Let Me Hug And Sleep!

By Candy_bee820

403K 36K 1.2K

Author Qian Caoရဲ႕ Novelေလးကို ဘာသာျပန္ထားတာပါ။ အိပ္မေပ်ာ္ျခင္းေရာဂါကို ခံစားေနရတဲ့ စစ္သူႀကီးတစ္ဦးနဲ႔ သူမရဲ... More

စစ္သူႀကီး၏ ေရာဂါဆန္း (စစ်သူကြီး၏ ရောဂါဆန်း)
အေစခံအျဖစ္ လုပ္အားေပးျခင္း (အစေခံအဖြစ် လုပ်အားပေးခြင်း)
သူမအား ေပြ႕ဖက္၍ အိပ္စက္ျခင္းသို႔[Part 1] (သူမအား ပွေ့ဖက်၍ အိပ်စက်ခြင်းသို့)
သူမအား ေပြ႕ဖက္၍ အိပ္စက္ျခင္းသို႔[Part 2]သူမအား ပွေ့ဖက်၍ အိပ်စက်ခြင်းသို့[Part 2
အမ်ိဳးသမီးမ်ား စကားဝိုင္း (အမျိုးသမီးများ စကားဝိုင်း)
မေကာင္းတဲ့လူ Part 1(မကောင်းတဲ့လူ Part 1)
မေကာင္းတဲ့လူ Part2 (မကောင်းတဲ့လူ Part 2)
နန္းတြင္းသက္ေတာ္ေစာင့္တစ္ေယာက္.. (နန်းတွင်းသက်တော်စောင့်တစ်ယောက်)
သတၱမမင္းသားေလး၏ အလည္တစ္ေခါက္ (သတ္တမမင်းသားလေး၏ အလည်တစ်ခေါက်)
အိမ္ေတာ္မွ အျပင္ထြက္ရန္ [Part 2] (အိမ်တော်မှ အပြင်ထွက်ရန်)
အလြန္​အကြၽံ စိတ္​ပူ​ေန​ေသာသူ (အလွန်အကျွံ စိတ်ပူနေသောသူ)
မင္းသမီး ၁၀ (မင်းသမီး ၁၀)
သူက စစ္သူႀကီးလား...? (သူကစစ်သူကြီးလား... ?)
မင္းကို လက္ထပ္မယ္ Part 1 (မင်းကိုလက်ထပ်မယ် )
မင္းကို လက္ထပ္မယ္။ Part 2 (မင်းကိုလက်ထပ်မယ်)
မင္းက ငါ့အတြက္ပဲ (မင်းကငါ့အတွက်ပဲ)
ကံဆိုးေသာ အခ်စ္ (ကံဆိုးသောအချစ်)
Cong Zhouသို့ စစ်ချီခြင်း Part 1(Cong Zhouသို့ စစ်ချီခြင်း Part 1)
Cong Zhouသို႔ စစ္​ခ်ီျခင္​း Part 2 (Two)
Zhu Yuကို ကယ္ဖို႔ လူတိုင္းကို သတ္နိုင္တယ္။Part 1 (One)
Zhu Yuကို ကယ္ဖို႔ လူတိုင္းကို သတ္နိုင္တယ္။Part 2 (Two)
Zhu Yuကို ကယ္ဖို႔ လူတိုင္းကို သတ္နိုင္တယ္။Part 3 (Three)
အေပးအယူ (အပေးအယူ)
ဘယ္မွမသြားရဘူး (ဘယ်မှမသွားရဘူး)
ၿမိဳ႕တံခါးကိုပိတ္​လိုက္​ (မြို့တံခါးကိုပိတ်​လိုက်)
သူ႔ကို ခ်စ္မိျခင္း Part 1 (သူ့ကို ချစ်မိခြင်း)
သူ႔ကို ခ်စ္မိျခင္း Part 2 (သူ့ကို ချစ်မိခြင်း)
အဆိပ္ေျဖျခင္း Part 1 (အဆိပ်ဖြေခြင်း )
အဆိပ္ေျဖျခင္း Part 2 (အဆိပ်ဖြေခြင်း )
အဆိပ္ေျဖျခင္း Part 3 (အဆိပ်ဖြေခြင်း )
အဆိပ္ေျဖျခင္း Part 4 (အဆိပ်ဖြေခြင်း)
** Part 1 (Z+U)
** Part 2 (Z+U)
*** Part 3 (Z+U)
EPILOGUE (Z+U)

အိမ္ေတာ္မွ အျပင္ထြက္ရန္ [Part 1] (အိမ်တော်မှ အပြင်ထွက်ရန် [Part 1])

10.3K 1K 17
By Candy_bee820

ရိုးရွင္းေသာ အဝတ္အစားကိုသာ ဝတ္ဆင္၍ ဆံပင္အား ရိုးရိုးရွင္းရွင္းပင္ က်စ္ဆံျမီးက်စ္လိုက္ၿပီးေနာက္ ေန႔လယ္စာစားခ်ိ္န္တြင္ အေစာင့္မ်ားလစ္သည္ကို အခြင့္ေကာင္ယူကာ Chu Zhu Yuအိမ္ေတာ္ အေနာက္ေပါက္မွတစ္ဆင့္ အျပင္သို႔ခိုးထြက္လာခဲ့သည္။

