Official [Completed] (Zawgyi...

By nora_nono

469K 38.9K 1.2K

Cover by Windi_622❤ Official_ ချစ်သူနှစ်ယောက်ကြားမှာ အရေးကြီးတဲ့ အရာတစ်ခု ကျွန်တော့် အတွက်တော့ အရေးမကြီးဘူးထင... More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20 (Park Chanyeol' pov)
Part 21
Part 22
Part 23
Part 24
Part 25
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Final
Special Thanks To
Hi🙋
''
Hi ♥

Part 26

12.9K 1.1K 71
By nora_nono

ညက မိုးရွာပီးလို့ နောက်တစ်နေ့ နေထွက်လာသည့် နေ့မျိုးတွေဟာ ပူစပ်ပူလောင်နဲ့ နေရခက်လှသည်။

အရင်နေ့တွေထက် ပို၍အပူချိန်များလာသလိုမျိုး။

မဖြစ်မနေသွားရမည်မလို့သာ ထွက်လာရခြင်း။ ကိုယ့်ဆန္ဒနဲ့ ကိုယ်သာဆို ဒီနေ့လိုမျိုးမှာ ဆိုင်ကနေ မခွာချင်။

သို့သော်လည်း သစ်သီးတွေရောက်ပီ လာယူပါဆို၍ အပြင်မထွက်ချင်ပေမယ့် ထွက်ရအုံးမည်။

ဆိုင်မှာက သစ်သီးလတ်လတ်ဆတ်ဆတ်တွေသာ သုံးသည်မို့ တခြားဆိုင်တွေထက် အရသာကလတ်ဆတ်နေတတ်ကာ ကျန်းမာရေးနဲ့လည်း သင့်တော်သည်မို့ Baekhyunတို့ဆိုင်က ကိတ်တွေ အသီးဖျော်ရည်တွေက နာမည်ကြီးသည်။

သစ်သီးတွေကိုလည်း နယ်ကနေတိုက်ရိုက်မှာသည်မို့ သစ်သီးကားလာပို့သည့်နေရာကို တစ်ပတ်ကို တစ်ခါလောက်သွားယူရသည်။

အရင်ကထက် ပူနေသည့်ရာသီဥတုကြောင့် အပြာရောင်ချည်သားလက်ရှည်ပွပွ တစ်ထည်ကို
ဘောင်းဘီတို အမဲလေးနဲ့ တွဲဖက်ဝတ်ဆင်ကာ ဦးထုတ်အဝိုင်းလေးဆောင်းပီး Taxiငှါးဖို့ ထွက်ခဲ့သည်။

ဒီလိုနေ့မျိုးတော့ ဘတ်စ်ကားတော့ လုံးဝမစီးချင်။

ဒီနေ့ကျမှ Taxiတွေကလည်း ငှါးရခက်လွန်းနေသည်။

ပူအိုက်နေလို့ စိတ်ရှုပ်နေရသည့်အပြင် ကားပါငှါးမရလေတော့ စိတ်တိုစပြုလာပီ။

ခြေညှပ်ဖိနပ်အပါးလေးသာစီးထားသည်မို့ ခြေချောင်းလေးတွေကအစပူလောင်လာကာ သက်သာလိုသက်သာငြား ခုန်စွ ခုန်စွနဲ့ ကားစောင့်နေမိသည်။

တစ်ကိုယ်လုံး ပူစပ်လောင်နေကာ စိတ်မရှည်တော့ပီမို့ ဒီတစ်ခါမှ ကားမရလျှင် ဘတ်စ်ပဲစီးလိုက်တော့မည်။

.....

"ဘယ်သွားမလို့လဲ Baek?''

ပူလွန်းလို့ ကိုယ့်ဟာနဲ့ကိုယ် အာရုံများနေသည်မို့ အနားကို သူရောက်လာတာတောင် သတိမထားမိ။

Taxiရဖို့သာ အာရုံစိုက်နေသည်မို့ ကိုယ့်အနောက်ကနေ ကားရပ်ပီး ကားပေါ်ကဆင်းကာ ကိုယ့်ကိုလာမေးကာမှ သိရသည့်အဖြစ်။

"သြော်....
ပစ္စည်းသွားယူစရာလေးရှိလို့''

"လာလေ ကိုယ်လိုက်ပို့မယ်''

"နေပါစေ....
ကျတော်ဘာသာပဲ ကားငှါးသွားလိုက်မယ်..
Chanyeol Hyungက အလုပ်ရှိသေးတယ်မလား?''

