memo

2.6K 133 3
                                    

😂😂😂

မဟုတ်​တာလုပ်​​တော့မယ်​ဆိုရင်​ သွားဖြီးပြရတယ်​လို့ မှတ်​ထားတာမို့ အရင်​ဆုံး သွားဖြီးပြတာပါ။

အရင်​ဦးဆုံး​ ​ပြောချင်​တာက​တော့ ​​​အောက်​မှာ ​ဖော်​ပြထားတဲ့ ကဗျာ​လေးက လွန်​ခဲ့တဲ့ ၁၀ နှစ်​​လောက်​က ဖတ်​ဖူးခဲ့တာ​လေးပါ။ ဘယ်​စာအုပ်​ထဲမှာ ဘယ်​သူ​ရေးထားမှန်း​လည်း ​မမှတ်​မိ​တော့ပါဘူး။ Diary စာအုပ်​ အ​ဟောင်း​လေးထဲမှာ ကြိုက်​လို့ ကူး​ရေးထားတာ​လေးကို ​တွေ့​တော့ အကြံဆိုးတစ်​ခုကို ချက်​ချင်းရသွားပါတယ်​။ အပိုင်းသစ်​ မတက်​နိုင်​တဲ့အချိန်​မှာ ဒီကဗျာ​လေး တင်​လိုက်​ရင်​ ​ကောင်းမလားလို့​ပေါ့....

ဒီ story ​လေးကို ​နောက်​အပိုင်း ဘယ်​လိုဆက်​ရမလဲ စဉ်းစား​နေရင်းနဲ့ ဆုံးဖြတ်​မရ ဖြစ်​​နေ​တော့ အပိုင်းသစ်​ မတက်​နိုင်​ ဖြစ်​​နေတာပါ။ အရင်​တစ်​​ခေါက်​တုန်းကလည်း စိတ်​​တွေ​ထွေပြားပြီး အပိုင်းသစ်​ မတက်​နိုင်​​ဖြစ်​​နေ​တော့ မဖြစ်​​ချေဘူး ဆိုပြီး acknowledgement ကို ​ရေးတင်​လိုက်​ကာမှ တန်းလန်းရပ်​မယ်​လို့ အထင်​လွဲစရာ ဖြစ်​သွား​ရော။ အမှန်​က နှစ်​ရက်​​လောက်​ update မတင်​ရင်​ reader ​တွေကိုယ့်​ကို ​မေ့သွားမှာစိုးပြီး ​နောက်​ဆုံးမှ ​ရေးမယ့်​ ​ကျေးဇူးတင်​လွှာကို ​ရေးလိုက်​မိတာပါ 😥။ တစ်​ခါတစ်​​လေကြရင်​ စိတ်​ဓာတ်​ကျပြီး ဆက်​မ​ရေးချင်​ဖြစ်​တာ​တော့ အမှန်​​ပေမယ့်​ ​တန်းလန်းရပ်​ဖို့​တော့ စိတ်​ကူးလုံးဝမရှိပါဘူးလို့။ ကိုယ်​​တွေကလည်း အပြင်းစား reader မို့ တခြားသာသာတို့ရဲ့ fic ​တွေ update မတက်​တဲ့အခါ ဘယ်​လိုခံစားရသလဲ ​ကောင်း​ကောင်းကြီး သိပါတယ်​။ တစ်​ခါတစ်​​လေ ကိုယ့်​အရည်​အချင်းကိုယ်​သိပြီး ငါ မဖြစ်​နိုင်​ဘူး ထင်​ပါရဲ့ ​တွေးမိတာ​တွေ​ကြောင့်​ ​ဂေါက်​​တောက်​​တောက်​ ဖြစ်​ကုန်​တာကို နားလည်​​ပေးရန်​ ပန်​ကြားရင်း.....

