(Zawgyi)
Xiao Zhi Zhiအား Lou Yangတိုင္းျပည္ႀကီးတြင္ မသိသူမရွိေပ။
သူသည္တစ္ခ်ိန္က မိဘမဲ့ကေလးတစ္ေယာက္ျဖစ္ခဲ့ၿပီး ဘုန္းေတာ္ႀကီးHui Wu၏ေမြးစားျခင္းခံရကာ စာေပနွင့္ သိုင္းပညာကို သင္ၾကားခဲ့သည္။ သူ၏သိုင္းပညာအတိမ္အနက္မည္မွ်ရွိသည္ကို မည္သူမွမသိေပ။ သို႔ေသာ္ သူ႔အားယွဥ္ၿပိဳင္ရန္ႀကိဳးစားသူမ်ားထဲတြင္ ေနာက္တစ္ေန႔ေနထြက္ခ်ိန္ကို ျမင္ခြင့္ရသူမရွိေသးေပ။
ထို႔အျပင္ သူ႔အသက္ ၁၂နွစ္အရြယ္တြင္ စစ္တပ္တြင္းဝင္ခဲ့ၿပီး မၾကာခဏခ်ီးက်ဴးခံရေသာ ဂုဏ္ထူးေဆာင္တပ္သားတစ္ေယာက္ျဖစ္လာခဲ့သည္။ ထို႔ေၾကာင့္ပင္ မၾကာခဏစစ္ေျမျပင္တြင္ တာဝန္ထမ္းေဆာင္ရန္ ေစလႊတ္ျခင္းခံခဲ့ရၿပီး ဒုတိယအဆင့္တပ္သားအဆင့္မွ စစ္သူႀကီးရာထူးအထိ တစ္မဟုတ္ခ်င္းရာထူးတိုးခ်ီးျမွင့္ခံခ့ဲရသည္။ ထိုမွ်မကေသး သူသည္ နိုင္ငံေတာ္စစ္အင္အား၏ သံုးပံုတစ္ပံုကို လက္ဝယ္ရထားသူလည္းျဖစ္သည္။ ထိုအေၾကာင္းအရာမ်ားေၾကာင့္ပင္ သူသည္ လူအမ်ားက သတိထားေျပာဆိုလာရေအာင္ ေက်ာ္ၾကားလာခဲ့သည္။
သို႔ေသာ္လည္း အသက္၂၅နွစ္အရြယ္ စစ္သူႀကီး Xioa Zhi Zhiႏွင့္ ပတ္သတ္၍ ေကာလဟာလတစ္ခု ပ်ံ႔နွံ႕လာခဲ့သည္။ Xiao Zhi Zhiမွာ ၾကင္ရာေတာ္မဆိုထားနွင့္ ကိုယ္လုပ္ေတာ္ပင္မရွိေသာသူျဖစ္သည္။ ထို႔အျပင္ ၿမိဳ႕ေတာ္မွ အလွပဆံုးမိန္းကေလးမ်ား၊ ေက်ာ္ၾကားေသာကေခ်သည္မ်ားနွင့္လည္း ဇာတ္လမး္မရွိေသာသူျဖစ္သည္။ တနည္းအားျဖင့္ သူသည္ လံုးဝ ခၽြင္းခ်က္မရွိ သန္႔စင္ေသာသူ ျဖစ္ေနေလသည္.။
Luo Yangျမိဳ႕မွၿမိဳ႕သူၿမိဳ႕သားမ်ားအတြက္ေတာ့ ထိုအေၾကာင္းအရာသည္ သူတို႔၏ အားလပ္ခ်ိန္မ်ားတြင္ အေရးတယူေျပာဆိုစရာ အေၾကာင္းတစ္ခုအျဖစ္မွတ္ယူထားၾကၿပီး စစ္သူၾကီး၏ အလြန္အမင္းသန္႔ရွင္းေနရျခင္းအေၾကာင္းအရင္းကို ေန႔စဥ္ ေဆြးေႏြးေနၾကေလသည္။
~~~~~~
စစ္သူႀကီးXiao
~~~~~~
