You Are The Other Half Of Me

By Memo227

171K 10.1K 481

ကုိယ္​ခ်စ္​​ရ​ေသာ ... ​ကုိယ္႕​​ရဲ႕. .....အသည္​းတျခမ္​း​ "လင္​း" ♡ ♡ ♡ ကိုယ်ချစ်ရသော... ကိုယ့်ရဲ့ ..... အသည်းတ... More

Profile & Characters
memo 1
memo 2
memo 3
memo 4
memo 5
memo 6
memo 8
memo 9
memo 10
memo 11
memo 12
memo 13
memo 14
memo 15
memo 16
memo 17
memo 18
memo 19
memo 20
memo 21
memo 22
memo 23
memo 24
memo 25
memo 26
memo 27
memo 28
memo 29
memo 30
memo 31
Acknowledgement
memo 32
memo 33
memo 34
memo
memo 35
memo 36
memo 37
memo 38 (Final)
Plz
Extra 1

memo 7

3.3K 243 2
By Memo227

[ZawGyi]


​ေနာက္​တစ္​ပတ္​ျကေတာ့ လင္​းသူက ခြင္​့ယူၿပီး ​ေနျပည္​​ေတာ္​ကို ခရီးထြက္​သြားတယ္​။

ခ်စ္​သူ​ေအာင္​လည္​း ဒီရက္​ပိုင္​း လင္​းသူမ႐ွိ​ေတာ့ ​ေသာ္​ဇင္​နား ကပ္​ၿပီး ​ေလ​ေပါရတာ​ေပါ့။ ခါတိုင္​း လင္​းသူ႐ွိရင္​​ေတာ့ အလုပ္​အားတာနဲ႔ လင္​းသူနား ကပ္​ၿပီး သူ႔အ​ေၾကာင္​း​ေတြ စပ္​စု​ေနၾက​ေလ။

" ​​ဒါနဲ႔ ​ေသာ္​ဇင္​ ... လင္​းသူက တို႔​ေတြ ​ေနျပည္​​ေတာ္​မွာ အလုပ္​စဝင္​ရတုုန္​းက​ေရာ သူ႔အ​ေဖဆီမွာ ​ေနတာလား "

" မ​ေနပါဘူး အ​ေဆာင္​မွာပါ"

" ​အင္​း... မန္း​ေလးျပန္​​ေရာက္​တာမွ မၾကာ​ေသးဘူး ​သူ႔အ​ေဖဆီ သြား​ေတြ႔တယ္​ဆို​ေတာ့ သူက အ​ေဖခ်စ္​သားပဲ ​ေနမယ္​"

" ဟမ္​! မင္​း မသိဘူးလား။ လင္​းသူက သူ႔အ​ေဖကိုသြား​ေတြ႔တာမဟုတ္​ဘူး​ဟ။ ဟန္​မင္​း​ေထြး​ေနျပည္​​ေတာ္​ လာမွာမို႔ သြားတာ​။ ဟို​ေန႔က ရံုးမွာမို႔ မ​ေျပာလိုက္​တာ။ ငါတို႔​ေတာ့ ​ေျပာသြားတယ္​။ ငါက မင္​းသိၿပီးသားထင္​​ေနတာ"

အဲဒီလို ၾကားလိုက္​ရ​ေတာ့ ခ်စ္​သူ​ေအာင္​ ရင္​ထဲ ​ေအာင္​့သြားသလုိပဲ။ ဝမ္​းနည္​းတာလိုလို ဘာလိုလို​နဲ႔။ အတူတူ ​ေပါင္​း​ေနတဲ့ သူငယ္​ခ်င္​းအခ်င္​းခ်င္​းမွာ က်န္​တဲ့ နွစ္​​ေယာက္​သိၿပီး ကုိယ္​ တစ္​ေယာက္​ပဲ မသိရဘူးဆိုတာ သိလိုက္​ရ​ေတာ့ ကိုယ္​က အ​ေရးမပါသလို ခံစားလိုက္​ရတယ္​။

သူျပန္​လာရင္​​ေတာ့ ဘာမွမ​ေမးပဲ​ေနဖို႔ ဆံုးျဖတ္​လိုက္​တယ္​။ သူမ်ား မသိ​ေစခ်င္​တာကို သြား​ေမးလို႔ အဆင္​​ေျပတာ မ႐ွိဘူးလို႔ပဲ ​ေတြးလိုက္​တယ္​။

