Let Me Hug And Sleep!

By Candy_bee820

404K 36.1K 1.2K

Author Qian Caoရဲ႕ Novelေလးကို ဘာသာျပန္ထားတာပါ။ အိပ္မေပ်ာ္ျခင္းေရာဂါကို ခံစားေနရတဲ့ စစ္သူႀကီးတစ္ဦးနဲ႔ သူမရဲ... More

စစ္သူႀကီး၏ ေရာဂါဆန္း (စစ်သူကြီး၏ ရောဂါဆန်း)
အေစခံအျဖစ္ လုပ္အားေပးျခင္း (အစေခံအဖြစ် လုပ်အားပေးခြင်း)
သူမအား ေပြ႕ဖက္၍ အိပ္စက္ျခင္းသို႔[Part 1] (သူမအား ပွေ့ဖက်၍ အိပ်စက်ခြင်းသို့)
သူမအား ေပြ႕ဖက္၍ အိပ္စက္ျခင္းသို႔[Part 2]သူမအား ပွေ့ဖက်၍ အိပ်စက်ခြင်းသို့[Part 2
အမ်ိဳးသမီးမ်ား စကားဝိုင္း (အမျိုးသမီးများ စကားဝိုင်း)
မေကာင္းတဲ့လူ Part 1(မကောင်းတဲ့လူ Part 1)
မေကာင္းတဲ့လူ Part2 (မကောင်းတဲ့လူ Part 2)
နန္းတြင္းသက္ေတာ္ေစာင့္တစ္ေယာက္.. (နန်းတွင်းသက်တော်စောင့်တစ်ယောက်)
သတၱမမင္းသားေလး၏ အလည္တစ္ေခါက္ (သတ္တမမင်းသားလေး၏ အလည်တစ်ခေါက်)
အိမ္ေတာ္မွ အျပင္ထြက္ရန္ [Part 1] (အိမ်တော်မှ အပြင်ထွက်ရန် [Part 1])
အလြန္​အကြၽံ စိတ္​ပူ​ေန​ေသာသူ (အလွန်အကျွံ စိတ်ပူနေသောသူ)
မင္းသမီး ၁၀ (မင်းသမီး ၁၀)
သူက စစ္သူႀကီးလား...? (သူကစစ်သူကြီးလား... ?)
မင္းကို လက္ထပ္မယ္ Part 1 (မင်းကိုလက်ထပ်မယ် )
မင္းကို လက္ထပ္မယ္။ Part 2 (မင်းကိုလက်ထပ်မယ်)
မင္းက ငါ့အတြက္ပဲ (မင်းကငါ့အတွက်ပဲ)
ကံဆိုးေသာ အခ်စ္ (ကံဆိုးသောအချစ်)
Cong Zhouသို့ စစ်ချီခြင်း Part 1(Cong Zhouသို့ စစ်ချီခြင်း Part 1)
Cong Zhouသို႔ စစ္​ခ်ီျခင္​း Part 2 (Two)
Zhu Yuကို ကယ္ဖို႔ လူတိုင္းကို သတ္နိုင္တယ္။Part 1 (One)
Zhu Yuကို ကယ္ဖို႔ လူတိုင္းကို သတ္နိုင္တယ္။Part 2 (Two)
Zhu Yuကို ကယ္ဖို႔ လူတိုင္းကို သတ္နိုင္တယ္။Part 3 (Three)
အေပးအယူ (အပေးအယူ)
ဘယ္မွမသြားရဘူး (ဘယ်မှမသွားရဘူး)
ၿမိဳ႕တံခါးကိုပိတ္​လိုက္​ (မြို့တံခါးကိုပိတ်​လိုက်)
သူ႔ကို ခ်စ္မိျခင္း Part 1 (သူ့ကို ချစ်မိခြင်း)
သူ႔ကို ခ်စ္မိျခင္း Part 2 (သူ့ကို ချစ်မိခြင်း)
အဆိပ္ေျဖျခင္း Part 1 (အဆိပ်ဖြေခြင်း )
အဆိပ္ေျဖျခင္း Part 2 (အဆိပ်ဖြေခြင်း )
အဆိပ္ေျဖျခင္း Part 3 (အဆိပ်ဖြေခြင်း )
အဆိပ္ေျဖျခင္း Part 4 (အဆိပ်ဖြေခြင်း)
** Part 1 (Z+U)
** Part 2 (Z+U)
*** Part 3 (Z+U)
EPILOGUE (Z+U)

အိမ္ေတာ္မွ အျပင္ထြက္ရန္ [Part 2] (အိမ်တော်မှ အပြင်ထွက်ရန်)

10.4K 1K 17
By Candy_bee820

The second part of the chapter 8 will about how Zhu Yu "educate" our general how to use his martial art in proper and good way. and Zhu Yu wishes to Avalokitesvara that heard by Xiao Zhi and makes our general asking "why", "what" and "who"....

From this chapter eight part two to the rest chapters, it clearly that general mood is heavily affected by how Zhu Yu acts, Zhu Yu say and even Zhu Yu mood might cause the general mood worse than the ladies "monthly friend", ahahahaahahah

"သိုင္းပညာဆိုတာ ဒီလိုေနရာမွာ သံုးဖိို႔မဟုတ္ဘူး။!" Chu Zhu Yuက သူ႔ကို ျဖည္းျဖည္းျခင္း သင္ေပးရန္ ဆံုးျဖတ္လိုက္သည္။ သို႔မွသာ သူေနာင္တြင္ ဤကဲ့သို႔ ထပ္မလုပ္ေတာ့မည္ ျဖစ္သည္။  "ရွင္႔ရဲ႔ သိုင္းပညာက တကယ္ကို ေတာ္ပါတယ္။ ဒါေပမဲ့ ရွင္ဒီပညာကို သံုးၿပီး သူမ်ားကို ထိခိုက္ေအာင္ မလုပ္ရဘူး။"သို႔ေသာ္ သူက သူမအတြက္သာလုပ္ခဲ့ျခင္း ျဖစ္သည္ေလ။

Xiao Zhiေခါင္းငံု႔လိုက္ၿပီး  Chu Zhu Yu၏ ဆံုးမေနေသာ မ်က္နွာထားကို အနီးကပ္ၾကည့္လိုက္သည္။ သူ႔ကို အျခားသူမ်ားက ဤပံုစံျဖင့္ေျပာရန္မဆိုထားႏွင့္ ေစ့ေစ့ပင္မၾကည့္ရဲၾကေပ။ သူ႔လက္တစ္ခ်က္ေဝွ႔ယမ္း္ရံုမွ်ျဖင့္ လူအမ်ား၏ အသက္ကို ဆံုးျဖတ္နိိုင္သူျဖစ္ေသာေၾကာင့္ လူအမ်ားစုက သူ႕ကို ေၾကာက္ရြံ႕ၾကလွ်င္ေၾကာက္ရြံ႕ မဟုတ္လွ်င္ သူ႔ေရွ႕ေရာက္သည္ႏွင့္ အားနည္းသူမ်ားျဖစ္သြားသည္။

ဤေလာကႀကီးတြင္ သူ႔ကို မေၾကာက္ရြံ႕သူ အလြန္ကို နည္းပါးသည္။

သူမကိုေတာ့ ထိုလူအနညး္ငယ္တြင္ မထည့္လိုပါ။  Zhu Yu, သူ၏ အဖိုးတန္ရတနာေလးကို....