ပိန္ပိန္ပါးပါး ခ်ပ္ခ်ပ္ရပ္ရပ္ရွိေသာ ခႏၶာကိုယ္တစ္ခု ကုလားထိုင္ေပၚတြင္ထိုင္ေနသည္။ ေခ်ာေမာၿပီးဆြဲေဆာင္မႈရွိေသာမ်က္နွာက ပညာရွိတစ္ဦး၏အသြင္ကိုေဆာင္ေနျပီး ခံစားမႈမရွ္ိေသာမ်က္နွာထားမွာေပၚလြင္ေနသည္။ Xiao Zhi Zhiကလက္တစ္ဖက္ကို ေထာက္ထားၿပီး ဘယ္ဘက္လက္ျဖင့္ကိုင္ထားေသာ စာအုပ္ကိုဖတ္ေနသည္။ စာတစ္မ်က္နွာဖတ္ၿပီးတိုင္း သူ၏သြယ္လွ်ေသာ လက္ေခ်ာင္းမ်ားျဖင့္ ေနာက္စာမ်က္နွာကို ညင္ညင္သာသာလွန္လိုက္သည္။ ထိုအခ်ိန္တြင္ က်န္လက္တစ္ဖက္အား နန္းတြင္းသမားေတာ္ႀကီးအား ေသြးခုန္နႈန္းစမ္းေနေစသည္။
Xiao Zhi Zhiသူ႔လက္အားျပန္ရုပ္သြားခ်ိန္တြင္ေတာ့ နန္းတြင္းသမားေတာ္ႀကီး တုန္လႈပ္သြားမိသည္။ Xiao Zhi Zhi၏ မ်က္ကြင္းမ်ားညိဳေနသည္ကို ေတြ႔ျမင္ေနရေသာေၾကာင့္ သူ၏စိုးရိမ္မႈကို သက္ျပင္းခ်ရင္းသာေဖာ္ထုတ္မိလိုက္သည္။ တစ္ဆက္တည္းမွာပင္ သူဒီေန႔ အဘယ့္ေၾကာင့္ထိုမွ်ကံမေကာင္းရလဲဟု ေတြးရင္းေဒါသျဖစ္ေနမိသည္။ Xiaoအိမ္ေတာ္မွ အိမ္ေတာ္ထိန္း၏ ဆင့္ေခၚမႈေၾကာင့္ သူဤေနရာသို႔ ေရာက္လာခ့ဲရသည္။ သူသာ ဤအေျခအေနကို ႀကိဳသိခဲ႔လွ်င္ သူေနမေကာင္းဟုအေၾကာင္းျပကာ အိမ္တြင္ အိပ္ေနမည္ျဖစ္သည္။
"ဘယ္လိုေနလဲ။" အလြန္တည္ျငိမ္ေသာအသံျဖင့္ ေမးသည္ကို ၾကားလိုက္ရသည္။ သမားေတာ္ႀကီးမွာ ေန႔တစ္ဝက္နီးပါး သတိမဲ့သလိုျဖစ္ေနရာမွ စစ္သူႀကီး၏ေမးခြန္းကို ၾကားလိုက္ရမွ အသိျပန္ဝင္လာခဲ့သည္။
"စစ္သူႀကီးကို ေလွ်ာက္တင္ပါတယ္။ စစ္သူႀကီးက တိုင္းျပည္အတြက္ စိုးရိမ္ပူပန္မႈေတြ မ်ားလြန္းတာေၾကာင့္ ပင္ပန္းသြားရျခင္းျဖစ္ပါတယ္။ အရွင္သာ အျပည့္အဝအနားယူမယ္ဆုိရင္........"
"ငါေမးတာက ငါဘယ္အခ်ိန္မွ အိပ္ေပ်ာ္မွာလဲ?" Xiao Zhi Zhiစိတ္မရွည္စြာျဖင့္ သမားေတာ္ႀကီး၏စကားကို ျဖတ္ေျပာလိုက္သည္။
"အဲ့ဒါက... စစ္သူႀကီးက အိပ္မရတာ ၃ရက္ရွိၿပီဆိုေတာ့ ကၽြန္ေတာ္အိပ္ေပ်ာ္ေစမဲ့ ေဆးညႊန္းတခ်ိဳ႕ ေရးေပးခဲ့ပါ့မယ္။ အဲ့ဒါက အေထာက္အကူျဖစ္ေစမွာပါ"
Xiao Zhi Zhiမ်က္ခံုးေတြျမင့္သြားၿပီးေျပာလိုက္တယ္။ "မင္းရဲ႕ ေဆးညႊန္းက Ginseng, Qing Pi, bark of Cork tree, Angelica, Radix, Sheng ma, Zhi caoအဲ့ ေဆးေတြပဲမလား။ "
(T/N.တရုတ္ေဆးညႊန္းေတြက္ို ဘာသာမျပန္တတ္လို႔ပံုေလးပဲ ထည့္ေပးလိုက္တယ္ေနာ္)
