[ZawGyi]
" ဟိတ္ ..... ဘာလုပ္ေနတာလဲ "
လင္းသူ လန္႔ပီး တုန္ေတာင္သြားတယ္။ လွည့္ၾကည့္လိုက္ေတာ့ ေသာ္ဇင္ရယ္ပါ။ သူ႔ကို တမင္လန္႔ေအာင္ေျခာက္ပီးေတာ့ ရယ္ေနတယ္။
ေသာ္ဇင္မနက္တည္းက လင္းသူကို ၾကည့္ေနတာပါ။ ရံုးေရာက္တည္းက ဘာေတြစဥ္းစားေနမွန္းလည္း မသိဘူး။ ေခၚမၾကားေအာ္မၾကားနဲ႔။ တခါတခါ ဖုန္းကိုအၾကာႀကီးၾကည့္ေနပီး ဘယ္သူနဲ႔ chat ေနပါလိမ့္။ အခုလည္း ေခါင္းငံု႔ပီး ဘာေတြႀကိဳးစားပမ္းစား ႐ိုက္ေနလဲမသိဘူး ... ေခါင္းက ဖုန္းထဲဝင္ေတာ့မယ္။ အဲဒီပံုကိုျမင္ေတာ့ စခ်င္လာတာေပါ့။
လင္းသူကလည္း လင္းသူပဲေလ။ တစ္ေနကုန္ ခ်စ္သူေအာင္အေၾကာင္းက ေခါင္းထဲကေန မထြက္ဘူး ျဖစ္ေနတယ္။ ခ်စ္သူေအာင္ဆိုတဲ့လူသားကလဲ သူ႔အေဖေနမေကာင္းတာနဲ႔ပဲ စိတ္ထိခိုက္ပီး ေခါင္းေခ်ာင္သြားတာမ်ားလားပဲ။စကားကို ထူးထူးဆန္းဆန္းပံုစံျကီးနဲ႔ လာေျပာေနတာႀကီးက လူကို စိတ္မသက္မသာျဖစ္ေစတယ္။ ေစာင့္ေနမယ္ဆိုတာႀကီးက ဘာသေဘာလဲ။ ဟိုေန႔ညကကိစၥကို ေမးမလို႔မ်ားလား? အဲဒါဆိုရင္ေတာ့ ခက္ပီေလ။ သူ႔မွာ ေပးစရာအေၾကာင္းျပခ်က္ကလဲ မ႐ွိဘူး။ ဘာလို႔ဒီလိုအျပဳအမူကို လုပ္ခဲ့လဲေမးရင္ လုပ္ခ်င္လို႔လုပ္တာဗ်ာ ဆိုပီး အမွန္အတိုင္းေျဖရင္လည္း ရြဲ႕ေျပာတယ္ထင္အံုးမယ္။ သူ႔စိတ္ကို သူလည္း အစိုးမရဘူး။ သူ႔စိတ္ထဲမွာ အဲ့ဒီေနရာက္ို ထိခ်င္တယ္ဆိုပီးေတြးလိုက္တဲ့ခနမွာပဲ ထိပီးသြားတာက ခက္တယ္။ ျပန္ေတြးတိုင္း ကိုယ့္ပါးစပ္ကိုယ္ပဲ ပိတ္ပိတ္တီးခ်င္တယ္။
အဲဒါေၾကာင့္ေျပာတာေနမွာ လူ႔စိတ္က ေမ်ာက္စိတ္လိုပဲတဲ့။ ဒါေၾကာင့္မုိ႔လဲ သိပံၸပညာ႐ွင္ ဒါဝင္(Darwin) ရဲ႕ သီအုိရီမွာ လူေတြက ေမ်ာက္ေတြကေန ဆင္းသက္လာတယ္လို႔ ဆိုထားတာပဲေနမွာ။ အဲဒီေတာ့လည္း လူ႔စိတ္က ေမ်ာက္စိတ္နဲ႔တူတယ္ဆိုတာ ေသခ်ာေပါက္ ျဖစ္ႏိုင္တာေပါ့။ ခုတစ္မ်ိဳး ေတာ္ၾကာတစ္မ်ိဳး နဲ႔ အမ်ိဳးမ်ိဳးလုပ္ေနၾကတာက လူေတြပဲေလ။
ေနာက္ဆံုးေတာ့လည္း ခ်စ္သူေအာင္ကို ညေနလာခဲ့မယ့္အေၾကာင္း မက္ေဆ့ပို႔ျဖစ္သြားတယ္။ တကယ္က အဲဒီ့ တစ္ေၾကာင္းေလးကိုပဲ ႐ိုက္လိုက္ ဖ်က္လိုက္ အခါႏွစ္ဆယ္ေလာက္လုပ္ပီးမွ ပို႔လိုက္တာပါ။
ခနေနေတာ့ ခ်စ္သူေအာင္ဆီကေန reply ျပန္လာတယ္ " ok. ေစာင့္ေနမယ္....လင္း"တဲ့ေလ.. 😂
.....................