သူမလက္မ်ားက တံခါးလက္ကိုင္ကို သတိထားကိုင္ကာ ဖြင့္လိုက္ျပီး အျပင္ထြက္ေတာ့မည့္ဆဲဆဲတြင္ ရုတ္တရက္ သူမႏွင့္ရင္းနွီးေသာ အသံတစ္ခုက သူမကို ေခၚလိုက္သည္။

"မင္းဘာလုပ္ေနတာလဲ။"

Chu Zhu Yu ခႏၶာကိုယ္ေတာင့္တင္းသြားျပီး သူေခါင္းကိုေနာက္လွည့္ၾကည့္လိုက္ေသာအခါ သူမအခန္းသို႔ ညတိုင္းလာျပီး သူမခုတင္ေပၚလာအိပ္ေသာလူကို ျဖစ္ေနသည္ကို ေတြ႔လိုက္ရသည္။

"ရွင္က နန္းတြင္းရဲမက္မဟုတ္လား။ ရွင္ဒီမွာ ဘာလုပ္ေနတာလဲ။" သူမသူ႔ကို အလန္႔တၾကားၾကည့္ရင္း ေမးလိုက္သည္။

Xiao Zhiလက္က သူ႔ ရင္ဘတ္၏အလယ္ဗဟိုတြင္ စက္ဝိုင္းပံု၀ိုင္းျပလိုက္ျပီး Chu Zhu Yuကို တည္တည္ၿငိမ္ၿငိမ္ၾကည့္ေနလုိက္သည္။

အခ်ိန္အတန္ၾကာၾကည့္ေနၿပီးေနာက္ သူမမလံုမလဲပင္ မ်က္လံုးမ်ားမွိတ္လိုက္သည္။ ဤေနရာတြင္ အခ်ိန္ၾကာၾကာရပ္ေနလွ်င္ သူမကို လူမိသြားနိုင္သည္။ ထိုသို႔ျဖစ္လာလွ်င္ သူမဤေနရာတြင္ ဆက္ေတရန္ခက္ခဲလိမ့္မည္။ ထိုအေၾကာင္းကို စဥ္းစားမိလိုက္သည္ႏွင့္ သူမအခ်ိဳသာဆံုးေလသံျဖင့္ "ကၽြန္မရွင့္ကို တစ္ခုခုေျပာျပရင္ ရွင္္အဲ့ဒါကို ဘယ္သူ႕ကိုမွ ျပန္မေျပာပါဘူးလို႔ က်ိန္ရမယ္။"

"ေကာင္းၿပီ။" သူသေဘာတူလိုက္သည္။

Xiao Zhiမ်က္နွာနွင့္ တစ္လက္မသာသာသာကြာသည့္အထိ Chu Zhu Yuကပ္သြားလိုက္သည္။ ထို႔ေနာက္ လြန္စြာတိုးတိတ္ညင္သာေသာေလသံျဖင့္ေျပာလိုက္သည္။ "ကၽြန္မ အျပင္ထြက္ခ်င္လို႔။"

သူမနွင္​့သူ႔ၾကား အကြာအ​ေ၀းမွာ နီးကပ္​လြန္​​ေသာ္​​ေၾကာင္​့ သူမစကား​ေျပာလိုက္​တိုင္​း ​​ေလပူမ်ားက သူ႔နားကိုရိုက္​ခတ္​သလို သူခံစား​ေနရသည္​။ ဤထုူးဆန္​း​ေသာခံစားခ်က္​​ေၾကာင္​့ သူလႈပ္​ရွားရန္​ပင္​​ေမ့​ေလ်ာ့သြားသည္​။
"မင္​းက ဘယ္​သြားခ်င္​လို႔လဲ။?"

"ကြမ္​ရင္​ဘံု​ေက်ာင္​းကို" သူ၏ခန္​႔မွန္​းမရ​ေသာမ်က္​နွာထားကိုၾကည္​့ရင္​း သူမႏူးႏူးညံ့ညံ့ပင္​​ေျပာလိုက္ရင္​း သူ႔ကိုရွင္​းျပလိုက္​သည္​။ :"ဒီ​ေန႔က ကြမ္​ရင္​မယ္​​ေတာ္​​ေမြး​ေန႔​ေလ။ ကြၽန္​မကလည္​း ဗုဒၶဘာသာ၀င္​တစ္​​ေယာက္​ဆို​ေတာ့ အစဥ္​အလာအတိုင္​းဆို ကြၽန္​မလည္​းသြားဆု​ေတာင္​းသင္​့တယ္​​ေလ။"
သူမ​ေျပာၿပီး​ေနာက္​သူ႔ကု္​ိ ထိလိုက္ရင္​း  "ရွင္​ ဘယ္​သူ႔ကုိမွ ျပန္​မ​ေျပာရဘူး​ေနာ္​" သူမ Xiao Zhi.ကုိၾကည္​့ရင္​း​ေျပာလိုက္​သည္​။

သူခဏေတာ့စဥ္းစားလိုက္သည္။ "ရတယ္ေလ။ ဒါေပမဲ့...."

