"မင်း... မင်းငါ့ကို တကယ်ထိရဲတယ်ပေါ့။ မင်းကြီးက မင်းကို အပြစ်ပေးမှာ မကြောက်ဘူးလား။?" မင်းသား(၃)က အကြောက်လွန်နေသော ကြောင်လေးသဖွယ်ပြောလိုက်သည်။ ဤစစ်သူကြီး မည်သို့ကြောက်ဖို့ကောင်းကြောင်းကို သူကြားရုံသာ ကြားဖူးခဲ့သော်လည်း ယနေ့လက်တွေ့မြင်လိုက်ရသောအခါ Xiao Zhi လူသတ်ရာတွင် မည်မျှမြန်ကြောင်းကိုပါ သူသဘောပေါက်သွားသည်။
"ကျွန်တော် မင်းကြီးကို သေသေချာချာရှင်းပြလိုက်ပါ့မယ်။" သူတည်ငြိမ်စွာပြောလိုက်သည်။ စစ်တပ်မှ ထိုလူက ပြိုင်ဘက်၏ ဘုရင့်သွေးသားဟူသော အဆင့်အတန်းကို ဂရုတောင်မစိုက်ချေ။
ထိုအချိန် အခြားတစ်ဖက်တွင် Zhu Yuနားမလည်နိုင်စွာ Xiao Zhiအားငေးကြည့်နေသည်။ သူပြောတဲ့ လုပ်စရာရှိတယ်ဆိုတာ ဒါကိုပြောတာလား။? သူမကြောင့်လား။ သူမကို ပါးရိုက်ခဲ့တဲ့လူကရော မင်းသား(၃)တဲ့လား။?
"သူ... သူက အကုန်လုံးကို သတ်ပစ်မှာလား။?" သူမ တံတွေးကို အသည်းအသန်မြိုချရင်း Chu Zhu Yu မယုံမရဲမေးလိုက်သည်။
"ဟုတ်တယ်။" သူမဘေးတွင်ရပ်နေသော အကြံပေး Liuက ဖြေလိုက်သည်။
"အဲ့ဒီမင်းသား(၃)ဆိုတာကရော တကယ်ပဲ လက်ရှိဘုရင်ရဲ့ သုံးယောက်မြောက်သားတော်လား။?"
"ဟုတ်တယ်။"
"အဲ့ဒါတို သူက ဘာလို့ မင်းသား(၃)ကို ဆက်တိုက် ချောင်ထဲကို တွန်းပို့နေတာလဲ။?"
"စစ်သူကြီးက မင်းသား(၃)ကို သတ်မလို့ထင်တယ်။" ဤသည်မှာ သိသာလွန်းပေသည်။ စစ်သူကြီးမှာ အလွန်တရာဒေါသထွက်နေသည်။ မဟုတ်လျှင် သူဤမျှ မြန်မြန်ဆန်ဆန် လူသတ်မည်မဟုတ်ပေ။
Hah..?
"သူက တစ်ကယ် မင်းသား(၃)ကို သတ်ရဲတယ်လား။?" သူမလည်ချောင်းထဲသို့ တစ်စုံတစ်ရာ တစ်ဆို့သွားသလို ခံစားလိုက်ရသည်။
"သတ်ရဲတယ်။" တကယ်တမ်းတွေးကြည့်လျှင် တော်ဝင်အင်အားစုဆောင်းခြင်းအပြင် စစ်သူကြီး မလုပ်ရဲသောအရာဟူ၍ Liu Shanတကယ်ကို စဉ်းစားမရပေ။
"အဲ့ဒါဆို ဘုရင့် သွေးသားကို သတ်တဲ့ ပြစ်ဒဏ်ကဘာလဲ။?" Chu Zhu Yuမေးလိုက်သည်။
"ပြစ်ဒဏ်တွေကတော့အများကြီးပဲ။ အဲ့ထဲမှာမှ အရှင်လတ်လတ် မြင်းငါးကောင်နဲ့ တစ်ဖက်တစ်ချက်ဆီကနေဆွဲသတ်တာမျိုး၊ ပြီးတော့ အရှင်လတ်လတ် ခေါင်းဖြတ်သတ်တာမျိုးရှိတယ်။ တကယ်လို့ ဘုရင်မင်းမြတ်သာ တစ်ကယ်စိတ်ဆိုးသွားရင် ဖြစ်နိုင်တာက..." Liu Shan စကားတစ်ခွန်းပြောပြီးတိုင်း Chu Zhu Yu မျက်နှာက ဖြူသထက် ဖြူဖျော့လာခဲ့သည်။
"ဒါပေမဲ့လည်း စစ်သူကြီးက မင်းသား(၃)ကို တကယ်သတ်လိုက်ရင်တောင် မင်းကြီးက စစ်သူကြီးကို ဒီလို အပြစ်တွေတော့ ပေးမှာမဟုတ်ပါဘူး။" စစ်သူကြီးက မင်းသား(၃)၏ ပုန်ကန်မှုနှင့် ပတ်သတ်သော သက်သေအထောက်အထားများကို စုဆောင်းပြီးဖြစ်ရာ မင်းသား(၃)အား ဂုဏ်သိက္ခာထိပါးစေမည် ဆိုဦးတော့ အထွေအထူးကိစ္စတော့မဟုတ်တော့ပေ။
သို့သော်သူမက Liu Shan၏ စကားဆုံးအောင်ပင် နားမထောင်တော့ဘဲ Chu Zhu Yu ကရှေ့သို့ ပြေးထွက်သွားသည်။
"ဘုရားရေ....!" Liu Shanအော်လိုက်မိသည်။ အခုလေးတင်ပဲ စစ်သူကြီးက သူ့ကိုChu Zhu Yuကို ကောင်းကောင်းကြည့်ထားဖို့ ပြောခဲ့ပါတယ်ဆိုမှ....
