My chaos

By bebe_mayly

49.8K 2.9K 504

" မင်းဘာဖြစ်နေနေ ငါဂရုမစိုက်ဘူး ငါ့ကိုပြန်ချစ်ဖို့လဲ မမျှော်လင့်ဘူး ဒီအတိုင်းပဲ ငါမင်းကိုချစ်နေရရင်ရပြီ" မိုး... More

Ep 1
Intro
Ep 2
Ep 3
Ep 4
Ep 5
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16
Ep 17
Ep 18
Ep 19
Ep 20
Ep 21
Ep 22
1K vote 👏
Ep 23

Ep 6

1.6K 127 18
By bebe_mayly

Background music

방탄소년단 - 보조개
BTS - illegal/dimple


အခုတလော မနက်မိုးလင်း လို့ ဘုရားခန်းတက်ပြီး Breakfast စားပြီးတာနဲ့ မြင်နေရတဲ့ မျက်နှာကတော့ မင်းနေလင်း

ထမင်းစားလာပြီးတဲ့နေ့ကစပြီး သူတစ်ယောက်တည်းအိမ်မှာ ပျင်းတယ်လို့ဆိုကာ နေ့တိုင်းလာတော့သည်

နေ့လည်စာ ညနေစာ စားပြီးသည် အထိမှ အိမ်ကပြန်သည် တစ်ခါတစ်လေ breakfast ပါအိမ်မှာစားသည်

အဲ့လိုလာတာတွေကြာနေတော့လဲ အချင်းချင်းရှိန်မနေတော့ဘဲ နားလည်မှုလေးရလာသည်

နေ့တိုင်းမိုးလင်းထဲက မြင်နေရတဲ့ သူဆိုတော့လဲ စကားမပြောလဲ မြင်နေကြဖြစ်သွားတော့ သိပ်မထူးဆန်းတော့

မင်းနေလင်းကလဲ အခုထိသူတို့ကိုစကားသိပ်မပြောသေး လူကြီးတွေရှိတော့ မေးထူးခေါ်ပြောလောက်ပဲပြောနေကြခြင်း

မင်းနေလင်း အိမ်လာလည်နေတာ ဒီနေ့နဲ့ဆို ငါးရက်မြောက်ပြီ အရင်ကဆို breakfast စားထဲကမြင်နေရတာဆိုတော့ ဒီနေ့မလာသေးတော့ ထူးဆန်းနေသလိုလို တစ်ခုခု လိုနေသလိုလို

သူလာရင် မသိသလိုလိုနေပြီး သူ့လိုက်ချောင်းရတာ အလုပ်တစ်လုပ်

အခုတော့ သူမလာလို့ ပျင်းပျင်းနဲ့ ခြံထဲကဒန်းပေါ်ထိုင်ပြီးစာဖတ်နေစဉ်

" မိုးထက်မြင့်မိုရ် "

နာမည်ခေါ်သံနဲ့အတူ အိကနဲဖြစ်သွားသော ဒန်းလေး

" ဟင် "

ဘေးနားမှာ ဝင်ထိုင်နေတဲ့ မင်းနေလင်း

" ငါ့ကိုလဲစကားမပြောဘူး ဒီအိမ်လာနေတာကြာနေပြီကို မင်းရော မေနှင်းမြင့်မိုရ်ရောပဲ ငါ့မှာကြီးမေကြီးနဲ့ပဲစကားပြောနေရတယ် အိမ်မှာတစ်ယောက်တည်းပျင်းလို့လာနေပါတယ်ဆိုမှ "

အသံသြရှရှနဲ့ မလိုက်ဖက်စွာ ပြောနေသည့်စကားတွေက ကလေးတစ်ယောက်က သူစိတ်ကောက်နေတဲ့အကြောင်းကို ဆူပုတ်ပုတ်နဲ့ပြောနေသလို

" မဟုတ်ပါဘူး ငါက မင်းတစ်မျိုးဖြစ်နေမှာဆိုးလို့ "

" မဖြစ်ဘူး ဘာလို့ဖြစ်ရမှာလဲ မဖြစ်တာမို့လို့ အခုကစပြီး သူငယ်ချင်းလုပ်လို့ရပြီလား "

