My chaos

Von bebe_mayly

49.8K 2.9K 504

" မင်းဘာဖြစ်နေနေ ငါဂရုမစိုက်ဘူး ငါ့ကိုပြန်ချစ်ဖို့လဲ မမျှော်လင့်ဘူး ဒီအတိုင်းပဲ ငါမင်းကိုချစ်နေရရင်ရပြီ" မိုး... Mehr

Ep 1
Intro
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
Ep 16
Ep 17
Ep 18
Ep 19
Ep 20
Ep 21
Ep 22
1K vote 👏
Ep 23

Ep 15

1.4K 105 18
Von bebe_mayly

မှန်တင်ခုံရှေ့ မှာထိုင်ပြီး မပွင့်ချင်သေးတဲ့ မျက်လုံးနဲ့ ငုတ်တုတ်ငိုက်နေတဲ့ ဂွန်းဂွန်း

ဒါတောင် ဂိုဂို လာနှိုးသွားလို့ မျက်နှာသစ်ပြီး မှန်တင်ခုံရှေ့ရောက်နေခြင်း

ဖြန်း...

" အား! နာတယ်ဟ "

" နာမှာပေါ့ နာအောင်ရိုက်တာပဲ နာမှ နင်နိုးမှာလေ "

ဂွန်းဂွန်းက နာသွားသော ပခုံးကိုပွတ်ပြီး ဂိုဂို့ကို မကြည်ကြည့် ကြည့်လိုက်သည်

" နိုးပြီဟေ့ နိုးပြီ မို့လို့ ကြွတော့ ကိုယ့် အခန်းကိုယ် ငါက နင်တို့ကျောင်းလို မြို့ပြင်ထွက်ရတာမဟုတ်ဘူး "

" အေးသွားမယ် စေတနာနဲ့မတန်ဘူး "

ဂွန်းဂွန်းကိုပြောဆိုပြီး အခန်းထဲပြန်လာခဲ့သည်

အဝတ်ဗီရိုဖွင့်ပြီး အင်္ကျီရွေးနေတုန်းမှသတိရမိတာ

ဒီနေ့ တနင်္လာနေ့ မနက်ပိုင်းကစပြီး ညနေထိ အတန်းချိန်ပြည့်နေတဲ့နေ့

ထားပါ ကိစ္စတော့မရှိပါဘူး

ပြီးတော့ နောက်တစ်ခုသတိရတာက
ဆရာမရှာခိုင်းတဲ့ စာတွေလဲမရှာရသေး

ကြေကွဲဖွယ်ရာအတိနဲ့ပြည့်နေတဲ့ ကျောင်းတက်ရက်တွေပါလား

နောက်တစ်ခုထပ်စဉ်းစားမိတာက ဟိုမျက်နှာရူးကောင်

ဇွဲကောင်းခန့် ...

ကျောင်းလေးပိတ်လို့ အေးဆေးနားနေတာတောင် ph ဆက်လိုက် message ပို့လိုက်နဲ့

ပြောတော့လဲ အရေးတကြီးမဟုတ်

ဘယ်နနာရီထိုးပြီလဲ တဲ့

နောက်တော့ သူဗိုက်ဆာလို့ ပန်းသီးနဲ့ ကိတ်မုန့်ဘာစားရမလဲတဲ့

နောက်တစ်ခါဆက်တော့ ဘယ် TV channel ကိုကြည့်ရမလဲတဲ့

စိတ်ပေါက်ပေါက်နဲ့ အော်ထည့်လိုက်တော့မှ ph ထပ်မဆက်တော့တာ

ဒါတောင် messages ပို့နေသေး

ပို့တဲ့ messages ကလဲ အရေးတကြီး

ထမင်းစားပြီးပြီလားတဲ့

ဘာနဲ့စားလဲတဲ့

လက်နဲ့စားလားခြေထောက်နဲ့စားလားတဲ့

Block မယ်ပြောမှငြိမ်သွားတယ်

ဪ ခက်ခဲကြမ်းတမ်းလှတဲ့ကျောင်းတက်ရက်တွေပါလား.....

