Let Me Hug And Sleep!

By Candy_bee820

403K 36K 1.2K

Author Qian Caoရဲ႕ Novelေလးကို ဘာသာျပန္ထားတာပါ။ အိပ္မေပ်ာ္ျခင္းေရာဂါကို ခံစားေနရတဲ့ စစ္သူႀကီးတစ္ဦးနဲ႔ သူမရဲ... More

စစ္သူႀကီး၏ ေရာဂါဆန္း (စစ်သူကြီး၏ ရောဂါဆန်း)
အေစခံအျဖစ္ လုပ္အားေပးျခင္း (အစေခံအဖြစ် လုပ်အားပေးခြင်း)
သူမအား ေပြ႕ဖက္၍ အိပ္စက္ျခင္းသို႔[Part 1] (သူမအား ပွေ့ဖက်၍ အိပ်စက်ခြင်းသို့)
သူမအား ေပြ႕ဖက္၍ အိပ္စက္ျခင္းသို႔[Part 2]သူမအား ပွေ့ဖက်၍ အိပ်စက်ခြင်းသို့[Part 2
အမ်ိဳးသမီးမ်ား စကားဝိုင္း (အမျိုးသမီးများ စကားဝိုင်း)
မေကာင္းတဲ့လူ Part 1(မကောင်းတဲ့လူ Part 1)
မေကာင္းတဲ့လူ Part2 (မကောင်းတဲ့လူ Part 2)
နန္းတြင္းသက္ေတာ္ေစာင့္တစ္ေယာက္.. (နန်းတွင်းသက်တော်စောင့်တစ်ယောက်)
သတၱမမင္းသားေလး၏ အလည္တစ္ေခါက္ (သတ္တမမင်းသားလေး၏ အလည်တစ်ခေါက်)
အိမ္ေတာ္မွ အျပင္ထြက္ရန္ [Part 1] (အိမ်တော်မှ အပြင်ထွက်ရန် [Part 1])
အိမ္ေတာ္မွ အျပင္ထြက္ရန္ [Part 2] (အိမ်တော်မှ အပြင်ထွက်ရန်)
အလြန္​အကြၽံ စိတ္​ပူ​ေန​ေသာသူ (အလွန်အကျွံ စိတ်ပူနေသောသူ)
မင္းသမီး ၁၀ (မင်းသမီး ၁၀)
သူက စစ္သူႀကီးလား...? (သူကစစ်သူကြီးလား... ?)
မင္းကို လက္ထပ္မယ္ Part 1 (မင်းကိုလက်ထပ်မယ် )
မင္းကို လက္ထပ္မယ္။ Part 2 (မင်းကိုလက်ထပ်မယ်)
မင္းက ငါ့အတြက္ပဲ (မင်းကငါ့အတွက်ပဲ)
Cong Zhouသို့ စစ်ချီခြင်း Part 1(Cong Zhouသို့ စစ်ချီခြင်း Part 1)
Cong Zhouသို႔ စစ္​ခ်ီျခင္​း Part 2 (Two)
Zhu Yuကို ကယ္ဖို႔ လူတိုင္းကို သတ္နိုင္တယ္။Part 1 (One)
Zhu Yuကို ကယ္ဖို႔ လူတိုင္းကို သတ္နိုင္တယ္။Part 2 (Two)
Zhu Yuကို ကယ္ဖို႔ လူတိုင္းကို သတ္နိုင္တယ္။Part 3 (Three)
အေပးအယူ (အပေးအယူ)
ဘယ္မွမသြားရဘူး (ဘယ်မှမသွားရဘူး)
ၿမိဳ႕တံခါးကိုပိတ္​လိုက္​ (မြို့တံခါးကိုပိတ်​လိုက်)
သူ႔ကို ခ်စ္မိျခင္း Part 1 (သူ့ကို ချစ်မိခြင်း)
သူ႔ကို ခ်စ္မိျခင္း Part 2 (သူ့ကို ချစ်မိခြင်း)
အဆိပ္ေျဖျခင္း Part 1 (အဆိပ်ဖြေခြင်း )
အဆိပ္ေျဖျခင္း Part 2 (အဆိပ်ဖြေခြင်း )
အဆိပ္ေျဖျခင္း Part 3 (အဆိပ်ဖြေခြင်း )
အဆိပ္ေျဖျခင္း Part 4 (အဆိပ်ဖြေခြင်း)
** Part 1 (Z+U)
** Part 2 (Z+U)
*** Part 3 (Z+U)
EPILOGUE (Z+U)

ကံဆိုးေသာ အခ်စ္ (ကံဆိုးသောအချစ်)

11.1K 1K 31
By Candy_bee820

သူတိို႔ျမင္းလွည္းေရြ႕လ်ားေနသည္မွာ သံုးရက္တိုင္ခဲ့ျပီျဖစ္သည္။ Chu Zhu Yu ျမင္းလွည္းလိုက္ကာကို လွပ္ၾကည့္လိုက္သည္.။ သူတို႔ျမင္းလွည္းက ၿမိဳ႕ရိုးတံတိုင္းတစ္ခုႏွင့္ တျဖည္းျဖည္းခ်င္းနီးကပ္လာသည္ကို ျမင္းလွည္း ျပတင္းေပါက္မွ တစ္ဆင့့္ျမင္ေနရသည္။ ျမိဳ႔ရိုးေပၚတြင္ "Cong Zhou"မဟုတ္ဘဲ "Chang Ping"ဟူေသာ နာမည္နွစ္လံုးကို ခ်ိတ္ဆြဲထားသည္။

"Chang Pingကို လာတာ ဘာျပသနာမွမျဖစ္နိုင္ဘူူးလို႔ ရွင္ေသခ်ာလား။?" Chu Zhu Yu ျမင္းလွညး္အိမ္တြင္းထိုင္ေနရာက Xiao Zhi အား ေမးလိုက္သည္။

