My chaos

By bebe_mayly

49.8K 2.9K 504

" မင်းဘာဖြစ်နေနေ ငါဂရုမစိုက်ဘူး ငါ့ကိုပြန်ချစ်ဖို့လဲ မမျှော်လင့်ဘူး ဒီအတိုင်းပဲ ငါမင်းကိုချစ်နေရရင်ရပြီ" မိုး... More

Ep 1
Intro
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16
Ep 17
Ep 18
Ep 19
Ep 20
Ep 21
Ep 22
1K vote 👏
Ep 23

Ep 10

1.5K 115 17
By bebe_mayly

Computer သင်ဖို့ အခန်းထဲမှာ ဂိုဂိုတစ်ယောက်တည်း ငုတ်တုတ်ထိုင်နေသည်

မင်းနေလင်းနဲ့ တူတူလာပေမဲ့ ဘောင်ချာတွေရော ချလန်တွေရော ရှုပ်နေတာနဲ့ ကောင်တာက စာရေးမနဲ့ နှစ်ပါးသွားနေသည်

လိုက်လာတာ စာသင်ဖို့ပဲဆိုတော့ ကျန်တာအကုန်
မင်းနေလင်းခေါင်းပေါ်မှာ

ခပ်တည်တည်ပဲ အခန်းထဲ ထိုင်ချင်တဲ့ နေရာဝင်ဦးကာ ထိုင်နေလိုက်သည်

မင်းနေလင်းကတော့ တိုင်ပတ်နေတုန်း

သင်မဲ့ ဆရာလဲမလာသေးလို့ ဂိုဂိုပျင်းပျင်းနဲ့ ဝင်လာသမျှလူတွေကိုထိုင်ကြည့်နေလိုက်သည်

ကောင်မလေးချောချောလေးတွေအများကြီးပဲ

တစ်ချို့ကတော့ တစ်ယောက်တည်းထိုင်နေသလို တစ်ချို့ကတော့ အုပ်စုလိုက်နှစ်ယောက်သုံးယောက်လောက်ထိုင်စကားပြောနေကြသည်

အဲ့လိုထဲမှာမှာ အုပ်စုလိုက် ၅ ယောက်လောက်ရှိမယ်
ဝင်လာထဲကဆူညံလို့ အချင်းချင်းတွန်းထိုးစနောက်ပြီး ဝင်လာသည်

အေးအေးဆေးဆေးပဲစာသင်ချင်ပါတယ်ဆိုမှ

ဂိုဂိုတော့ စိတ်ထဲနေပဲ အဲ့အဖွဲ့ကို သာလိကာအဖွဲ့လို့နာမည်ပေးလိုက်သည်

မင်းနေလင်းကလဲပြန်မလာသေး

**************************************

" ဇွဲ "

" ဟင်...ဘာလဲ "

" သင်တန်းပြီးရင် ဘယ်သွားမှာလဲ "

" ကျော်ထက်တို့အိမ်သွားမယ်လေ Uno ဆော့ရအောင် နင်တို့ရောလိုက်မှာမလား "

" အမလေး မလိုက်ဘူး ကျော်ထက်အိမ်ဆို ဆော့ရတာနည်းနည်း သူ့ရဲ့ အနှစ်နှစ်အလလကမရှင်းပဲထားထားတဲ့ ဟာတွေကူရှင်းပေးနေရတာကများများ "

ဝတ်ရည်ကမဲ့ရွဲ့ပြီး လက်တစ်ခါခါနဲ့ပြောနေတော့ စုစံမျက်နှာပျက်သွားသည်

သူကလိုက်ချင်တာ

အဖွဲ့ထဲမှာမိန်းကလေးကနှစ်ယောက်ပဲရှိတာ ဝတ်ရည်မလိုက်ရင် သူသွားရဖို့လဲ လမ်းမမြင်

" ဟိုကောင်ခန့်မောင်ရော အခြေအနေလေးပြောပါဦး "

ဇွဲကောင်းခန့်က တစ်ချိန်လုံးနီးပါး game ဆော့နေသော ခန့်မောင်မောင် ကိုလှမ်းမေးလိုက်သည်