"မင္းငါ့ကို စကားေျပာတဲ့ပံုကို သေဘာက်တယ္။" သူရုတ္တရက္ျဖတ္ေျပာလုိက္သည္။

"Hah?" Chu Zhu Yuဆြံ႕အသြားသည္။ သူမဤမွ်ေလာက္ေတာင္ အခ်ိန္အၾကာၾကီးေျပာေနတာေတာင္ သူကဘာမွမဆိုင္ေသာ စကားတစ္ခြန္းျဖင့္သာ တံု႔ျပန္သည္လား။....

"မင္းက ငါ့ကို လံုးဝမေၾကာက္ဘူးပဲ။ ေကာင္းလိုက္တာ။.." သူမပါးကို သူ႔လက္ေခ်ာင္းထိပ္မ်ားျဖင့္ ခပ္ဖြဖြတို႔ထိရင္းေျပာလိုက္သည္။

သူမေၾကာင္အစြာရပ္ေနခဲ့ခ်ိန္တြင္ သူ႔လက္ေခ်ာင္းထိပ္မ်ားက သူမပါးကို ညင္သာစြာ တို႔ထိေနခဲ့သည္။ သူမမ်က္ႏွာ ပူလာျပီး နီရဲလာသလို ခံစားလိုက္ရသည္။

ထိုလူမ်ားကို အေၾကာျပန္ဖြင့္ေပးရန္ Xiao Zhiအခ်ိန္အၾကာႀကီးမယူလိုက္ရေပ။ သို႔ေသာ္ အေၾကာပြင့္သြားသည္ႏွင့္ ထိုသူမ်ားက ရုတ္ရုတ္သဲသဲျဖစ္လားေသာေၾကာင့္ Chu Zhu Yu သူ႔ကို ဆြဲၿပီး ဘုရားေက်ာင္းတြင္း ေျပးဝင္ခဲ့လိုက္သည္။

ကံေကာင္းေထာက္မစြာပင္ ဘုရားေက်ာင္းတြင္းရွိလူမ်ားက ျပင္ပတြင္ ဘာျဖစ္ေနသည္ကို မသိၾကေသာေၾကာင့္ သူမတို႔ႏွစ္ေယာက္ ကြမ္ရင္မယ္ေတာ္ကို ေအးေဆး ကန္ေတာ့နိုင္ခဲ့သည္။

ကြမ္ရင္မယ္ေတာ္ရုပ္ထုမွာ ၾကာပလႅင္ေပၚတြင္ ေအးခ်မ္းစြာတည္ရွိေနခဲ့သည္။

ၾကင္နာျခင္း ဂုဏ္ရွိျခင္း က်က္သေရရွိျခင္း ထိုစကားလံုးမ်ားျဖင့္သာ ကြမ္ရင္မယ္ေတာ္အား ေဖာ္ျပနိုင္စြမ္းသည္။ သူမ၏ အျပံဳးမ်က္ႏွာျဖင့္ တစ္ကမာၻလံုးကို ခ်မ္းသာရာရေစနိုင္သည္။

Chu Zhu Yuသူမ Xiao Zhiလက္အား ဆုပ္ကိုင္ထားသည္ကို လႊတ္လိုက္ၿပီး ကြမ္ရင္မယ္ေတာ္ေရွ႕တြင္ က်ိဳးႏြံစြာ ဒူူးေထာက္ျပီး ခပ္တိုးတိုး ဆုေတာင္းလိုက္သည္။ "သမီးေတာ္Zhu Yu ၾကင္နာတတ္ေသာ ကြမ္ရင္မယ္ေတာ္ထံေတာင္းဆိုအပ္ပါတယ္။ ကၽြန္မကို ကေလးတစ္ေယာက္ေလာက္ ေပးသနားေတာ္မူပါ။ ကၽြန္မ အေဖတာဝန္ေရာ အေေမတာဝန္ေရာ ေက်ပြန္ေစရပါမယ္. ေကာင္းေကာင္းမြန္မြန္ ပညာသင္ေပးၿပီး..." ကေလးတစ္ေယာက္..ကေလးတစ္ေယာက္ပါပဲ။ သူမရဲ႕ မ်ိဳးရိုးနာမည္ကို ခံယူနိုင္တဲ့ကေလးတစ္ေယာက္သာ ရခဲ့လွ်င္ သူမလက္ဖက္ရည္ဆိုင္ေလးအား ကာကြယ္နိုင္ၿပီး သူမဖခင္လည္း ေစာေစာစီးစီးအနားယူနိုင္ေပမည္။

ဆုေတာင္းၿပီးေနာက္ သူမအေမႊးတိုင္တစ္ခ်ိဳ႕ထြန္းညွိပူေဇာ္ခဲ့ျပီး Xiao Zhiႏွင့္အတူ ဘုရားေက်ာင္းအျပင္သို႔ ျပန္ထြက္ခဲ့ၾကသည္။

ကြမ္ရင္မယ္ေတာ္ဘံုေက်ာင္းမွ ျပန္ထြက္ခဲ့ျပီး Chu Zhu Yuတစ္ေယာက္ အျမန္ဆံုးကိုယ္ဝန္ရနိုင္မည့္ နည္းလမ္းကို စဥ္းစားေနခဲ့ခ်ိန္တြင္ Xiao Zhiမ်က္နွာမွာ ေမွာင္မည္းၿပီး စိတ္ဓာတ္က်ပံုေပၚေနခဲ့သည္။

သူက သူမအား မသကၤာသည့္ မ်က္ႏွာျဖင့္ၾကည့္ေနရင္း ရုတ္တရက္ေမးလိုက္သည္။ "မင္းဘုရားေက်ာင္းကိုလာတာ ကေလးရဖို႔ဆုေတာင္းဖို႔လား။?"

