Master Of The Prince

By 7-Mo-M4

765K 70.5K 7.7K

Oh Sehun ♡ LuHan "ကိုယ်​​ မင်းကို သိပ်​ချစ်​တယ်​...Han " More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
August-18
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Hello
Part-55
Part-56
Part-57
Part-58
Part-59
Final
ကျေးဇူးတင်​လွှာ

Part-18

12.7K 1.2K 75
By 7-Mo-M4


" Han !!! "


Han ရယ်​​ လေ

Han........



"ဒီဓားနဲ့ ပါ  "


လက်​​ကောက်ဝတ်​ကို



"Han "

Han သည်​ နွမ်းလျစွာ
ငေးကြည့်​​နေဆဲ.........

"Han ! "

Han ၏မျက်​လုံးများသည်


".........."


"မရဘူး Han!!! "

မရဘူး​လေ Han ရယ်
ကိုယ့်​အတွက်​ မင်းရှိ​နေမယ်​ဆိုတာကိုေ​မျှာ်လင့်မိလို့ လေ

Han တစ်​ကိုယ်​လုံးအား




Han သည်




ပြူးကျယ်​တုန်​လှုပ်​စွာနှင့်​ ​နောက်​သို့်ဖင်​ထိုင်​လျက်​ကျသွားသည်​။

ဖျက်​ဆီး​ချေမွ ပစ်​လိုက်​တဲ့သခင်​က​ရော ကိုယ့်​ကိုယ်​ကို သိပ်​ချစ်တတ်​​တယ်​ထင်​​နေလား သခင်​ "

"​တော်​​တော့ Han  ! "

တထုတ်​ထုတ်​တိုးလာပြီး




"ဟုတ်​တယ်​ Han !
ကျေနပ်​လား!!!! "

Sehun Han ကို ထားခဲ့ကာ


" ဟား!!!! "


👑Master Of The Prince👑


"တကယ်​ဘဲလား? "


"မဖြစ်​နိုင်​တာဘဲ! "

စကား​ပြော​​နေဆဲ

သေချာ​ပေါက်​​တွေ့ခဲ့တာ "



LuHan မင်းသား?

ထူးခြားတဲ့ဆက်​ဆံ​ရေး?

သူမခဏတာ​တွေ​ဝေ​နေမိစဉ်


စကားများ​နေတာလား? "


" ခဏ​နေဦး "



"ရှင်​?.... "







ဟောက်​လိုက်​ရသည်​။


"အွန်း ဆက်​​ပြောပါဦး  "


"......... "



ညပိုင်းအချိန်​တစ်​ခု


သိလိုက်​ရသည်​။

သူမဆက်​လိုက်​လာခဲ့သည်​။


တံတား​ငယ်​၏တစ်​ဖက်​တွင်



" မင်းကြီး "





"မင်းကြီး! သတိထားပါဦး! "


ချစ်​.....တယ်​....H . . a . . n . . "

Han ?

ပြော​နေတာဘဲလား?

ဒါမယ့်​..... LuHan မင်းသားက 
ယောက်ျား​လေး!!!!!!

ဒါ......ဒါ.........ဘယ်​လို


အံ့သြမှု​ကြောင့်




နေဦး


မဟုတ်​မှ ...................


နောက်​ဆုံး​တော့ သူမ

ခမည်း​တော်​​ပြောဖူး​သော






မင်း​ကြီးရယ်

ခေါင်း​စောင်းတင်​ထားတာမို့်
သူမလက်​တစ်​ဖက်​က ​လေထဲတွင်​ရပ်​တန့်​သွားရကာ ​နောက်​သို့မြန်​မြန်​ရုတ်​လိုက်​ရသည်​။

"မိဖုရားဇီ? "


အကဲခတ်ေ​န​လေသည်​။


ထရပ်​လိုက်​တဲ့အခါ
ယိုင်​ခနဲဖြစ်​သွားစဉ်


"ရတယ်​ "








"​သိပ်​ချစ်​တယ်​ Han ~ ​~ "

သူက​တော့

သခင်​ ညာတယ်​!

