Let Me Hug And Sleep!

By Candy_bee820

404K 36.1K 1.2K

Author Qian Caoရဲ႕ Novelေလးကို ဘာသာျပန္ထားတာပါ။ အိပ္မေပ်ာ္ျခင္းေရာဂါကို ခံစားေနရတဲ့ စစ္သူႀကီးတစ္ဦးနဲ႔ သူမရဲ... More

စစ္သူႀကီး၏ ေရာဂါဆန္း (စစ်သူကြီး၏ ရောဂါဆန်း)
အေစခံအျဖစ္ လုပ္အားေပးျခင္း (အစေခံအဖြစ် လုပ်အားပေးခြင်း)
သူမအား ေပြ႕ဖက္၍ အိပ္စက္ျခင္းသို႔[Part 1] (သူမအား ပွေ့ဖက်၍ အိပ်စက်ခြင်းသို့)
သူမအား ေပြ႕ဖက္၍ အိပ္စက္ျခင္းသို႔[Part 2]သူမအား ပွေ့ဖက်၍ အိပ်စက်ခြင်းသို့[Part 2
အမ်ိဳးသမီးမ်ား စကားဝိုင္း (အမျိုးသမီးများ စကားဝိုင်း)
မေကာင္းတဲ့လူ Part2 (မကောင်းတဲ့လူ Part 2)
နန္းတြင္းသက္ေတာ္ေစာင့္တစ္ေယာက္.. (နန်းတွင်းသက်တော်စောင့်တစ်ယောက်)
သတၱမမင္းသားေလး၏ အလည္တစ္ေခါက္ (သတ္တမမင်းသားလေး၏ အလည်တစ်ခေါက်)
အိမ္ေတာ္မွ အျပင္ထြက္ရန္ [Part 1] (အိမ်တော်မှ အပြင်ထွက်ရန် [Part 1])
အိမ္ေတာ္မွ အျပင္ထြက္ရန္ [Part 2] (အိမ်တော်မှ အပြင်ထွက်ရန်)
အလြန္​အကြၽံ စိတ္​ပူ​ေန​ေသာသူ (အလွန်အကျွံ စိတ်ပူနေသောသူ)
မင္းသမီး ၁၀ (မင်းသမီး ၁၀)
သူက စစ္သူႀကီးလား...? (သူကစစ်သူကြီးလား... ?)
မင္းကို လက္ထပ္မယ္ Part 1 (မင်းကိုလက်ထပ်မယ် )
မင္းကို လက္ထပ္မယ္။ Part 2 (မင်းကိုလက်ထပ်မယ်)
မင္းက ငါ့အတြက္ပဲ (မင်းကငါ့အတွက်ပဲ)
ကံဆိုးေသာ အခ်စ္ (ကံဆိုးသောအချစ်)
Cong Zhouသို့ စစ်ချီခြင်း Part 1(Cong Zhouသို့ စစ်ချီခြင်း Part 1)
Cong Zhouသို႔ စစ္​ခ်ီျခင္​း Part 2 (Two)
Zhu Yuကို ကယ္ဖို႔ လူတိုင္းကို သတ္နိုင္တယ္။Part 1 (One)
Zhu Yuကို ကယ္ဖို႔ လူတိုင္းကို သတ္နိုင္တယ္။Part 2 (Two)
Zhu Yuကို ကယ္ဖို႔ လူတိုင္းကို သတ္နိုင္တယ္။Part 3 (Three)
အေပးအယူ (အပေးအယူ)
ဘယ္မွမသြားရဘူး (ဘယ်မှမသွားရဘူး)
ၿမိဳ႕တံခါးကိုပိတ္​လိုက္​ (မြို့တံခါးကိုပိတ်​လိုက်)
သူ႔ကို ခ်စ္မိျခင္း Part 1 (သူ့ကို ချစ်မိခြင်း)
သူ႔ကို ခ်စ္မိျခင္း Part 2 (သူ့ကို ချစ်မိခြင်း)
အဆိပ္ေျဖျခင္း Part 1 (အဆိပ်ဖြေခြင်း )
အဆိပ္ေျဖျခင္း Part 2 (အဆိပ်ဖြေခြင်း )
အဆိပ္ေျဖျခင္း Part 3 (အဆိပ်ဖြေခြင်း )
အဆိပ္ေျဖျခင္း Part 4 (အဆိပ်ဖြေခြင်း)
** Part 1 (Z+U)
** Part 2 (Z+U)
*** Part 3 (Z+U)
EPILOGUE (Z+U)

မေကာင္းတဲ့လူ Part 1(မကောင်းတဲ့လူ Part 1)

11.1K 1K 13
By Candy_bee820

Anyone waiting for more than hugging? hehehehehe...
In this chapter, our naive General kissed Zhu Yu and got very different reaction from what he thought.

Because this chapter 5 also quite longer, so I divided it into two parts.