ဘုရားရေ မင်းနေလင်း အစစ်မှဟုတ်ရဲ့လား

အသားခပ်လတ်လတ်ပေါ် အဖြူရောင် shirt လေးဝတ်ထားတော့ ပိုသန့်နေသလို

ဒီလိုရုပ်ချောချောနဲ့ ဒီအသံသြရှရှလေးဆိုရင် မင်းနေလင်းဆိုတာမှန်တော့မှန်ပါတယ်

" အင်း "

" ဂိုဂို ဟိုစာအုပ် ဘယ်နားမှာတွေ့မိသေးလဲ "

အော်ရင်း အိမ်ထဲကပြေးထွက်လာတဲ့ ဂွန်းဂွန်း ဒီမှာ အစ်ကိုက ကြည်နူးမယ်မကြံသေးဘူး

" ငါ့ စာအုပ်စင်မှာ ရှာကြည့် "

" မေနှင်းမြင့်မိုရ် လာလေ ငါတို့စကားပြောနေတာ "

" ပြောရအောင်ဘာပြောစရာရှိလို့လဲ "

သေလိုက်ပါလား ဒီဂွန်းဂွန်းမနဲ့တော့

" အိမ်ကိုလာတဲ့ ဧည့်သည်ပဲ ငါတို့သူငယ်ချင်းပဲဟာကို ဂွန်းဂွန်းကလဲ "

" အဲ့ဒါဆိုလဲ နင့်ဟာနင်ပြော ငါတော့ စာအုပ်သွားဖတ်တော့မယ် မအားဘူး "

ပြောပြီးပြီးချင်း ကော့တော့ ကော့တော့နဲ့ လှည့်ထွက်သွားသော ဂွန်းဂွန်း

" ဂွန်းဂွန်းက အဲ့ အတိုင်းပဲ "

" အင်း ရပါတယ် "

" ငါ့ကိုလဲ ဂိုဂိုပဲခေါ်ပေါ့ နာမည် အရှည်ကြီးခေါ်ရတာ မပင်ပန်းဘူးလား "

" အင်း "

" မင်းမှာရော အိမ်ခေါ်နာမည်မရှိဘူးလား "

" အင်းးးးးး မရှိဘူး သားလို့ပဲခေါ်တာ "

အင်း ဆိုပြီး မျက်လုံးလေး အပေါ်လှန်ကြည့်ကာ နှုတ်ခမ်းလေးကိုနည်းနည်းထော်ပြီး စဉ်းစားရင်းပြောနေတဲ့ ပုံလေးက အသည်းယားစရာ

" ရတယ် အဲ့ဒါဆို မင်းနေ လို့ပဲခေါ်မယ် ဟုတ်ပြီလား "

" အင်း ကောင်းတယ် မဆိုးဘူး "

ဂိုဂို ပါးချိုင့်လေးပေါ်အောင်ရယ်လိုက်မိသည်
ဘာမှမစဉ်းစားပဲ ဒီအတိုင်းလေး သူ့ဘေးမှာရှိနေရတာပဲ အဆင်ပြေပါတယ်

**************************************

မင်းနေလင်းနဲ့ သူငယ်ချင်းဖြစ်ရတာ တော်တော်အဆင်ပြေသည်

မနက်ပိုင်း breakfast တူတူ စားကြရင်း ဂွန်းဂွန်း ဆူပုတ်နေသည်ကိုကြည့်ပြီး လိုက်စရတာပျော်ဖို့ကောင်းသည်

Breakfast စားပြီးကတည်းက မိုနိုပိုလီဆော့နေကြတာ နေ့လည်စာစားချိန်ရောက်ခံနီးထိပင်အချိန်ကကုန်မှန်းတောင်အသိလိုက်

မြေကွက်ဝယ်လိုက် အိမ်ဝယ်လိုက် လေလံဆွဲလိုက်လုပ်နေတာမို့

" မင်းနေ မညစ်နဲ့နော် အကြွေးထားလို့မရဘူး ပေး အိမ်ငှားခ "

" ဒီမှာ အကြွေမရှိလို့ပါဆို ဂိုဂိုကလဲ အချင်းချင်းတွေကို စထွက်အကွက်ဖြတ်တော့မှယူ "

" မင်းနေစုတ် "

တကယ်စိတ်မဆိုးပေမဲ့ စိတ်ဆိုးချင်ယောင်ဆောင်ရသည်

နှုတ်ခမ်းလေးကို မသိမသာထော်ရင်း ဆက်ကစားနေစဉ်

" ဟွန့် "