ညေနပိုင္း လင္းသူ ေဆးရံုေရာက္သြားေတာ့ ခ်စ္သူေအာင္တို႔အေဖက ေတာ္ေတာ္ေလးေနေကာင္းေနပံုပဲ။ သူ႔ကို စကားေတြအမ်ားႀကီးေျပာေနတာနဲ႔ ထိုင္ပီးနားေထာင္ေပးေနလိုက္တယ္။ ဒါကို ခ်စ္သူေအာင္က လူနာကုတင္တစ္ဖက္ကေန ႐ုပ္တည္ေလးနဲ႔ ထိုင္ၾကည့္ေနတယ္။ ႏႈတ္ဆက္ပီး ျပန္ေတာ့မယ္ဆိုတဲ့အခါမွ ခ်စ္သူေအာင္က လိုက္ပို႔လိုက္အံုးမယ္ဆိုပီး သူနဲ႔ အျပင္ကို လိုက္လာတယ္။ ေဆးရံုေ႐ွ႕မွာရွိတဲ့ သစ္ပင္ေအာက္က ခံုတန္းေလးနားကိုေရာက္ေတာ့ သူ႔လက္ကို လွမ္းဆြဲပီး ဒီမွာခနထိုင္ရေအာင္တဲ့။
လင္းသူလည္း အဲ့ဒီလိုအျပဳအမူေတြကို နဲနဲေတာ့အံ့ၾသမိေပမယ့္ ခုတေလာ ခ်စ္သူေအာင္က ထူးဆန္းတာေတြလုပ္ေနတတ္ေတာ့ သိပ္ေတာ့မအံ့ၾသမိေတာ့ဘူး။ သူနဲ႔ခပ္လွမ္းလွမ္းမွာ သြားထိုင္လိုက္ေတာ့ ခ်စ္သူေအာင္က သူ႔မ်က္ႏွာကိုေငးၾကည့္ေနတယ္ သူလွည့္ၾကည့္လိုက္ေတာ့ ခ်က္ခ်င္းပဲမ်က္ႏွာလႊဲသြားတယ္ ... ¿
လင္းသူ ႏွလံုးခုန္ႏႈန္းက ခ်က္ခ်င္းပဲျမန္လာေတာ့တယ္။ သူျမင္တာမမွားဘူးဆိုရင္ ခုနက ခ်စ္သူေအာင္ သူ႔ႏႈတ္ခမ္းကို တစ္ခ်က္ၾကည့္ပီး မ်က္ႏွာခ်က္ခ်င္းလႊဲသြားတာပဲ....။ ဒါဆို ဒီကိစၥကိုေျဖ႐ွင္းခ်င္လို႔ ဒီေန႔ေတြ႔ၾကတာေပါ့ေနာ္။ ေတာ္ပီ.... ေတာ္ပီ.. ဒီထက္ပိုၿပီး စိတ္ညစ္မခံေတာ့ဘူး။ ေနာက္လည္း အျမဲေတြ႔ေနရမယ့္သူေတြဆိုေတာ့ ဒီေန႔ပဲ ေျပာလိုက္ေတာ့မယ္... "ငါေတာင္းပန္ပါတယ္... အဲ့ဒီအခ်ိန္က ႐ုတ္တရတ္ စိတ္႐ူးေပါက္ပီး ေဂါက္သြားတာပါလို႔" ပဲ ေျပာရမွာပဲ။
" ခ်စ္သူေအာင္ ! ဟို...ဟိုေန႔ညကိစၥေလ ... ငါ ေတာင္း ...."
