Let Me Hug And Sleep!

By Candy_bee820

403K 36K 1.2K

Author Qian Caoရဲ႕ Novelေလးကို ဘာသာျပန္ထားတာပါ။ အိပ္မေပ်ာ္ျခင္းေရာဂါကို ခံစားေနရတဲ့ စစ္သူႀကီးတစ္ဦးနဲ႔ သူမရဲ... More

စစ္သူႀကီး၏ ေရာဂါဆန္း (စစ်သူကြီး၏ ရောဂါဆန်း)
အေစခံအျဖစ္ လုပ္အားေပးျခင္း (အစေခံအဖြစ် လုပ်အားပေးခြင်း)
သူမအား ေပြ႕ဖက္၍ အိပ္စက္ျခင္းသို႔[Part 2]သူမအား ပွေ့ဖက်၍ အိပ်စက်ခြင်းသို့[Part 2
အမ်ိဳးသမီးမ်ား စကားဝိုင္း (အမျိုးသမီးများ စကားဝိုင်း)
မေကာင္းတဲ့လူ Part 1(မကောင်းတဲ့လူ Part 1)
မေကာင္းတဲ့လူ Part2 (မကောင်းတဲ့လူ Part 2)
နန္းတြင္းသက္ေတာ္ေစာင့္တစ္ေယာက္.. (နန်းတွင်းသက်တော်စောင့်တစ်ယောက်)
သတၱမမင္းသားေလး၏ အလည္တစ္ေခါက္ (သတ္တမမင်းသားလေး၏ အလည်တစ်ခေါက်)
အိမ္ေတာ္မွ အျပင္ထြက္ရန္ [Part 1] (အိမ်တော်မှ အပြင်ထွက်ရန် [Part 1])
အိမ္ေတာ္မွ အျပင္ထြက္ရန္ [Part 2] (အိမ်တော်မှ အပြင်ထွက်ရန်)
အလြန္​အကြၽံ စိတ္​ပူ​ေန​ေသာသူ (အလွန်အကျွံ စိတ်ပူနေသောသူ)
မင္းသမီး ၁၀ (မင်းသမီး ၁၀)
သူက စစ္သူႀကီးလား...? (သူကစစ်သူကြီးလား... ?)
မင္းကို လက္ထပ္မယ္ Part 1 (မင်းကိုလက်ထပ်မယ် )
မင္းကို လက္ထပ္မယ္။ Part 2 (မင်းကိုလက်ထပ်မယ်)
မင္းက ငါ့အတြက္ပဲ (မင်းကငါ့အတွက်ပဲ)
ကံဆိုးေသာ အခ်စ္ (ကံဆိုးသောအချစ်)
Cong Zhouသို့ စစ်ချီခြင်း Part 1(Cong Zhouသို့ စစ်ချီခြင်း Part 1)
Cong Zhouသို႔ စစ္​ခ်ီျခင္​း Part 2 (Two)
Zhu Yuကို ကယ္ဖို႔ လူတိုင္းကို သတ္နိုင္တယ္။Part 1 (One)
Zhu Yuကို ကယ္ဖို႔ လူတိုင္းကို သတ္နိုင္တယ္။Part 2 (Two)
Zhu Yuကို ကယ္ဖို႔ လူတိုင္းကို သတ္နိုင္တယ္။Part 3 (Three)
အေပးအယူ (အပေးအယူ)
ဘယ္မွမသြားရဘူး (ဘယ်မှမသွားရဘူး)
ၿမိဳ႕တံခါးကိုပိတ္​လိုက္​ (မြို့တံခါးကိုပိတ်​လိုက်)
သူ႔ကို ခ်စ္မိျခင္း Part 1 (သူ့ကို ချစ်မိခြင်း)
သူ႔ကို ခ်စ္မိျခင္း Part 2 (သူ့ကို ချစ်မိခြင်း)
အဆိပ္ေျဖျခင္း Part 1 (အဆိပ်ဖြေခြင်း )
အဆိပ္ေျဖျခင္း Part 2 (အဆိပ်ဖြေခြင်း )
အဆိပ္ေျဖျခင္း Part 3 (အဆိပ်ဖြေခြင်း )
အဆိပ္ေျဖျခင္း Part 4 (အဆိပ်ဖြေခြင်း)
** Part 1 (Z+U)
** Part 2 (Z+U)
*** Part 3 (Z+U)
EPILOGUE (Z+U)