**************************************

" မေနှင်းရေ ငါတို့ဒီမှာ "

ကန်တင်းထဲ ခြေချလိုက်တာနဲ့ ရောက်နေတဲ့ ထိပ်ဆုံးဝိုင်းမှာ ထိုင်ပြီးတော့

သူလှမ်းမြင်တဲ့ ၂ မိုင်အကွာလောက်ကို အာပြဲကြီးနဲ့အော်နေတဲ့ လင်းလက်

တကယ်တော့ အော်စရာမလို

သူတို့ကျောင်းစတတ်ထဲက အဲ့ကန်တင်း အဲ့ ဝိုင်းမှာ ထိုင်လာတာဖြစ်ပြီး

အတန်းထဲမသွားခင် လဲ အမြဲထိုင်နေကြဖြစ်သည်

ဒါပေမဲ့လဲပေါ့

လင်းလက်အော်သံကြောင့် ကန်တင်းတစ်ခုလုံး ဟိန်းထွက်သွားပြီး

ဘေးဝိုင်းကလူတွေပါအကုန်ဝိုင်းကြည့်ကြတော့သည်

လင်းလက်တို့မှန်းသိနေတဲ့ အထာနပ်သူတွေကတော့မထူးဆန်းတော့

လင်းလက် အဲ့လိုအော်လိုက်လို့ ဘေးနားက ရွှေစင်ရှက်ကာ မျက်နှာလေးလက်နဲ့အုပ်သလိုလို လုပ်ထားသော်လဲ

မေနှင်း တစ်ယောက်မှာ

" အေး ငါလာပြီ "

လင်းလက်အသံထက် ကီးမမြင့်တောင် မနှိမ့်တဲ့ vocal မျိုးနဲ့ ပြန်ပြီးနှုတ်ဆက်လိုက်သည်

လွတ်နေတဲ့ ခုံမှာဝင်ထိုင်ပြီးပြီးချင်း

" ဟဲ့ မနက် ပထမဆုံး major ချိန်မတက်ဘူးနော် "

" အေး မတက်ဘူး major ချိန်တွေက roll call ပြည့်နေတာပဲ ပျက်ဖူးတယ်ရှိအောင်ပျက်ရအောင် "

ပြောချင်တာပြောနေကြနေသော နှစ်ကောင်ကို ကြည့်ပြီး ရွှေစင် ဝမ်းနည်းစိတ်ပျက်လာသည်

အမှန်တော့ အတန်းက မပျက်ဖူးတာမဟုတ်

Roll call အနည်းဆုံး ဘယ်နချိန်ရှိမှ tuto ဖြေရမယ်ဆို သူတို့က အဲ့ ရှိရမဲ့ အချိန်တွေ အပြည့်တက်သည်

ပြည့်ပြီးဆိုတာနဲ့ ပျက်ကြသည်သာ

ရွှေစင်ကတော့ ဒါမျိုးတွေသိပ်မလို သူက ကျောင်းပွဲတွေလဲပါ queen လဲ queen ဆိုတော့ EC ကို ချုပ်ထားတာနဲ့ ရသည်

" ဒီနေ့ physic ကအစ်မကြီး history လာယူမယ်ဆို "

" အေး English က တစ်ယောက်လဲ ဘာကားလဲမသိယူမယ်တဲ့ ညတုန်းက messager ကပြောတယ် "

" အင်း သူတို့ကိုစောင့်ပြီးမှ အတန်းထဲသွားကြတာပေါ့ "

ထို့နောက် video လာကူးတဲ့သူတွေရော ကျောင်းထဲက ကြိတ်ပုန်းအတွဲတွေအကြောင်းပါ သတင်းလာပို့သူများနဲ့ရှုပ်ရှက်ခက်သွားသည်

" ကဲ ဒေါ်လင်းလက်နဲ့ ဒေါ်မေနှင်းရေ Paper 1 အချိန်နော် ပါမောက္ခဌာနမှူးသင်မှာ နင်တို့ အမေ ဝင်သင် မှာမဟုတ်ဘူး သွားကြမယ် ထကြ "

" အဟင့် သွားရတော့မယ် အချစ်ရေ အာဟ့ အာဟ "

ဘေးနားမှရှိသော uke လေးအား လက်ပြကာ သီချင်းဆိုနေသော လင်းလက်

" ရွှေစင် ငါ့မာမီက paper 3 သင်တာလေ ဘာတွေလာပြောနေတာလဲ "