Chu Zhu Yuသူမအစီအစဥ္ကို အစအဆံုးျပန္ေတြးေနလိုက္မိသည္။ သူမတကယ္ကို အူေၾကာင္ေၾကာင္အလုပ္ေတြ လုပ္ေနမိတာလား။

တကယ္လို႔ သူက သာမန္လူတစ္ေယာက္ပဲဆိုရင္ သူမအတြက္ ကိုယ္ဝန္ေဆာင္ၿပီး ကေလးတစ္ေယာက္ေမြးနိုင္မဲ့ အခြင့္အေရးကို လြယ္လြယ္နဲ႔ရနို္င္ေသးသည္။ ဒါေပမဲ့ ထိုလူက သူရဲ႕ရန္သူေတြေတာင္ေၾကာက္ရတဲ့ Xiao Zhi Zhiေလ။ ၿပီးေတာ့ သူက မိန္းမေတြကို စိတ္မဝင္စားဘူးဆိုတဲ့ တိုင္းျပည္ရဲ႕ စစ္သူႀကီးတစ္ေယာက္လည္းျဖစ္ေသးသည္။

သူရဲ႕ ကေလးကို လိုခ်င္ေနျခင္းက....Ah~~~ ေတြးၾကည့္ရံုျဖင့္ပင္ အလြန္ခက္ခဲမွန္းသိသာေပသည္။

ပို၍ခက္ခဲေသာ ကိစၥမွာ အိမ္ေတာ္တစ္ခုထဲတြင္ အတူရွိေနေသာ္လည္း သူမက စစ္သူႀကီးကို တစ္ခါမွပင္မျမင္ဖူးေသးဘဲ စစ္သူႀကီးကို သူမမည္ကဲ့သို႔ ျမဴစြယ္ရမည္နည္း။

အမွန္အတိုင္းေျပာရလွ်င္ အိမ္ေတာ္အတြင္းတြင္ သူမထက္လွေသာ အေစခံ မိန္းကေလးမ်ားစြာရွိသည္။ သူမတို႔သာ စစ္သူႀကီးကို ျမဴစြယ္လိုလွ်င္ သူမထက္ပင္ အခြင့္အေရးပိုရနိင္သည္။

ညအခ်ိန္ စစ္သူႀကီးအိမ္ေတာ္~~~

Chu Zhu Yu အိပ္ရာဝင္ရန္ျပင္ဆင္ေနသည္။ သူမအရိပ္မည္းတစ္ခု ျမင္လိုက္သည္ထင္၍ ေခါင္းေမာ့ၾကည့္လိုက္ေသာအခါ ဘယ္အခ်ိန္ကတည္း ေရာက္ေနမွန္းမသိေသာသူက သူမေဘးတြင္ရပ္ေနေလသည္။

ထိုလူက ပထမတစ္ရက္ကဲ့သို႔ပင္ အမည္းေရာင္ ဝတ္စံုကိုသာ ဝတ္ဆင္ထားသည္။ မေန႕ကနွင့္မတူသည္က သူ႔ဆံပင္မ်ားကို မခ်ည္ေနွာင္ပဲ ခ်ထားျခင္းျဖစ္သည္။ နူးညံ့ေသာ မ်က္ႏွာအစိတ္အပိုင္းမ်ားက အလင္းေရာင္ေအာက္တြင္ေတာက္ပေနသည္။

ထိုသူသည္ သူမအားတစ္ေနကုန္ ခါးနာေနေစေသာသူျဖစ္သည္။

"ရွင္...မေကာင္းတဲ့လူ။ ရွင္ဒီကို လာရဲေသးတယ္ေနာ္..." သူတို႔မ်က္နွာခ်င္းဆိုင္လိုက္မိသည္နွင့္ သူမမ််က္လံုးမ်ားအနီေရာင္ေျပာင္းသြားသည္။ Chu Zhu Yuဘာမွစဥ္းစားမေနေတာ့ဘဲ ေခါင္းအံုးကိုဆြဲယူ၍ ထိုသူ႔အားပစ္ေပါက္လိုက္သည္။ !

"မေကာင္းတဲ့လူ?" Xiao Zhi Zhiေခါငး္အံုးကို သက္သက္သာသာပဲ ဖမ္းလိုက္သည္။ သူ၏ လွပေသာမ်က္လံုးတစ္စံုက သိခ်င္စိတ္တိို႔ျဖင့္ေတာက္ပေနသည္။

"ရွင္လည္း က်န္တဲ့ေယာက်္ားေတြနဲ႔ အတူတူပဲ။ မိန္းကေလးေတြရဲ႕ အႏၱရာယ္။!"

"ဒါပဲလား။"

"ရွင္းရွင္းေျပာရရင္ ရွင့္ရဲ႕ ေခ်ာေမာတဲ့ အသြင္အျပင္က ေၾကာက္တတ္တယ္။ အားနည္းတယ္လို႔ထင္ရေပမဲ့ တကယ္ေတာ့ရွင္က ဝံပုေလြတစ္ေကာင္ပဲ။" သူမသူ႔ကို ဆက္လက္က်ိမ္ဆဲေနလိုက္သည္။ ထို႔ေနာက္ သူ႕ဆီေျပးကန္လိုက္သည္။ ~~ကၽြန္မရဲ႕ ျဖဴစင္မႈကို ျပန္ေပး!

Xiao Zhi Zhiသူမကို ငံုၾကည့္ေနျပီးမွ ေျပာလိုက္သည္။ "တစ္စံုတစ္ေယာက္က ငါ့ကို ဒီလိုမ်ိဳးေျပာတာ ဒါပထမဆံုးပဲ။"

"တကယ္လို႔ ရွင္သာ ရွင့္အမွားကို ဝန္ခံမယ္ဆိုရင္ ကၽြန္မဒါကို ေမ့ေပး....."

