သွေးရောင်ခြယ်နှလုံးသား Comple...

De LeeSeungHan

354K 29.1K 3.7K

ကျွန်တော် ထိတွေ့ခွင့်မရှိတဲ့... ကျွန်တော် ငေးကြည့်နေရတဲ့... ကောင်းကင်ကြီးက သူ့ပိုင်ရှင်လက်ထဲ ပြိုဆင်းပေးလိုက်... Mais

Author's Note
Intro 1
Intro 2
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Ep 17
Ep 18
Ep 19
Ep 20
Ep 21
Ep 22
Ep 23
Ep 24
Ep 25
Ep 26
Ep 27
Ep 28
Ep 29
Ep 30
Ep 31
Ep 32
Ep 33
Ep 34
Ep 35
Ep 36
Final
Announcement
Pre Order Information

Chapter 10

6.1K 622 47
De LeeSeungHan

Zawgyi

ေသြးေရာင္ျခယ္ႏွလုံးသား Chapter 10

အခ်ိန္၏ေစစားမႈေၾကာင့္ မနက္ခင္းေနေရာင္ျခည္ကတျဖည္းျဖည္းပို၍လင္းလာၿပီး စကၠဴ ျဖင့္ျပဳလုပ္ေသာတံခါးကိုေဖာက္ထြင္းကာအခန္းထဲသို႔ပင္ဝင္ေရာက္လာလ်က္ရွိသည္။ မ်က္ေတာင္နက္ေလးမ်ားတည္ရွိရာမ်က္ဝန္းႏွစ္လႊာကိုျဖည္းညင္းစြာခပ္ေနေသာ Chiyo ရင္ထဲတြင္ေတာ့အနည္းငယ္လႈိက္ဖိုေနဆဲပင္။ သူ႔လက္ေမာင္းေပၚတြင္ ႏွစ္ၿခိဳက္စြာအိပ္ေမာက်ေနေသာ Xingye ကိုမႏႈိးရက္ေသာေၾကာင့္ Xingye မႏိုးမခ်င္း ဒီအတိုင္းမလႈပ္မယွက္ေနရန္ဆုံးျဖတ္ထားသည္။ Xingye အသက္ကိုရႈထုတ္လိုက္တိုင္းသူ႔လည္တိုင္ကိုလာေရာက္႐ိုက္ခတ္ေနသည္မွာလည္း သူ႔ရင္ခုန္သံမ်ားကိုပိုၿပီးအသက္ဝင္ေအာင္လုပ္ေဆာင္ေပးေနသည့္အရာတစ္မ်ိဳးပင္ျဖစ္သည္။

"Xing........"

ႏႈတ္ဖ်ားက Xingye နာမည္ကိုတိုးတိုးေလး႐ြတ္ဆိုမိေတာ့ လြန္ခဲ့ေသာနာရီပိုင္းက Xingye ကိုပိုင္ဆိုင္ခဲ့ရပုံကိုျပန္ေတြးမိ၍ၿပဳံးမိျပန္ေသးသည္။ ထို႔ေနာက္ ျဖည္းညင္းစြာလႈပ္ရွား၍ Xingye ဘက္သို႔လွည့္ကာ ဆံႏြယ္နက္မ်ားယွက္ေျပးေနေသာ Xingye နဖူးထက္သို႔ ႏူးညံ့ေသာအနမ္းတစ္ပြင့္ေႁခြခ်လိုက္သည္။ ထို႔ေနာက္ ပန္းေသြးေရာင္သမ္းေနေသာပါးျပင္ႏုႏုကိုလက္ေခ်ာင္းေလးမ်ားျဖင့္တို႔ထိေနမိသည္။ Xingye ၏မ်က္လုံးေအာက္မွမွဲ႔နက္ေလး၊ ႏွာေခါင္းထိပ္မွမွဲ႔နက္ေလးတို႔မွာ သူ႔ကိုပိုၿပီးအသည္းတယားယားျဖစ္ေစသည္။

ထို႔ေနာက္ Xingye မ်က္ခြံေလးမ်ားအနည္းငယ္ေ႐ြ႕လ်ားၿပီးႏိုးခါနီးျဖစ္လာသည္။ ထို႔ေနာက္ မ်က္လုံးေလးမ်ားပြင့္လာၿပီး တစ္ညလုံးအိပ္ထားၿပီးေရဆာ၍လားမသိႏႈတ္ခမ္းမ်ားကိုလွ်ာျဖင့္တစ္ခ်က္သပ္လိုက္ကာ လက္ႏွစ္ဖက္ကိုအေပၚသို႔ဆန႔္လိုက္ၿပီး ပ်င္းေၾကာဆန႔္ေနရင္း သူ႔ကိုမ်က္ေတာင္မခတ္တမ္းၾကည့္ေနေသာ Chiyo ကိုတစ္ခ်က္ၾကည့္လိုက္သည္။

"အရွင္..........ႏိုးေနၿပီလား........"

Xingye သည္သြားစြယ္ခြၽန္ကေလးမ်ားေပၚသည္အထိၿပဳံးရင္း Chiyo ရင္ခြင္ထဲသို႔လွိမ့္ကာတိုးဝင္လိုက္သည္။ အက်ႌ
အလႊာပါးေလးကိုသာဝတ္ထားေသာ Chiyo ခႏၶာကိုယ္မွာ သူ႔လိုပဲျဖဴကာအျပစ္ကင္းစင္လွရာ Chiyo ရင္ဘက္ကို သူ႔ႏွာေခါင္းေလးႏွင့္ပြတ္တိုက္က်ီစယ္ေနမိသည္။

"ငါမင္းကို ဝယ္မယ္ Xing.........."

Chiyo ထံမွထြက္လာေသာစကားသံေၾကာင့္ သူ႔လႈပ္ရွားမႈတို႔အားလုံးရပ္တန္႔သြားရသည္။

"အရွင္......ဘာေျပာလိုက္တယ္........."

Xingye မ်က္လုံးအဝိုင္းသားကေလးႏွင့္လွန္ၾကည့္ရင္း အလန္႔တၾကားေမးလိုက္မိသည္။

Chiyo ကမေျဖခင္ ၾကမ္းကိုတံေတာင္ျဖင့္ေထာက္၍ Xingye ကိုအေပၚမွအုပ္မိုးၾကည့္ေနရင္း လက္တစ္ဖက္က Xingye မ်က္ႏွာကိုညင္သာစြာကိုင္ၿပီး သူ႔ကိုထူးဆန္းသလိုၾကည့္ေနေသာ Xingye ၏မ်က္လုံးဝိုင္းေလးမ်ားကို ႏႈတ္ခမ္းမ်ားႏွင့္ဖိကပ္ကာနမ္းလိုက္သည္။

"ကိုယ္မင္းကိုသိပ္ၿပီးႏွစ္သက္တယ္ Xing........."

Xingye သြားစြယ္ေလးမ်ားေပၚေအာင္ရယ္လိုက္ျပန္သည္။ ထို႔ေနာက္ ထထိုင္လိုက္ၿပီးဝဲလြင့္ေနေသာဆံပင္တို႔ကိုႀကိဳးစတစ္စျဖင့္ခ်ည္လိုက္သည္။

'ကြၽန္ေတာ့္ကိုႏွစ္သက္လို႔ရပါတယ္ အရွင္..
......ဒါေပမဲ့......အရွင္ ဝယ္လို႔ေတာ့မရဘူး............'

Xingye စကားေၾကာင့္ Chiyo မ်က္လုံးႏွစ္ဖက္ျပဴးက်ယ္သြားသည္။

"ဘာျဖစ္လို႔လဲ......ဘာျဖစ္လို႔ ဝယ္လို႔မရရမွာလဲ......."

Chiyo ရင္ထဲတြင္စိုးရိမ္မႈတို႔ျဖင့္ ပူတက္လာသည္။

Xingye ကိုတစ္ႀကိမ္တစ္ခါပိုင္ဆိုင္ရ႐ုံသာမဟုတ္ပဲ တစ္သက္စာရည္႐ြယ္ခဲ့မိသည္ကိုသူသာသိသည္။

"အရွင္ေမ့ေနၿပီလား.....ဒီေနရာက You Min ေလ.....အရွင္ တစ္ႏိုင္ငံလုံးကိုဝယ္ဖို႔ခ်မ္းသာရင္ေတာင္ You Min က ပန္းပြင့္ေတြကိုေတာ့ဝယ္လို႔မရဘူး........"

