[ ZawGyi ]
💌
ဒီေန႔ရံုးကို စာတိုက္က စာေရာက္လာတယ္ by name နဲ႔ ေလ။ လင္းသူဆီိကုိေပါ့။ ပံုမွန္ဆို ရံုးကို ရံုးစာပဲ လာတာမ်ားတယ္။ personal စာကေတာ့ လာခဲတယ္ဆိုေတာ့ အဲလိုစာမ်ိဳးလာရင္လည္း အားလံုးက စိတ္ဝင္စားၾကတယ္။ ဘယ္သူကပို႔တာလဲ? ေကာင္မေလးဆီကလား? ဘာလား? ညာလား? နဲ႔ ဝိုင္းေမးၾကတာက ရံုးရဲ႕ ထံုးစံပဲေလ။ ပါဆယ္ထုပ္ဆိုရင္လည္း မေဖာက္ေသးဘူးလား? ဘာေတြပါလဲ? တို႔ေပါ့။
ထံုးစံအတိုင္း ကိုယ္တို႔လင္းသူ ကေတာ့ ႐ုပ္တည္နဲ႔ စာကိုလက္ခံထားလိုက္တယ္။ သူ႔ပံုစံက ဘယ္သူ႔ဆီကမွန္း သိၿပီးသား ျဖစ္ပံုပဲ။ ေသာ္ဇင္ ကေတာ့ ရင္းႏီွးပီးသားသူ ဆိုေတာ့ ဘယ္သူ႔ဆီကလဲ ဆိုၿပီး စာကို သြားၾကည့္တယ္။ ရံုးထဲကလူေတြကလည္း ေသာ္ဇင္ ဘာေျပာမလဲ ေစာင့္ၾကည့္ေနၾကတာေပါ့။
"ေအာ္ ဟန္းမင္းေထြး ဆီကပဲ"
"မင္းတို႔ ခုထိ အဆက္အသြယ္႐ွိၾကတယ္ေပါ့"
"မွန္းစမ္း ဘာေတြေရးထားလဲ ဖတ္ၾကည့္ရေအာင္" ဆိုၿပီး ေသာ္ဇင္က လင္းသူ ခ်ထားတဲ့ စာကို ေကာက္ယူလိုက္တယ္။
အမွန္ေတာ့ ေသာ္ဇင္က သူမ်ားစာကို တကယ္မဖတ္ပါဘူး ။ သူက စ ေနာက္လိုက္တာပါ။ ဒါေပမယ့္ လင္းသူ ကေတာ့ တကယ္ေပါက္ကြဲသြားတယ္။
ခ်က္ခ်င္းပဲ ေသာ္ဇင္လက္ထဲကစာကို လင္းသူက ဆြဲလုလိုက္တယ္။ သူ႔ရဲ႕ နဂိုျဖဴ ဝင္းေနတဲ့ မ်က္ႏွာက ေတာ္ေတာ္ေလးနီလာတယ္။ ဝိုး ဒီေကာင္တကယ္ေဒါသထြက္ေနတာပဲလို႔ ကိုယ္ေတြးလိုက္တယ္။
"မင္း ဘာလုပ္တာလဲ ေသာ္ဇင္" ဆိုေတာ့
ေသာ္ဇင္က အံ့ျသသြားၿပီး "ငါက စတာပါဟ" ဆုိၿပီး ေျပာလိုက္တယ္။
"ေနာက္ အဲလိုမလုပ္နဲ႔။ ငါ မႀကိဳက္ဘူး"
ကိုယ္လည္း ေတာ္ေတာ္အံ့ျသသြားတယ္။ ဒါေလး စတာနဲ႔ သူက အဲဒီလို ျဖစ္စရာလားေလ။ ေတာ္ေတာ္လည္း အျမင္ကပ္သြားတယ္။ အဲဒါနဲ႔...