နန္းတြင္းသမားေတာ္ႀကီး သူ႔နွဖူးမွ ေခၽြးမ်ားစိီးက်လာသည္ကို ခံစားမိလိုက္သည္။ ဤစစ္သူႀကီးအိပ္ေပ်ာ္ေအာင္လုပ္ရန္မွာ နန္းတြင္းစာေမးပြဲေအာင္ဖို႔ထက္ပင္ခက္ခဲေၾကာင္း မည္သူမဆို သိနိုင္သည္။ စစ္သူႀကီး၏ ခႏၶာကိုယ္ကိုယ္တိုင္ကပင္ အဆိပ္အုပ္စုဝင္ျဖစ္ေနသည္။ ေဆးဝါးအကူအညီသံုး၍ သူ႔အားအိပ္ေပ်ာ္ေစရန္မွာလည္း သိပ္ေတာ့မျဖစ္နိုင္ေပ။
"စစ္သူႀကီးေရာ ဘယ္လိုထူးျခားတဲ့အျမင္ရွိလဲမသိဘူး" သမားေတာ္ႀကီးက အလြန္နူးညံ့ေနေသာေလသံျဖင့္ေမးလိုက္သည္။ သူ၏နွစ္ေပါင္းမ်ားစြာ အေတြ႕အႀကံဳမ်ားအရ စစ္သူႀကိီး၏ မ်က္တြင္းခ်ိဳင့္ခ်ိဳင့္မ်ားသည္ သူ၏စိတ္အေျခအေနဆိုးဝါးေနသည္ဟုဆိုလိုသည္။ သို႔ေသာ္ ယခု စစ္သူႀကီး၏မ်က္ဝန္းမ်ားအရ သမားေတာ္ၾကီးကိုယ္တိုင္ကသာ အႏ ၱရာယ္အႀကီးဆံုး အေျခအေနသို႔ေရာက္ေနေၾကာင္းေဖာ္ျပေနေလသည္။
"မင္းအခု ငါ့ရဲ႕ "ထူးျခားတဲ့အျမင္"လို႔ ေမးလိုက္တာလား"စစ္သူႀကီးကသူ၏ေအးစက္စက္မ်က္လံုးမ်ားကို ေမွးက်ဥ္းလိုက္ရင္းေမးသည္။ သူ၏ေလသံလည္းေျပာင္းသြားသည္ကို ၾကားလိုက္ရေသာ ေတာ္၀င္သမားေတာ္ႀကီးမွာေတာ့ ေနာက္ကို ေျခသံုးလွမ္းမ်ွဆုတ္မိလိုက္ေလသည္။
ဤစစ္သူႀကီးမွာ ယခုစိတ္အေျခအေနအေတာ္ပင္ဆိုးဝါးေနေလရာ အခန္႔မသင့္လ်ွင္ မိမိအားထရိုက္နိုင္ေခ်ရွိေၾကာင္းကိုသာ သမားေတာ္ႀကီးအေနျဖင့္ေတြးမိလိုက္သည္။
သမားေတာ္ႀကီးမွာ အရိုက္မခံရေရးအတြက္ သူ႔ဦးေနာက္အားအလ်င္အျမန္အလုပ္ေပးလိုက္ရသည္။ ထို႔ေနာက္ ေလ်ာ့တိေလ်ာ့ရဲအၿပံဳးေလးတစ္ခုအားႀကိဳးစားဖန္တီးလိုက္ရင္း
"ကြၽန္ေတာ္မ်ိဳးမွာ နည္းလမ္းတစ္ခုေတာ့ရွိပါတယ္စစ္သူႀကီးႀကိဳးစားၾကည့္ရင္ေတာ့ အေျဖတစ္ခုခရလာမွာပါ။ စစ္သူႀကီးရဲ႕ကု္ိယ္အပူခ်ိန္က အရမ္းေအးလြန္းလို႔ အိပ္ေပ်ာ္ဖို႔ရာအတြက္ အခက္အချဖစ္ေနရျခင္းျဖစ္ပါတယ္။ အရွင့္ရဲ႕ကိုယ္အပူခ်ိန္ကို သာမန္လူတစ္ေယာက္အပူခ်ိန္နဲ႔တူေအာင္ညႇိယူမယ္ဆိုရင္ေတာ့ အိပ္ေပ်ာ္နိုင္ပါလိမ့္မယ္။" သမားေတာ္ႀကီးက စကားေျပာေနသည္ကို ခဏရပ္လိုက္ရင္း စစ္သူႀကီး၏မ်က္နွာတြင္ အမူအရာေျပာင္းလဲခ်င္းရွိမရွိကို အကဲခတ္ၿပီးမွ စကားဆက္လိုက္သည္။ "ေရွးယခင္အခ်ိန္မ်ားကတည္းက ေႏြးေထြးေသာခႏၶာကိုယ္ပိုင္ရွင္မ်ားဟာ အျခားသူမ်ားကိုပါေႏြးေထြးေစနိုင္ၾကပါတယ္။ အရွင့္အေနနဲ႔လည္း စမ္းသပ္ၾကည့္သင့္ပါတယ္။"