"ပုန္ကန္မႈ.....တစ္ခါတစ္ေလေတာ့လည္း ေနာက္က်မွေရာက္တာက ေစာေရာက္ေနတာထက္ ပိုေကာင္းပါတယ္။" သူ႔လက္ထဲတြင္ တရားစာအုပ္တစ္အုပ္ရွိေနသည္။ ျဖစ္နိုင္သည္က သူစာအုပ္ထဲမွစာအားလံုးကို သူ႔ႏွလံုုးသားထဲတြင္ အလြတ္မွတ္ျပီးသားျဖစ္နိုင္သည္။ စစ္သား၅၀၀၀၀ကို အၾကံေပး Liu၏ ဦးေဆာင္မႈျဖင့္ Cong Zhouသို႔ ေစလႊတ္ျပီးျဖစ္သည္။ အထူးစစ္သား ၃၀၀၀ကို သူ႔အမိန္႔ေအာက္တြင္ အသံုးခ်ရန္ သူရည္ရြယ္ထားသည္။ သူက Cong Zhou သို႔ တိုက္ရိုက္မသြားဘဲ Chang Pingကိုျဖတ္ျပီးမွ Cong Zhouကို သြားမည္။ သူ႔ရည္ရြယ္ခ်က္က Cong Zhouပုန္ကန္္မႈ၏ ေနာက္ကြယ္က ႀကိဳးကိုင္ေနသူကို ေဖာ္ထုတ္ရန္ျဖစ္သည္။

Chu Zhu Yuစစ္တပ္နွင့္ စစ္နည္းဗ်ဴဟာမ်ားကို နားမလည္ပါ။ သူမက ျမင္းလွည္းအျပင္ကိုသာ စိတ္လႈပ္ရွားစြာလိုက္ၾကည့္ေနျပီး အဆက္မျပတ္စကားေျပာေနသည္။ :

"ကၽြန္မတို႔ Chang Pingကိုေရာက္ရင္ေလ ကၽြန္မ လက္ဖက္ေျခာက္အေရာင္းဆိုင္ေတြကို လွည့္ပတ္ၾကည့္ခ်င္တယ္။ Chang Ping မွာ အေကာင္းဆံုးက လက္ဖက္ေျခာက္နက္ပဲ။ ဒီရာသီဆို ဘယ္လိုလက္ဖက္ေျခာက္ေကာင္းေတြ ရွိေလာက္ ...."

"Zhu Yu?" Xiao Zhiလက္ထဲက စာအုပ္ကို ပိတ္လိုက္သည္။ Zhu Yuကို ေက်ာ္၍ ျမင္းလွည္းလိုက္ကာကို မကာ အျပင္သို႔ၾကည့္လိုက္ျပီး "မင္း ကိုယ့္ဆရာကို ေတြ႔ခ်င္လား။?"

"ရွင့္ ဆရာ..?"သူမ တစ္ခဏမွ်စဥ္းစားလိုက္သည္။ သူက စစ္သူႀကီးခ်ဳပ္ေလ..သူ႔ဆရာဆိုေတာ့ - "ရွင္ေျပာတာ ဘုန္းေတာ္ႀကီး Hui Wuလား။?"

"ဆရာက Chu Zhu Yuအနားက ဘုန္းႀကီးေက်ာင္းမွာ သတင္းသံုးေနတယ္။ ငါတို႕ကလည္း ဒီမွာေရာက္ေနမွေတာ့ သူ႔ကို သြားေတြ႕လို႔ရပါတယ္။"

"ကၽြန္မက ဘုန္းေတာ္ႀကီးHui Wuကို ေတြ႔လို႔ရတယ္ေပါ့။?" Chu Zhu Yu စိတ္လႈပ္ရွားလာသည္။ အဘယ့္ေၾကာင့္ဆုိေသာ္ သူမ ေတြ႕လိုသည့္ ဘုန္းေတာ္ႀကီး Hui Wuမွာ ဘုရင္မင္းျမတ္ပင္ အလြယ္တကူေတြ႔ခြင့္မရသူ ျဖစ္သည္။ ဆရာေတာ္Hui Wuမွာ တံခါးပိတ္ တရားက်င့္ေနေသာေၾကာင့္ မည္သူ႔ကိုမွ လက္ခံေတြ႕ဆံုျခင္းမရွိေပ။

"မင္း ေတြ႔လို႔ရပါတယ္။" သူျပံဳးလိုက္ျပီး "မင္းက ငါေရြးခ်ယ္ထားတဲ့သူျဖစ္ေနမွေတာ့ မင္းကို ငါ့ဆရာနဲ႔ ေတြ႕ခြင့္ျပဳရမွာ ျဖစ္သင့္တာပဲေလ။"

သူတို႔ စကားေျပာေနစဥ္မွာပင္ ျမင္းလွည္းက Chang Pingျမိဳ႕ထဲသို႔ ဝင္လာခဲ့သည္။ ဒုတိယေျမာက္ေန႔တြင္ Chu Zhu Yu သက္ရွိ ဒဏၰာရီတစ္ပါးဟု ေက်ာ္ၾကားေသာ ဆရာေတာ္ကို ေတြ႔ျမင္ခြင့္ရခဲ့သည္။ သူမပထမဆံုးအျမင္ျဖင့္ပင္ ေလးစားစရာဖြယ္အသြင္အား ခံစားမိလိုက္သည္။ ျဖဴေဖြးေနေသာ မ်က္ခံုးမ်ားေအာက္ရွိ မ်က္ဝန္းတစ္စံုက ၾကင္နာမႈ၊ ပညာရွိမႈတို႔ျဖင့္ ျပည့္ဝေနသည္။

အမ်ားေျပာေနၾကသလိုပင္ Xiao Zhi ဆရာေတာ္ Hui Wu၏ အခ်စ္ဆံုးတပည့္တစ္ေယာက္ျဖစ္ေသာေၾကာင့္ ဆရာေတာ္က သူ႔ပညာအားလံုးကုိ Xiao Zhiအား အေမြေပးခဲ့သည္။ ထို႔အျပင္ ဆရာေတာ္ Hui Wuက Xiao Zhi၏ေနာက္တြင္ တပည့္အသစ္ထပ္လက္မခံေတာ့ဘဲ အားလံုးကိုျပန္လႊတ္ခဲ့သည္။ ဆရာေတာ္Hui Wuအား ေတြ႔ခြင့္ရရန္မွာ အဆင့္အတန္းျမင့္လွပါသည္ဆုိေသာ Xiao Zhiအား ေတြ႔ရန္ထက္ပင္ ပိုခက္ခဲေသးသည္။....