" မေတြ႔ရတာၾကာလို႔လား မသိဘူး... မင္းဆံပင္ေတြပို႐ွည္လာသလိုပဲေနာ္" တဲ့
ခ်စ္သူေအာင္က ႐ုတ္တရတ္ လင္းသူဆံပင္ေတြကို လွမ္းဖြပီး ေျပာလိုက္တာပါ။
ခ်စ္သူေအာင္ေတာ့ မသ္ိဘူး လင္းသူစိတ္ထဲမွာ ကို႔ယို႔ကားယားဖီလင္ေတြ ျဖစ္ကုန္တယ္။ ခ်စ္သူေအာင္ ဘာလုပ္လိုက္တာလဲဟ။ ငါ့မွာေတာ့ သတၱိေမြးလိုက္ရတာကို။ စိတ္ထဲမွာ ေယာက္ယက္ခတ္ေနေပမယ့္ အျပင္မွာေတာ့ ရယ္ေမာပီး ...
" ေလး ငါး ရက္နဲ႔ ႐ွည္လာပါ့မလားကြာ။ မင္းထင္လို႔ျဖစ္မွာေပါ့ "
" ဟုတ္သားပဲ... ေလး ငါးရက္ပဲ ၾကာေသးတာကိုေနာ္..." တဲ့။ ခ်စ္သူေအာင္က ဆက္ေျပာတယ္
" ရံုးမွာ အလုပ္ေတြ ႐ႈပ္ေနလား ... ငါမ႐ွိေတာ့ ငါ့အလုပ္ေတြပါကူေနရလို႔ ပင္ပန္းေနေတာ့မွာပဲ... ငါတို႔ လင္းသူေလး" ဆိုပီး သူ႔ေခါင္းကို လာသပ္ေနတယ္။
လင္းသူလည္း ခု အေျခအေနကို ေတာ္ေတာ္စိတ္႐ႈပ္သြားပီး လက္ကို ဖယ္ခ်လိုက္တယ္။
" မင္းဟာေလ... အက်င့္ကေတာ့.. ။ ေရာက္တာၾကာေနပီ ငါျပန္ေတာ့မယ္... "
" အင္း... ဟုတ္သားပဲ။ ျပန္ေတာ့ေလ "
" လင္းသူ ! ...."
ခ်စ္သူေအာင္ေခၚလိုက္ေတာ့ ျပန္ဖို႔ျပင္ေနတဲ့ လင္းသူက လွည့္ၾကည့္တယ္
" ဟမ္ ... ဘာလဲ"
" ဒီေန႔လာေပးလို႔ ေက်းဇူးတင္ပါတယ္"
လင္းသူမ်က္ႏွာက ခပ္အမ္းအမ္းျဖစ္သြားတယ္။ ပီးမွ " ရပါတယ္" တဲ့။ ဒါေပမယ့္ ခ်စ္သူေအာင္ဆက္ေျပာလိုက္တဲ့ စကားေၾကာင့္ မ်က္ႏွာက ပန္းေရာင္ေျပာင္းသြားတယ္ ....
