1995 April 5
" ကိုမြင့်မိုရ် ကိုမြင့်မိုရ်ရေ ထပါဦး ဒီမှာဗိုက်နာနေလို့ မွေးတော့မလားမသိဘူး "
ဒေါ်နှင်းမှုံ တစ်ယောက် ဘေးနားမှာ အိပ်နေသော လင်ယောကျာ်းဖြစ်သူကို တစ်ဖတ်ဖတ် ရိုက်ပြီး ပါးစပ်ကလဲ ပြောရင်းနှိုးလိုက်မိသည်
" အင်း.....နာပြန်ပြီလား မှုံရ အရင်ကလိုပဲ ဗိုက်ထဲကကလေး ကန်တာနေမှာပေါ့ "
အိပ်ရာမှ လူးလဲထရင်း ဗိုက်ကိုလက်နဲ့ဖိကာ အော်နေသော ဒေါ်နှင်းမှုံကိုအားပေးလိုက်သည်
" မဟုတ်ဘူး အခုတော်တော်နာနေတာ အာ့ နာပြန်ပြီ အား...နာတယ် နာတယ် သေချာပြီမွေးတော့မှာ "
မျက်စိမှိတ်ကာအော်ဟစ်နေသော ဒေါ်နှင်းမှုံကြောင့် ဦးမြင့်မိုရ်တစ်ယောက် ဗျာများသွားသည် အရင်အခေါက်တွေ တကယ်မမွေးဘဲဗိုက်နာတုန်းကတော့ ဆေးရုံက ဆရာဝန်ကို ဖုန်းဆက်ခေါ်လိုခေါ် အသိ သူနာပြုဆရာမလေးကိုလဲ အတင်းခေါ်ပြီး ဆေးရုံပို့လိုပို့နဲ့ အခုတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေသည်
" ဘာလုပ်နေတာလဲ ကိုမြင့်မိုရ်ရဲ့ နာပါတယ်ဆိုနေမှမမအေးကိုသွားခေါ်ပေး ဆေးရုံသွားရအောင် ဆရာဝန်ကိုလဲ ph ဆက်ထား သွား "
" အေး အေး "
ဦးမြင့်မိုရ် ကုတင်ပေါ်မှ ခုန်ဆင်းကာ အပေါ်ထပ်တွင်ရှိသော ဒေါ်နှင်းမှုံအစ်မဒေါ်နှင်းအေး အခန်းရှိရာဆီသို့ ပြေးတက်ရတော့သည်
ဒုန်း ဒုန်း ဒုန်း !!!
" မမအေးရေ ထပါဦးဗျ ကျွန်တော်မိန်းမ ကလေးမွေးတော့မယ်တဲ့ "
လူကြီးဖြစ်၍ အအိပ်ဆက်သော ဒေါ်နှင်းအေးလဲ ချက်ချင်းပြင် ကောက်ထပြီး လိုအပ်သမျှတွေပြင်ဆင်လိုက်သည်
" အေး ငါ နှိုးပြီ မောင်မြင့်မိုရ်ရေ ဆေးရုံကို ph ဆက်ထားလိုက် ငါ မီးဖွားဖို့ လိုတာတွေယူဦးမယ် "
ဆေးရုံကို ph ဆက်မလို့ နံပါတ်နှိပ်တုန်းပဲရှိသေး ဒေါ်နှင်းအေး ပြေးဆင်းလာသည်
" ဆေးရုံသွားဖို့ အချိန်မရှိတော့ဘူး မွေးတော့မှာ ထားတော့ အိမ်ကို သူသွားခေါ်လိုက်တော့ ဆရာဝန်ကို ကြားတယ်နော် ငါပြန်တက်ပြီ "
စကားလဲပြော အခန်းထဲက လိုတဲ့ ပစ္စည်းများကို စုထည့်ရင်း ဒေါ်နှင်းအေး ကိုယ်ဝန်သည်ရှိရာဆီသိုပြန်ပြေးသွားသည်