"ဒါေပမဲ့..ဘာလဲ"

"ငါလည္းလိုက္ခ်င္တယ္။"

ဘယ္လို ... ဘုရားေရ....

သူတို႔ႏွစေ္ယာက္လံုး လမ္းေပၚေရာက္လာသည္တိုင္ေအာင္ Chu Zhu Yuပြစိပြစိလုပ္၍ မျပီးေသးေပ။ နန္းတြင္းရဲမက္တစ္ေယာက္က ထိုမွ်ေတာင္အားေနသည္လား။ ခိုးထြက္လာဖို႔ အဲ့ေလာက္ေတာင္လြယ္လား။ ထို႕ေနာက္ သူမဤကဲ့သိုခိုးထြက္နိုင္ရန္ ႀကံဳခဲ့ရေသာ အခက္အခဲမ်ားကို ျပန္ေတြးမိသည္။ သူမအိိိမ္ေတာ္တြင္းမွထြက္နိုင္ရန္ မနက္ကတည္းက အလုပ္အားလံုးကိုၿပီးေအာင္ လုပ္ခဲ့ရသည္။ အခ်ိဳ႕အေစခံမ်ားကို လာဘ္ထိုးခဲ့ရသည္။

Luo Yangျမိဳ႕၏ ပ်ားပန္းခတ္မွ်ရႈပ္ယွက္ခတ္ေနေသာ လမ္းေပၚတြင္ လမ္းေလွ်ာက္ေနရင္း သူမ စစ္သူႀကီးအိမ္ေတာ္တြင္ေနမည့္ ရက္မ်ားအတြက္ သူမအေဖအား လက္ဖက္ေျခာက္ဝယ္ရန္သြားမည္ဟု ေျပာခဲ့သည့္အတြက္  သူမအနည္းငယ္ေတာ့ စိတ္သက္သာရာရမိသည္။ ေနာက္ထပ္လမ္းႏွစ္လမ္းေလာက္သြားလိုက္လွ်င္ သူမလက္ဖက္ရည္ဆိုင္ကို ေရာက္မည္ျဖစ္သည္။ အကယ္၍ ဆိုင္ေရွ႕တြင္ မည္သူမွ်မရွိလွ်င္ေတာ့ သူမဆုိင္ကို ေသခ်ာၾကည့္ခ်င္ပါေသးသည္။

"မင္းဘာေတြေတြးေနတာလဲ။" Chu Zhu Yuကို Xiao Zhiေမးလိုက္သည္။  အဘယ္ေၾကာင့္ဆိုေသ္ သူမပံုစံမွာ အသိစိတ္လြတ္ေနပံုေပါက္ေနေသာေၾကာင့္ျဖစ္သည္။ အခုသူမမ်က္ႏွာေပၚတြင္ ဝမ္းနည္းေနေသာ အရိပ္အေယာင္ကို ျမင္ေနရသည္။ ထိုအေနအထားကို သူမႏွစ္သက္ပါ။ သူက သူမမ်က္ႏွာၿပံဳးေနသည္ကိုသာ ေတြ႔ခ်င္သည္။

"ဘာ..ဘာမွမဟုတ္ပါဘူး." သူမေခါင္းယမ္းျပလိုက္သည္။ သူတို႔ဘုရားေက်ာင္းေရွ႕ရွိ ျမင္းတင္းကုပ္ေရွ႕ေရာက္ေသာအခါ ရပ္လိုက္ၾကသည္။

ဤကြမ္ရင္မယ္ေတာ္ဘံုေက်ာင္းမွာ လူမ်ားျဖင့္ျပည့္ႏွက္ေနသည္။ Chu Zhuက  Yu Xiao Zhiကိုဆြဲသြားကာ လူၾကားထဲ တိုးလိုက္သည္။ သူ႔ကိုယ္က လက္ဖက္ရည္ေသာက္ခ်ိန္ကဲ့သို႔ သူမနွင့္ပူးကပ္ေနသည္။ သူတို႔ ဘုရားေက်ာင္းတံခါးဝသို႔ မေရာက္ေသးခင္မွာပင္ Chu Zhu Yuတစ္ကိုယ္လံုးေခၽြးမ်ားျဖင့္ ရႊဲနစ္ေနခဲ့သည္။

"အရမ္းပင္ပန္းတာပဲ။... ဒီေလာက္လူမ်ားမယ္လို႔တစ္ခါမွ မေတြးမိဘူး။" သူမေခၽြးမ်ားကို လက္ျဖင့္သပ္လိုက္သည္။ သူမေဘးကလူကို ၾကည့္လိုက္ေသာအခါ သူမအံ့ၾသသြားသည္။ သူ႕နဖူးေပၚတြင္ ေခၽြးတစ္စက္ပင္မရွိေပ။ "ရွင္ဘယ္လိုလုပ္ေခၽြးေတာင္မထြက္ရတာလဲ။"