Chu Zhu Yuထိုအလောင်းကောင်များကို မည်သို့မည်ပုံကျော်ဖြတ်ခဲ့မလဲကိုပင် သူမကိုယ်သူမနားမလည်တော့ပေ။ ဘယ်လို တွန်းအားက သူမကို ကြောက်စရာကောင်းသောနေရာကို ဖြတ်ကျော်သွားစေသနည်း။ သူမစိတ်ထဲတွင် ရှိသမျှက—သူ့အကြောင်းသာဖြစ်သည်။ သူမသူ့ကို အသေမခံနိုင်ပါ။!
Xiao Zhiသေသွားနိုင်သည်ကို သူမစဉ်းစားလိုက်မိသည်နှင့် သူမကိုယ်သူမပင်မထိန်းချုပ်နိုင်တော့ပေ။ သူမဘာကိုမှ သေချာမဆုံးဖြတ်နိုင်တော့ဘဲ သူမပြေးနိုင်သလောက်မြန်မြန်ပြေးထွက်သွားမိသည်။
သူမမူးဝေလာသော်လည်း ဆက်တိုက်ပြေးနေခဲ့သည်.။ သူမဘဝတစ်သက်တာတွင် အမြန်ဆုံးပြေးခြင်းမျိုးဖြင့် သူ့အနားသို့ နီးသထက်နီးအောင်ပြေးသွားလိုက်သည်။...
!!!!
Chu Zhu Yuတစ်ယောက် Xiao Zhiရှိရာပြေးသွားလိုက်ပြီး သူမလက်တစ်စုံလုံးဖြင့် သူ့ခါးကို တင်းတင်းကျပ်ကျပ်ဖက်ထားလိုက်သည်။
"ဘာဖြစ်လို့လဲ။?" Xiao Zhiကြောင်သွားသည်။ သူခေါင်းငုံ့လိုက်ပြီး သူ့ကို ဆွဲထားသော ကောင်မလေးကို ကြည့်လိုက်သည်။ "ဒီနေရာက အရမ်းအန္တရာယ်များတယ်။ အကြံပေး Liuက မင်းကို ကာကွယ်မထားဘူးလား။?" သူက သူမကို သူ့ရင်ခွင်ထဲ ဆွဲထည့်ကာပြောလိုက်သည်။
"အကြံပေးLiu နဲ့ မဆိုင်ပါဘူး။ ကျွန်မကသာ ရှင်နဲ့ စကားပြောချင်လို့ " သူမစိုးရိမ်တကြီးပြောလိုက်သည်။
"Oh?ဘာဖြစ်လို့လဲ။?" သူကစကားပြောနေရင်းကပင် တစ်ယောက်ကို သတ်လိုက်သည်။ သူ၏အဆင့်မြင့်စွမ်းရည်က သူမနှင့်စကားပြောနေရင်းကပင် အေးအေးဆေးဆေးလုသတ်နေနိုင်သည်။
"အဲ... အဲ့ဒါကလေ.." သူမထိတ်လန့်နေပြီး နောက်ဆုံးမှ စကားပြောနိုင်လာသည်။ — "Zhiအိမ်တော်က သခင်လေးကို သူပုန်တွေဖမ်းထားတာကိုလေ ရှင်သွားကယ်ပေးလို့ ရမလား။?"