​ေသာၾကာ​ေန႔မွာ လင္​းသူ ရံုးျပန္​တက္​တယ္​။ ပံုစံက​ေတာ့ လံုးဝ တက္​တက္​ႂကြႂကြမ႐ွိဘူး။ တိတ္ဆိတ္​​ေနတယ္။ ​သူ႔ပံုကို ၾကည္​့လိုက္​တာနဲ႔ ဟိုမွာတစ္​ခုခု ျဖစ္​ခဲ့မွန္​း သိႏိုင္​တယ္​။

အရင္​လို အျမဲစပ္စု​​ေနတဲ့ ခ်စ္​သူ​ေအာင္​ ကလည္​း ဒီတခါ တိတ္​ဆိတ္​​ေနတယ္​။ လင္​းသူကို ခရီးအ​ေၾကာင္​း လံုးဝမ​ေမးဘူး။

ေန႔လည္​ပိုင္​း​ သူတို႔ ထမင္​းစားခ်ိန္​ၾက​ေတာ့...

"လင္​းသူ ... ​ေနျပည္​​ေတာ္​သြားတာ အဆင္​​ေျပရဲ႕လား...မင္​းရဲ႕ ​'​ေထြး' နဲ႔​ေရာ ​ေတြ႔ခဲ့ရဲ႕လား "

ဆိုၿပီး ကိုၿဖိဳးက ထ​ေမးလိုက္​တယ္​။ လင္​းသူက​ေတာ့ ​ေအးတိ​ေအးစက္​နဲ႔ပဲ ​ေခါင္​းၿငိမ္​့ၿပီး

" ဟုတ္​ .. ​ေတြ႔ခဲ့တယ္​ ကိုၿဖိဳး" ဆိုၿပီး ဆက္​မ​ေျပာ​ေတာ့ဘူး။ အဲဒါနဲ႔ ကိုၿဖိဳးကပဲ ဆက္​​ေမးရတယ္​

" ဟိုမွာ တစ္ခုခုျဖစ္ခဲ့လို့​​​လား ​" ဆို​ေတာ့မွ လင္း​သူ မ်က္​ႏွာက ပို​ေမွာင္​သြားၿပီး

" အင္​း နည္​းနည္​း " ဆိုၿပီး ဆက္​မ​ေျပာခ်င္​တဲ့ ပံုနဲ႔​ျဖစ္​​ေနတယ္​။

ကိုၿဖိဳးလည္​း ကိုယ္​ကအႀကီးမို႔ ဝတၱရားအရ ​ေမးၾကည္​့ရတာဆို​ေတာ့ သူက မ​ေျပာခ်င္​​လည္​း ဆက္​မ​ေမး​ေတာ့ဘူး။

ဒီ​ေနရာမွာ တစ္​ခု​ေျပာစရာ႐ွိတာက ဟန္​မင္​း​ေထြးနဲ႔ လင္​းသူ ဆက္​ဆံ​ေရးကို က်န္​တဲ့ ၃ ​ေယာက္​က သိ​ေနၾကတာလား ဆိုတာပဲ။ လင္​းသူမွာက သူ႔ပင္​ကုိယ္​စ႐ိုက္​အရ အ​ေပါင္​းအသင္​း သိပ္​မ႐ွိဘူး။ အလုပ္​ထဲ ​ေရာက္​မွသာ ဆိုးတိုင္​ပင္​ ​ေကာင္​းတိုင္​ပင္​ လုပ္​​ေဖာ္​ကိုင္ဖက္​ သူငယ္​ခ်င္​း​ေတြ ရလာတာ။ ခု​ေနာက္​ပိုင္​းဆို သူတို႔မွာ ၫႊန္​မႉးကို မ​ေက်နပ္​တဲ့ အ​ေၾကာင္​း ရင္​ဖြင္​့ရင္​း ပိုပို ရင္​းႏီွးလာၾကတာ။

