memo 12

3.1K 248 9
                                    

[ZawGyi]

💨🙊
ရုံးဖွင့်​ရက်​လဲ​ရောက်​​ရော ​လင်းသူ​​က​တော့ ​ကောင်း​ကောင်းကြီး စခံရ​တော့တာပဲ။ ​သော်​ဇင်​က လင်းသူကိုတွေ့တဲ့​နေရာတိုင်းမှာ လိုက်​​အော်​တယ်​....

" လင်းသူကြီး အနမ်းခံလိုက်​ရတယ်​​ဟေ့" တဲ့

ဒါတင်​မက​သေးဘူး ချစ်​သူ​အောင်​ကလဲ ​နောက်​က​နေ တ​ကောက်​​ကောက်​လိုက်​ပြီး " sorry ပါ လင်း​ရယ်​ ငါမူး​နေ​လို့ လုပ်​မိတာပါ..." လို့ ခနခန လိုက်​​ပြောတယ်​။ ပြီး​တော့ ထပ်​​ပြော​သေးတာက " အဲဒါ ဟို​ကောင်​ ​သော်​ဇင်​​ကြောင့်​။ သူသာ​ဂျင်းမထည့်​ရင်​ ငါဒီလိုလုပ်​မိပါ့မလားကွာ.... ​နော်​... ​နော်​" နဲ့ ​နေတာပဲ။

သူဒီလို လိုက်​​ပြော​နေ​ပေမယ့်​လဲ ​လင်းသူ​က မျက်​နှာပုပ်​ကြီးနဲ့ပဲ။ သူ့ကို ဘာမှပြန်​မ​ပြောဘူး။ ကြာ​တော့ ချစ်​သူ​အောင်​လဲ လက်​​လျှော့လိုက်​တယ်​။ သူဒီလိုလုပ်​​နေတာ လင်းသူကိုစိ​တ်​အ​နှောက့်​အယှက်​ ​ပေး​နေသလို ဖြစ်​​နေတယ်​ဆိုတာ သူလည်း ရိပ်​မိပါတယ်​။

ဒါ​ပေမယ့်​လည်း ခက်​တယ်​။ ချစ်​သူ​အောင်​ကလည်း လူတစ်​မျိုး​။ သူ့ကို တစ်​​ယောက်​​ယောက်​က မ​ကျေမနပ်​ဖြစ်​​နေရင်​ ​နေမရထိုင်​မရနဲ့ စိတ်​ကသိက​အောက်​ ဖြစ်​​နေတတ်​တာဆို​တော့။ လင်းသူ​ကျေနပ်​​အောင်​ ဘာလုပ်​​ပေးရမလဲပဲ စဉ်းစား​နေတယ်​။

လင်းသူကလည်း သူ့အ​ကြောင်းနဲ့သူရှိတယ်​။ သူ့အတွက်​ ဒီပိတ်​ရက်​မှာ ​တော်​​တော်​စိတ်​ရှုပ်​ခဲ့ရတယ်​။ စ​နေ​နေ့ညက အဖြစ်​အပျက်​ပြီးသွား​တော့ တနင်္ဂ​နွေတစ်​​နေ့လုံး သူ့မှာ စိတ်​နဲ့လူနဲ့မကပ်​ဘူး။ ပြန်​​တွေးကြည့်​တိုင်း မျက်​နှာကပူလာတယ်​။ ဟို​ကောင်​က မူး​နေလို့ ဒီလိုလုပ်​တာပဲကို ငါက ဘာလို့များ ဒီလိုဖြစ်​​နေရတာလဲ။ ငါကိုက စန်းစန်းတင့်​ (sensitive) ဖြစ်​​နေလို့များလား။ ​ဒါ​ပေမယ့်​လည်း ငါ့အတွက်​ပထမဆုံးဆို​တော့ ဒီ​လောက်​​တော့ စန်းစန်းတင့် သင့်​တာေ​​​ပါ့😠 ဘာပဲဖြစ်​ဖြစ်​ ငါ့ကိုစိတ်​ရှုပ်​​အောင်​လုပ်​သွားတဲ့ ချစ်​သူ​အောင်​ကို ဒီတိုင်း​တော့ ခွင့်​မလွှတ်​နိုင်​ဘူးလို့ စိတ်​ထဲမှာ ကြုံးဝါးလိုက်​တယ်​။

You Are The Other Half Of MeWhere stories live. Discover now