ေနာက္ဆံုးေတာ့ သူမ ဆရာေတာ္ Hui Wuအားေတြ႕ခြင့္ရခဲ့သည္။ Xiao Zhiက စစ္သူႀကီးခ်ဳပ္တစ္ေယာက္ျဖစ္ေနျခင္းေၾကာင့္မဟုတ္ဘဲ သူႏွင့္ Xiao Zhi၏ ဆရာတပည့္ဆက္ဆံေရးေၾကာင့္ သူမအားလက္ခံေတြ႕ဆံုခဲ့သည္။ ဤအခ်ိန္တြင္ သူမေရွ႕တြင္ ရွိေနေသာ ဘုရားသားေတာ္က သူမကို စူးစူးစိုက္စိုက္အကဲခတ္ေနခဲ့သည္။

"သူမလား။?" Hui Wu မ်က္လံုးမ်ားက Chu Zhu Yuအား စူးရွစြာၾကည့္ေနခဲ့သည္။

"ဟုတ္ပါတယ္။" Xiao Zhiေလးနက္ေသာ အေျဖကိုေပးလိုက္သည္။

"မင္းဆံုးျဖတ္ျပီးျပီေပါ့။?"

"ဆံုးျဖတ္ျပီးပါျပီ။"

"သူမေရာ သိထားလား။?" ဆရာေတာ္ Hui WuiကChu Zhu Yuအား တစ္စက္ေလးမွ အလြတ္မေပးဘဲ ၾကည့္ေနဆဲျဖစ္သည္။

"မသိပါဘူး။" Xiao Zhiေခါင္းခါရင္း ေျပာလိုက္သည္။ Chu Zhu Yuထူးဆန္းေနသည္ဟု ခံစားေနမိသည္။ သူတို႔ဘာအေၾကာင္းေျပာေနၾကတာလဲ။ ... သူမအေၾကာင္းလား။.... ဘာေတြလဲ။

"မင္းသူ႔ကို ေျပာျပဖို႔ ေသခ်ာလား။?"

"တစ္သက္လံုး မေျပာဘူူး။"

ဆရာေတာ္ Hui Wu အသက္ျပင္းျပင္းတစ္ခ်က္ရႈလိုက္ျပီး ေလသံတင္းတင္းျဖင့္ "Jue Qing ငါ မင္းနဲ႔ သီးသန္႔စကားေျပာစရာရွိတယ္။ အထဲကို လိုက္ခဲ့။"

ထို႔ေနာက္ သူကပင္ ဦးေဆာင္ကာ ဘုရားေက်ာင္း အလယ္တြင္ရွိေသာ အခန္းတြင္းသို႔ဝင္သြားသည္။

Xiao Zhiက Chu Zhu Yuကို သူ႔ကို ခဏေစာင့္ရန္ မ်က္ရိပ္ျပလိုက္ျပီး သူ႔ဆရာေနာက္သို႔ လိုက္ဝင္သြားသည္။

အခန္းတြင္းေရာက္ေသာအခါ ဆရာေတာ္Hui Wu က Xiao Zhiအနီးတြင္ လာထိုင္လိုက္ျပီး သူကေျပာလိုက္သည္။ : "မင္းက ဆံုးျဖတ္ခ်က္ခ်ျပီးျပီဆိုမွေတာ့ မင္းရဲ႕ဆရာ အေနနဲ႕ ငါအမ်ားႀကီးမေျပာေတာ့ဘူး။ ဒါေပမဲ့ ဆရာမင္းကို တစ္ခုေတာ့ သတိေပးခ်င္တယ္။ ေလာကမွာ လူတိုင္းအတြက္ ကံဆိုးမႈဆိုတာ သတ္မွတ္ျပီးသားပဲ။ မင္းရဲ႕ ကံဆိုးျခင္းက အခ်စ္ပဲ။ ဒီဘဝမွာေတာ့ မင္းတစ္စံုတစ္ေယာက္ကို မခ်စ္ေသးသ၍ မင္းအႏ ၱရာယ္ကင္းေနေသးတယ္။ ဒါေပမဲ့ မင္းခ်စ္မိသြားရင္ေတာ့..."

"ကၽြန္ေတာ္ေသမွာလား။?" Xiao Zhi မ်က္ခံုးမ်ား တြန္႕ခ်ိဳးသြားေသာ္လည္း သူပံုစံတြင္ ေၾကာက္လန္႔ျခင္း အလ်င္းမရွိေပ။ "တကယ္လို႔ ဒီဘဝမွာ ကၽြန္ေတာ့အတြက္ အေရးအႀကီးဆံုးအရာကို ပိုင္ဆိုင္ခြင့္မရရင္ ကၽြန္ေတာ္ေသတာနဲ႔ အတူတူပဲ။"

"မင္းသာ မိန္းကေလးတစ္ေယာက္နဲ႔ ခ်စ္ႀကိဳက္ခဲ့မယ္။ သူမက မင္းအတြက္ ၾကမၼာဆိုးျဖစ္ေနျပီး မင္းက သူ႔ေၾကာင့္ေသရမယ္ဆိုရင္ေရာ မင္းေနာင္တမရဘူးလား။?" ဤႏွစ္မ်ားတြင္ သူနကၡပညာကို ထဲထဲဝင္ဝင္ေလ့လာလိုက္စားခဲ့သည္.။ ထိုအေၾကာင္းေၾကာင့္ပင္ သူတပည့္၏ အႀကီးမားဆံုးၾကမၼာဆိိုးက "အခ်စ္" ျဖစ္ေၾကာင္းကို သူေဟာကိန္းထုတ္နိုင္ခဲ့သည္။

"တကယ္လို႔ သူမေၾကာင့္ ကၽြန္ေတာ္ေသရမယ္ဆိုရင္ေတာင္ ျပသနာမရွိဘူးလို႔ ထင္ပါတယ္။"

"အကယ္၍ သူမကသာ သူမကမင္းရဲ႕ ၾကမၼာဆိုးျဖစ္ျပီးေတာ့ မင္းကို ထိခိုက္ေစမယ္ဆိုတာကို သိသြားရင္ မင္းေဘးမွာ သူမဆက္ရွိေနဦးမွာလား။?" Hui Wuသူ႔တပည့္အား ေသခ်ာၾကည့္ရင္း ေမးလိုက္သည္။ သူ၏ ေအးတိေအးစက္စရိုက္ရွိေသာ တပည့္က အခ်စ္ဟူေသာ အတားအဆီးနွင့္ ႀကံဳရမည္ဟု သူတစ္ခါမွ မစဥ္းစားဖူးေပ။ တကယ္ပင္ လူ႔အလုိအား နတ္မလိုက္နိုင္ေပ။ ခ်စ္ခြင့္မရွိျခင္းေၾကာင့္ မခ်စ္ေတာ့ဘူးဟုမေျပာနိုင္သလို အခ်စ္ဆိုသည္ကလည္း တစ္ခါခ်စ္မိသည္ႏွင့္ ပိုမုိနက္ရႈိင္းသြားတတ္သည့္ အမ်ိဳးျဖစ္ေနေသာအခါ...