သူ႔ႏႈတ္ခမ္းေထာင့္စြန္း အထက္သို႔ေကြးညႊတ္သြားၿပီး အသာအယာျပံဳးလိုက္သည္.။ ညနက္ခ်ိန္တြင္ သူ၏ရယ္သံက ၾကည္လင္ေနသည္။ Chu Zhu Yuေၾကာင္စီစီနွင့္ ရပ္ေနမိသည္။ နတ္သားတစ္ပါး ကမာၻေျမေပၚနတ္သက္ေၾကြ၍ သူမေရွ႕ေရာက္လာသလိုထင္လိုက္မိသည္။

"မင္းက စိတ္ဝင္စားစရာေကာင္းတယ္။တျခားသူေတြနဲ႔မတူဘူး။" သူ႔ လက္ထဲတြင္ ပုတီးတစ္ကံုးကို ကိုင္ထားျပီး သူမကို စိုက္ၾကည့္ရင္းၿပံဳးလိုက္သည္။

ဘုရားေရ!..သူ႔ၾကည့္ရတာ ကိုယ့္ကိုယ္ကို ျပန္ဆင္ျခင္စရာအျပစ္ မရွိတဲ့သူလိုပဲ။

"ရွင္.. ရွင္.." Chu Zhu Yuအသက္ျပင္းျပင္းရႈလိုက္သည္။" ဒီေန႔ ရွင္ ကိုယ့္အျပစ္ကို ဝန္ခံဖို႔ လာတာမဟုတ္ဘူးဆိုရင္ ဘာလုပ္ဖို႔လာတာလဲ။"

"လက္ဖက္ရည္ေသာက္ဖို႔။" သူက သူလုပ္စရာရွိသည္ကို လုပ္ေနသလုိပဲေျပာလိုက္သည္။

သူမေသြးအန္ခ်င္သလိုျဖစ္သြားသည္။ "ကၽြန္မေနရာက လက္ဖက္ရည္ဆုိင္မဟုတ္ဘူး။"

"ဒါေပမဲ့ ငါက မင္းေဖ်ာ္တဲ့ လက္ဖက္ရည္ကို ေသာက္ခ်င္တာေလ။" သူက အတည္ေပါက္ ေျပာလာေလသည္။ သူ၏ ေတာက္ပေသာမ်က္လံုးတစ္စံုက သူမကို ဆြဲေဆာင္သလိုၾကည့္ေနသည္။

Chu Zhu Yuထိုခဏတြင္ တံေတြးမ်ိဳခ်ရန္ပင္ေမ့ေနခဲ့သည္။ "မရဘူး။" သူမ သူ႔မ်က္လံုးတစ္စံုကုိ မၾကည့္ဘဲ ေျဖလိုက္သည္။ ထိုမ်က္လံုးမ််ားက သူမစိတ္ကို ေျပာင္းလဲနိုင္သည္ေလ။

"ဘာလို႔လဲ?" သူ႔ၾကည့္ရတာ သူမေၾကာင့္ စိတ္ရႈပ္သြားပံုေပၚသည္။

Xiao Zhi Zhiသူ႔ေရွ႕က လူသားေလးကိုၾကည့္ရင္း ခႏၶာကိုယ္ကို ကိုင္းလိုက္သည္။ အဘယ့္ေၾကာင့္ ထိုမိန္းကေလး၏မ်က္ႏွာက သူ႕ကိုစိတ္ဆိုးသည့္ပံုေပၚေနလဲ သူနားမလည္နိုင္ပါ။ အျခားမိန္မမ်ားဆို သူ႔ကို ျမင္လွ်င္ ခ်စ္ခင္ၾကင္နာသည့္မ်က္နွာထားမ်ိဳးျဖစ္သြားၾကေသာ္လည္း သူမကေတာ့ ခၽြင္းခ်က္ပင္ျဖစ္သည္။

သူ သူမအနီးသို႔ တုိိးကပ္လိုက္သည္။ နီးကပ္လြန္း၍ Chu Zhu Yuသူူ႕မ်က္ေတာင္မ်ားကိုပင္ ရွင္းရွင္းလင္းလင္းျမင္ေနရသည္။ မေန႕က သူမကို ဖက္ထားခ်ိန္တြင္ သူမအေၾကာပိတ္ခံထားရေသာေၾကာင့္ သူမလႈပ္ပင္မလႈပ္နိုင္၍ သူ႔ ကို ေသခ်ာမျမင္ခဲ့ရေပ။ ထိုလူသည္ အသက္ရႈမွားေလာက္ေအာင္ေခ်ာသည္ ဆိုတာကလြဲ၍ ဘာကိုမွမေျပာနိုင္ခဲ့ေပ။

"ဒါက ဘာ....ဘာလို႔လဲဆုိေတာ့...."ေသခ်င္္တာပဲ ။ သူ၏စူးရွေသာ အၾကည့္မ်ားေအာက္တြင္ သူမစကားေျပာရန္ပင္ခက္ခဲကာ ဆြံ႕အေနမိသည္။ သူမလ်င္လ်င္ျမန္ျမန္ပဲ ေျခလွမ္းအနည္းငယ္ ေနာက္သို႔ဆုတ္လိုက္ၿပီး အခိုင္အမာေျပာလိုက္သည္။ "ရွင္းရွင္းေလးပါ...ကၽြန္မ မလုပ္နို္င္ဘူး။"