အခန်းထဲမှ ဆူညံသံတွေကြောင့် ဆရာဝန်ပင့်ပြီး အခန်းပြင်ထွက်နေရသော ဦးမြင့်မိုရ် အလွန်စိတ်လှုပ်ရှားလျက်ရှိသည် ပထမဆုံးကိုယ်ဝန်ဖြစ်သောကြောင့်လဲ ဇနီးအတွက်စိတ်ပူနေရသည် ဆေးရုံမှာ ရက်ချိန်းတွေယူကာ သေချာစီစဉ်ထားသော်လဲ ကံတရားကပြောလို့မရ အိမ်မှာမွေးခြင်းဖြစ်သောကြောင့်လဲ ပစ္စည်းကိရိယာတွေ အစုံရှိပါ့မလား ဆရာဝန်တော့ ယူလာတာတွေ့တာပဲ ကလေးကရော ကျန်းကျန်းမာမာမွေးပါ့မလား စသည်စသည်ဖြင့် စိတ်ဖိစီးလျက်ရှိသည်
ထိုစဉ် အခန်းထဲမှ သူနာပြုဆရာမလေးထွက်လာသည်
" ဦးမြင့်မိုရ် အခန်းထဲဝင်လို့ရပြီရှင့် အမြွှာလေးမွေးပါတယ် ယောကျာ်းလေးတစ်ယောက် မိန်းကလေးတစ်ယောက် မိခင်ရော ကလေးတွေပါကျန်းမာပါတယ် "
ဝင်လို့ရပြီဟူသော စကားသံကြားသည်နှင့် ဦးမြင့်မိုရ် ပြေးဝင်လာခဲ့သည်
ဆရာဝန်ကြီးနှင့် ဒေါ်နှင်းအေး ချီထားသော အမြွှာလေးတွေကိုကြည့်ရင်း ပီတိဖြစ်မိသည်
ဒေါ်နှင်းမှုံကတော့ ချွေးတွေကြားထဲက ခပ်နွမ်းနွမ်းပြုံးပြလျက်ရှိသည်
" ပင်ပန်းသွားပြီ မှုံ အခုလို ကောင်းကောင်းမွန်မွန်ရှိနေလို့ကျေးဇူးတင်ပါတယ် "
**************************************
1998 August
" ဂိုဂိုရေ ဂွန်းဂွန်းရေ ထတော့ 5 နာရီထိုးနေပြီ ကျောင်းသွားရတော့မယ် အိပ်ရာထကြတော့ကလေးတွေ "
အေးချမ်းစွာအိပ်နေကြသော အမြွှာနှစ်ယောက် အခန်းထဲသို့ ဒေါ်နှင်းအေးအသံ ထိုးထွက်လာသည်
" သားနိုးပြီ ကြီးမေကြီး "
" အေးအေး ဂိုဂိုလေး မျက်နှာသစ်ပြီး ဘုရားခန်းသွားနှင့်တာ့ ဟိုအိပ်ပုတ်နင့်ညီမ ဂွန်းဂွန်းကို နှိုးရဦးမယ်
ဂွန်းဂွန်း ထတော့ ဟိုမှာ ကိုကိုတောင် မျက်နှာသစ်နေပြီ ထတော့ "
" အင်း.....ဂိုဂိုမျက်နှာသစ်ပြီးမှထမှာပေါ့ "
" ဒီကလေးကလဲ 5 မိနစ် 10 မိနစ်လောက်ကို "
" ဘယ်နမိနစ်ဖြစ်ဖြစ်ပိုအိပ်ရတဲ့ဟာကို ကြီးမေကြီးကလဲ "
" အမလေးတော် ဟုတ်ပါပြီ ဂိုဂိုပြီးရင် ဘုရားခန်းတက်တော့နော် ကြီးမေကြီး ကလေးတို့အတွက် breakfast လုပ်ရဦးမယ် "
