သွေးရောင်ခြယ်နှလုံးသား Comple...

By LeeSeungHan

354K 29.1K 3.7K

ကျွန်တော် ထိတွေ့ခွင့်မရှိတဲ့... ကျွန်တော် ငေးကြည့်နေရတဲ့... ကောင်းကင်ကြီးက သူ့ပိုင်ရှင်လက်ထဲ ပြိုဆင်းပေးလိုက်... More

Author's Note
Intro 1
Intro 2
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Ep 17
Ep 18
Ep 19
Ep 20
Ep 21
Ep 22
Ep 23
Ep 24
Ep 25
Ep 26
Ep 27
Ep 28
Ep 29
Ep 30
Ep 31
Ep 32
Ep 33
Ep 34
Ep 35
Ep 36
Final
Announcement
Pre Order Information

Chapter 7

5.7K 573 28
By LeeSeungHan

Zawgyi

ေသြးေရာင္ျခယ္ႏွလုံးသား Chapter 7

ေလညင္းကသယ္ေဆာင္လာေသာေစာင္းႀကိဳးခတ္သံသဲ့သဲ့သည္နားထဲသို႔ႏူးညံ့ညင္သာစြာတိုးဝင္႐ိုက္ခတ္လာခဲ့သည္။ ႏွစ္လိုဖြယ္ေကာင္းေသာေစာင္းသံကိုနားဆင္ရင္း Chiyo ထိုင္ေနရာမွထလာခဲ့သည္။ ျပတင္းတံခါးတြင္ရပ္လိုက္ေတာ့ႏွင္းမ်ားကိုသယ္ေဆာင္ေပးလာေသာေလေအးေအး၏ အထိအေတြ႕ႏွင့္ခ်ယ္ရီရနံ႔သင္းသင္းကိုခံစားလိုက္ရ၏။

Chiyo ၏အေဆာင္သည္ မယ္ေတာ့္အေဆာင္ႏွင့္အနီးဆုံးျဖစ္ေသာေၾကာင့္မယ္ေတာ့္အေဆာင္ထံမွပ်ံ႕လြင့္လာေသာထိုေစာင္းသံကိုအာ႐ုံစိုက္ကာနားဆင္ေနမိသည္။

ႏွင္းမ်ားဖုံးလႊမ္းေနေသာၿမိဳ႕ကိုအေပၚစီးမွၾကည့္မိေတာ့ ၿမိဳ႕ကဆြတ္ဆြတ္ျဖဴၿပီးေ႐ြ႕လ်ားေနေသာ လူေကာင္မည္းမည္းေလးတို႔ကိုလွမ္းေတြ႕ရသည္။ Chiyo လက္ႏွစ္ဖက္ကိုေနာက္ပစ္ခ်ိတ္ဆက္ထားရင္းၿမိဳ႕အလွကိုၾကည့္ေနသည္။ သို႔ေသာ္ေျမပုံကိုပင္အလြတ္ရေနေသာၿမိဳ႕ကိုတကူးတကၾကည့္ေနျခင္းမဟုတ္ပဲ ထိုၿမိ့ထဲရွိအေဆာက္အဦးေလးတစ္ခုကို သူကိုယ္တိုင္ေတာင္သတိမထားမိပါပဲရွာေနမိျခင္းျဖစ္သည္။

တစ္ႀကိမ္တစ္ခါသာျမင္ဖူးခဲ့ေသာ Xingye ကိုသူသိပ္လြမ္းလွၿပီ။

ျဖစ္ႏိုင္လွ်င္ယခုခ်က္ခ်င္းပင္ Xingye ထံသို႔အေျပးကေလးသြားလိုက္ခ်င္ေသာ္လည္း Xingye သည္ သာမာန္လူမဟုတ္ပဲ You Min မွ ပန္းတစ္ပြင့္ျဖစ္ေနျခင္းက သူ႔ေျခလွမ္းမ်ားကိုအႀကီးအက်ယ္ဟန႔္တားလို႔ေနသည္။

ယခုခံစားေနရေသာသူ႔ခံစားမႈမ်ားသည္အဆိပ္ပင္ျဖစ္ၿပီး သူက  ထိုအဆိပ္ပင္ကိုေရေလာင္းမိသလိုျဖစ္ေနမွာကိုစိုးသည္။

ေရွ႕ကိုေျခတစ္လွမ္းတိုးမိလွ်င္မထိန္းႏိုင္ပဲေျပးမိမွာစိုးေသာေၾကာင့္ ယခု ရပ္ေနရျခင္းျဖစ္သည္။

အခ်စ္လို႔ေခါင္းစဥ္တပ္လိုက္ရင္ ျပန္လွည့္လို႔မရတဲ့လမ္းကိုေလွ်ာက္မိသလိုျဖစ္မွာစိုးတာေၾကာင့္ အခ်စ္လို႔ေခါင္းစဥ္မတပ္ပါရေစနဲ႔ဦး...Xing...တစ္ရက္ေလာက္ပဲျဖစ္ျဖစ္ငါ့မသိစိတ္ေတြကိုထပ္ၿပီးမသိခ်င္ေယာင္ေဆာင္ခြင့္ေပးပါဦး။

Chiyo အေတြးမ်ားက ႏွင္းႏွင့္အတူေလထဲတြင္လြင့္ေနသည္။ ဆံႏြယ္ရွည္မ်ားကေတာ့ထိုေလမ်ားေၾကာင့္ဟိုဒီယိမ္းထိုးေနသည္မွာ ကေခ်သည္ တစ္ဦးကခုန္ေနသလိုပင္။

Xingye အေၾကာင္းကိုမေတြးမိေစရန္ကိုယ့္ကိုယ္ကိုတားျမစ္မိေနေသာ္လည္းေတြးမိေနသည္။ Xingye ကိုထပ္မရွာပဲေနေနေသာ္လည္းအိပ္မက္မ်ားထဲတြင္ေတာ့ရွာေနမိသည္။

ႏွလုံးသားထဲခုန္ဝင္သြားေသာ Xingye ကိုျပန္လည္ဆြဲထုတ္ရန္ႀကိဳးစားမိေသာ္လည္း ျပန္လည္ဖမ္းဆုပ္လို႔မရေလာက္ေအာင္ပင္ အနက္ရႈိင္းဆုံးေနရာအထိပင္ေရာက္သြားသလားမသိ။ ႀကိဳးစားမႈမွန္သမွ်အရာမထင္ေတာ့ေပ။

ထို႔ေနာက္တြင္ေတာ့ Chiyo ၏ႏႈတ္ခမ္းေလးမ်ားက အေပၚသို႔
ေကြးတက္ကာအၿပဳံးတစ္ပြင့္ျဖစ္တည္လာသည္။ You Min ရွိေသာေနရာကိုမွန္းဆၿပီးရွာမိေနရာ ေတြ႕သြားေသာေၾကာင့္ျဖစ္သည္။ ရွည္လ်ားေသာမ်က္ေတာင္ေလးမ်ားကိုပုတ္ခတ္ပုတ္ခတ္လုပ္ကာ အေရာင္တလက္လက္မ်က္လုံးေလးမ်ားႏွင့္ထိုေနရာကိုၾကည့္ေနေသာ Chiyo ၏ေပွ်ာ္႐ႊင္မႈေလးမွာမ်က္ႏွာတြင္အထင္းသားေပၚေနသည္။

ထိုစဥ္ Shi သည္အခန္းတြင္းသို႔ဝင္လာ၏။ Chiyo အတြက္ယူလာေသာ လက္ဖက္ရည္ဗန္းကိုခ်ထားလိုက္ၿပီး Chiyo အနားသို႔ေလ်ာက္လာသည္။ Chiyo ကမူ ပန္းခ်ီဆြဲရင္းတန္းလန္း ျပတင္းတံခါးအနားတြင္သြား၍ရပ္ေနျခင္းျဖစ္သည္။ အေတြးလြန္ေနေသာေၾကာင့္ Shi ဝင္လာတာကိုေတာင္ယခုထိ Chiyo သတိမထားမိႏိုင္ေသးေပ။ စာေရးစားပြဲအေသးေလးေပၚတြင္ရွိေသာစာ႐ြက္ကိုၾကည့္လိုက္မိေတာ့ Shi အသက္ရႈမ်ားခဏတာရပ္တန႔္သြားမိသည္။

ျဖဴလ်ေသာစာ႐ြက္ေပၚတြင္ရွိေနသည္က လွပလြန္းေသာ... သိပ္ကိုလွပလြန္းေသာ လူတစ္ဦး၏ပုံျဖစ္သည္။

Chiyo ဟာပန္းခ်ီဆြဲရတာကိုႏွစ္သက္ေသာ္လည္း ဘယ္တုန္းကမွလူပုံကိုမဆြဲခဲ့။ ရႈခင္းပုံမ်ားကိုသာဆြဲခဲ့စၿမဲျဖစ္သည္။ သို႔ေသာ္ယခုဆြဲထားသည္တဲ့လားဟူေသာအေတြးက Shi ေခါင္းထဲပဲ့တင္႐ိုက္ေနသည္။

"Xiao Chi....."