သူမအား ေပြ႕ဖက္၍ အိပ္စက္ျခင္းသို႔[Part 1] (သူမအား ပွေ့ဖက်၍ အိပ်စက်ခြင်းသို့)

12.5K 1.1K 18
By Candy_bee820

(Zawgyi)

Chu Zhu အေစခံအဝတ္အစားမ်ားကို ဝတ္ဆင္ထားရင္း သူမ၏ေတာင့္တင္းေနေသာ ပုခံုးမ်ားကို နွိပ္နယ္ေနမိသည္။ အေစခံတစ္ေယာက္အျဖစ္အလုပ္လုပ္ရန္မွာ ကိုယ္ခႏၶာၾကံ့ခိုင္ရန္ အမ်ားႀကီးလိုေပသည္။ သူမအတြက္ ျခံဝန္းအတြင္း တံျမက္စည္းလွည္းရန္ပင္ ေသမေလာက္ပင္ပန္းသည္။ စစ္သူႀကီးအိမ္ေတာ္၏ ျခံဝန္းက ေၾကာက္စရာေကာင္းေလာက္ေအာင္က်ယ္မည္ဟု ဘယ္သူထင္ထားမလဲ။

Kang အိမ္ေတာ္သခင္ေလးနွင့္ စစ္သူႀကီးအိမ္ေတာ္မွ Xiao Zhiႏွစ္ဦးလံုးမွာ ရုပ္ရည္ေခ်ာေမာသူမ်ားျဖစ္ၾကသည္။ သို႕ေသာ္Kangအိမ္ေတာ္မွ သခင္ေလးမွာ မိန္းမကိစၥတြင္အလြန္နာမည္ႀကီးသူျဖစ္သည္။ သူ႔တြင္မိန္းမမ်ားစြာရွိၿပီး အေပ်ာ္မယ္မ်ားႏွင့္လည္း ပတ္သတ္မႈရွိသူျဖစ္သည္။ ထို႔ေၾကာင့္လည္း Chu Zhu Yu က သူမအစီအစဥ္ေအာင္ျမင္ေရးအတြက္ Kangအိမ္ေတာ္ထဲခိုးဝင္ရန္ ဆံုးျဖတ္လိုက္ျခင္းျဖစ္သည္။ ထို႔အျပင္ စစ္သူႀကီးXiaoသည္ မိန္းမမ်ားကို စိတ္မဝင္စားသူအျဖစ္နာမည္ႀကီးသူျဖစ္ေသာေၾကာင့္ စစ္သူႀကီးအိမ္ေတာ္တြင္ အေစခံလုပ္ျခင္းက တကယ္အေစခံတစ္ယာက္ျဖစ္ရံုပဲရွိမည္။

Chu Zhu Yuသူမပုခံုးမ်ားကို နွိပ္ေနသည္မွာ ေန႔တစ္ဝက္နီးပါးရွိၿပီျဖစ္ေသာ္လည္း သူမကိုယ္တြင္နာက်င္ျခင္းကို ခံစားေနရဆဲျဖစ္သည္။ ထို႔အျပင္ လက္ဖက္ရည္တစ္ခြက္ေလာက္ေသာက္ရန္ သူမအာသာျပင္းျပေနသည္။

သူမကေလးဘဝကတည္းက သူမအေဖထံမွ လက္ဖက္ရည္ႀကိဳက္တတ္သည့္အက်င့္ကို ရခဲ့သည္။ သူမက လက္ဖက္ေျခာက္မ်ား၏အနံ႔ကိုသာမက လက္ဖက္ရည္နွပ္ရ ေသာက္ရျခင္းကိုလည္းသေဘာက်သည္။ Chu Sheng ကိုယ္တိုင္ကပင္Chu Zhu Yuခႏၶာကိုယ္မွ လက္ဖက္ေျခာက္နံ႔ရသည္ဟုေျပာရသည္။

