ဘူး ဘူးးး
မုန့်ဆိုင်ရှေ့ရောက်တာနဲ့ အရှိန်နဲ့မောင်းလာသော ဆိုင်ကယ်ကို ရပ်လိုက်သည်...
ဆိုင်ကယ်သော့ကိုဖြုတ် ဘောင်းဘီအိတ်ထဲထည့်ပြီး ဆိုင်ထဲသို့ဝင်ကာ လိုချင်တဲ့မုန့်ကို ရွေးနေလိုက်သည်...
ရေခဲသေတ္တာရှေ့သွားပြီး Cocacola သုံးဘူးယူလိုက်သည်...
အိမ်က ရေခဲသေတ္တာထဲမှာ အအေးဘူးမရှိတော့လို့ ဆိုင်လာဝယ်နေရပြီ...
ထို့နောက် Chocolate လေးငါးခုပါသော ပါကင်ပိတ်ထားတဲ့ Chocolateထုပ် သုံးခုကိုပါ လှမ်းယူလိုက်သည်...
Chocolateကလည်း ကျွန်တော့ အကြိုက်ဆိုတော့ မပါမဖြစ်...
တစ်ခု နှစ်ခု ဝယ်သွားလို့မရ...
တစ်ခါစားရင် သုံးလေးခုကို တစ်ခါတည်းစားပစ်တာဆိုတော့ များများဝယ်သွားရမယ်..
အိမ်က အစ်မတွေကလည်း တစ်ခါတစ်ခါ ကိုယ့်ဆီက Chocolateတွေယူယူစားတော့ သူတို့အတွက်ပါ ပိုဝယ်ရသည်...
ပြီးတာနဲ့ အလတ်မNoonaမှာလိုက်တဲ့ အာလူးကြော်နဲ့နေကြာစေ့ထုပ်လည်း ဝယ်ရသေး...
ပိုက်ဆံကတော့ အိမ်ရောက်ရင် ပြန်တောင်းမည်လေ ဟင်း ဟင်းး...
လာရတာက ဆိုင်ကယ်နဲ့ လာရတာ...
ဆီထည့်ရင်ကျတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ထည့်ရတာ...
ဒါကြောင့် ဆီဖိုးလည်း တောင်းရမယ်...
နေကြာစေ့ထုပ်ယူနေရင်း တံခါးဖွင့်သံကြားလို့ ဆိုင်တံခါးပေါက်ဆီ အကြည့်ရောက်သွားမိသည်...
တော်ရုံတန်ရုံ မကြည့်တတ်ပေမယ့် အခုတော့ ကြည့်မိသည်...
ဆိုင်ထဲသို့ဝင်လာသော ပုတုတုလေးနှင့် သူ့သူငယ်ချင်း...
နှလုံးသားက သူလေးလာတာကို အလိုလိုသိလို့ ကြည့်မိတာနေမှာ ><...
ဝတ်ထားတဲ့ အဝတ်အစားလေးက စပို့ရှပ်လက်တို အဖြူလေးနဲ့ ဒူးခေါင်းအောက်လောက်ထိပဲရောက်သော ဂျင်းဘောင်းဘီအနက်ကလေး...
နေကြာစေ့ထုပ်နှစ်ထုပ်ကို သွက်သွက်ယူလိုက်ပြီး ပုတုတုလေးတို့ဆီ ပြေးသွားလိုက်သည်...
တစ်ခါတစ်လေလေး တိုက်တိုက်ဆိုင်ဆိုင်တွေ့တာ နှုတ်ဆက်ရမည်မလား...
အအေးဘူးယူနေတဲ့ ပုတုတုလေးတို့ နှစ်ယောက်အနားသို့သွားပြီး ချောင်းဟန့်လိုက်သည်...
"အဟမ်း အဟမ်း"
"ဪ JongIn Hyung...
မုန့်လာဝယ်တာလား"
အအေးဘူးယူနေတဲ့ Chenက ကျွန်တော့အသံကို ကြားလို့ထင်ပါရဲ့ လှည့်ကြည့်ပြီး နှုတ်ဆက်လာလေသည်...