Shi တစ္ခါေခၚလိုက္တာကိုေတာင္ Chiyo မၾကားေသး။ Shi ေရွ႕ကိုဆက္ေလ်ာက္သြားၿပီး ၾကည့္လိုက္ေတာ့ Chiyo မ်က္လုံးမ်ားကအေဝးတစ္ေနရာကိုၾကည့္ေနၿပီး ႏႈတ္ခမ္းမ်ားကၿပဳံးေနသည္ကိုေတြ႕ရသည္။

အေဝးကိုၾကည့္ေနတာလား...
ၿပီးေတာ့ၿပဳံးေနတာလား...
မင္းေဘးကငါ့ကိုမျမင္ပဲနဲ႔ေလ...

ခ်စ္ရသူရဲ႕အၿပဳံးေတြဟာလွပေပမယ့္ တစ္ျခားသူေၾကာင့္ျဖစ္တည္လာတဲ့အၿပဳံးေတြကေတာ့ လွပဖို႔ရာအတြက္ ရက္စက္ရာက်လြန္းတယ္မဟုတ္ဘူးလား။

"Xiao Chi....."

ဒီတစ္ခါမွ Chiyo လွည့္ၾကည့္သည္။

"Shi........ဘယ္တုန္းက ေရာက္ေနတာလဲ...."

"အခုေလးတင္ပါပဲ.....လရိပ္ညိဳၾကာပန္းလက္ဖက္ရည္ယူလာတယ္.....ေသာက္မယ္မဟုတ္လား...."

"အင္း....ေသာက္တာေပါ့......"

Chiyo ထိုင္လိုက္ၿပီး ဆြဲလက္စစာ႐ြက္မ်ားကိုလိုက္လံသိမ္းဆည္းေနသည္။ Chiyo မွာ ပန္းခ်ီဆြဲတာကိုသာဝါသနာပါၿပီး ပန္းခ်ီေတြကိုသိမ္းေလ့မရွိေသာ္လည္း ယခုဆတာ့ထိုပန္းခ်ီစာ႐ြက္ေလးကို အေသအခ်ာသိမ္းဆည္းေနျခင္းျဖစ္၏။

ထို႔ေနာက္ Chiyo လက္ဖက္ရည္ကိုအရသာခံေသာက္ေနမိသည္။ ခ်ိဳမေနပဲ ခါးသက္သက္ေလးတြင္ ပန္းရနံ႔ကေလးေမႊးေနေသာ ဤအရာမ်ိဳးကို Chiyo ႀကိဳက္ေသာေၾကာင့္ Shi ကိုယ္တိုင္မၾကာခဏလုပ္ေပးရသည္။

"ဟိုတစ္ေန႔က ခမည္းေတာ္အေဆာင္ကိုသြားေတာ့
ဒါမ်ိဳးတိုက္ေသးတယ္....ဒါေပမဲ့....မင္းလက္ရာမဟုတ္လို႔လားမသိဘူး....ေသာက္လို႔မေကာင္းဘူး...."

Chiyo က လက္ထဲမွခြက္ကေလးကိုေဆာ့ကစားေနရင္းေျပာသည္။

"ဒီအရသာကိုေတာ့မင္းသေဘာက်တယ္လား...."

"က်တာေပါ့.....မင္းလုပ္ေပးတဲ့အရာဆို....ဘာမဆို သေဘာက်တယ္....."

ထိုစဥ္ ငယ္သားတစ္ဦးအခန္းတြင္းသို႔ဝင္လာသည္။ Komo အေဆာင္မွအေစခံတစ္ဦးျဖစ္သည္။ အေစခံကျဖည္းျဖည္းခ်င္းဝင္လာၿပီး ႐ိုက်ိဳးစြာဂါရဝျပဳလိုက္သည္။

"အိမ္ေရွ႕စံက စာပါးလိုက္လို႔ပါ...အရွင္...."

"Komo က......"

Chiyo အသံသိပ္မထြက္မိေစေအာင္ထိန္းၿပီးရယ္မိသည္။

"ေပးပါဦး.....စာတစ္တန္ေပတစ္တန္နဲ႔...ဘာေတြမ်ားေျပာလိုက္တာလဲ......."

ထိုအေစခံကစာ႐ြက္ေခါက္ေလးတစ္ခုကိုထုတ္ေပးသည္။ Chiyo စာ႐ြက္ေခါက္ေလးကိုျဖည္ၿပီးဖတ္လိုက္ကာ

"လာမယ္..လာမယ္....ခဏေနရင္လာခဲ့မယ္လို႔ေျပာလိုက္....."

"ဟုတ္ကဲ့ပါ အရွင္.......ဒါဆိုကြၽန္ေတာ္မ်ိဳးကိုသြားခြင့္ျပဳပါဦး....."

"သြားႏိုင္ၿပီ......"

"ဘာျဖစ္လို႔လဲ Xiao Chi...."

"ဘာျဖစ္ရမွာလဲ....Komo အေၾကာင္းမင္းလဲသိသားနဲ႔.......သူ႔ေခါင္းထဲမွာေပါက္ကရလုပ္ဖို႔ကလြဲရင္ဘာရွိေသးလို႔လဲ......"

"ဒါဆို သူ႔ဆီသြားမွာေပါ့....."

"အင္း.....ဒါေလးေသာက္ၿပီးရင္.....သြားမယ္.."

"ဒါဆို......"

Shi စကားပင္ဆက္မေျပာေတာ့ပဲထလိုက္ကာ Chiyo အနားသို႔သြားလိုက္သည္။ ထို႔ေနာက္အနီးရွိ ရတနာမ်ားစီျခယ္ထားေသာဘူးေလးတစ္ဘူးထဲမွ ႀကိဳးစေလးတစ္စကိုထုတ္လိုက္ၿပီး Chiyo အေနာက္တြင္ထိုင္လိုက္သည္။ ထို႔ေနာက္ သူ၏ရွည္သြယ္ေသာလက္မ်ားျဖင့္ Chiyo ဆံႏြယ္မ်ားကိုကိုင္တြယ္လိုက္ေတာ့ ပိုးသားလိုေပ်ာ့ေပ်ာင္းလွသည့္ဆံႏြယ္မ်ားကလက္ထဲတြင္ေလယူရာယိမ္းသလိုလြင့္ပ်ံေနသည္။ Chiyo ဆံႏြယ္မ်ားကိုခ်ည္ေႏွာင္ေပးေနရင္း Shi စိတ္မ်ားျပန္လည္ၾကည္လင္လာသည္။

ပိုင္ဆိုင္ရဖို႔မလိုအပ္ေသးပါဘူး Xiao chi...။ အနားမွာေနခြင့္ေလးကိုသာဆုံးရႉံးမသြားခ်င္တာပါ...။ တတိယလူကိုမမုန္းပါဘူး...။ သူ႔ေၾကာင့္ မင္းနဲ႔ငါပိုေဝးသြားမွာကိုပဲေၾကာက္တာပါ။

Chiyo တို႔ Komo အေဆာင္ကိုေရာက္ေတာ့အျခားညီေနာင္မ်ားႏွင့္ သူတို႔ႏွင့္သက္တူ႐ြယ္တူ အျခားမႈးႀကီးမတ္ရာမ်ား၏သားသမီးမ်ားကိုေတြ႕ရသည္။ ဒီလိုေတြ႕ဆုံပြဲမ်ိဳးမၾကာခဏလုပ္ေသာ္လည္း Rumi ကေတာ့မိန္းကေလးျဖစ္၍ဘယ္ေတာ့မွမပါ။ လူႀကီးေတြမပါပဲ သူတို႔လူငယ္ခ်င္းေတြ႕ဆုံ စားေသာက္ေပ်ာ္ပါးကာစကားစျမည္ေျပာၾကေသာပြဲငယ္ေလးမ်ိဳးျဖစ္သည္။

"Chiyo လာေလ......ဝင္ခဲ့......"

