Let Me Hug And Sleep!
Candy_bee820 द्वारा
403K 36K 1.2K
Author Qian Caoရဲ့ Novelလေးကို ဘာသာပြန်ထားတာပါ။ အိပ်မပျော်ခြင်းရောဂါကို ခံစားနေရတဲ့ စစ်သူကြီးတစ်ဦးနဲ့ သူမရဲ... अधिक
စစ်သူကြီး၏ ရောဂါဆန်း (စစ်သူကြီး၏ ရောဂါဆန်း)
သူမအား ပွေ့ဖက်၍ အိပ်စက်ခြင်းသို့[Part 1] (သူမအား ပွေ့ဖက်၍ အိပ်စက်ခြင်းသို့)
သူမအား ပွေ့ဖက်၍ အိပ်စက်ခြင်းသို့[Part 2]သူမအား ပွေ့ဖက်၍ အိပ်စက်ခြင်းသို့[Part 2
အမ်ိဳးသမီးမ်ား စကားဝိုင္း (အမျိုးသမီးများ စကားဝိုင်း)
မေကာင္းတဲ့လူ Part 1(မကောင်းတဲ့လူ Part 1)
မေကာင္းတဲ့လူ Part2 (မကောင်းတဲ့လူ Part 2)
မင္းသမီး ၁၀ (မင်းသမီး ၁၀)
သူက စစ္သူႀကီးလား...? (သူကစစ်သူကြီးလား... ?)
မင်းကို လက်ထပ်မယ် Part 1 (မင်းကိုလက်ထပ်မယ် )
မင်းကို လက်ထပ်မယ်။ Part 2 (မင်းကိုလက်ထပ်မယ်)
မင္းက ငါ့အတြက္ပဲ (မင်းကငါ့အတွက်ပဲ)
ကံဆိုးသော အချစ် (ကံဆိုးသောအချစ်)
Cong Zhouသို့ စစ်ချီခြင်း Part 1(Cong Zhouသို့ စစ်ချီခြင်း Part 1)
Cong Zhouသို့ စစ်​ချီခြင်း Part 2 (Two)
Zhu Yuကို ကယ်ဖို့ လူတိုင်းကို သတ်နိုင်တယ်။Part 2 (Two)
Zhu Yuကို ကယ်ဖို့ လူတိုင်းကို သတ်နိုင်တယ်။Part 3 (Three)
အေပးအယူ (အပေးအယူ)
ဘယ္မွမသြားရဘူး (ဘယ်မှမသွားရဘူး)
သူ့ကို ချစ်မိခြင်း Part 1 (သူ့ကို ချစ်မိခြင်း)
သူ့ကို ချစ်မိခြင်း Part 2 (သူ့ကို ချစ်မိခြင်း)
အဆိပ်ဖြေခြင်း Part 1 (အဆိပျဖွခွေငျး )
အဆိပ်ဖြေခြင်း Part 2 (အဆိပျဖွခွေငျး )
အဆိပ်ဖြေခြင်း Part 3 (အဆိပျဖွခွေငျး )
အဆိပ်ဖြေခြင်း Part 4 (အဆိပျဖွခွေငျး)
** Part 1 (Z+U)
** Part 2 (Z+U)
*** Part 3 (Z+U)
EPILOGUE (Z+U)
Zhu Yuကို ကယ်ဖို့ လူတိုင်းကို သတ်နိုင်တယ်။Part 1 (One)
8.7K 763 30
Candy_bee820 द्वारा
တိတ်ဆိတ်နေသော ခန်းမတွင်းတွင် မည်သူကမှ စကားမပြောရဲကြချေ။ ခန်းမအပြင်တွင် စစ်သားများစွာက သပ်ရပ်စွာစီတန်းနေကြသည်မှာ မနက်ကတည်းကဖြစ်ပြီး အမိန့်ပေးသည်နှင့် လှုပ်ရှားရန် စောင့်ဆိုင်းနေကြသည်။
ဒူးထောက်ထားသူမှာ ကောင်းစွာသတိရနေပြီဖြစ်သော အထိန်းတော်Liဖြစ်ပြီး ဝဖိုင့်ဖိုင့် ခန္ဓာကိုယ်ကြီးမှာ အဆက်မပြတ်အရိုက်ခံထားရသည်။ 
"မင်းသိထားသမျှအကုန်လုံး တစ်ခုမကျန် ငါ့ကိုပြော။" လက်ချောင်းသွယ်သွယ်များက ကျောက်စိမ်းပုတီးကို ဖျစ်ညှစ်နေသည်။ Xiao Zhi၏ မျက်နှာက မုန်တိုင်းကျခါနီးကောင်းကင်ပမာ လွန်စွာတည်ငြိမ်နေသည်။ 