••••••••••••••••••••••••••••••••••••••••••

See You Next Part 😙

Love You All ❤

Unicode

" Han !!! "

ဘုရင်တစ်ပါး၏ပုံရိပ်ကိုသူဂရုမစိုက်နိုင်ပါ။
Han ရှိနေမည့် သူ့ရဲ့အဆောင်ဆီ
သွေးရူးသွေးတန်းပြေးလာမိပြီး
အဆောင်ထဲသို့ရောက်ရှိသွားချိန်မှာတော့

Han ရယ် လေ

အိပ်ယာပေါ်မှာခြေဆင်းထိုင်လျက်
ထောင့်တစ်နေရာဆီငေးငိုင်ကြည့်နေသော
Han........

ဘေးတွင် ချထားသော သူ့လက်ကောက်ဝတ်
တစ်ဖက်မှာဖြင့် ယခုမှစီးပြီးသွားပုံရသော
ပတ်တီးဖြူဖြူတို့ကနေရာယူထားလျက်ရှိနေသည်။

သူရောက်လာသည်နှင့် အနားတွင်ဝိုင်းနေသော
သမားတော်များနောက်သို့ဆုတ်သွားကြပြီး
ခေါင်းဆောင်သမားတော်ကြီးမှ

"ဒီဓားနဲ့ ပါ  "

သူ့မျက်စိရှေ့ကို ပြလာသည့် ဗန်းထဲမှ
ထက်သော ဓားတိုတစ်ချောင်း

လက်ကောက်ဝတ်ကို
ဓားနဲ့လှီးခဲ့တာလား Han
ဒီလောက်နာကျင်တဲ့လုပ်ရပ်မျိုးကိုလုပ်ရတဲ့အထိ
မင်းရင်ထဲဘယ်လောက်နာကျင်နေလဲ Han ရယ်

"စိုးရိမ်စရာတော့ မရှိတော့ပါဘူး
ချက်ချင်းသိခဲ့ရလို့ပါ "

ခေါင်းတစ်ချက်ခပ်လေးလေးငြိမ့်ပြလိုက်တော့
သမားတော်အားလုံး ထိုအခန်းမှထွက်သွားကြပြီး
သူနှင့် Han သာကျန်နေခဲ့သည်။

"Han "

Han သည် နွမ်းလျစွာ
ထောင့်တစ်နေရာဆီ မျက်လုံးအသေများဖြင့်
ငေးကြည့်နေဆဲ.........

"Han ! "

Han ၏ပခုံးအား ခပ်ကြမ်းကြမ်းလှုပ်ခတ်လိုက်သည့်အခါမှ သူ့ကိုလှည့်ကြည့်လာတော့သည်။
Han ၏မျက်လုံးများသည်
ပကတိအေးစက်စွာနှင့် ဖြူရော်သောနှုတ်ခမ်းများမှ ထွက်လာသောစကားသံတို့က သူ့ရင်ကိုခွဲပါ၏

"ဒီကထွက်သွားချင်တယ် သခင် "

".........."

"ဒီမှာ မနေနိုင်တော့ဘူး ထွက်သွားပါရစေ~"

"မရဘူး Han!!! "

မရဘူးလေ Han ရယ်
မင်းကို ကိုယ့်အနားမှာထားဖို့
ကိုယ်ဒီလိုတွေလုပ်ခဲ့တာလေ
ဒီလောက်ရက်စက်ယုတ်မာတဲ့လုပ်ရပ်တွေကို
ကိုယ်ကျူးလွန်ပြီးတဲ့နောက်မှာ
ကိုယ့်အတွက် မင်းရှိနေမယ်ဆိုတာကိုမျှော်လင့်မိလို့လေ
မင်းကို အနားမှာထားနိုင်ဖို့တစ်ခုတည်းအတွက်ဘဲလေ Han ရယ်

လေသံမာမာဖြင့်အော်လိုက်မိပြီးမှ
ကိုယ့်စိတ်ကိုပြန်ထိန်းရင်း
Han တစ်ကိုယ်လုံးအား
လွတ်ထွက်သွားမှာကြောက်မတတ်
ခပ်တင်းတင်းပွေ့ဖက်ကာ