Xingye ၏စကားေၾကာင့္ Chiyo ေသြးမ်ားေျပာင္းျပန္စီးသလိုခံစားလိုက္ရသည္။

ေတြးထားခဲ့ေသာအေတြးမ်ားအားလုံး႐ုတ္တရက္ပ်က္ဆီးသြားသည္။

သူျမတ္ႏိုးလွပါေသာ ပန္းပြင့္ေလးကို ပိုင္ဆိုင္သမွ်အရာအားလုံးႏွင့္လဲထားခ်င္သည့္အေတြး...

သူ႔လက္ထဲတြင္ထား၍အရိပ္တၾကည့္ၾကည့္ ၾကည့္ခ်င္သည့္အေတြး...

Xingye စကားေၾကာင့္ထိုအေတြးမ်ားအားလုံးဘယ္လိုဆက္ရမယ္မသိ။

ထို႔ေနာက္ မ်က္ဝန္းအိမ္ထဲတြင္တျဖည္းျဖည္းမ်က္ရည္မ်ားက အလိုလိုျပည့္လွ်ံလာသည္။

"မငိုပါနဲ႔ အရွင္........"

Xingye , Chiyo မ်က္ရည္စတို႔ကိုသုတ္ေပးေနရင္း

"ကြၽန္ေတာ့္ကိုခ်စ္တဲ့သူက အရွင္ ပထမဆုံးမဟုတ္ဘူး....အရွင္....အရင္တုန္းကလဲရွိဖူးတယ္....ဒါေပမဲ့ ဘယ္သူမွ ဝယ္လို႔မရခဲ့ဘူး.......တျခားေဆာင္ၾကာၿမိဳင္ေတြကသာ သူတို႔လူေတြကိုေရာင္းရင္ေရာင္းမယ္ အရွင္.....You Min က ပန္းပြင့္ေတြကိုဘယ္သူ႔ကိုမွမေရာင္းဘူး....."

Chiyo မ်က္လုံးမွမ်က္ရည္စက္တစ္စက္ ပါးျပင္ကိုျဖတ္စီးသြားသည္။ ထို႔ေနာက္ Chiyo ေခါင္းကိုျဖည္းညင္းစြာရမ္းရင္းေျပာလိုက္ေပ၏။

"ငါမင္းကိုဘယ္သူ႔လက္ထဲကိုမွမထည့္ႏိုင္ေတာ့ဘူး......Xing......"

Xingye သည္ရယ္သြမ္းေသြးရင္း Chiyo ရင္ထဲတိုးဝင္လိုက္သည္။

"ဒါဆို အရွင္ေန႔တိုင္းလာေပါ့......."

ရင္ခြင္ထဲတြင္ျမဳပ္ေနေသာ Xingye ကို Chiyo ပိုၿပီးတင္းၾကပ္သြားေအာင္ဖက္ထားလိုက္သည္။

ျဖစ္ႏိုင္လွ်င္သူခ်စ္မိသြားခဲ့ေသာဤေကာင္ေလးအား ေလပင္မဟပ္ေစလိုေတာ့...။

"ငါ....ငါမင္းကိုလြတ္ေျမာက္ေစခ်င္တယ္ Xing.......ငါ....မင္းကို......."

"ကြၽန္ေတာ့္ကို ဒီလိုေနရာမွာေနရေစဖို႔ကံၾကမၼာကသတ္မွတ္ၿပီးသားပါ အရွင္.... အရွင္က ဒါကိုေျပာင္းလဲပစ္မလို႔လား........ဒါေပမဲ့ အရွင္ေျပာင္းလဲခ်င္ရင္ေတာင္ လုပ္ခ်င္တိုင္းလုပ္လို႔မွမရပဲ....အရွင္က.....အရွင္က........ဘုရင္မင္းျမတ္မဟုတ္ပဲ.....မင္းသားတစ္ပါးမဟုတ္လား......"

Xingye စကားေျပာေနစဥ္တြင္ Chiyo ရင္ဘတ္ကပူေႏြးလာသည္ကိုခံစားရသည္။

"Xing........"

Xingye မ်က္ႏွာကို Chiyo ၾကည့္လိုက္ေတာ့ Xingye မ်က္ႏွာတြင္လည္းမ်က္ရည္မ်ားရွိလို႔ေနသည္။ သူ႔ဘဝသူဝမ္းနည္းလြန္း၍ငိုမိျခင္းျဖစ္မည္။ သို႔ေသာ္ Xingye ကမ်က္ရည္မ်ားကိုသုတ္ပစ္လိုက္ၿပီး အလွပဆုံးျပန္လည္ၿပဳံးရန္ႀကိဳးစား သည္။

You Min တြင္ ပန္းပြင့္မ်ား၏ခံစားခ်က္တို႔ရွင္သန္ေမြးဖြားခြင့္မရွိ။
You Min တြင္ ပန္းပြင့္မ်ားဝမ္းနည္းခြင့္မရွိ။
You Min တြင္ ပန္းပြင့္မ်ားခ်စ္ခြင့္မရွိ။

"Xing.........."

"ကြၽန္ေတာ္မငိုေတာ့ဘူး.....အရွင္လဲမငိုနဲ႔ေတာ့ေနာ္......ကြၽန္ေတာ့္အတြက္ဘာမွမေတြးေပးပါနဲ႔အရွင္..... အရွင္က အရွင္ပါ....ပန္းပြင့္တစ္ပြင့္အတြက္ဘာမွေတြးေပးစရာမလိုတဲ့အရွင္သခင္တစ္ေယာက္ပါ။ အရွင္သတိရတဲ့အခါ အခ်ိန္မေ႐ြးလာခဲ့ပါ.......ကြၽန္ေတာ္ဟာ အရွင့္အတြက္ပါပဲ......."

မင္းဟာ ငါ့အတြက္တဲ့လား Xing...

ဒါေပမဲ့ မင္းအတြက္မေတြးရဘူးတဲ့လား....
ငါ့ရဲ႕အေတြးအာ႐ုံေတြအားလုံးကိုသိမ္းပိုက္ခဲ့ၿပီးမွ ဒီစကားကိုေျပာရသလား Xing ရယ္....

Chiyo သည္ Xingye ကို ျငင္သာျပင္းရွစြာ ေနာက္တစ္ႀကိမ္နမ္းမိသည္။ ထို႔ေနာက္ ခပ္တိုးတိုးေလးေျပာလိုက္၏။

"ငါေန႔တိုင္းလာခဲ့မယ္ Xing........"

"ေကာင္းတာေပါ့....အရွင္....ဒါဆို ကြၽန္ေတာ္ လူဝႀကီးေတြနဲ႔ရန္မျဖစ္ရေတာ့ဘူး......"

ကေလးလိုပင္ျဖဴစင္ေသာ Xingye က ခ်စ္စဖြယ္ေျပာသည္။

လူမွန္းသိတတ္စအ႐ြယ္ကတည္းက You Min
ဟူေသာဤေနရာတြင္ရွင္သန္ခဲ့ရသည့္သူ႔အတြက္ေတာ့ ဘယ္သူပဲလာလာ သူ႔တာဝန္သူလုပ္ေဆာင္ရမည္ျဖစ္သည္။

သူ႔ကိုခ်စ္သည္ျဖစ္ေစ မခ်စ္သည္ျဖစ္ေစ၊ သူက ခ်စ္ႏိုင္သည္ျဖစ္ေစ မခ်စ္ႏိုင္သည္ျဖစ္ေစ သူ၏ႏုပ်ိဳမႈမ်ားရွိေနသ၍ သူသည္အသုံးေတာ္ခံတစ္ေယာက္ျဖစ္ေနဦးမည္ျဖစ္သည္။

သို႔ေသာ္ ယခု Chiyo ကေတာ့အျခားသူမ်ားထက္ပို၍သူ႔ကိုအေလးအနက္ထားသလိုခံစားရသည္။ သူ႔ကိုၾကည့္ေသာအၾကည့္မ်ားမွာ ေလးနက္ၿပီးအျမတ္တႏိုးတန္ဖိုးထားမႈတစ္ခ်ိဳ႕ပါေနသည္ကိုသိသည္။ သူ႔ကိုနမ္းေသာအနမ္းတိုင္းမွာ ပန္းကိုနမ္းေသာမနက္ခင္းေနေရာင္ျခည္ႏုႏုကဲ့သို႔ ျငင္သာလွသည္။ တျခားသူမ်ားလို တညတာအသုံးျပဳကာ လွည့္မၾကည့္ပဲထြက္သြားသည္မ်ိဳးမဟုတ္ပဲ ယခုအထိ သူ႔နံေဘးတြင္ရွိေနေသးကာ သူ႔ကိုလြတ္ေျမာက္ခြင့္ေပးလိုသည္ဟုပင္ေျပာေနေသးသည္။ သူအအံ့ၾသဆုံးအရာကေတာ့ ဘုရင့္ေသြးသားျဖစ္သည့္ ဤမင္းသားဟူေသာသူက သူ႔အတြက္မ်က္ရည္တစ္ခ်ိဳ႕႐ြာသြန္းေပးျခင္းပင္ျဖစ္သည္။