Chiyo ကအထဲဝင္သြားၿပီး Shi ကေတာ့အေဆာင္ေရွ႕တြင္ရပ္ကာခ်န္ေနခဲ့သည္။

အထဲတြင္ေတာ့ Iru လဲရွိေနသည္။

"အစ္ကို Chi.....လာ........"

Chiyo က Iru ေဘးတြင္ထိုင္လိုက္ေတာ့ Iru ကေသရည္တစ္ခြက္ငွဲ႔ေပးသည္။

"ေနာက္ဆိုဆုံဖို႔မလြယ္ေတာ့ဘူး........ပညာေတာ္သင္သြားမယ့္သူေတြေရာ......ၿပီးေတာ့...အိမ္ေထာင္ျပဳၿပီးတစ္ဖက္ႏိုင္ငံဆီထြက္ခြာရမယ့္သူေတြေရာ....."

Komo စကားကိုအားလုံးကေထာက္ခံၾကသည္။

"Chiyo....ေသာက္ေလ......ဒီေန႔ေတာ့...မူးေအာင္ေသာက္....."

"အစ္ကိုေတာ္သာ.....မ်ားမ်ားသုံးေဆာင္ပါ....."

Chiyo လူေရွ႕တြင္ယဥ္ယဥ္ေက်းေက်းေျပာေပးလိုက္၍ Komo ေက်နပ္ၿပီး ႐ုပ္ကၿပဳံးသြားသည္။ ႏွစ္ေယာက္တည္းရွိခ်ိန္ဆို Chiyo သူ႔ကိုဘယ္ေလာက္မေလးစားလဲ သူအသိဆုံးမဟုတ္လား။

ထို႔ေနာက္အားလုံးတစ္ေယာက္တစ္ေပါက္ႏွင့္စကားဝိုင္းကဆူညံေနသည္။

"ဟိုဟာ ဘာေတြလဲ Iru......"

"ဘယ္ဟာလဲ......."

Chiyo က Komo နံေဘးတြင္ပုံထားေသာစာအုပ္ရွည္ႀကီးမ်ားကိုလက္ညႇိဳးထိုးသည္။ စာအုပ္အဖုံးမွာ ပန္းပြင့္မ်ားေရးဆြဲၿပီးေဆးေရာင္ျခယ္ထားေသာေၾကာင့္ နန္းေတာ္ႏွင့္သက္ဆိုင္သည့္စာ႐ြက္စာတမ္းေတာ့မျဖစ္ႏိုင္။

"ကဗ်ာစာအုပ္ေတြလား......."

"ကြၽန္ေတာ္သြားယူလိုက္မယ္........"

Iru က ထသြားၿပီး Komo ကိုခြင့္ေတာင္းလိုက္သည္။

"ဒါဘာေတြလဲအစ္ကိုေတာ္.....ၾကည့္လို႔ရမလား..."

"ၾကည့္လို႔ေတာ့ရတယ္....ဒါေပမယ့္ နန္းတြင္း ဘဏၰာေရးမွတ္တမ္းထက္ေတာင္အေရးႀကီးတယ္....ေပါက္ၾကားလို႔မျဖစ္ဘူး......"

Komo ၿပဳံးၿဖဲၿဖဲႏွင့္ေျပာလိုက္သည္ကို အားလုံးကဝိုင္းရယ္သည္။

"ယူသြား...ယူသြား......ၿပီးရင္လာျပန္ထား....."

Iru လည္း Komo ကိုနားမလည္ေတာ့ပဲေခါင္းကုတ္မိရင္း ထိုစာအုပ္မ်ားကိုသယ္လာခဲ့သည္။ ထို႔ေနာက္ စာအုပ္မ်ားကိုပစ္ခ်လိုက္ၿပီးေျပာ၏။

"သူတို႔ဘာလို႔ရယ္လဲနားမလည္ေတာ့ပါဘူးဗ်ာ....."

"ရယ္စရာရွိလို႔ရယ္တာျဖစ္မေပါ့......"

'အစ္ကို Chi ေနာ္......ဒါနဲ႔.....ကြၽန္ေတာ္တို႔ဖြင့္ၾကည့္လို႔ေရာျဖစ္ပါ့မလား....ေတာ္ၾကာ......."

"ေတာ္ၾကာဘာျဖစ္တုန္း......"

Chiyo ကေသရည္ကိုအရသာခံေသာက္ေနရင္း Iru ကိုေမးသည္။

"ေတာ္ၾကာ......."

"ဒါ Komo ပစၥည္း ပဲ.....ႏိုင္ငံေတာ္ကခြင့္မျပဳထားတဲ့ စာအုပ္မ်ိဳးဆိုရင္လည္း သူပဲအျပစ္ခံရမွာ.....လာပါ....ငါ့ကိုေပး......"

Chiyo စာအုပ္တစ္အုပ္ကိုယူၿပီးဖြင့္ၾကည့္လိုက္သည္။

"ဟူး.....ေတာ္ပါေသးရဲ႕.......ေပါက္ကရေတြမဟုတ္လို႔......."

Irusu သက္ျပင္းခ်လိုက္ေတာ့ Chiyo ပိုရယ္ခ်င္သြားသည္။

"ဘာလို႔ဒီေလာက္ေတာင္ေၾကာက္ေနရသလဲ....."

"ေၾကာက္ရတယ္ဗ်.....ကိုယ္ဘာမွမလုပ္ပဲနဲ႔ေတာ့အျပစ္ေပးမခံခ်င္ဘူး.......အစ္ကိုသာဘာမွမေၾကာက္တာ......ကြၽန္ေတာ္ကေတာ့ခမည္းေတာ္အထင္အျမင္ေသးမွာမခံခ်င္ဘူး.....ေတာ္ၾကာ လက္႐ုံးရည္ ႏွလုံးရည္ ထူးခြၽန္ေအာင္မႀကိဳးစားပဲ မဟုတ္တာေတြၾကည့္ေနတဲ့မင္းသားလို႔ခမည္းေတာ္ထင္သြားရင္......အား....ေတာ္ၿပီ....ေတာ္ၿပီ.....ေတြးရတာနဲ႔တင္ၾကက္သီးထတယ္......."

Chiyo စာအုပ္ကိုၾကည့္လိုက္ေတာ့ ပုံတူပန္းခ်ီကားမ်ားျဖစ္သည္။ ပုံတစ္ပုံစီတြင္နာမည္မ်ားေရးထားၿပီး မိန္းကေလး ပုံမ်ားကအမ်ားဆုံးျဖစ္သည္။

"ဒါဘယ္သူ႔ပုံေတြလဲ........"

Iru အေမးကိုေျဖရန္ Chiyo စာအုပ္ေနာက္ဆုံးကိုလွန္လိုက္သည္။ အဖုံးအတြင္းသားတြင္ေရးထားသည္က ေဆာင္ၾကာၿမိဳင္ တစ္ခု၏နာမည္။

"ဒါ ေဆာင္ၾကာၿမိဳင္ ေတြနဲ႔ အဲဒီမွာရွိေနတဲ့လူစာရင္းေတြ........"

Iru မ်က္လုံးျပဳးသြားသည္။

Komo ႏွင့္အျခားညီေနာင္မ်ားေဆာင္ၾကာၿမိဳင္မ်ားကိုသြားေလ့ရွိသည္ဟူေသာသတင္းကိုၾကားမိခဲ့ေသာ္လည္းဤကဲ့သို႔ စာရင္းမ်ားႏွင့္အတိအက်ရွိလိမ့္မည္ဟုမထင္ခဲ့။

"ဒီတိုင္းသြားလဲရတာပဲကို ဘာလို႔စာရင္းလုပ္ထားရတာလဲ....."

"မင္းဟာျမားပစ္တာထူးခြၽန္တာကလြဲရင္ငတုံးပဲ Iru......"

"ဟာ....အစ္ကိုေတာ္ကလဲ......"