"ဘာလို့ထွက်သွားမှာလဲ? Han ရယ်
ဒီမှာ.....ဒီမှာ ကိုယ်ရှိတယ်လေ မင်းကိုချစ်တဲ့
ကိုယ်တစ်ယောက်လုံးရှိတယ်လေ "

"ခမည်းတော်ကို သတ်ခဲ့တဲ့သခင့်လက်တွေနဲ့
ပွေ့ဖက်နှစ်သိမ့်မှုက အရာရောက်မယ်ထင်နေတာလား သခင် "

သူတစ်ခါမှမကြားခဲ့ဖူးသော
Han ၏ အေးစက်စက်စကားသံက
ရင်ခွင်ထဲကထွက်ပေါ်လာသည်။

ပွေ့ဖက်ထားတဲ့ သူ့လက်တွေကိုဖယ်ချလိုက်တဲ့
Han သည်

"ကိုယ့်အဖေကို ရက်ရက်စက်စက်သတ်ပစ်ခဲ့တဲ့
လူရဲ့ရင်ခွင်မှာ အရာအားလုံးကိုမေ့ပြီးပျော်နေမယ်ထင်လို့လား "

သခင့်မျက်နှာကိုကြည့်နေရင်းကပင်
သွေးအိုင်ထဲလဲနေသောခမည်းတော်နှင့်
သွေးစွန်းနေသောသခင့်လက်ထဲမှဓားတို့က
မှတ်ဉာဏ်ထဲ ရှင်းလင်းစွာပြန်ပေါ်လာပြန်သည်။

"သားဖြစ်သူကိုချစ်မိလို့
အသတ်ခံလိုက်ရတဲ့ခမည်းတော်!!!
သားဖြစ်သူကြောင့် သေသွားရတဲ့ခမည်းတော်!
အဲ့ဒီသားက အဲ့ဒီလူသတ်သမားကို မျက်စိစုံမှိတ်ဆက်ချစ်နေမယ်လို့ရော ထင်သလား သခင်! "

သူ့ကိုကြည့်နေသောသခင့်မျက်ဝန်းများသည်
ပြူးကျယ်တုန်လှုပ်စွာနှင့် နောက်သို့ဖင်ထိုင်လျက်ကျသွားသည်။

"ချစ်လို့ဆိုပြီး ဘဝတစ်ခုလုံး မိသားစုတစ်ခုလုံးကို
ဖျက်ဆီးချေမွ ပစ်လိုက်တဲ့သခင်ကရော ကိုယ့့်ကိုယ်ကို သိပ်ချစ်တတ်တယ်ထင်နေလား သခင် "

"တော်တော့ Han  ! "

နားထင်မှသွေးကြောများသည်
တထုတ်ထုတ်တိုးလာပြီး
ခန္တာကိုယ်တစ်ခုလုံးပူလောင်လာသည်။
အသက်ရှူသွင်းလို့မရအောင်ကို ရင်ဘတ်ကထိုးအောင့်လာသည်မို့ နာကျည်းမုန်းတီးစွာကြည့်နေသော Han အား မြန်မြန်မျက်နှာလွှဲလိုက်မိသည်။

"တကယ်တော့ သခင်က ကိုယ့်အတွက်ကိုယ်ကြည့်တဲ့ အတ္တသမားဘဲ!  "

"တော်တော့လို့ ပြောနေတယ် Han!!!! "

"အမှန်တွေလေ! သခင်ကသိပ်တစ်ကိုယ်ကောင်းဆန်တယ်!! ချစ်လို့ဆိုတဲ့စကားကိုတောက်လျှောက်ပြောနေပေမယ့် သခင် က တကယ်မှမချစ်ဘဲ! သခင်ကကိုယ့်ကိုကိုယ်ချစ်တာ သခင့်ပျော်ရွှင်မှုကိုဘဲကြည့်တာ သခင့်လုပ်ရပ်ကြောင့် ဘာတွေဖြစ်သွားနိုင်လဲမစဉ်းစားဘူး ဘာလို့လဲသိလား? သခင်က ကိုယ့်အတွက်ကိုဘဲကြည့်လို့လေ! ကျန်တာဘာဖြစ်ဖြစ် ဘယ်သူတွေသေသေရှင်ရှင် သခင့်လိုအင်ဆန္ဒတစ်ခုကိုဘဲမြင်လို့လေ!! "