"အဲ့ဒါထူးဆနး္လို႔လား။" သူကေတာင္ ျပန္ေမးလိုက္ေသးသည္။

ဒါက​ေတာ့...လူတိုင္​းက မတူညီတဲ့ ခႏၶာကိုယ္​ပံုစံ​ေတြ​ ရွိနိုင္​သည္​ပဲ​ေလ။ Chu Zhu Yu တစ္​​ေယာက္​နွင္​့တစ္​​ေယာက္​တြန္​းထိုးကာ ဘုရား​ေက်ာင္​းထဲ၀င္​ရန္​ႀကိဳးပမ္​း​ေန​ေသာ လူအုပ္​ႀကီးကိုၾကည္​့ရင္​း​ေျပာလိုက္​သည္​။ "လူ​ေတြဒီ​ေလာက္​​ေတာင္​မ်ားတာ ဘုရား​ေက်ာင္​းထဲ​ေရာက္​ဖို႔ဘယ္​​ေလာက္​​ေတာင္​​ေစာင္​့ရမလဲမသိဘူး။"

"မင္​းတကယ္​အထဲကို၀င္​ခ်င္​တာလား။" သူ​ေခါင္​းငံု႕ကာ သူမကိုၾကည္​့လိုက္​သည္​။

"၀င္​ခ်င္​တာ​ေပါ့။ ဒီကြမ္​ရင္​ဘံု​ေက်ာင္​းကိုလာၿပီး အထဲမ၀င္​ဘဲ ဘယ္​လိုဆု​ေတာင္​းရမွာလဲ။" ၿပီး​ေတာ့ဒီ​ေန႔က ကြမ္​ရင္​မယ္​​ေတာ္​​ေမြး​ေန႔ဆို​ေတာ့ ဒီအခ်ိန္​က ဆု​ေတာင္​းဖို႔အ​ေကာင္​းဆံုးပဲ​ေလ။ သူမထိုသို႔စဥ္​းစားလ္ိုက္​သည္​နွင္​့ Chu Zhu Yuမ်က္​နွာရဲခနျဖစ္​သြားသည္​။

"မင္​းသာ ဝင္​ခ်င္​တယ္​ဆို ဒါက လြယ္​လြယ္​​ေလးပါ။ "

"လြယ္​တယ္​။?"

"ဟုတ္​တယ္​။ ဒိီလိုမ်ိဳး​ေလ။" Xiao Zhiလက္​​ေတြ႕သက္​​ေသျပလိုက္​သည္​။ သူ႔ခႏၶာကိုယ္​ကို မတ္​လိုက္​ၿပီး လူအုပ္​ထဲသို႔ လမ္​း​ေလ်ွာက္​သြားလိုက္​သည္​။

Chu Zhu Yu ပါးစပ္​အ​ေဟာင္​းသားနွင္​့ မ်က္​​ေတာင္​ပုတ္​ခတ္​ပုတ္​ခတ္​သာ လုပ္​နိုင္​သည္​။ ထိုအနက္​​ေရာင္​အရိပ္​က ​ေလကဲ့သို႔ အျမန္​ျဖင္​့ ဘုရား​ေက်ာင္​းတံခါး၀​ေရာက္​သည္​အထိ  လူၾကားထဲမွ ​ေအး​ေဆးျဖတ္​သြားသည္​။ ထိုလူတန္​းႀကီးက သူတို႔ကိုယ္​မ်ား မလႈပ္​ရွားနိုင္​​ေတာ့သကဲ့သို႔ ရုတ္​တရက္​ရပ္​သြားသည္​။
တကယ္​ကို မလႈပ္​ရွားနိုင္​​ေတာ့​ေပ။ သို႔​ေသာ္​သူတို႔ကို သူကအ​ေၾကာပိတ္​လိုက္​ခင္​း​ေၾကာင္​့သာျဖစ္​သည္​။
ထို႔​ေနာက္​သူက တခါး​၀တြင္​ရပ္​၍ ူမကိုအထဲ၀င္​ရန္​လက္​ျပ​ေနသည္​ကို သူမ​ေတြ႕လိုက္​ရသည္​။ ထို႔​ေနာက္​သူက...