သူ သူမကို တခဏေလာက္ေတာ့ ေလ့လာေနခဲ့သည္။ သို႔ေသာ္ သူနားမလည္နိုင္၍ မ်က္ေမွာင္ကုပ္လိုက္သည္။ ထို႔ေနာက္ သူပင့္သက္ခ်လိုက္ၿပီး

"ငါကို လူတစ္ေယာက္က နည္းလမ္းတစ္ခုေျပာျပဖူးတယ္။ငါတစ္ခါမွေတာ့ မလုပ္ဖူးဘူးေပမဲ့ အဆင္ေျပမယ္လို႔ေတာ့ ထင္တာပဲ။"

Hah!...သူမသူေျပာတာကို နားမလည္ေသေပ။ ရုတ္တရက္ သူ႔ မ်က္ႏွာက ပိုႀကီးလာၿပီး သူမႏွင့္ ပိုနီးလာသည္ကို ခံစားလိုက္ရသည္။ ထို႔ေနာက္......

Bang!

သူမႏႈတ္ခမ္းမ်ားကို သူ႔ႏႈတ္ခမ္းမ်ားနွင့္ ဖိကပ္ျခင္းခံလိုက္ရသည္။ သူမမ်က္ႏွာ နီရဲသြားသည္။

အလြန္နူးညံ့ေသာ ႏႈတ္ခမ္းမ်ားက သူမကို အံ့အားသင့္စရာ ခံစားခ်က္တစ္ခုကို ေပးစြမ္းေနသည္။ Chu Zhu Yu သူမကိုယ္တြင္းရွိေသြးမ်ား ေျပာင္းျပန္စီးဆင္းသြားသလုိခံစားလိုက္ရၿပီး သူမႏႈတ္ခမ္းမ်ားအေပၚတြင္သာ အာရံုစိုက္နိုင္ေတာ့သည္။ ေအးစက္စက္သူ႔ႏႈတ္ခမ္းမ်ားမွ ပူေနြးမႈတစ္ခု စီးဆင္းလာခ်ိန္္တြင္ သူမႏႈတ္ခမ္းမ်ားလည္း ေနြးေထြးသြားသည္ကို ခံစားမိလိုက္သည္။

ဒါက နမ္းတယ္ဆိုတာလား။....သူမ ..သူမအသက္ ၁၈နွစ္ရွိျပီျဖစ္ေသာ္လည္း သူမနာမည္ပင္မသိေသးေသာ လူစိမ္းတစ္ေယာက္က နမ္းျခင္းကို ခံလိုက္ရသည္။

ခဏေလာက္ၾကာၿပီး ေနာက္ဆံုးတြင္ေတာ့ သူမႏႈတ္ခမ္းမ်ားကို သူအလြတ္ေပးလိုက္သည္။

"အခုေရာ .. မင္းငါ့ကို လက္ဖက္ရည္ေဖ်ာ္ေပးလို႔ရၿပီလား။?" သူ႔ကို ၾကည့္ရသည္မွာ အလြန္ပင္တည္ၿငိမ္ေနသည္။ သူမကို သူဘာလုပ္လုိက္သည္ကိုလည္း အမႈထားပံုမေပၚေပ။ ထို႔အျပင္ သူ႔ပံုစံက လက္ဖက္ရည္ဆိုင္ထဲဝင္လာၿပီး ပိုက္ဆံေပးေခ်ကား သူမွာထားေသာ လက္ဖက္ရည္ကို ေစာင့္ေနေသာ စာသင္သားတစ္ေယာက္လိုပင္ ေအးေအးေဆးေဆးရွိလွသည္။

Chu Zhu Yuသူမအား နမ္းသြားေသာထိုလူကို သူ႔အျပဳအမူ အေျပာအဆိုမ်ားတြက္ ေသေစနိုင္ေလာက္ေသာ စူးရွသည့္အၾကည့္တုိ႕ေပးလိုက္သည္. ။ "ရွင္ ကၽြန္မကို နမ္းလိုက္တာ လက္ဖက္ရည္အတြက္ေပါ့။?" သူမအသံက နွစ္ဆေလာက္ျမင့္တက္သြားသည္။

သုူ႔ကို သူမဆြဲကုတ္မိေတာ့မည္။

"မင္းစိတ္ဆိုးေနတာလား။"

"ေမးစရာလိုေသးလို႔လား။"

"တစ္စံုတစ္ေယာက္က ေျပာဖူးတာေတာ့ ငါခုနကလိုလုပ္လိုက္ရင္ မိန္းကေလးေတြက ငါျဖစ္ေစခ်င္တာကို လုပ္ေပးလိမ့္မယ္တဲ့" သူယံုၾကည္ခ်က္အျပည့္ျဖင့္ ေျပာလိုက္သည္။

သူမ ထိုစကားအားေျပာေသာသူကို ရွာေဖြ၍ သတ္ပစ္ခ်င္စိတ္ေပါက္သြားသည္။

"ငါမင္းကို နမ္းတာ အခ်ိန္မလံုေလာက္ေသးလို႔မ်ားလား။" Xiao Zhi Zhiသူ႔ကိုယ္ကို ေနာက္တစ္ႀကိမ္ ကိုင္းညႊတ္လိုက္သည္။ သူ႔ပံုစံမွာ မၾကာေသးခင္က အျပဳအမူကို ေနာက္တစ္ႀကိမ္ျပဳလုပ္ေတာ့မည့္ ပံုပင္။

Oh! မဟုတ္ေသးဘူးေလ။ တစ္ခါနဲ႔တင္မလံုေလာက္ေသးဘူးလား။ "ေန...ေနဦး။ ရွင္တစ္ကယ္ပဲ လက္ဖက္ရည္ေသာက္မွာလား?"