"သူမ ဘယ္ေတာ့မွ သိရမွာ မဟုတ္ဘူး။" Xiao Zhi စိတ္ပုတီးကို တင္းတင္းဆုပ္ထားလိုက္သည္။ လက္ထဲတြင္ စိတ္ပုတီးကိုင္ထားေလ့ရွိသည္မွာ သူ႔အက်င့္တစ္ခုျဖစ္သည္။ "သူမသိသြားခဲ့မယ္ဆိုရင္ေတာင္ ကၽြန္ေတာ္ သူမကို ထြက္သြားခြင့္ေပးမွာ မဟုတ္ဘူး။"

ဘုရားေက်ာင္းအတြင္းတစ္ေနရာမွ ေရစီးသံတစ္ခုကို ျပတ္ျပတ္သားသားၾကကားေနရသည္။ Xiao Zhi ထရပ္လိုက္သည္။ ဆရာေတာHui Wu မ်က္လံုးမ်ားပိ္တ္လိုက္ျပီး ဘုရားစာတခ်ိဳ႕ရြတ္ဆုိေနခဲ့သည္။ တံခါးလည္းပိတ္သြားခဲ့ျပီ။

အခ်စ္... ဤစကားလံုးကို လူတစ္ခ်ိဳ႕က ျပည့္ျပည့္ဝဝ ရရွိၾကသည္. သိို႔ေသာ္ အခ်ိဳ႕ကေတာ့ သူတို႔ဘဝ ကုန္ဆံုးသြားသည့္တိုင္ေအာင္ နားမလည္နိုင္ၾကေပ။

ခ်စ္တတ္ျခင္းႏွင့္ မခ်စ္တတ္ျခင္း။ ဘယ္အရာကပိုေကာင္းသည္ကို ေလာကရွိမည္သူမွ တိတိက်က်ရွင္းမျပနိုင္ေပ။

Chu Zhu Yuအခန္းအျပင္တြင္ရပ္ေစာင့္ေနခဲ့သည္။ ဧျပီလလယ္ျဖစ္ေသာ္လည္း ရာသီဥတုက ေအးေနဆဲျဖစ္ျပီး သူမခႏၶာကိုယ္ အနည္းငယ္ တုန္ယင္လာသည္။ သူမအေႏြးဓာတ္ရေအာင္ လက္ဖဝါးႏွစ္ဖက္ကို အခ်င္းခ်ငး္ပြတ္တုိက္ေနလိုက္သည္။

သူမရုတ္တရက္ Xiao Zhiအခန္းအျပင္ျပန္ထြက္လာသည္ကို ေတြ႕လိုက္ေသာ္လည္း ဆရာေတာ္ Hui Wu ကိုေတာ့ မေတြ႕ရေပ။"ဘယ္လိုျဖစ္တာလဲ။ ဆရာေတာ္Hui Wuက ရွင္နဲ႔ အတူျပန္ထြက္မလာ ..."

သူမစကားမဆံုးေသးခင္မွာပင္ သူ႔မကိုယ္ကို ဆြဲဖက္ခံလိုက္ရျပီး သူ႔ရင္ခြင္ထဲမွ ေႏြးေထြးမႈကို ခံစားလိုက္ရသည္။ သူ၏သန္မာေသာ လက္ေမာင္းမ်ားက သူမခႏၶာကိုယ္အား အရိုးမ်ားက်ိဳးမတတ္ကို ခ်ဳပ္ေနွာင္ထားသည္။ သူဖက္ထားသည္က တင္းက်ပ္လြန္း၍ သူမအသက္ရႈေတာင္ မဝေတာ့ေပ။

"နာလိုက္တာ... အဲ့သေလာက္မဖက္နဲ႔ေလ။ ကၽြန္မအသက္ရႈက်ပ္လာျပီ။" သူမကန္႔ကြက္လိုက္သည္။

သူကေတာ့ သူမလြတ္ထြက္သြားေတာ့မည့္အတိုင္း သူမကိုသာ တင္းတင္းဖက္ထားရင္း သူမနားနားသို႔ ဆက္တိုက္ေျပာေနခဲ့သည္။ : "ကိုယ္လက္မလႊတ္နိုင္ဘူး။ ဘာေတြပဲျဖစ္လာ ျဖစ္လာ ကိုယ္မင္းကို ထြက္သြားခြင့္မေပးဘူး။!"

"ဘာေတြျဖစ္ေနတာလဲ။ ကၽြန္မကို ျမန္ျမန္လႊတ္ေပး။" သူ၏ ရုတ္တရက္အျပဳအမူက သူမကို အကာအကြယ္မဲ့ခံစားရေစသည္။

သူ႔ခႏၶာကိုယ္ေတာင့္ခနဲျဖစ္သြားသည္. သူျဖည္းျဖည္းခ်င္းေခါင္းေမာ့ကာ သူမကို ၾကည့္လိုက္သည္။ "Zhu Yu ဒီဘဝမွာ ကိုယ္မင္းကို အဆံုးရႈံးမခံဘူး။"

သူ႔အၾကည့္မ်ားက အလြန္ေလးနက္နက္ေနျပီး သူ႔ပံုစံက တစ္စံုတစ္ခုကို အလိုရွိေနခဲ့သည္။ သူမေျပာလိုက္သည္။: "ကၽြန္မနားမလည္နိုင္ေတာ့ဘူး။ ကၽြန္မပံုစံက သာမန္ပါပဲ။ သိုင္းပညာလည္းမတတ္ဘူး။ ကၽြန္မတတ္တာဆိုလို႔ လက္ဖက္ရည္ေဖ်ာ္တတ္တာပဲရွိတယ္။"