"ကိုယ်က သူဌေးပါကွာ....
အလုပ်က သွားလည်းရတယ် မသွားလည်း ဘာမှမဖြစ်ဘူး....ဟဲ..ဟဲ''

သူ့ကိုယ်သူ သူဌေးလို့ ဂုဏ်ယူနေသူကြီးကို မျက်စောင်းပိတ်ထိုးကာ သူ့ကားပေါ်ခပ်တည်တည်နဲ့ တက်ထိုင်လိုက်သည်။

ဟုတ်တယ်လေ....
အရမ်းကို ပူလွန်းနေပီမို့။

..........

"အရင်ကဒီလိုမျိုးတွေ မဝတ်ဖူးပါဘူး''

ကားပေါ်မှာ မျက်လုံးလေးမှိတ်ကာ သီချင်းလေးလိုက်ညည်းနေရင်း Chanyeol မေးလာသည်မို့ လှည့်ကြည့်လိုက်သည်။

"ဘာကို?''

ဘာပြောမှန်း သေချာမကြားလိုက်သည်မို့ ပြန်မေးလေတော့.....

"အဲဒါကို ပြောတာ...''

ဝတ်ထားတဲ့ ဘောင်းဘီအတိုလေးက ပုံမှန်ဆို ဒူးဖုံးနေပေမယ့် ကားပေါ်ထိုင်လိုက်တော့ ဘောင်းဘီက ပေါင်လယ်လောက်တက်သွားသည်။

အဲဒါကို မျက်မှောင်ကြီးကျုံ့ပီးမေးငေါ့ပြတော့မှ Baekhyunနားလည်သလိုတော့ရှိသွားသည်။

ဘောင်းဘီအတို ဝတ်ထားတာကို ပြောတာလား?
ရာသီဥတုပူလို့ ဘောင်းဘီအတို ဝတ်ထားသည်က ဘာတွေများ ထူးဆန်းသွားလည်း Baekhyunမတွေးတတ်။

"အော်....
ပူလို့လေ''

"အဲ့လောက်တိုရလား?''

ဖြေပီးပီမို့ မျက်လုံးပြန်မှိတ်လိုက်ကာ နောက်ပြန်မှီလိုက်ပေမယ့်....

"ကိုယ်နဲ့သာ မတွေ့ရင် ဘယ်လိုလုပ်မလဲ?''
"အဲ့လို တိုတိုလေးတွေ ဝတ်တာ ဘယ်သူ့ကြည့်စေချင်နေမှန်းမသိ?''
"သူများတွေ ကြည့်နေရင် ဘယ်လိုလုပ်မလဲ?''
"အရင်ကလိုပဲ လုံလုံခြုံခြုံဝတ်တာမဟုတ်ဘူး''

ပွစိပွစိအသံတွေက နားထဲကြားနေရသည်မို့ ဇက်ကနဲထကာ မျက်စောင်းပိတ်ထိုးလိုက်ကာမှ သွားဖြဲပြကာ ရပ်သွားသည်။

Chanyeolပုံစံလေးကို မြင်တော့ Baekhyunအသာခိုးပြုံးမိသည်။

သေချာသည်က အရင်ကလိုမဟုတ်ပဲ Chanyeolနဲ့ ဆက်ဆံလာရသည်က ပေါ့ပါးသလိုတော့ရှိလာသည်။

......

......

.....

.....

စာရင်းစစ်နေတုန်းမို့ ခဏလောက်စောင့်ပေးဟုဆိုသောကြောင့် Chanyeolရယ် Baekhyunရယ် သစ်သီးဆိုင်ရှေ့နားက သစ်ပင်အောက်မှာခင်းထားသည့် ထိုင်ခုံလေးတွေမှာ ထိုင်စောင့်နေသည်။

"အရမ်းပူနေလား?
ရေသောက်မလား? "

မျက်နှာကို လက်နှစ်ဖက်နဲ့ ယက်ခပ်သလိုလုပ်နေရင်း Chanyeolမေးလာသည်မို့ ခေါင်းညိမ့်ပြလိုက်သည်။

ဘေးကဆိုင်လေးဆီ ရေသန့်ဘူးသွားဝယ်ပေးကာ အဖုံးဖွင့်ပေးပီး Chanyeolက Baekhyunရှေ့ချပေးလေသည်။

ရေသန့်အေးအေးလေးကြောင့် အငမ်းမရသောက်မိလေတော့ ရေစက်တစ်ချို့က လည်ပင်းပေါ်စီးကျလေသည်။

Chanyeolက တစ်သျူးနဲ့သေချာသုတ်ပေးပီး ကျန်လက်တစ်ဖက်ကလည်း ဂျာနယ်စာစောင်လေးကိုင်ကာ Baekhyunကို ယပ်ခတ်ပေးနေလေသည်။