"သမားေတာ္Zhang အသင္ကအခုတစ္စံုတစ္ေယာက္က စစ္သူႀကီးရဲ႕ ခႏၶာကိုယ္ကို ေႏြးေထြးေအာင္လုပ္ေပးဖို႔ေျပာေနတာလား" ေနာက္ဆံုးေတာ့ မလွမ္းမကမ္းတြင္ရပ္ေနေသာ Xiaoအိမ္ေတာ္ထိန္းမွ စိတ္မရွည္စြာေမးလိုက္သည္။
သမားေတာ္ႀကီး၏ ပ်က္ခ်င္ခ်င္ျဖစ္ေနေသာမ်က္နွာမွာရုတ္တရက္ နီရဲသြားသည္။ "စစ္သူႀကီးအေနနဲ႔ ငယ္႐ြယ္တဲ့ အကူတစ္ေယာက္ရွာၿပီးေတာ့ ကိုယ္အပူခ်ိန္ျမင့္လာေအာင္ျပဳလုပ္နိုင္ပါတယ္။"
စစ္သူႀကီးXiaoမွာ အေပ်ာ္အပါးကို အလြန္အမင္းေရွာင္ရွားသူျဖစ္ၿပီး အမ်ိဳးသမိီးမ်ားနွင့္ပတ္သတ္မႈမရွိဖူးသည္ကို Luo Yangၿမိဳ႕သူၿမိဳ႕သားမ်ားအားလံုးသိၾကသည္။ အကယ္၍စစ္သူႀကီးသာ ဤနည္းလမ္းအတိုင္းမလုပ္၍ အိပ္မေပ်ာ္ခဲ့လ်ွင္ မိမိတြင္အျပစ္သင့္မည္မဟုတ္ေတာ့ေပ။
ထိုသို႔စဥ္းစားလိုက္မိသည္နွင့္ သမားေတာ္ႀကီး၏မ်က္နွာမွာ ရုတ္တရက္ၾကည္လင္သြားသည္။ ယခုအခ်ိန္တြင္ သူ႔အေနျဖင့္ ထိုျပသနာမွလြတ္ေျမာက္ၿပီး Xiaoအိမ္ေတာ္မွ အျပင္ထြက္နိုင္ေရးတစ္ခုသာ စဥ္းစားနိုင္ေတာ့သည္။
Xiao Zhi Zhiက ရုတ္တရက္ထိုင္ေနရာမွထလို္က္ၿပီး လက္ဖက္ရည္ငွဲ႔ေပးေနေသာ အမ်ိဳးသမီး အေစခံထံ ထသြားလိုက္သည္။ ထိုအမ်ိဳးသမီးမွာၾကည့္ေပ်ာ္ရႈေပ်ာ္ရွိေသာရုပ္ရည္ပိုင္ဆိုင္ထားသည္။ သူကသူမကိုဆြဲယူကာ သူ႔ရင္ခြင္ထဲ ထည့္ဖက္ထားလိုက္ၿပီး မ်က္လံုးမ်ားမွိတ္ရန္ႀကိဳးစားလိုက္သည္။
အားလံုးပါးစပ္အေဟာင္းသားျဖစ္သြားရေတာ့သည္။
"ဒါကတကယ္ အလုပ္ျဖစ္ပါ့မလာ။"
သမားေတာ္ႀကီးနွင့္ အိမ္ေတာ္ထိန္း Xiao Renတို႔မွာ မ်က္စိေရွ႕မွျမင္ကြင္းကိုသာၾကည့္ရင္းဆြံ႕အသြားၾကရသည္။ သူတို႔ေခါင္းမ်ားကိုမိုးႀကိဳးပစ္သြားသလိုပါခံစားလိုက္ၾကရသည္။ သူတို႔စစ္သူႀကီးမွာ စ္ိတ္မထင္လ်ွင္မထင္သလို လုပ္တတ္သူျဖစ္ေသာ္လည္း ဒီတစ္ခါက နည္းနည္းေတာ့ လြန္ေနသည္မဟုတ္ပါလား။။