"လင္းသူရာ မင္းစာက လ်ွိဳ ႕ ဝွက္ခ်က္ေတြမ်ား ေရးထားလို႔လား" "မင္းၾကည့္ရတာ အထိတ္တလန္႔႔႐ွိလိုက္တာကြာ" ဆိုေတာ့။ သူက ကိုယ့္ကို ဘုၾကည့္ ၾကည့္တယ္ဗ်။ ႐ုပ္ကေတာ့ ေတာ္ေတာ္စိတ္ဆိုးေနပံုပဲ။
စိတ္ထဲကေန ေတြးလိုက္တယ္။ ဒီေလာက္မျပခ်င္တဲ့စာကို ခိုးဖတ္လိုက္ရရင္ ေကာင္းမလားပဲ။ ခ်စ္သူေအာင္ ဆိုတာကလည္း သူမ်ားက မလုပ္နဲ႔ဆိုရင္ ပိုလုပ္ခ်င္တတ္တဲ့ လူစားမ်ိဳးေလ။ ဒါေပမယ့္ ဒီစိတ္ကူးကို လက္ေတြ႔အေကာင္အထည္ေဖာ္လိုက္ရင္ ဒီေကာင္နဲ႔ ကိုယ္နဲ႔ေတာ့ နပမ္းလံုး ရလိမ့္မယ္။ မျဖစ္ေသးပါဘူး ဆိုၿပီး လက္ေလ်ာ့လိုက္တယ္။
လူဆိုတဲ့ အမ်ိဳးကလည္း မေျပာပါနဲ႔ဆိုၿပီး ေျပာလိုက္ရင္ ပိုေျပာခ်င္ၿပီး မျပခ်င္ပါဘူးဆိုရင္ ပိုသိခ်င္တတ္ၾကတာဆိုေတာ့ ခက္သား။ ကိုယ္ကေတာ့ တေန႔ အဲဒီစာ ဖတ္ရေအာင္ကို လုပ္အံုးမယ္လို႔ ေတးထားလိုက္တယ္။
---------------
📆
လကုန္ရက္......
ဒီေန႔လစာထုတ္ရက္မွာ အရင္ ဘဏ္သြားေနၾက စာေရးေလးက မအားလို႔ဆိုၿပီး လူႀကီးက လင္းသူ ကို ဘဏ္မွာ လစာသြားထုတ္ခိုင္းတယ္။ အဲဒါက ျပသနာမဟုတ္ဘူး။ ျပသနာက ခ်စ္သူေအာင္နဲ႔ အတူသြားခိုင္းတာပဲ။ အဲဒီတစ္ေယာက္ကမွ ပစိပစပ္က မ်ားမ်ားရယ္။ ၿပီးေတာ့ ကိုယ္မရင္းႏွီးတဲ့သူနဲဲ႔ အျပင္မသြားခ်င္တာလည္း ပါတယ္။ ၿပီးေတာ့လည္း ဆိုင္ကယ္အတူစီးၿပီး သြားရမွာ။ ကြၽန္ေတာ့အတြက္ေတာ့ ေတာ္ေတာ္ေလး ကသိကေအာက္ ႏိုင္တယ္။
ရံုးက စထြက္ကတည္းက သူတို့နွစ္ေယာက္ဇာတ္လမ္းက စတာပါပဲ။ ခ်စ္သူေအာင္က မႏၱေလးသားျဖစ္တဲ့အျပင္ ဆိုင္ကယ္ကို ကြၽမ္းကြၽမ္းက်င္က်င္ေမာင္းတတ္ၿပီးသား ဆိုေတာ့ သူမ်ားေမာင္းတဲ့ေနာက္က ထိုင္လိုက္ရရင္ ေၾကာက္တယ္။ သူမ်ားေတြလည္း သူ႔လိုပဲလား မသိေပမယ့္ သူကေတာ့ သူမ်ားေမာင္းရင္ ေနာက္ကေနၾကည့္ၿပီး စိတ္တိုင္းလည္း မက်ဘူး။ ေၾကာက္လည္း ေၾကာက္တယ္။ ျဖစ္ႏိုင္ရင္ ကိုယ္ပဲဝင္ေမာငး္လိုက္ခ်င္တယ္ ဆိုတာမ်ိဳး။