Chu Zhu Yuလျပည့္ညကို ၾကည့္ရႈနိုင္ရန္ ျပတင္းတံခါးဖြင့္လိုက္သည္။ ညဥ့္နက္ေနၿပီျဖစ္ေသာေၾကာင့္ လကို ၾကည့္ရင္းအနားယူရသည္မွာ တကယ္ေကာင္းသည္။

သူမမ်က္လံုးမ်ားကို ေဝ့ဝဲၾကည့္ရႈရင္း စစ္သူႀကီးအိမ္ေတာ္အတြငး္ တိတ္္တဆိတ္ေလွ်ာက္ၾကည့္ေနလိုက္သည္။ ထို႔ေနာက္ စားဖိုေဆာင္တြင္း တိတ္တိတ္ေလးဝင္လိုက္ၿပီး ေရေနြးတစ္အိုးတည္လိုက္သည္။ ဤအိမ္ေတာ္တြင္သူမအိမ္ကဲ့သို႔ လက္ဖက္ရည္တည္ရန္ ေရေကာင္းေကာင္းရွာမရ၍ သူမေတြ႕သည့္ပစၥည္းမ်ားျဖင့္သာ ျဖစ္သလိုသာလုပ္ရေတာ့သည္။

ေရေႏြးဆူေသာအခါ Chu Zhu Yuလက္ဖက္ေျခာက္ရြက္မ်ားကို ေရေနြးအိုးထဲသို႔ထည့္လိုက္သည္။ သူမေရအပူခ်ိန္ကို ျမွင့္လိုက္ေသာအခါ လက္ဖက္ေျခာက္ရြက္မ်ားက ညင္သာစြာလႈပ္ရွားလာၾကသည္။ လက္ဖက္ရည္ထဲတြင္္ အျဖဴေရာင္အျမွဳပ္ေလးမ်ားထလာေသာအခါ သူမအဖံုးအုပ္လိုက္သည္။

ေရေႏြးဆူေသာအခါ Chu Zhu Yuလက္ဖက္ေျခာက္ရြက္မ်ားကို ေရေနြးအိုးထဲသို႔ထည့္လိုက္သည္။ သူမေရအပူခ်ိန္ကို ျမွင့္လိုက္ေသာအခါ လက္ဖက္ေျခာက္ရြက္မ်ားက ညင္သာစြာလႈပ္ရွားလာၾကသည္။ လက္ဖက္ရည္ထဲတြင္္ အျဖဴေရာင္အျမွဳပ္ေလးမ်ားထလာေသာအခါ သူမအဖံုးအုပ္လိုက္သည္။

လက္ဖက္ရည္အိုးကိုကိုင္ကာ လမ္းေလွ်ာက္သြားေသာ သူမ၏ ျပည့္ျဖိဳးေသာပံုရိပ္က သူမအခန္းဆိီသို႔ ဦးတည္ေနသည္. သူမအခန္းနားနီးလာသည္နွင့္အတူ ပို၍သက္ေတာင့္သက္သာခံစားလိုက္ရသည္။ သူမအခန္းတြင္းရွိစားပြဲဆီေလွ်ာက္သြားကာ လက္ဖက္ရည္ႏွစ္ခြက္ကို ျဖည့္လိုက္ၿပီး စားပြဲေပၚတင္ထားလိုက္ျခင္းျဖင္႕ သူမအခန္းကို လက္ဖက္ေျခာက္နံ႔ျဖင့္ေမႊးပ်ံ႕ေစလိုက္သည္။

Chu Zhu Yu အသက္ျပင္းျပင္းရႈလိုက္သည္။ လက္ဖက္ရည္ခြက္ကို လက္၂ဖက္ျဖင့္မယူလိုက္ျပီး သူမနွာေခါင္းမ်ားအား ေမႊးပ်ံ႔ေသာရနံ႔ကုိခံစားေစလိုက္သည္။ လက္ဖက္ရည္တစ္က်ိဳက္ကို ျဖည္းညင္းစြာငံုလိုက္ရင္း စစ္သူၾကီးအိမ္ေတာ္သို႔ မွားယြင္းေရာက္ရွိလာရျခင္းေၾကာင့္ ပင္ပန္းေနေသာ သူမစိတ္ကို ရွင္းလင္းေစလိုက္သည္။