"ငါ့မ်က္လံုးေတြမေကာင္းေတာ့တာမ်ားလား။" သမားေတာ္ႀကီးက Xiao Renအားလွည့္ၾကည့္ရင္းေမးလိုက္သည္။
"မဟုတ္ဘူးလို႔ ထင္တာပဲ။ "Xiao Renက သူ႔ေခါင္းအားခပ္ေလးေလးခါလိုက္ရင္းေျဖလိုက္သည္။
အခ်ိန္ခဏၾကာၿပီးသည့္ေနာက္ Xiao Zhi Zhiသူ႔ လက္ေမာင္းၾကားမွ အေစခံကိုလႊတ္လိုက္ၿပီး မ်က္လံုးမ်ားကိုဖြင့္လိုက္သည္။ ထို႔ေနာက္ Xiao Renအားတည္တည္ၿငိမ္ၿငိမ္ပင္ေျပာလိုက္သည္။ "ေနာက္တစ္ေယာက္ကို နည္းနည္း၀တဲ့တစ္ေယာက္နဲ႔လဲလိုက္။ သူမကပိန္လြန္းတယ္။ ဖက္လို႔မေကာင္းဘူး။"
"ဟုတ္ကဲ့" Xiao Renသူ႔ပါးစပ္သူသာလိမ္ဆြဲခ်င္စိတ္ေပါက္သြားသည္။
(Unicode)
Xiao Zhi Zhiအား Lou Yangတိုင်းပြည်ကြီးတွင် မသိသူမရှိပေ။
သူသည်တစ်ချိန်က မိဘမဲ့ကလေးတစ်ယောက်ဖြစ်ခဲ့ပြီး ဘုန်းတော်ကြီးHui Wu၏မွေးစားခြင်းခံရကာ စာပေနှင့် သိုင်းပညာကို သင်ကြားခဲ့သည်။ သူ၏သိုင်းပညာအတိမ်အနက်မည်မျှရှိသည်ကို မည်သူမှမသိပေ။ သို့သော် သူ့အားယှဉ်ပြိုင်ရန်ကြိုးစားသူများထဲတွင် နောက်တစ်နေ့နေထွက်ချိန်ကို မြင်ခွင့်ရသူမရှိသေးပေ။
ထို့အပြင် သူ့အသက် ၁၂နှစ်အရွယ်တွင် စစ်တပ်တွင်းဝင်ခဲ့ပြီး မကြာခဏချီးကျူးခံရသော ဂုဏ်ထူးဆောင်တပ်သားတစ်ယောက်ဖြစ်လာခဲ့သည်။ ထို့ကြောင့်ပင် မကြာခဏစစ်မြေပြင်တွင် တာဝန်ထမ်းဆောင်ရန် စေလွှတ်ခြင်းခံခဲ့ရပြီး ဒုတိယအဆင့်တပ်သားအဆင့်မှ စစ်သူကြီးရာထူးအထိ တစ်မဟုတ်ချင်းရာထူးတိုးချီးမြှင့်ခံခဲ့ရသည်။ ထိုမျှမကသေး သူသည် နိုင်ငံတော်စစ်အင်အား၏ သုံးပုံတစ်ပုံကို လက်ဝယ်ရထားသူလည်းဖြစ်သည်။ ထိုအကြောင်းအရာများကြောင့်ပင် သူသည် လူအများက သတိထားပြောဆိုလာရအောင် ကျော်ကြားလာခဲ့သည်။
သို့သော်လည်း အသက်၂၅နှစ်အရွယ် စစ်သူကြီး Xioa Zhi Zhiနှင့် ပတ်သတ်၍ ကောလဟာလတစ်ခု ပျံ့နှံ့လာခဲ့သည်။ Xiao Zhi Zhiမှာ ကြင်ရာတော်မဆိုထားနှင့် ကိုယ်လုပ်တော်ပင်မရှိသောသူဖြစ်သည်။ ထို့အပြင် မြို့တော်မှ အလှပဆုံးမိန်းကလေးများ၊ ကျော်ကြားသောကချေသည်များနှင့်လည်း ဇာတ်လမး်မရှိသောသူဖြစ်သည်။ တနည်းအားဖြင့် သူသည် လုံးဝ ချွင်းချက်မရှိ သန့်စင်သောသူ ဖြစ်နေလေသည်.။