သ​ရော်စာ​​လေးနဲ့တူတဲ့ "​​ဈေး" ဆိုတဲ့ ကဗျာ​လေးကို ခံစား​ပေးပါလို့

<< ​ဈေး >>

(က)
"အချစ်​​တွေ ဘယ်​​ဈေးလဲ"
"ဒတ်​ဆန်းတစ်​စီး"
"မများဘူးလား"
"ရာတန်​ တစ်​ထပ်​ ​နောက်​ဆုံး​ဈေးပဲ"
"ကဗျာတစ်​ပုဒ်​နဲ့ မရဘူးလားဗျာ"
"အိုရှင်​....ဘာလို့ ဒီ​လောက်​​ဈေးနှိမ်​ရတာလဲ"
"ဒါ ရှားပါးပစ္စည်းရှင့်​ သိရဲ့လား"

(ခ)
"မျက်​ရည်​တစ်​ဂါလံ ဘယ်​​လောက်​လဲ"
"ကဗျာဆယ်​ပုဒ်​"
"ငါးပုဒ်​ထားပါ"
"ခုနှစ်​ပုဒ်​​ပေးပါ"
"ကဲ..​လေ ယူသွား...
ဈေးဦး​ပေါက်​မို့ ​လျော့တာ​နော်​"

(ဂ)
"အသည်းနှလုံး မရှိဘူးလားရှင်​"
"ကြပ်​တင်​ထားတာပဲရှိတယ်​"
"လတ်​လတ်​ဆတ်​ဆတ်​မှလိုချင်​တာ"
"နှလုံးသားကြပ်​တင်​လည်း ​ကောင်းပါတယ်​ဗျာ"
"ကျွန်​မက.....
သံပရာရည်​နဲ့ သုပ်​စားချင်​တာရှင့်​"

(ဃ)
"သံ​ယောဇဉ်​တစ်​ကိုက်​​လောက်​ လိုချင်​တယ်​"
"တစ်​ကိုက်​တည်း​တော့ ဖြတ်​မ​ရောင်းနိုင်​ပါဘူး"
"ဘယ်​​လောက်​ယူရမှာလဲ"
"ငါး​တောင်​စ ယူပါလား"
"များ​နေမလားလို့"
"သံ​ယောဇဉ်​ဆိုတာ ရှည်​မှ​ကောင်းတာဗျ"
"အင်း​လေ....ယူပါ့မယ်​...
ဝမ်းဆက်​ချု ပ်​ရမှာ​ပေါ့"

(င)
"အိုးက​လေး​တွေကြည့်​ရ​အောင်​"
"ဘယ်​ဟာပြရမလဲ ခင်​ဗျာ"
"ဟိုဘက်​ အိုးပါးပါး​လေး​တွေ ပြစမ်းပါ"
"အဲ့ဒီအိုး​တွေ​တော့ မယူပါနဲ့ဗျာ...
စေတနာနဲ့ ​ပြောတာပါ"
"ဘာအိုး​တွေလဲရှင်​"
"​ဒေါသအိုး​တွေပါ"

(စ)
"အမုန်းပွဲ​တော်​အတွက်​ အထူး​လျော့​ဈေး"
"​ဝေဒနာ တစ်​ပိသာဝယ်​လျှင်
မျက်​​စောင်းတစ်​ခု လက်​​ဆောင်​​ပေးမည်​"
"မည်​သူမဆို လွတ်​လပ်​စွာဝယ်​ယူနိုင်​သည်​"

Cr to Original writer
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷

ဒီစာ​လေးရဲ့ Timeline က 2006 or 2007 မို့ သူ​ရေးထားတာ​လေးက ​ယခု​ခေတ်​နဲ့မညီတဲ့ တန်​ဖိုး​လေး​တွေကို ကိုယ့်​ဘာသာ နားလည်​ပြီး ​ပြောင်းဖတ်​​ပေးပါလို့ ✌

P.S ​ရုတ်တရတ်ကြီး ကဗျာ ထတင်​​တော့ ​​korea series ကြည့်​​နေတုန်း ​ကြော်​ငြာဝင်​သလို ဖြစ်​​နေမှာမို့ reader တို့ စိတ်​ကသိက​အောက်​ဖြစ်​ရတယ်​ဆိုရင်​ ကြိုပြီး​တောင်းပန်​​ကြောင်း (with papi eyes 😊✌)

You Are The Other Half Of MeWhere stories live. Discover now