You Are The Other Half Of Me

Bởi Memo227

171K 10.1K 481

ကုိယ္​ခ်စ္​​ရ​ေသာ ... ​ကုိယ္႕​​ရဲ႕. .....အသည္​းတျခမ္​း​ "လင္​း" ♡ ♡ ♡ ကိုယ်ချစ်ရသော... ကိုယ့်ရဲ့ ..... အသည်းတ... Xem Thêm

Profile & Characters
memo 1
memo 2
memo 3
memo 4
memo 5
memo 6
memo 7
memo 8
memo 9
memo 10
memo 11
memo 12
memo 13
memo 14
memo 15
memo 16
memo 17
memo 18
memo 19
memo 20
memo 21
memo 22
memo 23
memo 24
memo 25
memo 26
memo 27
memo 28
memo 29
memo 30
memo 31
Acknowledgement
memo 32
memo 33
memo 34
memo
memo 35
memo 36
memo 38 (Final)
Plz
Extra 1

memo 37

3K 190 14
Bởi Memo227

"ZawGyi"

♬ အနီးဆံုးရန္​သူကို
♬  မ​ေႂကြတာ​ေကာင္​းပါတယ္​♪ ♬

♬ စာအုပ္​​ေတြ ​ေန႔စဥ္​ဖတ္​ပါတယ္​ ♪ ♪

♬ ♬ ဟာသ​ေတြ ​ေန႔စဥ္​ၾကည္​့​ေသာ္​လည္​း ♪

♬ ၁၅ မိနစ္​ ​ေက်ာ္​လာရင္​ အလိုလိုလြမ္​းလာတယ္​ ♬

♬ ♪ ...♬ ♪ ♬ ♪

​အိမ္​​ေ႐ွ႕အိမ္​ကဖြင္​့ထားတဲ့ သီခ်င္​းသံက လင္းသူ​ထိုင္​​ေနတဲ့ ဆီကို လြင့္ပ်ံလာတယ္​။ စာအုပ္​တစ္​အုပ္​ကိုင္​ၿပီး ဖြင္​့ထားတဲ့ စာမ်က္​ႏွာ​ေပၚမွာ တစ္​စံုတစ္​​ေယာက္​ရဲ႕ မ်က္​ႏွာကို ျမင္​​ေယာင္​​ေနတဲ့ လင္​းသူက​ေတာ့ ၾကားလိုက္​ရတဲ့ သီခ်င္​းသံ​ေၾကာင္​့ သက္​ျပင္​း​ေလး​ေလးႀကီးတစ္​ခုကို ခ်လိုက္​မိတယ္​...

လူ​ေတြမ်ား... တစ္​​ေယာက္​​ေယာက္​စိတ္​ဒုကၡ​ေရာက္​​ေနၿပီဆို မီး​ေလာင္​ရာ​ေလပင္​့ သိပ္​လုပ္​ခ​်င္​ၾကတာပဲလို႔ ​မဆီမဆိုင္​နဲ႔​ေတြးၿပီး အ​ေ႐ွ႕ကအိမ္​ကို မ်က္​​ေစာင္​းအႀကီးႀကီး လွမ္​းထိုးလိုက္​တယ္​။ သူတို႔ဘာသာ ​ေဝလႀကိဳက္​လို႔ ဖြင့္ထားတာကို သူ႔ကို​ေစာင္​းဆို​ေနတယ္​လို႔ ထင္​​ေနမိျပန္​​ေရာ။ လင္​းသူ...ကိုယ္​့ကိုယ္​ကိုလည္​း မ​ေက်နပ္​ဘူး။ တစ္​စံုတစ္​​ေယာက္​ကိုလည္​း မ​ေက်နပ္​ဘူး။ မုန္​းခိုင္​းတိုင္​း မမုန္​းႏိုင္ဘူး ဆိုသလိုပဲ မုန္​းဖို႔​ေန​ေနသာသာ ၁၅ မိနစ္​ ​​ေတာင္​မၾကာပဲ လြမ္​း​ေနမိတဲ့ အနီးဆံုးရန္သူ​ကို အျမင္​ကပ္​​ေနမိတယ္​။ ဒါ​ေၾကာင္​့​ေျပာပါတယ္​.... ဒီသီခ်င္​း သူ႔ကို​ေစာင္​းဆို​ေနတာပါဆို....