" ဟုတ် "
မနက်ပိုင်းဆိုရင် ဂွန်းဂွန်းအတွက် အပင်ပန်းဆုံးက အိပ်ရာအစောကြီးထရခြင်း ဖြစ်သည်
5 နာရီထပြီး မေမေနှင့်အတူဘုရားခန်းတက်ရသည်
ငယ်ငယ်ကတည်းက အကျင့်လုပ်ထားသောကြောင့်
ဂိုဂိုက အကျင့်ဖြစ်နေပြီး အစောကြီးထနိုင်သော်လဲ ပြဿနာက ဂွန်းဂွန်းဖြစ်သည် ဘယ်လောက်ပဲ အကျင့်လုပ်လုပ် ဂိုဂို့ကို အရင်ထခိုင်းပြီး ရသမျှထပ်အိပ်လိုက်ရပြီးမှ အိပ်ရာထတတ်သည်
ဘုရားရှိခိုးပြီး မိသားစု breakfast စားကြသည်
Breakfast စားပြီးတာနဲ့ ဦးမြင့်မိုရ်က အလုပ်သွားရင်းကားနဲ့ ကလေးတွေကို ကျောင်းသို့လိုက်ပို့သည်
" သွားပြီနော် ဖေဖေ "
ဆိုပြီး ခြင်းတောင်းလေးတွေကိုင်ကာ ကားပေါ်ကဆင်းသွားကြသောကလေးတွေကိုကြည့်ရင်း ကြည်နူးမိသည်
ဪ..... သုံးတန်း ကျောင်းသားလေးတွေတောင်ဖြစ်နေကြပြီ
**************************************
အ.ထ.က (၁) ဘားအံ
မနက်ပိုင်းကျောင်းတက်ချိန်ဖြစ်နေသောကြောင့်
ကျောင်းရှေ့တွင် ကျောင်းသားကျောင်းသူများနဲ့ စည်ကားနေကြသည်
ကျောင်းဝန်းထဲဖြတ်ပြီး ဂိုဂိုနဲ့ဂွန်းဂွန်းတို့ မောင်နှမနှစ်ယာက် အခန်းထဲသို့ဝင်လာခဲ့သည်
သုံးတန်းသာရှိသေးသောကြောင့် ကျောင်းပျော်ကြသည် အတန်းထဲတွင် ဂွန်းဂွန်းကိုမသိသူမရှိ မေနှင်းမြင့်မိုရ် ဆိုလျှင်နာမည်ကြီးဖြစ်သည် ဆရာမတွေရဲ့အချစ်တော် အတန်းထဲက လူများနဲ့ အကုန်သူငယ်ချင်း ယုတ်စွအဆုံး ကျောင်းစောင့်ဦးလေးကြီးမိသားစုနဲ့ပါ သိနေသော ဂွန်းဂွန်း
ဂိုဂိုကတော့ ဂွန်းဂွန်းနှင့်ဆန့်ကျင်ဖက် အတန်းထဲတွင် ဂွန်းဂွန်းဘေးနားမှာထိုင်ပြီး နာမည်က မိုးထက်မြင့်မိုရ် ဖြစ်နေတာကလွဲရင် အမြွှာဆိုတာ ယုံဖွယ်ရာမရှိ
အမြွှာပေမဲ့ ယောကျာ်းလေးနဲ့ မိန်းကလေးမို့ ပုံမှန် မောင်နှမလောက်သာ ရုပ်ချင်း ခပ်ဆင်ဆင်တူကြသည်
အကျင့်ကတခြားစီ
ဂွန်းဂွန်းက ကျောင်းရောက်တာနဲ့ ကစားသလောက်
ဂိုဂိုက ခုံမှာထိုင်ပြီး ပုံဆွဲနေတာဖြစ်ဖြစ် စာဖတ်နေတာဖြစ်ဖြစ်လုပ်တတ်သည်
