"Sundayရက်တွေကို ကျတော်ချစ်တယ်ကိုကို....
အမြဲအလုပ်များနေတဲ့ ဆရာဝန်ကြီးက Sundayရက်မှ ကျတော့်နား တစ်နေကုန်ကပ်လို့''
ထို့သို့ပြောတော့ ကိုကိုက သဘောကျသလိုရယ်သည်။
နောက်ပီး ကျတော့် တကိုယ်လုံးကို သိမ်းကျုံးဖက်ကာ မျက်နှာအနှံ့ကို အနမ်းတွေ စွန့်ကြဲလေရဲ့။
ကိုကို အချစ်တိုးအောင် ချွဲလိုက်တဲ့ စကားတစ်ခွန်းကြောင့် ကိုကို သဘောကျသွားရင်ပဲ ကျတော်ကျေနပ်ပါသည်....ကိုကို....
~~~~~~~~~~
ဒီနေ့ကိုကို ပြန်လာမည်တဲ့....
တစ်နှစ်တောင် ကြာပီနော်.....
ကိုကို,ကို မတွေ့ရတာ.....
စံအိမ်တစ်ခုလုံး အလုပ်တွေရှုပ်နေကြတယ်...
အင်းလေ.....
တစ်နှစ်ကြာပီမှ ကိုကိုပြန်လာတာပဲ....
တစ်အိမ်လုံးက အလုပ်သမားတွေကတော့ မျက်နှာမကောင်းဘူး ကိုကို....
သိတယ်မလား....
ကိုကို က အရမ်းစည်းကမ်းကြီးတော့ ကိုကိုပြန်လာလို့ စိတ်တိုင်းမကျရင် အငေါက်ခံရမှာ စိုးရိမ်နေကြတာလေ...
ကျတော်ကတော့ အရမ်းပျော်နေတယ် ကိုကို.....
ကိုကိုနဲ့ မတွေ့ရတာ ကြာပီမလား....
ကိုကိုရဲ့ ကိုယ်သင်းနံလေးတွေလည်း အရမ်းလွမ်းနေတာ ကိုကိုရဲ့....
မကြာခင် ရောက်လာတော့မှာမို့
ဝတ်ထားတဲ့ အဖြူရောင်ဝမ်းဆက်လေးက
အနည်းငယ် ကြေမွနေသည်မို့လက်ကလေးနဲ့ ပြန်ဖြန့်ကာ အိမ်အနောက်ဘက်က နှင်းဆီရုံလေးဆီ ထွက်လာခဲ့သည်။
ကိုကိုက ပြန်ရောက်တာနဲ့
ဒီနေရာလေးကို တန်းလာမှာသေချာသည်။
ကျတော်နဲ့ ကိုကို အတူပျိုးထောင်ခဲ့သည့် နှင်းဆီရုံလေးမလား......
နှင်းဆီဖြူလေးတွေက အမြဲတမ်း လှပနေဆဲပဲ ကိုကို....
ကိုကို မှာထားခဲ့လို့ Arjima ကသေချာထိန်းသိမ်းပေးတယ်လေ....
"နှင်းဆီတွေက အရင်လို လှနေဆဲပဲ Baby''
ကိုကို.....
စွဲလမ်းရတဲ့ ကိုယ်သင်းနံနဲ့အတူ ကိုကို ကျတော့်နားရောက်လာခဲ့ပီ။
ပြေးပီး ဖက်လိုက်ချင်ပေမယ့်....
တစ်နှစ်ဆိုတဲ့ ကာလတစ်ခုက ကျတော့်ကို မဝင့်မရဲဖြစ်စေသည်မို့ ကိုကိုပြောသည်ကို ခေါင်းပဲငြိမ့်ပြမိသည်။
နောက်တော့.....
စံအိမ်ထဲဝင်ကာ ကျတော့်တို့ အခန်းဆီဦးတည်နေသည့် ကိုကို့ကို တစ်အိမ်လုံးမှာရှိတဲ့ အလုပ်သမားတွေက ခေါင်းငုံ့ကြိုဆိုလေသည်။
'သခင်လေး ပိန်သွားလိုက်တာ'
Arjimaရဲ့ စကားသံတိုးတိုးကြောင့် ကိုကို့ကို ကြည့်မိသည်။
ဟုတ်တယ် ကိုကို နည်းနည်းတော့ပိန်သွားသည်။
အလုပ်တွေ အရမ်းများလို့လား?
"အခန်းကို အရမ်းအေးအောင် မနေရဘူးလို့ ကိုကို ပြောထားတယ်လေ Babyရာ''
ကိုကိုက ပြောလည်းပြော Aircon ခလုတ်ကို ပိတ်လိုက်သည်။
ကိုကိုက အရမ်းစိတ်ပူတတ်တာပါဆို.....
နေ့လည် တစ်နာရီ....