"Ah!" Chu Zhu Yuအထိတ္တလန္႔ျဖစ္သြားသည္။ ထိုခဏတြင္ သူမစိတ္ထဲဘာမွမက်န္ေတာ့သလိုခံစားလိုက္ရျပီး သူမျပန္ေမးလိုက္သည္။  : "ရွႈင္ ကၽြန္မဆုေတာင္းတာကို ေခ်ာင္းနားေထာင္ေနတာလား။?"

မဟုတ္ပါဘူး။"

"အဲ့ဒါဆို ရွင္ဘယ္လိုလုပ္သိတာလဲ။?"

"ငါသိုင္းသင္ထားတယ္ေလ။" သူျပန္ေျဖလိုက္သည္။ သူ႔အၾကားအာရံုက သာမန္လူမ်ာထက္ အဆေပါင္းမ်ားစြာထက္ျမက္ေလသည္။

Chu Zhu Yuသူမႏႈတ္ခမ္းကို ကိုက္လိုက္သည္။ "ရွင္ဘာေတြပဲ ၾကားခဲ့ ၾကားခဲ့ ရွင္ဘယ္သူ႔ကိုမွ ျပန္မေျပာသင့္ဘူးေနာ္။" ဘယ္လိုပဲျဖစ္ျဖစ္သူမက လက္မထပ္ရေသးေသာ မိန္းမပ်ိဳေလးျဖစ္သည္။ သို႔ေသာ္ ေသေသခ်ာခ်ာျပန္စဥ္းစားၾကည့္လွ်င္လည္း အကယ္၍ သူမသာ သူစိမ္းတစ္ေယာက္ႏွင့္ ကေလးတစ္ေယာက္သာရနိုင္ခဲ့လွ်င္ သူမတစ္စံုတစ္ေယာက္အား လက္ထပ္ရန္စိုးရိမ္စရာ မလိုေတာ့ေပ။

လက္ထပ္ျခင္းအေၾကာင္း။ ခင္ပြန္းအေၾကာင္းကို သာ ေျပာေနခဲ့ရာ သူမ ထိုအေၾကာင္းကို တစ္ခါမွ မေတြးမိခဲ့ေပ။ သူမလက္ဖက္ရည္ဆိုင္တြင္ ရွိစဥ္က လူမ်ားက ထိုကဲ႔သို႕အေၾကာင္းမ်ားေျပာသည္ကို သူမနားေထာင္ခဲ့ဖူးသည္။ သို႔ေသာ္ သူမ တကယ္ကို လက္ထပ္နိုင္ပါ့မလား။

သူမဦးေလးႏွင့္ သူမေမာင္တစ္ဝမ္းကြဲတို႔က အိမ္တြင္း အရႈပ္အေထြးမ်ား ဖန္တီးေတာ့မည္။  သို႕ေသာ္  ေယာက်္ားတစ္ေယာက္မွ သူမမိသားစုတြင္းသို႔ လက္ထပ္ေစရန္ သင့္ေတာ္ေသာ လက္တြဲေဖာ္တစ္ေယာက္ကိုအပူတျပင္း ရွာရံုမွ်အပ သူမတြင္ ေရြးခ်ယ္စရာလည္း မရွိေတာ့။ သူမထိုအၾကံက ေကာင္းလား မေကာင္းလားကိုပင္ မေတြးခဲ့ဖူးေပ။

လက္မထပ္ဘဲ ကေလးရျခင္းကို လူမည္မွ်က နားလည္ေပးမည္နည္း။ တစ္ခုေတာ့ရွိသည္။ သူမကိုယ္ဝန္ရွိလာလွ်င္ သူမက လူတိုင္းကို ကေလးအေဖသည္ သူမလက္ဖက္ရည္ခင္းမ်ားသို႔ သြားစဥ္တြင္ ေတြ႕ဆံုခဲ့သူတစ္ဦးျဖစ္သည္။ သူမတို႔လက္ထပ္ရန္ျပန္လာခ်ိန္တြင္ ဓားျပမ်ားနွင့္ေတြ႕ကာ သူမခင္ပြန္းက အသတ္ခံလိုက္ရသည္။ သူမတစ္ေယာက္သာ လြတ္ေျမာက္ၿပီး ကေလးကို Luo Yangကို ျပန္ေခၚလာခဲ့ရသည္ဟုေျပာမည္။ ထိုအေၾကာင္းျပခ်က္ကို လူအမ်ားက လက္ခံနိုင္ေခ်ရွိသည္။ ဤရက္ပိုင္းတြင္ ျပည္တြင္းေရးမျငိမ္မသက္ျဖစ္ေနေသာေၾကာင့္ သူပုန္မ်ားနွင့္ ဓားျပမ်ားက ေနရာအနွံ႔တြင္ရွိေနနိုင္သည္ေလ။

Chu Zhu Yuပံုစံက စိတ္ဓာတ္ပံုေပါက္ေနေလရာXiao Zhi ကေမးလိုက္သည္။: "မင္း အခုဘာကို စဥ္းစားေနတာလဲ ငါ့ကိုေျပာ !"

သူက စစ္သူႀကီးေလသံျဖင့္ေျပာလာေသာအခါ သူမမ်က္ေမွာင္က်ံဳ႕လိုက္သည္။ "ကၽြန္မဘာစဥ္းစားေနလဲဆိုတာ ရွင့္ကို ေျပာဖို႔ မလိုဘူးထင္တာပဲ။"

"မင္းက ကေလးရဲ႕-အေဖအေၾကာင္း ေတြးေနတာလား။?" သူမကို ဆြဲဖက္လႈပ္ရမ္းမိေတာ့မည့္ သူ႔စိတ္ကို သူထိန္္းလိုက္သည္။ သူဤကိစၥတြင္ေတာ့ သူမအၾကံကို မုန္းမိပါသည္။ ျဖစ္နိုင္လွ်င္ သူမအား အခ်ိန္ျပည့္ သူ႔အေၾကာင္းကိုသာ ေတြးေနေစခ်င္သည္။

သူဘယ္အခ်ိန္ကတည္းက ဤအေတြးမ်ိဳးဝင္လာရသနည္း။ သူမသိပါ။ အကယ္၍ သူသိလွ်င္လည္း ထိုဆႏၵကို ထိန္းခ်ဳပ္နိုင္လွ်င္ေတာင္ သူထိန္းခ်ဳပ္မည္မဟုတ္ပါ။