လင္​းသူလည္​း စာအုပ္​ကိုင္​ၿပီး ​ေတြး​ေနတာ သူငယ္​ခ်င္​း ျပန္​​ေရာက္​လာတာ​ေတာင္​ မသိလိုက္​ဘူး။

"ျပန္​လာၿပီလား"

"​ေအး ျပန္​လာၿပီ။ ည​ေနစာ ဘယ္မွာ​စားမလဲ"

"အဆင္​​ေျပသလို​ေပါ့ကြာ"

"ဟုတ္​ပါၿပီ။ မင္​း​ေရာ အဆင္​​ေျပရဲ႕လား"

"ဘာကိုလဲ..."

"မင္​းျပသနာကို​ေျပာတာ​ေလကြာ။ ၿပီး​ေတာ့ ဘယ္​​ေန႔ျပန္​မွာလဲ ႀကိဳ​ေျပာ​ေနာ္​။ လက္​မွတ္​က ႀကိဳဝယ္​ရမွာ"

လင္​းသူက မ်က္​ႏွာပုပ္​ႀကီးနဲ႔ လွမ္​းၾကည္​့ၿပီး

"ဘာလဲ မင္​းက ငါ့ကို​ႏွင္​လႊတ္​​ေနတာလား။ ငါ့မွာ​ေတာ့ သူငယ္​ခ်င္​း​ေလး တစ္​​ေယာက္​႐ွိတယ္​ဆိုၿပီး အားကိုးလိုက္​ရတာ.....ဟြန္​း"

"မင္​းကလဲကြာ....ဟာသ​ေတြ​ေျပာမ​ေနနဲ႔။ မင္​းရံုးက ခြင္​့​ေစ့ရင္​ ျပန္​ရမွာပဲ​ေလ။ ​ေတာ္​ၾကာ လက္​မွတ္​မရမွာ ိစိုးလို႔ ငါကႀကိဳ​ေျပာရတာ"

လင္​းသူလည္​း ဘာမွ​မ​ေျပာပဲ ၿငိမ္​​ေနလိုက္တယ္။ ​​ခ်စ္​သူ​ေအာင္​ကို ​ပညာ​ေပးခ်င္​တာနဲ႔ပဲ မုံရြာမွာ႐ွိသည္​့ သူငယ္​ခ်င္​းတစ္​​ေယာက္​ဆီကုိ ခရီးထြက္​လာခဲ့ျခင္​းျဖစ္​သည္​။ ၫႊန္​ၾကား​ေရးမႉးကို​ေတာ့ သူငယ္​ခ်င္​းမဂၤလာ​ေဆာင္​ ဆိုၿပီး ညာ​ေျပာခဲ့ျခင္​းပင္​။ တကယ္​​ေတာ့ ခ်စ္​သူ​ေအာင္​ကို စိတ္​ဆင္​းရဲ​ေအာင္​ လုပ္​ပစ္​မယ္​လို႔ ႀကိမ္​းဝါးၿပီး ဒီခရီးကို ထြက္​ခဲ့တာပဲ။ ဒါ​ေပမယ္​့ ကုိယ္​့ကိုယ္​ကို ညႇင္​းပမ္​း​ေနတာနဲ႔​ေတာင္​ ပိုၿပီးတူ​ေနတာကို ဘယ္​လိုလုပ္​ရပါ့မလဲ။ ကုိယ္​မ႐ွိတဲ့​ေနရာမွာ သူ႔ကိုစိတ္​ဆင္​းရဲၿပီး က်န္​​ေန​ေစခ်င္​​ေပမယ္​့ သူမ႐ွိတဲ့​ေနရာမွာ ကိုယ္တိုင္​ စိတ္​ပင္​ပန္​း​ေနရမယ္​လို႔ မထင္​ခဲ့မိဘူး။ သူ႔ကို မုန္​းတဲ့အမုန္​း​ေတြနဲ႔ ​ေတာင္​့ခံထားမယ္​လို႔ စဥ္​းစားခဲ့​ေပမယ္​့ မမုန္​းႏိုင္​တာက ခက္​တယ္​။ ဒါ​ေပမယ္​့ . . . ကိုယ္​ကသူ႔ကို မမုန္​းႏိုင္ မ​ေမ့ႏိုင္​​ေသာ္​ျငား သူကကိုယ္​့ကို ​ေမ့လိုက္​မယ္​ဆိုရင္​​ေရာ. . .