အဲဒီ​ေတာ့ သူနဲ႔ ဟန္​မင္​း​ေထြးနဲ႔ အရမ္​းခင္​တဲ့အ​ေၾကာင္​းသိတာ မဆန္​းပါဘူး။ လင္​းသူက ဟန္​မင္​း​ေထြးဆို ဂ႐ုစိုက္​လြန္​းတာတို႔ စာ​ေရးၿပီး ခန ခန ပို႔တာတို႔ ဆိုတာက ​ေဘာ္​ဒါက႑ထက္​ ​ေက်ာ္​​ေနတာကိုလည္​း သူတို႔ သိၾကတယ္​​ေလ။

လင္​းသူကလည္​း သူတို႔​ေတြကို ဟန္​မင္​း​ေထြး ဘယ္​​ေလာက္​ လိမၼာ​ေၾကာင္​း ဘယ္​​ေလာက္​​ေတာ္​​ေၾကာင္​း သတိရတဲ့အခါ ​ေျပာျပတတ္​တာ​ေၾကာင္​့လည္​း ပါတယ္​။

ဟန္​မင္​း​ေထြးအ​ေၾကာင္​းကို လင္​းသူက ရံုးမွာ​ေျပာတဲ့အခါ '​​ေထြး' ဆိုျပီး nick name နဲ႔ ​ေျပာတယ္​။ နဲနဲ​ေတာ့ ရယ္​ခ်င္​စရာႀကီး​ေနာ္​။ ​ေကာင္​မ​ေလး နာမည္​လိုလို ဘာလိုလိုနဲ႔။ လင္​းသူ မ်က္​စိထဲမွာ ဟန္​မင္​း​ေထြးက '​ေထြး' လို႔ ​ေခၚခ်င္​စရာ ျဖစ္​​ေနပံုပဲ။

ခ်စ္​သူ​ေအာင္​က​ေတာ့ နဂိုတည္​းက လင္​းသူနဲ႔ ဟန္​မင္​း​ေထြး ဆက္​ဆံ​ေရးကို စိတ္​ဝင္​စားတဲ့သူဆို​ေတာ့ လင္​းသူ​ေျပာသမွ် ဟန္​မင္​း​ေထြးအ​ေၾကာင္​း အကုန္​ စိတ္္ရွည္ရွည္နဲ့ ​​​​နား​ေထာင္​​ေပးတတ္​တယ္​။

အခုတစ္​​ေခါက္​လည္​း လင္​းသူ ​ေနျပည္​​ေတာ္​မွာ စိတ္​ညစ္​စရာ ၾကံဳလာတာ​ေၾကာင္​့ တစ္​​ေယာက္​​ေယာက္​ကို ​ရင္​ဖြင္​့ခ်င္​တယ္​။ အားလံုး​ေ​ရွ့မွာ​ေတာ့ သူ႔ျပသနာကို ႐ွင္​းမျပခ်င္​​ေပမယ္​့ တစ္​​ေယာက္​​ေယာက္​ကို​ေတာ့ ​ေျပာျပခ်င္​တယ္​။ အဲဒါမွ ရင္​ထဲမွာ ​ေနသာမယ္​လို႔လည္​း ထင္​​တယ္​​ေလ ......

ဒါ​ေပမယ္​့ ခ်စ္​သူ​ေအာင္​က အရင္​လို သူ႔နားမလာ​ေတာ့လဲ.....

____________________________

[Unicode]


နောက်တစ်ပတ်ကြတော့ လင်းသူက ခွင့်ယူပြီး နေပြည်တော်ကို ခရီးထွက်သွားတယ်။

ချစ်သူအောင်လည်း ဒီရက်ပိုင်း လင်းသူမရှိတော့ သော်ဇင်နား ကပ်ပြီး လေပေါရတာပေါ့။ ခါတိုင်း လင်းသူရှိရင်တော့ အလုပ်အားတာနဲ့ လင်းသူနား ကပ်ပြီး သူ့အကြောင်းတွေ စပ်စုနေကြလေ။

" ဒါနဲ့ သော်ဇင် ... လင်းသူက တို့တွေ နေပြည်တော်မှာ အလုပ်စဝင်ရတုန်းကရော သူ့အဖေဆီမှာ နေတာလား "

" မနေပါဘူး အဆောင်မှာပါ"