ယခု သူ႔ကို ႏွစ္သက္သည္ ဟုဆိုလိုက္ေသာ ဤမင္းသားငယ္ေလးက သူ႔ထံေန႔တိုင္းလာမည္ဟုဆိုသည္။ ဘယ္လိုပဲျဖစ္ျဖစ္စိတ္ထဲတြင္ေႏြးေထြးမႈတစ္ခုႏွင့္အတူအနည္းငယ္ၾကည္ႏူးမိသည္မွာေတာ့အမွန္။

တစ္စုံတစ္ေယာက္ကိုခ်စ္ခြင့္မရွိတဲ့ ကြၽန္ေတာ္က
အရွင့္ကိုမ်ားခ်စ္မိသြားရင္ျဖင့္
ေနမင္းႀကီးကိုပိုင္ဆိုင္ခ်င္တဲ့ ေနၾကာပန္းလို...
လိပ္ျပာေလးကိုဖက္တြယ္ထားခ်င္တဲ့ ပန္းဝတ္ရည္လို...
မျဖစ္ႏိုင္ျခင္းေတြသိပ္မ်ားေတာ့မွာပဲအရွင္...

xxx

"အရွင္.............."

အခန္းအျပင္မွလွမ္းေခၚသံေၾကာင့္ Chiyo လွည့္ၾကည့္လိုက္သည္။ အျပင္တြင္လူရိပ္ေတြ႕ၿပီး အသံကေတာ့ Shi အသံျဖစ္သည္။

"အရွင္......အခုသြားမွျဖစ္မယ္........."

Shi အလန႔္တၾကားေျပာေနရင္း မထိန္းႏိုင္ေသာမ်က္ရည္စတို႔ကပါးေပၚေျပးဆင္းလာေသးသည္။ သို႔ေသာ္ ဤအခ်ိန္သည္ငိုရမည့္အခ်ိန္မဟုတ္ေသးေသာေၾကာင့္ မ်က္ရည္မ်ားကိုလက္ခုံျဖင့္သုတ္ပစ္လိုက္သည္။ ေခါင္းကိုငိုက္စိုက္ထားမိၿပီး မ်က္လုံးမ်ားကေတာ့ ၾကမ္းျပင္ကိုသာစူးစူးစိုက္စိုက္ၾကည့္ေနမိသည္။

"အရွင္.........."

"အခုထြက္လာခဲ့မယ္........."

ဘာျဖစ္မွန္းမသိေသာ္လည္း Shi အသံကအေရးႀကီးေနသည့္ပုံေပါက္တာမို႔ Chiyo ထြက္လာရန္ေျပာၿပီး ရင္ခြင္ထဲမွ Xingye ကိုညင္သာစြာထုတ္လိုက္သည္။

ထို႔ေနာက္ ယေန႔အတြက္ေနာက္ဆုံးအနမ္းအျဖစ္ Xingye ၏မ်က္ႏွာတစ္ဝိုက္ကိုအထပ္ထပ္အခါခါနမ္းမိသည္။

"သိပ္ခ်စ္တယ္ Xing......မနက္ျဖန္တိုင္းမွာ....မင္းကိုေတြ႕ဖို႔လာခဲ့မယ္........."

Chiyo အၿပဳံးမ်ားသည္မနက္ခင္းႏွင့္အတူေတာက္ပေနသည္။ ထို႔ေနာက္ အခန္းတြင္းမွမထြက္ခြာမျခင္း Xingye ကိုၾကည့္ေနသည့္အၾကည့္မ်ားကိုမလႊဲႏိုင္ေသး။

မင္းရဲ႕မ်က္ႏွာေလးကလြဲၿပီးဘယ္ေနရာကိုမွမၾကည့္ခ်င္ေတာ့ေလာက္ေအာင္ ငါ့ကိုဘယ္လိုမ်ားဖမ္းစားခဲ့ပါသလဲ...Xing

မင္းအေၾကာင္းေတြကလြဲရင္ဘယ္အရာကိုမွမေတြးခ်င္ေလာက္ေအာင္ေရာ ဘယ္လိုနည္းလမ္းေတြနဲ႔မ်ားျပဳစားခဲ့ပါသလဲ...Xing

မင္းရွိတဲ့အရပ္ကလြဲရင္ဘယ္ေနရာကိုမွမသြားခ်င္ေတာ့ေလာက္ေအာင္ေရာ ဘယ္လိုဆြဲအားေတြနဲ႔ဖမ္းစားထားပါသလဲ.....Xing

xxx

'Shi..............'

အေဆာင္၏အျပင္ဘက္တြင္ရပ္ေနေသာ Shi သည္ေခါင္းကိုငိုက္စိုက္ခ်ထားဆဲပင္ျဖစ္သည္။ သို႔ေသာ္ အေရးႀကီးေနသည္မို႔စိတ္ကိုတင္းထားလိုက္သည္။

ဘာေတြပဲျဖစ္ေနပါေစ သူ Chiyo ကိုကာကြယ္ရမည့္အရာမ်ားကိုေတာ့ နည္းနည္းေလးေတာင္ေလ်ာ့ပါးသြားလို႔မျဖစ္။

"Shi................"

"အခုသြားမွျဖစ္မယ္........ဘုရင့္သက္ေတာ္ေစာင့္တခ်ိဳ႕ကိုေတြ႕လိုက္တယ္........"

"ဘာ........ခမည္းေတာ္ရဲ႕........"

"ဟုတ္တယ္........Xiao Chi.......လာပါ....အျမန္သြားမယ္.....လမ္းေရာက္မွေျပာတာေပါ့......"

Shi ေျပာေန႐ုံရွိေသး မနီးမေဝးဆီမွေျခသံမ်ားကိုၾကားလိုက္ရသည္။ အသံဗလံမ်ားလည္းဆူညံလို႔ေနသည္။ ႏွစ္ဦးသား အသံလာရာဆီသို႔လွမ္းၾကည့္လိုက္ေတာ့ အမွန္ကိုပင္ ဘုရင့္ရဲမက္တစ္ခ်ိဳ႕က အေဆာင္မ်ားထဲလိုက္လံရွာေဖြေနသည္ကိုေတြ႕ရသည္။

"Shi.........."

႐ုတ္တရက္မို႔ Chiyo လန႔္သြားမိခ်ိန္တြင္ Shi က Chiyo လက္ကိုဆြဲ၍ဆန႔္က်င္ဘက္အရပ္သို႔အျမန္ေျပးေလသည္။

"ငါတို႔အမိခံလို႔မျဖစ္ဘူး Shi..........."

Chiyo စိတ္ထဲတြင္စိုးရိမ္မႈေပါင္းစုံက ေရာႁပြမ္းလို႔လာသည္။ မ်က္လုံးထဲတြင္လည္းဘာမွကိုေကာင္းေကာင္းမျမင္ႏိုင္ေတာ့။ Shi လက္ကိုတြဲထားၿပီး Shi ေျပးရာေနာက္သို႔လိုက္လာမိသည္။

Shi ကေတာ့ လက္တစ္ဖက္က ဓားရွည္ကိုဆြဲကိုင္ကာ လက္တစ္ဖက္က Chiyo ကိုအမိအရဆြဲထားၿပီး You Min ၏အေနာက္ေပါက္သို႔ဦးတည္၍ေျပးေလသည္။ ယခုအခ်ိန္တြင္ အေရွ႕ေပါက္မွာ ေျပာစရာမလိုေအာင္ရဲမက္ေတြနဲ႔ျပည့္ေနမည္ျဖစ္ေသာေၾကာင့္အေနာက္ေပါက္တစ္ခါသာလြတ္လမ္းရွိသည္။

"ခမည္းေတာ္က ဘာလို႔ေရာက္လာရတာလဲ......ငါတို႔ကိုမိသြားရင္ေရာ.....သူ........"

"Xiao Chi....မပူပါနဲ႔....
ဒီေနရာကပဲအျမန္လြတ္ေအာင္ေျပးရေအာင္........."

"ေနဦး.......ငါ.......Xing ဆီကိုလာခဲ့တယ္ဆိုတာ...သူသိသြားရင္......စိတ္ဆိုးမွာအေသအခ်ာပဲ......Xing ကေယာက်္ားေလးတစ္ေယာက္ျဖစ္ေနတဲ့အတြက္ပိုဆိုးတယ္....သူ Xing ကိုအျပစ္ေပးလိမ့္မယ္....မျဖစ္ဘူး Shi....ငါ မားမား ဆီကိုျပန္သြားၿပီး ေျပာရမယ္........"

