Official [Completed] (Zawgyi...
Από nora_nono
468K 38.8K 1.2K
Cover by Windi_622❤ Official_ ချစ်သူနှစ်ယောက်ကြားမှာ အရေးကြီးတဲ့ အရာတစ်ခု ကျွန်တော့် အတွက်တော့ အရေးမကြီးဘူးထင... Περισσότερα
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20 (Park Chanyeol' pov)
Part 21
Part 22
Part 23
Part 24
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Final
Special Thanks To
Hi🙋
''
Hi ♥
Part 25
13K 1.2K 71
Από nora_nono
ရာသီဥတုက အနည်းငယ်ပူပေမယ့်လို့ တစ်ခါတစ်ရံရွာတတ်တဲ့ မိုးကြောင့် နွေရာသီလိုကြီးတော့ နေရတာမဆိုး။
မိုးရွာလို့ ရာသီဥတု အနည်းငယ်အေးသည့်အချိန်တွေမှာ အပေါ်ကထပ်ဝတ်ရတဲ့ အနွေးထည်တွေထက် ဆွယ်တာအပါးလက်ရှည်လိုဟာမျိုးဝတ်ရတာကို Baekhyunပို၍ သဘောကျသည်။
အောက်က တီရှပ်အပါးတစ်ထည်နဲ့ အပေါ်ကဆွယ်တာဝတ်လိုက်ရင် သက်တောင့်သက်သာရှိလေသည်။
အနွေးထည်ကြီးဝတ်ရသလို နေရမခက်တော့။
ခုလည်း super market ရောက်တုန်း ဆွယ်တာလက်ရှည်လေးတွေ ရှာနေမိသည်။
ဒီနေ့တော့ စိတ်အပန်းဖြေရအောင်ကို အပြင်ထွက်လာခဲ့ခြင်း။ ဆိုင်ကိစ္စတွေ ဘာတွေ ခေါင်းထဲမထည့်ကာ ဒီနေ့တော့ လွတ်လပ်စွာ အချိန်ကုန်ဆုံးမယ်လို့ စဉ်းစားထားသည်။
အတော်ကြာမှ အပြင်ထွက်ရလို့လားမသိ စိတ်လက်ပေါ့ပါးနေသည်။နောက်ပီး တနလာင်္နေ့ဖြစ်၍လားမသိ ရုံးပိတ်ရက်တွေထက်တော့ လူရှင်းနေကာ သွားရတာပိုကောင်းနေသည်။
Baekhyun အကြိုက်အင်္ကျီပုံစံလေးတွေ့၍ ထိုဆိုင်လေးထဲဝင်ခဲ့သည်။
သို့ပေမယ့် ခက်သည်က ရွေးထားသည့်နှစ်ထည်လုံးကို ကြိုက်မိနေခြင်း။ နှစ်ထည်လုံးဝယ်ရအောင်လည်းနှမြောသည်။ တကယ်တမ်းလည်း တစ်ထည်လောက်သာ ဝတ်ဖို့ဆုံးဖြတ်ထားသည်။
ထို့ကြောင့် မီးခိုရောင်ပေါ်မှာ အနီစင်း နဲ့ အဝါစင်း ပါသော ဆွယ်တာနှစ်ထည်ကို မြောက်ကြည့်မိသည်။ အနီစင်းလေးယူတာကောင်မလား အဝါစင်းလေးယူတာကောင်းမလားလို့။
"အနီစင်းလေးက ပိုလှတယ်...
ဒါပေမယ့် Baekက အသားဖြူတော့ ဘယ်ဟာနဲ့ဖြစ်ဖြစ်လိုက်တယ် နှစ်ထည်လုံးယူလိုက်ပါလား''
အသံလာရာဆီ ကြည့်မိတော့ ကိုယ့်ကိုပြုံးကြည့်ရင်း စကားဆိုနေသူ။ ဘယ်လောက်ထိနီးကပ်နေလဲဆို သူ့ဝင်သက်ထွက်သက်လေးတွေကအစ ဆံပင်ဖျားလေးတွေကို ရိုက်ခတ်နေသည်။
နီးလွန်းတာကြောင့် အနေရခက်သည်မို့ အနောက်အနည်းငယ်ဆုတ်လိုက်သည်။ တဆက်တည်းမှာပဲ လက်ထဲက ဆွယ်တာလေးနှစ်ထည်ကို နေရာတကျပြန်ချိတ်လိုက်သည်။
"ဘာလို့လဲ? ကိုယ်ပြောလို့ မယူတော့တာလား?''