အခုဟာက လင္းသူကို အေဖာ္လိုက္ေပးတာ ျဖစ္တာေၾကာင့္ရယ္ ျပ္ီးေတာ့ လင္းသူက အရပ္႐ွည္ေတာ့ သူ႔ကို တင္မေမာင္းခ်င္တာေၾကာင့္ရယ္ မို႔လို႔သာ ခ်စ္သူေအာင္က ေနာက္ကေနထိုင္လိုက္တာ။
လမ္းဆံုေရာက္လို႔ ျဖတ္ေတာ့မယ္ဆိုရင္ကိုပဲ ခ်စ္သူေအာင္က ေနာက္ကေန ဂနာမၿငိမ္နဲ႔ ေျပာေတာ့တာပဲ။
"ဟိုဘက္က ဆိုင္ကယ္လာေနတယ္ သတိထားအံုး"
"ေျဖးေျဖး မီးနီေတာ့မယ္"
"ေနာက္က ကားပါလာတယ္ေလ.သတိထားအံုး"
အဲဒီလို တရစပ္ေျပာေနေတာ့တာပဲ။ လင္းသူ တကယ္ကို စိတ္႐ႈပ္ေနၿပီ။ သူ႔လို ကိုယ္လည္း မႏၱေလးသားပါပဲ။ ဘယ္လိုျဖစ္လို႔ အဲဒီေလာက္ ေနာက္ကေန ေၾကာက္ေနတာလဲ မသိဘူး။ အဆိုးဆံုးက ပါးစပ္တင္မဟုတ္ဘူး လက္ပါ ပါလာတာပဲ။
ေနာက္ကေန ေၾကာက္တိုင္း လက္တစ္ဖက္က ခါးကိုကိုင္တယ္။ က်န္တဲ့ လက္တစ္ဖက္က ဟိုလက္ညိွဳးထိုး ဒီလက္ညိွဳးထိုးလုပ္ၿပီး ေျပာေနတာပဲ။
လင္းသူက က်န္တာေတြကို သည္းခံႏိုင္ေသးတယ္။ သူ႔အသားကို ထိလားကိုင္လား လုပ္တာကိုေတာ့ လံုးဝ သည္းမခံႏိုင္ဘူး။
ခက္တာက သူက အရမ္းအားနာတတ္တယ္။ ကုိယ္နဲ႔လည္း ေကာင္းေကာင္းမရင္းႏီွး။ ေျပာလိုက္ရင္လည္း အရမ္း အားနာစရာ ျဖစ္သြားမွာ ဆိုေတာ့ ရံုးျပန္ေရာက္တဲ့ထိ စိတ္ကိုေလ်ာ့ထားရတယ္။
ရံုးေရာက္ေတာ့ လင္းသူ မ်က္ႏွာက အီးမွန္ထားတဲ့ပံုနဲ႔ ျဖစ္ေနတာေတြ႕ေတာ့ လင္းသူလည္း လူျကီးအခန္း သြားေရာ ေသာ္ဇင္က ခ်စ္သူေအာင္ကို ေမးတယ္။
"မင္းတို႔ လမ္းမွာ ဘာျဖစ္လာတာလဲ" တဲ့
ခ်စ္သူေအာင္ကေတာ့ ဘာမွသိပံုမရတဲ့ ပံုနဲ႔ " ဘာမွမျဖစ္ပါဘူး.ဘာလို႔လဲ" ဆိုၿပီး ျပန္ေမးတယ္။
ေသာ္ဇင္ကေတာ့ စဥ္းစားၾကည့္လိုက္တာနဲ႔ အေျဖထြက္ေနၿပီ။
" မင္း သူ႔ကို ခါးကိုင္ၿပီးမ်ား စီးလိုက္သလား"တဲ့
ခ်စ္သူေအာင္လည္း စဥ္းစားၿပီးေတာ့.....