"အခု မင္​းဘုရား​ေက်ာင္​းထဲကို လြယ္​လြယ္​နဲ႔ ၀င္​လို႔ရသြားၿပီ​ေလ။"

အခုအခ်ိန္​တြင္​ ဘုရား​ေက်ာင္​းထဲ၀င္​ျခင္​း မ၀င္​ျခင္​းက အ​ေရးမႀကီး​ေတာ့... Chu Zhu Yuစိတ္​ထဲတြင္​ Xiao Zhiအ​ေၾကာပိတ္​ခဲ့​ေသာ သူမ်ားကိုသာ ျမင္​​ေနမိသည္​။ သူမJue Qing (Xiao Zhi)နွင္​့ပတ္​သတ္​၍ နားလည္​ထားသည္​မွာ ျမဴမႈန္​တစ္​မႈန္​စာ​ေလာက္​သာရွိ​ေၾကာင္​းကို သူမရုတ္​တရက္​သ​ေဘာ​ေပါက္​သြားသည္​။

"ရွင္​သူတို႔ကို ​ေသြး​ေၾကာျမန္​ျမန္​ဖြင္​့​ေပးလိုက္​ရင္​​ေကာင္​းမယ္​။" သူမ​ေရွ႕သို႔​ေရာက္​လာသည္​နွင္​့ ​ေျပာလိုက္​သည္​။

"မင္​းက တကယ္​လႊတ္​​ေပး​ေစခ်င္​လို႔လား"

"ဒါ​ေပါ့။ တကယ္​လို႔ ရွင္​မလႊတ္​​ေပးရင္​ ျပသနာအႀကီးႀကီးျဖစ္​လာလိမ္​့မယ္​။" ဘုရား​ေက်ာင္​း​ေရွ႕တြင္​ လူတစ္​ရာနီးပါး မလႈပ္​မရွားရပ္​​ေနသည္​ကိုျမင္​လ်ွင္​ ရံုး​ေတာ္​မွ မလာ​ေရာက္​ဘဲ​ေနမည္​မဟုတ္​။

"အဲ့​ေတာ့ ဘာျဖစ္​လဲ။" သူ႔ပံုစံက မည္​သူ႔ကိုမ်ွဂရုမစိုက္​သလိုပင္​။

"ဘယ္​လိုပဲျဖစ္​ျဖစ္​ ရွင္​ ဒီအ​ေၾကာပိတ္​ခံထားရတဲ့လူ​ေတြကို လႊတ္​​ေပးသင္​့တယ္​။" သူမသူ႔ကို ​ေဒါသျဖစ္​စြာ စိုက္​ၾကည္​့လိုက္​သည္​။

"မင္​းစိတ္​ဆိုး​ေနတာလား။" သူမကို ၾကည္​့​ေနရင္​း သူ​ဇ​ေ၀ဇဝါျဖစ္​သြားသည္​။

Chu Zhu Yu ​ေခါင္​းညိတ္​ျပလိုက္​သည္​။

ငါက မင္​းျဖစ္​ခ်င္​တာကို လုပ္​​ေပးတာ​ေလ။ မင္​းကဘာလို႔ စိတ္​ဆိုးရတာလဲ။" သူမက ဘုရား​ေက်ာင္​းထဲကို ျမန္​ျမန္​၀င္​လို၍ သူကထိုသူမ်ားကို ​ေသြး​ေၾကာပိတ္​ကာ သူမဘုရား​ေက်ာင္​းအတြင္​း အလြယ္​တကူ၀င္​နိုင္​ရန္​လုပ္​​ေပးခဲ့သည္​။ထို႔​ေၾကာင္​့သူမ ထိုလူမ်ားၾကားတိုး​ေဝွ႔​ေနရန္​ပင္​မလို​ေတာ့​ေပ။ သို႔​ေသာ္​ အဘယ္​့​ေၾကာင္​့ သူ​ေမ်ွာ္​လင္​့ထားသလို သူမမ်က္​နွာတြင္​ ​ေပ်ာ္​႐ႊင္​မႈအရိပ္​အ​ေယာင္​ တစ္​ခု​ေလး​ေတာင္​ ရွိမ​ေနရသနည္း။ ?

#2530Words
12.7.2018
Unicode
ရိုးရှင်းသော အဝတ်အစားကိုသာ ဝတ်ဆင်၍ ဆံပင်အား ရိုးရိုးရှင်းရှင်းပင် ကျစ်ဆံမြီးကျစ်လိုက်ပြီးနောက် နေ့လယ်စာစားချိန်တွင် အစောင့်များလစ်သည်ကို အခွင့်ကောင်ယူကာ Chu Zhu Yuအိမ်တော် အနောက်ပေါက်မှတစ်ဆင့် အပြင်သို့ခိုးထွက်လာခဲ့သည်။

သူမလက်များက တံခါးလက်ကိုင်ကို သတိထားကိုင်ကာ ဖွင့်လိုက်ပြီး အပြင်ထွက်တော့မည့်ဆဲဆဲတွင် ရုတ်တရက် သူမနှင့်ရင်းနှီးသော အသံတစ်ခုက သူမကို ခေါ်လိုက်သည်။

"မင်းဘာလုပ်နေတာလဲ။"

Chu Zhu Yu ခန္ဓာကိုယ်တောင့်တင်းသွားပြီး သူခေါင်းကိုနောက်လှည့်ကြည့်လိုက်သောအခါ သူမအခန်းသို့ ညတိုင်းလာပြီး သူမခုတင်ပေါ်လာအိပ်သောလူကို ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

"ရှင်က နန်းတွင်းရဲမက်မဟုတ်လား။ ရှင်ဒီမှာ ဘာလုပ်နေတာလဲ။" သူမသူ့ကို အလန့်တကြားကြည့်ရင်း မေးလိုက်သည်။