ဝမ်းနည်းရိပ်စွန်းထင်စွာ မေးလာသည့်သူ့ကို ခေါင်းအသာရမ်းပြမိသည်။
တကယ်တော့ ကိုယ်က မီးခိုးရောင်အဝါစင်းဆွယ်တာလေးကို ပိုကြိုက်သည်လေ။
သို့ပေမယ့် သူအကြံပေးသည်ကို မယူပါက သူ့ကိုအရွဲ့တိုက်ပီးမယူတာလို့ အထင်လွှဲသွားမည်စိုး၍ ကိုယ့်ကြိုက်သည့် ဆွယ်တာလေးကို မယူဖြစ်ခဲ့တော့။
တကယ်ဆိုရင် ဆိုင်တော့မဆိုင်ပါလေ....
ကိုယ်ကြိုက်တာဝယ်တာပဲ သူ့ကို ဂရုစိုက်နေစရာမှမလိုတာ...
ဒါပေမယ့်လည်း မသိစိတ်က ဘာမဟုတ်တာလေးကအစ သူအထင်လွဲသွားမည်ကို မလိုလားပေ။
ဟူး.....စိတ်ဆိုသည်ကားထိန်းချုပ်မရတော့ ခက်သား။
.....
"ခေါက်ဆွဲအေးတစ်ပွဲပေးပါ''
"arnyi နှစ်ပွဲလုပ်လိုက်ပါ ''
Super market တည်းက နောက်ကနေ တကောက်ကောက်လိုက်လာသည့်သူက ခုနေ့လည်စာ ဝင်စားတဲ့အချိန်ထိပါလာသည်။
Super Market မှာလည်း Baekhyunသွားရာနောက် တောက်လျှောက်လိုက်သည်။
ဖိနပ်ဆိုင်ဝင်လည်းလိုက်သည်။ အရုပ်ဆိုင်ဝင်လည်းလိုက်သည်။
ယောကျာ်းလေးဝတ် ငွေထည်ပစ္စည်းဆိုင်လေးထဲ ဝင်တော့လည်းလိုက်သည်။
လိုက်လာတော့လည်း အငြိမ်နေသည်မဟုတ် Baekhyunကြည့်သည့် ပစ္စည်းများကို ဇွတ်အတင်းဝင်ရွေးပေးသည်။ သူနဲ့ကိုယ်နဲ့ ရွေးတာတူသည့်ပစ္စည်းလေးတွေတော့ ဝယ်ခဲ့ပေမယ့် တစ်ချို့ဟာတွေတော့ လိုချင်ပေမယ့် ထားခဲ့ရသည်။
ခုလည်း market တစ်ခုလုံးပတ်ပီးသည်မို့ ခေါက်ဆွဲအေးဆိုင်ဝင်တော့လည်း ခပ်တည်တည်ပင် Baekhyunနဲ့ တစ်ဝိုင်းတည်းမျက်နှာချင်းဆိုင်သို့ ဝင်ထိုင်သည်။
ခေါက်ဆွဲအေးပန်းကန်ရောက်လာတော့ Baekhyunအတွက် နယ်ပေးကာ စားရန်အသင့်အနေအထားပြင်ပေးလေသည်။
အရင်က သူနဲ့သွားစားဖူးသည့် ဆိုင်လောက်တော့ စားလို့မကောင်း။
"Arjima လိမ္မော်ရည် နှစ်ခွက်ပေးပါ''
စားပီးတော့ အရမ်းစပ်နေသည်မို့ ချပေးထားသည့် ရေခဲရေခွက်လေးကို လက်လှမ်းယူလိုက်တော့ Baekhyunလက်ကို ဇတ်ကနဲ ဆွဲဖယ်ကာ သူ့ရှေ့က ရေခွက်နဲ့လဲပေးလေသည်။ နောက်ပီး ဆိုင်ရှင်အဒေါ်ကြီးကိုလည်း လိမ္မော်ရည်လှမ်းမှာပေးသည်။
"ရေခဲရေက အစာစားပီးမသောက်ရဘူး အစာမကြေဘဲနေလိမ့်မယ်...
ရော့... ရိုးရိုးရေပဲသောက်''
စပ်နေသည်မို့ ရေခဲရေအေးအေးလေးသောက်လိုက်ချင်သော်လည်း သူကမသောက်နဲ့ဆိုတော့ မသောက်ရုံပေါ့။
"Chanyeol Hyung က အလုပ်မသွားရဘူးလား?''
သူမှာပေးတဲ့ လိမ္မော်ရည်လေးကို ပိုက်လေးနဲ့စုပ်ယူသောက်ရင်း မေးတော့ Baekhyunမျက်လုံးတည့်တည့်ကို ကြည့်ကာ အနူးညံဆုံးပြုံးပြရင်း ခေါင်းရမ်းပြလေသည်။
"အစကတော့ သွားမလို့ပဲ...