အ​ေတြးနဲ႔တင္​ လင္​းသူရင္​ထဲမွာ တင္​းက်ပ္​သြားတယ္​။ ဟင္​့အင္​း.... အဲလိုမျဖစ္​ရဘူး။ လင္​းသူ ​ေတြးရင္​းနဲ႔​ဝမ္​းနည္​းလာၿပီး ဒိုင္​ယာရီ​ေတြ ​ေကာက္​​ေရး​ေနမိတယ္​။

စာအုပ္​ထဲမွာ​ေတာ့ ခ်စ္​သူ​ေအာင္​ကို တိုင္​တည္​ရင္​းနဲ႔​ေပါ့

✒✒✒✒✒✒✒✒✒✒

" ခ်စ္​သူ​ေအာင္​. . . ခ်စ္​သူ​ေအာင္​

မင္း​ေျပာ​ေတာ့ ငါ့ကို အရမ္​းခ်စ္​တယ္​ဆို...

ခဲမွန္​ဖူးတဲ့ စာသူငယ္​မို႔ မယံုရဲတဲ့ ကိုယ္​့ရဲ႕ႏွလံုးသားကို ကုစား​ေပးမယ္​့သူပါဆို....

အခု​ေတာ့ ဒဏ္​ရာ​ေတြ ထပ္​​ေပးရက္​တယ္​​ေနာ္​...

ငါနဲ႔ပတ္​သက္​တဲ့အရာ​ေတြအားလံုးကို သိခ်င္​တယ္​ဆိုၿပီး မင္​းအ​ေၾကာင္​း​ေတြကို​ေတာ့ ငါ့ကို မ​ေျပာျပခဲ့ဘူး​ေနာ္​...

ခ်စ္​ ရာ.... မင္​း အရမ္​းရက္​စက္​တာပဲကြာ။ ငါ့အတြက္​ ဘဝမွာ ယံုၾကည္​ရတဲ့ အရင္​းနီးဆံုးသူက မင္​းပဲဆိုတာ သိရဲ႕သားနဲ႔ ငါ့ရဲ႕ယံုၾကည္​မႈကို အလြဲသံုးစားလုပ္​ရက္​တယ္​​ေနာ္​.....

ဒါ​ေပမယ္​့လည္​း​ေလ....

ငါ အခု မင္​းကိုလြမ္​း​​ေနတယ္​.... မင္​းငါ့ကို ထားသြားမလားလို႔ ​ေတြးလိုက္​မိတဲ့​ေန႔ကစၿပီး ပိုလို႔လြမ္​းလာတာကို ဘယ္​လိုလုပ္​ရမလဲ...ဘယ္​လိုလုပ္​ရမလဲ ...."

✒✒✒✒✒✒✒✒✒✒

​ေရးခ်င္​တာ​ေတြ ​ေလွ်ာက္​​ေရးၿပီး ​ေတြးခ်င္​တာ​ေတြ ​ေလွ်ာက္​​ေတြး​ေနမိတာပါ။

တကယ္​​ေတာ့ ခ်စ္​သူ​ေအာင္​ဘက္​က ဆက္​သြယ္​လို႔ရမယ္​့လမ္​း​ေၾကာင္​း မွန္​သမွ် ျဖတ္​​ေတာက္​ ထားခဲ့တာသူပါ။ ဖုန္​းကို black list ထဲ ထည္​့ထားၿပီး FB , Viber ​ေတြမွာလည္​း block ထားခဲ့တာ။ ဒါ​ေပမယ္​့ ခုလို မ​ေနႏိုင္​လို႔ ျပန္​ဖြင္​့ၾကည္​့မယ္​ စိတ္​ကူး​ေပမယ္​့လည္​း မဖြင္​့ရဲျပန္​ဘူး။ အကယ္​၍မ်ား သူမဆက္​သြယ္​ထားရင္​ ဆိုၿပီး ​ေၾကာက္​​ေနမိျပန္​​ေရာ။ လင္​းသူ အ​ေတြး​ေတြမ်ား​ေနတုန္​းမွာပဲ သူ႔ဖုန္​းထဲက​ေန G-mail noti တက္​လာတယ္​။ သူ႔ဆီ mail ပို႔မယ္​သူလည္း​မ႐ွိပဲ mail ဝင္လာတယ္​ဆို​ေတာ့ ထူးဆန္​းသြားတယ္​။ ပို႔လာတဲ့ acc နာမည္​ကို ၾကည္​့လိုက္​​ေတာ့ ပိုျပီးအံ့ျသသြားတယ္​ " chitthuaung.00 @gmail.com" တဲ့​ေလ . . .