"အဆင္ေျပပါတယ္။ ဒီေနရာကို ေရာက္ေနၿပီးမွေတာ့ အစီအစဥ္အတိုင္းပဲ ဆက္သြားေတာ့မယ္။ စစ္သူႀကီးကလည္းၾကည့္ေကာင္းတဲ့သူပဲတဲ့။ ဒါကလည္း ငါ့မွာအခြင့္အေရးမရွိေတာ့ဘူးလို႔ ဆိုလိုတာမွမဟုတ္တာ။" ထိုသို႔ေတြးရင္းပဲ သူမကိုယ့္ကိုယ္ကို ႏွစ္သိမ့္လိုက္သည္။ လက္ဖက္ရည္တစ္ငံုေသာက္လိုက္ လကို ၾကည့္လိုက္ျဖင့္ သူမပါးစပ္က ကဗ်ာတစ္ပုဒ္ကို ရုတ္တရက္ရြတ္လိုက္မိသည္။ "The light of shiny moon, Zhao zui is the most difficult, if this time there is man here, then I will marry him..."

[A\N ကဗ်ာကိုျမန္မာလိုေရးခ်င္ေပမဲ့ ကိုယ္က ကဗ်ာမွာ ၁၀မွတ္ေပးရင္ ၃မွတ္ေတာင္မရနိုင္တဲ့သူျဖစ္ေနလို႔ မူရင္းကိုပဲျပန္ေရးေပးလိုက္တယ္ေနာ္။#sry for my poor translating.

# 招 Zhao 赘 Zuiဆိုတာက သတိုးသမီးရဲ႕ မ်ိဳးရိုးအမည္ကုို ခံယူတဲ့ သမက္ကိုဆိုလိုတာပါ။ Chu Zhu Yuေလးလိုခ်င္ေနတဲ့ ေကာင္ေလးမ်ိဳးေပါ့]

ထိုအခ်ိန္တြင္ သူမျမင္ကြင္းထဲသို႕ အရိပ္တစ္ခုဝင္လာျပီး လေရာင္ကို ကြယ္၍ သူမေရွ႕တြင္ပိတ္ရပ္လိုက္သည္။ လေရာင္ေအာက္တြင္ ထိုနတ္သားတစ္ပါးနွင့္တူေသာသူ၏ နက္ေမွာင္ရွည္လ်ားေသာ ဆံႏြယ္မ်ားက ေလတိုက္တိုင္း ညင္ညင္သာသာလြင့္ေနသည္ကို သူမၾကည့္မဝျဖစ္ေနခဲ့သည္။ သူကလူေရာဟုတ္ရဲ႕လား။ ဒါမွမဟုတ္ နတ္သားတစ္ပါးမ်ားလား။

Chu Zhu Yuျပတင္းေပါက္အျပင္ဘက္ရွိ အရိပ္ပိုင္ရွင္ကုိ မလႈပ္မယွက္ေငးေနမိသည္။ ထိုသူသည္ ၾကည့္ေကာင္းေသာ ေယာက်္ားတစ္ေယာက္ျဖစ္ၿပီး သူ၏က်စ္လ်စ္ေသာ ကိုယ္တြင္ အနက္ေရာင္ဝတ္ရံုကို ဝတ္ဆင္ထားသည္။ သူ၏ဆံပင္မ်ားကို ေက်ာက္စိမ္းဆံညွပ္[Yu Guan]ျဖင့္ စုခ်ည္ထားျပီး ခါးတြင္ ေရႊေရာင္ခါးပတ္တစ္ခုဝတ္ဆင္ထားသည္။ သူ၏ လွပေသာမ်က္ခံုး၊ ေရကဲ့သို႔ ၾကည္လင္ေသာမ်က္လံုးမ်ား၊ ေျဖာင့္စင္းေနေသာႏွာတံ၊ ပန္းေရာင္ေဖ်ာ႕ေဖ်ာ႕နႈတ္ခမ္းပါးမ်ားနွင့္ ၾကည့္ေကာင္းလြန္းေသာမ်က္ႏွာက ညအေမွာင္မွာပင္ နတ္သားတစ္ပါးကို ၾကည့္ေနရသလိုခံစားမိေစသည္။

[Yu Guan] Picture credit.