"ဟုတ်တယ် Chenရဲ့ မင်းတို့ရော မုန့်လာဝယ်တာလား"
အခုမှ ကျွန်တော်တို့ဘက် လှည့်လာသော ပုတုတုလေး...
"ဟုတ်ကဲ့ Hyung"
Chenက ရယ်ပြပြီး စကားပြောနေပေမယ့် ပုတုတုလေးကတော့ ဒီအတိုင်းရပ်ကြည့်နေသည်...
"ပုတုတုလေးက စကားတောင်ပြန်မပြောဘူး"
"ခွီ..အာ miyan miyan"
Chenဆီမှ ခွီ ခနဲ အသံတစ်ချက်ထွက်လာလေ၏...
"ဘယ်သူ့ကိုခေါ်တာလဲ ပုတုတုလေးလို့"
"ပုတုတုလေး မင်းကိုလေ"
"ဂါးး ကျွန်တော့ နာမည် KyungSoo...
ပုတုတုလေး မဟုတ်ဘူး...
ခင်ဗျားကတော့နော်"
နှုတ်ခမ်းထော် မျက်ထောက်နီနဲ့ ကျွန်တော့ကို ရန်တွေ့နေတဲ့ပုံလေးက ကြောက်စရာမကောင်းပဲ ချစ်စရာကောင်းနေသည်...
ကျွန်တော် KimJongInဆိုသည်မှာလည်း ပုတုတုလေးDoKyungSooက ဘာလုပ်လုပ် ဘယ်လိုနေနေ ချစ်ဖို့ကောင်းတယ်လို့ကို မြင်နေတာ...
"ဟာ ဟာ အကြီးကို ခင်ဗျားတဲ့...ငရဲကြီးတော့မှာပဲ ပုတုတုလေးကတော့"
"ကျွန်တော့ နာမည် KyungSoo...
ပုတုတုလေးလို့ မခေါ်နဲ့ မကြိုက်ဘူးဆို"
မျက်မှောင်လေးတွေကျုံ့ထားသည်မှာလည်း တွံ့ချိုးလို့..
"ကိုယ်က မင်းနာမည် KyugSooဆိုတာကို သိပါတယ်ကွာ...
ပုတုတုလေးလို့ ချစ်စနိုးနဲ့ ခေါ်တာကိုစိတ်ဆိုးနေတယ် Haha"
"ကိုယ်တဲ့...
ချစ်စနိုးနဲ့တဲ့ အဟမ်း အဟမ်း"
ဘေးနားက Chenမှ ချောင်းတစ်ချက်ဟန့်ပြီး စလေတော့ Chenဆီကို မျက်စောင်းတစ်ချက် ပစ်ကျွေးလိုက်သည်မှာ လန့်စရာ...
"Chen မင်းနော်"
"စတာ စတာ"
"Haha...ရော့ Chocolate"
လက်ကကိုင်ထားတဲ့ အိတ်ထဲကနေ Chocolateတစ်ခုအား ထုတ်ပြီး ပုတုတုလေးရှေ့ ပေးလိုက်သည်...
"ဘာလုပ်ရမှာလဲ"
ပက်ခနဲ ပြန်ပြောသည်က သူနဲ့ကျွန်တော်ကရွယ်တူလိုလို...
"စားဖို့လေ ယူပါ ရော့"
ကျွန်တော်လည်း ဇွဲမလျှော့ပဲ Chocolateတောင့်လေးကို ပုတုတုလေး မျက်စိရှေ့ပို့မိသည်...
"JongIn Hyungက ဘက်လိုက်တယ်"
"ဘာလို့လဲ Chenရဲ့"
စနေတာလိုလို အတည်လိုလိုနဲ့ ပြောင်ချော်ချော်ပြောနေသော Chenထံသို့ အကြည့်တစ်ချက်ပို့မိပြီး မေးလိုက်သည်...
"KyungSoo ကိုပဲ Chocolateကျွေးပြီး ကျွန်တော့ကို ကျတော့ မကျွေးဘူး...
ဒါပေမယ့် ရပါတယ် ကျွန်တော်က ဒါတွေ နားလည်ပါတယ် ဟင်း ဟင်းး"
လက်နှစ်ဖက်ကို ချက်ချင်းပိုက် သွားကြားထဲက လေထွက်တဲ့အသံနဲ့ ပုတုတုလေးကို တစ်ချက်ပြုံးစိစိကြည့်ကာ အကုန်လုံးကို သူနားလည်ပါတယ် ဟူသော အထာဖြင့် စကားပြောလာလေ၏...