"Xiao Chi.........."

အသည္းအသန္ေျပးလႊားေနရခ်ိန္မွာေတာင္ ကိုယ့္ကိုယ္ကိုယ္ မပူပဲ Xingye အတြက္ပူပန္ေပးေနေသာ Chiyo ကို Shi စိတ္နာခ်င္သည္။ သို႔ေသာ္ မျဖစ္ႏိုင္။ အဘယ့္ေၾကာင့္ဆိုေသာ္ သူကိုယ္တိုင္ေတာင္ သူ႔အတြက္သူမပူပဲ Chiyo အတြက္ ကိုသာေတြးမိသည္မဟုတ္ပါလား။

"ငါသြားမယ္......Shi......"

"မျဖစ္ဘူး..........."

Shi သည္ Chiyo လက္ႏွစ္ဖက္ကိုခပ္တင္းတင္း ဆုပ္ကိုင္ထားလိုက္သည္။ ထို႔ေနာက္ Chiyo မ်က္လုံးမ်ားကိုေသခ်ာၾကည့္ၿပီးေျပာ၏။

"ဒီေနရာက အခုထြက္သြားမွျဖစ္မယ္ Xiao Chi......."

Shi သည္ေခါင္းမာမာႏွင့္ Chiyo ကိုဆြဲကာဆက္ေလွ်ာက္မိသည္။

ဒီေနရာတြင္ ခဏေလးမွထပ္ေနလို႔မျဖစ္။ ရဲမက္မ်ားထံတြင္မိသြားပါက Chiyo သိကၡာမ်ား ပြန္းပဲ့သြားမည္ကိုစိုးသည္။ ဘုရင္မင္းျမတ္က Chiyo ကိုအမ်က္ေတာ္ရွသြားမည္ကိုစိုးသည္။ သူပူပင္ေနသမွ်အားလုံးဟာ Chiyo အတြက္သာျဖစ္သည္။

"Shi.......ငါ့ကိုလႊတ္...........ငါ Xing ဆီသြားခဲ့တယ္ဆိုတဲ့အေၾကာင္းတစ္ခုေတာ့ ဘယ္သူ႔ကိုမွျပန္မေျပာဖို႔ မားမား ကိုပိတ္မွရမယ္......"

Chiyo ႐ုန္းေနေသာ္လည္း Shi က လုံးဝမလႊတ္ေပးသည္မို႔ေဒါသကအနည္းငယ္ထြက္လာသည္။

"Shi.......ငါေျပာေနတယ္ေနာ္......."

"မရဘူး..........Xiao Chi........ဒီကအခုထြက္မွျဖစ္မယ္........."

"ငါ့ကိုအမိန႔္လာေပးမေနနဲ႔...Shikiyo.........အခုလႊတ္.........."

Chiyo ကေျပာလည္းေျပာ Shi လက္ထဲမွလည္း ေဆာင့္ကာ႐ုန္းထြက္လိုက္ေပ၏။

တြန႔္ခ်ိဳးေနေသာ Chiyo မ်က္ခုံးနက္နက္ႏွစ္ဖက္ႏွင့္ သူ႔ကိုေအာ္လိုက္သည့္ Chiyo ေလသံေၾကာင့္ Shi ဆြံ႕အသြားရသည္။ အသက္ရႉရသည္မွာခက္ခဲေလာက္ေအာင္ ဝမ္းနည္းမႈႀကီးကရင္ထဲတြင္ဆို႔တက္လာသည္။

အမိန႔္ေတြလာေပးမေနနဲ႔တဲ့လား Xiao Chi
ဟင့္အင္း...
ငါဟာမင္းရဲ႕အမိန႔္ေတြကိုနာခံဖို႔သာအသက္ရွင္ေနတာပါ...

ငါ့ရဲ႕ပူပန္မႈေတြဟာမင္းကိုေဒါသထြက္ေစခဲ့တာလား...

သူ႔ဆီသြားဖို႔တားမိျခင္းက မင္းကိုေဒါသထြက္ေစခဲ့တာလား...

ေတာင္းပန္ပါတယ္ Xiao Chi....
ငါေတာင္းပန္ပါတယ္...။

Shi ေခါင္းကိုငုံ႔ထားလိုက္သည္။ Chiyo ေၾကာင့္
ရင္ထဲတြင္နာေနသည္ကတစ္ေၾကာင္း၊ ေယာက်ာ္းတန္မဲ့မ်က္ရည္ဝဲေနမိသည္ကတစ္ေၾကာင္းမို႔ ေခါင္းကိုငုံ႔ထားျခင္းျဖစ္သည္။ Chiyo မ်က္ႏွာကိုၾကည့္ရန္ အားအင္ဆိုသည္မွာလည္းတစ္စြန္းတစ္စေတာင္မရွိ။

"ကြၽန္ေတာ္မ်ိဳးတို႔အခုျပန္လွည့္ရင္ ရဲမက္ေတြလက္ထဲေရာက္သြားမွာ အေသအခ်ာပါပဲ အရွင္......"

အေခၚအေဝၚေျပာင္းသြားေသာ Shi ေၾကာင့္ , Shi တစ္ခုခုျဖစ္သြားေၾကာင္း Chiyo သိလိုက္သည္။

"အရွင္သြားမွျဖစ္မယ္ဆိုရင္ ကြၽန္ေတာ္မ်ိဳးတစ္နည္းနည္းနဲ႔ ရဲမက္ေတြကို တျခားတစ္ေနရာဆီျမားေခၚသြားေပးပါ့မယ္........"

Shi ေခါင္းကိုငုံ႔ထားဆဲျဖစ္သည္။

"မလိုေတာ့ဘူး............"

Chiyo စကားေၾကာင့္ Shi အသက္ရႈေနသည့္ဟန္ခ်က္႐ုတ္တရက္ျပတ္ေတာက္သြားသည္။

ငါ့ကိုမလိုအပ္ေတာ့ဘူးလို႔ေတာ့မေျပာလိုက္ပါနဲ႔ Xiao Chi...
မင္းေဘးမွာသာေနခြင့္မရွိေတာ့ရင္ငါ့ရွင္သန္မႈအားလုံးဟာလည္းအဓိပၸါယ္မဲ့သြားေတာ့မွာမို႔လို႔ပါ...။

သို႔ေသာ္ Shi ေနာက္ေက်ာမွေျခသံမ်ားကိုၾကားခ်ိန္တြင္ေတာ့ Chiyo ဘာေၾကာင့္ မလိုေတာ့ဘူး လို႔ ေျပာသည္ကို သေဘာေပါက္သြားရသည္။

Shi လွည့္ၾကည့္လိုက္ေတာ့ သူတို႔ႏွင့္မနီးမေဝးသို႔ေရာက္လာသည့္ ဘုရင္မင္းျမတ္ႏွင့္ ကိုယ္ရံေတာ္မ်ား။

ဘုရင္မင္းျမတ္လည္း႐ုပ္ဖ်က္ၿပီးထြက္လာသည္ျဖစ္ရာ သာမန္လူခ်မ္းသာမ်ားကဲ့သို႔သာဝတ္ထားသည္။

&ခမည္းေတာ္ ကို သားေတာ္....ဂါရဝျပဳ ပါတယ္..........."