Luo Yangမြို့မှမြို့သူမြို့သားများအတွက်တော့ ထိုအကြောင်းအရာသည် သူတို့၏ အားလပ်ချိန်များတွင် အရေးတယူပြောဆိုစရာ အကြောင်းတစ်ခုအဖြစ်မှတ်ယူထားကြပြီး စစ်သူကြီး၏ အလွန်အမင်းသန့်ရှင်းနေရခြင်းအကြောင်းအရင်းကို နေ့စဉ် ဆွေးနွေးနေကြလေသည်။
~~~~~~
စစ်သူကြီးXiao
~~~~~~
ပိန်ပိန်ပါးပါး ချပ်ချပ်ရပ်ရပ်ရှိသော ခန္ဓာကိုယ်တစ်ခု ကုလားထိုင်ပေါ်တွင်ထိုင်နေသည်။ ချောမောပြီးဆွဲဆောင်မှုရှိသောမျက်နှာက ပညာရှိတစ်ဦး၏အသွင်ကိုဆောင်နေပြီး ခံစားမှုမရှ်ိသောမျက်နှာထားမှာပေါ်လွင်နေသည်။ Xiao Zhi Zhiကလက်တစ်ဖက်ကို ထောက်ထားပြီး ဘယ်ဘက်လက်ဖြင့်ကိုင်ထားသော စာအုပ်ကိုဖတ်နေသည်။ စာတစ်မျက်နှာဖတ်ပြီးတိုင်း သူ၏သွယ်လျှသော လက်ချောင်းများဖြင့် နောက်စာမျက်နှာကို ညင်ညင်သာသာလှန်လိုက်သည်။ ထိုအချိန်တွင် ကျန်လက်တစ်ဖက်အား နန်းတွင်းသမားတော်ကြီးအား သွေးခုန်နှုန်းစမ်းနေစေသည်။
Xiao Zhi Zhiသူ့လက်အားပြန်ရုပ်သွားချိန်တွင်တော့ နန်းတွင်းသမားတော်ကြီး တုန်လှုပ်သွားမိသည်။ Xiao Zhi Zhi၏ မျက်ကွင်းများညိုနေသည်ကို တွေ့မြင်နေရသောကြောင့် သူ၏စိုးရိမ်မှုကို သက်ပြင်းချရင်းသာဖော်ထုတ်မိလိုက်သည်။ တစ်ဆက်တည်းမှာပင် သူဒီနေ့ အဘယ့်ကြောင့်ထိုမျှကံမကောင်းရလဲဟု တွေးရင်းဒေါသဖြစ်နေမိသည်။ Xiaoအိမ်တော်မှ အိမ်တော်ထိန်း၏ ဆင့်ခေါ်မှုကြောင့် သူဤနေရာသို့ ရောက်လာခဲ့ရသည်။ သူသာ ဤအခြေအနေကို ကြိုသိခဲ့လျှင် သူနေမကောင်းဟုအကြောင်းပြကာ အိမ်တွင် အိပ်နေမည်ဖြစ်သည်။
"ဘယ်လိုနေလဲ။" အလွန်တည်ငြိမ်သောအသံဖြင့် မေးသည်ကို ကြားလိုက်ရသည်။ သမားတော်ကြီးမှာ နေ့တစ်ဝက်နီးပါး သတိမဲ့သလိုဖြစ်နေရာမှ စစ်သူကြီး၏မေးခွန်းကို ကြားလိုက်ရမှ အသိပြန်ဝင်လာခဲ့သည်။
"စစ်သူကြီးကို လျှောက်တင်ပါတယ်။ စစ်သူကြီးက တိုင်းပြည်အတွက် စိုးရိမ်ပူပန်မှုတွေ များလွန်းတာကြောင့် ပင်ပန်းသွားရခြင်းဖြစ်ပါတယ်။ အရှင်သာ အပြည့်အဝအနားယူမယ်ဆိုရင်........"