Chu Zhu Yu သူ႔အၾကည့္မ်ားကို ေရွာင္လႊဲလိုက္သည္။ ထို႔ေနာက္ အေစာက သူမေျပာေသာ ကေလးနွင့္ ကေလးအေဖႏွင့္ ပတ္သတ္သည့္ အမွန္တရားကို ေျပာလိုက္သည္။

"ငါ ခြင့္မျပဳနိုင္ဘူး။!" သူ႔ႏွာေခါင္းမွ အသက္ရႈသံက ပိုျပင္းလာသည္။

"Hey, ရွင္က ဘာအေၾကာင္းနဲ႔ ကၽြန္မကို ခြင့္မျပဳရတာလဲ။ ah~?" သူမ သူ႕ကို ရန္ေတြ႕မိေတာ့မလိုပင္ ျဖစ္သြားသည္။ သုိ႔ေသာ္ သူမရုတ္တရက္ တစ္စံုတစ္ေယာက္ကုိျမင္လိုက္ေသာအခါ သူမ သူ႔လက္ေမာင္းမ်ားၾကား ဝင္ေရာက္ပုန္းမိလ်က္သားျဖစ္သြားသည္။

သူမမ်က္ႏွာခ်င္းဆိုင္မွ ျဖည္းျဖည္းခ်င္းလမ္းေလွ်ာက္လာသူမွာ တကယ္ေတာ့ သူမေမာင္တစ္ဝမ္းကြဲ Chu Mu Caiႏွင့္ သူ၏ေကာက္က်စ္ေသာ ေနာက္လိုက္ေခြးမ်ားျဖစ္ၾကသည္။

မတ္တပ္ရပ္လ်က္ျမင္လိုက္ရေသာအခါ Chu Zhu Yu ဟုChu Mu Caiထင္လိုက္သည္။ သို႕ေသာ္ သူသံသယျဖစ္ေနေသးသည္။

"အစ္ကိုChu တစ္ခုခုျဖစ္လို႔လား။"

"ငါ့အစ္မ တစ္ဝမ္းကြဲကို ျမင္လိုက္တယ္ထင္လို႔။" Chu Mu Caiေျပာလိုက္သည္။ သူအရပ္ျမင့္ျမင့္ အမ်ိဳးသားကို ေက်ာ္၍ေလွ်ာက္သြားၿပီးေနာက္တြင္မူ သူ႔အစ္မတစ္ဝမ္းကြဲႏွင့္တူေသာ မိန္းကေလးကို ဖက္ထားသည္ကို ေတြ႕လိုက္ရသည္။ သူမမ်က္ႏွာက Chu Zhu Yuႏွင့္ တကယ္ကို တူသည္။

"မင္းအစ္မက Yan Zhouကို လက္ဖက္ေျခာက္ရဖို႔ သြြားတာမဟုတ္ဘူးလား။?"

"အဲ့ဒါေတာ့ဟုတ္ပါတယ္. ဒါေပမဲ့..." Chu Mu Cai ထိုအမ်ိဳးသမီးအား သူမသည္  Chu Zhu Yu ဟုတ္မဟုတ္ ေသခ်ာေအာင္ လုပ္ရန္ဆံုးျဖတ္လိုက္သည္။ သူထိုအမ်ိဳးသမီးမ်က္ႏွာကို တစ္ႀကိမ္ေလာက္သြားၾကည့္ရန္ ဆံုးျဖတ္လိုက္သည္။

Chu Zhu Yuေခါင္းငံု႔ထားလိုက္သည္။ သူမထံနီးကပ္လာေသာ ေျခသံကို ၾကားလိုက္ရခ်ိန္တြင္ သူမငိုခ်င္လာသည္.။

"Jue.. Jue Qing." သူမနူးနူူးညံ့ညံ့ပင္ Xiao Zhiအား ေခၚလိုက္သည္။

"Hah?"

"ရွႈင္ ဘယ္သူမွ ကၽြန္မ မ်က္ႏွာကို မျမင္နိုင္ေအာင္ ဖက္ထားေပးပါ။" သူမလက္မ်ားက သူ႔ခါးကို ဖက္ထားၿပီး သူမေခါင္းကို သူ႔ရင္ခြင္ထဲဖြက္ထားလိုက္သည္။ သူမပါးက သူ႔အနက္ေရာင္ ဝတ္စံုတြင္ တင္းတင္းၾကပ္ၾကပ္ ဖိကပ္ထားသည္။

သူ႔ နွလံုးက ရုတ္တရက္ ျပင္းျပင္းထန္ထန္ခုန္လာသည္။ သူမ၏ ကိုယ္သင္းရနံ႔ကို သူရႈရႈိက္မိလိုက္သည္။

Xiao Zhiလက္မ်ားက သူမပုခံုးေပၚတြင္ ရွိေနျပီး သူမဆံပင္မ်ားေပၚ သူ႔ႏွာေခါင္းနွင့္ အသာအယာပြတ္တိုက္လိုက္ၿပီး သူမ၏ ရနံ႔ေလးကို ရႈရႈိက္လိုက္သည္။

Chu Zhu Yuမ်က္ႏွာ နိီရဲေနခဲ့သည္.။ သို႔ေသာ္ သူမဤကိစၥကို ေခါင္းထဲမထည့္နိုင္ေသး။..

"မိန္းကေလး ကၽြန္ေတာ္က Luo Yangက Chu Mu Caiပါ ။ မင္းရဲ႕ ပံုစံက ကၽြန္ေတာ္သိတဲ့ တစ္စံုတစ္ေယာက္နဲ႔တူေနလို႔။ မိန္းကေလးရဲ့ မ်က္နွာကို တစ္ခ်က္ေလာက္ၾကည့္လို႔ရမလား။" Chu Mu Cai ေမးလိုက္သည္။

 Xiao Zhiကိုဖက္ထားေသာChu Zhu Yuက သူမေခါင္းကို တြင္တြင္ယမ္းျပလိုက္သည္။ ဤအခ်င္းအရာက Chu Mu Cai အားပို၍ သံသယျဖစ္ေစသည္။ "မိန္းကေလး ...ေက်းဇူးျပဳ၍..."

