Official [Completed] (Zawgyi...
By nora_nono
468K 38.8K 1.2K
Cover by Windi_622❤ Official_ ချစ်သူနှစ်ယောက်ကြားမှာ အရေးကြီးတဲ့ အရာတစ်ခု ကျွန်တော့် အတွက်တော့ အရေးမကြီးဘူးထင... More
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20 (Park Chanyeol' pov)
Part 21
Part 22
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Final
Special Thanks To
Hi🙋
''
Hi ♥
Part 23
12.5K 1.1K 46
By nora_nono
'အပူပေးရမလား အအေးပေးရမလား?'
"ဟုတ်.... ကျတော့်ကို ရေတစ်ခွက်ပဲ ပေးပါ''
ခုရောက်နေတာ Jonginရဲ့ သင်တန်း။ ပြန်ရောက်တည်းက Jonginတို့ဆီ ဆက်သွယ်မယ်စိတ်ကူးထားပေမယ့် ခုကိုယ်လိုအပ်မှသာ ဆက်သွယ်မိသည့် အဖြစ်။
ကိုယ်မကောင်းဘူးနော်။
နှစ်ရှည်လများတွဲလာသည့် သူငယ်ချင်းကို လိုအပ်မှဆက်သွယ်မိသည့်အဖြစ်။ ဒါပေမယ့်လည်း Baekhyunသိချင်သည့် အကြောင်းအရာကို Jonginနဲ့ Kyungsooဆီကသာ အနီးစပ်ဆုံးသိနိုင်မည်ပင်။
Jonginက သူဝါသနာပါသည့် အကသင်တန်းတစ်ခုဖွင့်ထားပီး Kyungsooက ခရီးသွားသည်မို့ လေယာဉ်ကွင်းသွားကြိုသည်။
ညက Kyungsoo ဖုန်းဆက်တာမရ၍ Jonginဆီဖုန်းဆက်တော့ သူ့သင်တန်းနေရာပြောပီး အဲ့မှာ စောင့်နေ Kyungsooကို ကြိုပီးလာခဲ့မယ်ဆို၍ Baekhyunအစောကြီးရောက်နေခြင်း။
ဖုန်းထဲမှာ မေးလို့မကောင်းသည်ကတစ်ကြောင်း Jonginတို့ကို တွေ့ချင်တာက တစ်ကြောင်းမို့ ဆိုင်ကို ဝန်ထမ်းတွေဆီ သေချာအပ်ခဲ့ကာ Jonginတို့နဲ့ တစ်နေ့လုံးအချိန်ဖြုန်းဖို့ Baekhyunစဉ်းစားထားသည်။
Jonginဝန်ထမ်းတစ်ယောက် လာချပေးသော ရေကို တစ်ငုံသောက်လိုက်ရင်း မနေ့က သူနဲ့တွေ့ဖြစ်တာကို ပြန်တွေးမိသည်။
ကြောင်အနေတဲ့ အခြေအနေတစ်ခုမှာ နှစ်ယောက်လုံး ပြောစရာစကားရှာမရခဲ့။
သူ့လက်ထဲက ကလေးလေးကအရမ်းငိုနေသလို GuGuကလည်း ပြန်ချင်လို့် ဂျီကျနေတာကြောင့် Baekhyunပြန်ဖို့ပဲ ဆုံးဖြတ်လိုက်သည်။
သူလည်း ကလေးလေးမငိုအောင်ချော့ရတာနဲ့တင် ပျာယာခတ်နေသည့်မို့ Baekhyunကိုလည်း ဂရုမစိုက်အား။
ပြန်တော့မယ်လို့ နုတ်ဆက်ပီး လှည့်အထွက်မှ Baekhyun လက်ကို ဆွဲလာသည့်သူ။
Baekhyunရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်ကို တောင်းပေမယ့် မပြောဖြစ်ခဲ့။ အဲ့တော့ သူ့ဘောင်းဘီအိတ်ကပ်ထဲက လိပ်စာကဒ်လေးထုတ်ပေးကာ သူ့အရင်ဖုန်းနံပါတ်ပျောက်သွားကြောင်း ဖြစ်နိုင်ရင် ဒီနေ့အတွင်းဆက်သွယ်ပေးပါ အခုကလေးကအရမ်းငိုနေတာမို့ သူ့ကိုနားလည်ပေးပါ တောင်းပန်ပါတယ် ဆက်သွယ်ဖြစ်အောင်ဆက်သွယ်ပေးပါဟု အတန်တန် မှာနေသည်။
သို့သော်လည်း Baekhyun မဆက်သွယ်ဖြစ်ခဲ့။ သူပေးတဲ့ လိပ်စာကဒ်လေးကို ကြည့်နေရင်းပင် တစ်ညလုံး အချိန်ကုန်မိတာတော့ ဝန်ခံသည်။
အရင်လိုကြည့်ကောင်းနေဆဲ သူ့ပုံစံကို ရင်ခုန်နေဆဲဆိုတာလည်းဝန်ခံသည်။
ဒါပေမယ့်လည်းလေ ဘာမှရေရေရာရာ မသိသေးတဲ့ အခြေအနေမှာတော့ သူ့ကို မဆက်သွယ်ချင်သေး။
အထိနာဘူးတဲ့ နှလုံးသားလေးဟာ ကောင်းကောင်းသက်သာသေးတာမဟုတ်။
ထပ်ပီး အထိနာလျှင် Baekhyunခံနိုင်မည် မဟုတ်တော့ချေ။
ထို့ကြောင့် စဉ်းစားမိသည်က Kyungsooဆီမေးဖို့ပင်။ သေချာတဲ့အဖြေတစ်ခုတော့ ရနိုင်ပါရဲ့။
.....
'မင်းတစ်ကယ်နေနိုင်တယ်နော် Baek'
ဆုံတုန်းလေးသွားသောက်ရအောင်ဟု Jongin ဆော်သြသောကြောင့် Baekhyunတို့် ဘီယာဆိုင်တစ်ခုသို့ရောက်နေခြင်း။
တစ်နေ့လုံးအလွမ်းသယ်ကာ Baekhyunရဲ့ အတွေ့အကြုံတွေကို မေးတာကြောင့် အသေးစိတ်ကျကျရှင်းပြမိသည်။
သူနဲ့ဖြစ်တဲ့ ပြသနာတော့မပြောဖြစ် ။
ဆိုင်ကိုလာရင်း ကမ်းလှမ်းသည်မို့ Baekhyunသွားဖြစ်ခဲ့ကြောင်း ရုတ်တရက်ကြီးမို့ သူ့ကိုလည်း ဘာမှမပြောသွားဖြစ်ကြောင်း ပြောပြခဲ့သည်။
အဓိကသွားဖြစ်သွားတာ သူ့ကြောင့်ဆိုတာတော့ မပြောချင်တော့။
တစ်နေ့လုံး Kyungsoo ချက်ကျွေးတဲ့ ထမင်းဟင်းတွေ အားရပါးရစားသောက်ပီး ညနေတော့ ဘီယာဆိုင်ကို သုံးယောက်သားချီတက်ခဲ့ကြသည်။
"နေနိုင်တယ်ရယ်လည်းမဟုတ်ပါဘူးကွာ''
သိပ်မသောက်နိုင်သည်မို့ ဘီယာခွက်တစ်ဝက်လောက်သာထည့်ထားသည်။ ဘီယာတစ်ငုံလောက်သောက်ရင်း Jonginအမေးကို ခပ်တိုးတိုးသာ ပြန်ဖြေဖြစ်သည်။
"Kyungsooရော အရင်အလုပ်ပဲလား?''
ကိုယ့်မေးချင်သည့် အကြောင်းကို ကိုယ်တိုင်ပဲ စကားစလိုက်သည်။
တစ်နေ့လုံး ကိုယ့်အကြောင်းတွေသာမေးနေသည်မို့ ခုမှ ကိုယ်သိချင်တာကို စလိုက်ရသည်။
'အင်း...ငါ Hyung ဆီက အလုပ်ထွက်ဖြစ်တာ ခြောက်လလောက်ရှိသွားပီ ခု Jongin သင်တန်းအောက်က ဆိုင်ခန်းလေးမှာ စားသောက်ဆိုင်လေးဖွင့်ဖို့ပြင်နေတာ'
"သြော်.....''
'မင်းရော Hyungနဲ့က ပြတ်သွားတာလား?'
"အင်း......''
'ဟင်း....မင်းတို့ကလည်း......