" တကယ္ေတာ့ ငါမင္းကိုသတိရေနတာ ... " တဲ့
ေျပာလည္း ပီးေရာ ခ်စ္သူေအာင္က သူ႔ကို တစ္ခ်က္ျပံဳးျပၿပီး ေဆးရံုထဲ ျပန္လွည့္ဝင္သြားတယ္။ ပီးမွ အေပါက္ဝကေန တစ္ေခါက္ျပန္လွည့္ၾကည့္ပီး
" ဆိုင္ကယ္ ဂ႐ုစိုက္ေမာင္းအံုး။ ညေနပိုင္းက လမ္း႐ႈပ္တယ္ "
ဒါနဲ႔မပီးေသးဘူးဗ်။ လက္ကုိရမ္းပီးေတာ့
" တာ့တာ" တဲ့
ဒါေပမယ့္ ခ်စ္သူေအာင္ စိတ္ထဲကေန ေျပာလိုက္တဲ့စကားတစ္ခြန္းကိုေတာ့ လင္းသူ မၾကားလိုက္ပါဘူး....
" ငါမင္းကိုလြမ္းေနတာ... လင္း " ------
TBC >>>>>>
__________________________
[Unicode]
" ဟိတ် ..... ဘာလုပ်နေတာလဲ "
လင်းသူ လန့်ပီး တုန်တောင်သွားတယ်။ လှည့်ကြည့်လိုက်တော့ သော်ဇင်ရယ်ပါ။ သူ့ကို တမင်လန့်အောင်ခြောက်ပီးတော့ ရယ်နေတယ်။
သော်ဇင်မနက်တည်းက လင်းသူကို ကြည့်နေတာပါ။ ရုံးရောက်တည်းက ဘာတွေစဉ်းစားနေမှန်းလည်း မသိဘူး။ ခေါ်မကြားအော်မကြားနဲ့။ တခါတခါ ဖုန်းကိုအကြာကြီးကြည့်နေပီး ဘယ်သူနဲ့ chat နေပါလိမ့်။ အခုလည်း ခေါင်းငုံ့ပီး ဘာတွေကြိုးစားပမ်းစား ရိုက်နေလဲမသိဘူး ... ခေါင်းက ဖုန်းထဲဝင်တော့မယ်။ အဲဒီပုံကိုမြင်တော့ စချင်လာတာပေါ့။
လင်းသူကလည်း လင်းသူပဲလေ။ တစ်နေကုန် ချစ်သူအောင်အကြောင်းက ခေါင်းထဲကနေ မထွက်ဘူး ဖြစ်နေတယ်။ ချစ်သူအောင်ဆိုတဲ့လူသားကလဲ သူ့အဖေနေမကောင်းတာနဲ့ပဲ စိတ်ထိခိုက်ပီး ခေါင်းချောင်သွားတာများလားပဲ။စကားကို ထူးထူးဆန်းဆန်းပုံစံကြီးနဲ့ လာပြောနေတာကြီးက လူကို စိတ်မသက်မသာဖြစ်စေတယ်။ စောင့်နေမယ်ဆိုတာကြီးက ဘာသဘောလဲ။ ဟိုနေ့ညကကိစ္စကို မေးမလို့များလား? အဲဒါဆိုရင်တော့ ခက်ပီလေ။ သူ့မှာ ပေးစရာအကြောင်းပြချက်ကလဲ မရှိဘူး။ ဘာလို့ဒီလိုအပြုအမူကို လုပ်ခဲ့လဲမေးရင် လုပ်ချင်လို့လုပ်တာဗျာ ဆိုပီး အမှန်အတိုင်းဖြေရင်လည်း ရွဲ့ပြောတယ်ထင်အုံးမယ်။ သူ့စိတ်ကို သူလည်း အစိုးမရဘူး။ သူ့စိတ်ထဲမှာ အဲ့ဒီနေရာကို ထိချင်တယ်ဆိုပီးတွေးလိုက်တဲ့ခနမှာပဲ ထိပီးသွားတာက ခက်တယ်။ ပြန်တွေးတိုင်း ကိုယ့်ပါးစပ်ကိုယ်ပဲ ပိတ်ပိတ်တီးချင်တယ်။
အဲဒါကြောင့်ပြောတာနေမှာ လူ့စိတ်က မျောက်စိတ်လိုပဲတဲ့။ ဒါကြောင့်မို့လဲ သိပ္ပံပညာရှင် ဒါဝင်(Darwin) ရဲ့ သီအိုရီမှာ လူတွေက မျောက်တွေကနေ ဆင်းသက်လာတယ်လို့ ဆိုထားတာပဲနေမှာ။ အဲဒီတော့လည်း လူ့စိတ်က မျောက်စိတ်နဲ့တူတယ်ဆိုတာ သေချာပေါက် ဖြစ်နိုင်တာပေါ့။ ခုတစ်မျိုး တော်ကြာတစ်မျိုး နဲ့ အမျိုးမျိုးလုပ်နေကြတာက လူတွေပဲလေ။
နောက်ဆုံးတော့လည်း ချစ်သူအောင်ကို ညနေလာခဲ့မယ့်အကြောင်း မက်ဆေ့ပို့ဖြစ်သွားတယ်။ တကယ်က အဲဒီ့ တစ်ကြောင်းလေးကိုပဲ ရိုက်လိုက် ဖျက်လိုက် အခါနှစ်ဆယ်လောက်လုပ်ပီးမှ ပို့လိုက်တာပါ။
ခနနေတော့ ချစ်သူအောင်ဆီကနေ reply ပြန်လာတယ် " ok. စောင့်နေမယ်....လင်း"တဲ့လေ.. 😂
.....................