"ရွင္ကလူလား" သူမအေတြးမ်ားမဆံုးခင္မွာပင္ ေမးလိုက္မိသည္။

ထိုသူက သူမကို တစ္ခ်က္ၾကည့္လိုက္သည္။ "မင္းက ဘယ္သူလဲ။"

"ကၽြန္မကXiaoအိမ္ေတာ္က အလုပ္သမားတစ္ေယာက္ပါ" အင္း ဒါက အခုသူမရဲ႕ လက္ရွိမအဆင့္အတန္းပဲေလ။

"နာမည္?"

"Chu.... Zhu Yu." သူမ နာမည္ကို တစ္လံုးခ်င္း ေျပာလိုက္သည္။

သူက မ်က္ခံုးတစ္ခ်က္ပင့္လိုက္သည္။ ထို႔ေနာက္သူက သူမျပတင္းေပါက္ေရွ႕ကို ေရာက္လာျပီး ထူးဆန္းေသာစကားတစ္ခြန္းေျပာလိုက္သည္။

"အေနေတာ္ပဲ။"

"ဘာကအေနေတာ္ပဲလဲ?" Chu Zhu Yuစိတ္ရႈပ္ေထြးသြားသည္။

"မင္းက မပိန္ေတာ့ ဖက္လို႔ေကာင္းမွာပဲ။"

(Unicode)


Chu Zhu အစေခံအဝတ်အစားများကို ဝတ်ဆင်ထားရင်း သူမ၏တောင့်တင်းနေသော ပုခုံးများကို နှိပ်နယ်နေမိသည်။ အစေခံတစ်ယောက်အဖြစ်အလုပ်လုပ်ရန်မှာ ကိုယ်ခန္ဓာကြံ့ခိုင်ရန် အများကြီးလိုပေသည်။ သူမအတွက် ခြံဝန်းအတွင်း တံမြက်စည်းလှည်းရန်ပင် သေမလောက်ပင်ပန်းသည်။ စစ်သူကြီးအိမ်တော်၏ ခြံဝန်းက ကြောက်စရာကောင်းလောက်အောင်ကျယ်မည်ဟု ဘယ်သူထင်ထားမလဲ။

Kang အိမ်တော်သခင်လေးနှင့် စစ်သူကြီးအိမ်တော်မှ Xiao Zhiနှစ်ဦးလုံးမှာ ရုပ်ရည်ချောမောသူများဖြစ်ကြသည်။ သို့သော်Kangအိမ်တော်မှ သခင်လေးမှာ မိန်းမကိစ္စတွင်အလွန်နာမည်ကြီးသူဖြစ်သည်။ သူ့တွင်မိန်းမများစွာရှိပြီး အပျော်မယ်များနှင့်လည်း ပတ်သတ်မှုရှိသူဖြစ်သည်။ ထို့ကြောင့်လည်း Chu Zhu Yu က သူမအစီအစဉ်အောင်မြင်ရေးအတွက် Kangအိမ်တော်ထဲခိုးဝင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ထို့အပြင် စစ်သူကြီးXiaoသည် မိန်းမများကို စိတ်မဝင်စားသူအဖြစ်နာမည်ကြီးသူဖြစ်သောကြောင့် စစ်သူကြီးအိမ်တော်တွင် အစေခံလုပ်ခြင်းက တကယ်အစေခံတစ်ယာက်ဖြစ်ရုံပဲရှိမည်။