ဆိုင်ထဲတွင် အဲကွန်းဖွင့်ထား၍ အေးနေသော်ညား လူက အလိုလိုပူအိုက်လာရသည်...
"အဟမ်း အဟမ်း မင်းကိုလည်း ပေးမလို့ပါ ပုတုတုလေးကို အရင်ပေးတာ"
"ရှင်းမပြလည်း ရပါတယ် Hyungရယ်"
"Kim Chen"
"ကျွတ် ကျွတ်စ် ငါမင်းနားမှာကပ်ပြီး ရပ်နေတာ တိုးတိုးပြောလည်း ကြားတယ် Do KyungSooရေ"
"Haha..ကဲပါ Chocolateဝယ်ကျွေးတာ ယူနော်"
"မယူပါဘူး..
ပိုက်ဆံပါတယ် စားချင်ရင် ကိုယ့်ဘာသာဝယ်စားမယ်"
နှုတ်ခမ်းလေးထော်ပြီး ရန်တွေ့နေတာ သူရှေ့မှာရပ်နေတဲ့ ဒီကအကောင်မှာ အသည်းတွေ အူတွေ သေလောက်အောင်ယားနေတာကို သူမသိဘူး...
"မူမနေနဲ့..ပေး Hyung ကျွန်တော်ယူသွားပေးမယ်"
"အိုကေ အိုကေ Chenရေ...ရော့"
Chocolateကို Chenလက်ထဲထည့်ပေးပြီး ရေခဲသေတ္တာအဖုံးကို ပြန်ဖွင့်ကာ အအေးဘူးရွေးနေသော ကောင်လေးကိုသာ ကြည့်နေမိသည်...
ဒီကောင်လေးက ကျွန်တော့နှလုံးသားရဲ့ အရှင်သခင်...
"မပြန်သေးဘူးလား ဘာလို့ဒီမှာ လာရပ်နေတာလဲ"
ရေခဲသေတ္တာထဲက ပဲနို့ဘူးတစ်ဘူးယူပြီးတာနဲ့
ကျွန်တော့ကို လှည့်ကြည့်ပြီး ခပ်တည်တည် မေးခွန်းထုတ်လာလေသည်...
"ပိုက်ဆံမရှင်းရသေးဘူး"
လက်ထဲကမုန့်ထုပ်တွေကို မပြီး အရှင်သခင်လေး၏ မေးခွန်းကိုပြန်လည် ဖြေကြားလိုက်ပါ၏...
"သွားရှင်းလေ"
"ပြီးမှအတူရှင်းမယ်"
"ဘာမှမဆိုင်ပဲ"
ပြီးတာနဲ့ အအေးဘူးတွေကို ပြန်ကြည့်ကာ တိုးတိုးလေးရေရွတ်လိုက်သော ရွဲ့တဲ့တဲ့စကားလေးကို ကြားလိုက်ပါသေးသည်...
"Haha"
နေကြာစေ့၊အာလူးကြော်နဲ့ အချဉ်ထုပ်ဝယ်ပြီးတာနဲ့ ကောင်တာဆီသွားကာ ပိုက်ဆံရှင်းဖို့လုပ်နေသော ပုတုတုလေးနောက်သို့လိုက်ပြီး ကျွန်တော်ပါ တစ်ခါတည်း ပိုက်ဆံရှင်းလိုက်သည်...
Chenကတော့ ကျွန်တော့အားကြည့်ပြီး ရယ်ပဲရယ်နေတော့တာပဲ...
"ကောင်းကောင်းပြန်ကြနော် အိမ်အထိလိုက်ပို့ပေးရဦးမလား ဆိုင်ကယ်နဲ့"
"ကျေးဇူးတင်မိပေမယ့် မလိုပါဘူးခင်ဗျာ...