သူရပ္လိုက္ၿပီး ေခါင္းညိတ္ျပလိုက္သည္။

"Hm.. ကၽြန္မ ရွင့္အတြက္ လက္ဖက္ရည္သြားေဖ်ာ္လိုက္ဦးမယ္။ ဒါေပမဲ့ ရွင္ေနာက္ထပ္ ရူးေၾကာင္ေၾကာင္အလုပ္ေတြေတာ့မလုပ္နဲ႔ေတာ့။ သူမ အျမန္လမ္းေလွ်ာက္ထြက္သြားလိုက္ၿပီး သူမ၏လက္ဖက္ရည္ေဖ်ာ္ပစၥည္းမ်ားယူရန္ တစ္ဟုန္ထိုးေျပးေလေတာ့သည္။

အခ်ိိန္တစ္ခ်ိဳ႕ၾကာၿပီး ေနာက္ဆံုးတြင္ Xiao Zhi Zhiသူေသာက္ခ်င္ေနေသာ လက္ဖက္ရည္ကို ေသာက္၍ရသြားသည္။ ထိုအခ်ိန္တြင္ Chu Zhu Yuသူမလက္ဖက္ရည္ကို ေသာက္ေနေသာသူကို မ်က္ေတာင္မခတ္ေငးေနေလသည္။ ထိုသူ႔တြင္ အမွန္တကယ္ကို ၾကည့္ေကာင္ေသာ အစိတ္အပိုင္းမ်ားရွိေနၿပီး သူ၏လက္ဖက္ရည္ေသာေနပံုမွာ တင့္တယ္လြန္းလွသည္။ သူ႕ကို မည္မွ်ၾကာၾကာပင္ၾကည့္ေနေသာ္လည္း သူမနည္းနည္းမွကို မၿငီးေငြ႕နိုင္ပါ။

စဥ္းစားၾကည့္လိုက္လွ်င္ ထိုသူ၏အျပဳအမူမ်ားကို သည္းခံနိုင္သူမွာ သူမတစ္ေယာက္သာရွိေသးပံုေပၚသည္.။ အကယ္၍ သူမေနရာတြင္ အဆင့္အတန္းျမင့္ သခင္မေလးမ်ားသာဆိုလွ်င္ သတ္ေသသြားၾကေလာက္သည္။

Unicode

Anyone waiting for more than hugging? hehehehehe...
In this chapter, our naive General kissed Zhu Yu and got very different reaction from what he thought.

Because this chapter 5 also quite longer, so I divided it into two parts.

Chu Zhu Yuသူမအစီအစဉ်ကို အစအဆုံးပြန်တွေးနေလိုက်မိသည်။ သူမတကယ်ကို အူကြောင်ကြောင်အလုပ်တွေ လုပ်နေမိတာလား။

တကယ်လို့ သူက သာမန်လူတစ်ယောက်ပဲဆိုရင် သူမအတွက် ကိုယ်ဝန်ဆောင်ပြီး ကလေးတစ်ယောက်မွေးနိုင်မဲ့ အခွင့်အရေးကို လွယ်လွယ်နဲ့ရနိုင်သေးသည်။ ဒါပေမဲ့ ထိုလူက သူရဲ့ရန်သူတွေတောင်ကြောက်ရတဲ့ Xiao Zhi Zhiလေ။ ပြီးတော့ သူက မိန်းမတွေကို စိတ်မဝင်စားဘူးဆိုတဲ့ တိုင်းပြည်ရဲ့ စစ်သူကြီးတစ်ယောက်လည်းဖြစ်သေးသည်။

သူရဲ့ ကလေးကို လိုချင်နေခြင်းက....Ah~~~ တွေးကြည့်ရုံဖြင့်ပင် အလွန်ခက်ခဲမှန်းသိသာပေသည်။

ပို၍ခက်ခဲသော ကိစ္စမှာ အိမ်တော်တစ်ခုထဲတွင် အတူရှိနေသော်လည်း သူမက စစ်သူကြီးကို တစ်ခါမှပင်မမြင်ဖူးသေးဘဲ စစ်သူကြီးကို သူမမည်ကဲ့သို့ မြူစွယ်ရမည်နည်း။

အမှန်အတိုင်းပြောရလျှင် အိမ်တော်အတွင်းတွင် သူမထက်လှသော အစေခံ မိန်းကလေးများစွာရှိသည်။ သူမတို့သာ စစ်သူကြီးကို မြူစွယ်လိုလျှင် သူမထက်ပင် အခွင့်အရေးပိုရနိင်သည်။