" မလိုက်တော့ဘူး မားသားကြီးက ဆိုင်ထိုင်ခိုင်းထားတယ် ဆိုင်ထိုင်မှ ဘတ်ဂျက်ရမှာ "

သနားစရာသူ့ဘဝ ပါးစပ်ကသာပြန်ပြောတာ မျက်လုံးက phone ကနေမခွာနိုင်

" အဲ့တာဆိုလဲ plan ဖျက်လိုက်တော့လေ စုတို့လဲမလိုက်ဘူး လူကလဲနည်းနေပြီကို "

" ပြီးရောလေ ကျော်ထက်ရေဘူးပေး "

" ရော့ "

ဇွဲကောင်းခန့်က ကျော်ထက်သောက်နေသောရေဘူးကလက်ကလှမ်းအယူ

ကျော်ထက်ကဘေးစောင်းနေရာမှလက်လှမ်းအပေး
ကြားထဲကစုစံက ဇွဲကောင်းခန့်ကိုမျက်နှာလုပ်ချင်ဇောနဲ့ ဝင်အယူ

သူတို့လက်ကြားလောက်နားမှာ ထိုင်နေတဲ့ဝတ်ရည်က ph ပြောမလို့ အပြင်ကိုထအသွား

ရေဘူးနဲ့လက်တွေနဲ့ အခြေအနေတွေရှုပ်ပြီး တိုက်ပွဲတွေဖြစ်ကုန်သည်

တိုက်ပွဲကြားထဲကရေဘူးက လွှင့်ပြီး ပြတင်းပေါက်နားမှာ တစ်ယောက်တည်းထိုင်နေတဲ့ကောင်လေးစီအလည်ရောက်သွားတော့သည်

ဟာ...သွားပြီ

ဘုန်း...

ဂိုဂိုငေးမောတွေဝေနေတုန်း ကျောပြင်ကိုလာမိတ်ဆက်တာက ရေဘူးကြီး

ပထမတော့ဘာမှန်းမသိ ကျောကုန်းကို တစ်ခုခုလာရိုက်သလိုပဲခံစားလိုက်ရသည် ပြီးမှကြမ်းပြင်ပေါ်ကရေဘူးကိုမြင်လိုက်ခြင်း

အွန့် ခနဲအသံတောင်ထွက်သွားသည်

နာလိုက်တာ

ဘယ်သူလုပ်တာလဲဆိုပြီးနောက်လှည့်ကြည့်တော့ ဟိုသာလိကာအဖွဲ့

သူလှည့်ကြည့်တာမြင်မှ ခေါင်းကုတ်သူကုတ် လွယ်အိတ်ထဲရှာတဲ့သူကရှာနဲ့ အလုပ်ရှုပ်ကုန်ကြသည်

ဘာလဲ တောင်းပန်ဖို့တောင်စိတ်ကူးမရှိကြတာလား

ဒေါသထွက်ပြီး ထသွားကာ သွားပြောရင်ကောင်းမလား

သို့သော်လဲ ရန်ကတစ်ခါမှဖြစ်ဖူးတာမဟုတ်

ငြိမ်ငြိမ်ပဲနေလိုက်ရင်ရော ကောင်းမလား

ကျောကုန်းကတော့တော်တော်နာသွားသည်

ဇွဲကောင်းခန့် သူတို့ကို ဒေါသတကြီးနဲ့လှမ်းကြည့်နေသောကောင်လေးဆီသွားလိုက်သည်

အဖွဲ့ထဲကဟာတွေကတော့မသိချင်ယောင်ဆောင်နေကြတာနဲ့ အလုပ်ရှုပ်နေကြသည်မို့

Hoodie အဖြူလေးနဲ့ကောင်လေး

ဒေါသထွက်နေတော့ ပါးနှစ်ဖက်ကရဲသလိုလိုဖြစ်နေသည်

ဆူပုတ်ပုတ်နဲ့လှည့်ကြည့်တဲ့ပုံက ကလေးလေးစိတ်ကောက်နေသလိုပဲမြင်သည်

ဂိုဂိုဘာလုပ်ရင်ကောင်းမလဲ တွေဝေနေတုန်း သူ့နားရောက်လာတဲ့ shoes ဖိနပ် ခဲရောင်လေး

မော့ကြည့်လိုက်တော့ ဟိုသာလိကာအုပ်ထဲကကောင်

" နာသွားလား "

