memo 14

3K 236 9
                                    

[ZawGyi]

!!!!!
လူဆိုတဲ့အမျိုးကလည်း ခက်​သားဗျ။ က​လေးငယ်​ငယ်​အရွယ်​မှာ ကစားကြရင်​​တောင်​ လိုက်​တမ်း​ပြေးတမ်း ကစားရတာကို မကြိုက်​တဲ့က​လေး မရှိဘူး​လေ။ ကြီးလာလို့ အ​တောင်​စုံ​တော့ ပိုဆိုးတာ​ပေါ့။ ချစ်​တမ်းကြိုက်​တမ်းကိုလည်း လိုက်​တမ်း​ပြေးတမ်း ကစားကြပြန်​​ရော။ ဖြစ်​တတ်​တဲ့ သ​ဘောတရား​လေးကို ​ပြောတာပါ။

အခုလည်းကြည့်​​လေ.... အရင်​က သူ့နားတကပ်​ကပ်​လုပ်​​နေရင်​ မကြိုက်​တဲ့ လင်းသူဆိုတဲ့​ကောင်​​လေးက​လေ ....

သူနဲ့​ဝေး​ဝေးမှာ​နေဖို့ ကြိုးစား​နေတဲ့ ချစ်​သူ​အောင်​ကို သူကအရင်​လာကပ်​​နေ​တော့ ထူးဆန်းတာ​ပေါ့။

အရင်​ဆို သူကစပြီး စပ်​စပ်​စုစု ​မေးရတဲ့ ဟန်​မင်း​ထွေးနဲ့အ​ကြောင်းကို သူက အရင်​ လာ​ပြောပြ​နေ​တယ်​ဆို​တော့ အံ့သြတာ​ပေါ့။

သူက​ရှောင်​ဖို့ကြိုးစား​တော့ လင်းသူက လာကပ်​တယ်​​ ...... တစ်​​ယောက်​က ​ပြေး​တော့ တစ်​​ယောက်​က လိုက်​တယ်​ ဆိုသလိုပဲ...

အမှန်​​တော့ ဒီရက်​ပိုင်းမှာ ချစ်​သူ​အောင်​က ကိုယ့်​ကိုယ်​ကို စဉ်းစားသုံးသပ်​ခြင်းအမှုကို ပြု​နေတယ်​။ သူ့ကိုယ်​သူ မရိုးသားဘူးလို့ ခံစား​နေရတာ​ကြောင့်​ပဲ။ အဲဒါ​ကြောင့်​မို့လဲ လင်းသူအနား သိပ်​မကပ်မိ​အောင် ​သတိထား​နေတယ်​... ပြီး​တော့လည်း သူတို့နှစ်​​ယောက်​ ( ဟန်​မင်း​ထွေးနဲ့ ) အ​ကြောင်းကိုလည်း သွားမစပ်​စုဘူး။ တကယ်​က အဲ့ဒီတစ်​​ယောက်​အ​ကြောင်းကို မကြားချင်​တာလည်း ပါတယ်​။ ဘာလို့လဲ​တော့မ​မေးနဲ့ ။ သူ့ကိုယ်​သူလည်း မသိဘူး <°-°>

ဒီ​နေ့ ဘွား​တော်​ အစည်းအ​ဝေးသွား​တော့ သူတို့ လွတ်​လပ်​​ရေးရ​နေတယ်​​လေ။ အဲ​ဒီတော့  ရုံးသူရုံးသားတို့ ထုံးစံအတိုင်း ဝိုင်းဖွဲ့စား​သောက်​ပြီး စကား​ပြော​နေကြ​တာ ကို​လေအိုးချစ်​သူ​အောင်​က ထိပ်​ဆုံးက​ပေါ့။

အဲဒါကို လင်းသူက သူ့ကို လှမ်း​ခေါ်တယ်​​လေ။

သူလည်းအနားသွားထိုင်​​ရော လင်းသူက ​မျက်​နှာငယ်​​လေးနဲ့ ဆီး​ပြောတယ်​ "ငါ သိပ်​​နေမ​ကောင်းချင်​ဘူး။ ​သွေး​ပေါင်​ချိန်​များကျသလားပဲ။ ခေါင်းမူး​နေတယ်​" တဲ့

You Are The Other Half Of MeWhere stories live. Discover now