အမွန္​အတိုင္​း​ေျပာရရင္​ ခ်စ္​သူ​ေအာင္​ ဆက္​သြယ္လို႔မရ​ေအာင္​ လုပ္​ထား​ေပမယ္​့ အခုလို မရ ရတဲ့နည္​းနဲ႔ ဆက္​သြယ္​ဖို႔ ၾကဳိးစား​လာ​ေတာ့ လင္​းသူ အ​ရည္​​ေပ်ာ္​ၿပီ​ေပါ့။ mail ကိုၾကည္​့ၿပီး စိတ္​လႈပ္​႐ွားစြာနဲ႔ပဲ ျမန္​ျမန္​ဖြင္​့ဖတ္​လိုက္​တယ္​။ စာ​ေလးက တိုတို​ေလးပဲ ​ေရးထား​ေပမယ္​့ သူ႔ရင္​ထဲမွာ​ေတာ့ ထိသြားတယ္​။

{ လင္​း​ေရ

ကိုယ္​့ကိုမုန္​းလို႔ အ​ေဝးကိုထြက္​သြားတာလားကြာ။ အ​ေၾကာင္​းစံုကို ​ေျပာျပခ်င္​​ေပမယ္​့ အဲဒါ​ေတြက ကိုယ္​့အမွားရဲ႕ဆင္​​ေျခ​ေတြပါ။ ဟုတ္​ပါတယ္​။ လင္​း​ေျပာသလိုပဲ ဆင္​​ေျခ​ေတြပါ။ ဒါ​ေၾကာင္​့မို႔ ကိုယ္​ဆင္​​ေျခ​ေတြ ထပ္​ၿပီး မ​ေပး​ေတာ့ပါဘူး။ မွန္​ရာကိုပဲ ဆိုပါ​ေတာ့မယ္​....။ ကိုယ္​လင္​း​ကို အရမ္​းခ်စ္​တယ္​။ ဒါဟာ မွန္​​ေသာသစၥာပါ။ ယံုပါလင္​းရယ္​။ ဒီစာကိုဖတ္​ၿပီး ​ေခါင္​းမခါလိုက္​ပါနဲ႔​ေနာ္​။ ၿပီး​ေတာ့ ကိုယ္​့သစၥာသာမွန္​ရင္​ လင္​း ကိုယ္​့နားကို ျပန္​​ေရာက္​ပါ​ေစသားလို႔ ဆု​ေတာင္​းလိုက္​တယ္​။ ကိုယ္​့ဆု​ေတာင္​း ျပည္​့မွာပါ​ေနာ္​။ ကိုယ္​့အမွား​ေတြကို ခြင္​့လႊတ္​​ေပးဖို႔မ​ေတာင္​းဆိုပါဘူး။ ကုိယ္​့နားပဲ ျပန္​လာ​ေပးပါလင္​းရယ္​။ လင္​းရဲ႕အမုန္​း​ေတြကို အျပည္​့အဝခံယူပါ့မယ္​။ ကိုယ္​့ကို အမ်ားႀကီးခ်စ္​​ေပးဖို႔ မ​ေတာင္​းဆိုပါဘူး။ ကိုယ္​ကပဲ အမ်ားႀကီးခ်စ္​ပါ့မယ္​။ ဒါ​ေၾကာင္​့မို႔ ျမန္ျမန္​​ျပန္​လာခဲ့ပါလင္​းရယ္​။ လင္​းမ႐ွိတဲ့အရပ္​မွာ ၾကာၾကာအသက္​မ႐ွင္​နိုင္​သူမို႔ အခ်စ္​မ်ားစြာနဲ႔ ​ေမ်ွာ္​​ေနမယ္​​ေနာ္​။

..............လင္​းရဲ႕ ခ်စ္​ }

TBC >>>>>>>>
________________________

"Unicode"