"ဟုတ်တယ် Han !
ဟုတ်တယ် ငါက ငါ့အတွက်ငါဘဲကြည့်တယ်
ဘယ်သူတွေသေသေကျေကျေ ငါ့အရေးမဟုတ်ဖူး ငါလိုချင်တာရဖို့ဘဲအရေးကြီးတယ်
ကျေနပ်လား!!!! "

တစ်ခါမှ မအော်ဖူးသောလေသံဖြင့်
ပေါက်ကွဲပြီးတဲ့နောက်မှာတော့
Sehun Han ကို ထားခဲ့ကာ
ထိုအဆောင်မှထွက်လာခဲ့တော့သည်။

သူ့ကိုစွပ်စွဲနေသော Han ၏စကားများသည်
သူ့ရင်ကို အပ်ဖြင့်စွနေသလို စူးအောင့်နာကျင်စေသည်။ ထိုစကားများကိုပြောနေသည့်တစ်လျှောက်လုံး သူ့ကိုကြည့်သော Han ၏အကြည့်များတွင် ယူကျုံးမရဖြစ်မှုနှင့် သူ့ကိုချစ်ခဲ့မိသောနောင်တများကိုမြင်နေရသည်။

" ဟား!!!! "

ရင်ကိုဖွင့်ကာ လက်သီးတင်းတင်းဆုပ်ရင်း
အော်ချလိုက်ပေမယ့်လည်း
သူ့ရင်ထဲတွင်ပိတ်စို့နေသော ခံစားချက်များကတော့ လွင့်စင်မသွားခဲ့ပါလေ.................။

👑Master Of The Prince👑

"တကယ်ဘဲလား? "

မိဖုရားဇီသည် ရေချိုးဆောင်သို့
ရောက်လာစဉ် သူမရေချိုးရန် ပြင်ဆင်ပေးရသော
မိန်းကလေးတစ်ချို့ပြောနေသော
အကြောင်းအရာတစ်ခုအား နားစွံနားဖျားကြားလိုက်ရသည်။

"မဖြစ်နိုင်တာဘဲ! "

ထိုမိန်းကလေးအုပ်စုကတော့
သူမကြွချီလာတာကိုမသိသေးဘဲ
ခေါင်းချင်းဆိုင်ကာ အကြိတ်အနယ်
စကားပြောနေဆဲ

"ဟုတ်ပါတယ်ဆို.....ငါ့သူငယ်ချင်းက
သေချာပေါက်တွေ့ခဲ့တာ "

အိုခနဲ ဟင်ခနဲ တအံ့တသြဖြစ်နေကြသော
ထိုမိန်းကလေးများ၏ပုံစံကြောင့်
မိဖုရားဇီပိုပြီးစိတ်ဝင်စားမိသွားသည်။

"မင်းကြီးနဲ့ LuHan မင်းသားလေးက
ထူးခြားတဲ့ဆက်ဆံရေးတစ်ခုရှိနေပါတယ်ဆို"

LuHan မင်းသား?

ထူးခြားတဲ့ဆက်ဆံရေး?

သူမခဏတာတွေဝေနေမိစဉ်
အနောက်မှအထိန်းတော်ကြီးက
ထိုမိန်းကလေးအုပ်စုအားလှမ်းဟန့်လိုက်လေသည်။


"မိန်းကလေးတွေ! အလုပ်မလုပ်ဘဲ
စကားများနေတာလား? "

အထိန်းတော်ကြီး၏အသံကျယ်ကျယ်ကိုကြားမှ
သူမရောက်နေသည်ကိုမြင်သွားကြကာ
ခေါင်းငုံ့ကာ အရိုအသေပြုလျက် လူစုခွဲရန်ပြင်ကြသည်။