ကိုယ့်ဘာသာ လမ်းလျှောက်ပြီးပဲပြန်လိုက်ပါ့မယ်"
လက်တစ်ဖက်က မုန့်ထုပ်တွေကိုင် တစ်ဖက်ကလည်း ပဲနို့ဘူးကိုကိုင် ခေါင်းငုံ့ပြီး အရိုအသေပေးကာ စကားရွဲ့ပြောနေသော ပုတုတုလေးကို ကြည့်ပြီးရယ်ပဲရယ်နေမိတာ အခါခါ...
"အာ့ဆို ကိုယ်သွားပြီနော်...
Chenရေ Hyung သွားပြီ"
"ဟုတ်ကဲ့ Hyung ဂရုစိုက်သွား"
ပဲနို့ဘူးကို ဟန်ချက်မပျက်သောက်နေသော ပုတုတုလေးက ကျွန်တော့ဆီကို တစ်ချက်မှ အကြည့်ရောက်မလာတော့...
"သွားပြီနော်"
"အားး ခင်ဗျား"
ဆံပင်တိုတိုလေးတွေကို အရဲစွန့် တစ်ချက်ဆွဲဖွကာ ဆိုင်ကယ်ပေါ် အလျှင်အမြန်တက်ပြီး ဆိုင်ကယ်စက်နှိုးကာ မောင်းထွက်လိုက်သည်...
"ဘိုင့်ဘိုင်"
နောက်ကြည့်မှန်ကနေ ကြည့်လိုက်တော့ ပဲနို့ဘူးကို Chenလက်ထဲသို့ ထည့်ပြီး ကျွန်တော်ဖွလိုက်တဲ့ သူ့ဆံပင်တွေကို ပြန်သပ်တင်နေလေ၏...
Hak..ချစ်စရာကောင်းလိုက်တာ...
🐻🐧🐻🐧🐻🐧🐻🐧🐻🐧🐻🐧🐻🐧
Do KyungSoo's POV...
"ရော့ Chocolate"
"လာပြန်ပြီ ဘာလုပ်ရမှာလဲ မင်းပဲစား"
"Hyungက မင်းကိုပေးသွားတာ ရော့"
"မယူချင်ဘူး"
ပြောနေရင်းပင် ဘယ်ဘက်လက်ထဲမှာ ကိုင်ထားသော မုန့်ထုပ်အိတ်ထဲသို့ Chocolateတောင့် လာထည့်လိုက်သောChen...
"JongIn Hyunက မင်းကိုကြိုက်နေတာ သေချာတယ် KyungSoo"
"အဟွတ် အဟွတ် Chen ပေါက်ကရတွေ ပြောနေတာ ရပ်စမ်း"
Chenပြောလိုက်သော စကားကြောင့် ပဲနို့သောက်နေရင်း သီးသွားရသည်...
"တကယ်ပြောတာ မင်းကိုကြိုက်နေတာ အသိသာကြီး ငါတို့တောင် ဘေးကနေမြင်နေရတာ"
"မင်းကိုလည်း ငါခဏ ခဏပြောပြီးပြီ...
ဒီစကားကို သူသာကြားသွားရင် ဘယ်လိုထင်မလဲ ရှက်စရာကောင်းတယ်"
"တကယ်ပြောတာကွ...
စကားပြောတာက အစကွာတာ...
ငါတို့ကိုပြောရင် Hyungကလို့ပြောတာ...
မင်းကိုပြောရင်ကျတော့ ကိုယ်လို့သုံးပြီးပြောတာ...
မျက်လုံးထဲကလည်း အသည်းပုံတွေထွက်ပြီး"
"သူ့ဘာသာပြောတာလေ..ဟွန့် အမြင်ကတ်လိုက်တာ..
သူများဆံပင်ကိုလည်း ပိုင်ဆိုးပိုင်နက်ဖွသွားသေး"
"ချစ်လို့လေ"
"သေချင်လို့လား"
"Haha..
မင်းဘယ်လိုမြင်လဲ JongIn Hyungကို"
"Chen"
"ဒါလေးပဲဖြေပေးကွာ ငါထပ်မစဘူး တကယ်ပြောတာ"
မျက်လုံးလေး ပေကလပ် ပေကလပ် မှိတ်ပြ ဖွင့်ပြပြီး ပြောနေသော Chenက အင်မတန်မှ ချစ်စရာကောင်းလှသည်...