သူတို႔ႏွစ္ဦးစလုံးကိုေဒါသရိပ္ျပည့္လႊမ္းေနေသာမ်က္ႏွာႏွင့္ၾကည့္ေနေသာ ဘုရင့္ကို Chiyo ဒူးေထာက္ကာအ႐ိုအေသေပးလိုက္ေတာ့ Shi လည္းအလွ်င္အျမန္လိုက္ကာဒူးေထာက္မိသည္။

ထို႔ေနာက္ အသံဗလံ မ်ားၾကား၍လွည့္ၾကည့္လိုက္ရာ ရဲမက္မ်ားႏွင့္အတူYou Min ထဲမွထြက္လာေသာ Komo ကိုေတြ႕လိုက္ရသည္။

ဘုရင္ ဒီကိုေရာက္လာသည္မွာ Komo ေၾကာင့္ျဖစ္မည္။

ရဲမက္ေတြႏွင့္ပါလာေသာ Komo ကေတာ့ မ်က္ႏွာမေကာင္းေပ။

ေတာ္ဝင္မင္းသားမ်ားဟူသည္ဤေနရာသို႔မလာသင့္။ အိမ္ေရွ႕စံဆိုလွ်င္ပိုၿပီးေတာ့ေတာင္မလာသင့္ေသာေၾကာင့္ အျပစ္ေပးခံရမည္မွာေတာ့အေသအခ်ာပင္ျဖစ္သည္။

Shi သည္ Chiyo မ်က္ႏွာေလးကိုလွမ္းၾကည့္လိုက္သည္။

ယခု သူ႔လက္ထဲမွဓားႏွင့္ Chiyo ကိုကာကြယ္လို႔မရေသာေၾကာင့္ သူ႔ကိုယ္သူ အျပစ္တင္မိသည္။

ယခု Chiyo အေပၚက်ေရာက္မည့္ ဘုရင့္ေဒါသတို႔ကို သူ႔ထံသို႔လႊဲေျပာင္း၍မရႏိုင္ေသာေၾကာင့္ သူ႔ကိုယ္သူ အျပစ္ဖို႔မိသည္။

ေက်းဇူးျပဳ ၿပီး Xiao Chi ကိုအျပစ္မေပးပါနဲ႔အရွင္...
သူ႔အစား ကြၽန္ေတာ္မ်ိဳးကိုသာအျပစ္ေပးလွည့္ပါ...။

ေက်းဇူးျပဳၿပီး Xiao Chi ကိုမဆူပါနဲ႔အရွင္...
သူ႔အစားကြၽန္ေတာ္မ်ိဳးကိုသာျပစ္တင္ေျပာဆိုလွည့့္ပါ...။

ေက်းဇူးျပဳ ၿပီး Xiao Chi ကို ဘာမွ...ဘာဆိုဘာမွ မလုပ္ပါနဲ႔အရွင္....
Xiao Chi ကိုေဒါသထြက္မယ့္အစား
ကြၽန္ေတာ္မ်ိဳးရဲ႕အသက္ဝိဉာဥ္ကိုသာယူေဆာင္လွည့္ပါ...။

Unicode

သွေးရောင်ခြယ်နှလုံးသား Chapter 10

အချိန်၏စေစားမှုကြောင့် မနက်ခင်းနေရောင်ခြည်ကတဖြည်းဖြည်းပို၍လင်းလာပြီး စက္ကူ ဖြင့်ပြုလုပ်သောတံခါးကိုဖောက်ထွင်းကာအခန်းထဲသို့ပင်ဝင်ရောက်လာလျက်ရှိသည်။ မျက်တောင်နက်လေးများတည်ရှိရာမျက်ဝန်းနှစ်လွှာကိုဖြည်းညင်းစွာခပ်နေသော Chiyo ရင်ထဲတွင်တော့အနည်းငယ်လှိုက်ဖိုနေဆဲပင်။ သူ့လက်မောင်းပေါ်တွင် နှစ်ခြိုက်စွာအိပ်မောကျနေသော Xingye ကိုမနှိုးရက်သောကြောင့် Xingye မနိုးမချင်း ဒီအတိုင်းမလှုပ်မယှက်နေရန်ဆုံးဖြတ်ထားသည်။ Xingye အသက်ကိုရှုထုတ်လိုက်တိုင်းသူ့လည်တိုင်ကိုလာရောက်ရိုက်ခတ်နေသည်မှာလည်း သူ့ရင်ခုန်သံများကိုပိုပြီးအသက်ဝင်အောင်လုပ်ဆောင်ပေးနေသည့်အရာတစ်မျိုးပင်ဖြစ်သည်။

"Xing........"

နှုတ်ဖျားက Xingye နာမည်ကိုတိုးတိုးလေးရွတ်ဆိုမိတော့ လွန်ခဲ့သောနာရီပိုင်းက Xingye ကိုပိုင်ဆိုင်ခဲ့ရပုံကိုပြန်တွေးမိ၍ပြုံးမိပြန်သေးသည်။ ထို့နောက် ဖြည်းညင်းစွာလှုပ်ရှား၍ Xingye ဘက်သို့လှည့်ကာ ဆံနွယ်နက်များယှက်ပြေးနေသော Xingye နဖူးထက်သို့ နူးညံ့သောအနမ်းတစ်ပွင့်ခြွေချလိုက်သည်။ ထို့နောက် ပန်းသွေးရောင်သမ်းနေသောပါးပြင်နုနုကိုလက်ချောင်းလေးများဖြင့်တို့ထိနေမိသည်။ Xingye ၏မျက်လုံးအောက်မှမှဲ့နက်လေး၊ နှာခေါင်းထိပ်မှမှဲ့နက်လေးတို့မှာ သူ့ကိုပိုပြီးအသည်းတယားယားဖြစ်စေသည်။

ထို့နောက် Xingye မျက်ခွံလေးများအနည်းငယ်ရွေ့လျားပြီးနိုးခါနီးဖြစ်လာသည်။ ထို့နောက် မျက်လုံးလေးများပွင့်လာပြီး တစ်ညလုံးအိပ်ထားပြီးရေဆာ၍လားမသိနှုတ်ခမ်းများကိုလျှာဖြင့်တစ်ချက်သပ်လိုက်ကာ လက်နှစ်ဖက်ကိုအပေါ်သို့ဆန့်လိုက်ပြီး ပျင်းကြောဆန့်နေရင်း သူ့ကိုမျက်တောင်မခတ်တမ်းကြည့်နေသော Chiyo ကိုတစ်ချက်ကြည့်လိုက်သည်။

"အရှင်..........နိုးနေပြီလား........"

Xingye သည်သွားစွယ်ချွန်ကလေးများပေါ်သည်အထိပြုံးရင်း Chiyo ရင်ခွင်ထဲသို့လှိမ့်ကာတိုးဝင်လိုက်သည်။ အင်္ကျီ
အလွှာပါးလေးကိုသာဝတ်ထားသော Chiyo ခန္ဓာကိုယ်မှာ သူ့လိုပဲဖြူကာအပြစ်ကင်းစင်လှရာ Chiyo ရင်ဘက်ကို သူ့နှာခေါင်းလေးနှင့်ပွတ်တိုက်ကျီစယ်နေမိသည်။

"ငါမင်းကို ဝယ်မယ် Xing.........."

Chiyo ထံမှထွက်လာသောစကားသံကြောင့် သူ့လှုပ်ရှားမှုတို့အားလုံးရပ်တန့်သွားရသည်။

"အရှင်......ဘာပြောလိုက်တယ်........."

Xingye မျက်လုံးအဝိုင်းသားကလေးနှင့်လှန်ကြည့်ရင်း အလန့်တကြားမေးလိုက်မိသည်။

Chiyo ကမဖြေခင် ကြမ်းကိုတံတောင်ဖြင့်ထောက်၍ Xingye ကိုအပေါ်မှအုပ်မိုးကြည့်နေရင်း လက်တစ်ဖက်က Xingye မျက်နှာကိုညင်သာစွာကိုင်ပြီး သူ့ကိုထူးဆန်းသလိုကြည့်နေသော Xingye ၏မျက်လုံးဝိုင်းလေးများကို နှုတ်ခမ်းများနှင့်ဖိကပ်ကာနမ်းလိုက်သည်။

"ကိုယ်မင်းကိုသိပ်ပြီးနှစ်သက်တယ် Xing........."

Xingye သွားစွယ်လေးများပေါ်အောင်ရယ်လိုက်ပြန်သည်။ ထို့နောက် ထထိုင်လိုက်ပြီးဝဲလွင့်နေသောဆံပင်တို့ကိုကြိုးစတစ်စဖြင့်ချည်လိုက်သည်။

'ကျွန်တော့်ကိုနှစ်သက်လို့ရပါတယ် အရှင်..
......ဒါပေမဲ့......အရှင် ဝယ်လို့တော့မရဘူး............'

Xingye စကားကြောင့် Chiyo မျက်လုံးနှစ်ဖက်ပြူးကျယ်သွားသည်။

"ဘာဖြစ်လို့လဲ......ဘာဖြစ်လို့ ဝယ်လို့မရရမှာလဲ......."

Chiyo ရင်ထဲတွင်စိုးရိမ်မှုတို့ဖြင့် ပူတက်လာသည်။

Xingye ကိုတစ်ကြိမ်တစ်ခါပိုင်ဆိုင်ရရုံသာမဟုတ်ပဲ တစ်သက်စာရည်ရွယ်ခဲ့မိသည်ကိုသူသာသိသည်။

"အရှင်မေ့နေပြီလား.....ဒီနေရာက You Min လေ.....အရှင် တစ်နိုင်ငံလုံးကိုဝယ်ဖို့ချမ်းသာရင်တောင် You Min က ပန်းပွင့်တွေကိုတော့ဝယ်လို့မရဘူး........"