"ဒီမွာပုံေတြဆြဲထားတာအလကားမဟုတ္ဘူးေလ....မင္းႀကိဳက္တဲ့သူရဲ႕ပုံကိုၾကည့္ နာမည္မွတ္ၿပီး
တစ္ခါတည္းသြားေတာ့အခ်ိန္ကုန္သက္သာတာေပါ့...."

Chiyo ေျပာျပသည္ကို Iru ေခါင္းတၿငိမ့္ၿငိမ့္ႏွင့္နားေထာင္ေနသည္။

"ကြၽန္ေတာ္အဲ့အေၾကာင္းေတြတစ္ကယ္မသိဘူး....
ဘာလို႔လဲဆိုေတာ့....."

Iru ေခါင္းက Shi ရွိေလာက္မည့္ေနရာကိုမွန္းဆၿပီးၾကည့္သည္။

"ကြၽန္ေတာ္ႏွစ္သက္တဲ့အရာက နန္းေတာ္အျပင္မွာမရွိဘူး......"

Iru ေျပာေနေသာ္လည္း Chiyo မၾကားႏိုင္ေတာ့။
Chiyo တစ္စုံတစ္ခုကိုရွာေနမိသည္။ စာအုပ္တစ္အုပ္ၿပီးတစ္အုပ္ကိုတဖတ္ဖတ္ႏွင့္လွန္ကာအသည္းအသန္ရွာေနမိသည္။

စာအုပ္ထဲမွ ထိုပန္းပြင့္မ်ားကိုၾကည့္ရင္းသူ႔ပန္းပြင့္ေလးကိုသတိရသြားေသာေၾကာင့္အသည္းအသန္ရွာေနမိျခင္းျဖစ္သည္။

ရွာေနရင္းမေတြ႕ေသးေသာေၾကာင့္လက္မ်ားလည္းတုန္ရီလာသည္။

ထို႔ေနာက္စာအုပ္တစ္အုပ္တြင္ You Min ဟူေသာစာလုံးအႀကီးႀကီးေရးထားသည္ကိုေတြ႕လိုက္ေသာေၾကာင့္အလ်င္အျမန္ဆြဲယူလိုက္သည္။

"အစ္ကိုေတာ္....ဘာေတြရွာေနတာလဲ......"

ထိုစာအုပ္ကိုလွန္ေနရင္းလက္မ်ားတုန္႐ုံသာမကနဖူး
တြင္လည္းေခြၽးစက္မ်ားသီးလာသည္။ မျမင္ဖူးေသာ
ေယာက်္ားေလးမ်ား၏ပုံမ်ားကိုတစ္ပုံၿပီးတစ္ပုံလွန္ေနရင္း မ်က္ဝန္းထဲတြင္မ်က္ရည္မ်ားေဝ့ဝဲလာသည္။

Xing.......

ေနာက္ဆုံး Xingye ၏ပုံဆြဲထားေသာစာ႐ြက္အေရာက္တြင္သူ႔လက္မ်ားကရပ္တန႔္သြားခဲ့သည္။ မ်က္ေတာင္ဖ်ားတြင္သီးေနေသာမ်က္ရည္စက္ကေလးကထိုစာ႐ြက္အေပၚေျပးဆင္းသြားခဲ့သည္။

သူခ်စ္ရေသာသူက တစ္ပါးသူမ်ား၏အသုံးေတာ္ခံျဖစ္ေနရျခင္းကို ႏွလုံးသားကဘယ္လိုမွမခံစားႏိုင္။ ရင္ထဲကတဆစ္ဆစ္နာက်င္ေနသည္။ ဘယ္တုန္းကမွမငိုတတ္ပါပဲ မ်က္ရည္မ်ားကထိန္းမရခ်င္ေတာ့။ ယခုခံစားေနရေသာဆို႔ဆို႔နင့္နင့္ေၾကကြဲမႈမ်ိဳးကိုဘယ္တုန္းကမွမခံစားဖူးခဲ့။

'အစ္ကိုေတာ္........."

Chiyo မ်က္ရည္မ်ားကပါးေပၚသို႔လိမ့္ဆင္းလာေသာေၾကာင့္ Iru ဆြံ႕အသြားသည္။ Chiyo ဒီလိုငိုေနသည္ကိုတစ္ခါမွမျမင္ဖူးခဲ့။

Chiyo ကေတာ့မတုန႔္ဆိုင္းပဲ Xingye ပါေသာစာ႐ြက္ကိုၿဖဲပစ္လိုက္သည္။ လက္ထဲတြင္က်စ္က်စ္ပါေအာင္ဆုပ္ကိုင္ထားမိရင္းမ်က္ရည္မ်ားကိုရပ္တန႔္ရန္ႀကိဳးစားေနမိသည္။

အျမတ္တႏိုးတန္ဖိုးထားမိျခင္းက ဒီေလာက္ေတာင္
လူကိုနာက်င္ေစရသလား Xing...

ငါကိုယ္တိုင္ေတာင္မထိရေသးတဲ့ပန္းပြင့္ေလးဟာသူမ်ားေတြရဲ႕အနင္းေျခခံျဖစ္ခဲ့တာလား...

သူတို႔ေတြကေရာ မင္းကိုနာက်င္ေစခဲ့ေသးလား Xing...

ဟင့္အင္း....မျဖစ္ရဘူး...
မင္းကိုဘယ္သူမွထိခြင့္ နာက်င္ေစခြင့္မေပးဘူး...
မေပးေတာ့ဘူး Xing

ဘာလို႔မ်ား မင္းကိုဒီ့ထက္ေစာေစာမေတြ႕ခဲ့ရတာလဲ Xing...ရယ္
ငါမင္းကိုေတြ႕တာေနာက္က်လိုက္တာ...

Chiyo သည္ ဝမ္းနည္းစြာေတြးေတာေနရင္းမွ
ထိုေနရာမွထထြက္လာခဲ့သည္။

"အစ္ကိုေတာ္........"

"ငါျပန္ေတာ့မယ္ Iru.......Komo တို႔ကို ငါမူးလို႔ျပန္သြားတယ္ပဲေျပာလိုက္ပါ......"

"ဟုတ္.....ဟုတ္ကဲ့......"

Chiyo အေဆာင္ထဲမွထြက္လာၿပီးမေျပး႐ုံတမယ္ေလွ်ာက္သြားေတာ့ Shi အေနာက္မွခ်က္ခ်င္းေျပးလိုက္လာသည္။

"Xiao Chi......."

Chiyo တစ္ခုခုျဖစ္လာသည္ကိုသိေသာေၾကာင့္ Shi , Chiyo မ်က္ႏွာေလးကိုအသည္းအသန္လိုက္ၾကည့္သည္။ သူမျမင္ဖူးခဲ့ေသာ နာက်င္မႈမ်ိဳးကို Chiyo မ်က္ႏွာတြင္ေတြ႕ရသည္။ ဘာေတြျဖစ္ခဲ့မွန္းမသိေသာ္လည္းထိုနာက်င္မႈမ်ားကသူ႔ဆီခ်က္ခ်င္းကူးစက္လာေခ်၏။

"Xiao Chi........"

Chiyo ေလွ်ာက္ရင္းေလွ်ာက္ရင္းဘယ္သူမွမရွိေသာ အေဆာင္မ်ား၏အေဝးတစ္ေနရာသို႔ေရာက္လာသည္။

"Xiao Chi. ...."

Shi ေခၚသံတြင္စိုးရိမ္မႈမ်ားအတိုင္းသားပါဝင္ေနသည္။

ထို႔ေနာက္မွာေတာ့ Chiyo ေျခလွမ္းမ်ားရပ္တန႔္သြားသည္ႏွင့္အတူေခါင္းလည္းငိုက္စိုက္က်သြားသည္။ ေျမျပင္ကိုၾကည့္ေနေသာမ်က္လုံးတို႔မွာအရည္ၾကည္မ်ားသီးေနသည္ကိုေတြ႕ရသည္။

"Xiao Chi......ဘာျဖစ္လာတာလဲ......"

Shi က Chiyo ပုခုံးေလးကိုကိုင္ကာ ေမးေစ့ေလးကိုညင္သာစြာပင့္ကိုင္ၿပီးမ်က္ႏွာကိုၾကည့္လိုက္ေတာ့ Chiyo မ်က္လုံးေလးမ်ားရဲေနသည္။ ႏႈတ္ခမ္းပါးမ်ားႏွင့္ထပ္တူ Chiyo ေမးေစ့ေလးသည္ပင္တုန္ယင္ေနလ်က္ရွိသည္။

သူငိုခဲ့ရတာလား....
မင္းနာက်င္ေနတယ္ဆိုတဲ့အသိက ဘာလို႔ငါ့ရင္ကိုေသြးစိမ္းရွင္ရွင္ထြက္သလိုခံစားေစရတာလဲ...