"လူလို့မြင်တယ်ဟေ့"
စိတ်ကျေနပ်သွားအောင် ကိုယ့်အမြင်ကိုပြောပြလိုက်သည်...
"KyungSoo မင်းမညစ်နဲ့"
"လာပါကွာ မတ်တပ်ကြီးစုံရပ်မနေနဲ့ အိမ်မြန်မြန်ပြန်မယ်...နောက်ကျနေလို့ Ommaစိတ်ပူနေမယ်ကွ"
"ဘယ်လိုမြင်လဲဆို"
လက်ကနေသွားဆွဲပြီး ခေါ်တာကို ပါလာသော်ငြား မေးနေတဲ့ အမေးစကားကတော့ ရပ်မသွား...
"ဘာကိုဘယ်လိုမြင်ရမှာလဲ Chenရာ..
ဒီအတိုင်း ကျောင်းကစီနီယာလို့ပဲမြင်တာပေါ့...
ကိုယ့်ညီအစ်ကိုတွေပဲဟာကို"
"ပြောတာပါပဲ..
ဘင်္ဂလားညီအစ်ကို Haha"
"Chen ငါစိတ်ဆိုးလာပြီနော်"
"အေးပါကွာ မစတော့ဘူး သွားမယ်လာ...
မင်းOmmaစိတ်ပူနေဦးမယ်"
"ပြီးရော"
ကျွန်တော်လည်း Chenပြောတာကို အနည်းနဲ့အများတော့ လက်ခံပါသည်...
ကျွန်တော့ကို JongIn Hyung ကြည့်တဲ့အကြည့်တွေ...
စကားပြောတဲ့အခါ သုံးတဲ့အသုံးအနှုန်းတစ်ချို့တွေ...
ကျူရှင်မှာဆိုလည်း ဆရာမ မအားတဲ့အခါ သူကျွန်တော်တို့ကို စာကြည့်ပေးရရင် စာမေးတဲ့သူတွေအထဲ အမြဲတမ်းလိုလို ကျွန်တော်ထိပ်ဆုံးက...
မနေ့ကပဲကြည့်လေ စာတွက်ပြီးလို့ သူ့ကိုခေါ်နေတာတောင် မကြား...
မေးထောက်ပြီးကြည့်နေတာ လူက တုန်တူန်ယင်ယင် ဖြစ်သွားတဲ့အထိ...
သူတို့မရိပ်မိပေမယ့်ပေါ့...
ကျောင်းသူ ကျောင်းသားတွေကလည်း ပြုံးပြီးကြည့်နေတာများ ကျွန်တော့မှာ ရှက်လိုက်တာဆိုတာ...
အဲ့လိုအဖြစ်အပျက်မျိုးက တစ်ခါတည်းမဟုတ် အမြဲတမ်းလိုလို...
Chenတို့စတာလည်း Chenတို့အပြစ်မဟုတ်...
သူကိုက စချင်စရာအပြုအမူတွေ လုပ်နေတာကို အမြင်ကတ်လိုက်တာ အဲ့လူကြီးကို...
ဒီအတိုင်း ဒီအတိုင်းလေးပဲ နေသွားကြရအောင် Hyung...
Hyungရဲ့ အပြူအမူတွေ အပြောအဆိုတွေ အကြည့်တွေမှာ အဖြူရောင်အပြင် တစ်ခြားအရောင်တွေပါနေတယ်ဆိုတာကို သိပေမယ့် ဒီအတိုင်းလေးပဲ ကွယ်ဝှက်ထားပြီး နေသွားကြရအောင်...
ကျေးဇူးပြုပြီး အဲ့ဒီအရောင်တွေကို ကျွန်တော်ရှင်းရှင်းလင်းလင်းသိသွားအောင် ထုတ်ဖော်မပြလိုက်ပါနဲ့...
TBC...
Feedbackလေးတွေ ပေးပေးသွားဦး 😢
Obviate Difficulties By Love လေးကို အများကြီးချစ်ပေးပါဦးနော်...
တစ်ဦးတစ်ယောက်ချင်းစီကို အရမ်းကျေးဇူးတင်ပါတယ် 😍❤
အရမ်းချစ်ပါတယ် 😍❤
23.5.2018(4:13PM)
PageNo9493