်းလိုက်တဲ့ ကိစ္စဘယ်လိုအခြေအနေရှိလဲ။?"မင်းသမီး(၁၀) Dai Rui Qin အေးတိအေးစက်မေးလိုက်သည်။

"အကုန် အဆင်ပြေသွားပါတယ်။ ဟိုလူက လုပ်ပေးဖို့ သဘောတူလိုက်ပါတယ်။" အစေခံက ပြန်ဖြေလိုက်သည်။

Dai Rui Qinမျက်လုံးများထဲတွင် ရက်စက်သော အရိပ်အယောင်များဖြင့် တဖြတ်ဖြတ်လက်သွားပြီး သူမကဆက်ပြောလိုက်သည်။ : "အစ်ကို (၃)က ဒီလောက်တောင် အသုံးမကျမယ်လို့ တစ်ခါမှ ထင်မထားခဲ့ဘူး။ ဒီတစ်ခါတော့ ငါ့ကိုယ်တိုင်လုပ်မယ်။ Xiao Zhiအဲ့ဒီ့မိန်းမကို ဘယ်လိုကယ်မလဲ ကြည့်ကြသေးတာပေါ့။!"
~~~~~~~~~~~~

3.8.2018

ကိုယ်စာမေးပွဲရှိလို့ updateနောက်ကျသွားတာ sorryပါနော်။ မနက်ဖြန်လည်း ကိုယ်စာမေးပွဲဖြေရမှာမလို့ cmdလေးတွေ replyမပြန်ဖြစ်ရင် စိတ်မဆိုးကြနဲ့နော်။ Luv  U all..

btw ဒီficကို ကိုယ်Sweekမှာလည်းတင်ထားတယ်နော်။ အောက်မှာ Linkတွဲပေးထားတယ်။

Check out this story on Sweek: သူမကို ပွေ့ဖက်ခြင်းနှင့် အိပ်စက်ခြင်း https://web.sweek.com/story/Am8CDQkADQQDAQkMbAEC

Continue Reading

You'll Also Like

509K 54.8K 42
Author(s): 很是矫情 English translator: Butterfly's Curse English title: Quick Transmigration Cannon Fodder's Record of Counterattacks Original name: 快穿...
196K 20.9K 101
ဘာသာပြန်သူ - စွဲညို့အသင်း
235K 37.8K 63
I Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**
137K 15.4K 27
Normal systemပါ male lead က hostဖြစ်ပြီး female leadက system​လေးပါ transalationဖြစ်ပါတယ် 1104ပိုင်းနဲ့completeဖြစ်ပါတယ် Normal systemပါ male lead က h...