memo 21

3K 227 18
                                    

[ZawGyi]

".... .........."

" ဟုတ်​တယ်​ အမရ ... မန်း​လေးက နဂိုတည်းက ပူပါတယ်​ဆိုမှ ခုတ​လော အပူချိန်​​တွေက မြင့်​​နေ​တော့ လူကြီး​တွေကို ဂရုစိုက်​မှ ရမယ်​။ ကျွန်​​တော်​တို့အ​ဖေလည်း ညညဆို အရမ်းပူ​တော့ ပန်​ကာ​တွေ ညလုံး​ပေါက်​ဖွင့်​အိပ်​တယ်​လေ။ ပြီး​တော့ ​ခုလို ​နေမ​ကောင်းဖြစ်​​တော့တာပဲ​ ..."

ချစ်​သူ​အောင်​ ရုံးက လက်​​ထောက်​ညွှန်​ကြား​ရေးမှူးအမနဲ့ စကား​ပြော​နေတာပါ။ ချစ်​သူ​အောင်​က​တော့ သူ့ထုံးစံအတိုင်းပဲ ရုံးပြန်​တက်​တာနဲ့ ​လေ​ပေါ​တော့တာပဲ။ ခုလည်း သူ့အ​ဖေ​နေမ​ကောင်းတဲ့အ​ကြောင်း​ပြောပြရင်းနဲ့ ​အာလူးဖုတ်​​နေတာပါ။

ချစ်​သူ​အောင်​လည်း သူရုံးပြန်​တက်​​တော့ သူ့ကိုအ​ဖေ့အ​ခြေအ​နေ​မေး​နေကြတာနဲ့ပဲ .... တခြားစားပွဲသွား နဲနဲ​​လေ​​ပေါပီး သူ့စားပွဲကိုလည်း ပြန်​လာ​ရော ..... သူ့မျက်​လုံးထဲမှာ ကို့ရို့ကားယားမြင်​ကွင်းတခုကို မြင်​လိုက်​ရတယ်​ .... ¿¿ ¿

ဟို င​ဖောင်​ရိုးဦးစီးက လင်းသူနားကို ကပ်​​နေတာပါ။ပီး​တော့ လင်းသူမျက်​နှာနားကပ်​ပီး စကား​တွေ​ပြော​နေတာများ မသိရင်​ ဖက်​နမ်း​တော့မယ့်​ပုံပဲ။ ပခုံးကိုလည်း အားရပါးရဖက်​ထား​သေးတယ်​​လေ။ 😤

ဒီလူက ဘာလဲဟ။ ဘာကိစ္စနဲ့ လင်းသူနားမှာ လာကပ်​​နေရတာလဲ။ ​ဘယ်​တုန်းကများ သူတို့နှစ်​​ယောက်​ ဒီ​လောက်​ခင်​သွားရတာတုန်း။ ငါမရှိတုန်းကလား? ဟို​ကောင်​လင်းသူကလည်း အမှတ်​မရှိဘူးလား မသိဘူး။ ဟိုကဖြင့်​ သူ့ကို ကြီးနိုင်​ငယ်​ညှင်းစနစ်​နဲ့ အမြဲနှိပ်​စက်​​နေတာကိုများ ​ရော​ရော​ထွေး​ထွေးသွား​နေ​သေးတယ်​။ စဉ်းစားရင်းနဲ့ကို အလကား​နေ ​ဒေါသကထွက်​လာတယ်​။ လင်းသူဆိုတဲ့ဟာကလည်း ဘာလို့ဒီ​လောက်​​တောင်​ အ ရလည်းမသိဘူး။ ငါ​နော်​...

ခန​နေ​တော့ လင်းသူ messenger ကို စာဝင်​လာတယ်​.... ချစ်​သူ​အောင်​ဆီက !

(ချစ်​) > အဲဒါ ဘာလုပ်​​နေတာလဲ

(လင်း) > ဘာကို​မေးတာလဲ? နားမလည်​ဘူး

You Are The Other Half Of MeWhere stories live. Discover now