"ဘာလို႔လဲ......"

Chiyo ၿငိမ္သက္ေနရင္းမွေရွ႕သို႔တိုးလာၿပီး Shi ပုခုံးေပၚမွီခ်လိုက္သည္။ ထို႔ေနာက္ Shi ပုခုံးတြင္မ်က္ႏွာအပ္ၿပီးအသံမထြက္ပဲရႈိက္ငိုေနသည္။

"Shi........"

"ေျပာ......Xiao Chi......."

Shi သည္ Chiyo ေက်ာျပင္ကိုခပ္ဖြဖြေလးပြတ္သပ္ေပးေနသည္။

"ငါ......ငါ......."

"ေျပာပါ....ဘာမဆို....မင္းေျပာလို႔ရတယ္...."

"ငါ....ေယာက်ာ္းေလးတစ္ေယာက္ကိုခ်စ္မိေနၿပီ......You Min က ေယာက်ာ္းေလးတစ္ေယာက္....."

Chiyo ကိုဖက္ထားေသာ Shi လက္မ်ားကဆတ္ခနဲတုန္ရီသြားသည္။ ၾကားလိုက္ရေသာစကားက အသက္ရႈျခင္းကိုရပ္တန႔္သြားေစၿပီး အေတြးမ်ားအားလုံးကိုေမွာင္မိုက္သြားေစသည္။ အနာဂတ္တစ္ခုလုံးက ႐ုတ္ခ်ည္းပ်က္သုဥ္းသြားသလို ေမွာင္မိုက္သြားရ၏။ ႏွလုံးသားတစ္ခုလုံးကလည္း တစ္စစီကြဲေၾကၿပိဳပ်က္သြားသလိုပင္။

မင္းက.....
ခ်စ္မိေနတယ္....
You Min က.....
ေယာက်ာ္းေလးတစ္ေယာက္ကို......။

Unicode

သွေးရောင်ခြယ်နှလုံးသား Chapter 7

လေညင်းကသယ်ဆောင်လာသောစောင်းကြိုးခတ်သံသဲ့သဲ့သည်နားထဲသို့နူးညံ့ညင်သာစွာတိုးဝင်ရိုက်ခတ်လာခဲ့သည်။ နှစ်လိုဖွယ်ကောင်းသောစောင်းသံကိုနားဆင်ရင်း Chiyo ထိုင်နေရာမှထလာခဲ့သည်။ ပြတင်းတံခါးတွင်ရပ်လိုက်တော့နှင်းများကိုသယ်ဆောင်ပေးလာသောလေအေးအေး၏ အထိအတွေ့နှင့်ချယ်ရီရနံ့သင်းသင်းကိုခံစားလိုက်ရ၏။

Chiyo ၏အဆောင်သည် မယ်တော့်အဆောင်နှင့်အနီးဆုံးဖြစ်သောကြောင့်မယ်တော့်အဆောင်ထံမှပျံ့လွင့်လာသောထိုစောင်းသံကိုအာရုံစိုက်ကာနားဆင်နေမိသည်။

နှင်းများဖုံးလွှမ်းနေသောမြို့ကိုအပေါ်စီးမှကြည့်မိတော့ မြို့ကဆွတ်ဆွတ်ဖြူပြီးရွေ့လျားနေသော လူကောင်မည်းမည်းလေးတို့ကိုလှမ်းတွေ့ရသည်။ Chiyo လက်နှစ်ဖက်ကိုနောက်ပစ်ချိတ်ဆက်ထားရင်းမြို့အလှကိုကြည့်နေသည်။ သို့သော်မြေပုံကိုပင်အလွတ်ရနေသောမြို့ကိုတကူးတကကြည့်နေခြင်းမဟုတ်ပဲ ထိုမြိ့ထဲရှိအဆောက်အဦးလေးတစ်ခုကို သူကိုယ်တိုင်တောင်သတိမထားမိပါပဲရှာနေမိခြင်းဖြစ်သည်။

တစ်ကြိမ်တစ်ခါသာမြင်ဖူးခဲ့သော Xingye ကိုသူသိပ်လွမ်းလှပြီ။

ဖြစ်နိုင်လျှင်ယခုချက်ချင်းပင် Xingye ထံသို့အပြေးကလေးသွားလိုက်ချင်သော်လည်း Xingye သည် သာမာန်လူမဟုတ်ပဲ You Min မှ ပန်းတစ်ပွင့်ဖြစ်နေခြင်းက သူ့ခြေလှမ်းများကိုအကြီးအကျယ်ဟန့်တားလို့နေသည်။

ယခုခံစားနေရသောသူ့ခံစားမှုများသည်အဆိပ်ပင်ဖြစ်ပြီး သူက  ထိုအဆိပ်ပင်ကိုရေလောင်းမိသလိုဖြစ်နေမှာကိုစိုးသည်။

ရှေ့ကိုခြေတစ်လှမ်းတိုးမိလျှင်မထိန်းနိုင်ပဲပြေးမိမှာစိုးသောကြောင့် ယခု ရပ်နေရခြင်းဖြစ်သည်။

အချစ်လို့ခေါင်းစဉ်တပ်လိုက်ရင် ပြန်လှည့်လို့မရတဲ့လမ်းကိုလျှောက်မိသလိုဖြစ်မှာစိုးတာကြောင့် အချစ်လို့ခေါင်းစဉ်မတပ်ပါရစေနဲ့ဦး...Xing...တစ်ရက်လောက်ပဲဖြစ်ဖြစ်ငါ့မသိစိတ်တွေကိုထပ်ပြီးမသိချင်ယောင်ဆောင်ခွင့်ပေးပါဦး။

Chiyo အတွေးများက နှင်းနှင့်အတူလေထဲတွင်လွင့်နေသည်။ ဆံနွယ်ရှည်များကတော့ထိုလေများကြောင့်ဟိုဒီယိမ်းထိုးနေသည်မှာ ကချေသည် တစ်ဦးကခုန်နေသလိုပင်။

Xingye အကြောင်းကိုမတွေးမိစေရန်ကိုယ့်ကိုယ်ကိုတားမြစ်မိနေသော်လည်းတွေးမိနေသည်။ Xingye ကိုထပ်မရှာပဲနေနေသော်လည်းအိပ်မက်များထဲတွင်တော့ရှာနေမိသည်။

နှလုံးသားထဲခုန်ဝင်သွားသော Xingye ကိုပြန်လည်ဆွဲထုတ်ရန်ကြိုးစားမိသော်လည်း ပြန်လည်ဖမ်းဆုပ်လို့မရလောက်အောင်ပင် အနက်ရှိုင်းဆုံးနေရာအထိပင်ရောက်သွားသလားမသိ။ ကြိုးစားမှုမှန်သမျှအရာမထင်တော့ပေ။

ထို့နောက်တွင်တော့ Chiyo ၏နှုတ်ခမ်းလေးများက အပေါ်သို့
ကွေးတက်ကာအပြုံးတစ်ပွင့်ဖြစ်တည်လာသည်။ You Min ရှိသောနေရာကိုမှန်းဆပြီးရှာမိနေရာ တွေ့သွားသောကြောင့်ဖြစ်သည်။ ရှည်လျားသောမျက်တောင်လေးများကိုပုတ်ခတ်ပုတ်ခတ်လုပ်ကာ အရောင်တလက်လက်မျက်လုံးလေးများနှင့်ထိုနေရာကိုကြည့်နေသော Chiyo ၏ပျှော်ရွှင်မှုလေးမှာမျက်နှာတွင်အထင်းသားပေါ်နေသည်။

ထိုစဉ် Shi သည်အခန်းတွင်းသို့ဝင်လာ၏။ Chiyo အတွက်ယူလာသော လက်ဖက်ရည်ဗန်းကိုချထားလိုက်ပြီး Chiyo အနားသို့လျောက်လာသည်။ Chiyo ကမူ ပန်းချီဆွဲရင်းတန်းလန်း ပြတင်းတံခါးအနားတွင်သွား၍ရပ်နေခြင်းဖြစ်သည်။ အတွေးလွန်နေသောကြောင့် Shi ဝင်လာတာကိုတောင်ယခုထိ Chiyo သတိမထားမိနိုင်သေးပေ။ စာရေးစားပွဲအသေးလေးပေါ်တွင်ရှိသောစာရွက်ကိုကြည့်လိုက်မိတော့ Shi အသက်ရှုများခဏတာရပ်တန့်သွားမိသည်။

ဖြူလျသောစာရွက်ပေါ်တွင်ရှိနေသည်က လှပလွန်းသော... သိပ်ကိုလှပလွန်းသော လူတစ်ဦး၏ပုံဖြစ်သည်။

Chiyo ဟာပန်းချီဆွဲရတာကိုနှစ်သက်သော်လည်း ဘယ်တုန်းကမှလူပုံကိုမဆွဲခဲ့။ ရှုခင်းပုံများကိုသာဆွဲခဲ့စမြဲဖြစ်သည်။ သို့သော်ယခုဆွဲထားသည်တဲ့လားဟူသောအတွေးက Shi ခေါင်းထဲပဲ့တင်ရိုက်နေသည်။

"Xiao Chi....."