"ေအး ကိုင္မိတယ္ ထင္တာပဲ" "ဘာျဖစ္လို႔လဲ" ဆိုေတာ့
"ထူးဆန္းတယ္"
"လင္းသူက ငါတို႔နဲ႔ အတူစီးရင္ေတာင္ သူ႔ခါးမဖက္နဲ႔ မႀကိဳက္ဘူးဆိုၿပီး ေျပာထားတာကြ"
"မင္းကိုေတာ့ မေျပာဘူးေလ"
"ဟုတ္လား" ဆိုၿပီး စိတ္ထဲကေန ေတြးလိုက္တယ္။ သူကမႀကိဳက္ဘူး လို႔မွ မေျပာတာပဲ။ ေနာက္တစ္ခါစီးရင္လည္း ေသခ်ာကိုင္ရမယ္။ ဒီေလာက္ ေခ်းမ်ားတဲ့ေကာင္။ 😎
____________________________
[ Unicode ]
💌
ဒီနေ့ရုံးကို စာတိုက်က စာရောက်လာတယ် by name နဲ့ လေ။ လင်းသူဆီကိုပေါ့။ ပုံမှန်ဆို ရုံးကို ရုံးစာပဲ လာတာများတယ်။ personal စာကတော့ လာခဲတယ်ဆိုတော့ အဲလိုစာမျိုးလာရင်လည်း အားလုံးက စိတ်ဝင်စားကြတယ်။ ဘယ်သူကပို့တာလဲ? ကောင်မလေးဆီကလား? ဘာလား? ညာလား? နဲ့ ဝိုင်းမေးကြတာက ရုံးရဲ့ ထုံးစံပဲလေ။ ပါဆယ်ထုပ်ဆိုရင်လည်း မဖောက်သေးဘူးလား? ဘာတွေပါလဲ? တို့ပေါ့။
ထုံးစံအတိုင်း ကိုယ်တို့လင်းသူ ကတော့ ရုပ်တည်နဲ့ စာကိုလက်ခံထားလိုက်တယ်။ သူ့ပုံစံက ဘယ်သူ့ဆီကမှန်း သိပြီးသား ဖြစ်ပုံပဲ။ သော်ဇင် ကတော့ ရင်းနှီးပီးသားသူ ဆိုတော့ ဘယ်သူ့ဆီကလဲ ဆိုပြီး စာကို သွားကြည့်တယ်။ ရုံးထဲကလူတွေကလည်း သော်ဇင် ဘာပြောမလဲ စောင့်ကြည့်နေကြတာပေါ့။
"အော် ဟန်းမင်းထွေး ဆီကပဲ"
"မင်းတို့ ခုထိ အဆက်အသွယ်ရှိကြတယ်ပေါ့"
"မှန်းစမ်း ဘာတွေရေးထားလဲ ဖတ်ကြည့်ရအောင်" ဆိုပြီး သော်ဇင်က လင်းသူ ချထားတဲ့ စာကို ကောက်ယူလိုက်တယ်။
အမှန်တော့ သော်ဇင်က သူများစာကို တကယ်မဖတ်ပါဘူး ။ သူက စ နောက်လိုက်တာပါ။ ဒါပေမယ့် လင်းသူ ကတော့ တကယ်ပေါက်ကွဲသွားတယ်။
ချက်ချင်းပဲ သော်ဇင်လက်ထဲကစာကို လင်းသူက ဆွဲလုလိုက်တယ်။ သူ့ရဲ့ နဂိုဖြူ ဝင်းနေတဲ့ မျက်နှာက တော်တော်လေးနီလာတယ်။ ဝိုး ဒီကောင်တကယ်ဒေါသထွက်နေတာပဲလို့ ကိုယ်တွေးလိုက်တယ်။
"မင်း ဘာလုပ်တာလဲ သော်ဇင်" ဆိုတော့
သော်ဇင်က အံ့သြသွားပြီး "ငါက စတာပါဟ" ဆိုပြီး ပြောလိုက်တယ်။
"နောက် အဲလိုမလုပ်နဲ့။ ငါ မကြိုက်ဘူး"
ကိုယ်လည်း တော်တော်အံ့သြသွားတယ်။ ဒါလေး စတာနဲ့ သူက အဲဒီလို ဖြစ်စရာလားလေ။ တော်တော်လည်း အမြင်ကပ်သွားတယ်။ အဲဒါနဲ့...