Chu Zhu Yuသူမပုခုံးများကို နှိပ်နေသည်မှာ နေ့တစ်ဝက်နီးပါးရှိပြီဖြစ်သော်လည်း သူမကိုယ်တွင်နာကျင်ခြင်းကို ခံစားနေရဆဲဖြစ်သည်။ ထို့အပြင် လက်ဖက်ရည်တစ်ခွက်လောက်သောက်ရန် သူမအာသာပြင်းပြနေသည်။

သူမကလေးဘဝကတည်းက သူမအဖေထံမှ လက်ဖက်ရည်ကြိုက်တတ်သည့်အကျင့်ကို ရခဲ့သည်။ သူမက လက်ဖက်ခြောက်များ၏အနံ့ကိုသာမက လက်ဖက်ရည်နှပ်ရ သောက်ရခြင်းကိုလည်းသဘောကျသည်။ Chu Sheng ကိုယ်တိုင်ကပင်Chu Zhu Yuခန္ဓာကိုယ်မှ လက်ဖက်ခြောက်နံ့ရသည်ဟုပြောရသည်။

Chu Zhu Yuလပြည့်ညကို ကြည့်ရှုနိုင်ရန် ပြတင်းတံခါးဖွင့်လိုက်သည်။ ညဉ့်နက်နေပြီဖြစ်သောကြောင့် လကို ကြည့်ရင်းအနားယူရသည်မှာ တကယ်ကောင်းသည်။

သူမမျက်လုံးများကို ဝေ့ဝဲကြည့်ရှုရင်း စစ်သူကြီးအိမ်တော်အတွငး် တိတ််တဆိတ်လျှောက်ကြည့်နေလိုက်သည်။ ထို့နောက် စားဖိုဆောင်တွင်း တိတ်တိတ်လေးဝင်လိုက်ပြီး ရေနွေးတစ်အိုးတည်လိုက်သည်။ ဤအိမ်တော်တွင်သူမအိမ်ကဲ့သို့ လက်ဖက်ရည်တည်ရန် ရေကောင်းကောင်းရှာမရ၍ သူမတွေ့သည့်ပစ္စည်းများဖြင့်သာ ဖြစ်သလိုသာလုပ်ရတော့သည်။

ရေနွေးဆူသောအခါ Chu Zhu Yuလက်ဖက်ခြောက်ရွက်များကို ရေနွေးအိုးထဲသို့ထည့်လိုက်သည်။ သူမရေအပူချိန်ကို မြှင့်လိုက်သောအခါ လက်ဖက်ခြောက်ရွက်များက ညင်သာစွာလှုပ်ရှားလာကြသည်။ လက်ဖက်ရည်ထဲတွင်် အဖြူရောင်အမြှုပ်လေးများထလာသောအခါ သူမအဖုံးအုပ်လိုက်သည်။

ရေနွေးဆူသောအခါ Chu Zhu Yuလက်ဖက်ခြောက်ရွက်များကို ရေနွေးအိုးထဲသို့ထည့်လိုက်သည်။ သူမရေအပူချိန်ကို မြှင့်လိုက်သောအခါ လက်ဖက်ခြောက်ရွက်များက ညင်သာစွာလှုပ်ရှားလာကြသည်။ လက်ဖက်ရည်ထဲတွင်် အဖြူရောင်အမြှုပ်လေးများထလာသောအခါ သူမအဖုံးအုပ်လိုက်သည်။

လက်ဖက်ရည်အိုးကိုကိုင်ကာ လမ်းလျှောက်သွားသော သူမ၏ ပြည့်ဖြိုးသောပုံရိပ်က သူမအခန်းဆိီသို့ ဦးတည်နေသည်. သူမအခန်းနားနီးလာသည်နှင့်အတူ ပို၍သက်တောင့်သက်သာခံစားလိုက်ရသည်။ သူမအခန်းတွင်းရှိစားပွဲဆီလျှောက်သွားကာ လက်ဖက်ရည်နှစ်ခွက်ကို ဖြည့်လိုက်ပြီး စားပွဲပေါ်တင်ထားလိုက်ခြင်းဖြင့် သူမအခန်းကို လက်ဖက်ခြောက်နံ့ဖြင့်မွှေးပျံ့စေလိုက်သည်။