Xingye ၏စကားကြောင့် Chiyo သွေးများပြောင်းပြန်စီးသလိုခံစားလိုက်ရသည်။

တွေးထားခဲ့သောအတွေးများအားလုံးရုတ်တရက်ပျက်ဆီးသွားသည်။

သူမြတ်နိုးလှပါသော ပန်းပွင့်လေးကို ပိုင်ဆိုင်သမျှအရာအားလုံးနှင့်လဲထားချင်သည့်အတွေး...

သူ့လက်ထဲတွင်ထား၍အရိပ်တကြည့်ကြည့် ကြည့်ချင်သည့်အတွေး...

Xingye စကားကြောင့်ထိုအတွေးများအားလုံးဘယ်လိုဆက်ရမယ်မသိ။

ထို့နောက် မျက်ဝန်းအိမ်ထဲတွင်တဖြည်းဖြည်းမျက်ရည်များက အလိုလိုပြည့်လျှံလာသည်။

"မငိုပါနဲ့ အရှင်........"

Xingye , Chiyo မျက်ရည်စတို့ကိုသုတ်ပေးနေရင်း

"ကျွန်တော့်ကိုချစ်တဲ့သူက အရှင် ပထမဆုံးမဟုတ်ဘူး....အရှင်....အရင်တုန်းကလဲရှိဖူးတယ်....ဒါပေမဲ့ ဘယ်သူမှ ဝယ်လို့မရခဲ့ဘူး.......တခြားဆောင်ကြာမြိုင်တွေကသာ သူတို့လူတွေကိုရောင်းရင်ရောင်းမယ် အရှင်.....You Min က ပန်းပွင့်တွေကိုဘယ်သူ့ကိုမှမရောင်းဘူး....."

Chiyo မျက်လုံးမှမျက်ရည်စက်တစ်စက် ပါးပြင်ကိုဖြတ်စီးသွားသည်။ ထို့နောက် Chiyo ခေါင်းကိုဖြည်းညင်းစွာရမ်းရင်းပြောလိုက်ပေ၏။

"ငါမင်းကိုဘယ်သူ့လက်ထဲကိုမှမထည့်နိုင်တော့ဘူး......Xing......"

Xingye သည်ရယ်သွမ်းသွေးရင်း Chiyo ရင်ထဲတိုးဝင်လိုက်သည်။

"ဒါဆို အရှင်နေ့တိုင်းလာပေါ့......."

ရင်ခွင်ထဲတွင်မြုပ်နေသော Xingye ကို Chiyo ပိုပြီးတင်းကြပ်သွားအောင်ဖက်ထားလိုက်သည်။

ဖြစ်နိုင်လျှင်သူချစ်မိသွားခဲ့သောဤကောင်လေးအား လေပင်မဟပ်စေလိုတော့...။

"ငါ....ငါမင်းကိုလွတ်မြောက်စေချင်တယ် Xing.......ငါ....မင်းကို......."

"ကျွန်တော့်ကို ဒီလိုနေရာမှာနေရစေဖို့ကံကြမ္မာကသတ်မှတ်ပြီးသားပါ အရှင်.... အရှင်က ဒါကိုပြောင်းလဲပစ်မလို့လား........ဒါပေမဲ့ အရှင်ပြောင်းလဲချင်ရင်တောင် လုပ်ချင်တိုင်းလုပ်လို့မှမရပဲ....အရှင်က.....အရှင်က........ဘုရင်မင်းမြတ်မဟုတ်ပဲ.....မင်းသားတစ်ပါးမဟုတ်လား......"

Xingye စကားပြောနေစဉ်တွင် Chiyo ရင်ဘတ်ကပူနွေးလာသည်ကိုခံစားရသည်။

"Xing........"

Xingye မျက်နှာကို Chiyo ကြည့်လိုက်တော့ Xingye မျက်နှာတွင်လည်းမျက်ရည်များရှိလို့နေသည်။ သူ့ဘဝသူဝမ်းနည်းလွန်း၍ငိုမိခြင်းဖြစ်မည်။ သို့သော် Xingye ကမျက်ရည်များကိုသုတ်ပစ်လိုက်ပြီး အလှပဆုံးပြန်လည်ပြုံးရန်ကြိုးစား သည်။

You Min တွင် ပန်းပွင့်များ၏ခံစားချက်တို့ရှင်သန်မွေးဖွားခွင့်မရှိ။
You Min တွင် ပန်းပွင့်များဝမ်းနည်းခွင့်မရှိ။
You Min တွင် ပန်းပွင့်များချစ်ခွင့်မရှိ။

"Xing.........."

"ကျွန်တော်မငိုတော့ဘူး.....အရှင်လဲမငိုနဲ့တော့နော်......ကျွန်တော့်အတွက်ဘာမှမတွေးပေးပါနဲ့အရှင်..... အရှင်က အရှင်ပါ....ပန်းပွင့်တစ်ပွင့်အတွက်ဘာမှတွေးပေးစရာမလိုတဲ့အရှင်သခင်တစ်ယောက်ပါ။ အရှင်သတိရတဲ့အခါ အချိန်မရွေးလာခဲ့ပါ.......ကျွန်တော်ဟာ အရှင့်အတွက်ပါပဲ......."

မင်းဟာ ငါ့အတွက်တဲ့လား Xing...

ဒါပေမဲ့ မင်းအတွက်မတွေးရဘူးတဲ့လား....
ငါ့ရဲ့အတွေးအာရုံတွေအားလုံးကိုသိမ်းပိုက်ခဲ့ပြီးမှ ဒီစကားကိုပြောရသလား Xing ရယ်....

Chiyo သည် Xingye ကို ငြင်သာပြင်းရှစွာ နောက်တစ်ကြိမ်နမ်းမိသည်။ ထို့နောက် ခပ်တိုးတိုးလေးပြောလိုက်၏။

"ငါနေ့တိုင်းလာခဲ့မယ် Xing........"

"ကောင်းတာပေါ့....အရှင်....ဒါဆို ကျွန်တော် လူဝကြီးတွေနဲ့ရန်မဖြစ်ရတော့ဘူး......"

ကလေးလိုပင်ဖြူစင်သော Xingye က ချစ်စဖွယ်ပြောသည်။

လူမှန်းသိတတ်စအရွယ်ကတည်းက You Min
ဟူသောဤနေရာတွင်ရှင်သန်ခဲ့ရသည့်သူ့အတွက်တော့ ဘယ်သူပဲလာလာ သူ့တာဝန်သူလုပ်ဆောင်ရမည်ဖြစ်သည်။

သူ့ကိုချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေ၊ သူက ချစ်နိုင်သည်ဖြစ်စေ မချစ်နိုင်သည်ဖြစ်စေ သူ၏နုပျိုမှုများရှိနေသ၍ သူသည်အသုံးတော်ခံတစ်ယောက်ဖြစ်နေဦးမည်ဖြစ်သည်။

သို့သော် ယခု Chiyo ကတော့အခြားသူများထက်ပို၍သူ့ကိုအလေးအနက်ထားသလိုခံစားရသည်။ သူ့ကိုကြည့်သောအကြည့်များမှာ လေးနက်ပြီးအမြတ်တနိုးတန်ဖိုးထားမှုတစ်ချို့ပါနေသည်ကိုသိသည်။ သူ့ကိုနမ်းသောအနမ်းတိုင်းမှာ ပန်းကိုနမ်းသောမနက်ခင်းနေရောင်ခြည်နုနုကဲ့သို့ ငြင်သာလှသည်။ တခြားသူများလို တညတာအသုံးပြုကာ လှည့်မကြည့်ပဲထွက်သွားသည်မျိုးမဟုတ်ပဲ ယခုအထိ သူ့နံဘေးတွင်ရှိနေသေးကာ သူ့ကိုလွတ်မြောက်ခွင့်ပေးလိုသည်ဟုပင်ပြောနေသေးသည်။ သူအအံ့သြဆုံးအရာကတော့ ဘုရင့်သွေးသားဖြစ်သည့် ဤမင်းသားဟူသောသူက သူ့အတွက်မျက်ရည်တစ်ချို့ရွာသွန်းပေးခြင်းပင်ဖြစ်သည်။

ယခု သူ့ကို နှစ်သက်သည် ဟုဆိုလိုက်သော ဤမင်းသားငယ်လေးက သူ့ထံနေ့တိုင်းလာမည်ဟုဆိုသည်။ ဘယ်လိုပဲဖြစ်ဖြစ်စိတ်ထဲတွင်နွေးထွေးမှုတစ်ခုနှင့်အတူအနည်းငယ်ကြည်နူးမိသည်မှာတော့အမှန်။

တစ်စုံတစ်ယောက်ကိုချစ်ခွင့်မရှိတဲ့ ကျွန်တော်က
အရှင့်ကိုများချစ်မိသွားရင်ဖြင့်
နေမင်းကြီးကိုပိုင်ဆိုင်ချင်တဲ့ နေကြာပန်းလို...
လိပ်ပြာလေးကိုဖက်တွယ်ထားချင်တဲ့ ပန်းဝတ်ရည်လို...
မဖြစ်နိုင်ခြင်းတွေသိပ်များတော့မှာပဲအရှင်...

xxx

"အရှင်.............."