"စစ်သူကြီးကို လျှောက်...လျှောက်တင်ပါတယ်။ ကျွန်မကို မိန်းကလေးChuကို ရှာပြီး ခေါ်လာဖို့ သခင်ကြီး Zhi က အမိန့်ပေးခဲ့တာပါ။ အစကတော့ အရာအားလုံးက ပုံမှန်ပါပဲ။ ဒါပေမဲ့ ဘယ်သူထင်မှာလဲ ကျွန်မတို့ ခြံဝန်းထဲကို ဖြတ်လာတဲ့ အချိန် ကျွန်မရုတ်တရက် သတိလစ်သွားတယ်။"
တစ်ဖက်တွင်တော့ အရာရှိZhiမှာ အထိန်းတော် Liက သူ့ကိုပါ ဦးတည်ပြီးပြောလာသည်ကို ကြားလိုက်သည်နှင့် သူ့ကိုယ်မှာလည်း တဆတ်ဆတ်တုန်ယင်လာသည်။
"ဘယ်သူလဲဆိုတာကို သေချာမြင်လိုက်ရလား။?" Xiao Zhiက မျက်စိမှိတ်ထားပြီး လက်ချောင်းသွယ်သွယ်များမှာ ကျောက်စိမ်းပုတီးအား ဖျစ်ညှစ်ထားဆဲဖြစ်ပြီး မည်သူကမှ အသက်မရှုဝံ့ကြသေးပေ။
"မ... မမြင်လိုက်ရပါဘူး။." အထိန်းတော်Li အကြောက်လွန်ကာ နောက်တစ်ကြိမ် သတိလစ်သွားပြန်သည်။ သို့သော်လည်း သတိလစ်သွားသည်ကပင် သူမအတွက်တော့ ကောင်းသည်ဟုဆိုရပေမည်။
"လျှောက်တင်ပါတယ်။!" အကြံပေးLiu ခန်းမတွင်းသို့ဝင်လာကာ ကြမ်းပေါ်တွင် ဒူးထောက်လိုက်သည်။ "ကျွန်တော်မျိုး Xiang Cong (fragrant insect/worm)ရဲ့ ရနံ့နောက်ကို လိုက်ခဲ့ပါတယ်။ မိန်းကလေးChuကို တတိယမင်းသား စံအိမ်တော်မှာ အဖမ်းခံထားရတာကို သိခဲ့ရပါတယ်။
ထိုစကားကို ကြားလိုက်ရသောအခါ အရာရှိZhi အံ့သြသွားသည်။ "တတိယမင်းသား စံအိမ်တော်.... တတိယမင်းသားစံအိမ်တော်ဆိုတာက Cong Zhouမှာရှိတဲ့ မင်းသား(၃)ရဲ့ အိမ်တော်မဟုတ်လား။ အကြံပေး Liu ခင်ဗျားမှားပြောတာတော့ မဟုတ်ပါဘူးနော်။?"
"အရာရှိZhiက Xiang Congကို သံသယဝင်နေတာလား။?" အကြံပေး Liu က ခပ်ထေ့ထေ့ပြောလိုက်သည်။ Wen Xiang Cong (Smell of fragrant worm)ဆိုသည်မှာ တစ်ကိုယ်လုံးရွှေရောင်ရှိသော ပိုးကောင်တစ်မျိုးဖြစ်သည်။ သူက တစ်စုံတစ်ယောက်၏ သွေးကို သောက်ပြီးသည်နှင့် ထိုသူမည်သည့်နေရာသို့ ရောက်နေပါစေ တွေ့အောင်ရှာနိုင်သည်။ တစ်ခုတော့ရှိသည် ထိုသူအနေဖြင့် အမွှေးနံ့သာ ပြင်းပြင်းကိုတော့ မသုံးရပေ။
"မဝင်ရဲပါဘူး။" အရာရှိ Zhi သူ့လက်ဖဝါးမှ ချွေးများပိုထွက်လာသည်ကို ခံစားမိလိုက်သည်။
ပုတီးစေ့များကို ဖျစ်ညှစ်နေသော လက်ချောင်းများရပ်တံ့သွားပြီး Xiao Zhiမျက်လုံးများဖွင့်ကာ အကြံပေး Liu ကိုပြောလိုက်သည်.။ : "စစ်သား တစ်သောင်းကို အမြန်ဆုံးပြင်ပြီး တတိယမင်းသားစံအိမ်ကို ဝိုင်းထားလိုက်။!"