" ခဏနေဦး "

သူမ ထိုမိန်းကလေးအုပ်စုအား
တားလိုက်ပြီးရှေ့သို့ပိုတိုးလျှောက်လာလိုက်ကာ

"ခုနက အကြောင်းအရာကဘာလဲ? "

"ရှင်?.... "

ထိတ်ထိတ်ပျာပျာနဲ့မော့ကြည့်လာသော
အစေခံမိန်းကလေးအား သူမစူးစိုက်ကြည့်လိုက်သည်။

"ဘာ...ဘာမှမဟုတ်ပါဘူး မိဖုရား "

"ဘာကိုဘာမှမဟုတ်တာလဲ ငါသေချာပေါက်ကြားလိုက်တာဘဲ မင်းကြီးနဲ့ LuHan မင်းသားကထူးခြားတဲ့ဆက်ဆံရေးရှိနေတယ်ဆို "

" မိဖုရား!!!!!! ကျမတို့ကိုအသက်ချမ်းသာပေးပါ"

ကြမ်းပြင်သို့ပြားပြားဝပ်ကာ
ငိုယိုလျက်တောင်းပန်နေသောထိုမိန်းကလေးများအား နားမလည်သလိုကြည့်နေမိပြီးမှ

"အမှန်အတိုင်းပြောရင် အသက်ချမ်းသာပေးမယ် "

အာဏာသုံးရတာ သူမစရိုက်မဟုတ်သော်လည်း
အဖြစ်မှန်ထွက်လာအောင်အနည်းငယ်တော့
ဟောက်လိုက်ရသည်။
ထိုအခါ မိန်းကလေးတွေကတစ်ယောက်မျက်နှာတစ်ယောက်လိုက်ကြည့်နေကြပြီးမှ
စောနက ပြောပြနေသောမိန်းကလေးကပင် တုန်တုန်ရီရီနှင့်ပြောလာတော့သည်။

"မင်းကြီးက LuHan မင်းသားလေးအပေါ် အရမ်းဂရုစိုက်လွန်းလို့ သူ...သူတို့မှာ ထူးခြားတဲ့ဆက်ဆံရေးတစ်ခုရှိရမယ်လို့ ပြော ပြောနေတာပါ "

"အွန်း ဆက်ပြောပါဦး  "

"ဟို...ဟို....မင်းသားလေးရဲ့အထိန်းတော်အုပ်စုထဲက ကျမသူငယ်ချင်းမြင်ခဲ့တာက မနေ့က မင်းကြီးက.......မင်းကြီးက မင်းသားလေးကို ပွေ့ဖက်...ထား ခဲ့ပါတယ်တဲ့!! "

"......... "

"မိဖုရား!!!!! ကျမက ကြားခဲ့တာကိုပြန်ပြောမိတာပါ....အသက်ကိုချမ်းသာပေးပါ မိဖုရား! "

မင်းကြီးက  LuHan မင်းသားလေးကိုပွေ့ဖက်တယ် ဒါက ဘယ်လိုထူးခြားတဲ့ဆက်ဆံရေးဖြစ်နိုင်မှာလဲ? သူမအမြင်မှာတော့ ဒါကသာမန်အခြေအနေတစ်ခုထက်မပိုခဲ့။ သို့သော် ထိုအတွေးက မှားကြောင်း အဲ့ဒီနေ့ညကဘဲ သူမသိခဲ့ရ၏

ညပိုင်းအချိန်တစ်ခု

တိမ်ကင်းစင်သောနက်ပြာရောင်ကောင်းကင်သည်
ထိန်သောလမင်းနှင့်အတူ တလက်လက်ကျီစယ်နေသော ကြယ်ပွင့်ကလေးများဖြင့် လှချင်တိုင်းလှနေသည်။

သူမ မင်းကြီးနှင့်တွေ့ဆုံရန်
မင်းကြီး၏အဆောင်သို့လာခဲ့ပေမယ့်
မင်းကြီးသည်အဆောင်တွင်ရှိမနေပါဟု
သိလိုက်ရသည်။