ရုံးမသွားခင် Baek မျက်နှာလေးမြင်ချင်လို့ ဆိုင်ရှေ့အရောက် Baek ကဆိုင်ထဲကနေထွက်လာတာတွေ့လို့ နောက်ကနေ အသာလေးလိုက်ခဲ့တာ...
နောက်ပီး....
Baekရဲ့ လှုပ်ရှားမှုလေးတွေ အသေးစိတ်ကိုလည်း လိုက်ကြည့်ချင်လို့....
ဒါပေမယ့်လည်း မခေါ်ဘဲမနေနိုင်တော့လို့ Baek ရှေ့ထွက်လာခဲ့တာ....''
ထိုနေ့က ကိုယ်ဝယ်ချင်တဲ့ ပစ္စည်းလေးတွေ မဝယ်ခဲ့ရလို့ သိပ်မကျေနပ်ပေမယ့် ဘေးကနေတကောက်ကောက်ပါလာတဲ့ သူ့ကြောင့်
ပျော်မိသလိုလို ရင်ခုန်နေသလိုလို....
.....
ညကကောင်းစွာ အိပ်ပျော်သည်မို့ မနက်အိပ်ယာကနိုးတော့ လန်းဆန်းနေသည်။
ရေမိုးချိုးပြင်ဆင်ပီးကာ ဆိုင်ဖွင့်ဖို့ အောက်ထပ်လေးသို့ဆင်းခဲ့သည်။
ဆိုင်ရှေ့မှာ အမှိုက်အနည်းငယ်ရှိသည်မို့ Close ဆိုင်းဘုတ်လေးကို Openဘက် မပြောင်းသေးဘဲ တံမြက်စည်းလှည်းဖို့အရင်ပြင်လိုက်သည်။
ဆိုင်တံခါးလေးကိုဆွဲဖွင့်ရင်း တိုက်ခတ်လာတဲ့ နံနက်ခင်းလေးအေးအေးလေးကြောင့် အကြောဆန့်ကာ မျက်စိလေးမှိတ်ထားလိုက်သည်။
နံနက်ခင်းလေးကသာယာလိုက်တာ...
စိတ်လည်းကြည်နေသည်မို့ တစ်ချက်ပြုံးလိုက်ကာ တံမြက်စည်းလှည်းဖို့ ခြေလှမ်းလိုက်သည်။
သို့ပေမယ့် ခြေထောက်က တစ်စုံတစ်ခုကို တိုက်မိသည်မို့ ခေါင်းငုံ့ကြည့်မိတော့ အဖြူရောင်ပုံးကြီးပေါ်မှာ အနီရောင်ဖဲပြားချည်ထားတဲ့ လက်ဆောင်ပုံးကြီး။
ကဒ်လေးလည်းပါသည်မို့ ဖတ်ကြည့်လိုက်တော့ Baekအတွက် ဆိုပီး ခပ်သော့သော့ရေးထားသည်ကို တွေ့လေသည်။
ကိုယ့်အတွက်ဆိုတာ သေချာနေသည်မို့ လက်ဆောင်ပုံးကြီးကို ဆိုင်ထဲသို့ မကာ စားပွဲတစ်ခုပေါ်တင်ပီး ဖွင့်ကြည့်လိုက်သည်။
ဖဲကြိုးဖြေပီး အဖုံးကိုဖွင့်လိုက်တော့ ထွက်လာသည်က ဆွယ်တာလေး။
အတိအကျပြောရရင် Baekhyun ကြိုက်မိသည့် မီးခိုရောင် အဝါစင်းဆွယ်တာလေး။
နောက်ပီး ကလေးကလားအရုပ်ကြိုက်ရလားဆိုပီး ပြောလို့ထားခဲ့သည့် Pikachu အရုပ်အဝါလေး။
အနက်ရောင်လေးကပိုမိုက်တယ်ဟု ပြောသောကြောင့် ထားခဲ့သည့် Adidas sneakerလေး။ ထူးဆန်းသည်က Baekhyunလိုချင်ခဲ့သည့် အဖြူရောင်sneakerလေး ဖြစ်နေခြင်း။
သို့ပေမယ့် Baekhyun လိုချင်ခဲ့ သည့်ပစ္စည်းတစ်ခုတော် ကျန်ခဲ့သည်။
သေသေချာချာရှာသော်လည်းမတွေ့ ။
အကုန်လုံးကို Baekhyunအကြိုက်တွေသာ ဝယ်ပေးခဲ့ပေမယ့် ထိုပစ္စည်းလေးတစ်ခုတော့မပါခဲ့။