ညအချိန် စစ်သူကြီးအိမ်တော်~~~

Chu Zhu Yu အိပ်ရာဝင်ရန်ပြင်ဆင်နေသည်။ သူမအရိပ်မည်းတစ်ခု မြင်လိုက်သည်ထင်၍ ခေါင်းမော့ကြည့်လိုက်သောအခါ ဘယ်အချိန်ကတည်း ရောက်နေမှန်းမသိသောသူက သူမဘေးတွင်ရပ်နေလေသည်။

ထိုလူက ပထမတစ်ရက်ကဲ့သို့ပင် အမည်းရောင် ဝတ်စုံကိုသာ ဝတ်ဆင်ထားသည်။ မနေ့ကနှင့်မတူသည်က သူ့ဆံပင်များကို မချည်နှောင်ပဲ ချထားခြင်းဖြစ်သည်။ နူးညံ့သော မျက်နှာအစိတ်အပိုင်းများက အလင်းရောင်အောက်တွင်တောက်ပနေသည်။

ထိုသူသည် သူမအားတစ်နေကုန် ခါးနာနေစေသောသူဖြစ်သည်။

"ရှင်...မကောင်းတဲ့လူ။ ရှင်ဒီကို လာရဲသေးတယ်နော်..." သူတို့မျက်နှာချင်းဆိုင်လိုက်မိသည်နှင့် သူမမျျက်လုံးများအနီရောင်ပြောင်းသွားသည်။ Chu Zhu Yuဘာမှစဉ်းစားမနေတော့ဘဲ ခေါင်းအုံးကိုဆွဲယူ၍ ထိုသူ့အားပစ်ပေါက်လိုက်သည်။ !

"မကောင်းတဲ့လူ?" Xiao Zhi Zhiခေါင်းအုံးကို သက်သက်သာသာပဲ ဖမ်းလိုက်သည်။ သူ၏ လှပသောမျက်လုံးတစ်စုံက သိချင်စိတ်တို့ဖြင့်တောက်ပနေသည်။

"ရှင်လည်း ကျန်တဲ့ယောကျ်ားတွေနဲ့ အတူတူပဲ။ မိန်းကလေးတွေရဲ့ အန္တရာယ်။!"

"ဒါပဲလား။"

"ရှင်းရှင်းပြောရရင် ရှင့်ရဲ့ ချောမောတဲ့ အသွင်အပြင်က ကြောက်တတ်တယ်။ အားနည်းတယ်လို့ထင်ရပေမဲ့ တကယ်တော့ရှင်က ဝံပုလွေတစ်ကောင်ပဲ။" သူမသူ့ကို ဆက်လက်ကျိမ်ဆဲနေလိုက်သည်။ ထို့နောက် သူ့ဆီပြေးကန်လိုက်သည်။ ~~ကျွန်မရဲ့ ဖြူစင်မှုကို ပြန်ပေး!

Xiao Zhi Zhiသူမကို ငုံကြည့်နေပြီးမှ ပြောလိုက်သည်။ "တစ်စုံတစ်ယောက်က ငါ့ကို ဒီလိုမျိုးပြောတာ ဒါပထမဆုံးပဲ။"

"တကယ်လို့ ရှင်သာ ရှင့်အမှားကို ဝန်ခံမယ်ဆိုရင် ကျွန်မဒါကို မေ့ပေး....."

သူ့နှုတ်ခမ်းထောင့်စွန်း အထက်သို့ကွေးညွှတ်သွားပြီး အသာအယာပြုံးလိုက်သည်.။ ညနက်ချိန်တွင် သူ၏ရယ်သံက ကြည်လင်နေသည်။ Chu Zhu Yuကြောင်စီစီနှင့် ရပ်နေမိသည်။ နတ်သားတစ်ပါး ကမ္ဘာမြေပေါ်နတ်သက်ကြွေ၍ သူမရှေ့ရောက်လာသလိုထင်လိုက်မိသည်။

"မင်းက စိတ်ဝင်စားစရာကောင်းတယ်။တခြားသူတွေနဲ့မတူဘူး။" သူ့ လက်ထဲတွင် ပုတီးတစ်ကုံးကို ကိုင်ထားပြီး သူမကို စိုက်ကြည့်ရင်းပြုံးလိုက်သည်။

ဘုရားရေ!..သူ့ကြည့်ရတာ ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်စရာအပြစ် မရှိတဲ့သူလိုပဲ။

"ရှင်.. ရှင်.." Chu Zhu Yuအသက်ပြင်းပြင်းရှုလိုက်သည်။" ဒီနေ့ ရှင် ကိုယ့်အပြစ်ကို ဝန်ခံဖို့ လာတာမဟုတ်ဘူးဆိုရင် ဘာလုပ်ဖို့လာတာလဲ။"

"လက်ဖက်ရည်သောက်ဖို့။" သူက သူလုပ်စရာရှိသည်ကို လုပ်နေသလိုပဲပြောလိုက်သည်။

သူမသွေးအန်ချင်သလိုဖြစ်သွားသည်။ "ကျွန်မနေရာက လက်ဖက်ရည်ဆိုင်မဟုတ်ဘူး။"

"ဒါပေမဲ့ ငါက မင်းဖျော်တဲ့ လက်ဖက်ရည်ကို သောက်ချင်တာလေ။" သူက အတည်ပေါက် ပြောလာလေသည်။ သူ၏ တောက်ပသောမျက်လုံးတစ်စုံက သူမကို ဆွဲဆောင်သလိုကြည့်နေသည်။