ဂွန်းဂွန်း တစ်ခြားသူတွေနဲ့ ကစားနေရင် ဂွန်းဂွန်းကစားတာကို ခရေပင်ကြီးအောက်ကထိုင်ကြည့်နေတတ်သည် သူ့မှာသူငယ်ချင်းမရှိ
အိမ်မှာဆိုလဲ အခန်းထဲမှာပဲငြိမ်နေတတ်သည်
စကားကလဲ လူကြီးတွေပြောတာတောင်ပြောချင်မှပြောသည်
ဒါပေမဲ့ သူ့ညီမ ဂွန်းဂွန်းနဲ့တော့ အမြဲစကားပြောသည် ( သူမပြောလဲ ဂွန်းဂွန်းကလိုက်ပြောနေတာကိုး )
ကျောင်းတတ်လိုက် ပိတ်ရင်ဆိုအိမ်မှာနေလိုက်နဲ့
မိုးထက်မြင့်မိုရ် နဲ့ မေနှင်းမြင့်မိုရ်တို့ 5 တန်း ကျောင်းသားတွေဖြစ်လာပြီ
ကျောင်းပိတ်ရက်ဖြစ်၍ ဂိုဂိုတစ်ယောက်တည်း အခန်းထဲမှာပဲ စာအုပ်ဖတ်နေသည်
ဂိုဂိုအခန်းထဲမှာရှိနေရင် ဘယ်သူမှ သိပ်မနှောင့်ယှက်ကြ ( ဂွန်းဂွန်းကလွဲလို့ )
အရင်ထဲကအခန်းထဲပဲနေတာများသော်လဲ အခုကတော့ ပိုဆိုးသည် ဂွန်းဂွန်းနဲ့ အခန်းခွဲပြီးနောက် တစ်ယောက်တည်း ဖြစ်လာသည် အရင်တုန်းကသူတို့အမြွှာနှစ်ယောက်ကို တစ်ခန်းထားပေးထားသည်
နောက်တော့ ကလေးတွေအသက်ကအခန်းခွဲနေလို့ရပြီဆိုပြီး အခန်းခွဲထားခဲ့သည် အဝေးကြီးတော့မဟုတ် ဘေးချင်းကပ်ရက်
ဂွန်းဂွန်းနဲ့အခန်းခွဲရတဲ့ရက်ကို မှတ်မိသေးသည် အဲ့နေ့ကမေမေနဲ့ ကြီးမေကြီး အခန်းထဲဝင်လာပြီး ဂွန်းဂွန်း အသုံးအဆောင်ပစ္စည်းတွေထုတ်သွားသည် အရင်နေ့တွေက ဘေးနားက အခန်းရှင်းနေတာတွေ့သော်လဲ မမေးမိ ခုမှနောင်တရချင်သလိုဖြစ်လာသည် အဲ့တုန်း
က ဂိုဂို အခန်းထဲမှာ စာဖတ်နေရင်း အလန့်တကြားနဲ့ထတားမိခဲ့သည် အသံကျယ်ကျယ်တောင်စကားမပြောတတ်သူက အော်ဟစ်ငိုယိုနေခဲ့သည် ဂွန်းဂွန်းချော့မှတိတ်သွားခဲ့တာ
ပထမဆုံးတစ်ယောက်တည်းအိပ်ရတော့ ကြောက်နေခဲ့တာ
အခုတော့လဲ နေသားကျနေပြီပေါ့ အခန်းသာခွဲထားတယ် ဂွန်းဂွန်းက အိပ်ချိန်ကလွဲလို့ ကျန်တဲ့အချိန်အမြဲ သူ့အခန်းထဲလာခဲ့နေတတ်သည်
အတန်းကြီးလာတော့နည်းနည်းတော့ပြောင်းလဲလာသည် ဘေးနားက သူငယ်ချင်းတွေနဲ့မေးထူးခေါ်ပြော ရှိလာပြီ ဂွန်းဂွန်းကတော့ ယောကျာ်းလေးတွေနဲ့ မကစားတော့တာကလွဲရင် ကျန်တာမပြောင်းလဲ