♬ အနီးဆုံးရန်သူကို
♬  မကြွေတာကောင်းပါတယ်♪ ♬

♬ စာအုပ်တွေ နေ့စဉ်ဖတ်ပါတယ် ♪ ♪

♬ ♬ ဟာသတွေ နေ့စဉ်ကြည့်သော်လည်း ♪

♬ ၁၅ မိနစ် ကျော်လာရင် အလိုလိုလွမ်းလာတယ် ♬

♬ ♪ ...♬ ♪ ♬ ♪

အိမ်ရှေ့အိမ်ကဖွင့်ထားတဲ့ သီချင်းသံက လင်းသူထိုင်နေတဲ့ ဆီကို လွင့်ပျံလာတယ်။ စာအုပ်တစ်အုပ်ကိုင်ပြီး ဖွင့်ထားတဲ့ စာမျက်နှာပေါ်မှာ တစ်စုံတစ်ယောက်ရဲ့ မျက်နှာကို မြင်ယောင်နေတဲ့ လင်းသူကတော့ ကြားလိုက်ရတဲ့ သီချင်းသံကြောင့် သက်ပြင်းလေးလေးကြီးတစ်ခုကို ချလိုက်မိတယ်...

လူတွေများ... တစ်ယောက်ယောက်စိတ်ဒုက္ခရောက်နေပြီဆို မီးလောင်ရာလေပင့် သိပ်လုပ်ချင်ကြတာပဲလို့ မဆီမဆိုင်နဲ့တွေးပြီး အရှေ့ကအိမ်ကို မျက်စောင်းအကြီးကြီး လှမ်းထိုးလိုက်တယ်။ သူတို့ဘာသာ ဝေလကြိုက်လို့ ဖွင့်ထားတာကို သူ့ကိုစောင်းဆိုနေတယ်လို့ ထင်နေမိပြန်ရော။ လင်းသူ...ကိုယ့်ကိုယ်ကိုလည်း မကျေနပ်ဘူး။ တစ်စုံတစ်ယောက်ကိုလည်း မကျေနပ်ဘူး။ မုန်းခိုင်းတိုင်း မမုန်းနိုင်ဘူး ဆိုသလိုပဲ မုန်းဖို့နေနေသာသာ ၁၅ မိနစ် တောင်မကြာပဲ လွမ်းနေမိတဲ့ အနီးဆုံးရန်သူကို အမြင်ကပ်နေမိတယ်။ ဒါကြောင့်ပြောပါတယ်.... ဒီသီချင်း သူ့ကိုစောင်းဆိုနေတာပါဆို....

လင်းသူလည်း စာအုပ်ကိုင်ပြီး တွေးနေတာ သူငယ်ချင်း ပြန်ရောက်လာတာတောင် မသိလိုက်ဘူး။

"ပြန်လာပြီလား"

"အေး ပြန်လာပြီ။ ညနေစာ ဘယ်မှာစားမလဲ"

"အဆင်ပြေသလိုပေါ့ကွာ"

"ဟုတ်ပါပြီ။ မင်းရော အဆင်ပြေရဲ့လား"

"ဘာကိုလဲ..."

"မင်းပြသနာကိုပြောတာလေကွာ။ ပြီးတော့ ဘယ်နေ့ပြန်မှာလဲ ကြိုပြောနော်။ လက်မှတ်က ကြိုဝယ်ရမှာ"

လင်းသူက မျက်နှာပုပ်ကြီးနဲ့ လှမ်းကြည့်ပြီး

"ဘာလဲ မင်းက ငါ့ကိုနှင်လွှတ်နေတာလား။ ငါ့မှာတော့ သူငယ်ချင်းလေး တစ်ယောက်ရှိတယ်ဆိုပြီး အားကိုးလိုက်ရတာ.....ဟွန်း"

"မင်းကလဲကွာ....ဟာသတွေပြောမနေနဲ့။ မင်းရုံးက ခွင့်စေ့ရင် ပြန်ရမှာပဲလေ။ တော်ကြာ လက်မှတ်မရမှာ ိစိုးလို့ ငါကကြိုပြောရတာ"