"ကိုယ္လည္းမသိဘူး။ မင္းရဲ႕ လက္ဖက္ရည္အနံ႔ေလးက ကိုယ့္ကို စျပီး ဆြဲေဆာင္ခဲ့တာ။ ျပီးေတာ့ မင္းေဖ်ာ္တဲ့ လက္ဖက္ရည္ကို ႀကိဳက္လာတယ္။ မင္းကိုဖက္ထားလိုက္ရင္ တကယ္ကို သက္ေတာင့္သက္သာ ခံစားရတယ္။ အခ်ိန္ေတြၾကာလာေတာ့ ကိုယ္ဒါေတြကို တျခားသူနဲ႔ အစားမထိုးခ်င္ေတာ့ဘူး။ မင္းေဖ်ာ္တဲ့လက္ဖက္ရည္ကို ေသာက္ခ်င္တယ္.။ ကိုယ္အိပ္တဲ့အခ်ိန္ မင္းကိုဖက္ထားခ်င္တယ္။ အဲ့လိုေနရရင္ ကိုယ္ေပ်ာ္တယ္.။ မင္းရဲ႕စကားသံ ရယ္သံ အကုန္လံုးကို ကိုယ္သေဘာက်တယ္။ မင္းက ကိုယ္စိတ္ကို သိမ္းပိုက္ထားတာ။ ကိုယ္သတိထားမိတဲ့အခ်ိန္ ကိုယ္မင္းကို ခ်စ္မိေနျပီ။" Xiao Zhiမလိမ္မညာဘဲေျပာလိုက္သည္။ သူမက သူ႔အတြက္ ၾကမၼာဆိုးျဖစ္ေနလွ်င္ေတာင္ သူမကုိ သူမစြန္႔လႊတ္နိုင္ေပ။

"ဒါေပမဲ့...ရွင့္ကို ႀကိဳက္တဲ့ မိန္းကေလးေတြ အမ်ားႀကီးရွိတာပဲေလ။?"

"ကိုယ္မွ သူတို႔ကို မလိုခ်င္တာ။...ကိုယ့္ကို လူအမ််ားႀကီးက ခ်စ္ေနရင္ေတာင္ ဂရုမစိုက္ဘူး။" သူ႔ခံစားခ်က္မ်ားအားလံုးက သူမအတြက္သာျဖစ္ျပီး အျခားသူမ်ားကို မွ်ဝေပးရန္ မျဖစ္နိုင္ေပ။ ထိုု႔ေၾကာင့္ ...
"Zhu Yu မင္းလည္း ကိုယ့္ကို ခ်စ္တယ္မဟုတ္လား။?"

Chu Zhu Yuေၾကာင္အစြာျဖင့္ Xiao Zhiအားၾကည့္ေနမိသည္။ သူမတကယ္ကို သူ႔ကို ခ်စ္လို႔ရလား။ တစ္ေလာကလံုးက စစ္နတ္ဘုရားလို႔ သတ္မွတ္ထားတဲ့လူကိုေလ။...

25. 7.2018

Unicode
သူတို့မြင်းလှည်းရွေ့လျားနေသည်မှာ သုံးရက်တိုင်ခဲ့ပြီဖြစ်သည်။ Chu Zhu Yu မြင်းလှည်းလိုက်ကာကို လှပ်ကြည့်လိုက်သည်.။ သူတို့မြင်းလှည်းက မြို့ရိုးတံတိုင်းတစ်ခုနှင့် တဖြည်းဖြည်းချင်းနီးကပ်လာသည်ကို မြင်းလှည်း ပြတင်းပေါက်မှ တစ်ဆင့်မြင်နေရသည်။ မြို့ရိုးပေါ်တွင် "Cong Zhou"မဟုတ်ဘဲ "Chang Ping"ဟူသော နာမည်နှစ်လုံးကို ချိတ်ဆွဲထားသည်။

"Chang Pingကို လာတာ ဘာပြသနာမှမဖြစ်နိုင်ဘူူးလို့ ရှင်သေချာလား။?" Chu Zhu Yu မြင်းလှည်းအိမ်တွင်းထိုင်နေရာက Xiao Zhi အား မေးလိုက်သည်။

"ပုန်ကန်မှု.....တစ်ခါတစ်လေတော့လည်း နောက်ကျမှရောက်တာက စောရောက်နေတာထက် ပိုကောင်းပါတယ်။" သူ့လက်ထဲတွင် တရားစာအုပ်တစ်အုပ်ရှိနေသည်။ ဖြစ်နိုင်သည်က သူစာအုပ်ထဲမှစာအားလုံးကို သူ့နှလုံးသားထဲတွင် အလွတ်မှတ်ပြီးသားဖြစ်နိုင်သည်။ စစ်သား၅၀၀၀၀ကို အကြံပေး Liu၏ ဦးဆောင်မှုဖြင့် Cong Zhouသို့ စေလွှတ်ပြီးဖြစ်သည်။ အထူးစစ်သား ၃၀၀၀ကို သူ့အမိန့်အောက်တွင် အသုံးချရန် သူရည်ရွယ်ထားသည်။ သူက Cong Zhou သို့ တိုက်ရိုက်မသွားဘဲ Chang Pingကိုဖြတ်ပြီးမှ Cong Zhouကို သွားမည်။ သူ့ရည်ရွယ်ချက်က Cong Zhouပုန်ကန်မှု၏ နောက်ကွယ်က ကြိုးကိုင်နေသူကို ဖော်ထုတ်ရန်ဖြစ်သည်။

Chu Zhu Yuစစ်တပ်နှင့် စစ်နည်းဗျူဟာများကို နားမလည်ပါ။ သူမက မြင်းလှည်းအပြင်ကိုသာ စိတ်လှုပ်ရှားစွာလိုက်ကြည့်နေပြီး အဆက်မပြတ်စကားပြောနေသည်။ :

"ကျွန်မတို့ Chang Pingကိုရောက်ရင်လေ ကျွန်မ လက်ဖက်ခြောက်အရောင်းဆိုင်တွေကို လှည့်ပတ်ကြည့်ချင်တယ်။ Chang Ping မှာ အကောင်းဆုံးက လက်ဖက်ခြောက်နက်ပဲ။ ဒီရာသီဆို ဘယ်လိုလက်ဖက်ခြောက်ကောင်းတွေ ရှိလောက် ...."