မင်းထွက်သွားတာကို ငါတို့ကအစကမသိဘူး..
Hyung ကအသည်းအသန်လာမေးမှ ငါတို့လည်းသိတာ...အဲဒါနဲ့ မင်းအရင်လုပ်တဲ့ဆိုင်ကိုသွားမေးတော် Xiumin Hyungနဲ့ကမတွေ့ဘူး...ဆိုင်ကကောင်လေးကလည်း မင်းအလုပ်ထွက်သွားတာပဲပြောတာ....
ငါတို့ဆို စိတ်ပူလိုက်ရတာ....
Jongin က mailပို့တော့လည်း ပြန်စာမရနဲ့...
မင်းHyungလည်း အရူးမီးဝိုင်းပဲသိလား'
'အဲ့တုန်းက ငါတကယ် ဒေါကန်တာ...
ညီအစ်ကိုတွေလိုပဲကို ငါ့ဘာမှမပြောတော့ တကယ်ဒေါကန်တာ'
"Sorry ပါ Jonginရာ ငါတကယ် ရုတ်တရက်ကြီးဖြစ်သွားလို့''
Jonginရဲ့ ဆူပုတ်နေတဲ့ မျက်နှာကိုပြေလိုပြေငြား သွားဖြီးပြပီး ချော့ရသည်။
'ခုရော Hyung နဲ့တွေ့ဖြစ်သေးလား?'
"အင်း.......
မနေ့ကတွေ့တယ်.....
တစ်ယောက်တည်းတော့မဟုတ်ဘူး....
သူ့လက်ထဲမှာ ကလေးလေးတစ်ယောက်နဲ့..''
'အင်း..အဲ့တာ Rosy ကလေးနေမယ်'
"Rosy ကလေး'?''
'ဟုတ်တယ်...
မင်းသွားပီးနောက်ပိုင်း Hyung ဆီကို Rosy ဆိုတဲ့တစ်ယောက် ခဏခဏလာတယ်...
နောက်ပီးဗိုက်နည်းနည်းထွက်လာတဲ့နောက်ပိုင်းတော့ ငါမတွေ့ဖြစ်တော့ဘူး....
ငါအလုပ်မထွက်ခင် တစ်ပါတ်လောက်က Rosy ကလေးလေးတစ်ယောက်ခေါ်လာပီး Hyung ရုံးခန်းထဲခေါ်လာတာတွေ့လိုက်တယ်....
ဘာတွေပြောနေလည်း သေချာမသိပေမယ့်...
Rosy ငိုနေတာတော့ Hyungကချော့နေတာကွ...
Hyungရဲ့ကလေးမဟုတ်တာတော့ သေချာတယ်
ဒါပေမယ့်......'
"ဆက်ပြောလေ....''
'ငါအတိအကျသိတာ မဟုတ်တော့..'
"ရပါတယ်ကွာ မင်းသိထားတဲ့အတိုင်းသာပြော''
ဟုတ်တယ်...ဘာပဲဖြစ်ဖြစ် Baekhyunသိမှရမည်။
' Rosy ရဲ့ကလေးကို တွေ့ပေမယ့် Rosy ယောက်ျားကို ငါတို့တစ်ခါမှ မတွေ့ဖူးဘူးကွ...
အဲ့တော့ကွာ.....
Hyungရဲ့ ကလေးမဟုတ်ပေမယ့် Hyungက တာဝန်ယူလိုက်တာနေမယ်လို့ ရုံးကလူတွေက ပြောနေကြတာကွာ....'
ဟွတ်...ဟွတ်..
သောက်နေတဲ့ ဘီယာက Kyungsooစကားအကြားမှာ ထသီးရတဲ့အဖြစ်။
ခံရခက်စွာ မျက်နှာတွေနီပီး မျက်ရည်တွေ ကျလာသည်။ Jongin လှမ်းပေးတဲ့ ရေတစ်ခွက်ကို အငမ်းမရသောက်လိုက်မှ သက်သာသွားရသည်။
'ရလား Baek? မသေချာပေမယ့် ရုံးကလူတွေ ထင်ကြေးပေးတာကို ငါကပြောပြတာ.....
ငါလည်းမေးကြည့်လို့မကောင်းတော့ မမေးဖြစ်ဘူး။
ခုချိန်ထိလည်း အတိအကျတော့မသိဘူး....