ညနေပိုင်း လင်းသူ ဆေးရုံရောက်သွားတော့ ချစ်သူအောင်တို့အဖေက တော်တော်လေးနေကောင်းနေပုံပဲ။ သူ့ကို စကားတွေအများကြီးပြောနေတာနဲ့ ထိုင်ပီးနားထောင်ပေးနေလိုက်တယ်။ ဒါကို ချစ်သူအောင်က လူနာကုတင်တစ်ဖက်ကနေ ရုပ်တည်လေးနဲ့ ထိုင်ကြည့်နေတယ်။ နှုတ်ဆက်ပီး ပြန်တော့မယ်ဆိုတဲ့အခါမှ ချစ်သူအောင်က လိုက်ပို့လိုက်အုံးမယ်ဆိုပီး သူနဲ့ အပြင်ကို လိုက်လာတယ်။ ဆေးရုံရှေ့မှာရှိတဲ့ သစ်ပင်အောက်က ခုံတန်းလေးနားကိုရောက်တော့ သူ့လက်ကို လှမ်းဆွဲပီး ဒီမှာခနထိုင်ရအောင်တဲ့။
လင်းသူလည်း အဲ့ဒီလိုအပြုအမူတွေကို နဲနဲတော့အံ့သြမိပေမယ့် ခုတလော ချစ်သူအောင်က ထူးဆန်းတာတွေလုပ်နေတတ်တော့ သိပ်တော့မအံ့သြမိတော့ဘူး။ သူနဲ့ခပ်လှမ်းလှမ်းမှာ သွားထိုင်လိုက်တော့ ချစ်သူအောင်က သူ့မျက်နှာကိုငေးကြည့်နေတယ် သူလှည့်ကြည့်လိုက်တော့ ချက်ချင်းပဲမျက်နှာလွှဲသွားတယ် ... ¿
လင်းသူ နှလုံးခုန်နှုန်းက ချက်ချင်းပဲမြန်လာတော့တယ်။ သူမြင်တာမမှားဘူးဆိုရင် ခုနက ချစ်သူအောင် သူ့နှုတ်ခမ်းကို တစ်ချက်ကြည့်ပီး မျက်နှာချက်ချင်းလွှဲသွားတာပဲ....။ ဒါဆို ဒီကိစ္စကိုဖြေရှင်းချင်လို့ ဒီနေ့တွေ့ကြတာပေါ့နော်။ တော်ပီ.... တော်ပီ.. ဒီထက်ပိုပြီး စိတ်ညစ်မခံတော့ဘူး။ နောက်လည်း အမြဲတွေ့နေရမယ့်သူတွေဆိုတော့ ဒီနေ့ပဲ ပြောလိုက်တော့မယ်... "ငါတောင်းပန်ပါတယ်... အဲ့ဒီအချိန်က ရုတ်တရတ် စိတ်ရူးပေါက်ပီး ဂေါက်သွားတာပါလို့" ပဲ ပြောရမှာပဲ။
" ချစ်သူအောင် ! ဟို...ဟိုနေ့ညကိစ္စလေ ... ငါ တောင်း ...."