Chu Zhu Yu အသက်ပြင်းပြင်းရှုလိုက်သည်။ လက်ဖက်ရည်ခွက်ကို လက်၂ဖက်ဖြင့်မယူလိုက်ပြီး သူမနှာခေါင်းများအား မွှေးပျံ့သောရနံ့ကိုခံစားစေလိုက်သည်။ လက်ဖက်ရည်တစ်ကျိုက်ကို ဖြည်းညင်းစွာငုံလိုက်ရင်း စစ်သူကြီးအိမ်တော်သို့ မှားယွင်းရောက်ရှိလာရခြင်းကြောင့် ပင်ပန်းနေသော သူမစိတ်ကို ရှင်းလင်းစေလိုက်သည်။

"အဆင်ပြေပါတယ်။ ဒီနေရာကို ရောက်နေပြီးမှတော့ အစီအစဉ်အတိုင်းပဲ ဆက်သွားတော့မယ်။ စစ်သူကြီးကလည်းကြည့်ကောင်းတဲ့သူပဲတဲ့။ ဒါကလည်း ငါ့မှာအခွင့်အရေးမရှိတော့ဘူးလို့ ဆိုလိုတာမှမဟုတ်တာ။" ထိုသို့တွေးရင်းပဲ သူမကိုယ့်ကိုယ်ကို နှစ်သိမ့်လိုက်သည်။ လက်ဖက်ရည်တစ်ငုံသောက်လိုက် လကို ကြည့်လိုက်ဖြင့် သူမပါးစပ်က ကဗျာတစ်ပုဒ်ကို ရုတ်တရက်ရွတ်လိုက်မိသည်။ "The light of shiny moon, Zhao zui is the most difficult, if this time there is man here, then I will marry him..."

[A\N ကဗျာကိုမြန်မာလိုရေးချင်ပေမဲ့ ကိုယ်က ကဗျာမှာ ၁၀မှတ်ပေးရင် ၃မှတ်တောင်မရနိုင်တဲ့သူဖြစ်နေလို့ မူရင်းကိုပဲပြန်ရေးပေးလိုက်တယ်နော်။#sry for my poor translating.

# 招 Zhao 赘 Zuiဆိုတာက သတိုးသမီးရဲ့ မျိုးရိုးအမည်ကိုု ခံယူတဲ့ သမက်ကိုဆိုလိုတာပါ။ Chu Zhu Yuလေးလိုချင်နေတဲ့ ကောင်လေးမျိုးပေါ့]

ထိုအချိန်တွင် သူမမြင်ကွင်းထဲသို့ အရိပ်တစ်ခုဝင်လာပြီး လရောင်ကို ကွယ်၍ သူမရှေ့တွင်ပိတ်ရပ်လိုက်သည်။ လရောင်အောက်တွင် ထိုနတ်သားတစ်ပါးနှင့်တူသောသူ၏ နက်မှောင်ရှည်လျားသော ဆံနွယ်များက လေတိုက်တိုင်း ညင်ညင်သာသာလွင့်နေသည်ကို သူမကြည့်မဝဖြစ်နေခဲ့သည်။ သူကလူရောဟုတ်ရဲ့လား။ ဒါမှမဟုတ် နတ်သားတစ်ပါးများလား။

Chu Zhu Yuပြတင်းပေါက်အပြင်ဘက်ရှိ အရိပ်ပိုင်ရှင်ကို မလှုပ်မယှက်ငေးနေမိသည်။ ထိုသူသည် ကြည့်ကောင်းသော ယောကျ်ားတစ်ယောက်ဖြစ်ပြီး သူ၏ကျစ်လျစ်သော ကိုယ်တွင် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏ဆံပင်များကို ကျောက်စိမ်းဆံညှပ်[Yu Guan]ဖြင့် စုချည်ထားပြီး ခါးတွင် ရွှေရောင်ခါးပတ်တစ်ခုဝတ်ဆင်ထားသည်။ သူ၏ လှပသောမျက်ခုံး၊ ရေကဲ့သို့ ကြည်လင်သောမျက်လုံးများ၊ ဖြောင့်စင်းနေသောနှာတံ၊ ပန်းရောင်ဖျော့ဖျော့နှုတ်ခမ်းပါးများနှင့် ကြည့်ကောင်းလွန်းသောမျက်နှာက ညအမှောင်မှာပင် နတ်သားတစ်ပါးကို ကြည့်နေရသလိုခံစားမိစေသည်။