Shi တစ်ခါခေါ်လိုက်တာကိုတောင် Chiyo မကြားသေး။ Shi ရှေ့ကိုဆက်လျောက်သွားပြီး ကြည့်လိုက်တော့ Chiyo မျက်လုံးများကအဝေးတစ်နေရာကိုကြည့်နေပြီး နှုတ်ခမ်းများကပြုံးနေသည်ကိုတွေ့ရသည်။

အဝေးကိုကြည့်နေတာလား...
ပြီးတော့ပြုံးနေတာလား...
မင်းဘေးကငါ့ကိုမမြင်ပဲနဲ့လေ...

ချစ်ရသူရဲ့အပြုံးတွေဟာလှပပေမယ့် တစ်ခြားသူကြောင့်ဖြစ်တည်လာတဲ့အပြုံးတွေကတော့ လှပဖို့ရာအတွက် ရက်စက်ရာကျလွန်းတယ်မဟုတ်ဘူးလား။

"Xiao Chi....."

ဒီတစ်ခါမှ Chiyo လှည့်ကြည့်သည်။

"Shi........ဘယ်တုန်းက ရောက်နေတာလဲ...."

"အခုလေးတင်ပါပဲ.....လရိပ်ညိုကြာပန်းလက်ဖက်ရည်ယူလာတယ်.....သောက်မယ်မဟုတ်လား...."

"အင်း....သောက်တာပေါ့......"

Chiyo ထိုင်လိုက်ပြီး ဆွဲလက်စစာရွက်များကိုလိုက်လံသိမ်းဆည်းနေသည်။ Chiyo မှာ ပန်းချီဆွဲတာကိုသာဝါသနာပါပြီး ပန်းချီတွေကိုသိမ်းလေ့မရှိသော်လည်း ယခုဆတာ့ထိုပန်းချီစာရွက်လေးကို အသေအချာသိမ်းဆည်းနေခြင်းဖြစ်၏။

ထို့နောက် Chiyo လက်ဖက်ရည်ကိုအရသာခံသောက်နေမိသည်။ ချိုမနေပဲ ခါးသက်သက်လေးတွင် ပန်းရနံ့ကလေးမွှေးနေသော ဤအရာမျိုးကို Chiyo ကြိုက်သောကြောင့် Shi ကိုယ်တိုင်မကြာခဏလုပ်ပေးရသည်။

"ဟိုတစ်နေ့က ခမည်းတော်အဆောင်ကိုသွားတော့
ဒါမျိုးတိုက်သေးတယ်....ဒါပေမဲ့....မင်းလက်ရာမဟုတ်လို့လားမသိဘူး....သောက်လို့မကောင်းဘူး...."

Chiyo က လက်ထဲမှခွက်ကလေးကိုဆော့ကစားနေရင်းပြောသည်။

"ဒီအရသာကိုတော့မင်းသဘောကျတယ်လား...."

"ကျတာပေါ့.....မင်းလုပ်ပေးတဲ့အရာဆို....ဘာမဆို သဘောကျတယ်....."

ထိုစဉ် ငယ်သားတစ်ဦးအခန်းတွင်းသို့ဝင်လာသည်။ Komo အဆောင်မှအစေခံတစ်ဦးဖြစ်သည်။ အစေခံကဖြည်းဖြည်းချင်းဝင်လာပြီး ရိုကျိုးစွာဂါရဝပြုလိုက်သည်။

"အိမ်ရှေ့စံက စာပါးလိုက်လို့ပါ...အရှင်...."

"Komo က......"

Chiyo အသံသိပ်မထွက်မိစေအောင်ထိန်းပြီးရယ်မိသည်။

"ပေးပါဦး.....စာတစ်တန်ပေတစ်တန်နဲ့...ဘာတွေများပြောလိုက်တာလဲ......."

ထိုအစေခံကစာရွက်ခေါက်လေးတစ်ခုကိုထုတ်ပေးသည်။ Chiyo စာရွက်ခေါက်လေးကိုဖြည်ပြီးဖတ်လိုက်ကာ

"လာမယ်..လာမယ်....ခဏနေရင်လာခဲ့မယ်လို့ပြောလိုက်....."

"ဟုတ်ကဲ့ပါ အရှင်.......ဒါဆိုကျွန်တော်မျိုးကိုသွားခွင့်ပြုပါဦး....."

"သွားနိုင်ပြီ......"

"ဘာဖြစ်လို့လဲ Xiao Chi...."

"ဘာဖြစ်ရမှာလဲ....Komo အကြောင်းမင်းလဲသိသားနဲ့.......သူ့ခေါင်းထဲမှာပေါက်ကရလုပ်ဖို့ကလွဲရင်ဘာရှိသေးလို့လဲ......"

"ဒါဆို သူ့ဆီသွားမှာပေါ့....."

"အင်း.....ဒါလေးသောက်ပြီးရင်.....သွားမယ်.."

"ဒါဆို......"

Shi စကားပင်ဆက်မပြောတော့ပဲထလိုက်ကာ Chiyo အနားသို့သွားလိုက်သည်။ ထို့နောက်အနီးရှိ ရတနာများစီခြယ်ထားသောဘူးလေးတစ်ဘူးထဲမှ ကြိုးစလေးတစ်စကိုထုတ်လိုက်ပြီး Chiyo အနောက်တွင်ထိုင်လိုက်သည်။ ထို့နောက် သူ၏ရှည်သွယ်သောလက်များဖြင့် Chiyo ဆံနွယ်များကိုကိုင်တွယ်လိုက်တော့ ပိုးသားလိုပျော့ပျောင်းလှသည့်ဆံနွယ်များကလက်ထဲတွင်လေယူရာယိမ်းသလိုလွင့်ပျံနေသည်။ Chiyo ဆံနွယ်များကိုချည်နှောင်ပေးနေရင်း Shi စိတ်များပြန်လည်ကြည်လင်လာသည်။

ပိုင်ဆိုင်ရဖို့မလိုအပ်သေးပါဘူး Xiao chi...။ အနားမှာနေခွင့်လေးကိုသာဆုံးရှူံးမသွားချင်တာပါ...။ တတိယလူကိုမမုန်းပါဘူး...။ သူ့ကြောင့် မင်းနဲ့ငါပိုဝေးသွားမှာကိုပဲကြောက်တာပါ။

Chiyo တို့ Komo အဆောင်ကိုရောက်တော့အခြားညီနောင်များနှင့် သူတို့နှင့်သက်တူရွယ်တူ အခြားမှုးကြီးမတ်ရာများ၏သားသမီးများကိုတွေ့ရသည်။ ဒီလိုတွေ့ဆုံပွဲမျိုးမကြာခဏလုပ်သော်လည်း Rumi ကတော့မိန်းကလေးဖြစ်၍ဘယ်တော့မှမပါ။ လူကြီးတွေမပါပဲ သူတို့လူငယ်ချင်းတွေ့ဆုံ စားသောက်ပျော်ပါးကာစကားစမြည်ပြောကြသောပွဲငယ်လေးမျိုးဖြစ်သည်။

"Chiyo လာလေ......ဝင်ခဲ့......"