Chu Zhu Yuထိုခဏတွင် တံတွေးမျိုချရန်ပင်မေ့နေခဲ့သည်။ "မရဘူး။" သူမ သူ့မျက်လုံးတစ်စုံကို မကြည့်ဘဲ ဖြေလိုက်သည်။ ထိုမျက်လုံးမျျားက သူမစိတ်ကို ပြောင်းလဲနိုင်သည်လေ။

"ဘာလို့လဲ?" သူ့ကြည့်ရတာ သူမကြောင့် စိတ်ရှုပ်သွားပုံပေါ်သည်။

Xiao Zhi Zhiသူ့ရှေ့က လူသားလေးကိုကြည့်ရင်း ခန္ဓာကိုယ်ကို ကိုင်းလိုက်သည်။ အဘယ့်ကြောင့် ထိုမိန်းကလေး၏မျက်နှာက သူ့ကိုစိတ်ဆိုးသည့်ပုံပေါ်နေလဲ သူနားမလည်နိုင်ပါ။ အခြားမိန်မများဆို သူ့ကို မြင်လျှင် ချစ်ခင်ကြင်နာသည့်မျက်နှာထားမျိုးဖြစ်သွားကြသော်လည်း သူမကတော့ ချွင်းချက်ပင်ဖြစ်သည်။

သူ သူမအနီးသို့ တိုးကပ်လိုက်သည်။ နီးကပ်လွန်း၍ Chu Zhu Yuသူူ့မျက်တောင်များကိုပင် ရှင်းရှင်းလင်းလင်းမြင်နေရသည်။ မနေ့က သူမကို ဖက်ထားချိန်တွင် သူမအကြောပိတ်ခံထားရသောကြောင့် သူမလှုပ်ပင်မလှုပ်နိုင်၍ သူ့ ကို သေချာမမြင်ခဲ့ရပေ။ ထိုလူသည် အသက်ရှုမှားလောက်အောင်ချောသည် ဆိုတာကလွဲ၍ ဘာကိုမှမပြောနိုင်ခဲ့ပေ။

"ဒါက ဘာ....ဘာလို့လဲဆိုတော့...."သေချင်တာပဲ ။ သူ၏စူးရှသော အကြည့်များအောက်တွင် သူမစကားပြောရန်ပင်ခက်ခဲကာ ဆွံ့အနေမိသည်။ သူမလျင်လျင်မြန်မြန်ပဲ ခြေလှမ်းအနည်းငယ် နောက်သို့ဆုတ်လိုက်ပြီး အခိုင်အမာပြောလိုက်သည်။ "ရှင်းရှင်းလေးပါ...ကျွန်မ မလုပ်နိုင်ဘူး။"

သူ သူမကို တခဏလောက်တော့ လေ့လာနေခဲ့သည်။ သို့သော် သူနားမလည်နိုင်၍ မျက်မှောင်ကုပ်လိုက်သည်။ ထို့နောက် သူပင့်သက်ချလိုက်ပြီး

"ငါကို လူတစ်ယောက်က နည်းလမ်းတစ်ခုပြောပြဖူးတယ်။ငါတစ်ခါမှတော့ မလုပ်ဖူးဘူးပေမဲ့ အဆင်ပြေမယ်လို့တော့ ထင်တာပဲ။"

Hah!...သူမသူပြောတာကို နားမလည်သေပေ။ ရုတ်တရက် သူ့ မျက်နှာက ပိုကြီးလာပြီး သူမနှင့် ပိုနီးလာသည်ကို ခံစားလိုက်ရသည်။ ထို့နောက်......

Bang!

သူမနှုတ်ခမ်းများကို သူ့နှုတ်ခမ်းများနှင့် ဖိကပ်ခြင်းခံလိုက်ရသည်။ သူမမျက်နှာ နီရဲသွားသည်။

အလွန်နူးညံ့သော နှုတ်ခမ်းများက သူမကို အံ့အားသင့်စရာ ခံစားချက်တစ်ခုကို ပေးစွမ်းနေသည်။ Chu Zhu Yu သူမကိုယ်တွင်းရှိသွေးများ ပြောင်းပြန်စီးဆင်းသွားသလိုခံစားလိုက်ရပြီး သူမနှုတ်ခမ်းများအပေါ်တွင်သာ အာရုံစိုက်နိုင်တော့သည်။ အေးစက်စက်သူ့နှုတ်ခမ်းများမှ ပူနွေးမှုတစ်ခု စီးဆင်းလာချိန်တွင် သူမနှုတ်ခမ်းများလည်း နွေးထွေးသွားသည်ကို ခံစားမိလိုက်သည်။

ဒါက နမ်းတယ်ဆိုတာလား။....သူမ ..သူမအသက် ၁၈နှစ်ရှိပြီဖြစ်သော်လည်း သူမနာမည်ပင်မသိသေးသော လူစိမ်းတစ်ယောက်က နမ်းခြင်းကို ခံလိုက်ရသည်။