"လင်းသူရာ မင်းစာက လျှို့ ဝှက်ချက်တွေများ ရေးထားလို့လား" "မင်းကြည့်ရတာ အထိတ်တလန့့်ရှိလိုက်တာကွာ" ဆိုတော့။ သူက ကိုယ့်ကို ဘုကြည့် ကြည့်တယ်ဗျ။ ရုပ်ကတော့ တော်တော်စိတ်ဆိုးနေပုံပဲ။
စိတ်ထဲကနေ တွေးလိုက်တယ်။ ဒီလောက်မပြချင်တဲ့စာကို ခိုးဖတ်လိုက်ရရင် ကောင်းမလားပဲ။ ချစ်သူအောင် ဆိုတာကလည်း သူများက မလုပ်နဲ့ဆိုရင် ပိုလုပ်ချင်တတ်တဲ့ လူစားမျိုးလေ။ ဒါပေမယ့် ဒီစိတ်ကူးကို လက်တွေ့အကောင်အထည်ဖော်လိုက်ရင် ဒီကောင်နဲ့ ကိုယ်နဲ့တော့ နပမ်းလုံး ရလိမ့်မယ်။ မဖြစ်သေးပါဘူး ဆိုပြီး လက်လျော့လိုက်တယ်။
လူဆိုတဲ့ အမျိုးကလည်း မပြောပါနဲ့ဆိုပြီး ပြောလိုက်ရင် ပိုပြောချင်ပြီး မပြချင်ပါဘူးဆိုရင် ပိုသိချင်တတ်ကြတာဆိုတော့ ခက်သား။ ကိုယ်ကတော့ တနေ့ အဲဒီစာ ဖတ်ရအောင်ကို လုပ်အုံးမယ်လို့ တေးထားလိုက်တယ်။
---------------
📆
လကုန်ရက်......
ဒီနေ့လစာထုတ်ရက်မှာ အရင် ဘဏ်သွားနေကြ စာရေးလေးက မအားလို့ဆိုပြီး လူကြီးက လင်းသူ ကို ဘဏ်မှာ လစာသွားထုတ်ခိုင်းတယ်။ အဲဒါက ပြသနာမဟုတ်ဘူး။ ပြသနာက ချစ်သူအောင်နဲ့ အတူသွားခိုင်းတာပဲ။ အဲဒီတစ်ယောက်ကမှ ပစိပစပ်က များများရယ်။ ပြီးတော့ ကိုယ်မရင်းနှီးတဲ့သူနဲ့ အပြင်မသွားချင်တာလည်း ပါတယ်။ ပြီးတော့လည်း ဆိုင်ကယ်အတူစီးပြီး သွားရမှာ။ ကျွန်တော့အတွက်တော့ တော်တော်လေး ကသိကအောက် နိုင်တယ်။
ရုံးက စထွက်ကတည်းက သူတို့နှစ်ယောက်ဇာတ်လမ်းက စတာပါပဲ။ ချစ်သူအောင်က မန္တလေးသားဖြစ်တဲ့အပြင် ဆိုင်ကယ်ကို ကျွမ်းကျွမ်းကျင်ကျင်မောင်းတတ်ပြီးသား ဆိုတော့ သူများမောင်းတဲ့နောက်က ထိုင်လိုက်ရရင် ကြောက်တယ်။ သူများတွေလည်း သူ့လိုပဲလား မသိပေမယ့် သူကတော့ သူများမောင်းရင် နောက်ကနေကြည့်ပြီး စိတ်တိုင်းလည်း မကျဘူး။ ကြောက်လည်း ကြောက်တယ်။ ဖြစ်နိုင်ရင် ကိုယ်ပဲဝင်မောင်းလိုက်ချင်တယ် ဆိုတာမျိုး။
အခုဟာက လင်းသူကို အဖော်လိုက်ပေးတာ ဖြစ်တာကြောင့်ရယ် ြပ်ီးတော့ လင်းသူက အရပ်ရှည်တော့ သူ့ကို တင်မမောင်းချင်တာကြောင့်ရယ် မို့လို့သာ ချစ်သူအောင်က နောက်ကနေထိုင်လိုက်တာ။