Paper 3 သင်သော ဆရာမမှာ ဆေးကျောင်းတက်နေသော သားတစ်ယောက်ရှိလေသည်

ဒီအကြောင်းသိသူက နည်းသည်

သို့သော်

လင်းလက်နဲ့ မေနှင်းတို့ကတော့သိသည်

အဲ့ဒါကြောင့် paper 3 ဆရာမကို မာမီ မာမီနဲ့ခေါ်နေခြင်းဖြစ်သည်

ဝမ်းနည်းကြေကွဲစရာက အဲ့ဆရာမသားကို တစ်ယောက်မှမမြင်ဖူးခြင်း

ရွှေစင်ကတော့ ခပ်ချေချေလေးထကာ ကန်တင်းတစ်ဝှိုက် မျက်လုံးမသိမသာဝေ့ကြည့်ပြီး စလင်းဘတ်အိတ်လေး ကိုင်ကာ ကန်တင်းမှထထွက်တော့သည်

ကန်တင်းက ပုရိသအပေါင်း နှာဘူးများမှာ သူ့ကိုငေးလို့

သူ့နောက်မှာက မေနှင်း လွယ်အိတ်ကြီးလွယ်ကာ ထီးအရှည်ကိုင်ပြီး ဖရိုဖရဲလိုက်ခဲ့သည်

ဒီကြားထဲ လွယ်အိတ်ကြိုးနဲ့ ပခုံးကြားထဲ ဆံပင်ညှပ်နေလို့ ဆွဲထုတ်နေသေး

နောက်ဆုံးမှာတော့ လင်းလက်က တောက်ပစွာ လိုက်ခဲ့သည်

လက်ထဲ ခြင်းတောင်းတစ်ခု ထီးအရှည်တစ်ချောင်း
ဘာတွေမှန်းမသိတဲ့ အိတ်တစ်အိတ်

ဘေးလွယ်အိတ်တစ်လုံးကို ပစ်လွယ်ကာ ဟိုနှစ်ယောက် အနောက်ကပြေးလိုက်သွားသည်

အတန်းက 9:50 အတန်း သွားတာက 10:00
အတန်းထဲရောက်သွားတော့ ဆရာမကစာသင်နေပြီ

Major တစ်ခုလုံးမှာ ကြောက်ရတဲ့ ဆရာမမို့ ဘာလုပ်ရမှန်းမသိတုန်း

" ဟဲ့ ဟို မေနှင်းမြင့်မိုရ်တို့အဖွဲ့ ဝင်လာစမ်း အပြင်မှာရစ်သီ ရစ်သီလုပ်မနေနဲ့ "

ထိုတော့မှ ကုတ်ကုတ် ကုတ်ကုတ်နဲ့ ဝင်ရသည်

စာသင်နေတာ အကောင်း သင်ပြီးတော့ ပြန်ခံနီးမှ
လင်းလက်က roll call ထိုးနေတုန်း

" ဒါနဲ့ နင်တို့အကြောင်းတွေငါကြားတယ်နော် ဌာနမှာ first year တန်းက နင်တို့အဖွဲ့ဆိုပြီး နာမည်ကြီးနေရော "

" ဟီးဟီး မဟုတ်ပါဘူး တီချယ်ရယ် "

ဆရာမရဲ့ အမေးကို လင်းလက်က သွားသုံးဆယ့်နှစ်ချောင်းပေါ်အောင် ရယ်ရင်း ဖြေလိုက်သည်

" final တန်းက ဟိုကောင်မလေးလာပြောသေးတယ် ဘာ... ဪ သိပြီ ဟိုကားတွေကြည့်ကြတယ်ဆို ယောကျာ်းတွေပဲပါတဲ့ကားလေ "

" ဟိုကားတွေဟဲ့ ဟင့် ပြောရက်လိုက်တာ BL ပါ တီချယ်ရဲ့ "

" အေးအေး စာလဲ ကျက်ကြဦး tuto ဖြေတော့ တစ်ယောက်တစ်ပိုဒ်စီ ကျက်ပြီးပေါင်းရေးကြပြီးတော့
အဲ့ ဒွိလိင်ကားတွေပဲ ကြည့်မနေကြနဲ့ "

" အောင်မလေးလေး ဒွိလိင်ကားတဲ့ BL ပါဆိုနေ boy love boy love ငိုချင်လာပြီ "