Xiao Zhiလက်က သူ့ ရင်ဘတ်၏အလယ်ဗဟိုတွင် စက်ဝိုင်းပုံဝိုင်းပြလိုက်ပြီး Chu Zhu Yuကို တည်တည်ငြိမ်ငြိမ်ကြည့်နေလိုက်သည်။

အချိန်အတန်ကြာကြည့်နေပြီးနောက် သူမမလုံမလဲပင် မျက်လုံးများမှိတ်လိုက်သည်။ ဤနေရာတွင် အချိန်ကြာကြာရပ်နေလျှင် သူမကို လူမိသွားနိုင်သည်။ ထိုသို့ဖြစ်လာလျှင် သူမဤနေရာတွင် ဆက်တေရန်ခက်ခဲလိမ့်မည်။ ထိုအကြောင်းကို စဉ်းစားမိလိုက်သည်နှင့် သူမအချိုသာဆုံးလေသံဖြင့် "ကျွန်မရှင့်ကို တစ်ခုခုပြောပြရင် ရှင်အဲ့ဒါကို ဘယ်သူ့ကိုမှ ပြန်မပြောပါဘူးလို့ ကျိန်ရမယ်။"

"ကောင်းပြီ။" သူသဘောတူလိုက်သည်။

Xiao Zhiမျက်နှာနှင့် တစ်လက်မသာသာသာကွာသည့်အထိ Chu Zhu Yuကပ်သွားလိုက်သည်။ ထို့နောက် လွန်စွာတိုးတိတ်ညင်သာသောလေသံဖြင့်ပြောလိုက်သည်။ "ကျွန်မ အပြင်ထွက်ချင်လို့။"

သူမနှင့်သူ့ကြား အကွာအဝေးမှာ နီးကပ်လွန်သော်ကြောင့် သူမစကားပြောလိုက်တိုင်း လေပူများက သူ့နားကိုရိုက်ခတ်သလို သူခံစားနေရသည်။ ဤထုူးဆန်းသောခံစားချက်ကြောင့် သူလှုပ်ရှားရန်ပင်မေ့လျော့သွားသည်။
"မင်းက ဘယ်သွားချင်လို့လဲ။?"

"ကွမ်ရင်ဘုံကျောင်းကို" သူ၏ခန့်မှန်းမရသောမျက်နှာထားကိုကြည့်ရင်း သူမနူးနူးညံ့ညံ့ပင်ပြောလိုက်ရင်း သူ့ကိုရှင်းပြလိုက်သည်။ :"ဒီနေ့က ကွမ်ရင်မယ်တော်မွေးနေ့လေ။ ကျွန်မကလည်း ဗုဒ္ဓဘာသာဝင်တစ်ယောက်ဆိုတော့ အစဉ်အလာအတိုင်းဆို ကျွန်မလည်းသွားဆုတောင်းသင့်တယ်လေ။"
သူမပြောပြီးနောက်သူ့ကို ထိလိုက်ရင်း  "ရှင် ဘယ်သူ့ကိုမှ ပြန်မပြောရဘူးနော်" သူမ Xiao Zhi.ကိုကြည့်ရင်းပြောလိုက်သည်။

သူခဏတော့စဉ်းစားလိုက်သည်။ "ရတယ်လေ။ ဒါပေမဲ့...."

"ဒါပေမဲ့..ဘာလဲ"

"ငါလည်းလိုက်ချင်တယ်။"

ဘယ်လို ... ဘုရားရေ....

သူတို့နှစေ်ယာက်လုံး လမ်းပေါ်ရောက်လာသည်တိုင်အောင် Chu Zhu Yuပွစိပွစိလုပ်၍ မပြီးသေးပေ။ နန်းတွင်းရဲမက်တစ်ယောက်က ထိုမျှတောင်အားနေသည်လား။ ခိုးထွက်လာဖို့ အဲ့လောက်တောင်လွယ်လား။ ထို့နောက် သူမဤကဲ့သိုခိုးထွက်နိုင်ရန် ကြုံခဲ့ရသော အခက်အခဲများကို ပြန်တွေးမိသည်။ သူမအိမ်တော်တွင်းမှထွက်နိုင်ရန် မနက်ကတည်းက အလုပ်အားလုံးကိုပြီးအောင် လုပ်ခဲ့ရသည်။ အချို့အစေခံများကို လာဘ်ထိုးခဲ့ရသည်။

Luo Yangမြို့၏ ပျားပန်းခတ်မျှရှုပ်ယှက်ခတ်နေသော လမ်းပေါ်တွင် လမ်းလျှောက်နေရင်း သူမ စစ်သူကြီးအိမ်တော်တွင်နေမည့် ရက်များအတွက် သူမအဖေအား လက်ဖက်ခြောက်ဝယ်ရန်သွားမည်ဟု ပြောခဲ့သည့်အတွက်  သူမအနည်းငယ်တော့ စိတ်သက်သာရာရမိသည်။ နောက်ထပ်လမ်းနှစ်လမ်းလောက်သွားလိုက်လျှင် သူမလက်ဖက်ရည်ဆိုင်ကို ရောက်မည်ဖြစ်သည်။ အကယ်၍ ဆိုင်ရှေ့တွင် မည်သူမျှမရှိလျှင်တော့ သူမဆိုင်ကို သေချာကြည့်ချင်ပါသေးသည်။