" အင်း... မန်းလေးပြန်ရောက်တာမှ မကြာသေးဘူး သူ့အဖေဆီ သွားတွေ့တယ်ဆိုတော့ သူက အဖေချစ်သားပဲ နေမယ်"

" ဟမ်! မင်း မသိဘူးလား။ လင်းသူက သူ့အဖေကိုသွားတွေ့တာမဟုတ်ဘူးဟ။ ဟန်မင်းထွေးနေပြည်တော် လာမှာမို့ သွားတာ။ ဟိုနေ့က ရုံးမှာမို့ မပြောလိုက်တာ။ ငါတို့တော့ ပြောသွားတယ်။ ငါက မင်းသိပြီးသားထင်နေတာ"

အဲဒီလို ကြားလိုက်ရတော့ ချစ်သူအောင် ရင်ထဲ အောင့်သွားသလိုပဲ။ ဝမ်းနည်းတာလိုလို ဘာလိုလိုနဲ့။ အတူတူ ပေါင်းနေတဲ့ သူငယ်ချင်းအချင်းချင်းမှာ ကျန်တဲ့ နှစ်ယောက်သိပြီး ကိုယ် တစ်ယောက်ပဲ မသိရဘူးဆိုတာ သိလိုက်ရတော့ ကိုယ်က အရေးမပါသလို ခံစားလိုက်ရတယ်။

သူပြန်လာရင်တော့ ဘာမှမမေးပဲနေဖို့ ဆုံးဖြတ်လိုက်တယ်။ သူများ မသိစေချင်တာကို သွားမေးလို့ အဆင်ပြေတာ မရှိဘူးလို့ပဲ တွေးလိုက်တယ်။

သောကြာနေ့မှာ လင်းသူ ရုံးပြန်တက်တယ်။ ပုံစံကတော့ လုံးဝ တက်တက်ကြွကြွမရှိဘူး။ တိတ်ဆိတ်နေတယ်။ သူ့ပုံကို ကြည့်လိုက်တာနဲ့ ဟိုမှာတစ်ခုခု ဖြစ်ခဲ့မှန်း သိနိုင်တယ်။

အရင်လို အမြဲစပ်စုနေတဲ့ ချစ်သူအောင် ကလည်း ဒီတခါ တိတ်ဆိတ်နေတယ်။ လင်းသူကို ခရီးအကြောင်း လုံးဝမမေးဘူး။

နေ့လည်ပိုင်း သူတို့ ထမင်းစားချိန်ကြတော့...

"လင်းသူ ... နေပြည်တော်သွားတာ အဆင်ပြေရဲ့လား...မင်းရဲ့ 'ထွေး' နဲ့ရော တွေ့ခဲ့ရဲ့လား "

ဆိုပြီး ကိုဖြိုးက ထမေးလိုက်တယ်။ လင်းသူကတော့ အေးတိအေးစက်နဲ့ပဲ ခေါင်းငြိမ့်ပြီး

" ဟုတ် .. တွေ့ခဲ့တယ် ကိုဖြိုး" ဆိုပြီး ဆက်မပြောတော့ဘူး။ အဲဒါနဲ့ ကိုဖြိုးကပဲ ဆက်မေးရတယ်

" ဟိုမှာ တစ်ခုခုဖြစ်ခဲ့လို့လား " ဆိုတော့မှ လင်းသူ မျက်နှာက ပိုမှောင်သွားပြီး

" အင်း နည်းနည်း " ဆိုပြီး ဆက်မပြောချင်တဲ့ ပုံနဲ့ဖြစ်နေတယ်။

ကိုဖြိုးလည်း ကိုယ်ကအကြီးမို့ ဝတ္တရားအရ မေးကြည့်ရတာဆိုတော့ သူက မပြောချင်လည်း ဆက်မမေးတော့ဘူး။