ဂွန်းဂွန်း အခန်းတံခါးဝက လာချောင်းကာ စိတ်ကောက်ပြီး ပြန်လှည့်ထွက်သွားသည်

" မင်း ညီမ စိတ်ကောက်သွားပြီ သွားချော့ရအောင် "

" ဂွန်းဂွန်းက အဲ့အတိုင်းပဲ "

ပစ်ထားလိုက်ချင်ပေမဲ့ မင်းနေနဲ့ ဂွန်းဂွန်းမတည့်ကြရင် သူလဲ မကောင်းတာမို့ နှစ်ယောက်သားခင်သွားကြရန် သူ့မှာ တာဝန်ရှိသည်လို့ ခံယူလိုက်သည်

**************************************

ဒေါက်...ဒေါက်

*ဂွန်း* ဆိုပြီး တံခါးဝမှာ ဝက်ဝံရုပ်လေးတွေနဲ့ sailor moon ပုံစံ အရုပ်ကလေးတွေ ချိတ်ထားသောအခန်းလေးရှေ့ရောက်တော့

ဂိုဂိုက တံခါးခေါက်လိုက်သည်

" ငါဝင်လာပြီနော် "

ဘာမှပြန်မပြော

မင်းနေကို မျက်ရိပ်ပြကာ တံခါးဖွင့်ပြီးအထဲဝင်လိုက်သည်

မင်းနေကလဲ ဂိုဂို့ကို နှုတ်ခမ်းတင်းတင်းစေ့ပြီး ခေါက်ညိမ့်ပြလိုက်သည်

မသိရင် Mission လုပ်မဲ့ spy တွေလိုလို ဘာလိုလိုနဲ့
အခန်းထဲရောက်တော့ ဂွန်းဂွန်း ဝရံတာက တစ်ယောက်ထိုင် ပုခက်ပုံစံဒန်းလေးပေါ်မှာ ph ထိုင်သုံးနေသည်

ဘေးနားက စားပွဲဝိုင်းသေးသေးလေးပေါ်မှာတော့ Cola ဘူး နဲ့ စားလက်စ ပူတင်းပန်းကန်
သူတို့နှစ်ယောက်သာ မတ်တပ်ရပ်နေတာ ဂွန်းဂွန်းကတော့ မော့တောင်မကြည့်

" ဂွန်းဂွန်း စိတ်ကောက်နေတာလား "

" ဂွန်းဂွန်း ဘာဖြစ်လို့လဲ "

" ဂွန်းဂွန်း စကားမပြောဘူးလား "

" ဂွန်းဂွန်း "

" ဂွန်းလေးရေ "

ဘာဆက်လုပ်ရမလဲ ဆိုတဲ့ ပုံစံနဲ့ မင်းနေကိုကြည့်မိတော့ သူက ငါလုပ်မယ်ဆိုတဲ့ပုံစံနဲ့ ခေါင်းညိမ့်ပြတော့ လုပ်ချင်တာလုပ်ဆိုပြီး ဂိုဂို နောက်ဆုတ်ပေးလိုက်သည်

အဲ့တော့မှ မင်းနေလင်းက

" ဂွန်းဂွန်း ငါ ရန်ကုန်က chocolate cake မှာထားတာ အခုလူကြုံနဲ့ အိမ်ရောက်ပြီပြောတယ် နင်က chocolate cake ကြိုက်တယ်လို့ ဂိုဂိုကပြောလို့ မနက်ဖြန်ယူလာခဲ့ရမလား လာမေးတာ "

" 77 cake လား "

" အင်းဟုတ်တယ် "

" ယူလာခဲ့လိုက်လေ "

" အဲ့တာဆို မနက်ဖြန် breakfast အဲ့ cake စားကြမယ်နော် "

" ဒါနဲ့ နင့်ကို ဘယ်သူက ဂွန်းဂွန်းလို့ခေါ်ခိုင်းလို့လဲ "

" တစ်အိမ်လုံးခေါ်နေတာကို "

" ပြီးရော မနက်ဖြန် cake ယူလာခဲ့ အခုတောင် ဗိုက်ဆာသွားပြီ "