"ထြက္သြား!" Xiao Zhi၏ တည္ျငိမ္ေသာအသံက က်ယ္က်ယ္ေလာင္ေလာင္ထြက္လာသည္။ ထိုအခါမွ Chu Mu Caiထိုမိိန္ကေလးကို ဖက္ထားေသာ အမ်ိဳးသားကို သတိထားမိလိုက္သည္။

သူ႔မ်က္လံုးမ်ားပင္ ျပဴးသြားရသည္။ ထိုမ်က္လံုးမ််ား....ထို အရွိန္အဝါ..... အကယ္၍ သူသာ အျမင္မမွားဘူးဆိုလွ်င္ ထိုအရာအားလံုးကို ပိုင္ဆိုင္ထားသူ တစ္ေယာက္တည္းသာရွိသည္။!

သူရုတ္တရက္ တံေတြးၿမိဳခ်လိုက္သည္။ Chu Mu Caiေၾကာင္ေတာင္ေတာင္ႏွင့္ Xiao Zhi အား တခဏမွ်ေငးၾကည့္ေနမိသည္။

"Xiao..."

"ထြက္သြားစမ္း။ ငါ့ကို ထပ္ေျပာရေအာင္မလုပ္နဲ႔။" Xiao Zhiကို ၾကည့္ရသည္မွာ စိတ္တိုလာပံုပင္။

"ဟုတ္..ဟုတ္..ဟုတ္ကဲ့ ကၽြန္ေတာ္သြားပါ့မယ္။" Chu Mu Cai ေသခ်ာမၾကည့္မိေသာ သူ႔ကိုယ္သူသာ က်ိန္ဆဲလိုက္မိသည္။ အမ်ိဳးသမီးမ်ားကို မႏွစ္သက္ဟု ေက်ာ္ၾကားေသာ စစ္သူႀကီးက ယခု အမ််ိဳးသမီးတစ္ေယာက္ကို ဖက္ထားသည္။ ဤသည္မွာ သတင္းထူးျဖစ္ေသာ္လည္း တိုက္တ္ိုက္ဆိုင္ဆုိင္ပင္ သူကလည္းဝင္တိုးမသည္.။ အကယ္၍ စစ္သူႀကီးကိုသာ ေဒါသထြက္ေစမိလွ်င္ အခ်ိန္မေရြး သူ႔ေခါင္းကိုပင္ ဆံုးရႈံုးလိုက္ရနိုင္သည္။

 Chu Mu Cai အလ်င္အျမန္ပင္ ထြက္ေျပးသြားခဲ့သည္။ တစ္ဖက္တြင္ေတာ့  Chu Zu Yu ဇေဝဇဝါျဖစ္က်န္ခဲ့သည္. ။ သူမ၏ ေမာင္တစ္ဝမ္းကြဲက အျခားသူက ထြက္သြားဟု အမိန့္ေပးလိုက္သည္ႏွင့္ သူတတ္နိုင္သမွ် အျမန္ဆံုးထြက္ေျပးသြားခဲ့သည္ေလ။

သူမမသိေသာ အမွန္တရားတစ္ခုက....သူမေမာင္တစ္ဝမ္းကြဲ ေၾကာက္လန္႔ေနရျခင္းသည္......

13.7.2018

Unicode
The second part of the chapter 8 will about how Zhu Yu "educate" our general how to use his martial art in proper and good way. and Zhu Yu wishes to Avalokitesvara that heard by Xiao Zhi and makes our general asking "why", "what" and "who"....

From this chapter eight part two to the rest chapters, it clearly that general mood is heavily affected by how Zhu Yu acts, Zhu Yu say and even Zhu Yu mood might cause the general mood worse than the ladies "monthly friend", ahahahaahahah

"သိုင်းပညာဆိုတာ ဒီလိုနေရာမှာ သုံးဖို့မဟုတ်ဘူး။!" Chu Zhu Yuက သူ့ကို ဖြည်းဖြည်းခြင်း သင်ပေးရန် ဆုံးဖြတ်လိုက်သည်။ သို့မှသာ သူနောင်တွင် ဤကဲ့သို့ ထပ်မလုပ်တော့မည် ဖြစ်သည်။  "ရှင့်ရဲ့ သိုင်းပညာက တကယ်ကို တော်ပါတယ်။ ဒါပေမဲ့ ရှင်ဒီပညာကို သုံးပြီး သူများကို ထိခိုက်အောင် မလုပ်ရဘူး။"သို့သော် သူက သူမအတွက်သာလုပ်ခဲ့ခြင်း ဖြစ်သည်လေ။

Xiao Zhiခေါင်းငုံ့လိုက်ပြီး  Chu Zhu Yu၏ ဆုံးမနေသော မျက်နှာထားကို အနီးကပ်ကြည့်လိုက်သည်။ သူ့ကို အခြားသူများက ဤပုံစံဖြင့်ပြောရန်မဆိုထားနှင့် စေ့စေ့ပင်မကြည့်ရဲကြပေ။ သူ့လက်တစ်ချက်ဝှေ့ယမ်းရုံမျှဖြင့် လူအများ၏ အသက်ကို ဆုံးဖြတ်နိုင်သူဖြစ်သောကြောင့် လူအများစုက သူ့ကို ကြောက်ရွံ့ကြလျှင်ကြောက်ရွံ့ မဟုတ်လျှင် သူ့ရှေ့ရောက်သည်နှင့် အားနည်းသူများဖြစ်သွားသည်။

ဤလောကကြီးတွင် သူ့ကို မကြောက်ရွံ့သူ အလွန်ကို နည်းပါးသည်။

သူမကိုတော့ ထိုလူအနည်းငယ်တွင် မထည့်လိုပါ။  Zhu Yu, သူ၏ အဖိုးတန်ရတနာလေးကို....

"မင်းငါ့ကို စကားပြောတဲ့ပုံကို သဘောကျတယ်။" သူရုတ်တရက်ဖြတ်ပြောလိုက်သည်။

"Hah?" Chu Zhu Yuဆွံ့အသွားသည်။ သူမဤမျှလောက်တောင် အချိန်အကြာကြီးပြောနေတာတောင် သူကဘာမှမဆိုင်သော စကားတစ်ခွန်းဖြင့်သာ တုံ့ပြန်သည်လား။....