အခန်းအပြင်မှလှမ်းခေါ်သံကြောင့် Chiyo လှည့်ကြည့်လိုက်သည်။ အပြင်တွင်လူရိပ်တွေ့ပြီး အသံကတော့ Shi အသံဖြစ်သည်။

"အရှင်......အခုသွားမှဖြစ်မယ်........."

Shi အလန့်တကြားပြောနေရင်း မထိန်းနိုင်သောမျက်ရည်စတို့ကပါးပေါ်ပြေးဆင်းလာသေးသည်။ သို့သော် ဤအချိန်သည်ငိုရမည့်အချိန်မဟုတ်သေးသောကြောင့် မျက်ရည်များကိုလက်ခုံဖြင့်သုတ်ပစ်လိုက်သည်။ ခေါင်းကိုငိုက်စိုက်ထားမိပြီး မျက်လုံးများကတော့ ကြမ်းပြင်ကိုသာစူးစူးစိုက်စိုက်ကြည့်နေမိသည်။

"အရှင်.........."

"အခုထွက်လာခဲ့မယ်........."

ဘာဖြစ်မှန်းမသိသော်လည်း Shi အသံကအရေးကြီးနေသည့်ပုံပေါက်တာမို့ Chiyo ထွက်လာရန်ပြောပြီး ရင်ခွင်ထဲမှ Xingye ကိုညင်သာစွာထုတ်လိုက်သည်။

ထို့နောက် ယနေ့အတွက်နောက်ဆုံးအနမ်းအဖြစ် Xingye ၏မျက်နှာတစ်ဝိုက်ကိုအထပ်ထပ်အခါခါနမ်းမိသည်။

"သိပ်ချစ်တယ် Xing......မနက်ဖြန်တိုင်းမှာ....မင်းကိုတွေ့ဖို့လာခဲ့မယ်........."

Chiyo အပြုံးများသည်မနက်ခင်းနှင့်အတူတောက်ပနေသည်။ ထို့နောက် အခန်းတွင်းမှမထွက်ခွာမခြင်း Xingye ကိုကြည့်နေသည့်အကြည့်များကိုမလွှဲနိုင်သေး။

မင်းရဲ့မျက်နှာလေးကလွဲပြီးဘယ်နေရာကိုမှမကြည့်ချင်တော့လောက်အောင် ငါ့ကိုဘယ်လိုများဖမ်းစားခဲ့ပါသလဲ...Xing

မင်းအကြောင်းတွေကလွဲရင်ဘယ်အရာကိုမှမတွေးချင်လောက်အောင်ရော ဘယ်လိုနည်းလမ်းတွေနဲ့များပြုစားခဲ့ပါသလဲ...Xing

မင်းရှိတဲ့အရပ်ကလွဲရင်ဘယ်နေရာကိုမှမသွားချင်တော့လောက်အောင်ရော ဘယ်လိုဆွဲအားတွေနဲ့ဖမ်းစားထားပါသလဲ.....Xing

xxx

'Shi..............'

အဆောင်၏အပြင်ဘက်တွင်ရပ်နေသော Shi သည်ခေါင်းကိုငိုက်စိုက်ချထားဆဲပင်ဖြစ်သည်။ သို့သော် အရေးကြီးနေသည်မို့စိတ်ကိုတင်းထားလိုက်သည်။

ဘာတွေပဲဖြစ်နေပါစေ သူ Chiyo ကိုကာကွယ်ရမည့်အရာများကိုတော့ နည်းနည်းလေးတောင်လျော့ပါးသွားလို့မဖြစ်။

"Shi................"

"အခုသွားမှဖြစ်မယ်........ဘုရင့်သက်တော်စောင့်တချို့ကိုတွေ့လိုက်တယ်........"

"ဘာ........ခမည်းတော်ရဲ့........"

"ဟုတ်တယ်........Xiao Chi.......လာပါ....အမြန်သွားမယ်.....လမ်းရောက်မှပြောတာပေါ့......"

Shi ပြောနေရုံရှိသေး မနီးမဝေးဆီမှခြေသံများကိုကြားလိုက်ရသည်။ အသံဗလံများလည်းဆူညံလို့နေသည်။ နှစ်ဦးသား အသံလာရာဆီသို့လှမ်းကြည့်လိုက်တော့ အမှန်ကိုပင် ဘုရင့်ရဲမက်တစ်ချို့က အဆောင်များထဲလိုက်လံရှာဖွေနေသည်ကိုတွေ့ရသည်။

"Shi.........."

ရုတ်တရက်မို့ Chiyo လန့်သွားမိချိန်တွင် Shi က Chiyo လက်ကိုဆွဲ၍ဆန့်ကျင်ဘက်အရပ်သို့အမြန်ပြေးလေသည်။

"ငါတို့အမိခံလို့မဖြစ်ဘူး Shi..........."

Chiyo စိတ်ထဲတွင်စိုးရိမ်မှုပေါင်းစုံက ရောပြွမ်းလို့လာသည်။ မျက်လုံးထဲတွင်လည်းဘာမှကိုကောင်းကောင်းမမြင်နိုင်တော့။ Shi လက်ကိုတွဲထားပြီး Shi ပြေးရာနောက်သို့လိုက်လာမိသည်။

Shi ကတော့ လက်တစ်ဖက်က ဓားရှည်ကိုဆွဲကိုင်ကာ လက်တစ်ဖက်က Chiyo ကိုအမိအရဆွဲထားပြီး You Min ၏အနောက်ပေါက်သို့ဦးတည်၍ပြေးလေသည်။ ယခုအချိန်တွင် အရှေ့ပေါက်မှာ ပြောစရာမလိုအောင်ရဲမက်တွေနဲ့ပြည့်နေမည်ဖြစ်သောကြောင့်အနောက်ပေါက်တစ်ခါသာလွတ်လမ်းရှိသည်။

"ခမည်းတော်က ဘာလို့ရောက်လာရတာလဲ......ငါတို့ကိုမိသွားရင်ရော.....သူ........"

"Xiao Chi....မပူပါနဲ့....
ဒီနေရာကပဲအမြန်လွတ်အောင်ပြေးရအောင်........."

"နေဦး.......ငါ.......Xing ဆီကိုလာခဲ့တယ်ဆိုတာ...သူသိသွားရင်......စိတ်ဆိုးမှာအသေအချာပဲ......Xing ကယောကျ်ားလေးတစ်ယောက်ဖြစ်နေတဲ့အတွက်ပိုဆိုးတယ်....သူ Xing ကိုအပြစ်ပေးလိမ့်မယ်....မဖြစ်ဘူး Shi....ငါ မားမား ဆီကိုပြန်သွားပြီး ပြောရမယ်........"

"Xiao Chi.........."

အသည်းအသန်ပြေးလွှားနေရချိန်မှာတောင် ကိုယ့်ကိုယ်ကိုယ် မပူပဲ Xingye အတွက်ပူပန်ပေးနေသော Chiyo ကို Shi စိတ်နာချင်သည်။ သို့သော် မဖြစ်နိုင်။ အဘယ့်ကြောင့်ဆိုသော် သူကိုယ်တိုင်တောင် သူ့အတွက်သူမပူပဲ Chiyo အတွက် ကိုသာတွေးမိသည်မဟုတ်ပါလား။

"ငါသွားမယ်......Shi......"

"မဖြစ်ဘူး..........."

Shi သည် Chiyo လက်နှစ်ဖက်ကိုခပ်တင်းတင်း ဆုပ်ကိုင်ထားလိုက်သည်။ ထို့နောက် Chiyo မျက်လုံးများကိုသေချာကြည့်ပြီးပြော၏။

"ဒီနေရာက အခုထွက်သွားမှဖြစ်မယ် Xiao Chi......."