"ငါမေးတာက ငါဘယ်အချိန်မှ အိပ်ပျော်မှာလဲ?" Xiao Zhi Zhiစိတ်မရှည်စွာဖြင့် သမားတော်ကြီး၏စကားကို ဖြတ်ပြောလိုက်သည်။
"အဲ့ဒါက... စစ်သူကြီးက အိပ်မရတာ ၃ရက်ရှိပြီဆိုတော့ ကျွန်တော်အိပ်ပျော်စေမဲ့ ဆေးညွှန်းတချို့ ရေးပေးခဲ့ပါ့မယ်။ အဲ့ဒါက အထောက်အကူဖြစ်စေမှာပါ"
Xiao Zhi Zhiမျက်ခုံးတွေမြင့်သွားပြီးပြောလိုက်တယ်။ "မင်းရဲ့ ဆေးညွှန်းက Ginseng, Qing Pi, bark of Cork tree, Angelica, Radix, Sheng ma, Zhi caoအဲ့ ဆေးတွေပဲမလား။ "
(T/N.တရုတ်ဆေးညွှန်းတွေက်ို ဘာသာမပြန်တတ်လို့ပုံလေးပဲ ထည့်ပေးလိုက်တယ်နော်)
နန်းတွင်းသမားတော်ကြီး သူ့နှဖူးမှ ချွေးများစိီးကျလာသည်ကို ခံစားမိလိုက်သည်။ ဤစစ်သူကြီးအိပ်ပျော်အောင်လုပ်ရန်မှာ နန်းတွင်းစာမေးပွဲအောင်ဖို့ထက်ပင်ခက်ခဲကြောင်း မည်သူမဆို သိနိုင်သည်။ စစ်သူကြီး၏ ခန္ဓာကိုယ်ကိုယ်တိုင်ကပင် အဆိပ်အုပ်စုဝင်ဖြစ်နေသည်။ ဆေးဝါးအကူအညီသုံး၍ သူ့အားအိပ်ပျော်စေရန်မှာလည်း သိပ်တော့မဖြစ်နိုင်ပေ။
"စစ်သူကြီးရော ဘယ်လိုထူးခြားတဲ့အမြင်ရှိလဲမသိဘူး" သမားတော်ကြီးက အလွန်နူးညံ့နေသောလေသံဖြင့်မေးလိုက်သည်။ သူ၏နှစ်ပေါင်းများစွာ အတွေ့အကြုံများအရ စစ်သူကြိီး၏ မျက်တွင်းချိုင့်ချိုင့်များသည် သူ၏စိတ်အခြေအနေဆိုးဝါးနေသည်ဟုဆိုလိုသည်။ သို့သော် ယခု စစ်သူကြီး၏မျက်ဝန်းများအရ သမားတော်ကြီးကိုယ်တိုင်ကသာ အန ္တရာယ်အကြီးဆုံး အခြေအနေသို့ရောက်နေကြောင်းဖော်ပြနေလေသည်။
"မင်းအခု ငါ့ရဲ့ "ထူးခြားတဲ့အမြင်"လို့ မေးလိုက်တာလား"စစ်သူကြီးကသူ၏အေးစက်စက်မျက်လုံးများကို မှေးကျဉ်းလိုက်ရင်းမေးသည်။ သူ၏လေသံလည်းပြောင်းသွားသည်ကို ကြားလိုက်ရသော တော်၀င်သမားတော်ကြီးမှာတော့ နောက်ကို ခြေသုံးလှမ်းမျှဆုတ်မိလိုက်လေသည်။
ဤစစ်သူကြီးမှာ ယခုစိတ်အခြေအနေအတော်ပင်ဆိုးဝါးနေလေရာ အခန့်မသင့်လျှင် မိမိအားထရိုက်နိုင်ချေရှိကြောင်းကိုသာ သမားတော်ကြီးအနေဖြင့်တွေးမိလိုက်သည်။
သမားတော်ကြီးမှာ အရိုက်မခံရရေးအတွက် သူ့ဦးနောက်အားအလျင်အမြန်အလုပ်ပေးလိုက်ရသည်။ ထို့နောက် လျော့တိလျော့ရဲအပြံုးလေးတစ်ခုအားကြိုးစားဖန်တီးလိုက်ရင်း
"ကျွန်တော်မျိုးမှာ နည်းလမ်းတစ်ခုတော့ရှိပါတယ်စစ်သူကြီးကြိုးစားကြည့်ရင်တော့ အဖြေတစ်ခုခရလာမှာပါ။ စစ်သူကြီးရဲ့ကု်ိယ်အပူချိန်က အရမ်းအေးလွန်းလို့ အိပ်ပျော်ဖို့ရာအတွက် အခက်အခဖြစ်နေရခြင်းဖြစ်ပါတယ်။ အရှင့်ရဲ့ကိုယ်အပူချိန်ကို သာမန်လူတစ်ယောက်အပူချိန်နဲ့တူအောင်ညှိယူမယ်ဆိုရင်တော့ အိပ်ပျော်နိုင်ပါလိမ့်မယ်။" သမားတော်ကြီးက စကားပြောနေသည်ကို ခဏရပ်လိုက်ရင်း စစ်သူကြီး၏မျက်နှာတွင် အမူအရာပြောင်းလဲချင်းရှိမရှိကို အကဲခတ်ပြီးမှ စကားဆက်လိုက်သည်။ "ရှေးယခင်အချိန်များကတည်းက နွေးထွေးသောခန္ဓာကိုယ်ပိုင်ရှင်များဟာ အခြားသူများကိုပါနွေးထွေးစေနိုင်ကြပါတယ်။ အရှင့်အနေနဲ့လည်း စမ်းသပ်ကြည့်သင့်ပါတယ်။"