ဂွန်းဂွန်းက စားပွဲပေါ်တင်ထားသော cola ကကိုမော့သောက်ရင်း ပူတင်းနောက်ဆုံးကျန်တဲ့ တစ်ဇွန်းကို ခပ်စားကာ ပြောလိုက်သည်

" အဲ့တာဆို ငါနဲ့လိုက်ခဲ့လာ ရွှေထုံမောင်မှာ ဖာလူဒါ သွားသောက်မယ် "

" အပြင်မထွက်ချင်ဘူး "

" ဝယ်လာခဲ့မယ် ဂိုဂိုနဲ့သွားလိုက်ဦးမယ် အဲ့တာဆို "

" ပြီးရော "

ချက်ချင်းပင်အဆင်ပြေသွားကြသော ဂွန်းဂွန်းနဲ့ မင်းနေလင်း ကိုကြည့်ရင်း ဂိုဂို တရားကာ တောထွက်ချင်သလိုတောင် ဖြစ်သွားသည်

တတ်လဲ တတ်နိုင်တဲ့ ဂွန်းဂွန်းမ

ရှေ့ကနေ မင်းနေလင်းက ဂွန်းဂွန်းအခန်းထဲက ထွက်သွားတော့ ဘုမသိဘမသိနဲ့ မင်းနေလင်းသွားတဲ့နောက်သာလိုက်ခဲ့သည်

" မင်းနေ ဘယ်သွားမလို့လဲ "

" ရွှေထုံမောင်လေ ဖာလူဒါဝယ်မလို့ "

" မကြိုက်ပါဘူး ဖာလူဒါကြီး "

" အဲ့တာဆို တစ်ခြားဟာ ဆိုင်မှာထိုင်စား ဂွန်းဂွန်းအတွက်တော့ အပြန်ဝယ်သွားရမယ် "

" ပြီးရော "

ဆိုင်ကယ်ထုတ်နေသော မင်းနေလင်းကြောင့် အံ့သြသွားသည်

( အမှန်တော့ ရင်ခုန်သွားတာပါ )

" မင်းနေ ဆိုင်ကယ်က ဘယ်သူမောင်းရမှာလဲ "

" ငါမောင်းမှာပေါ့ "

" တော်သေးတာပေါ့ ငါ့များမောင်းခိုင်းရင် သိပ်မမောင်းတတ်သေးလို့ မင်းကို မနိုင်ဘူးပြောမလို့ ဟီးဟီး "

ကိုယ့်ဟာကိုယ်လျှောက်တွေးမိတာကြောင့် ရှက်ရယ်ရယ်ရင်း မင်းနေလင်းနောက်မှာထိုင်လိုက်သည်

" သွားမယ် ကိုင်ထား ပြုတ်ကျရင် ဂွန်းဂွန်း ငါ့ကို သတ်လိမ့်မယ် "

" အင်း "

ပြောသာပြောတာ သိပ်တော့ မကိုင်ရဲ မင်းနေလင်း ရဲ့ နောက်ကျောဘက်က အင်္ကျီစလေးကိုသာ တင်းတင်းဆွဲပြီးလိုက်ခဲ့သည်

ဆိုင်ကယ်စီးဦးထုပ်ကြောင့် မျက်နှာတစ်ဝက်သာပေါ်သည့် မင်းနေလင်းကို ငေးကြည့်နေမိသည်

နောက်က ကြည့်နေတာမို့ jawline လေးကအထင်းသား

လည်ကုပ်ပေါ်ဆံပင်အစပ်နားက အမွှေးရေးရေးလေး
ဘုရားရေ ငါဘာတွေစဉ်းစားနေမိတာပါလိမ့်

ကိုယ့်ကိုကိုယ် ပြန် တွေးမိရင်း ခေါင်းကိုအတင်းခါမိလိုက်သည်

" ဂိုဂို ဘာတွေ ဒီလောက်ခေါင်းခါနေတာလဲ "

" ဟင့်အင်း ဟင့်အင်း ဘာမှမဟုတ်ဘူး "

" အေးပါ ဘယ်သူက ဘာပြောလို့လဲ "

ပြောနေရင်းနဲ့ ဆိုင်ရောက်သွားတော့ ဆိုင်ကယ်ပေါ်က ခုန်ဆင်းလိုက်သည်

" ထိုင်မစားချင်တော့ဘူး အိမ်ပဲဝယ်သွားရအောင် "