လင်းသူလည်း ဘာမှမပြောပဲ ငြိမ်နေလိုက်တယ်။ ချစ်သူအောင်ကို ပညာပေးချင်တာနဲ့ပဲ မုံရွာမှာရှိသည့် သူငယ်ချင်းတစ်ယောက်ဆီကို ခရီးထွက်လာခဲ့ခြင်းဖြစ်သည်။ ညွှန်ကြားရေးမှူးကိုတော့ သူငယ်ချင်းမင်္ဂလာဆောင် ဆိုပြီး ညာပြောခဲ့ခြင်းပင်။ တကယ်တော့ ချစ်သူအောင်ကို စိတ်ဆင်းရဲအောင် လုပ်ပစ်မယ်လို့ ကြိမ်းဝါးပြီး ဒီခရီးကို ထွက်ခဲ့တာပဲ။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ညှင်းပမ်းနေတာနဲ့တောင် ပိုပြီးတူနေတာကို ဘယ်လိုလုပ်ရပါ့မလဲ။ ကိုယ်မရှိတဲ့နေရာမှာ သူ့ကိုစိတ်ဆင်းရဲပြီး ကျန်နေစေချင်ပေမယ့် သူမရှိတဲ့နေရာမှာ ကိုယ်တိုင် စိတ်ပင်ပန်းနေရမယ်လို့ မထင်ခဲ့မိဘူး။ သူ့ကို မုန်းတဲ့အမုန်းတွေနဲ့ တောင့်ခံထားမယ်လို့ စဉ်းစားခဲ့ပေမယ့် မမုန်းနိုင်တာက ခက်တယ်။ ဒါပေမယ့် . . . ကိုယ်ကသူ့ကို မမုန်းနိုင် မမေ့နိုင်သော်ငြား သူကကိုယ့်ကို မေ့လိုက်မယ်ဆိုရင်ရော. . .

အတွေးနဲ့တင် လင်းသူရင်ထဲမှာ တင်းကျပ်သွားတယ်။ ဟင့်အင်း.... အဲလိုမဖြစ်ရဘူး။ လင်းသူ တွေးရင်းနဲ့ဝမ်းနည်းလာပြီး ဒိုင်ယာရီတွေ ကောက်ရေးနေမိတယ်။

စာအုပ်ထဲမှာတော့ ချစ်သူအောင်ကို တိုင်တည်ရင်းနဲ့ပေါ့

✒✒✒✒✒✒✒✒✒✒

" ချစ်သူအောင်. . . ချစ်သူအောင်

မင်းပြောတော့ ငါ့ကို အရမ်းချစ်တယ်ဆို...

ခဲမှန်ဖူးတဲ့ စာသူငယ်မို့ မယုံရဲတဲ့ ကိုယ့်ရဲ့နှလုံးသားကို ကုစားပေးမယ့်သူပါဆို....

အခုတော့ ဒဏ်ရာတွေ ထပ်ပေးရက်တယ်နော်...

ငါနဲ့ပတ်သက်တဲ့အရာတွေအားလုံးကို သိချင်တယ်ဆိုပြီး မင်းအကြောင်းတွေကိုတော့ ငါ့ကို မပြောပြခဲ့ဘူးနော်...

ချစ် ရာ.... မင်း အရမ်းရက်စက်တာပဲကွာ။ ငါ့အတွက် ဘဝမှာ ယုံကြည်ရတဲ့ အရင်းနီးဆုံးသူက မင်းပဲဆိုတာ သိရဲ့သားနဲ့ ငါ့ရဲ့ယုံကြည်မှုကို အလွဲသုံးစားလုပ်ရက်တယ်နော်.....

ဒါပေမယ့်လည်းလေ....

ငါ အခု မင်းကိုလွမ်းနေတယ်.... မင်းငါ့ကို ထားသွားမလားလို့ တွေးလိုက်မိတဲ့နေ့ကစပြီး ပိုလို့လွမ်းလာတာကို ဘယ်လိုလုပ်ရမလဲ...ဘယ်လိုလုပ်ရမလဲ ...."