"သမားတော်Zhang အသင်ကအခုတစ်စုံတစ်ယောက်က စစ်သူကြီးရဲ့ ခန္ဓာကိုယ်ကို နွေးထွေးအောင်လုပ်ပေးဖို့ပြောနေတာလား" နောက်ဆုံးတော့ မလှမ်းမကမ်းတွင်ရပ်နေသော Xiaoအိမ်တော်ထိန်းမှ စိတ်မရှည်စွာမေးလိုက်သည်။
သမားတော်ကြီး၏ ပျက်ချင်ချင်ဖြစ်နေသောမျက်နှာမှာရုတ်တရက် နီရဲသွားသည်။ "စစ်သူကြီးအနေနဲ့ ငယ်ရွယ်တဲ့ အကူတစ်ယောက်ရှာပြီးတော့ ကိုယ်အပူချိန်မြင့်လာအောင်ပြုလုပ်နိုင်ပါတယ်။"
စစ်သူကြီးXiaoမှာ အပျော်အပါးကို အလွန်အမင်းရှောင်ရှားသူဖြစ်ပြီး အမျိုးသမိီးများနှင့်ပတ်သတ်မှုမရှိဖူးသည်ကို Luo Yangမြို့သူမြို့သားများအားလုံးသိကြသည်။ အကယ်၍စစ်သူကြီးသာ ဤနည်းလမ်းအတိုင်းမလုပ်၍ အိပ်မပျော်ခဲ့လျှင် မိမိတွင်အပြစ်သင့်မည်မဟုတ်တော့ပေ။
ထိုသို့စဉ်းစားလိုက်မိသည်နှင့် သမားတော်ကြီး၏မျက်နှာမှာ ရုတ်တရက်ကြည်လင်သွားသည်။ ယခုအချိန်တွင် သူ့အနေဖြင့် ထိုပြသနာမှလွတ်မြောက်ပြီး Xiaoအိမ်တော်မှ အပြင်ထွက်နိုင်ရေးတစ်ခုသာ စဉ်းစားနိုင်တော့သည်။
Xiao Zhi Zhiက ရုတ်တရက်ထိုင်နေရာမှထလို်က်ပြီး လက်ဖက်ရည်ငှဲ့ပေးနေသော အမျိုးသမီး အစေခံထံ ထသွားလိုက်သည်။ ထိုအမျိုးသမီးမှာကြည့်ပျော်ရှုပျော်ရှိသောရုပ်ရည်ပိုင်ဆိုင်ထားသည်။ သူကသူမကိုဆွဲယူကာ သူ့ရင်ခွင်ထဲ ထည့်ဖက်ထားလိုက်ပြီး မျက်လုံးများမှိတ်ရန်ကြိုးစားလိုက်သည်။
အားလုံးပါးစပ်အဟောင်းသားဖြစ်သွားရတော့သည်။
"ဒါကတကယ် အလုပ်ဖြစ်ပါ့မလာ။"
သမားတော်ကြီးနှင့် အိမ်တော်ထိန်း Xiao Renတို့မှာ မျက်စိရှေ့မှမြင်ကွင်းကိုသာကြည့်ရင်းဆွံ့အသွားကြရသည်။ သူတို့ခေါင်းများကိုမိုးကြိုးပစ်သွားသလိုပါခံစားလိုက်ကြရသည်။ သူတို့စစ်သူကြီးမှာ စ်ိတ်မထင်လျှင်မထင်သလို လုပ်တတ်သူဖြစ်သော်လည်း ဒီတစ်ခါက နည်းနည်းတော့ လွန်နေသည်မဟုတ်ပါလား။။
"ငါ့မျက်လုံးတွေမကောင်းတော့တာများလား။" သမားတော်ကြီးက Xiao Renအားလှည့်ကြည့်ရင်းမေးလိုက်သည်။
"မဟုတ်ဘူးလို့ ထင်တာပဲ။ "Xiao Renက သူ့ခေါင်းအားခပ်လေးလေးခါလိုက်ရင်းဖြေလိုက်သည်။
အချိန်ခဏကြာပြီးသည့်နောက် Xiao Zhi Zhiသူ့ လက်မောင်းကြားမှ အစေခံကိုလွှတ်လိုက်ပြီး မျက်လုံးများကိုဖွင့်လိုက်သည်။ ထို့နောက် Xiao Renအားတည်တည်ငြိမ်ငြိမ်ပင်ပြောလိုက်သည်။ "နောက်တစ်ယောက်ကို နည်းနည်းဝတဲ့တစ်ယောက်နဲ့လဲလိုက်။ သူမကပိန်လွန်းတယ်။ ဖက်လို့မကောင်းဘူး။"
"ဟုတ်ကဲ့" Xiao Renသူ့ပါးစပ်သူသာလိမ်ဆွဲချင်စိတ်ပေါက်သွားသည်။