ထို့အတွက် မင်းကြီးရှိနေမည့်နေရာထိ
သူမဆက်လိုက်လာခဲ့သည်။

ဘုရင့်ဥယျာဉ်တော်ထဲသို့ရောက်လာချိန်မှာတော့
ရေကန်ငယ်၏အပေါ်တွင်တည်ဆောက်ထားသော
နားနေဆောင်ပေါ်တွင် မင်းကြီးတစ်ယောက်ထဲရှိနေသည်ကိုအဝေးမှမြင်လိုက်ရသည်။

ရေကန်ပေါ်တွင်ထိုးထားသော
တံတားငယ်၏တစ်ဖက်တွင်
အထိန်းတော်များကိုထားခဲ့ပြီး
သူမ တစ်ယောက်ထဲလျှောက်လာခဲ့လိုက်သည်။

"မင်းကြီး ကျမ မိဖုရားဇီပါ "

သူမ၏သတင်းပို့စကားကို
တုန့်ပြန်သံတစ်စွန်းတစ်မှမကြားရသည့်အတွက်
ခေါင်းမော့ကြည့်လိုက်ချိန်မှာတော့
ကြမ်းပြင်တွင် ထိုင်လျက် အရက်အိုးတစ်အိုးကိုကောက်မော့နေသောမင်းကြီးအားမြင်လိုက်ရတော့သည်။

" မင်းကြီး "

သူမ နောက်တစ်ကြိမ်အသံပြုလိုက်သော်လည်း
လှည့်ကြည့်မလာသောမင်းကြီး

မိဖုရားဇီလည်း ရပ်နေရမလို
ပြန်လှည့်သွားရမလိုဖြစ်နေမိစဉ်
ရုတ်တရက် နောက်သို့လန်ကျလာတော့မည့်
မင်းကြီး၏ကိုယ်အား ပြေးထိန်းလိုက်ရတော့သည်။

"မင်းကြီး!!! အဆင်ပြေရဲ့လား?? "

သူမပခုံးပေါ် မှီလျက် ဖြစ်နေသောမင်းကြီးမှာ
အရက်နံ့တထောင်းထောင်းထနေပြီး
မျက်လုံးပင်ကောင်းကောင်းမဖွင့်နိုင်

"မင်းကြီး! သတိထားပါဦး! "

သူမ စကားကိုကြားပုံလည်းမရသော
မင်းကြီးသည် ဝူးဝူးဝါးဝါးဖြင့်တစ်စုံတစ်ရာကိုပြောဆိုနေသေးတာမို့ သူမအာရုံစိုက်ကာနားထောင်လိုက်မိတော့

"တောင်း..ပန်..ပါတယ်....Han ရယ်
ထွက်မသွား.....ပါနဲ့........ကိုယ့်......မှာ
ရွေးချယ် စရာ မ...ရှိ....လို့ပါ ...........
ချစ်.....တယ်....H . . a . . n . . "

Han ?

ထပ်ပြီး LuHan မင်းသားကို
ပြောနေတာဘဲလား?

ဒါမယ့်..... LuHan မင်းသားက
ယောက်ျားလေး!!!!!!

ဒါ......ဒါ.........ဘယ်လို
ထူးခြားတဲ့ဆက်ဆံရေးလဲ?

ယောက်ျားလေးတစ်ယောက်က
တခြားယောက်ျားလေးတစ်ယောက်ကို wahh!

အံ့သြမှုကြောင့်
ပွင့်ဟသွားသောသူမနှုတ်ခမ်းတွေအား
အသံခပ်ကျယ်ကျယ်ထွက်လာမည်စိုး၍
လက်ဖြင့်အုပ်လိုက်မိသည်။
သူမကိုယ်တိုင်ကြားလိုက်ရခြင်းကိုပင်
မယုံကြည်နိုင်စွာ ပခုံးပေါ်မှမင်းကြီးကိုကြည့်လိုက်မိတော့ မင်းကြီးကအိပ်ပျော်၍ပင်နေလေသည်။