" မသိဘူး ဘာလက်လက် ရွှေစင် နင်လဲ queen ဖြစ်ပြီးတော့ စာကြိုးစားဦး နောက်တစ်ခါ tuto ချိန် စာဖြေရင် သုံးယောက်သား ရထားတွဲလိုကူးမနေနဲ့ ငါသွားမယ် မေနှင်းမြင့်မိုရ် ဌာနလိုက်ခဲ့ဦး "

" ဟုတ် "

ဌာနကို ပါသွားသော ဂွန်းဂွန်း တစ်ယောက် မျက်နှာငယ်လေးနဲ့ အားကိုးရှာသလို လှည့်ကြည့်လိုက်သော်လဲ

လင်းလက်မှာ သူ့ရဲ့ BL ကားတွေကို ဆရာမပြောသွားလို့ ရင်ထဲ မချိပြုံးကြီးနဲ့ ကျန်နေခဲ့ရပြီး

ရွှေစင်မှာတော့ အူးတက်မတက် ဗိုက်နှိပ်ရယ်ကာ အတန်းထဲမှာ ကျန်နေခဲ့တော့သည်

**************************************

" ဟယ် ဂိုဂို ကျောင်းရောက်ပြီလား ရော့ မိုင်လိုသောက် အိမ်က ယူလာတာ "

" မအေးဘူး မသောက်ချင်ဘူး "

" အေးနေပါသေးတယ် "

" အင်း ပြီးမှသောက်မယ် "

ဘေးနားလာထိုင်ပြီးတော့ ပေါက်ပေါက်ဖောက်နေသော ဇွဲကောင်းခန့်

သူ့ကို ဘာမှမပြောပဲ နေနေလဲ ဘေးနားကနေ လူကိုကြည့်နေတာ မျက်လုံးပြုတ်တက်မထွက်

အကြည့်ခံရတဲ့သူတောင် ကြက်သီးထတယ်

ဘာလို့ကြည့်တာလဲမေးရင် ပြောင်လိမ်သေးတာ မကြည့်ဘူး ငြင်းသေး

ဒီလိုအကောင်နဲ့ ဘယ်လိုလုပ်ရမလဲ မသိဘူး

မင်းနေလင်းကလဲ ထုံးစံအတိုင်း ကမ္ဘာပတ်နေသည်

ဘောလုံးတောင် ဝင်ကန်ဦးမတဲ့

သွားအားပေးရဦးမှာပေါ့

" မင်းနေလင်းက ဘောလုံးကန်ဦးမှာတဲ့နော် ကောင်းလိုက်တာ "

" ယုန်ပေါက်လေးက အားကျနေတာလား ကန်ချင်လို့လား တူတူကန်မယ်လေ "

" မကန်နိုင်ပါဘူး ငါမှမပြေးနိုင်ပဲ နေပူလဲမခံနိုင်ဘူး မင်းသွားကန်ပါလား "

" တကယ်ကန်ရမှာလား အားပေးနော် "

" သွား...အားပေးမယ် သွားကန် သွား "

" အင်း အဲ့တာဆို စာရင်းသွားပေးလိုက်ဦးမယ် "

ကိုယ်က ပြီး ပြီးရော ပြောလိုက်သော်လဲ ခုန်ပေါက်ထွက်သွားပြီး စာရင်းပေးနေသော ဇွဲကောင်းခန့်ကိုကြည့်ကာ စိတ်ညစ်မိသည်

" ဒါနဲ့ ဘောလုံးကန်တဲ့သူတွေကိုကြိုက်တာလား "

" အင်း ကြိုက်တယ်လို့တော့မဟုတ်ပါဘူး "

ဘောလုံးကန်နေတဲ့ သူတွေကြိုက်တာမဟုတ်ဘူး သူက ဘောလုံးကန်လို့ကြိုက်တာ

အခုမှ သေချာစဉ်းစား ကြည့်မိသည်

မင်းနေလင်း ကောင်မလေးတွေနဲ့ စကားပြောရင် မကြိုက်

အရင်ကဆို ဂရုစိုက်ပေမဲ့ အခုဆို ဇွဲကောင်းခန့်က သူ့ကို အရမ်းဂရုစိုက်ပြနေတော့ မင်းနေလင်းကအနားမလာ