Shi သည်ခေါင်းမာမာနှင့် Chiyo ကိုဆွဲကာဆက်လျှောက်မိသည်။

ဒီနေရာတွင် ခဏလေးမှထပ်နေလို့မဖြစ်။ ရဲမက်များထံတွင်မိသွားပါက Chiyo သိက္ခာများ ပွန်းပဲ့သွားမည်ကိုစိုးသည်။ ဘုရင်မင်းမြတ်က Chiyo ကိုအမျက်တော်ရှသွားမည်ကိုစိုးသည်။ သူပူပင်နေသမျှအားလုံးဟာ Chiyo အတွက်သာဖြစ်သည်။

"Shi.......ငါ့ကိုလွှတ်...........ငါ Xing ဆီသွားခဲ့တယ်ဆိုတဲ့အကြောင်းတစ်ခုတော့ ဘယ်သူ့ကိုမှပြန်မပြောဖို့ မားမား ကိုပိတ်မှရမယ်......"

Chiyo ရုန်းနေသော်လည်း Shi က လုံးဝမလွှတ်ပေးသည်မို့ဒေါသကအနည်းငယ်ထွက်လာသည်။

"Shi.......ငါပြောနေတယ်နော်......."

"မရဘူး..........Xiao Chi........ဒီကအခုထွက်မှဖြစ်မယ်........."

"ငါ့ကိုအမိန့်လာပေးမနေနဲ့...Shikiyo.........အခုလွှတ်.........."

Chiyo ကပြောလည်းပြော Shi လက်ထဲမှလည်း ဆောင့်ကာရုန်းထွက်လိုက်ပေ၏။

တွန့်ချိုးနေသော Chiyo မျက်ခုံးနက်နက်နှစ်ဖက်နှင့် သူ့ကိုအော်လိုက်သည့် Chiyo လေသံကြောင့် Shi ဆွံ့အသွားရသည်။ အသက်ရှူရသည်မှာခက်ခဲလောက်အောင် ဝမ်းနည်းမှုကြီးကရင်ထဲတွင်ဆို့တက်လာသည်။

အမိန့်တွေလာပေးမနေနဲ့တဲ့လား Xiao Chi
ဟင့်အင်း...
ငါဟာမင်းရဲ့အမိန့်တွေကိုနာခံဖို့သာအသက်ရှင်နေတာပါ...

ငါ့ရဲ့ပူပန်မှုတွေဟာမင်းကိုဒေါသထွက်စေခဲ့တာလား...

သူ့ဆီသွားဖို့တားမိခြင်းက မင်းကိုဒေါသထွက်စေခဲ့တာလား...

တောင်းပန်ပါတယ် Xiao Chi....
ငါတောင်းပန်ပါတယ်...။

Shi ခေါင်းကိုငုံ့ထားလိုက်သည်။ Chiyo ကြောင့်
ရင်ထဲတွင်နာနေသည်ကတစ်ကြောင်း၊ ယောကျာ်းတန်မဲ့မျက်ရည်ဝဲနေမိသည်ကတစ်ကြောင်းမို့ ခေါင်းကိုငုံ့ထားခြင်းဖြစ်သည်။ Chiyo မျက်နှာကိုကြည့်ရန် အားအင်ဆိုသည်မှာလည်းတစ်စွန်းတစ်စတောင်မရှိ။

"ကျွန်တော်မျိုးတို့အခုပြန်လှည့်ရင် ရဲမက်တွေလက်ထဲရောက်သွားမှာ အသေအချာပါပဲ အရှင်......"

အခေါ်အဝေါ်ပြောင်းသွားသော Shi ကြောင့် , Shi တစ်ခုခုဖြစ်သွားကြောင်း Chiyo သိလိုက်သည်။

"အရှင်သွားမှဖြစ်မယ်ဆိုရင် ကျွန်တော်မျိုးတစ်နည်းနည်းနဲ့ ရဲမက်တွေကို တခြားတစ်နေရာဆီမြားခေါ်သွားပေးပါ့မယ်........"

Shi ခေါင်းကိုငုံ့ထားဆဲဖြစ်သည်။

"မလိုတော့ဘူး............"

Chiyo စကားကြောင့် Shi အသက်ရှုနေသည့်ဟန်ချက်ရုတ်တရက်ပြတ်တောက်သွားသည်။

ငါ့ကိုမလိုအပ်တော့ဘူးလို့တော့မပြောလိုက်ပါနဲ့ Xiao Chi...
မင်းဘေးမှာသာနေခွင့်မရှိတော့ရင်ငါ့ရှင်သန်မှုအားလုံးဟာလည်းအဓိပ္ပါယ်မဲ့သွားတော့မှာမို့လို့ပါ...။

သို့သော် Shi နောက်ကျောမှခြေသံများကိုကြားချိန်တွင်တော့ Chiyo ဘာကြောင့် မလိုတော့ဘူး လို့ ပြောသည်ကို သဘောပေါက်သွားရသည်။

Shi လှည့်ကြည့်လိုက်တော့ သူတို့နှင့်မနီးမဝေးသို့ရောက်လာသည့် ဘုရင်မင်းမြတ်နှင့် ကိုယ်ရံတော်များ။

ဘုရင်မင်းမြတ်လည်းရုပ်ဖျက်ပြီးထွက်လာသည်ဖြစ်ရာ သာမန်လူချမ်းသာများကဲ့သို့သာဝတ်ထားသည်။

&ခမည်းတော် ကို သားတော်....ဂါရဝပြု ပါတယ်..........."

သူတို့နှစ်ဦးစလုံးကိုဒေါသရိပ်ပြည့်လွှမ်းနေသောမျက်နှာနှင့်ကြည့်နေသော ဘုရင့်ကို Chiyo ဒူးထောက်ကာအရိုအသေပေးလိုက်တော့ Shi လည်းအလျှင်အမြန်လိုက်ကာဒူးထောက်မိသည်။

ထို့နောက် အသံဗလံ များကြား၍လှည့်ကြည့်လိုက်ရာ ရဲမက်များနှင့်အတူYou Min ထဲမှထွက်လာသော Komo ကိုတွေ့လိုက်ရသည်။

ဘုရင် ဒီကိုရောက်လာသည်မှာ Komo ကြောင့်ဖြစ်မည်။

ရဲမက်တွေနှင့်ပါလာသော Komo ကတော့ မျက်နှာမကောင်းပေ။

တော်ဝင်မင်းသားများဟူသည်ဤနေရာသို့မလာသင့်။ အိမ်ရှေ့စံဆိုလျှင်ပိုပြီးတော့တောင်မလာသင့်သောကြောင့် အပြစ်ပေးခံရမည်မှာတော့အသေအချာပင်ဖြစ်သည်။

Shi သည် Chiyo မျက်နှာလေးကိုလှမ်းကြည့်လိုက်သည်။

ယခု သူ့လက်ထဲမှဓားနှင့် Chiyo ကိုကာကွယ်လို့မရသောကြောင့် သူ့ကိုယ်သူ အပြစ်တင်မိသည်။

ယခု Chiyo အပေါ်ကျရောက်မည့် ဘုရင့်ဒေါသတို့ကို သူ့ထံသို့လွှဲပြောင်း၍မရနိုင်သောကြောင့် သူ့ကိုယ်သူ အပြစ်ဖို့မိသည်။

ကျေးဇူးပြု ပြီး Xiao Chi ကိုအပြစ်မပေးပါနဲ့အရှင်...
သူ့အစား ကျွန်တော်မျိုးကိုသာအပြစ်ပေးလှည့်ပါ...။

ကျေးဇူးပြုပြီး Xiao Chi ကိုမဆူပါနဲ့အရှင်...
သူ့အစားကျွန်တော်မျိုးကိုသာပြစ်တင်ပြောဆိုလှည့့်ပါ...။

ကျေးဇူးပြု ပြီး Xiao Chi ကို ဘာမှ...ဘာဆိုဘာမှ မလုပ်ပါနဲ့အရှင်....
Xiao Chi ကိုဒေါသထွက်မယ့်အစား
ကျွန်တော်မျိုးရဲ့အသက်ဝိဉာဉ်ကိုသာယူဆောင်လှည့်ပါ...။

Continue lendo

Você também vai gostar

1.9M 338K 200
I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ) Original Author - 金元宝 (jīn yuánbǎo) En...
53.2K 5.2K 50
ဘာသာပြန်သူ စွဲညို့အသင်း
12.6K 1.7K 8
A group of four boys in two episodes began a live search for ghosts. What kind of ghosts will the four of them encounter? What interesting things wi...
69.2K 4K 12
ေအးခ်မ္းလွတဲ့ park chanyeolရဲ႕ဘဝထဲကို byun baekhyunဆိုတဲ့ ေကာင္ေလးဝင္ လာတဲ့အခ်ိန္မွာေတာ့...... chanbaek(yaoi)