"ဟုတ်ကဲ့။!"အကြံပေး Liu အမိန့်ကို လက်ခံလိုက်သည်။
"Xiao... Xiao စစ်သူကြီး တတိယမင်းသားစံအိမ်တော်ကို ဝိုင်းထားတယ်ဆိုတာ ပေါ့သေးသေးကိစ္စမဟုတ်ဘူးလေ။ ပြီးတော့ တစ်ကယ်လို့ နောက်မှ ဘုရင်မင်းမြတ်က အပြစ်တင်လာခဲ့ရင်..." သူ့အနေဖြင့် သူ့ခေါင်းကိုတောင် ကာကွယ်နိုင်လိုက်မည်မဟုတ်ပေ။
အရာရှိZhiစကားမဆုံးသေးမှာပင် Xiao Zhi က ပျောက်ကွယ်သွားပြီး အရိပ်တစ်ခုတောင် မကျန်ခဲ့တော့ပေ။
တတိယမင်းသားစံအိမ်တော်တွင်းတွင် မင်းသား(၃) ကြိုးတုပ်ခံထားရကာ သတိလစ်နေသောChu Zhu Yuကိုကြည့်ရင် သံသယဖြစ်လာကာ မေးလိုက်သည်။: "မင်းတို့ကို ရှာခိုင်းလိုက်တာ ဒီမိန်းမဆိုတာသေချာလား။?"
"ဟုတ်ကဲ့ သူမပါပဲ။" အစေခံတစ်ယောက်က ဖြေလိုက်သည်။
"အဲ့ဒီ့တော့ သူမရဲ့ ဘယ်အစိတ်အပိုင်းက Xiao Zhiကို ဆွဲဆောင်နိုင်ခဲ့တာလဲ။?"
"ကျွန်တော်မျိုးလည်းမသိပါဘူး။ ဒါပေမဲ့ Zhiလူကြီးမင်းအိမ်တော်က လူတွေပြောတာကတော့ Xiao Zhi က ဒီမိန်းမကို အရူးအမူးဖြစ်နေတာတဲ့။"
မင်းသား(၃)သူ့ဘာသာပြောလိုက်သည်။ သူ့ အတွေးထဲတွင် ထိုမိန်းမ၏ မျက်နှာ သို့မဟုတ် ခန္ဓာကိုယ်ကတော့ သူ့ညီမကို ယှဉ်နိုင်မည်ဟုထင်ခဲ့သည်။ သို့သော်သူအခုလိုတော့ ထင်မထားခဲ့ပေ။....
"မင်းတို့ သူမကို ခေါ်လာတော့ တစ်ယောက်ယောက်လိုက်လာသေးလား။?" မင်းသား(၃)က အစောင့်များကို မေးလိုက်သည်။
"ဘယ်သူမှ လိုက်မလာပါဘူး။" သူမကို စောင့်ကြည့်နေသော အစေခံက ပြောလိုက်သည်။
"ကောင်းတယ်။" မင်းသား(၃) စိတ်ကျေနပ်သွားသည်။ သို့သော် သူအနည်းငယ်တော့ ဇဝေဇဝါဖြစ်နေသေးသည်။ မိန်းမတစ်ယောက်က တစ်ကယ်ပင် Xiao Zhiအား ထိန်းချုပ်နိုင်မည်လော။?