Chu Zhu Yuပြတင်းပေါက်အပြင်ဘက်ရှိ အရိပ်ပိုင်ရှင်ကို မလှုပ်မယှက်ငေးနေမိသည်။ ထိုသူသည် ကြည့်ကောင်းသော ယောကျ်ားတစ်ယောက်ဖြစ်ပြီး သူ၏ကျစ်လျစ်သော ကိုယ်တွင် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏ဆံပင်များကို ကျောက်စိမ်းဆံညှပ်[Yu Guan]ဖြင့် စုချည်ထားပြီး ခါးတွင်ရွှေရောင်ခါးပတ်တစ်ခုဝတ်ဆင်ထားသည်။ သူ၏ လှပသောမျက်ခုံး၊ ရေကဲ့သို့ ကြည်လင်သောမျက်လုံးများ၊ ဖြောင့်စင်းနေသောနှာတံ၊ ပန်းရောင်ဖျော့ဖျော့နှုတ်ခမ်းပါးများနှင့် ကြည့်ကောင်းလွန်းသောမျက်နှာက ညအမှောင်မှာပင် နတ်သားတစ်ပါးကို ကြည့်နေရသလိုခံစားမိစေသည်။

[Yu Guan] Picture credit.

"ရှင်ကလူလား" သူမအတွေးများမဆုံးခင်မှာပင် မေးလိုက်မိသည်။

ထိုသူက သူမကို တစ်ချက်ကြည့်လိုက်သည်။ "မင်းက ဘယ်သူလဲ။"

"ကျွန်မကXiaoအိမ်တော်က အလုပ်သမားတစ်ယောက်ပါ" အင်း ဒါက အခုသူမရဲ့ လက်ရှိမအဆင့်အတန်းပဲလေ။

"နာမည်?"

"Chu.... Zhu Yu." သူမ နာမည်ကို တစ်လုံးချင်း ပြောလိုက်သည်။

သူက မျက်ခုံးတစ်ချက်ပင့်လိုက်သည်။ ထို့နောက်သူက သူမပြတင်းပေါက်ရှေ့ကို ရောက်လာပြီး ထူးဆန်းသောစကားတစ်ခွန်းပြောလိုက်သည်။

"အနေတော်ပဲ။"

"ဘာကအနေတော်ပဲလဲ?" Chu Zhu Yuစိတ်ရှုပ်ထွေးသွားသည်။

"မင်းက မပိန်တော့ ဖက်လို့ကောင်းမှာပဲ။"

Continue Reading

You'll Also Like

16.4K 1.8K 13
သမိုင္​းေၾကာင္​းတစ္​ေလ်ွာက္​ အေလးစား အၾကည္​ညိဳခံရမည္​့ ေတာ္​ဝင္​ေသြးဆိုတာ ဘယ္​လိုမ်ိဳးလဲ။ ယြီးေရွာင္​ေရွာင္​ကေတာ့ ခင္​ပြန္​းလင္​ကို အလိုလိုက္​ ဖူးဖူ...
509K 54.8K 42
Author(s): 很是矫情 English translator: Butterfly's Curse English title: Quick Transmigration Cannon Fodder's Record of Counterattacks Original name: 快穿...
531K 64.2K 184
အပြာရောင် hydrangeasတွေရဲ့အဓိပ္ပါယ်ကခွင့်လွှတ်မှုကိုတောင်းခံခြင်းတဲ့ နောက်ကျမှမင်းဆီကိုရောက်လာနိုင်တဲ့အတွက် တောင်းပန်ပါတယ် ကောင်လေး
670K 77.1K 200
ဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး...