Obviate Difficulties By Love

By Kadi_EmollientGarden

47.5K 5.4K 650

KaiSoo[Boy×Boy] #sweet#romance#angst By EriGom_Thaw_Thaw More

[1]
[2]
[4]
[5]
[6]
[7]
[8]
[9]
[10]
[11]
[12]
[13]
[14]
[15]
[16]
[17]
[18]
[19]
[20]
[21] Zaw&Uni
[22] Zaw&Uni
[23] Zaw&Uni

[3]

2.3K 252 29
By Kadi_EmollientGarden

"ဆရာမ ဝင်ခွင့်ပြုပါ"

တစ်တန်းလုံး စာတွက်နေကြသည့်အချိန်တွင် တိတ်ဆိတ်မှုကိုဖြိုခွဲလိုက်သည့် အသံတစ်သံက ထွက်ပေါ်လာလေသည်...

အသံလာရာ အခန်းဝကိုကြည့်လိုက်တော့ မတ်တပ်ရပ်နေသော အထက်တန်း နောက်ဆုံးနှစ်က စီနီယာ...

"ဝင်ခဲ့ သား"

စီနီယာက အခန်းထဲဝင်လာကာ ဆရာမရှိရာဆီ သွားပြီး လက်အုပ်ချီကာ စကားပြောနေလေ၏...

"ဆရာမ..ကျောင်းအုပ်ဆရာကြီးက ဆရာမကို ရုံခန်းခဏ လာခဲ့ပါဦးတဲ့"

"အေးအေး သားရေ...ဆရာမ အခုသွားလိုက်မယ်"

အခန်းထဲမှာ တိတ်ဆိတ်နေသည့်အတွက် ဆရာမနှင့်စီနီယာပြောနေသည့် စကားများကို ကြားနေရသည်...

"ဒါဆို သားသွားတော့မယ် ဆရာမ"

"အေးအေး သား"

ဆရာမလည်း ချက်ချင်းပင် ဖတ်နေသော စာအုပ်ကိုပိတ်လိုက်ပြီး မတ်တပ်ရပ်လာသည်...

"သားတို့ရေ ဆရာမ ရုံးခန်းခဏသွားဦးမယ်..
စာသေချာလုပ်နေကြနော်...မဆူညံနေကြနဲ့"

"ဟုတ်ကဲ့ပါ"

ဆရာမက ကျွန်တော်တို့ကို ပြုံးပြပြီးတာနဲ့ အခန်းအပြင်သို့ ထွက်သွားသည်....

"ကျောင်းအုပ်ဆရာကြီးက ဘာလို့ ဆရာမကို ရုံးခန်းခေါ်တာလဲ မသိဘူးနော်...
အတန်းထဲက တစ်ယောက်ယောက် ပြသနာရှာထားသေးလို့လား"

"မင်းကတော့ မဟုတ်တာပြောလာပြီ...ငါတို့ အတန်းက လိမ်မာတာ စံပြအတန်းကို Chenရာ"

"အေးနော်...ဟီးး"

ဟီးခနဲ ရယ်ပြသော Chenကို ပြုံးပြီးသာ ကြည့်လိုက်တော့သည်...

"စာတွက် Chen...ဆရာမပြန်လာလို့ စာမေးရင် မရပဲနေမယ်"

"အေးပါ KyungSooရာ...မင်းကလည်း ခဏလေးစကားပြောမိတာကို"

"ဟီးး"

ခုနက ဟီးခနဲရယ်ပြတာ Chenဖြစ်သလို ဒီတစ်ခါ ဟီးခနဲ ရယ်ပြမိသည်က ကျွန်တော်...

တစ်ဖန် လက်ထဲမှ ဘောပင်နှင့်အကြမ်းစာအုပ်ကိုသာ ထိတွေ့လိုက်တော့သည်...

"အတန်းခေါင်းဆောင် သားရေ"

ဆယ်မိနစ်လောက်ကြာတော့ အတန်းပိုင်ဆရာမက အခန်းထဲပြန်ရောက်လာကာ အတန်းခေါင်းဆောင်ကို ခေါ်လိုက်သည်...

"ဟုတ်ကဲ့ ဆရာမ"

ကျွန်တော်တို့ ရှေ့တန်းမှာထိုင်နေတဲ့ အတန်းခေါင်းဆောင်က မတ်တပ်ထရပ်လိုက်ပြီး လက်ပိုက်ကာ ဟုတ်ကဲ့ ဆရာမဟု ထဖြေသည်...

"သားအစ်ကို TaeMinကို စာသင်ချိန်ပြီးလို့ အားရင် ဖုန်းဆက်လိုက်ဦး သားရေ...တက္ကသိုလ်လမ်းညွှန် စာအုပ်တွေ ကျောင်းရောက်ပြီမို့ လာထုတ်လို့ရပြီတဲ့...
အဲ့ဒါဆရာကြီးက ဆရာမကတစ်ဆင့် တစ်ခါတည်း ပြောခိုင်းလိုက်လို့"

"ဟုတ်ကဲ့ပါ ဆရာမ...သားနေ့လည် ထမင်းစားလွှတ်ချိန် Hyungဆီ ဖုန်းဆက်လိုက်ပါ့မယ်"

"အေးအေး သား...ပြန်ထိုင်တော့"

"ဟုတ် ဆရာမ"

"ကဲ စာဆက်တွက်ကြနော်...အကုန်လုံး"

"ဟုတ်ကဲ့ပါ"

ဆရာမလည်း ခုံနေရာသွားပြန်ထိုင်ကာ အိတ်ထဲမှဖုန်းကိုထုတ်ကာ ဖုန်းဆက်နေလေ၏...

ကျွန်တော်မှန်းတာ မမှားဘူးဆို JongIn Hyungဆီပဲနေမှာ...

တက္ကသိုလ်လမ်းညွှန် စာအုပ်ထုတ်ဖို့ပြောနေတာ နေမယ်...

ဒါဆို ဒီနေ့ ကျောင်းကို သူလာမှာပေါ့...

တွေးနေဆဲပင် ကျောင်းခေါင်းလောင်းက အသံမြည်လာသည်...

နေ့လည်စာ စားချိန်တောင် ရောက်ပြီပဲ...

"မင်္ဂလာပါ ဆရာမ...ကျေးဇူးတင်ပါတယ် ဆရာမ"

အခန်းထဲမှ ထွက်တော့မယ်ဆရာမကို ကျွန်တော်တို့ အကုန်နှုတ်ဆက်ပြီးတာနဲ့ ကိုယ့်စာအုပ်ကို သိမ်းလိုက်ကြသည်...

နေ့လည်စာ စားရဦးမည်လေ...

အိမ်ကနေအမြဲထည့်လာကျ ထမင်းဘူးကို ဖွင့်လိုက်ကာ စာရေးခုံပေါ်တင်လိုက်သည်...

အတန်းခေါင်းဆောင်ကလည်း ထုံးစံအတိုင်း ထမင်းစားဖို့ ထမင်းဘူးကိုယူကာ ကျွန်တော်တို့ခုံဘက် လှည့်လာသည်...

ကျွန်တော်ရယ် Chenရယ် အတန်းခေါင်းဆောင်ရယ်က နေ့တိုင်း ထမင်းအတူစားကြသည်...

တစ်ချို့သူတွေက ကန်တင်းမှာ သွားစားကြပေမယ့် ကျွန်တော်တို့ သုံးယောက်ကတော့ ထမင်းဘူးထည့်လာကာ အတန်းထဲမှာပင် စားသည်...

"Chenနဲ့KyungSoo ဒီမှာဟင်းထည့်စားနော်...ငါHyungဆီ ဖုန်းဆက်လိုက်ဦးမယ်"

အတန်းခေါင်းဆောင်က ဟင်းခွက်ကို ကျွန်တော်တို့ထံ ထိုးပေးလာပြီး TaeMin Hyungကို ဖုန်းဆက်ဖို့ ဖုန်းထုတ်နေလေသည်...

"Hyungရေ တက္ကသိုလ်လမ်းညွှန် စာအုပ်တွေ ကျောင်းရောက်ပြီမို့ လာထုတ်လို့ရပြီတဲ့..အဲ့ဒါ ကျောင်းအုပ်ဆရာကြီးက Hyungကို အသိပေးခိုင်းလို့" 📞

"အင်း အင်း အာ့ဆို ကျွန်တော်ဖုန်းချလိုက်တော့မယ်"📞

"အဆင်ပြေတယ်မလား အတန်းခေါင်းဆောင်"

"အေး ခဏနေ JongIn Hyungနဲ့အတူ ကျောင်းကိုလာမယ်တဲ့ Chenရေ"

ကျွန်တော်ကတော့ ဘာမှဝင်မပြောပဲ ဒီအတိုင်းသာ နားထောင်နေလိုက်သည်...

"Hyungတို့တွေတောင် တက္ကသိုလ်တက်ရတော့မယ်နော်...
ငါတို့လည်း နောက်နှစ်ပြီးရင် တက္ကသိုလ်ရောက်ပြီ"

"တက္ကသိုလ်မှာ မင်းတို့ဘာမေဂျာယူမှာလဲ"

"စီးပွားရေးမေဂျာ"

"KyungSooကရော"

"ငါလည်း စီးပွားရေးမေဂျာပဲ"

"WOW...ဒါဆို Hyungတို့လိုပဲပေါ့"

"Hyungတို့က ဘာမေဂျာယူမှာမို့လို့လဲ"

သိချင်တာနဲ့ ဝင်မေးလိုက်တော့...

"Hyungပြောတာတော့ သူရော
JongIn Hyungရော စီးပွားရေးမေဂျာပဲ ယူကြမှာတဲ့"

"AWW"

"တက်ချင်တဲ့ မေဂျာကလည်း တစ်ခုတည်း"

Chenက ကျွန်တော့ကို မျက်စပစ်ကာ ပြုံးစစပြောလာသည်...

အင်း မြှားဦးက ကျွန်တော့ဆီ ရောက်လာပြန်ပြီ...

"KyungSoo..မင်းကိုကြည့်တဲ့
JongIn Hyungရဲ့ အကြည့်တွေက မရိုးဘူးနော်"

"ဘာ..ဘာ တွေ ပြောနေတာလဲ အတန်းခေါင်းဆောင်"

"စကားတွေထစ်နေပြီ ဟားဟား..ငါပြောပါတယ် ငါတစ်တစ်ယောက်တည်း အဲ့လိုထင်တာ မဟုတ်ပါဘူးဆို...အတန်းခေါင်ဆောင်တောင် သိတယ်"

"Chen မင်းကပါ ဘာဖြစ်နေတာလဲ"

"ငါတကယ် မြင်နေရတယ် JongIn Hyungရဲ့ အကြည့်တွေထဲက တစ်ချို့အရိပ်အယောင်တွေကို...ကျူရှင်မှာ သူတစ်ခါတစ်လေ စာဝင်သင်ပေးရတဲ့ အချိန်တွေဆို ပိုဆိုး"

လက်ထဲက ကိုင်ထားတဲ့ဇွန်းကိုချကာ ကျွန်တော့ကိုကြည့်ပြီး ပြောလာတဲ့ အတန်းခေါင်ဆောင်ရဲ့ စကားတွေကြား ကျွန်တော့အငွေ့ပျံချင်လာသည်...