"မကောင်းတော့ဘူး။! မကောင်းတော့ဘူး။!" အခန်းအပြင်ဘက်မှ တုန်ယင်နေသော အသံတစ်ခုထွက်လာသည်။ "သ...သခင် ကျွန်တော်မျိုးတစ်ခုလောက် သတင်းပို့စရာရှိလို့ပါ.။ "
"ဘာဖြစ်ပြန်တာလဲ။?" မင်းသား(၃) စိတ်အနှောက်အယှက်ဖြစ်သွားသည်။
"စစ်သူကြီးXiaoက စစ်တပ်ကို ခေါ်လာပြီး အိမ်တော်တစ်ခုလုံးကို ဝိုင်းထားပါတယ်။!" အပြင်ဖက်မှ အစေခံက ပြောလိုက်သည်။
"ဘာ။?!ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ Xiao Zhiက ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ။ ?" မင်းသား(၃) ခဏမျှကြောင်သွားသည်။ ဤတစ်ကြိမ်တွင် သူCong Zhouသို့ တိတ်တဆိတ်လာခဲ့ခြင်းဖြစ်သည်။ သူလုပ်နေသည့်အရာကို သူ၏သစ္စာရှိအစေခံများသာ သိသည်။ အကယ်၍ Xiao Zhiသာ တစ်ကယ်ပင် ဤအိမ်တော်ကို ဝိုင်းရံထားခဲ့လျှင် ဤနေရာတွင် သူရှိနေသည်ကို ဖော်ထုတ်ပြီးသားဖြစ်သွားပေမည်။ "သူ့ကို ဒီနေရာခေါ်လာတာ မင်းမဟုတ်လား။?" သူ၏ကြောက်စရာကောင်းသော မျက်လုံးများက Chu Zhu Yuအား ခေါ်လာခဲ့သောသူထံရောက်သွားသည်။
"ကျွန်တော်မျိုးနောက်ကို တကယ်ဘယ်သူမှ လိုက်မလာခဲ့ပါဘူး။" အမည်းရောက်ဝတ်စုံကို ဝတ်ထားသူက အလျင်အမြန်ရှင်းပြလိုက်သည်။
"ဒါဆို ဘယ်လိုလုပ်—-" မင်းသား(၃) သတိလစ်နေသော Chu Zhu Yuကို သေသေချာချာ အနီးကပ်ကြည့်လိုက်သောအခါမှ သူမဆံပင်ပေါ်တွင်နားနေသော ရွှေရောင်ပိုးကောင်တစ်ကောင်ကို တွေ့လိုက်ရသည်။ " သေစမ်းးး Wen Xiang Cong! Xiao Zhi ကWen Xiang Congကို ဒီမိန်းမအတွက် သုံးမယ်လို့ ထင်မထားဘူး။!"
Wen Xiang Cong မှာ ရှားပါးသော ပိုးကောင်တစ်မျိုးဖြစ်ပြီး ဈေးလည်းကြီးသည်။ Wen Xiang Congတစ်ကောင်မှာ ရွှေစတစ်ထောင်တန်ကာ နန်းတော်တွင်းမှာပင် ၁၀ကောင်သာမွေးနိုင်ပြီး ထို Wen Xiang Congကို လူသွေးတိုက်၍ တစ်ခါမှပင်မစမ်းသပ်ဖူးသေးပေ။
မင်းသား(၃)ထိတ်လန့်တုန်လှုပ်သွားပြီး ဒေါသထွက်သွားသည်။ သူတက်ခေါက်လိုက်ပြီး သူ့လက်ကို မြှောက်ကာ သတိလစ်နေသော Chu Zhu Yuအား ပါးရိုက်လိုက်သည်။
သတိရချင်ချင်ဖြစ်နေသောChu Zhu Yuမှာ တစ်ချက်ရိုက်ခံလိုက်ရသည်နှင့် သတိရလာခဲ့သည်။ သူမနှုတ်ခမ်းထောင့်မှ ပူနွေးသော သွေးများ စီးကျလာသည်ကို ခံစားလိုက်မိသည်။
"သတိရလာပြီလား။?" မင်းသား(၃)ကပြောနေရင်း Chu Zhu Yuအား ဆက်တိုက်ရိုက်လိုက်သည်။ "ငါတစ်ခါမှ Xiao Zhiက Wen Xiang Cong ကို မင်းလို မိန်းမအတွက် သုံးမယ်လို့ ထင်မထားဘူး။!"
Wen Xiang Cong? Chu Zhu Yu လက်ရှိ အခြေအနေကြောင့် စိတ်ရှုပ်ထွေးသွားသည်။ ဒါကို ဘယ်လိုခေါ်သင့်လဲ။ အဓမ္မခေါ်ဆောင်ခံခဲ့ရတာလား။?
"ရှင်က ဘယ်သူလဲ။?" မင်းသား(၃)လက်ထဲက Wen Xiang Congကို ကြည့်ရင် သူမမေးလိုက်သည်။ သူမထိုရွှေရောင်ပိုးကောင်အားမြင်ဖူးသည်။ သူမ Cong Zhouကို စရောက်သည့်နေ့တွင် Xiao Zhiက ထိုပိုးကောင်ကို သူမသွေးတစ်စက်ကို ကျွေးခဲ့သည်။
"ဒီပိုးကောင်က ဘာလို့သွေးကို စားတာလဲ။?" ထိုစဉ်က သူမစိတ်ဝင်တစားမေးခဲ့သေးသည်။
"ဒီပိုးကောင်မျိုးက အနံ့ခံအရမ်းကောင်းတယ်။ သူက လူတစ်ယောက်ရဲ့သွေးအရသာကို သိသွားရင် အဲ့ဒီ့သူက အရပ်လေးမျက်နှာ ဘယ်ကိုသွားသွား အဲ့လူကို လွယ်လွယ်ပဲ ပြန်ရှာနိုင်တယ်" သူက ထိုရွှေရောင်ပိုးကောင်ကို ညင်ညင်သာသာတို့ထိရင်းပြောလိုက်သည်။ "Zhu Yu ဒီနည်းလမ်းကြောင့် မင်းဘယ်ကိုသွားသွား ငါမင်းကို ရှာတွေ့နိုင်တယ်။"
သူမကို တွေ့အောင်ရှာမယ်...တွေ့အောင်ရှာမယ်။....