Chiyo ကအထဲဝင်သွားပြီး Shi ကတော့အဆောင်ရှေ့တွင်ရပ်ကာချန်နေခဲ့သည်။

အထဲတွင်တော့ Iru လဲရှိနေသည်။

"အစ်ကို Chi.....လာ........"

Chiyo က Iru ဘေးတွင်ထိုင်လိုက်တော့ Iru ကသေရည်တစ်ခွက်ငှဲ့ပေးသည်။

"နောက်ဆိုဆုံဖို့မလွယ်တော့ဘူး........ပညာတော်သင်သွားမယ့်သူတွေရော......ပြီးတော့...အိမ်ထောင်ပြုပြီးတစ်ဖက်နိုင်ငံဆီထွက်ခွာရမယ့်သူတွေရော....."

Komo စကားကိုအားလုံးကထောက်ခံကြသည်။

"Chiyo....သောက်လေ......ဒီနေ့တော့...မူးအောင်သောက်....."

"အစ်ကိုတော်သာ.....များများသုံးဆောင်ပါ....."

Chiyo လူရှေ့တွင်ယဉ်ယဉ်ကျေးကျေးပြောပေးလိုက်၍ Komo ကျေနပ်ပြီး ရုပ်ကပြုံးသွားသည်။ နှစ်ယောက်တည်းရှိချိန်ဆို Chiyo သူ့ကိုဘယ်လောက်မလေးစားလဲ သူအသိဆုံးမဟုတ်လား။

ထို့နောက်အားလုံးတစ်ယောက်တစ်ပေါက်နှင့်စကားဝိုင်းကဆူညံနေသည်။

"ဟိုဟာ ဘာတွေလဲ Iru......"

"ဘယ်ဟာလဲ......."

Chiyo က Komo နံဘေးတွင်ပုံထားသောစာအုပ်ရှည်ကြီးများကိုလက်ညှိုးထိုးသည်။ စာအုပ်အဖုံးမှာ ပန်းပွင့်များရေးဆွဲပြီးဆေးရောင်ခြယ်ထားသောကြောင့် နန်းတော်နှင့်သက်ဆိုင်သည့်စာရွက်စာတမ်းတော့မဖြစ်နိုင်။

"ကဗျာစာအုပ်တွေလား......."

"ကျွန်တော်သွားယူလိုက်မယ်........"

Iru က ထသွားပြီး Komo ကိုခွင့်တောင်းလိုက်သည်။

"ဒါဘာတွေလဲအစ်ကိုတော်.....ကြည့်လို့ရမလား..."

"ကြည့်လို့တော့ရတယ်....ဒါပေမယ့် နန်းတွင်း ဘဏ္ဏာရေးမှတ်တမ်းထက်တောင်အရေးကြီးတယ်....ပေါက်ကြားလို့မဖြစ်ဘူး......"

Komo ပြုံးဖြဲဖြဲနှင့်ပြောလိုက်သည်ကို အားလုံးကဝိုင်းရယ်သည်။

"ယူသွား...ယူသွား......ပြီးရင်လာပြန်ထား....."

Iru လည်း Komo ကိုနားမလည်တော့ပဲခေါင်းကုတ်မိရင်း ထိုစာအုပ်များကိုသယ်လာခဲ့သည်။ ထို့နောက် စာအုပ်များကိုပစ်ချလိုက်ပြီးပြော၏။

"သူတို့ဘာလို့ရယ်လဲနားမလည်တော့ပါဘူးဗျာ....."

"ရယ်စရာရှိလို့ရယ်တာဖြစ်မပေါ့......"

'အစ်ကို Chi နော်......ဒါနဲ့.....ကျွန်တော်တို့ဖွင့်ကြည့်လို့ရောဖြစ်ပါ့မလား....တော်ကြာ......."

"တော်ကြာဘာဖြစ်တုန်း......"

Chiyo ကသေရည်ကိုအရသာခံသောက်နေရင်း Iru ကိုမေးသည်။

"တော်ကြာ......."

"ဒါ Komo ပစ္စည်း ပဲ.....နိုင်ငံတော်ကခွင့်မပြုထားတဲ့ စာအုပ်မျိုးဆိုရင်လည်း သူပဲအပြစ်ခံရမှာ.....လာပါ....ငါ့ကိုပေး......"

Chiyo စာအုပ်တစ်အုပ်ကိုယူပြီးဖွင့်ကြည့်လိုက်သည်။

"ဟူး.....တော်ပါသေးရဲ့.......ပေါက်ကရတွေမဟုတ်လို့......."

Irusu သက်ပြင်းချလိုက်တော့ Chiyo ပိုရယ်ချင်သွားသည်။

"ဘာလို့ဒီလောက်တောင်ကြောက်နေရသလဲ....."

"ကြောက်ရတယ်ဗျ.....ကိုယ်ဘာမှမလုပ်ပဲနဲ့တော့အပြစ်ပေးမခံချင်ဘူး.......အစ်ကိုသာဘာမှမကြောက်တာ......ကျွန်တော်ကတော့ခမည်းတော်အထင်အမြင်သေးမှာမခံချင်ဘူး.....တော်ကြာ လက်ရုံးရည် နှလုံးရည် ထူးချွန်အောင်မကြိုးစားပဲ မဟုတ်တာတွေကြည့်နေတဲ့မင်းသားလို့ခမည်းတော်ထင်သွားရင်......အား....တော်ပြီ....တော်ပြီ.....တွေးရတာနဲ့တင်ကြက်သီးထတယ်......."

Chiyo စာအုပ်ကိုကြည့်လိုက်တော့ ပုံတူပန်းချီကားများဖြစ်သည်။ ပုံတစ်ပုံစီတွင်နာမည်များရေးထားပြီး မိန်းကလေး ပုံများကအများဆုံးဖြစ်သည်။

"ဒါဘယ်သူ့ပုံတွေလဲ........"

Iru အမေးကိုဖြေရန် Chiyo စာအုပ်နောက်ဆုံးကိုလှန်လိုက်သည်။ အဖုံးအတွင်းသားတွင်ရေးထားသည်က ဆောင်ကြာမြိုင် တစ်ခု၏နာမည်။

"ဒါ ဆောင်ကြာမြိုင် တွေနဲ့ အဲဒီမှာရှိနေတဲ့လူစာရင်းတွေ........"

Iru မျက်လုံးပြုးသွားသည်။

Komo နှင့်အခြားညီနောင်များဆောင်ကြာမြိုင်များကိုသွားလေ့ရှိသည်ဟူသောသတင်းကိုကြားမိခဲ့သော်လည်းဤကဲ့သို့ စာရင်းများနှင့်အတိအကျရှိလိမ့်မည်ဟုမထင်ခဲ့။

"ဒီတိုင်းသွားလဲရတာပဲကို ဘာလို့စာရင်းလုပ်ထားရတာလဲ....."

"မင်းဟာမြားပစ်တာထူးချွန်တာကလွဲရင်ငတုံးပဲ Iru......"

"ဟာ....အစ်ကိုတော်ကလဲ......"

"ဒီမှာပုံတွေဆွဲထားတာအလကားမဟုတ်ဘူးလေ....မင်းကြိုက်တဲ့သူရဲ့ပုံကိုကြည့် နာမည်မှတ်ပြီး
တစ်ခါတည်းသွားတော့အချိန်ကုန်သက်သာတာပေါ့...."

Chiyo ပြောပြသည်ကို Iru ခေါင်းတငြိမ့်ငြိမ့်နှင့်နားထောင်နေသည်။

"ကျွန်တော်အဲ့အကြောင်းတွေတစ်ကယ်မသိဘူး....
ဘာလို့လဲဆိုတော့....."

Iru ခေါင်းက Shi ရှိလောက်မည့်နေရာကိုမှန်းဆပြီးကြည့်သည်။

"ကျွန်တော်နှစ်သက်တဲ့အရာက နန်းတော်အပြင်မှာမရှိဘူး......"