"Zhu Yu?" Xiao Zhiလက်ထဲက စာအုပ်ကို ပိတ်လိုက်သည်။ Zhu Yuကို ကျော်၍ မြင်းလှည်းလိုက်ကာကို မကာ အပြင်သို့ကြည့်လိုက်ပြီး "မင်း ကိုယ့်ဆရာကို တွေ့ချင်လား။?"

"ရှင့် ဆရာ..?"သူမ တစ်ခဏမျှစဉ်းစားလိုက်သည်။ သူက စစ်သူကြီးချုပ်လေ..သူ့ဆရာဆိုတော့ - "ရှင်ပြောတာ ဘုန်းတော်ကြီး Hui Wuလား။?"

"ဆရာက Chu Zhu Yuအနားက ဘုန်းကြီးကျောင်းမှာ သတင်းသုံးနေတယ်။ ငါတို့ကလည်း ဒီမှာရောက်နေမှတော့ သူ့ကို သွားတွေ့လို့ရပါတယ်။"

"ကျွန်မက ဘုန်းတော်ကြီးHui Wuကို တွေ့လို့ရတယ်ပေါ့။?" Chu Zhu Yu စိတ်လှုပ်ရှားလာသည်။ အဘယ့်ကြောင့်ဆိုသော် သူမ တွေ့လိုသည့် ဘုန်းတော်ကြီး Hui Wuမှာ ဘုရင်မင်းမြတ်ပင် အလွယ်တကူတွေ့ခွင့်မရသူ ဖြစ်သည်။ ဆရာတော်Hui Wuမှာ တံခါးပိတ် တရားကျင့်နေသောကြောင့် မည်သူ့ကိုမှ လက်ခံတွေ့ဆုံခြင်းမရှိပေ။

"မင်း တွေ့လို့ရပါတယ်။" သူပြုံးလိုက်ပြီး "မင်းက ငါရွေးချယ်ထားတဲ့သူဖြစ်နေမှတော့ မင်းကို ငါ့ဆရာနဲ့ တွေ့ခွင့်ပြုရမှာ ဖြစ်သင့်တာပဲလေ။"

သူတို့ စကားပြောနေစဉ်မှာပင် မြင်းလှည်းက Chang Pingမြို့ထဲသို့ ဝင်လာခဲ့သည်။ ဒုတိယမြောက်နေ့တွင် Chu Zhu Yu သက်ရှိ ဒဏ္ဏာရီတစ်ပါးဟု ကျော်ကြားသော ဆရာတော်ကို တွေ့မြင်ခွင့်ရခဲ့သည်။ သူမပထမဆုံးအမြင်ဖြင့်ပင် လေးစားစရာဖွယ်အသွင်အား ခံစားမိလိုက်သည်။ ဖြူဖွေးနေသော မျက်ခုံးများအောက်ရှိ မျက်ဝန်းတစ်စုံက ကြင်နာမှု၊ ပညာရှိမှုတို့ဖြင့် ပြည့်ဝနေသည်။

အများပြောနေကြသလိုပင် Xiao Zhi ဆရာတော် Hui Wu၏ အချစ်ဆုံးတပည့်တစ်ယောက်ဖြစ်သောကြောင့် ဆရာတော်က သူ့ပညာအားလုံးကို Xiao Zhiအား အမွေပေးခဲ့သည်။ ထို့အပြင် ဆရာတော် Hui Wuက Xiao Zhi၏နောက်တွင် တပည့်အသစ်ထပ်လက်မခံတော့ဘဲ အားလုံးကိုပြန်လွှတ်ခဲ့သည်။ ဆရာတော်Hui Wuအား တွေ့ခွင့်ရရန်မှာ အဆင့်အတန်းမြင့်လှပါသည်ဆိုသော Xiao Zhiအား တွေ့ရန်ထက်ပင် ပိုခက်ခဲသေးသည်။....

နောက်ဆုံးတော့ သူမ ဆရာတော် Hui Wuအားတွေ့ခွင့်ရခဲ့သည်။ Xiao Zhiက စစ်သူကြီးချုပ်တစ်ယောက်ဖြစ်နေခြင်းကြောင့်မဟုတ်ဘဲ သူနှင့် Xiao Zhi၏ ဆရာတပည့်ဆက်ဆံရေးကြောင့် သူမအားလက်ခံတွေ့ဆုံခဲ့သည်။ ဤအချိန်တွင် သူမရှေ့တွင် ရှိနေသော ဘုရားသားတော်က သူမကို စူးစူးစိုက်စိုက်အကဲခတ်နေခဲ့သည်။

"သူမလား။?" Hui Wu မျက်လုံးများက Chu Zhu Yuအား စူးရှစွာကြည့်နေခဲ့သည်။

"ဟုတ်ပါတယ်။" Xiao Zhiလေးနက်သော အဖြေကိုပေးလိုက်သည်။

"မင်းဆုံးဖြတ်ပြီးပြီပေါ့။?"

"ဆုံးဖြတ်ပြီးပါပြီ။"

"သူမရော သိထားလား။?" ဆရာတော် Hui WuiကChu Zhu Yuအား တစ်စက်လေးမှ အလွတ်မပေးဘဲ ကြည့်နေဆဲဖြစ်သည်။

"မသိပါဘူး။" Xiao Zhiခေါင်းခါရင်း ပြောလိုက်သည်။ Chu Zhu Yuထူးဆန်းနေသည်ဟု ခံစားနေမိသည်။ သူတို့ဘာအကြောင်းပြောနေကြတာလဲ။ ... သူမအကြောင်းလား။.... ဘာတွေလဲ။

"မင်းသူ့ကို ပြောပြဖို့ သေချာလား။?"