ခဏလောက်ကြာပြီး နောက်ဆုံးတွင်တော့ သူမနှုတ်ခမ်းများကို သူအလွတ်ပေးလိုက်သည်။

"အခုရော .. မင်းငါ့ကို လက်ဖက်ရည်ဖျော်ပေးလို့ရပြီလား။?" သူ့ကို ကြည့်ရသည်မှာ အလွန်ပင်တည်ငြိမ်နေသည်။ သူမကို သူဘာလုပ်လိုက်သည်ကိုလည်း အမှုထားပုံမပေါ်ပေ။ ထို့အပြင် သူ့ပုံစံက လက်ဖက်ရည်ဆိုင်ထဲဝင်လာပြီး ပိုက်ဆံပေးချေကား သူမှာထားသော လက်ဖက်ရည်ကို စောင့်နေသော စာသင်သားတစ်ယောက်လိုပင် အေးအေးဆေးဆေးရှိလှသည်။

Chu Zhu Yuသူမအား နမ်းသွားသောထိုလူကို သူ့အပြုအမူ အပြောအဆိုများတွက် သေစေနိုင်လောက်သော စူးရှသည့်အကြည့်တို့ပေးလိုက်သည်. ။ "ရှင် ကျွန်မကို နမ်းလိုက်တာ လက်ဖက်ရည်အတွက်ပေါ့။?" သူမအသံက နှစ်ဆလောက်မြင့်တက်သွားသည်။

သုူ့ကို သူမဆွဲကုတ်မိတော့မည်။

"မင်းစိတ်ဆိုးနေတာလား။"

"မေးစရာလိုသေးလို့လား။"

"တစ်စုံတစ်ယောက်က ပြောဖူးတာတော့ ငါခုနကလိုလုပ်လိုက်ရင် မိန်းကလေးတွေက ငါဖြစ်စေချင်တာကို လုပ်ပေးလိမ့်မယ်တဲ့" သူယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

သူမ ထိုစကားအားပြောသောသူကို ရှာဖွေ၍ သတ်ပစ်ချင်စိတ်ပေါက်သွားသည်။

"ငါမင်းကို နမ်းတာ အချိန်မလုံလောက်သေးလို့များလား။" Xiao Zhi Zhiသူ့ကိုယ်ကို နောက်တစ်ကြိမ် ကိုင်းညွှတ်လိုက်သည်။ သူ့ပုံစံမှာ မကြာသေးခင်က အပြုအမူကို နောက်တစ်ကြိမ်ပြုလုပ်တော့မည့် ပုံပင်။

Oh! မဟုတ်သေးဘူးလေ။ တစ်ခါနဲ့တင်မလုံလောက်သေးဘူးလား။ "နေ...နေဦး။ ရှင်တစ်ကယ်ပဲ လက်ဖက်ရည်သောက်မှာလား?"

သူရပ်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

"Hm.. ကျွန်မ ရှင့်အတွက် လက်ဖက်ရည်သွားဖျော်လိုက်ဦးမယ်။ ဒါပေမဲ့ ရှင်နောက်ထပ် ရူးကြောင်ကြောင်အလုပ်တွေတော့မလုပ်နဲ့တော့။ သူမ အမြန်လမ်းလျှောက်ထွက်သွားလိုက်ပြီး သူမ၏လက်ဖက်ရည်ဖျော်ပစ္စည်းများယူရန် တစ်ဟုန်ထိုးပြေးလေတော့သည်။

အချိန်တစ်ချို့ကြာပြီး နောက်ဆုံးတွင် Xiao Zhi Zhiသူသောက်ချင်နေသော လက်ဖက်ရည်ကို သောက်၍ရသွားသည်။ ထိုအချိန်တွင် Chu Zhu Yuသူမလက်ဖက်ရည်ကို သောက်နေသောသူကို မျက်တောင်မခတ်ငေးနေလေသည်။ ထိုသူ့တွင် အမှန်တကယ်ကို ကြည့်ကောင်သော အစိတ်အပိုင်းများရှိနေပြီး သူ၏လက်ဖက်ရည်သောနေပုံမှာ တင့်တယ်လွန်းလှသည်။ သူ့ကို မည်မျှကြာကြာပင်ကြည့်နေသော်လည်း သူမနည်းနည်းမှကို မငြီးငွေ့နိုင်ပါ။

စဉ်းစားကြည့်လိုက်လျှင် ထိုသူ၏အပြုအမူများကို သည်းခံနိုင်သူမှာ သူမတစ်ယောက်သာရှိသေးပုံပေါ်သည်.။ အကယ်၍ သူမနေရာတွင် အဆင့်အတန်းမြင့် သခင်မလေးများသာဆိုလျှင် သတ်သေသွားကြလောက်သည်။


Continue Reading

You'll Also Like

108K 11.2K 120
"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun) "မွားယြင္းေသာ လက္ထပ္ျခင္းမွသည္.....ေကာင...
140K 15.8K 68
God Level Quick wear: Sick host ask for light pet Normal systemပါ male lead က hostဖြစ်ပြီး female leadက system​လေးပါ transalationဖြစ်ပါတယ် 1104ပိုင်း...
1.2M 80K 114
Cover- edited from google Start Date -22.4.22 End Date- 22.3.23 အနံ့သင်းတဲ့ သဇင်မင်းကမှ ပန်းထင်သလား မထင်ပါနဲ့ အဲလိုမထင်ပါနဲ့ အနံ့မဖက်တဲ့ သပြေခက်ကလဲ...
128K 15.2K 96
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...