"တော်..တော်တော့...ဆက်ပြောရင် ငါစိတ်ဆိုးတော့မှာ"

"မျက်နှာကြီးလည်း ရဲနေပြီ...
ဆက်ပြောရင် ငါတို့တော့ လက်ထဲကဇွန်းနဲ့ အခေါက်ခံရတော့မယ်ထင်တယ် Chenရေ"

"ဟုတ်ပ အတန်းခေါင်းဆောင်ရေ...အခုတော့ ဒီအတိုင်းကျော်သွားကြသေးတာပေါ့...
ဟွင်းဟွင်း"

ကျွန်တော့ရဲ့ တစ်နေ့တာတွင် တစ်ခါလောက်ဖြစ်ဖြစ် ဒီကိစ္စနဲ့ပတ်သတ်ပြီး အမြဲအစခံရသည်...

အရင်ကပြောတဲ့သူက Chenတစ်ယောက်တည်း ဖြစ်သော်ငြား ယခုတော့ အတန်းခေါင်းဆောင်ပင် ပါလာသည်...

ဒီကစ္စကို ကျွန်တော်ဘယ်လိုဖြေရှင်းရမည် မသိ...

"KyungSoo မြန်လိုက်တာ ထမင်းတောင်ကုန်ပြီ"

ရှက်ရှက်နဲ့ ထမင်းတွေ သိမ်းကြုံးသွပ်မိတာ တစ်ခဏလေးနဲ့ ထမင်းဘူးထဲမှ သိပ်ထည့်ထားသော ထမင်းများ ကုန်သွားတော့သည်...

ဒါပေမယ့် ဒီနေ့ခင်း ကျွန်တော်ထမင်းစားလိုက်တာက ဝါးစားတာမဟုတ်ပဲ ထမင်းလုပ်တိုင်းလိုလို မျိုချမိတာပင်...

"အင်း ငါဗိုက်ဆာနေလို့"

ရယ်ပြီးကြည့်နေတဲ့ နှစ်ကောင်ကို တစ်ချက်မျက်မှောင်ကြုတ် ကြည့်ပေးလိုက်သည်...

အကြည့်တွေကိုက ကျွန်တော့အဖြေက လိမ်နေတယ်ဆိုတာကို သူတို့သိတယ်ဟူသော အကြည့်တွေဖြင့်...

ဘူး ဘူးးး...

ဆိုင်ကယ်သံကြားလို့ ပြတင်းပေါက်မှတစ်ဆင့် လှမ်းကြည့်မိတော့ ချက်ချင်းဆိုသလို ကျွန်တော်တို့ရဲ့ ကျောင်းဆောင်ရှေ့တွင် ရှေ့ဆင့်နောက်ဆင့် ရပ်သွားတဲ့ ဆိုင်ကယ်နှစ်စီး...

တွေးစရာမလို
TaeMin Hyungနဲ့JongIn Hyungပဲ...

ဆိုင်ကယ်ကိုရပ်ပြီးတာနဲ့ ဆိုင်ကယ်ဦးထုပ်ကို ဆွဲချွတ်လိုက်ပြီး ဆံပင်အနက်ရောင်တွေကို ဆွဲဖွလိုက်တဲ့ JongIn Hyung...

အတန်းထဲက ကောင်မလေးတွေကလည်း အသံတွေတစ်စထက်တစ်စ ထွက်လာသည်...

TaeMin Oppaပိုချောလာတယ်က တစ်မျိုး...

JongIn Oppaက ဘယ်လိုကြည့်ကောင်းပြီး ဘယ်လိုသူတို့အသည်းကို ခြွေယူတာကတစ်မျိုး...

"JongIn Hyungက လန်းတယ်နော်...တက္ကသိုလ်ရောက်ရင် ဒီ့ထက်ပိုလန်းနေမှာ...TaeMin Hyungရော"

"ဟုတ်ပ Chenရာ"

ဒီကြားထဲ Chenနဲ့အတန်းခေါင်းဆောင်ရဲ့ ချီးကျူးသံနှင့် အားကျသံတစ်ချို့ပါသေးသည်...

အရင်တည်းက ချောမောလွန်း၍ ကျောင်းမှာ  မိန်းကလေးတွေကြားထဲ နာမည်ကြီးသူတွေဖြစ်သည့်အလျောက် အခုထိပင် ကျော်ကြားမှုက မလျော့...

ရည်းစားရှုပ်သူတွေတော့ မဟုတ်...

JongIn Hyungဆို ဘယ်မိန်းကလေး တစ်ဦးတစ်ယောက်နဲ့မျှ အရောတဝင်သိပ်မရှိလှ...

ဘာလို့သိနေတာလဲ မမေးပါနဲ့...

တစ်ကျောင်းတည်းတက်နေတဲ့သူ ပြီးတော့ အမြဲတမ်းလိုလို ကျောင်းမှာ မြင်တွေ့နေရတာဆိုတော့ ဒီအကြောင်းတွေ သိနေရသည်...

ချက်ချင်းဆိုသလို ကျွန်တော်တို့အခန်းရဲ့ ပြတင်းပေါက်ဆီ လှမ်းကြည့်လာသော သူ့အကြည့်အား ရှောင်လွှဲကာ ပြတင်းပေါက်မှ မျက်နှာလွှဲလိုက်သည်...

ကျွန်တော်က ပြတင်းပေါက်နားမှာ ထိုင်တဲ့သူဖြစ်တာကြောင့် ရှင်းရှင်းလင်းလင်း မြင်ရသည်...

ဘာလို့မျက်နှာလွှဲလိုက်တာလဲ မမေးပါနဲ့...

ဒီအတိုင်း လွှဲလိုက်ချင်လို့...

ခဏကြာ နေ့ခင်းအားလပ်ချိန် ပြည့်သွားပြီဖြစ်ကြောင်း ကျောင်းခေါင်းလောင်းထိုးသံက အသိပေးလာသည်...

ခုနက ပြတင်းပေါက်ဆီ ရောက်နေကြသော မိန်းကလေးတွေလည်း ကိုယ့်နေရာကိုယ် အသီးသီး ပြန်လာထိုင်ကြလေသည်...

ဒါပေမယ့် စကားသံတစ်ချို့ကတော့ ပျောက်မသွားသေး...

နေ့ခင်းအတန်းချိန် စစချင်းအချိန်က အတန်းပိုင်ဆရာမ၏ အချိန်ပင် ဖြစ်တာမို့ အတန်းပိုင်ဆရာမက အတန်းထဲဝင်လာသည်...

စာမေးပွဲက ဘယ်လောက်မျှပင် မလိုတော့သည်မို့ ဆရာမက အရေးကြီးသည့် သချာင်္ပုစ္ဆာတွေကို WhiteBoardမှာ ရှင်းပြသည်...

ဆရာမကမေး ကျွန်တော်တို့ အတန်းသားတွေက ပြန်ဖြေနဲ့ အတိုင်အဖောက်က ညီလျှက်ရှိပေ၏...

သို့ပေမယ့် ညီနေသည့် အတိုင်အဖောက်ကို ကျွန်တော့၏ အဖြေက တစ်ကွဲတစ်ပြား လုပ်ပစ်လိုက်မိသည်...

ဆရာမစာရှင်းပြတာကို နားထောင်နေရင်းပင် ခေါင်းက ပြတင်းပေါက်အပြင်ဘက်ကို တစ်ချက်စောင်းသွားမိသည်...

ခေါင်းစောင်းသွားတာနဲ့အညီ မျက်လုံးရဲ့ ဦးတည်ရာက အလိုလို ကျောင်းဆောင်ရှေ့က ဆိုင်ကယ်ဆီ...

အယ် ဆိုင်ကယ်ဘေးမှာ မတ်တပ်ရပ်နေတဲ့ ဟိုလူကြီး လက်ထဲမှာလည်း အထုပ်တစ်ထုပ်ကိုင်ထားသည်...

တက္ကသိုလ်လမ်းညွှန် စာအုပ်နဲ့ တစ်ခြားလိုအပ်တဲ့ စာရွက်စာတမ်းတွေထည့်ထားပုံရ...