"တစ်သက်လုံး မပြောဘူူး။"

ဆရာတော် Hui Wu အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး လေသံတင်းတင်းဖြင့် "Jue Qing ငါ မင်းနဲ့ သီးသန့်စကားပြောစရာရှိတယ်။ အထဲကို လိုက်ခဲ့။"

ထို့နောက် သူကပင် ဦးဆောင်ကာ ဘုရားကျောင်း အလယ်တွင်ရှိသော အခန်းတွင်းသို့ဝင်သွားသည်။

Xiao Zhiက Chu Zhu Yuကို သူ့ကို ခဏစောင့်ရန် မျက်ရိပ်ပြလိုက်ပြီး သူ့ဆရာနောက်သို့ လိုက်ဝင်သွားသည်။

အခန်းတွင်းရောက်သောအခါ ဆရာတော်Hui Wu က Xiao Zhiအနီးတွင် လာထိုင်လိုက်ပြီး သူကပြောလိုက်သည်။ : "မင်းက ဆုံးဖြတ်ချက်ချပြီးပြီဆိုမှတော့ မင်းရဲ့ဆရာ အနေနဲ့ ငါအများကြီးမပြောတော့ဘူး။ ဒါပေမဲ့ ဆရာမင်းကို တစ်ခုတော့ သတိပေးချင်တယ်။ လောကမှာ လူတိုင်းအတွက် ကံဆိုးမှုဆိုတာ သတ်မှတ်ပြီးသားပဲ။ မင်းရဲ့ ကံဆိုးခြင်းက အချစ်ပဲ။ ဒီဘဝမှာတော့ မင်းတစ်စုံတစ်ယောက်ကို မချစ်သေးသ၍ မင်းအန ္တရာယ်ကင်းနေသေးတယ်။ ဒါပေမဲ့ မင်းချစ်မိသွားရင်တော့..."

"ကျွန်တော်သေမှာလား။?" Xiao Zhi မျက်ခုံးများ တွန့်ချိုးသွားသော်လည်း သူပုံစံတွင် ကြောက်လန့်ခြင်း အလျင်းမရှိပေ။ "တကယ်လို့ ဒီဘဝမှာ ကျွန်တော့အတွက် အရေးအကြီးဆုံးအရာကို ပိုင်ဆိုင်ခွင့်မရရင် ကျွန်တော်သေတာနဲ့ အတူတူပဲ။"

"မင်းသာ မိန်းကလေးတစ်ယောက်နဲ့ ချစ်ကြိုက်ခဲ့မယ်။ သူမက မင်းအတွက် ကြမ္မာဆိုးဖြစ်နေပြီး မင်းက သူ့ကြောင့်သေရမယ်ဆိုရင်ရော မင်းနောင်တမရဘူးလား။?" ဤနှစ်များတွင် သူနက္ခပညာကို ထဲထဲဝင်ဝင်လေ့လာလိုက်စားခဲ့သည်.။ ထိုအကြောင်းကြောင့်ပင် သူတပည့်၏ အကြီးမားဆုံးကြမ္မာဆိုးက "အချစ်" ဖြစ်ကြောင်းကို သူဟောကိန်းထုတ်နိုင်ခဲ့သည်။

"တကယ်လို့ သူမကြောင့် ကျွန်တော်သေရမယ်ဆိုရင်တောင် ပြသနာမရှိဘူးလို့ ထင်ပါတယ်။"

"အကယ်၍ သူမကသာ သူမကမင်းရဲ့ ကြမ္မာဆိုးဖြစ်ပြီးတော့ မင်းကို ထိခိုက်စေမယ်ဆိုတာကို သိသွားရင် မင်းဘေးမှာ သူမဆက်ရှိနေဦးမှာလား။?" Hui Wuသူ့တပည့်အား သေချာကြည့်ရင်း မေးလိုက်သည်။ သူ၏ အေးတိအေးစက်စရိုက်ရှိသော တပည့်က အချစ်ဟူသော အတားအဆီးနှင့် ကြုံရမည်ဟု သူတစ်ခါမှ မစဉ်းစားဖူးပေ။ တကယ်ပင် လူ့အလိုအား နတ်မလိုက်နိုင်ပေ။ ချစ်ခွင့်မရှိခြင်းကြောင့် မချစ်တော့ဘူးဟုမပြောနိုင်သလို အချစ်ဆိုသည်ကလည်း တစ်ခါချစ်မိသည်နှင့် ပိုမိုနက်ရှိုင်းသွားတတ်သည့် အမျိုးဖြစ်နေသောအခါ...

"သူမ ဘယ်တော့မှ သိရမှာ မဟုတ်ဘူး။" Xiao Zhi စိတ်ပုတီးကို တင်းတင်းဆုပ်ထားလိုက်သည်။ လက်ထဲတွင် စိတ်ပုတီးကိုင်ထားလေ့ရှိသည်မှာ သူ့အကျင့်တစ်ခုဖြစ်သည်။ "သူမသိသွားခဲ့မယ်ဆိုရင်တောင် ကျွန်တော် သူမကို ထွက်သွားခွင့်ပေးမှာ မဟုတ်ဘူး။"

ဘုရားကျောင်းအတွင်းတစ်နေရာမှ ရေစီးသံတစ်ခုကို ပြတ်ပြတ်သားသားကြကားနေရသည်။ Xiao Zhi ထရပ်လိုက်သည်။ ဆရာတောHui Wu မျက်လုံးများပိတ်လိုက်ပြီး ဘုရားစာတချို့ရွတ်ဆိုနေခဲ့သည်။ တံခါးလည်းပိတ်သွားခဲ့ပြီ။

အချစ်... ဤစကားလုံးကို လူတစ်ချို့က ပြည့်ပြည့်ဝဝ ရရှိကြသည်. သို့သော် အချို့ကတော့ သူတို့ဘဝ ကုန်ဆုံးသွားသည့်တိုင်အောင် နားမလည်နိုင်ကြပေ။

ချစ်တတ်ခြင်းနှင့် မချစ်တတ်ခြင်း။ ဘယ်အရာကပိုကောင်းသည်ကို လောကရှိမည်သူမှ တိတိကျကျရှင်းမပြနိုင်ပေ။

Chu Zhu Yuအခန်းအပြင်တွင်ရပ်စောင့်နေခဲ့သည်။ ဧပြီလလယ်ဖြစ်သော်လည်း ရာသီဥတုက အေးနေဆဲဖြစ်ပြီး သူမခန္ဓာကိုယ် အနည်းငယ် တုန်ယင်လာသည်။ သူမအနွေးဓာတ်ရအောင် လက်ဖဝါးနှစ်ဖက်ကို အချင်းချင်းပွတ်တိုက်နေလိုက်သည်။

သူမရုတ်တရက် Xiao Zhiအခန်းအပြင်ပြန်ထွက်လာသည်ကို တွေ့လိုက်သော်လည်း ဆရာတော် Hui Wu ကိုတော့ မတွေ့ရပေ။"ဘယ်လိုဖြစ်တာလဲ။ ဆရာတော်Hui Wuက ရှင်နဲ့ အတူပြန်ထွက်မလာ ..."