ဇွဲကောင်းခန့်ကို ကြည့်မရတာတာ ဒါတွေကြောင့်လဲ ပါသည်

ကိုယ်ကမျှော်နေတဲ့သူမရှိပဲ မလိုချင်တဲ့သူကဘေးမှရှိနေတာတော့ သိပ်ပြီးပျော်စရာမကောင်းလှ

လောကကြီးက ရတာမလို လိုတာမရဆိုတာ သိပ်မှန်တာပဲ

မင်းနေလင်းကို စိတ်ဝင်စားနေတယ်ဆိုတာ ကိုယ့်ဟာကိုယ်လက်ခံဖို့ တော်တော်စဉ်းစားလိုက်ရသေးတယ်

တစ်ခါတစ်လေတော့ စိတ်ကိုလျော့ချလိုက်တာကောင်းတယ်

သူကရော လက်ခံပါ့မလား မခံဘူးလားဆိုတာ လိုက်တွေးမနေတော့ပဲ ကိုယ့်ဟာကိုယ်သာ ချစ်ပစ်လိုက်တာကောင်းသည်

မလိုပါဘူး သူ့ဘက်ကဟာ သူ့ကိစ္စ ကိုယ့်ဘက်က လိုတာ ချစ်နေဖို့ပဲ ကျန်တာ မလိုပါဘူး

မျှော်လဲမမျှော်လင့်ပါဘူး

မျှော်လင့်နေရတာပင်ပန်းတယ် မမျှော်လင့်ပဲ ကိုယ်ဖက်က သူလိုတယ်ဆိုရင်ဖြည့်ဆည်းပေးဖို့ပဲ လိုတာ

ဒီလိုပဲ လက်ခံထားတာမို့ အရင်ကထက်တော့ နည်းနည်း စိတ်ပေါ့သွားသလိုခံစားရသည်

လူ့ဘဝကြီးက တိုတိုလေးပါ အဲ့ဒါကြောင့် ကိုယ်ပျော်မဲ့ အကြောင်း အရာတွေကိုသာ သေချာစဉ်းစားပြီးလုပ်တော့မှာမို့

စောင့်နေလိုက်ပါ မင်းနေလင်း

မင်းကို ငါ့ဖက်ပါအောင်လုပ်တော့မှာ

ကိုယ့်ဟာကိုယ် စဉ်းစားပြီး ကိုယ့်ဟာကိုယ် plan ချနေပြီးပြုံးမိလိုက်တာကို ဘေးနားက ဇွဲကောင်းခန့်က သူ့ကို ထောက်ခံတယ်ထင်ပြီးအားတက်ကာ ဆက်ပြောနေသည်

ခက်တာက သူဘာအကြောင်း ပြောနေမှန်းတောင် ကိုယ်ကသိတောင်မဟုတ်

မင်းနေလင်း ကလဲ ကျောင်းရောက်ကတည်းက အတန်းထဲ ပြန်မလာသေးဘူး

ဪ စိတ်ညစ်စရာ...






🌿🌿🌿

May's note

ဒွိလိင်ကားဆိုတဲ့ စကားလုံးကို ဆရာမကို credit ပေးပါတယ် 😑😑😑

Weiterlesen

Das wird dir gefallen

411K 12.8K 22
အချစ်ကြမ်းသူလူဆိုးကြီး သူရသစ် နှင့် ခွန်းရသတို့ရဲ့အချစ်လမ်းခရီးကဖြောင့်ဖြူးလေမလား ဒါဒါတို့ဖတ်ခြင်ကြလား ကြိုပြောပါမယ် 18+ပါပါမယ်နော် အချစ်ကြမ်းသူလူဆို...
406K 22.6K 41
"ပိုင်ဆိုင်ချင်သောရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေ" ၏ Season 2 ဖြစ်ပါသည်။ 18th Creation Start : 9 February 2023 "ပိုင်ဆိုင်ချင်သောရပ်ဝန်းတစ်ခုအား ပို...
282K 14K 26
အိမ်ထောင်သည်ရဲ့အချစ်ဦး
401K 42.6K 43
The UNIVERSE is a strange place. Stardust falls at random and Humans fall in LOVE. _K.Towene Jr. ( For background photo of Fiction cover, Fully cred...