အဲ့ဆိုင်ကို ဝင်တုန်းကလည်း သူပါခဲ့တာပဲ။ ကျန်တာတွေအကုန် Baekhyunစိတ်ကို သိကာ ဝယ်ပေးပေမယ့် ထိုအရာလေးကို ဘာလို့မဝယ်ပေးတာပါလိမ့်။
Baekhyunဝတ်ကြည့်မလို့ လုပ်တာတောင် သူတားခဲ့သေးသည်။ တကယ်ဆို marketမှာတုန်းက သူရွေးပေးတာနဲ့ Baekhyun အကြိုက်မတူခဲ့တာတောင်မှ Baekhyunကြိုက်သည်ကို အတိအကျသိကာဝယ်ခဲ့သည်ပဲ။ အဲဒါလေးတစ်ခုမှ ကွက်ကျန်နေခဲ့သည်မို့ စိတ်မကောင်းမိ။
ထိုနေ့ကကြည့်ခဲ့သည့် ငွေလက်စွပ်လေးကို Baekhyun တော်တော်ကြိုက်မိသည်လေ။
မပါတော့လည်း နောက်နေ့မှသွားဝယ်တော့မည်။
ပစ္စည်းလေးတွေ ပုံးထဲကို ပြန်သိမ်းထည့်လိုက်ရင်း အဖုံးပြန်ပိတ်ဖို့ အဖုံးလေးကိုယူလိုက်တော့ အဖုံးရဲ့ အတွင်းဘက်မှာကပ်ထားသည့် စာလေးတစ်စောင်။
ခုဏက သိချင်စိတ်လောနေသောကြောင့် မမြင်မိတာဖြစ်မည်။
စာလေးကိုဖတ်ကြည့်တော့.....
"Baek...
Baekအကြိုက်နဲ့ ထပ်တူကျတယ်မလား
ကိုယ်တော်တယ်နော်...
Baekရဲ့ စိတ်ကိုကိုယ်သိလို့လေ။
ကိုယ့်ကို နည်းနည်းလောက်တော့
စိတ်ပြေပေးပါနော်...
အာ....
Baek ကြိုက်တဲ့တစ်ခုတော့ မပါဘူးမလား?
ကိုယ်မသိလို့် ထားခဲ့တာမဟုတ်ဘူးနော်..
Baek ကြိုက်မှန်းလည်းသိတယ်...
ဒါပေမယ့်
ကိုယ်မပေးချင်လို့ထားခဲ့တာ...
ဘာလို့လဲဆိုတော့....
Baekလက်လေးမှာ...
ကိုယ် ကိုယ်တိုင်ဒီဇိုင်းဆွဲထားတဲ့ လက်စွပ်လေးကို
လက်ထပ်ခွင့်တောင်းတဲ့နေ့ကျမှ
စွပ်ပေးဖို့ရည်ရွယ်ထားတာ....
တလောကလုံးမှာ
တစ်ကွင်းတည်းသာရှိမယ့်လက်စွပ်မျိုးပေါ့
ကိုယ်အတ္တကြီးပါရစေ
Baekရဲ့လက်လှလှလေးမှာ
ကိုယ်ပေးမယ့်လက်စွပ်ကလွဲပီး
ဘယ်လက်စွပ်မှ မဝတ်ပါနဲ့နော်...
နောက်ပီး ကိုယ်Baekနဲ့
အမြန်ဆုံးနီးချင်နေပီမို့
စိတ်ဆိုးတာ အမြန်ဆုံးပြေပါတော့လို့။''
စာရွက်လေးကို ပြန်ခေါက်လိုက်ရင်း ပြုံးမိသည်။ ဒါပေမယ့်လည်း ကိုယ်စိတ်ကို သေချာအောင်စန်းစစ်ချင်သေးသည်။
ဒီလိုလှပတဲ့ နံနက်ခင်းလေးမှာ ပျော်ရွှင်လုပ်ပေးတဲ့အတွက်တော့ ကျေးဇူးတင်မိပါသည် Hyung....
............................................. ..........................
ဒီဟာလေးကိုဖတ်ရတာပျင်းနေပီလားဟင်?
ဇာတ်သိမ်းလိုက်ရတော့မလား?
အားမနာပဲ ပွင့်ပွင့်လင်းလင်းပြောပါရှင်❤
နောက်ပီးတခြားဟာလေးတွေလည်း
ပစ်မထားပါနဲ့လို့
ဖတ်ပေးပါအုံးလို့😁
Thank you all😚😚😚
Unicode