memo 9

3.2K 248 2
                                    

[ZawGyi]

လင်းသူ​နေပြည်​​တော်​သွားရတဲ့ ရည်​ရွယ်​ချက်​က ဟန်​မင်း​ထွေးကို ​တွေ့ဖို့ သက်​သက်​ပါပဲ။ ဒါ​ပေမယ့်​ ဟန်​မင်း​ထွေးဘက်​က​တော့ လင်းသူနဲ့​တွေ့ဖို့က အဓိက မဟုတ်​ပဲ သူ့ သူငယ်​ချင်း​တွေကို ​တွေ့ဖို့က ပထမဖြစ်​​နေမယ်​လို့ လင်းသူ ထင်​မထားခဲ့မိဘူး။

လင်းသူက​တော့ ​မ​တွေ့ရတာ ကြာတဲ့ ဟန်​မင်း​ထွေးကို အချိန်​​များများ​ပေးနိုင်​​အောင်​ဆိုပြီး သူ့အ​ဖေဆီမှာ​တောင်​ သွားမအိပ်​ပဲ အ​ဆောင်​မှာ လာအိပ်ခဲ့တာ။

ပထမ​နေ့က​တော့ ဟန်​မင်း​ထွေး အလုပ်​​ရှိလို့ ရုံးကို တ​နေကုန်​ သွား​နေရတယ်​။ လင်းသူလည်း ရုံးက ကျန်​တဲ့ သူငယ်​ချင်း​တွေကို ​တွေ့ရ​အောင်​ဆိုပြီး ရုံးကို ခနလိုက်​သွားတယ်​။ ​နေ့လည်​ဘက်​မှ ပြန်​လာတယ်​။ ​နောက်​​နေ့ကြ​တော့လည်း သူ့သူငယ်​ချင်း​တွေနဲ့ ​ရေပန်းဥယျာဉ်​ သွားကြမယ်​ဆိုပြီး သွားကြပြန်​​ရော။ သူ့ကို လိုက်​ခဲ့ဖို့​တော့ ​ခေါ်​ပေမယ့်​ သူ့​ဘော်​ဒါ​​တွေကို ကြည့်​မရလို့ လိုက်​မသွားဘူး။ ​နောက်​တ​နေ့က​တော့ ဟန်​မင်း​ထွေး အားပြီဆို​တော့ သူတို့နှစ်​​ယောက်​တည်း ​အေး​ဆေး စကား​ပြောကြမယ်​ဆိုပြီး အပြင်မှာ ​မုန့်​ထွက်​စားဖို့ ချိန်းလိုက်​တယ်​။

အဲဒီမှာ ပြသနာစတာပဲ လင်းသူနဲ့ ဟန်​မင်း​ထွေးကို ထည့်​မလွှတ်​လိုက်​နိုင်​ဘူး ဆိုပြီး သူ့​ဘော်​ဒါ အတိုအစ* (အသုံးမဝင်​တဲ့​ကောင်​​တွေကို ​ပြောတာပါ) ​တွေက ဝိုင်းတားကြတယ်​တဲ့။

လင်းသူက​တော့ ဘယ်​သိမလဲ။

ဒါ​ပေမယ့်​ အသုံးမကျ **တဲ့ ဟန်​မင်း​ထွေးက ဒီအ​ကြောင်းကို လင်းသူကို ​ပြောပြပြီး သူဒီ​နေ့သွားလို့ မရ​တော့တဲ့ အ​ကြောင်း လာ​ပြောတယ်​ဆိုပဲ။

(A/N: *အတိုအစ တို့ **အသုံးမကျ ဘူးတို့ ဆိုတာ ကိုယ်​​ပြောတာ​နော်​😛. လင်းသူက​တော့ အဲလို ဘယ်​​ပြောပြမလဲ​နော်​)

လင်းသူက အံ့လည်းသြတယ်​ ဝမ်းလည်းနည်းသွားတယ်​။ အံ့သြတာက ဟန်​မင်း​ထွေး သူငယ်​ချင်း​တွေက သူ့ကို ဟန်မင်း​​ထွေးကို ကပ်​​နေတဲ့ gay တစ်​​ယောက်​လို ဆက်​ဆံလိုက်​တာကိုပဲ။ ဝမ်းနည်းတာက​တော့ ဟန်​မင်း​ထွေးက သူ့ဘက်​မပါ​ပေးတာပဲ။

You Are The Other Half Of MeWhere stories live. Discover now