"Babyကြိုက်တဲ့ ခေါက်ဆွဲကြော်မှာစားကြမလား?''
"အင်း စားမယ် ကိုကို ''
"ကိုကိုမှာ လိုက်မယ်လေ''
"ကိုကိုနဲ့အတူစားချင်နေတာကြာပီ''
"ဒါပေမယ့် Baby ကိုကိုတို့ အတူစားလို့မရဘူးကွာ''
"ဘာလို့လဲ?''
ကျတော့် အမေးကို မဖြေဘဲ ကိုကိုက စားသောက်ဆိုင်က ခေါက်ဆွဲကြော် မှာဖို့ Arjimaကို ညွှန်ကြားနေသည်။
ခေါက်ဆွဲကြော်တွေ ရောက်လာတော့ အများကြီးပဲကိုကို....
တစ်မြို့လုံးကို အလှူလုပ်ချင်လို့တဲ့......
လူဦးရေအနည်းငယ်သာရှိသည့် ဒီတောင်ပေါ်မြို့လေးကတော့ ပျော်နေတော့မှပဲ....
ဒါပေမယ့် ကိုကို....
ကိုကိုနဲ့ အတူ မစားရတဲ့ ခေါက်ဆွဲကြော်က အရသာမရှိဘူး ကိုကို.....
"Baby တောင်စောင်းလေးဘက်ကို သွားရအောင်''
"ဟုတ်''
ကျတော့်တို့မြို့လေးက.....
အင်း.... တကယ်တော့ ကိုကိုရဲ့ ဇာတိမြို့ပေါ့ ကျတော်ကသာ ကိုကိုနဲ့ လက်ထပ်ခဲ့သည်မို့ ဒီမြို့လေးကို ရောက်လာဖြစ်တာလေ။
ဒါပေမယ့်.....
ဒီမြို့လေးကို ကိုကို့ထက်တောင် ကျတော်က ပိုသဘောကျသေးသည်။
တောင်ကုန်းတောင်တန်းတွေ အပေါ်မှာနေရသည့် ခံစားချက်ကို အရမ်းသဘောကျသည်လေ။
ကိုကို မအားသည့် အချိန်တိုင်း ဒီတောင်စောင်းလေးကို အမြဲလာနေကျ။
ဒီနေ့တော့ ကိုကိုလည်းပါလာသည်မို့ ကျွန်တော့် ခြေလှမ်းတွေ မြောက်ကြွမြောက်ကြွ ဖြစ်နေသည်။
မရောက်တာကြာပီဖြစ်သော တောင်စောင်းလေးက အရင်လိုတော့ မဟုတ်တော့။
တောင်စောင်းအစွန်း ပတ်ပတ်လည်မှာ အနီရောင်ကြိုးတွေ တားထားပီး သတိပေးထားသည်။
ဒါလည်းကောင်းပါသည်လေ မတော်တဆတွေ ဘာတွေ မဖြစ်တော့ဘူးပေါ့.....
"Babyက ဒီနေရာလေးကို အရမ်းသဘောကျတယ်မလား?''
"ဟုတ်တယ် ကိုကို''
"ကိုကိုကတော့ မကြိုက်ဘူး!''
"ဟင်?
ကျတော်ကြိုက်တယ်လေ ကိုကို''
"Babyကြိုက်လို့ကို မကြိုက်တော့တာ''
ကိုကို့ မျက်နှာက နာကျည်းရိပ်တွေ စွန်းထင်နေသလို.....
ဘာတွေ ဖြစ်နေတာလဲ ကိုကို?
ညရောက်တော့....
အိပ်ချိန်မရောက်သေးသော်လည်း အခန်းထဲဝင်သွားသည့် ကိုကိုကြောင့် ကျတော်လည်း အခန်းထဲဝင်ခဲ့သည်။
တစ်ခန်းလုံးမှောင်နေကာ.....
အခန်းအပူချိန်ကတော့ နွေးထွေးနေသည်။
သို့သော်လည်း....
ကျတော်ကတော့ ပုံစံပြောင်းနေသည့် ကိုကိုကြောင့် အေးစက်နေသလို။
ကိုကို ခြုံထားသည့် စောင်ကို အသာလှပ်တော့ ကိုကိုက အလန့်တကြားထထိုင်လေသည်။
"Baby လား?''
"ဟုတ်ကဲ့ ကိုကို''
ကိုကိုက ဘာမပြောတော့ပဲ တစ်ဖက်လှည့်အိပ်သွားသည်။
သို့ပေမယ့်....
ကိုကို မျက်ရည်တွေကိုတော့ အမှောင်ထဲမှာ မြင်ဖြစ်အောင် မြင်လိုက်သေးသည်။
တကယ်ပဲ......
ဘာတွေ ဖြစ်နေတာလဲ ကိုကိုရာ.....
TBC...
~~~~~~~~~~~~~~~