မင်းနေလင်းနဲ့ နှစ်ယောက်တည်းရှိနေရင် မဟုတ်ကဟုတ်ကတွေထပ်တွေးနေမိမှာဆိုးလို့ အိမ်ပဲပြန်ချင်နေတော့သည်

" အင်း ဘာစားချင်လဲ မှာလိုက်မယ် "

" ရတယ် ကြိုက်တာမှာလာခဲ့တော့ "

ဆိုင်ထဲလဲ နည်းနည်းလူရှုပ်နေတာမို့ ဆိုင်ကယ်ဘေးမှီပြီး အပြင်သာထွက်နေမိတော့သည်

ခဏနေတော့ မင်းနေလင်း တစ်ယောက် မုန့်ထုပ်တွေနဲ့ထွက်လာသည်

အမှန်တော့ ဂိုဂိုက အစားအစာပေါ်အဲ့လောက် အာရုံမရှိ စားစရာရှိစားသည်

ဘာဖြစ်ဖြစ် စားရမယ်ဆို စားလိုက်တာ ရွေးနေတာမို့သိပ်မရှိ

ရွေးနေတာကတော့ စိတ်ဖြစ်သည်

အရင်နေ့က ရေခဲမုန့်မစားချင်ပေမဲ့ ဒီအချိန်တော့စားချင်စားသည် အဲ့လိုမျိုး

ဖာလူဒါတော့ အရင်က တူတူ ဂွန်းဂွန်းနဲ့စားနေကြဖြစ်ပေမဲ့ ဒီနေ့ စိတ်မပါလို့ ဖာလူဒါမကြိုက်ဘူးလို့ပြောမိခြင်း

အဲ့တာ မင်းနေလင်းတစ်ယောက် အစားဂျီးများတယ်ထင်ပြီး ဘာတွေဝယ်လာလဲမသိ

" ပေးလေ အထုပ်တွေ ကိုင်ပေးမယ် "

လက်လှမ်းပေးလိုက်ပေမဲ့ လက်ထဲ အထုပ်တွေမထည့်ပဲ လက်ချောင်းရှည်ရှည်သွယ်သွယ်သာရောက်လာသည်

" ဘာမှတောင်းမနေနဲ့ တက် "

လက်ဆွဲပြီး ဆိုင်ကယ်ပေါ်တက်ခိုင်းကာ ပြုံးပြရင်းပြောလိုက်တော့

ဂိုဂိုတစ်ယောက် ကမ္ဘာကြီးနဲ့ အဆက်အသွယ်ပျက်သွားသည်

စိတ်နဲ့ လူနဲ့ ပြန်ကပ်တော့ အိမ်တောင်ရောက်နေပြီ

" ဂွန်းဂွန်းရေ ငါတို့ရောက်ပြီ ခြံထဲဆင်းလာခဲ့တော့ မုန့်စားမယ် "

ခြံထဲက ကျောက်ခုံ အဝိုင်းလေးမှာ ထိုင်ပြီး မုန့်စားရင်း စကားပြောကာ ပြုံးပျော်နေကြသော မင်းနေလင်းနဲ့ ဂွန်းဂွန်းကို ကြည့် ပြီးသာ ငြိမ်ငြိမ်လေး မုန့်ထိုင်စားနေမိသည်

အင်း...

တစ်နေ့တော့ မင်းနေလင်းပေါ် ဘယ်လိုသဘောထားနေမိလဲဆိုတာ နားလည်လာမိမယ်ထင်တယ်

🌿🌿🌿

Continue Reading

You'll Also Like

79.2K 6.6K 35
မင်းကို​ပြောပြချင်တဲ့အ​ကြောင်းအရာ​တွေအတွက်အခွင့်ရှိနိုင်ပါ့မလား....
281K 14K 26
အိမ်ထောင်သည်ရဲ့အချစ်ဦး
411K 12.8K 22
အချစ်ကြမ်းသူလူဆိုးကြီး သူရသစ် နှင့် ခွန်းရသတို့ရဲ့အချစ်လမ်းခရီးကဖြောင့်ဖြူးလေမလား ဒါဒါတို့ဖတ်ခြင်ကြလား ကြိုပြောပါမယ် 18+ပါပါမယ်နော် အချစ်ကြမ်းသူလူဆို...
831K 126K 200
This is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.