"မင်းက ငါ့ကို လုံးဝမကြောက်ဘူးပဲ။ ကောင်းလိုက်တာ။.." သူမပါးကို သူ့လက်ချောင်းထိပ်များဖြင့် ခပ်ဖွဖွတို့ထိရင်းပြောလိုက်သည်။

သူမကြောင်အစွာရပ်နေခဲ့ချိန်တွင် သူ့လက်ချောင်းထိပ်များက သူမပါးကို ညင်သာစွာ တို့ထိနေခဲ့သည်။ သူမမျက်နှာ ပူလာပြီး နီရဲလာသလို ခံစားလိုက်ရသည်။

ထိုလူများကို အကြောပြန်ဖွင့်ပေးရန် Xiao Zhiအချိန်အကြာကြီးမယူလိုက်ရပေ။ သို့သော် အကြောပွင့်သွားသည်နှင့် ထိုသူများက ရုတ်ရုတ်သဲသဲဖြစ်လားသောကြောင့် Chu Zhu Yu သူ့ကို ဆွဲပြီး ဘုရားကျောင်းတွင်း ပြေးဝင်ခဲ့လိုက်သည်။

ကံကောင်းထောက်မစွာပင် ဘုရားကျောင်းတွင်းရှိလူများက ပြင်ပတွင် ဘာဖြစ်နေသည်ကို မသိကြသောကြောင့် သူမတို့နှစ်ယောက် ကွမ်ရင်မယ်တော်ကို အေးဆေး ကန်တော့နိုင်ခဲ့သည်။

ကွမ်ရင်မယ်တော်ရုပ်ထုမှာ ကြာပလ္လင်ပေါ်တွင် အေးချမ်းစွာတည်ရှိနေခဲ့သည်။

ကြင်နာခြင်း ဂုဏ်ရှိခြင်း ကျက်သရေရှိခြင်း ထိုစကားလုံးများဖြင့်သာ ကွမ်ရင်မယ်တော်အား ဖော်ပြနိုင်စွမ်းသည်။ သူမ၏ အပြုံးမျက်နှာဖြင့် တစ်ကမ္ဘာလုံးကို ချမ်းသာရာရစေနိုင်သည်။

Chu Zhu Yuသူမ Xiao Zhiလက်အား ဆုပ်ကိုင်ထားသည်ကို လွှတ်လိုက်ပြီး ကွမ်ရင်မယ်တော်ရှေ့တွင် ကျိုးနွံစွာ ဒူူးထောက်ပြီး ခပ်တိုးတိုး ဆုတောင်းလိုက်သည်။ "သမီးတော်Zhu Yu ကြင်နာတတ်သော ကွမ်ရင်မယ်တော်ထံတောင်းဆိုအပ်ပါတယ်။ ကျွန်မကို ကလေးတစ်ယောက်လောက် ပေးသနားတော်မူပါ။ ကျွန်မ အဖေတာဝန်ရော အေမေတာဝန်ရော ကျေပွန်စေရပါမယ်. ကောင်းကောင်းမွန်မွန် ပညာသင်ပေးပြီး..." ကလေးတစ်ယောက်..ကလေးတစ်ယောက်ပါပဲ။ သူမရဲ့ မျိုးရိုးနာမည်ကို ခံယူနိုင်တဲ့ကလေးတစ်ယောက်သာ ရခဲ့လျှင် သူမလက်ဖက်ရည်ဆိုင်လေးအား ကာကွယ်နိုင်ပြီး သူမဖခင်လည်း စောစောစီးစီးအနားယူနိုင်ပေမည်။

ဆုတောင်းပြီးနောက် သူမအမွှေးတိုင်တစ်ချို့ထွန်းညှိပူဇော်ခဲ့ပြီး Xiao Zhiနှင့်အတူ ဘုရားကျောင်းအပြင်သို့ ပြန်ထွက်ခဲ့ကြသည်။

ကွမ်ရင်မယ်တော်ဘုံကျောင်းမှ ပြန်ထွက်ခဲ့ပြီး Chu Zhu Yuတစ်ယောက် အမြန်ဆုံးကိုယ်ဝန်ရနိုင်မည့် နည်းလမ်းကို စဉ်းစားနေခဲ့ချိန်တွင် Xiao Zhiမျက်နှာမှာ မှောင်မည်းပြီး စိတ်ဓာတ်ကျပုံပေါ်နေခဲ့သည်။

သူက သူမအား မသင်္ကာသည့် မျက်နှာဖြင့်ကြည့်နေရင်း ရုတ်တရက်မေးလိုက်သည်။ "မင်းဘုရားကျောင်းကိုလာတာ ကလေးရဖို့ဆုတောင်းဖို့လား။?"

"Ah!" Chu Zhu Yuအထိတ်တလန့်ဖြစ်သွားသည်။ ထိုခဏတွင် သူမစိတ်ထဲဘာမှမကျန်တော့သလိုခံစားလိုက်ရပြီး သူမပြန်မေးလိုက်သည်။  : "ရှှုင် ကျွန်မဆုတောင်းတာကို ချောင်းနားထောင်နေတာလား။?"

မဟုတ်ပါဘူး။"

"အဲ့ဒါဆို ရှင်ဘယ်လိုလုပ်သိတာလဲ။?"

"ငါသိုင်းသင်ထားတယ်လေ။" သူပြန်ဖြေလိုက်သည်။ သူ့အကြားအာရုံက သာမန်လူမျာထက် အဆပေါင်းများစွာထက်မြက်လေသည်။

Chu Zhu Yuသူမနှုတ်ခမ်းကို ကိုက်လိုက်သည်။ "ရှင်ဘာတွေပဲ ကြားခဲ့ ကြားခဲ့ ရှင်ဘယ်သူ့ကိုမှ ပြန်မပြောသင့်ဘူးနော်။" ဘယ်လိုပဲဖြစ်ဖြစ်သူမက လက်မထပ်ရသေးသော မိန်းမပျိုလေးဖြစ်သည်။ သို့သော် သေသေချာချာပြန်စဉ်းစားကြည့်လျှင်လည်း အကယ်၍ သူမသာ သူစိမ်းတစ်ယောက်နှင့် ကလေးတစ်ယောက်သာရနိုင်ခဲ့လျှင် သူမတစ်စုံတစ်ယောက်အား လက်ထပ်ရန်စိုးရိမ်စရာ မလိုတော့ပေ။

လက်ထပ်ခြင်းအကြောင်း။ ခင်ပွန်းအကြောင်းကို သာ ပြောနေခဲ့ရာ သူမ ထိုအကြောင်းကို တစ်ခါမှ မတွေးမိခဲ့ပေ။ သူမလက်ဖက်ရည်ဆိုင်တွင် ရှိစဉ်က လူများက ထိုကဲ့သို့အကြောင်းများပြောသည်ကို သူမနားထောင်ခဲ့ဖူးသည်။ သို့သော် သူမ တကယ်ကို လက်ထပ်နိုင်ပါ့မလား။

