memo 6

3.6K 246 11
                                    

[ZawGyi]

👉✌
ခု​နောက်​ပိုင်း သူတို့ ​လေး​ယောက်​ အရမ်းတွဲဖြစ်​ကြတယ်​။ သူတို့​လေး​ယောက်​ဆိုတာက ချစ်​သူ​အောင်​ ရယ်​ လင်းသူရယ်​ ​သော်​ဇင်​ရယ်​ စီနီယာ အကိုကြီးရယ်​ ​ပေါ့။ စီနီယာအကိုရဲ့. နာမည်​က ကိုပြည့်​ဖြိုးပိုင်​ တဲ့။ ကိုဖြိုး လို့ပဲ ​ခေါ်ကြပါတယ်​။ တစ်​ခါတစ်​​​လေကြရင်​ P သုံးလုံး လို့လည်း စ​နောက်​ပြီး ​ခေါ်ကြတယ်​။

သူတို့အတွဲညီရတဲ့ အ​ကြောင်းအရင်းက ရှိတယ်​။ ရုံးက ညွှန်​ကြား​​ရေးမှူး ကြောင့်​ပါ။ သူတို့​ရောက်​ခါစက​တော့ မသိ​ပေမယ့်​ ကြာလာ​တော့ တ​ဖြေး​ဖြေးသိလာတာက ညွှန်​မှူးက ​တော်​​တော်​​လေးဆိုးတာပါပဲ။

အလုပ်​ကိစ္စနဲ့မပတ်​သက်​ပဲ လူမှု​ရေးကိစ္စ​တွေမှာကိုပဲ ဝန်​ထမ်း​တွေကို ​နေရာတကာ လိုက်​​ပြောချင်​တယ်​။ တခါတ​လေ သူစိတ်​မကြည်​တဲ့အခါ အပြစ်​မရှိ အပြစ်​ရှာချင်​တာမျိုး​တွေကလည်း ခနခန လုပ်​တတ်​တယ်​။ ကြာ​တော့ ဝန်​ထမ်း​တွေလည်း သည်းမခံနိုင်​ကြဘူး။ ချစ်​သူ​အောင်​ဆို အမြဲ ဘွားေ​တ်ာနဲ့​ထိပ်​တိုက်​​တွေ့တယ်​။ သူက​တော့ မှန်​တယ်​ထင်​ရင်​ မခံဘူး။ အမြဲပြန်​​ပြောတာပဲ။ အဲ​ဒီ​တော့ ဘွား​တော်​ မျက်​မုန်းကျိုးတဲ့ထဲမှာ ထိပ်​ကပဲ။

သူတို့တစ်​​တွေမှာလည်း ဟိုကလူကြီးဆို​တော့ ဘာမှသွားလုပ်​လို့မရ​ဘူး​လေ။ အဲဒီ​တော့ ​နောက်​ကွယ်​မှာပဲ သူ့အ​ကြောင်း​ပြောပြီး မ​ကျေနပ်​ချက်​​တွေ ရင်​ဖွင့်​ကြတာ​ပေါ့။ လင်းသူက​တော့ ဘာဝါသနာလဲ မသိဘူး အမြဲတမ်း သူ့မ​ကျေနပ်​ချက်​​တွေကို စာအုပ်​ထဲမှာ ​ရေးမှတ်​ထားတယ်​။ ကိုဖြိုး​က​တော့ အား​ပေးတယ်​ ...." နှုတ်​တစ်​ရာ စာတစ်​လုံး တဲ့ဟ.အဲ​တော့ စာနဲ့​ရေးထား​တော့ သက်​​သေရတာ​ပေါ့" လေတဲ့။

ဒီ​နေ့လည်း ​သော်​ဇင်​ ​တော်​​တော်​​လေး ​​ကြေကွဲ​နေတာ။ သူ့ခမျာ စိတ်​တိုတဲ့အဆင့်​ကို ​ကျော်​ပြီး စိတ်​ထိခိုက်​​​တယ်​လို့ပဲ ​ပြောရမလား။ ဒီပိတ်​ရက်​ကို ပြင်​ဦးလွင်​ပြန်​မှာမလို့ ညွှန်​မှုးကို သွား​ပြောတာ။ အဲဒါကို တမင်​ ဂဂျီ ဂ​ဂျောင်​ လုပ်​လွှတ်​လိုက်​တယ်​​လေ။ 

You Are The Other Half Of MeWhere stories live. Discover now