မေးတာကိုက မျက်နှာကပြုံးဖြီးပြီးတော့

ကျောကုန်းကိုလာပွတ်ပေးနေသည်

" ရတယ် မလိုဘူး "

ကျောကုန်းပေါ်ကသူ့လက်ကို ပုတ်ချလိုက်ရင်း ပြောလိုက်သည်

ဟက် အချေလေးပဲ ယုန်ပေါက်လေးက

ဇွဲကောင်းခန့်က နာမှာဆိုးလို့ ပွတ်ပေးနေပေမဲ့
လက်ကိုပုတ်ချခံရသောကြောင့် နည်းနည်းတော့ကြောင်သွားသည်

" ကိုယ့်နာမည်က ဇွဲကောင်းခန့်ပါ မင်းကရော ယုန်ပေါက်လေး "

" ဘယ်သူကယုန်ပေါက်လေးလဲ "

ကိုယ် တဲ့ပြောပုံကလဲ အံ့သြဘာ့ ရွံစရာကောင်း

" နာမည်မပြောဘူးလား အဲ့ဒါဆိုယုန်ပေါက်လေးလို့ပဲ ဆက်ခေါ်မှာနော် "

ဘာတွေလဲ ဘာတွေလာပြောနေတာလဲ စိတ်ညစ်တယ် မင်းနေလင်းရယ် မြန်မြန်လာပါတော့

သူ့ကိုဘာမှပြန်မပြောပဲဆူပုတ်နေသော ယုန်ပေါက်လေးကိုကြည့်မိသည်

အသားဖြူတာတော်ရုံမဟုတ်

အသံလေးက မြန်မာသံပီပေမဲ့ ဝဲသလိုလိုရှိနေသည်

ဘယ်လိုကောင်လေးလဲ ချစ်ဖို့ကောင်းလိုက်တာ

" ဂိုဂို "

ဟော တော်သေးတာပေါ့ မင်းနေလင်းလာပြီ

ဂိုဂိုပျော်သွားကာ ထရပ်လိုက်သည်

ရုတ်တရပ် ထရပ်လိုက်တော့ ကျောကအောင့်သွားတာနဲ့ စားပွဲခုံပေါ်လက်ထောက်ထားရသည်

" နာမည်ကဂိုဂိုတဲ့လား "

" မဟုတ်ဘူး "

နာပါတယ်ဆိုမှ ဒီသာလိကာကောင်ကို စကားပြန်ပြောနေရသေး

" ဘာကိစ္စရှိလို့လဲ "

" ရေဘူးကျသွားလို့ ပြန်လာကောက်တာ "

" ဪ...ဒါလား "

ဂိုဂို့ခြေထောက်နားက ရေဘူးကို လက်ညိုးထိုးပြပြီး မင်းနေလင်းကမေးလိုက်သည်

" အင်း ကျွန်တော်က ဇွဲကောင်းခန့်ပါ ဒီအခန်းထဲကပဲ "

" ဟုတ်ကဲ့ ကျွန်တော်က မင်းနေလင်းပါ "

" သူကရော "

ဇွဲကောင်းခန့်ကသူတို့နှစ်ယောက်ပြောသမျှထိုင်ကြည့်နေသော ဂိုဂို့ကို မေးငေါ့ကာပြောလိုက်သည်

" သူကမိုးထက်မြင့်မိုရ်လေ "

" ရေဘူး သူ့ကိုထိသွားတယ်ထင်တယ် ကြည့်ပေးလိုက်ဦး "

" ဟုတ်လား ဂိုဂို နာသွားလား "

သွားပြီ ဂွန်းဂွန်းမတော့ သူ့အစ်ကိုကို မကြည့်ထားလို့ဆိုပြီး ၅ ညအိပ် ၆ ရက်လောက် ပွစိပွစိလုပ်တော့မှာပဲ

ဟိုကောင်လေးကတော့ ပြောစရာရှိတာပြောပြီးပြန်သွားလေသည်

သူ့မှာတော့ အခုမှ မျက်ရည်တွေဘူးသီးလုံးလောက်ကျလာတော့မဲ့ပုံစံဖြစ်နေတဲ့ ဂိုဂို့ကိုဘယ်လိုလုပ်ရမလဲမသိ