သူမဦးလေးနှင့် သူမမောင်တစ်ဝမ်းကွဲတို့က အိမ်တွင်း အရှုပ်အထွေးများ ဖန်တီးတော့မည်။  သို့သော်  ယောကျ်ားတစ်ယောက်မှ သူမမိသားစုတွင်းသို့ လက်ထပ်စေရန် သင့်တော်သော လက်တွဲဖော်တစ်ယောက်ကိုအပူတပြင်း ရှာရုံမျှအပ သူမတွင် ရွေးချယ်စရာလည်း မရှိတော့။ သူမထိုအကြံက ကောင်းလား မကောင်းလားကိုပင် မတွေးခဲ့ဖူးပေ။

လက်မထပ်ဘဲ ကလေးရခြင်းကို လူမည်မျှက နားလည်ပေးမည်နည်း။ တစ်ခုတော့ရှိသည်။ သူမကိုယ်ဝန်ရှိလာလျှင် သူမက လူတိုင်းကို ကလေးအဖေသည် သူမလက်ဖက်ရည်ခင်းများသို့ သွားစဉ်တွင် တွေ့ဆုံခဲ့သူတစ်ဦးဖြစ်သည်။ သူမတို့လက်ထပ်ရန်ပြန်လာချိန်တွင် ဓားပြများနှင့်တွေ့ကာ သူမခင်ပွန်းက အသတ်ခံလိုက်ရသည်။ သူမတစ်ယောက်သာ လွတ်မြောက်ပြီး ကလေးကို Luo Yangကို ပြန်ခေါ်လာခဲ့ရသည်ဟုပြောမည်။ ထိုအကြောင်းပြချက်ကို လူအများက လက်ခံနိုင်ချေရှိသည်။ ဤရက်ပိုင်းတွင် ပြည်တွင်းရေးမငြိမ်မသက်ဖြစ်နေသောကြောင့် သူပုန်များနှင့် ဓားပြများက နေရာအနှံ့တွင်ရှိနေနိုင်သည်လေ။

Chu Zhu Yuပုံစံက စိတ်ဓာတ်ပုံပေါက်နေလေရာXiao Zhi ကမေးလိုက်သည်။: "မင်း အခုဘာကို စဉ်းစားနေတာလဲ ငါ့ကိုပြော !"

သူက စစ်သူကြီးလေသံဖြင့်ပြောလာသောအခါ သူမမျက်မှောင်ကျုံ့လိုက်သည်။ "ကျွန်မဘာစဉ်းစားနေလဲဆိုတာ ရှင့်ကို ပြောဖို့ မလိုဘူးထင်တာပဲ။"

"မင်းက ကလေးရဲ့-အဖေအကြောင်း တွေးနေတာလား။?" သူမကို ဆွဲဖက်လှုပ်ရမ်းမိတော့မည့် သူ့စိတ်ကို သူထိန်းလိုက်သည်။ သူဤကိစ္စတွင်တော့ သူမအကြံကို မုန်းမိပါသည်။ ဖြစ်နိုင်လျှင် သူမအား အချိန်ပြည့် သူ့အကြောင်းကိုသာ တွေးနေစေချင်သည်။

သူဘယ်အချိန်ကတည်းက ဤအတွေးမျိုးဝင်လာရသနည်း။ သူမသိပါ။ အကယ်၍ သူသိလျှင်လည်း ထိုဆန္ဒကို ထိန်းချုပ်နိုင်လျှင်တောင် သူထိန်းချုပ်မည်မဟုတ်ပါ။

Chu Zhu Yu သူ့အကြည့်များကို ရှောင်လွှဲလိုက်သည်။ ထို့နောက် အစောက သူမပြောသော ကလေးနှင့် ကလေးအဖေနှင့် ပတ်သတ်သည့် အမှန်တရားကို ပြောလိုက်သည်။

"ငါ ခွင့်မပြုနိုင်ဘူး။!" သူ့နှာခေါင်းမှ အသက်ရှုသံက ပိုပြင်းလာသည်။

"Hey, ရှင်က ဘာအကြောင်းနဲ့ ကျွန်မကို ခွင့်မပြုရတာလဲ။ ah~?" သူမ သူ့ကို ရန်တွေ့မိတော့မလိုပင် ဖြစ်သွားသည်။ သို့သော် သူမရုတ်တရက် တစ်စုံတစ်ယောက်ကိုမြင်လိုက်သောအခါ သူမ သူ့လက်မောင်းများကြား ဝင်ရောက်ပုန်းမိလျက်သားဖြစ်သွားသည်။

သူမမျက်နှာချင်းဆိုင်မှ ဖြည်းဖြည်းချင်းလမ်းလျှောက်လာသူမှာ တကယ်တော့ သူမမောင်တစ်ဝမ်းကွဲ Chu Mu Caiနှင့် သူ၏ကောက်ကျစ်သော နောက်လိုက်ခွေးများဖြစ်ကြသည်။

မတ်တပ်ရပ်လျက်မြင်လိုက်ရသောအခါ Chu Zhu Yu ဟုChu Mu Caiထင်လိုက်သည်။ သို့သော် သူသံသယဖြစ်နေသေးသည်။

"အစ်ကိုChu တစ်ခုခုဖြစ်လို့လား။"

"ငါ့အစ်မ တစ်ဝမ်းကွဲကို မြင်လိုက်တယ်ထင်လို့။" Chu Mu Caiပြောလိုက်သည်။ သူအရပ်မြင့်မြင့် အမျိုးသားကို ကျော်၍လျှောက်သွားပြီးနောက်တွင်မူ သူ့အစ်မတစ်ဝမ်းကွဲနှင့်တူသော မိန်းကလေးကို ဖက်ထားသည်ကို တွေ့လိုက်ရသည်။ သူမမျက်နှာက Chu Zhu Yuနှင့် တကယ်ကို တူသည်။

"မင်းအစ်မက Yan Zhouကို လက်ဖက်ခြောက်ရဖို့ သွားတာမဟုတ်ဘူးလား။?"

"အဲ့ဒါတော့ဟုတ်ပါတယ်. ဒါပေမဲ့..." Chu Mu Cai ထိုအမျိုးသမီးအား သူမသည်  Chu Zhu Yu ဟုတ်မဟုတ် သေချာအောင် လုပ်ရန်ဆုံးဖြတ်လိုက်သည်။ သူထိုအမျိုးသမီးမျက်နှာကို တစ်ကြိမ်လောက်သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

Chu Zhu Yuခေါင်းငုံ့ထားလိုက်သည်။ သူမထံနီးကပ်လာသော ခြေသံကို ကြားလိုက်ရချိန်တွင် သူမငိုချင်လာသည်.။

"Jue.. Jue Qing." သူမနူးနူူးညံ့ညံ့ပင် Xiao Zhiအား ခေါ်လိုက်သည်။

"Hah?"