Baekhyunမျက်နှာကို စေ့စေ့စပ်စပ်ကြည့်ကာ ချွေးထွက်ရင်သုတ်ပေးလိုက် ယပ်ခတ်ပေးလိုက်နဲ့ Chanyeol တစ်ယောက်တည်း အလုပ်ရှုပ်နေသည်မို့ ဆိုင်ထဲကလူတစိချို့ကပင် ကွက်ကြည့်ကွက်ကြည့် လုပ်နေကြသည်။

အရင်ကနဲ့မတူတော့ဘဲ ဆက်ဆံနေသည့် Chanyeolရဲ့ ပုံစံက Baekhyunအတွက်တော့ နေသားမကျသေး။

နဂိုပူအိုက်နေရတဲ့အထဲ Chanyeol ဂရုစိုက်နေမှုတွေကြားမှာ မနေတတ်ဖြစ်ကာ မျက်နှာကြီးရဲပီး ပူထူလာရသည်။

......

.......

"Chanyeol Hyung က အရင်ကရော ဒီနေရာလာဖူးလို့လား?''

"ဟင်?''

သစ်သီးပုံးတွေကို ကားနောက်ခန်းထဲထည့်နေသော Chanyeolက Baekhyunကို လှည့်ကြည့်လေသည်။

လိပ်စာကဒ်လေးတစ်ချက်ကြည့်ရုံနဲ့ Baekhyunတောင် လမ်းညွှန်ပေးစရာမလိုဘဲ နေရာအတိအကျကို ရောက်လာရသည်မို့ သိချင်၍ မေးမိသည်။

"သြော်.....
ဒီနေရာကို အရင်က ရောက်ဖူးလားလို့?''

"အင်း....
ဒီနားကို လာဖူးတယ်...
အဲဒါကြောင့် Baek လိပ်စာပြတော့ ကိုယ်သိနေတာ''

"သြော်.....''

သစ်သီးပုံးတွေလည်း ထည့်ပီးပီမို့ Baekhyun ထိုင်ရမယ့်ဘက်လာကာ Chanyeolက ကားတံခါးဖွင့်ပေးလေသည်။

'Pa Pa Park!!!!!''

Baekhyun ဝင်လုဆဲဆဲမှာ အသံသေးသေးစူးစူးလေးကို ကြားလိုက်ရသည်မို့ Baekhyunတင်မက Chanyeolပါ လှည့်ကြည့်လေသည်။

လက်ကလေးဆန့်ကာ ယိုင်တိုင်တိုင်ပြေးလာတဲ့ ကလေးလေးကို Chanyeolက သူ့အနားမရောက်ခင်မှာပင် စိုးရိမ်တကြီးနဲ့ အပြေးအလွှားသွားဖမ်းလေသည်။

ကလေးလေးနောက်မှာ ပါလာသည်က Rosy.

သူတို့ပုံစံ အရမ်းချစ်ကြတဲ့ မိသားစုတွေလိုပင်။

Chanyeolကားတံခါးဖွင့်ပေးထားပေမယ့် Baekhyun ကတော့ ရှေ့ကမြင်နေရတဲ့ မြင်ကွင်းကို သတိလက်လွှတ်ငေးနေမိသည်မို့ ကားပေါ်သို့ မတက်ဖြစ်သေး။

.........

Baekhyunဖြစ်နေသည့်ပုံက သူများမိသားစုကြားထဲ အလိုက်မသိပဲ ဝင်ရှုပ်နေသည့်ပုံဖြစ်နေသည်။

ကလေးလေးက Chanyeolနဲ့ အတူထိုင်ချင်သည်ဟု ဂျီကြနေသောကြောင့် Rosy ပါ ရှေ့ခန်းမှာထိုင်ရလေသည်။

နောက်ဆုံးတော့ Baekhyun ပဲအလိုလို နောက်ခန်းသို့ ရောက်လာရသည်ပေါ့။

မလိုက်ဘူး ပြောတော့လည်း အတင်းဇွတ်ခေါ်နေသည့် Chanyeolကြောင့် မလိုက်ချင်ပဲ လိုက်ခဲ့ရသည်။

ကားနောက်ကြည့်မှန်ကနေ တောင်းပန်သယောင် မျက်ဝန်းတွေနဲ့ ကြည့်နေသည့် Chanyeolအကြည့်တွေကို မမြင်ချင်ယောင်ပဲ ဆောင်ထားမိသည်။

ကလေးနဲ့ အပြိုင် ကဗျာတွေအော်ဆိုနေသည့် Chanyeolတို့ သုံးယောက်က အရမ်းပျော်ရွှင်စရာကောင်းသည့် မိသားစုလေးလိုပင်။

Chanyeolအပေါ် စိတ်မပြတ်မိသေးသည့် ကိုယ့်ကိုကိုယ်လည်းရှက်လာသလို
ကိုယ်ကို အထင်မှားရလေအောင် ဂရုစိုက်မှုတွေ လာပြနေသည့် Chanyeolကို လည်းဒေါသထွက်မိသည်။

အပေးအယူတည့်နေသည့် သူတို့သုံးယောက်ကြားမှာ ကိုယ်က အပိုလူတစ်ယောက်လို ဖြစ်နေသည့် အခြေအနေကြီးကို Baekhyun တကယ်ပဲမုန်းလာသည်။

'Baekhyun shiiကို အားနာလိုက်တာ...
သားက အရမ်းဆိုးတာ...
အဲ့ဒါကြောင့်....'