ဒါပေမယ့် ကလေးနဲ့တွေ့ခဲ့တာဆိုတော့ Rosy အဆက်အသွယ်တော့ ရှိတယ်နေမှာ...''
ဘီယာသီးတဲ့ဒဏ်က တော်တော်ပဲခံရခက်သလား?
Kyungsooရဲ့ စကားတွေကြားရတဲ့အခါ ရင်ဘတ်တစ်ခုလုံး နာကျင်ပီး မျက်ရည်တွေ ထိန်းမနိုင်သည်ထိလေ.........
.....
ရောင်စုံမီးတွေနဲ့လှပနေတဲ့ ဟန်မြစ်ကြီးကအရင်တိုင်းပဲ မပြောင်းလဲသေး။
သာယာတဲ့ ညဘက်မှာ....
လမ်းလျှောက်တဲ့ လူကြီးတွေ.....
စက်ဘီးစီးနေကြတဲ့ လူတွေ.....
စကိတ်စီးကာပျော်ပါးနေတဲ့ လူငယ်တွေ.....
ခိုးခိုးခစ်ခစ်နဲ့ ပျော်မြူးနေတဲ့ ချစ်သူစုံတွဲတွေနဲ့.....
ဟန်မြစ်ဟာ အရင်အတိုင်းပဲ အသက်ဝင်နေဆဲ။
သူနဲ့ အမှတ်တရတွေ အများဆုံးရှိခဲ့တဲ့နေရာဆိုလည်းမမှား။
ဘီယာနည်းနည်းဝင်ထားလို့ ခေါင်းနောက်နေသည်မို့ နားထင်နှစ်ဖက်ကို လက်ကလေးနဲ့ သာသာနှိပ်နေမိသည်။
'သေချာတာတော့ Baek မင်း Hyungကို မျက်နှာချင်းဆိုင်တွေ့ပီး မေးလိုက်'တဲ့
Jonginနဲ့ Kyungsooက အကြံပေးပေမယ့် Baekhyunမတွေ့ချင်တော့ ။
ကံစီမံရာအတိုင်းပဲ ရှိပါစေတော့။
အရာရာဟာသူနေရာနဲ့သူ နေသားကျနေပီလေ။
သူဆိုတာလည်း အဲ့ကလေးလေးကို အရမ်းချစ်မယ့်ပုံ။
ထွက်သွားတည်းက ပြတ်သားစွာထွက်သွားခဲ့သည်လေ။
ပြန်လာတော့လည်း ပြတ်သားရမည်ပေါ့။
နာကျင်ရတဲ့ နှလုံးသားလေးက အဆင်မပြေသေးပေမယ့်လေ။
"ဟူး......တော်သေးတာပေါ့....
အမြန်ပြေးလာရတာ....ရော့''
အမောတကောပြေးလာသံကြား၍ လှည့်ကြည့်တော့ အအေးဘူးလေးလက်ထဲထည့်ပေးတဲ့သူ....
"ဘာလဲ?''
"Baek ကြိုက်တဲ့ လိမ္မော်ရည်စစ်စစ်....
အစောထဲကတွေ့တယ်...ခေါင်းနောက်နေတယ်ထင်လို့ အအေးအမြန်သွားဝယ်တာ.... ကိုယ်နှုတ်ဆက်လိုက်ရင် Baek ပြန်သွားမှာစိုးလို့...
အမြန်သွားဝယ်ရင်း ပြန်လာခဲ့တာ....
ခေါင်းနောက်နေတာမလား သောက်လိုက်ပါရော့''
တကယ်လည်းခေါင်းနောက်နေသည်မို့ သူလက်ထဲက လိမ္မော်ရည်ကို ယူသောက်လိုက်သည်။
အသီးဖတ်လေးတွေပါ ပါသည့် လိမ္မော်သီးကို ဖျော်ထားတာကြောင့်နေမည်။ တော်တော်သောက်လို့ကောင်းသည်။
နောက်ပီး ပါးချိုင့်လေးပေါ်အောင်ပြုံးနေသည့် သူ့အပြုံးကြောင့်လည်း လိမ္မော်ရည်ချိုချဉ်လေးနဲ့အတူ ခေါင်းတောင်ကြည်သွားသလို........
.....
Unicode