လမ်းဆုံရောက်လို့ ဖြတ်တော့မယ်ဆိုရင်ကိုပဲ ချစ်သူအောင်က နောက်ကနေ ဂနာမငြိမ်နဲ့ ပြောတော့တာပဲ။
"ဟိုဘက်က ဆိုင်ကယ်လာနေတယ် သတိထားအုံး"
"ဖြေးဖြေး မီးနီတော့မယ်"
"နောက်က ကားပါလာတယ်လေ.သတိထားအုံး"
အဲဒီလို တရစပ်ပြောနေတော့တာပဲ။ လင်းသူ တကယ်ကို စိတ်ရှုပ်နေပြီ။ သူ့လို ကိုယ်လည်း မန္တလေးသားပါပဲ။ ဘယ်လိုဖြစ်လို့ အဲဒီလောက် နောက်ကနေ ကြောက်နေတာလဲ မသိဘူး။ အဆိုးဆုံးက ပါးစပ်တင်မဟုတ်ဘူး လက်ပါ ပါလာတာပဲ။
နောက်ကနေ ကြောက်တိုင်း လက်တစ်ဖက်က ခါးကိုကိုင်တယ်။ ကျန်တဲ့ လက်တစ်ဖက်က ဟိုလက်ညှိုးထိုး ဒီလက်ညှိုးထိုးလုပ်ပြီး ပြောနေတာပဲ။
လင်းသူက ကျန်တာတွေကို သည်းခံနိုင်သေးတယ်။ သူ့အသားကို ထိလားကိုင်လား လုပ်တာကိုတော့ လုံးဝ သည်းမခံနိုင်ဘူး။
ခက်တာက သူက အရမ်းအားနာတတ်တယ်။ ကိုယ်နဲ့လည်း ကောင်းကောင်းမရင်းနှီး။ ပြောလိုက်ရင်လည်း အရမ်း အားနာစရာ ဖြစ်သွားမှာ ဆိုတော့ ရုံးပြန်ရောက်တဲ့ထိ စိတ်ကိုလျော့ထားရတယ်။
ရုံးရောက်တော့ လင်းသူ မျက်နှာက အီးမှန်ထားတဲ့ပုံနဲ့ ဖြစ်နေတာတွေ့တော့ လင်းသူလည်း လူကြီးအခန်း သွားရော သော်ဇင်က ချစ်သူအောင်ကို မေးတယ်။
"မင်းတို့ လမ်းမှာ ဘာဖြစ်လာတာလဲ" တဲ့
ချစ်သူအောင်ကတော့ ဘာမှသိပုံမရတဲ့ ပုံနဲ့ " ဘာမှမဖြစ်ပါဘူး.ဘာလို့လဲ" ဆိုပြီး ပြန်မေးတယ်။
သော်ဇင်ကတော့ စဉ်းစားကြည့်လိုက်တာနဲ့ အဖြေထွက်နေပြီ။
" မင်း သူ့ကို ခါးကိုင်ပြီးများ စီးလိုက်သလား"တဲ့
ချစ်သူအောင်လည်း စဉ်းစားပြီးတော့.....
"အေး ကိုင်မိတယ် ထင်တာပဲ" "ဘာဖြစ်လို့လဲ" ဆိုတော့
"ထူးဆန်းတယ်"
"လင်းသူက ငါတို့နဲ့ အတူစီးရင်တောင် သူ့ခါးမဖက်နဲ့ မကြိုက်ဘူးဆိုပြီး ပြောထားတာကွ"
"မင်းကိုတော့ မပြောဘူးလေ"
"ဟုတ်လား" ဆိုပြီး စိတ်ထဲကနေ တွေးလိုက်တယ်။ သူကမကြိုက်ဘူး လို့မှ မပြောတာပဲ။ နောက်တစ်ခါစီးရင်လည်း သေချာကိုင်ရမယ်။ ဒီလောက် ချေးများတဲ့ကောင်။ 😎