" ဒါဆို မဟုတ်မှ ဈေးထဲမှာသခင်နဲ့အတူ တွေ့ခဲ့ရတဲ့ မိန်းကလေးက .......
မဟုတ်ဖူး.....အဲ့တာယောက်ျားလေးလား?......အဲ့ဒီကတည်းက LuHan မင်းသားနဲ့ဆက်ဆံရေးတစ်ခုခုရှိနေခဲ့တာလား? "

ခပ်တိုးတိုးရေရွတ်မိပြီးနောက်
လက်သီးတင်းတင်းဆုပ်ကာ
စိတ်ထဲမှ သက်တော်စောင့်Lucas အားကြုံးဝါးမိသည်။

Lucas! Lucas! နင်သုံးစားမရဘူး! ဒီလောက်
အရေးကြီးတဲ့ကိစ္စကို ငါ့ကိုမြန်မြန်စုံစမ်းမပေးနိုင်ဘူး! နင့်ကို ချင်နိုင်ငံပြန်ပို့ပစ်မယ်!!

နေဦး
ရွေးချယ်စရာမရှိတာက ဘာလဲ?

နောက်ပြီး သေကြောင်းကြံစည်တာကရော?
Luhan မင်းသားက ဘာလို့သေကြောင်းကြံစည်ရတာလဲ?

မဟုတ်မှ ...................

ခေါင်းထဲတွင်ဖြတ်ခနဲလင်းလာပြီး
နောက်တကြိမ်ပြူးကျယ်သွားသောမျက်ဝန်းများနှင့် ပွင့်ဟနေသောနှုတ်ခမ်းများကိုအုပ်ကာ
မင်းကြီးကို ထပ်ကြည့်မိလိုက်သည်။

နောက်ဆုံးတော့ သူမ
အားလုံးသဘောပေါက်ခဲ့ပြီ။

ခမည်းတော်ပြောဖူးသော
တရားရေးရာအမတ်ကြီး၏သားအကြောင်း

အမတ်ကြီး၏တိုင်းပြည်ပုန်ကန်ရေးအကြံအစည်ကို အကောင်အထည်ဖော်ရာမှာ နည်းနည်းမှ
စိတ်မဝင်စားခဲ့ရာမှ ရုတ်တရက်
ပူးပေါင်းလာခဲ့တဲ့အကြောင်း

နောက်ပြီး သူမကို ငြင်းဆန်ခဲ့တဲ့အကြောင်း

မင်းကြီး သူမကို လက်မထပ်ချင်ဘဲ
လက်ထပ်ခဲ့ရမှန်း သူမ သိထားခဲ့ပါသည်။

" ဒါတွေအားလုံး LuHan မင်းသားလေးအတွက်လုပ်ခဲ့တာပေါ့ဟုတ်လား မင်းကြီး ?"

ဘယ်လောက်တောင်စိတ်ပင်ပန်းနေလို့လဲ
မျက်နှာတောင်ချောင်ကျနေတဲ့ထိ
ဘယ်လောက်တောင် ခံစားနေရတာလဲ
အရက်တွေရုပ်ပျက်ဆင်းပျက်ကိုသောက်နေတဲ့ထိ

မင်းကြီးရယ်

ခေါင်းစောင်းတင်ထားတာမို့
့လရောင်ဟပ်နေသောမင်းကြီး၏မျက်နှာတစ်ခြမ်းကိုသာမြင်နေရသည်။
ပါးပြင်ပေါ်သို့ပွတ်သပ်ရန်လှမ်းနေသော
သူမလက်တစ်ဖက်က လေထဲတွင်ရပ်တန့့်သွားရကာ နောက်သို့မြန်မြန်ရုတ်လိုက်ရသည်။

"မိဖုရားဇီ? "

"မင်းကြီး သတိရလာပြီလား? "

သူမပြုံးကာမေးလိုက်သော်လည်း
မင်းကြီးက နားထင်တစ်ဖက်ကိုဖိကိုင်ရင်း
နံဘေးမှအရက်အိုးများနှင့်
ရောက်နေသောပတ်ဝန်းကျင်ကိုအရင်
အကဲခတ်နေလေသည်။