"မင်းဘာတွေတွေးနေတာလဲ။" Chu Zhu Yuကို Xiao Zhiမေးလိုက်သည်။  အဘယ်ကြောင့်ဆိုသေ် သူမပုံစံမှာ အသိစိတ်လွတ်နေပုံပေါက်နေသောကြောင့်ဖြစ်သည်။ အခုသူမမျက်နှာပေါ်တွင် ဝမ်းနည်းနေသော အရိပ်အယောင်ကို မြင်နေရသည်။ ထိုအနေအထားကို သူမနှစ်သက်ပါ။ သူက သူမမျက်နှာပြုံးနေသည်ကိုသာ တွေ့ချင်သည်။

"ဘာ..ဘာမှမဟုတ်ပါဘူး." သူမခေါင်းယမ်းပြလိုက်သည်။ သူတို့ဘုရားကျောင်းရှေ့ရှိ မြင်းတင်းကုပ်ရှေ့ရောက်သောအခါ ရပ်လိုက်ကြသည်။

ဤကွမ်ရင်မယ်တော်ဘုံကျောင်းမှာ လူများဖြင့်ပြည့်နှက်နေသည်။ Chu Zhuက  Yu Xiao Zhiကိုဆွဲသွားကာ လူကြားထဲ တိုးလိုက်သည်။ သူ့ကိုယ်က လက်ဖက်ရည်သောက်ချိန်ကဲ့သို့ သူမနှင့်ပူးကပ်နေသည်။ သူတို့ ဘုရားကျောင်းတံခါးဝသို့ မရောက်သေးခင်မှာပင် Chu Zhu Yuတစ်ကိုယ်လုံးချွေးများဖြင့် ရွှဲနစ်နေခဲ့သည်။

"အရမ်းပင်ပန်းတာပဲ။... ဒီလောက်လူများမယ်လို့တစ်ခါမှ မတွေးမိဘူး။" သူမချွေးများကို လက်ဖြင့်သပ်လိုက်သည်။ သူမဘေးကလူကို ကြည့်လိုက်သောအခါ သူမအံ့သြသွားသည်။ သူ့နဖူးပေါ်တွင် ချွေးတစ်စက်ပင်မရှိပေ။ "ရှင်ဘယ်လိုလုပ်ချွေးတောင်မထွက်ရတာလဲ။"

"အဲ့ဒါထူးဆန်းလို့လား။" သူကတောင် ပြန်မေးလိုက်သေးသည်။

ဒါကတော့...လူတိုင်းက မတူညီတဲ့ ခန္ဓာကိုယ်ပုံစံတွေ ရှိနိုင်သည်ပဲလေ။ Chu Zhu Yu တစ်ယောက်နှင့်တစ်ယောက်တွန်းထိုးကာ ဘုရားကျောင်းထဲဝင်ရန်ကြိုးပမ်းနေသော လူအုပ်ကြီးကိုကြည့်ရင်းပြောလိုက်သည်။ "လူတွေဒီလောက်တောင်များတာ ဘုရားကျောင်းထဲရောက်ဖို့ဘယ်လောက်တောင်စောင့်ရမလဲမသိဘူး။"

"မင်းတကယ်အထဲကိုဝင်ချင်တာလား။" သူခေါင်းငုံ့ကာ သူမကိုကြည့်လိုက်သည်။

"ဝင်ချင်တာပေါ့။ ဒီကွမ်ရင်ဘုံကျောင်းကိုလာပြီး အထဲမဝင်ဘဲ ဘယ်လိုဆုတောင်းရမှာလဲ။" ပြီးတော့ဒီနေ့က ကွမ်ရင်မယ်တော်မွေးနေ့ဆိုတော့ ဒီအချိန်က ဆုတောင်းဖို့အကောင်းဆုံးပဲလေ။ သူမထိုသို့စဉ်းစားလိုက်သည်နှင့် Chu Zhu Yuမျက်နှာရဲခနဖြစ်သွားသည်။

"မင်းသာ ဝင်ချင်တယ်ဆို ဒါက လွယ်လွယ်လေးပါ။ "

"လွယ်တယ်။?"