✒✒✒✒✒✒✒✒✒✒

ရေးချင်တာတွေ လျှောက်ရေးပြီး တွေးချင်တာတွေ လျှောက်တွေးနေမိတာပါ။

တကယ်တော့ ချစ်သူအောင်ဘက်က ဆက်သွယ်လို့ရမယ့်လမ်းကြောင်း မှန်သမျှ ဖြတ်တောက် ထားခဲ့တာသူပါ။ ဖုန်းကို black list ထဲ ထည့်ထားပြီး FB , Viber တွေမှာလည်း block ထားခဲ့တာ။ ဒါပေမယ့် ခုလို မနေနိုင်လို့ ပြန်ဖွင့်ကြည့်မယ် စိတ်ကူးပေမယ့်လည်း မဖွင့်ရဲပြန်ဘူး။ အကယ်၍များ သူမဆက်သွယ်ထားရင် ဆိုပြီး ကြောက်နေမိပြန်ရော။ လင်းသူ အတွေးတွေများနေတုန်းမှာပဲ သူ့ဖုန်းထဲကနေ G-mail noti တက်လာတယ်။ သူ့ဆီ mail ပို့မယ်သူလည်းမရှိပဲ mail ဝင်လာတယ်ဆိုတော့ ထူးဆန်းသွားတယ်။ ပို့လာတဲ့ acc နာမည်ကို ကြည့်လိုက်တော့ ပိုပြီးအံ့သြသွားတယ် " chitthuaung.00 @gmail.com" တဲ့လေ . . .

အမှန်အတိုင်းပြောရရင် ချစ်သူအောင် ဆက်သွယ်လို့မရအောင် လုပ်ထားပေမယ့် အခုလို မရ ရတဲ့နည်းနဲ့ ဆက်သွယ်ဖို့ ကြိုးစားလာတော့ လင်းသူ အရည်ပျော်ပြီပေါ့။ mail ကိုကြည့်ပြီး စိတ်လှုပ်ရှားစွာနဲ့ပဲ မြန်မြန်ဖွင့်ဖတ်လိုက်တယ်။ စာလေးက တိုတိုလေးပဲ ရေးထားပေမယ့် သူ့ရင်ထဲမှာတော့ ထိသွားတယ်။

{ လင်းရေ

ကိုယ့်ကိုမုန်းလို့ အဝေးကိုထွက်သွားတာလားကွာ။ အကြောင်းစုံကို ပြောပြချင်ပေမယ့် အဲဒါတွေက ကိုယ့်အမှားရဲ့ဆင်ခြေတွေပါ။ ဟုတ်ပါတယ်။ လင်းပြောသလိုပဲ ဆင်ခြေတွေပါ။ ဒါကြောင့်မို့ ကိုယ်ဆင်ခြေတွေ ထပ်ပြီး မပေးတော့ပါဘူး။ မှန်ရာကိုပဲ ဆိုပါတော့မယ်....။ ကိုယ်လင်းကို အရမ်းချစ်တယ်။ ဒါဟာ မှန်သောသစ္စာပါ။ ယုံပါလင်းရယ်။ ဒီစာကိုဖတ်ပြီး ခေါင်းမခါလိုက်ပါနဲ့နော်။ ပြီးတော့ ကိုယ့်သစ္စာသာမှန်ရင် လင်း ကိုယ့်နားကို ပြန်ရောက်ပါစေသားလို့ ဆုတောင်းလိုက်တယ်။ ကိုယ့်ဆုတောင်း ပြည့်မှာပါနော်။ ကိုယ့်အမှားတွေကို ခွင့်လွှတ်ပေးဖို့မတောင်းဆိုပါဘူး။ ကိုယ့်နားပဲ ပြန်လာပေးပါလင်းရယ်။ လင်းရဲ့အမုန်းတွေကို အပြည့်အဝခံယူပါ့မယ်။ ကိုယ့်ကို အများကြီးချစ်ပေးဖို့ မတောင်းဆိုပါဘူး။ ကိုယ်ကပဲ အများကြီးချစ်ပါ့မယ်။ ဒါကြောင့်မို့ မြန်မြန်ပြန်လာခဲ့ပါလင်းရယ်။ လင်းမရှိတဲ့အရပ်မှာ ကြာကြာအသက်မရှင်နိုင်သူမို့ အချစ်များစွာနဲ့ မျှော်နေမယ်နော်။

..............လင်းရဲ့ ချစ် }

TBC >>>>>>>>

Đọc tiếp

Bạn Cũng Sẽ Thích

317K 11.5K 46
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
415K 10K 85
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
5M 406K 153
(Unicode & Zawgyi) ကြယ်ကြွေချိန်ဆိုတာ တကယ်တော့ ခဏလေးပါ။ ဒါပေမယ့် အဲဒီအချိန်မှာ အရမ်းကိုပူပြင်းလောင်ကျွမ်းခဲ့တာလေ။ နေရှင်းခ.. ငါတို့နှစ်ယောက်ရဲ့ ဆုံစ...