ကျောင်းပြန်ဖွင့်ပြီမို့ကျောင်းတတ်ရတော့သည် နှစ်တိုင်း နှစ်တိုင်း အခန်းသစ်ဆို ဂိုဂိုကကြောက်တတ်သည် အခန်းနဲ့စိမ်းနေသည် ဘယ်အခန်းမှန်းတောင်မသိ
ဂွန်းဂွန်းရှိနေလို့သာတော်တော့သည် အဲ့အထျိန်လောက်ဆို ဂွန်းဂွန်းက အတန်းပိုင်ဆရာမတွေ ဘာသာရပ်ဆရာမတွေနဲ့တောင်သိနေပြီ
ကရင်ပြည်နယ်ရဲ့မြို့တော်ဆိုပေမဲ့ နယ်မြို့လေးဆိုတော့လဲ သူ့အဖေကြောင့်လူသိများသည်
မြင့်မိုရ် electronic , မြင့်မိုရ်ဆောက်လုပ်ရေး စသည့် ဖေဖေ့ရဲ့ လုပ်ငန်းများကြောင့်အပါအဝင် ကျောင်းကိစ္စဆိုတက်ကြွသော မေမေကြောင့်လဲ လူချစ်လူခင်ပေါကြသည်
" မိုးထက်မြင့်မိုရ် "
အတွေးများသည် ဆရာမ attendance ခေါ်သံနဲ့အတူပျောက်ကုန်သည်
" ရှိ "
စာအုပ်ကိုပိတ်ရင်း ဆရာမအတန်းထဲကို တစ်ချက်ကြည့်ကာ စကားပြောလိုက်သည်
" ကဲ အခုလူစုံပြီဆိုတော့ ဆရာမတစ်ခုပြောစရာရှိတယ် ဒီနှစ်ကို ရန်ကုန်ကကျောင်းသားသစ်တစ်ယောက်ကျောင်းပြောင်းလာတယ် အဲ့တော့ သူငယ်ချင်းအချင်းချင်း ရင်းရင်းနှီးနှီးနေကြနော် ကျောင်းသားသစ် မတ်တပ်ရပ်ပြပါဦး သူငယ်ချင်းတွေမှတ်မိသွားအောင်"
ဆရာမရဲ့ စကားသံနဲ့အတူ ခုံရွေ့သွားသံနဲ့ အသံတစ်သံထွက်လာသည်
" မင်းနေလင်းလို့ ခေါ်ပါတယ် "
အသံကြားတဲ့နေရာကို ဂိုဂိုလှည့်ကြည့်မိသည်
အရပ်ရှည်ရှည် အသားညိုညိုနဲ့ကောင်လေးတစ်ယောက် ငါးတန်းကျောင်းသားအနေနဲ့တော့ သူ့အရပ်ကရှည်နေသည် ပအို့တွေ ကရင်တွေမို့ အသားက မဖြူရင်တောင်ဝင်းနေကြသော အတန်းထဲရှိလူများထက် သူကထူးခြားနေသည် အရင်ကကြားနေကျစကားသံတွေလို ကရင်သံဝဲမနေတာကတစ်ကြောင်း ရန်ကုန်သားမို့ ဗမာသံပီပီသသပေါ်နေတာလဲဖြစ်နိုင်သည်
ပုံမှန်ဆို အတန်းထဲကကိစ္စတွေဂရုမစိုက်တတ်သော
ဂိုဂို အခုမှ သေချာလိုက်ကြည့်နေမိသည်
ဒါကတော့ နယ်မြို့လေးတွေရဲ့ထုံးစံအတိုင်း ရန်ကုန်ကဆို အထင်ကြီးတတ်ကြသည်
အဲ့လို လိုက်ကြည့်မိသည်ကိုက မိုးထက်မြင့်မိုရ်
ပထမဆုံးမှားခဲ့ခြင်းဖြစ်သည်.....
🌿🌿🌿