" ဒီမှာတော့မငိုနဲ့နော် လူတွေအများကြီးပဲ "

" အေးပါ အဲ့လောက်တော့သိပါတယ် အိမ်ရောက်မှငိုမယ် မင်းမကောင်းလို့ အဲ့ဒါ မြန်မြန်ပြန်မလာဘူး "

" ဂွန်းဂွန်းကိုတော့မပြောပါနဲ့နော် ငါရှိခိုးဆိုရှိခိုးပါ့မယ် နားမခံသာဘူး "

" အဲ့ဒါဆို ငါ့လွယ်အိတ်တွေဘာတွေအကုန်မင်းသယ်ရမယ် ဒါပဲ "

" အင်းပါ "

**************************************

မင်းနေလင်းရော ဂိုဂိုပါ သင်တန်းသွားနေ၍ ဂွန်းဂွန်းအိမ်မှာပျင်းပျင်းရှိတာနဲ့ ရှင်းရှင်းကို လည်ပတ်ချည်ကာ လမ်းလျောက်ထွက်ခဲ့သည်

အိမ်အသစ်ပြောင်းလာတာနည်းနည်းကြာပေမဲ့ ရှင်းရှင်းကို လမ်းလျှောက်မထွက်ခိုင်းရသေး ပျင်းနေတာနဲ့

အခုတော့လဲ အိမ်မှာနေရင် ကြီးမေကြီးရဲ့ ပေါက်ပေါက်ဖောက်သံတွေကြားရမည်ဖြစ်သောကြောင့် အလုပ်မရှိခွေးလမ်းလျှောက်ထွက်ခြင်း

ခမေါက်လေးလက်မှာကိုင်ကာ တစ်ဖက်လက်က ရှင်းရှင်းလည်ပတ်ကြိုးကို ဆွဲပြီးလမ်းထဲထွက်ခဲ့သည်

လမ်းမပေါ်လူသိပ်မရှိလို့နည်းနည်းဝမ်းသာနေသည်

လူများရင်ရှင်းရှင်းကို ထိန်းရခက်မှာ

ကိုယ့်ဟာကိုယ်စိတ်ကူးပြီး ပျော်ပျော်ရွှင်ရွှင် လမ်းလျှောက်နေတုန်း

" ဂီး...ဂီး....."

လမ်းဘေးခွေးတွေ အုပ်စုလိုက်

သူတို့လမ်းထဲလာလို့ မာန်ဖီနေသည်

ဂွန်းဂွန်း ခေါင်းထဲအကြံတွေရှုပ်ကုန်သည်

ရှင်းရှင်းကိုချီပြေးဖို့လဲမလွယ် အရင်ကလို လသားအရွယ်မဟုတ်

ခွေးတွေမောင်းဖို့ကလဲ ငါးကောင်ခြောက်ကောင်လောက်ရှိမယ်ထင်သည်

ကြည့်လိုက်တော့ခွေးတွေက အနားတောင်ကပ်လာပြီ
မတက်နိုင်တဲ့ အဆုံး ဂွန်းဂွန်း သိုင်းကွက်ထုတ်ရတော့သည်

ခေါင်းပေါ်ဆောင်းထားတဲ့ ခမေါက်ကို ချွတ်ကာခွေးတွေဘက်လှည့်ပြီး fighter mood သွင်းလိုက်သည်

" ဟဲ့ခွေးသွားစမ်း "

ဒေါက်...

အရှေ့ကအရင်ဆုံးပြေးဝင်လာတဲ့တစ်ကောင်ကို ခမေါက်နဲ့ခေါက်ချလိုက်သည်

နောက်အကောင်တွေကိုတော့ လမ်းဘေးနားက ခဲလုံးတွေနဲ့ဖြေရှင်းလိုက်ရသည်

နောက်ဆုံးအဆိုးဆုံး ရှင်းရှင်းကောင်ကိုတော့ လည်ပတ်ကြိုးအပီဆွဲကာ အိမ်သို့ပြန်ပြေးလာခဲ့ရသည်

မောလိုက်တာ...