" မတွေ့ရတာကြာလို့လား မသိဘူး... မင်းဆံပင်တွေပိုရှည်လာသလိုပဲနော်" တဲ့
ချစ်သူအောင်က ရုတ်တရတ် လင်းသူဆံပင်တွေကို လှမ်းဖွပီး ပြောလိုက်တာပါ။
ချစ်သူအောင်တော့ မသိဘူး လင်းသူစိတ်ထဲမှာ ကို့ယို့ကားယားဖီလင်တွေ ဖြစ်ကုန်တယ်။ ချစ်သူအောင် ဘာလုပ်လိုက်တာလဲဟ။ ငါ့မှာတော့ သတ္တိမွေးလိုက်ရတာကို။ စိတ်ထဲမှာ ယောက်ယက်ခတ်နေပေမယ့် အပြင်မှာတော့ ရယ်မောပီး ...
" လေး ငါး ရက်နဲ့ ရှည်လာပါ့မလားကွာ။ မင်းထင်လို့ဖြစ်မှာပေါ့ "
" ဟုတ်သားပဲ... လေး ငါးရက်ပဲ ကြာသေးတာကိုနော်..." တဲ့။ ချစ်သူအောင်က ဆက်ပြောတယ်
" ရုံးမှာ အလုပ်တွေ ရှုပ်နေလား ... ငါမရှိတော့ ငါ့အလုပ်တွေပါကူနေရလို့ ပင်ပန်းနေတော့မှာပဲ... ငါတို့ လင်းသူလေး" ဆိုပီး သူ့ခေါင်းကို လာသပ်နေတယ်။
လင်းသူလည်း ခု အခြေအနေကို တော်တော်စိတ်ရှုပ်သွားပီး လက်ကို ဖယ်ချလိုက်တယ်။
" မင်းဟာလေ... အကျင့်ကတော့.. ။ ရောက်တာကြာနေပီ ငါပြန်တော့မယ်... "
" အင်း... ဟုတ်သားပဲ။ ပြန်တော့လေ "
" လင်းသူ ! ...."
ချစ်သူအောင်ခေါ်လိုက်တော့ ပြန်ဖို့ပြင်နေတဲ့ လင်းသူက လှည့်ကြည့်တယ်
" ဟမ် ... ဘာလဲ"
" ဒီနေ့လာပေးလို့ ကျေးဇူးတင်ပါတယ်"
လင်းသူမျက်နှာက ခပ်အမ်းအမ်းဖြစ်သွားတယ်။ ပီးမှ " ရပါတယ်" တဲ့။ ဒါပေမယ့် ချစ်သူအောင်ဆက်ပြောလိုက်တဲ့ စကားကြောင့် မျက်နှာက ပန်းရောင်ပြောင်းသွားတယ် ....
" တကယ်တော့ ငါမင်းကိုသတိရနေတာ ... " တဲ့
ပြောလည်း ပီးရော ချစ်သူအောင်က သူ့ကို တစ်ချက်ပြုံးပြပြီး ဆေးရုံထဲ ပြန်လှည့်ဝင်သွားတယ်။ ပီးမှ အပေါက်ဝကနေ တစ်ခေါက်ပြန်လှည့်ကြည့်ပီး
" ဆိုင်ကယ် ဂရုစိုက်မောင်းအုံး။ ညနေပိုင်းက လမ်းရှုပ်တယ် "
ဒါနဲ့မပီးသေးဘူးဗျ။ လက်ကိုရမ်းပီးတော့
" တာ့တာ" တဲ့
ဒါပေမယ့် ချစ်သူအောင် စိတ်ထဲကနေ ပြောလိုက်တဲ့စကားတစ်ခွန်းကိုတော့ လင်းသူ မကြားလိုက်ပါဘူး....
" ငါမင်းကိုလွမ်းနေတာ... လင်း " ------
TBC >>>>>>