သူမစကားမဆုံးသေးခင်မှာပင် သူ့မကိုယ်ကို ဆွဲဖက်ခံလိုက်ရပြီး သူ့ရင်ခွင်ထဲမှ နွေးထွေးမှုကို ခံစားလိုက်ရသည်။ သူ၏သန်မာသော လက်မောင်းများက သူမခန္ဓာကိုယ်အား အရိုးများကျိုးမတတ်ကို ချုပ်နှောင်ထားသည်။ သူဖက်ထားသည်က တင်းကျပ်လွန်း၍ သူမအသက်ရှုတောင် မဝတော့ပေ။

"နာလိုက်တာ... အဲ့သလောက်မဖက်နဲ့လေ။ ကျွန်မအသက်ရှုကျပ်လာပြီ။" သူမကန့်ကွက်လိုက်သည်။

သူကတော့ သူမလွတ်ထွက်သွားတော့မည့်အတိုင်း သူမကိုသာ တင်းတင်းဖက်ထားရင်း သူမနားနားသို့ ဆက်တိုက်ပြောနေခဲ့သည်။ : "ကိုယ်လက်မလွှတ်နိုင်ဘူး။ ဘာတွေပဲဖြစ်လာ ဖြစ်လာ ကိုယ်မင်းကို ထွက်သွားခွင့်မပေးဘူး။!"

"ဘာတွေဖြစ်နေတာလဲ။ ကျွန်မကို မြန်မြန်လွှတ်ပေး။" သူ၏ ရုတ်တရက်အပြုအမူက သူမကို အကာအကွယ်မဲ့ခံစားရစေသည်။

သူ့ခန္ဓာကိုယ်တောင့်ခနဲဖြစ်သွားသည်. သူဖြည်းဖြည်းချင်းခေါင်းမော့ကာ သူမကို ကြည့်လိုက်သည်။ "Zhu Yu ဒီဘဝမှာ ကိုယ်မင်းကို အဆုံးရှုံးမခံဘူး။"

သူ့အကြည့်များက အလွန်လေးနက်နက်နေပြီး သူ့ပုံစံက တစ်စုံတစ်ခုကို အလိုရှိနေခဲ့သည်။ သူမပြောလိုက်သည်။: "ကျွန်မနားမလည်နိုင်တော့ဘူး။ ကျွန်မပုံစံက သာမန်ပါပဲ။ သိုင်းပညာလည်းမတတ်ဘူး။ ကျွန်မတတ်တာဆိုလို့ လက်ဖက်ရည်ဖျော်တတ်တာပဲရှိတယ်။"

"ကိုယ်လည်းမသိဘူး။ မင်းရဲ့ လက်ဖက်ရည်အနံ့လေးက ကိုယ့်ကို စပြီး ဆွဲဆောင်ခဲ့တာ။ ပြီးတော့ မင်းဖျော်တဲ့ လက်ဖက်ရည်ကို ကြိုက်လာတယ်။ မင်းကိုဖက်ထားလိုက်ရင် တကယ်ကို သက်တောင့်သက်သာ ခံစားရတယ်။ အချိန်တွေကြာလာတော့ ကိုယ်ဒါတွေကို တခြားသူနဲ့ အစားမထိုးချင်တော့ဘူး။ မင်းဖျော်တဲ့လက်ဖက်ရည်ကို သောက်ချင်တယ်.။ ကိုယ်အိပ်တဲ့အချိန် မင်းကိုဖက်ထားချင်တယ်။ အဲ့လိုနေရရင် ကိုယ်ပျော်တယ်.။ မင်းရဲ့စကားသံ ရယ်သံ အကုန်လုံးကို ကိုယ်သဘောကျတယ်။ မင်းက ကိုယ်စိတ်ကို သိမ်းပိုက်ထားတာ။ ကိုယ်သတိထားမိတဲ့အချိန် ကိုယ်မင်းကို ချစ်မိနေပြီ။" Xiao Zhiမလိမ်မညာဘဲပြောလိုက်သည်။ သူမက သူ့အတွက် ကြမ္မာဆိုးဖြစ်နေလျှင်တောင် သူမကို သူမစွန့်လွှတ်နိုင်ပေ။

"ဒါပေမဲ့...ရှင့်ကို ကြိုက်တဲ့ မိန်းကလေးတွေ အများကြီးရှိတာပဲလေ။?"

"ကိုယ်မှ သူတို့ကို မလိုချင်တာ။...ကိုယ့်ကို လူအများကြီးက ချစ်နေရင်တောင် ဂရုမစိုက်ဘူး။" သူ့ခံစားချက်များအားလုံးက သူမအတွက်သာဖြစ်ပြီး အခြားသူများကို မျှဝပေးရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ...
"Zhu Yu မင်းလည်း ကိုယ့်ကို ချစ်တယ်မဟုတ်လား။?"

Chu Zhu Yuကြောင်အစွာဖြင့် Xiao Zhiအားကြည့်နေမိသည်။ သူမတကယ်ကို သူ့ကို ချစ်လို့ရလား။ တစ်လောကလုံးက စစ်နတ်ဘုရားလို့ သတ်မှတ်ထားတဲ့လူကိုလေ။...

25. 7.2018

Continue Reading

You'll Also Like

236K 37.9K 63
I Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**
10.3K 858 5
တကယ္မမွတ္မိတာလား... စေနာက္ျခင္းပဲလား... နားကပ္ေလးတစ္ရံ ကေနတဆင့္ အသိတစ္ခုေတာ့ ရလိုက္တယ္... (My Own Creation)
140K 15.8K 68
God Level Quick wear: Sick host ask for light pet Normal systemပါ male lead က hostဖြစ်ပြီး female leadက system​လေးပါ transalationဖြစ်ပါတယ် 1104ပိုင်း...
1.5M 189K 123
အေဒီ ၇၉ ခုနှစ် .. ပုံပေမြို့.. ရောမအင်ပါယာ ဒဏ္ဏာရီမဟုတ်တဲ့ ရာဇဝင်ထဲက အဖြစ်အပျက်လေးတစ်ခုလား ဒါမှမဟုတ်.. ရာဇဝင်တွင်မကျန်ခဲ့တဲ့ ဒဏ္ဏာရီဇာတ်လမ်းလေးပဲလာ...