"မင်းက ကိုယ့်ကို သွားကယ်စေချင်တာလား။?"
"ကယ်စေချင်တယ်။ "
"ကောင်းပြီလေ။ ကိုယ့်လူတွေကို သွားကယ်ခိုင်းလိုက်မယ်။"
"ပြီးတော့... နောက်ထပ်ရှိသေးတယ်။ ကျွန်မတို့ကို ကူညီပြီး တံမြက်စည်းလှည်းပေးတဲ့ အစေခံတစ်ယောက်က အိမ်မပြန်ရသေးတာ နှစ်လရှိပြီ ။ ရှင်သူ့ကို နေ့တစ်ဝက်လောက် ခွင့်ပေးလို့ရမလား။?" မဟုတ်သေးဘူးလေ။ သူမပြောသင့်တာ ဒီစကားတွေမှမဟုတ်တာ။! Chu Zhu Yu အလွန်စိတ်ပူနေသော်လည်း သူမနှုတ်မှ သူမမည်သို့ခံစားနေရသည်ကို အမှန်အတိုင်းထုတ်မပြောနိုင်ဘဲ အရေးမပါသော အကြောင်းများကိုသာ ပြောနေမိသည်။
"ကောင်းပြီ။."
"ပြီးတော့ Wang Erကလေ သတိမထားဘဲ ရှင့်ဝတ်စုံကို တက်နင်းမိလိုက်တယ် ရှင်သူ့ကို ခွင့်လွှတ်ပေးနိုင်မလား။?" တကယ်တော့ သူမသူ့ကို ဤမျှအသုံးမဝင်သော စကားအများကြီးပြောရန်မလိုအပ်ပေ။!
"ရတယ်။."
ကျေးဇူးပြု၍။! ဒါက ဘယ်လိုစကားတွေတုန်း။! ထိုစကားများကိုကြားရသော မင်းသား(၃)၏ စစ်သားများပင် ခေါင်းယမ်းလိုက်ကြသည်။.....XD!
"Xiao Zhiမင်းသိပ်မောက်မာမနေနဲ့။ မင်းရော အဲ့ဒီ့မိန်းမရော ဒီနေ့ ဒီနေရာကနေ ထွက်သွားနိုင်မယ်လို့ထင်လား။ ?" မင်းသား(၃)ကိုကာကွယ်နေသော စစ်သားများမှာ သူတို့သခင်ပြောလိုက်သည်ကို ကြားပြီးနောက် သူတို့မျက်နှာများမှာ စိမ်းရာမှ ခရမ်းရောင်သန်းလာပြီး ခရမ်းရောင်မှ အနီရောင်ပင်သန်းလာသည်။
Xiao Zhiက မင်းသား(၃)ကို ထိုးဖောက်တော့မတတ် စိုက်ကြည့်လိုက်သည်။ သို့သော် Chu Zhu Yuကိုတော့ ညင်ညင်သာသာငုံ့ကြည့်လိုက်ပြီး ပြောလိုက်သည်။ : "Zhu Yuကိုယ့်ကို ခဏလောက်စောင့်ပေး။ ကိုယ်ဒါတွေကို မြန်မြန်ရှင်းလိုက်မယ်။"
လျှပ်စီးလက်သကဲ့သို့ လှုပ်ရှားမှုနောက်တွင် သူ့လက်တစ်ဖက်က သူမခါးကို ထိန်းကိုင်ထားပြီး သူ၏နောက်လက်တစ်ဖက်က အရှေ့မှအနောက်လှုပ်ရှားလိုက်သည်ကိုသာ လူအများမြင်လိုက်ရပြီး မင်းသား(၃)ကို ကာကွယ်နေသော အစောင့်များ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားသည်။
မင်းသား(၃)မျက်နှာက ထိတ်လန့်သော အသွင်အဖြစ်ပြောင်းလဲသွားသည်။ သူထွက်ပြေးရန်စဉ်းစားလိုက်သော်လည်း သူ့အိမ်တော့မှာXiao Zhiစစ်တပ်၏ ဝိုင်းရံခြင်း ခံထားရပြီး ဖြစ်နေသည်။
သူ့တစ်သက်တာအတွက် သူပထမဆုံးအကြိမ်အဖြစ် နောင်တရမိသည်။ သူ့ညီမစကားကို နားထောင်ကာ မကောင်းဆိုးဝါးတစ်ကောင်ကို ဒေါသထွက်စေခဲ့သည်။ သာမန်အချိန်တွင်တော့ ထိုသူ၏ သွယ်လျသောလက်ချောင်းငါးချောင်းက လှပသည်ဟုထင်ရသော်လည်း ယခုအချိန်တွင် ထိုလက်ချောင်းများက သူ့အသက်ကို ချွေမည့်လက်နက်များဖြစ်လာတော့မည်။
Xiao Zhi က သူ့ကို ကာကွယ်ထားသော နောက်ဆုံးအစောင့်ထံ နီးကပ်လာသောအခါ မင်းသား(၃) အသံကျယ်ကျယ်ပင် မအော်နိုင်တော့ပေ။
ကျောက်စိမ်းနှင့်တူသော လက်ချောင်းငါးချောင်းက မင်းသား(၃)၏ ရင်ဝကို ကုတ်ဆွဲရန်ပြင်လိုက်သည်။ ...