"ဟုတ်တယ်။ ဒီလိုမျိုးလေ။" Xiao Zhiလက်တွေ့သက်သေပြလိုက်သည်။ သူ့ခန္ဓာကိုယ်ကို မတ်လိုက်ပြီး လူအုပ်ထဲသို့ လမ်းလျှောက်သွားလိုက်သည်။

Chu Zhu Yu ပါးစပ်အဟောင်းသားနှင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ်သာ လုပ်နိုင်သည်။ ထိုအနက်ရောင်အရိပ်က လေကဲ့သို့ အမြန်ဖြင့် ဘုရားကျောင်းတံခါးဝရောက်သည်အထိ  လူကြားထဲမှ အေးဆေးဖြတ်သွားသည်။ ထိုလူတန်းကြီးက သူတို့ကိုယ်များ မလှုပ်ရှားနိုင်တော့သကဲ့သို့ ရုတ်တရက်ရပ်သွားသည်။
တကယ်ကို မလှုပ်ရှားနိုင်တော့ပေ။ သို့သော်သူတို့ကို သူကအကြောပိတ်လိုက်ခင်းကြောင့်သာဖြစ်သည်။
ထို့နောက်သူက တခါးဝတွင်ရပ်၍ ူမကိုအထဲဝင်ရန်လက်ပြနေသည်ကို သူမတွေ့လိုက်ရသည်။ ထို့နောက်သူက...

"အခု မင်းဘုရားကျောင်းထဲကို လွယ်လွယ်နဲ့ ဝင်လို့ရသွားပြီလေ။"

အခုအချိန်တွင် ဘုရားကျောင်းထဲဝင်ခြင်း မဝင်ခြင်းက အရေးမကြီးတော့... Chu Zhu Yuစိတ်ထဲတွင် Xiao Zhiအကြောပိတ်ခဲ့သော သူများကိုသာ မြင်နေမိသည်။ သူမJue Qing (Xiao Zhi)နှင့်ပတ်သတ်၍ နားလည်ထားသည်မှာ မြူမှုန်တစ်မှုန်စာလောက်သာရှိကြောင်းကို သူမရုတ်တရက်သဘောပေါက်သွားသည်။

"ရှင်သူတို့ကို သွေးကြောမြန်မြန်ဖွင့်ပေးလိုက်ရင်ကောင်းမယ်။" သူမရှေ့သို့ရောက်လာသည်နှင့် ပြောလိုက်သည်။

"မင်းက တကယ်လွှတ်ပေးစေချင်လို့လား"

"ဒါပေါ့။ တကယ်လို့ ရှင်မလွှတ်ပေးရင် ပြသနာအကြီးကြီးဖြစ်လာလိမ့်မယ်။" ဘုရားကျောင်းရှေ့တွင် လူတစ်ရာနီးပါး မလှုပ်မရှားရပ်နေသည်ကိုမြင်လျှင် ရုံးတော်မှ မလာရောက်ဘဲနေမည်မဟုတ်။

"အဲ့တော့ ဘာဖြစ်လဲ။" သူ့ပုံစံက မည်သူ့ကိုမျှဂရုမစိုက်သလိုပင်။

"ဘယ်လိုပဲဖြစ်ဖြစ် ရှင် ဒီအကြောပိတ်ခံထားရတဲ့လူတွေကို လွှတ်ပေးသင့်တယ်။" သူမသူ့ကို ဒေါသဖြစ်စွာ စိုက်ကြည့်လိုက်သည်။

"မင်းစိတ်ဆိုးနေတာလား။" သူမကို ကြည့်နေရင်း သူဇဝေဇဝါဖြစ်သွားသည်။

Chu Zhu Yu ခေါင်းညိတ်ပြလိုက်သည်။

ငါက မင်းဖြစ်ချင်တာကို လုပ်ပေးတာလေ။ မင်းကဘာလို့ စိတ်ဆိုးရတာလဲ။" သူမက ဘုရားကျောင်းထဲကို မြန်မြန်ဝင်လို၍ သူကထိုသူများကို သွေးကြောပိတ်ကာ သူမဘုရားကျောင်းအတွင်း အလွယ်တကူဝင်နိုင်ရန်လုပ်ပေးခဲ့သည်။ထို့ကြောင့်သူမ ထိုလူများကြားတိုးဝှေ့နေရန်ပင်မလိုတော့ပေ။ သို့သော် အဘယ့်ကြောင့် သူမျှော်လင့်ထားသလို သူမမျက်နှာတွင် ပျော်ရွှင်မှုအရိပ်အယောင် တစ်ခုလေးတောင် ရှိမနေရသနည်း။ ?

#2530Words
12.7.2018

Continue Reading

You'll Also Like

51.3K 3.3K 8
Author(s) HONG JIU 红九 I'm just a translator and this story isn't belong to me. Full credit goes to author(s) and english translator(s). I also don't...
196K 20.9K 101
ဘာသာပြန်သူ - စွဲညို့အသင်း
16.4K 1.8K 13
သမိုင္​းေၾကာင္​းတစ္​ေလ်ွာက္​ အေလးစား အၾကည္​ညိဳခံရမည္​့ ေတာ္​ဝင္​ေသြးဆိုတာ ဘယ္​လိုမ်ိဳးလဲ။ ယြီးေရွာင္​ေရွာင္​ကေတာ့ ခင္​ပြန္​းလင္​ကို အလိုလိုက္​ ဖူးဖူ...
123K 14.8K 95
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...