**************************************

စိုင်းခွန်းသာတစ်ယောက် နားကြပ်လေးတပ်ကာ ဝရန်တာဘက်ကိုထွက်ခဲ့သည်

လမ်းပေါ်မှာလဲလူကရှင်းနေလို့ ကြည့်စရာမရှိပဲ သီချင်းပဲအာရုံစိုက်နားထောင်နေလိုက်သည်

ဂီး...ဂီး.....

ခွေးဟောင်သံကြားလို့ဘာရယ်မဟုတ်လှမ်းကြည့်လိုက်တော့ ကောင်မလေးတစ်ယောက် ခွေးလေးကိုကြိုးနဲ့ဆွဲထားသည်

ဘေးနားက လမ်းဘေးခွေးတွေဝိုင်းလို့

အိမ်မွေးခွေးကိုလမ်းလျှောက်ထွက်ခိုင်းပုံရသည် အဲ့တာကို လမ်းဘေးခွေးတွေနဲ့တိုင်ပတ်နေခြင်း

ကောင်မလေးတစ်ယောက်တည်းမို့ ဝရန်တာပေါ်ကရေနဲ့လှမ်းပက်ပေးရမလား စဉ်းစားမိသော်လဲ ဉာဏ်ဆင်တယ်ထင်မည်ဆိုး၍ အသာကြည့်နေမိသည်

အဲ့ကောင်မလေးဘယ်လိုလုပ်မလဲ

ရုတ်တရက် ကောင်မလေးက သူ့ခေါင်းမှာဆောင်းထားတဲ့ ခမေါက်ကိုချွတ်ကာ အပီအပြင်ကိုင်ပြီး တိုက်ပွဲဝင်မလို ready ပြင်ထားသည်

ခမေါက်ချွတ်လိုက်မှသတိထားမိတာက ခါးလောက်နီးနီးရှည်နေတဲ့ဆံပင်တွေ

နေရောင်အောက်မှာ ဝင်းခနဲပေါ်လာတဲ့ အသားအရည်

တော်တော်ချစ်ဖို့ကောင်းတဲ့ကောင်မလေးပဲ

သူကောင်မလေးဆီ စိတ်ရောက်သွားတုန်းခဏမှာပဲ အဲ့ကောင်မလေးက ခွေးတွေကို ရှင်းကာ သူ့ခွေးလေးကို ကြိုးနဲ့ဆွဲရင်း ထွက်ပြေးသွားပြီ ဖြစ်သည်

မြန်လိုက်တာ

ဒီလမ်းနားရောက်လာတယ်ဆိုတော့ အိမ်ချင်းသိပ်မဝေးဘူး ထင်တယ်

ဒီလိုမှန်းသိရင် အစထဲက ခွေးတွေမောင်းပေးပြီးဉာဏ်ဆင်လိုက်ပါတယ်


🌿🌿🌿

Continue Reading

You'll Also Like

924K 50.9K 36
"လွမ်းစေသော် မင်းငါ့ကိုဘာလို့ ချစ်ငယ်လို့ခေါ်တာလဲ" "ချစ်ငယ်က ငါ့ထက်ငယ်တော့ အငယ်ပေါ့ ချစ်ငယ်လို့ခေါ်မှတော့ အခြားဘာရှိသေးလို့လဲ" "..." "ကိုကို မင်းကို...
486K 19.5K 18
uni ဦးနဲ့သာဆိုနောင်နောင်ကအပျော်ရဆုံးပါဦးရယ် နောင်လင်းသန့်# ကလေးမင်းလေးကိုကိုယ်လက်ထပ်ရတဲ့ကြောင်းအရင်းကမင်းအဖေကိုလက်စားခြေချင်လို့..မင်းကိုအသုံးချပြီ...
980K 184K 124
◆ Title - My Underachieving Seatmate Doesn't Need Any Comforting ◆ Author - Long Qi《龙柒》 ◆ Total Chapters - 122 ◆ Genre - Comedy , Modern , Fluffy , S...
78.8K 6.6K 35
မင်းကို​ပြောပြချင်တဲ့အ​ကြောင်းအရာ​တွေအတွက်အခွင့်ရှိနိုင်ပါ့မလား....