"မလုပ်နဲ့။!" Chu Zhu Yuအော်လိုက်ပြီး Xiao Zhiအင်္ကျီစကို မြန်မြန်ဆွဲထားလိုက်သည်။ "ရှင် မင်းသား(၃)ကို သတ်လို့မရဘူး။"
"ဘာလို့လဲ။? သူက မင်းကို ဒဏ်ရာရစေခဲ့တယ်လေ။" သူ့လက်က လေထဲတွင် တစ်ဝက်တစ်ပျက်ဖြင့် ရပ်တံ့သွားသည်။ သူမကို ထိခိုက်စေသူကို သူလွှတ်ပေးရန် တစ်ခါမှ မစဉ်းစားခဲ့ပေ။ သူ့မျက်လုံးများက သူမမျက်နှာကိုကြည့်မိလိုက်သည်။ သူမနှုတ်ခမ်းထောင့်ရှိ ပေါက်ပြဲပြီး နီရဲနေသော ဒဏ်ရာက သူ့အားစိတ်အနှောက်အယှက်ဖြစ်စေသည်။
"ကျွန်မဒဏ်ရာက သေးသေးလေးပါ။ အဲ့ဒါနဲ့ပဲ ရှင်သူ့ကို မသတ်သင့်ဘူး။ သူက ဘုရင့်သွေးသားလေ။ ရှင်ပြသနာတက်လိမ့်မယ်။!"
"ကိုယ်ဂရုမစိုက်ဘူး။"
"ဒါပေမဲ့ ကျွန်မဂရုစိုက်တယ်။!" သူ့ထံတွင် မကောင်းတာတစ်ခုခုဖြစ်သွားမည်ကို သူမမလိုလားပါ။ သူ့အား ပြစ်ဒဏ်မကျခံစေချင်သလို သူမသူ့ကို နောက်ထပ်မမြင်နိုင်တော့မည်ကိုလည်း သူမအဖြစ်မခံနိုင်ပေ။! ထိုစိုးရိမ်မှုများကို သူမမည်သို့ဖော်ပြရမည်ကို မသိသောကြောင့် သူမသူ့ အင်္ကျီလက်စကိုသာ တင်းတင်းကျပ်ကျပ်ဆွဲထားလိုက်သည်။ ဤအပြုအမူက သူ့ကို တားနိုင်ပါစေ။!
"မင်းကိုယ့်အတွက် ဂရုစိုက်တယ်ပေါ့။?" သူ့အမူအရာက ကြည်နူးပျော်ရွှင်သည့် အမူအရာသို့ ပြောင်းလဲသွားသည်။
"ဟုတ်။!" သူမဖြေဆိုခြင်းဖြင့် သေချာစေလိုက်သည်။
"တကယ်လို့ ကိုယ်သူ့ကို မသတ်တော့ဘူးဆိုရင် မင်းကိုယ့်ကို ပိုပြီး ဂရုစိုက်ပေးမှာလား။?"
"အဲ့ဒါက .... ဖြစ်နိုင်ပါတယ်။."
"ကောင်းပြီ။ ကိုယ်သူ့ကို မသတ်တော့ဘူး။" Xiao Zhiလှုပ်ရှားမှုအားလုံးကို ရပ်လိုက်သည်။ တဖျတ်ဖျတ်လက်နေသော သူ့မျက်လုံးများက Chu Zhu Yu ကိုသာ ကြည့်နေသည်။
ဘယ်လို..? သူမမျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားသည်။ ဘာလဲ ..သူပြုစားခံလိုက်ရတာများလား.။ ပြီးတော့...ငါလုပ်နိုင်လိုက်တာလား။ ?
31.7.2018
Good morning guys!
Have a sweet day!😍😍😘😘😘