စက္ကန့်ပိုင်းအတွင်းမှာတွင် ဆုံမိသွားသော မျက်ဝန်းနှစ်စုံ...

ရှောင်လွှဲလို့ မရနိုင်လောက်အောင်ပင် သူ့အကြည့်တွေက လျှင်မြန်စွာ ရောက်လာသည်ကိုး...

ပြုံးလာသည်...မျက်ဝန်းလေးတွေပါ ပြုံးလာပြီး စိုက်ကြည့်နေသည်...

နေရောင်အောက်မှာ အဲ့ဒီလူရဲ့ အပြုံးတွေက သိပ်ကိုတောက်ပလွန်းလှသည်...

ပြီးတော့ ချစ်စရာ ဝက်ဝံလေးတစ်ကောင်နှင့်လည်း အလားတူနေသည်...

ခ်ခ် ဝက်ဝံလေး...

"KyungSoo သား"

"ဝက်ဝံလေး"

အမလေး ဆရာမခေါ်သံအဆုံး ခန္ဓာကိုယ်တောင် မတ်တပ်ထရပ်မိတော့မတတ် ထခုန်မိကာ ပြန်ဖြေလိုက်သည့် အဖြေသည်ကား ဝက်ဝံလေးတဲ့...

Chenနဲ့အတန်းခေါင်းဆောင်က ကျွန်တော့ကိုကြည့်ပြီး တခွီခွီရယ်နေကြသည်...

အရှေ့မှာ ဆရာမရှိနေတော့  အကျယ်ကြီးလည်း မရယ်ရဲကြ...

ဆရာမကတော့ ပြူးကြောင်ကြောင် ပြုံးစိစိကြည့်နေသည်...

"KyungSooသား...ပြီးမှ ဝက်ဝံလေးအကြောင်း ပြန်ဆက်တွေးနော်...အခုတော့ ဆရာမစာရှင်းပြတာလေး လိုက်နားထောင်ဦး"

"ဟုတ်...အဲ...မဟုတ်ပါဘူး..အာ"

ကိုယ့်ဘာသာတလွဲတွေဖြေမိပြီး ကိုယ့်ဘာသာ အငွေ့ပျံပြီး ပျောက်ထွက်သွားချင်မိတော့သည်...

ရလဒ်အနေနဲ့ ကျွန်တော်DohKyungSoo အတန်းချိန်ပြီးလို့ အိမ်ပြန်တဲ့အထိ အတန်းခေါင်ဆောင်နဲ့Chenတို့ထံမှ ဝက်ဝံလေးဟုခေါ်ကာ အစခံလိုက်ရသည်...

ကျွန်တော့ကို လက်ညှိုးထိုးပြီး ရယ်နေကြသည်မှာလည်း အူတက်သေကြတော့မယ်ထင်ရ...

ဟွန့်...အမြင်ကတ်လိုက်တာ...
အဲ့ Chenနဲ့အတန်းခေါင်းဆောင်ကို...

ဆရာမရဲ့ ပြုံးစိစိအကြည့်နဲ့လည်း အကြည့်ခံရသေးသည်...

အား..ရှက်လိုက်တာဆိုတာ...

အဲ့ဒါ ဟိုလူကြီးကြောင့်...

ဂီးးး ဂါးးး...

TBC...

Voteနဲ့Feedbackများ အရမ်းကို လိုလိုချင်ချင် လက်ခံနေပါကြောင်း 😋😚

14.6.2018(10:10PM)
PageNo9493

Continue Reading

You'll Also Like

227K 21.9K 55
Third book of idol love series... Devotion- "Strongest form of love" All the characters are fictional. There is no connection with the real place or...
215K 13.9K 76
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
584K 30K 23
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, a powerful d...
176K 3.9K 52
⎯⎯⎯⎯⎯⎯⎯ જ⁀➴ 𝐅𝐄𝐄𝐋𝐒 𝐋𝐈𝐊𝐄 .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...