Iru ပြောနေသော်လည်း Chiyo မကြားနိုင်တော့။
Chiyo တစ်စုံတစ်ခုကိုရှာနေမိသည်။ စာအုပ်တစ်အုပ်ပြီးတစ်အုပ်ကိုတဖတ်ဖတ်နှင့်လှန်ကာအသည်းအသန်ရှာနေမိသည်။

စာအုပ်ထဲမှ ထိုပန်းပွင့်များကိုကြည့်ရင်းသူ့ပန်းပွင့်လေးကိုသတိရသွားသောကြောင့်အသည်းအသန်ရှာနေမိခြင်းဖြစ်သည်။

ရှာနေရင်းမတွေ့သေးသောကြောင့်လက်များလည်းတုန်ရီလာသည်။

ထို့နောက်စာအုပ်တစ်အုပ်တွင် You Min ဟူသောစာလုံးအကြီးကြီးရေးထားသည်ကိုတွေ့လိုက်သောကြောင့်အလျင်အမြန်ဆွဲယူလိုက်သည်။

"အစ်ကိုတော်....ဘာတွေရှာနေတာလဲ......"

ထိုစာအုပ်ကိုလှန်နေရင်းလက်များတုန်ရုံသာမကနဖူး
တွင်လည်းချွေးစက်များသီးလာသည်။ မမြင်ဖူးသော
ယောကျ်ားလေးများ၏ပုံများကိုတစ်ပုံပြီးတစ်ပုံလှန်နေရင်း မျက်ဝန်းထဲတွင်မျက်ရည်များဝေ့ဝဲလာသည်။

Xing.......

နောက်ဆုံး Xingye ၏ပုံဆွဲထားသောစာရွက်အရောက်တွင်သူ့လက်များကရပ်တန့်သွားခဲ့သည်။ မျက်တောင်ဖျားတွင်သီးနေသောမျက်ရည်စက်ကလေးကထိုစာရွက်အပေါ်ပြေးဆင်းသွားခဲ့သည်။

သူချစ်ရသောသူက တစ်ပါးသူများ၏အသုံးတော်ခံဖြစ်နေရခြင်းကို နှလုံးသားကဘယ်လိုမှမခံစားနိုင်။ ရင်ထဲကတဆစ်ဆစ်နာကျင်နေသည်။ ဘယ်တုန်းကမှမငိုတတ်ပါပဲ မျက်ရည်များကထိန်းမရချင်တော့။ ယခုခံစားနေရသောဆို့ဆို့နင့်နင့်ကြေကွဲမှုမျိုးကိုဘယ်တုန်းကမှမခံစားဖူးခဲ့။

'အစ်ကိုတော်........."

Chiyo မျက်ရည်များကပါးပေါ်သို့လိမ့်ဆင်းလာသောကြောင့် Iru ဆွံ့အသွားသည်။ Chiyo ဒီလိုငိုနေသည်ကိုတစ်ခါမှမမြင်ဖူးခဲ့။

Chiyo ကတော့မတုန့်ဆိုင်းပဲ Xingye ပါသောစာရွက်ကိုဖြဲပစ်လိုက်သည်။ လက်ထဲတွင်ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားမိရင်းမျက်ရည်များကိုရပ်တန့်ရန်ကြိုးစားနေမိသည်။

အမြတ်တနိုးတန်ဖိုးထားမိခြင်းက ဒီလောက်တောင်
လူကိုနာကျင်စေရသလား Xing...

ငါကိုယ်တိုင်တောင်မထိရသေးတဲ့ပန်းပွင့်လေးဟာသူများတွေရဲ့အနင်းခြေခံဖြစ်ခဲ့တာလား...

သူတို့တွေကရော မင်းကိုနာကျင်စေခဲ့သေးလား Xing...

ဟင့်အင်း....မဖြစ်ရဘူး...
မင်းကိုဘယ်သူမှထိခွင့် နာကျင်စေခွင့်မပေးဘူး...
မပေးတော့ဘူး Xing

ဘာလို့များ မင်းကိုဒီ့ထက်စောစောမတွေ့ခဲ့ရတာလဲ Xing...ရယ်
ငါမင်းကိုတွေ့တာနောက်ကျလိုက်တာ...

Chiyo သည် ဝမ်းနည်းစွာတွေးတောနေရင်းမှ
ထိုနေရာမှထထွက်လာခဲ့သည်။

"အစ်ကိုတော်........"

"ငါပြန်တော့မယ် Iru.......Komo တို့ကို ငါမူးလို့ပြန်သွားတယ်ပဲပြောလိုက်ပါ......"

"ဟုတ်.....ဟုတ်ကဲ့......"

Chiyo အဆောင်ထဲမှထွက်လာပြီးမပြေးရုံတမယ်လျှောက်သွားတော့ Shi အနောက်မှချက်ချင်းပြေးလိုက်လာသည်။

"Xiao Chi......."

Chiyo တစ်ခုခုဖြစ်လာသည်ကိုသိသောကြောင့် Shi , Chiyo မျက်နှာလေးကိုအသည်းအသန်လိုက်ကြည့်သည်။ သူမမြင်ဖူးခဲ့သော နာကျင်မှုမျိုးကို Chiyo မျက်နှာတွင်တွေ့ရသည်။ ဘာတွေဖြစ်ခဲ့မှန်းမသိသော်လည်းထိုနာကျင်မှုများကသူ့ဆီချက်ချင်းကူးစက်လာချေ၏။

"Xiao Chi........"

Chiyo လျှောက်ရင်းလျှောက်ရင်းဘယ်သူမှမရှိသော အဆောင်များ၏အဝေးတစ်နေရာသို့ရောက်လာသည်။

"Xiao Chi. ...."

Shi ခေါ်သံတွင်စိုးရိမ်မှုများအတိုင်းသားပါဝင်နေသည်။

ထို့နောက်မှာတော့ Chiyo ခြေလှမ်းများရပ်တန့်သွားသည်နှင့်အတူခေါင်းလည်းငိုက်စိုက်ကျသွားသည်။ မြေပြင်ကိုကြည့်နေသောမျက်လုံးတို့မှာအရည်ကြည်များသီးနေသည်ကိုတွေ့ရသည်။

"Xiao Chi......ဘာဖြစ်လာတာလဲ......"

Shi က Chiyo ပုခုံးလေးကိုကိုင်ကာ မေးစေ့လေးကိုညင်သာစွာပင့်ကိုင်ပြီးမျက်နှာကိုကြည့်လိုက်တော့ Chiyo မျက်လုံးလေးများရဲနေသည်။ နှုတ်ခမ်းပါးများနှင့်ထပ်တူ Chiyo မေးစေ့လေးသည်ပင်တုန်ယင်နေလျက်ရှိသည်။

သူငိုခဲ့ရတာလား....
မင်းနာကျင်နေတယ်ဆိုတဲ့အသိက ဘာလို့ငါ့ရင်ကိုသွေးစိမ်းရှင်ရှင်ထွက်သလိုခံစားစေရတာလဲ...

"ဘာလို့လဲ......"

Chiyo ငြိမ်သက်နေရင်းမှရှေ့သို့တိုးလာပြီး Shi ပုခုံးပေါ်မှီချလိုက်သည်။ ထို့နောက် Shi ပုခုံးတွင်မျက်နှာအပ်ပြီးအသံမထွက်ပဲရှိုက်ငိုနေသည်။

"Shi........"

"ပြော......Xiao Chi......."

Shi သည် Chiyo ကျောပြင်ကိုခပ်ဖွဖွလေးပွတ်သပ်ပေးနေသည်။

"ငါ......ငါ......."

"ပြောပါ....ဘာမဆို....မင်းပြောလို့ရတယ်...."

"ငါ....ယောကျာ်းလေးတစ်ယောက်ကိုချစ်မိနေပြီ......You Min က ယောကျာ်းလေးတစ်ယောက်....."

Chiyo ကိုဖက်ထားသော Shi လက်များကဆတ်ခနဲတုန်ရီသွားသည်။ ကြားလိုက်ရသောစကားက အသက်ရှုခြင်းကိုရပ်တန့်သွားစေပြီး အတွေးများအားလုံးကိုမှောင်မိုက်သွားစေသည်။ အနာဂတ်တစ်ခုလုံးက ရုတ်ချည်းပျက်သုဉ်းသွားသလို မှောင်မိုက်သွားရ၏။ နှလုံးသားတစ်ခုလုံးကလည်း တစ်စစီကွဲကြေပြိုပျက်သွားသလိုပင်။

မင်းက.....
ချစ်မိနေတယ်....
You Min က.....
ယောကျာ်းလေးတစ်ယောက်ကို......။

Continue Reading

You'll Also Like

78.5K 7.6K 102
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
51.8K 7.7K 24
Completed !! သူသည္ အခ်စ္ဦးျဖစ္သည္ သူသည် အချစ်ဦးဖြစ်သည်