ဒီနေရာမှာ တစ်ခုပြောစရာရှိတာက ဟန်မင်းထွေးနဲ့ လင်းသူ ဆက်ဆံရေးကို ကျန်တဲ့ ၃ ယောက်က သိနေကြတာလား ဆိုတာပဲ။ လင်းသူမှာက သူ့ပင်ကိုယ်စရိုက်အရ အပေါင်းအသင်း သိပ်မရှိဘူး။ အလုပ်ထဲ ရောက်မှသာ ဆိုးတိုင်ပင် ကောင်းတိုင်ပင် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေ ရလာတာ။ ခုနောက်ပိုင်းဆို သူတို့မှာ ညွှန်မှူးကို မကျေနပ်တဲ့ အကြောင်း ရင်ဖွင့်ရင်း ပိုပို ရင်းနှီးလာကြတာ။

အဲဒီတော့ သူနဲ့ ဟန်မင်းထွေးနဲ့ အရမ်းခင်တဲ့အကြောင်းသိတာ မဆန်းပါဘူး။ လင်းသူက ဟန်မင်းထွေးဆို ဂရုစိုက်လွန်းတာတို့ စာရေးပြီး ခန ခန ပို့တာတို့ ဆိုတာက ဘော်ဒါကဏ္ဍထက် ကျော်နေတာကိုလည်း သူတို့ သိကြတယ်လေ။

လင်းသူကလည်း သူတို့တွေကို ဟန်မင်းထွေး ဘယ်လောက် လိမ္မာကြောင်း ဘယ်လောက်တော်ကြောင်း သတိရတဲ့အခါ ပြောပြတတ်တာကြောင့်လည်း ပါတယ်။

ဟန်မင်းထွေးအကြောင်းကို လင်းသူက ရုံးမှာပြောတဲ့အခါ 'ထွေး' ဆိုပြီး nick name နဲ့ ပြောတယ်။ နဲနဲတော့ ရယ်ချင်စရာကြီးနော်။ ကောင်မလေး နာမည်လိုလို ဘာလိုလိုနဲ့။ လင်းသူ မျက်စိထဲမှာ ဟန်မင်းထွေးက 'ထွေး' လို့ ခေါ်ချင်စရာ ဖြစ်နေပုံပဲ။

ချစ်သူအောင်ကတော့ နဂိုတည်းက လင်းသူနဲ့ ဟန်မင်းထွေး ဆက်ဆံရေးကို စိတ်ဝင်စားတဲ့သူဆိုတော့ လင်းသူပြောသမျှ ဟန်မင်းထွေးအကြောင်း အကုန် စိတ်ရှည်ရှည်နဲ့ နားထောင်ပေးတတ်တယ်။

အခုတစ်ခေါက်လည်း လင်းသူ နေပြည်တော်မှာ စိတ်ညစ်စရာ ကြုံလာတာကြောင့် တစ်ယောက်ယောက်ကို ရင်ဖွင့်ချင်တယ်။ အားလုံးရှေ့မှာတော့ သူ့ပြသနာကို ရှင်းမပြချင်ပေမယ့် တစ်ယောက်ယောက်ကိုတော့ ပြောပြချင်တယ်။ အဲဒါမှ ရင်ထဲမှာ နေသာမယ်လို့လည်း ထင်တယ်လေ ......

ဒါပေမယ့် ချစ်သူအောင်က အရင်လို သူ့နားမလာတော့လဲ.....

Continue Reading

You'll Also Like

4.4M 326K 52
အနိမ့္အျမင့္ အတက္အက် ေျပာင္းလဲေနတဲ့ ဘဝႀကီးမွာ ကံၾကမၼာရဲ႕ ႀကိဳးဆြဲရာကို က်ေနာ္ ခံႏိုင္ရည္႐ွိသမ်ွ ကခဲ့ရတယ္။ ဘဝတစ္ခုကိုႀကိဳးစားေ႐ွ႕ဆက္ေနခ်ိန္ က်ေနာ့္ရဲ႕...
275K 30.2K 41
ငယ္​ငယ္​​ေလးတုန္​းက..ပညာ​ေရးမွာၿပိဳင္​ခဲ့ၾကတယ္​.....အရြယ္​​ေရာက္​​ေတာ့...ႏွလံုးသားခ်င္​းၿပိဳင္​ၾကည္​့ရ​ေအာင္​......?? Cover by @byunasunapark00
2.2M 213K 90
(Unicode & Zawgyi) သူက ကျွန်တော့်ရဲ့ နှလုံးသားမှာ စိုက်ဝင်နေတဲ့.....ဆူး.....။