" မင်းကြီး အရမ်းပင်ပန်းနေတယ်ထင်တယ်
အဆောင်ပြန်ပြီးနားလိုက်ပါ "

ခေါင်းတစ်ချက်သာငြိမ့်ပြပြီး
ထရပ်လိုက်တဲ့အခါ
အမူးက ပြောလောက်အောင်မပြေသေးတာမို့
ယိုင်ခနဲဖြစ်သွားစဉ်
သူမလှမ်းတွဲလိုက်ရသည်။

အလွန်နီးကပ်သွားသောမျက်နှာနှစ်ခုကြောင့်
တစ်ယောက်မျက်လုံးတွေထဲတစ်ယောက်စိုက်ကြည့်နေမိကြစဉ် ထိုတံတားလေးအောက်မှ
အဖြူရောင်ပုံရိပ်ကလေးတစ်ခုကတော့
ချာခနဲလှည့်ထွက်သွားခဲ့ပြီ။

"ရတယ် "

"ဂရုစိုက်ပြန်ပါ မင်းကြီး "

Sehun မိမိကိုလာတွဲထားသော
မိဖုရားဇီကိုဖယ်ထုတ်လိုက်ပြီး
ကိုယ့်ကိုကိုယ်ထိန်းကာ ထိုဥယျာဉ်တော်ထဲမှ
ယိုင်နေသောကိုယ်ကိုထိန်းကာ
ဖြေးဖြေးချင်း ထွက်လာခဲ့လိုက်သည်။

မိမိ၏အိပ်ဆောင်ကိုရောက်လာတော့
အဆောင်ကြီးကိုတစ်ချက်မော့ကြည့်ရင်း
သက်ပြင်းတစ်ခုမှုတ်ထုတ်လိုက်ရသေးသည်။

ပြသနာတွေတန်းစီနေသည့်ကြားကပင်
ညနေက Han အား အရွဲ့တိုက်ကာ
အော်ခဲ့မိသေးသည်မဟုတ်လား။

သေချာပေါက် Han သူ့ကိုစကားလုံးဝပြောလာမည်မဟုတ်။

အဆောင်တွင်းသို့ရောက်လာတော့
ကြမ်းပြင်မှ အိပ်ယာတွင် သူ့ကိုကျောပေးကာ
လှဲအိပ်နေသော အဖြူရောင်ကိုယ်လေး

ခြေသံကိုအတတ်နိုင်ဆုံးဖွဖွနင်းကာ
Han ၏အနားသို့လျှောက်သွားလိုက်ပြီး
အိပ်ပျော်နေသော Han ၏နဖူးကို တစ်ချက်နမ်းလိုက်သည်။
တစ်ထည်တည်းသောစောင်ထဲသို့ သူပါ ဝင်ကာ
Han အား နောက်မှသိုင်းဖက်ရင်း

"သိပ်ချစ်တယ် Han ~ ~ "

သူကတော့
Han ၏ခါးကိုဖက်ရင်း ကျောပြင်သေးသေးသို့
မျက်နှာအပ်ကာ အိပ်ပျော်သွားခဲ့ပေမယ့်
တစ်ဖက်မှ နှုတ်ခမ်းကိုဖိကိုက်ထားသော
Han ကတော့ သူမြင်ခဲ့ရသော ပုံရိပ်တစ်ခုကြောင့် မျက်ရည်တွေမရပ်တန့်နိုင်ခဲ့ပါ။

သခင် ညာတယ်!

••••••••••••••••••••••••••••••••••••••••••

See You Next Part 😙

Love You All ❤

Continue Reading

You'll Also Like

357K 28K 24
သူငယ်​ချင်းဖြစ်​သူ​သေဆုံးမှုနဲ့ပတ်​သက်​ပြီးလက်​စား​ချေရန်​အထက်​တန်း​ကျောင်းသား​လေးByun Baekhyunနားသို့ရည်​ရွယ်​ချက်​ကြီးကြီးနဲ့ချဉ်းကပ်​လာတဲ့Park...
662K 76.8K 200
ဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး...
468K 48.8K 170
ဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ...
117K 14.1K 94
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...