"ရပါတယ် ကိစ္စမရှိပါဘူး''

'သားကို ဒီနားက မူကြိုမှာထားတာလေ'

Rosy ရဲ့စကားတစ်ခွန်းကြောင့် ဒီနေရာကို Chanyeol သိတာ မဆန်းတော့ပါဘူး။
အမြဲတမ်းလာကြိုနေကျ ဖြစ်မှာပေါ့လေ။

'Rosy တို့လိုက်လာလို့ Baekhyun shii အနှောင့်အယှက်များဖြစ်သွားလား?''

"မဖြစ်ပါဘူး''

Rosy နဲ့သာ အပြန်အလှန်စကားတွေ ပြောနေပေမယ့် Chanyeolကတော့ တစ်ခွန်းမှဝင်မပြောဘဲ Baekhyun ကိုသာ မှန်ထဲကနေကြည့်နေသည်။

"ကျတော်ကသာ Rosyတို့ကြားထဲ နှောင့်ယှက်သလိုဖြစ်နေမှာ ....
အဆင်မပြေဖြစ်နေရင် ကျတော်ကားငှါးသွားလိုက်မယ်လေ Chanyeol Hyung"

ထိုမှသာ နောက်လှည့်ကြည့်လာသည့် သူ...

"မဆိုင်တာ Baekရာ....
ကိုယ်လိုက်ပို့ပေးမှာပါ''

'အနှောင့်အယှက်မဖြစ်ပါဘူး...
နောက်ပီး Rosy တို့က....'

'Pa Pa ရေခဲ့မုန့်ဝယ်ကျွေး!!'

Rosy စကားမဆုံးခင်မှာ ကလေးလေးက လမ်းဘေးက ရေခဲမုန့်သည်လေးကိုကြည့်ကာ ပူဆာနေသည်မို့ စကားစပြတ်သွားလေသည်။

ဘာဆက်ပြောမလဲဆိုတာ Baekhyun ကလည်း စကားမထောက်ပေးမိတော့သလို သိလည်းမသိချင်တော့။

Baek ရေခဲမုန့်စားမှာမလားဆိုတဲ့ Chanyeolမေးသည်ကို ကြားပေမယ့် မကြားချင်ယောင်ဆောင်ကာ နားကြပ်ကို နားထဲထိုးထည့်ကာ မျက်လုံးမှိတ်လိုက်သည်။

ရိုင်းသလို ဖြစ်သွားပေမယ့် မတတ်နိုင်။
Baekhyunသိသည်က ဆိုင်ကို အမြန်ဆုံးပြန်ရောက်ချင်တာပဲ။

မျက်လုံးမမှိတ်ခင်လေးမှာတော့ မျက်နှာညှိုးသွားသည့် Chanyeolရဲ့ မျက်နှာကို တွေ့ဖြစ်အောင်တွေ့လိုက်ရသေးသည်။

ပူလောင်နေတဲ့ ပတ်ဝန်းကျင်နဲ့အပြိုင် Baekhyunရင်ထဲမှာလည်း ပူလောင်လွန်းနေခဲ့။

......,.................................................................

Unicode

Continue Reading

You'll Also Like

20.3K 2.3K 21
Zawgi+Unicode ...................... လှပ​သော...ရင်​ကွဲနာ .......................... လှပသော...ရင်ကွဲနာ Cover photo crd# Z+U
628K 62.8K 47
Another Arrange Marriage.. Son of Park Group and 23 years old playboy Park ChanYeol Son of Byun Group from BuSan and 20 years old Byun BaekHyun What...
1K 72 20
Facts, Fanfics and Fanships... all about Destiel and Supernatural . 4 stories translated & 4 stories updated ~~~~~~~~~~~~~~ Addiction to SPN ■ https:...
17.4K 1.4K 26
ငါတို့တွေ အဝေးကနေ လာခဲ့ကြတယ် ငါတို့တွေ ကံတရားအရ ဆုံတွေ့ခဲ့ကြတယ် ငါတို့တွေ တစ်ယောက်ကိုတစ်ယောက် ချစ်မိသွားခဲ့ကြတယ်