သူမမျက်နှာက နာကျင်မှုက သိပ်တော့မပြင်းထန်ပေ။ သူစိတ်ထဲတွင် သူမကို သူရှာတွေ့နိုင် မတွေ့နိုင်ကိုသာ စဉ်းစားနေမိသည်။
"မင်းမှာ ငါဘယ်သူလဲသိနိုင်မယ့် အခြေအနေနဲ့ အဆင့်အတန်းမရှိဘူး။!" မင်းသား(၃)က အစေခံတစ်ယောက်ကို Chu Zhu Yuအား ဆွဲထူစေလိုက်သည်။ "Xiao Zhiက ငါ့စံအိမ်တော်ကိုတောင် ဝိုင်းထားရတြယ်ဆိုတော့ မင်းရဲ့တည်ရှိမှုက သူ့အပေါ်ဘယ်လိုသက်ရောက်နိုင်မလဲကို ငါသိချင်တယ်။!"
အပြင်ဘက်တွင် လူအများအပြားအော်ဟစ်နေကြပြီး စစ်သားများ၏ အော်သံ၊ လက်နက်များ အချင်းချင်းထိခတ်သံ၊ လက်နက်များက အသားများကို ထိုးခုတ်သံတို့က လူများကို ကစဉ်ကလျားပြေးလွှားနေစေခဲ့သည်။ 
"ငါ့စစ်သားတွေအားလုံးကို ဒီနေရာခေါ်လိုက် မမျှော်လင့်ဘဲ Xiao Zhiက ငါ့နေရာကို ဝိုင်းရံရဲတယ်ဆိုမှတော့ ငါသူ့ကို ပြန်လမ်းမရှိအောင် လုပ်ပစ်မယ်။!" သူ့ညီမနှင့် သဘောတူသည့် ကိစ္စကိုတော့ ဤအခြေအနေကို ဖြေရှင်းပြီးမှ ကြည့်ရှင်းတော့မည်။
သို့သော် သူမရှေ့ကလူက တန်ဖိုးကြီးအဝတ်အစားများကို ဝတ်ဆင်ထားပြီး "စစ်တပ်" ဟူသောစကားနှစ်လုံးကို ပြောနေသော်လည်း ဤကိစ္စမှာ သာမန် စစ်တပ်ရေးရာကိစ္စမဟုတ်မှန်း Chu Zhu Yu ခံစားနိုင်သည်။
"ဒီလူက သူမကို အသုံးချပြီး Xiao Zhiကို ရင်ဆိုင်မှာလား။? သူမကို ဂရုစိုက်သောသူ။ သူမကို အလွန်တရာချစ်မြန်နိုးသူ။ သူဘာဖြစ်သွားနိုင်လဲ။? သူမကြောင့် ထိုလူ ပြသနာဖြစ်နိုင်မည်ကို စဉ်းစားလိုက်မိသည်နှင့် သူမဒဏ်ရာရမည်ထက် သူမနှလုံးသားကို ဆွဲထုတ်လိုက်သလို ခံစားလိုက်ရသည်။ ဒါက အရမ်းနာကျင်တာပဲ။
_________
29/7/2018
ဒီနေ့လည်း updateပေးလိုက်တယ်နော်။
ကိုယ်ရေးထားတာ ရှုပ်နေရင်လည်းပြောကြပါ။ အမှားတွေရှိရင်လည်း ထောက်ပြကြပါနော်။
Luv you all guys!
पढ़ना जारी रखें
आपको ये भी पसंदे आएँगी
531K 64.2K 184
အပြာရောင် hydrangeasတွေရဲ့အဓိပ္ပါယ်ကခွင့်လွှတ်မှုကိုတောင်းခံခြင်းတဲ့ နောက်ကျမှမင်းဆီကိုရောက်လာနိုင်တဲ့အတွက် တောင်းပန်ပါတယ် ကောင်လေး
561K 65.3K 185
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...
105K 9.2K 68
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
10.3K 858 5
တကယ်မမှတ်မိတာလား... စနောက်ခြင်းပဲလား... နားကပ်လေးတစ်ရံ ကနေတဆင့် အသိတစ်ခုတော့ ရလိုက်တယ်... (My Own Creation)