"ရှှုင် ဘယ်သူမှ ကျွန်မ မျက်နှာကို မမြင်နိုင်အောင် ဖက်ထားပေးပါ။" သူမလက်များက သူ့ခါးကို ဖက်ထားပြီး သူမခေါင်းကို သူ့ရင်ခွင်ထဲဖွက်ထားလိုက်သည်။ သူမပါးက သူ့အနက်ရောင် ဝတ်စုံတွင် တင်းတင်းကြပ်ကြပ် ဖိကပ်ထားသည်။

သူ့ နှလုံးက ရုတ်တရက် ပြင်းပြင်းထန်ထန်ခုန်လာသည်။ သူမ၏ ကိုယ်သင်းရနံ့ကို သူရှုရှိုက်မိလိုက်သည်။

Xiao Zhiလက်များက သူမပုခုံးပေါ်တွင် ရှိနေပြီး သူမဆံပင်များပေါ် သူ့နှာခေါင်းနှင့် အသာအယာပွတ်တိုက်လိုက်ပြီး သူမ၏ ရနံ့လေးကို ရှုရှိုက်လိုက်သည်။

Chu Zhu Yuမျက်နှာ နီရဲနေခဲ့သည်.။ သို့သော် သူမဤကိစ္စကို ခေါင်းထဲမထည့်နိုင်သေး။..

"မိန်းကလေး ကျွန်တော်က Luo Yangက Chu Mu Caiပါ ။ မင်းရဲ့ ပုံစံက ကျွန်တော်သိတဲ့ တစ်စုံတစ်ယောက်နဲ့တူနေလို့။ မိန်းကလေးရဲ့ မျက်နှာကို တစ်ချက်လောက်ကြည့်လို့ရမလား။" Chu Mu Cai မေးလိုက်သည်။

 Xiao Zhiကိုဖက်ထားသောChu Zhu Yuက သူမခေါင်းကို တွင်တွင်ယမ်းပြလိုက်သည်။ ဤအချင်းအရာက Chu Mu Cai အားပို၍ သံသယဖြစ်စေသည်။ "မိန်းကလေး ...ကျေးဇူးပြု၍..."

"ထွက်သွား!" Xiao Zhi၏ တည်ငြိမ်သောအသံက ကျယ်ကျယ်လောင်လောင်ထွက်လာသည်။ ထိုအခါမှ Chu Mu Caiထိုမိန်ကလေးကို ဖက်ထားသော အမျိုးသားကို သတိထားမိလိုက်သည်။

သူ့မျက်လုံးများပင် ပြူးသွားရသည်။ ထိုမျက်လုံးမျျား....ထို အရှိန်အဝါ..... အကယ်၍ သူသာ အမြင်မမှားဘူးဆိုလျှင် ထိုအရာအားလုံးကို ပိုင်ဆိုင်ထားသူ တစ်ယောက်တည်းသာရှိသည်။!

သူရုတ်တရက် တံတွေးမြိုချလိုက်သည်။ Chu Mu Caiကြောင်တောင်တောင်နှင့် Xiao Zhi အား တခဏမျှငေးကြည့်နေမိသည်။

"Xiao..."

"ထွက်သွားစမ်း။ ငါ့ကို ထပ်ပြောရအောင်မလုပ်နဲ့။" Xiao Zhiကို ကြည့်ရသည်မှာ စိတ်တိုလာပုံပင်။

"ဟုတ်..ဟုတ်..ဟုတ်ကဲ့ ကျွန်တော်သွားပါ့မယ်။" Chu Mu Cai သေချာမကြည့်မိသော သူ့ကိုယ်သူသာ ကျိန်ဆဲလိုက်မိသည်။ အမျိုးသမီးများကို မနှစ်သက်ဟု ကျော်ကြားသော စစ်သူကြီးက ယခု အမျျိုးသမီးတစ်ယောက်ကို ဖက်ထားသည်။ ဤသည်မှာ သတင်းထူးဖြစ်သော်လည်း တိုက်တိုက်ဆိုင်ဆိုင်ပင် သူကလည်းဝင်တိုးမသည်.။ အကယ်၍ စစ်သူကြီးကိုသာ ဒေါသထွက်စေမိလျှင် အချိန်မရွေး သူ့ခေါင်းကိုပင် ဆုံးရှုံးလိုက်ရနိုင်သည်။

 Chu Mu Cai အလျင်အမြန်ပင် ထွက်ပြေးသွားခဲ့သည်။ တစ်ဖက်တွင်တော့  Chu Zu Yu ဇဝေဇဝါဖြစ်ကျန်ခဲ့သည်. ။ သူမ၏ မောင်တစ်ဝမ်းကွဲက အခြားသူက ထွက်သွားဟု အမိန့်ပေးလိုက်သည်နှင့် သူတတ်နိုင်သမျှ အမြန်ဆုံးထွက်ပြေးသွားခဲ့သည်လေ။

သူမမသိသော အမှန်တရားတစ်ခုက....သူမမောင်တစ်ဝမ်းကွဲ ကြောက်လန့်နေရခြင်းသည်......

13.7.2018

Continue Reading

You'll Also Like

1.8M 275K 82
Type - Web Novel (CN) Title - Tyrant Pampering Wife Diary (暴君宠婚日常) Author - To Know One Thousand In A Day /Yī rì zhī qiān/ (一日知千) Genre - Comedy, Rom...
67.4K 6.9K 97
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
2.9K 177 4
ဒီNovelေလးကေတာ့ Put Your Head On My Shoulderဆိုတဲ့ နာမည္နဲ႔ ဇာတ္လမ္းတြဲရိုက္ထားတဲ့ Novelေလးပဲ ျဖစ္ပါတယ္။ စာေတာ္ျပီး အေနေအးတဲ့ ေက်ာင္းသား ကုေဝယိနဲ႔ သြ...
27.7K 1.5K 4
"သခင်​မ​လေး စွပ်​ပြုတ်​ကို​သောက်​ပါ ပြီးရင်​အရာအားလုံးကို​မေ့ပစ်​ပါ။ ဒီဘဝရဲ့ နာကျင်​ခံစားရမှု​တွေ ၊ အ​တောမသတ်​နိုင်​တဲ့ဆန္ဒ​တွေမရှိပဲနဲ့ ဘဝသစ်​မှာ ပြ...