Venus Flytrap ( Book 1 )

By L_8894

30K 3.5K 513

နတ္သမီးေထာင္ေခ်ာက္ WARNING : ကိုယ္​့ကိုကိုယ္​ IQ ျမင္​့တယ္​ဟု ယူဆသူမ်ားဖတ္​ရန္​ 😜 More

He ? ( Intro )
Part-1
Part-2
Part-3
Part-4
Part-5
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14 ( End )

Part-6

1.4K 218 67
By L_8894

"ေရပန္းမဖြင့္ဘူးလား"

ပံုမွန္ဆို  Jonginႏွင့္က်ေနာ့္ရဲ႕ ေမြးေန႔ပါတီ က်င္းပတဲ႔အခါ ျခံထဲမွာ အလွေရပန္းက ဖြင့္ထားေနက်  … ဒီႏွစ္ေတာ့ ဘယ္လိုမွ မျဖစ္ႏိုင္ေတာ့

"ဒီေရပန္းက Jongin မရွိေတာ့ ဘယ္ေတာ့မွ ဖြင့္လို႔ရေတာ့မွာ မဟုတ္ဘူးထင္တယ္ Jongdae hyung"

ဘာလို႕ဆိုေတာ့ ဒီေရပန္းကို Jongin လုပ္ခိုင္းထားတာျဖစ္ျပီး ဖြင့္ရမဲ႔ခလုတ္ကလည္း Jongin သာသိသည္။ ပြဲမလုပ္ခင္က ဘယ္ေနရာကေနဖြင့္ရမလဲ ရွာၾကည့္ေသးေပမဲ႔ လံုးဝ ရွာမေတြ႕တာေၾကာင့္ လက္ေလ်ာ့ထားရျခင္းသာ

"Jonginမရွိေတာ့ ငါ့ကေလးပ်င္းေနေတာ့မွာပဲ"

Jongdae ရင္ခြင္ထဲက ပါပီေပါက္စေလးကေတာ့ သူ႕သခင္ေျပာတာ နားလည္ေန၍ပဲလား ျခံထဲလွည့္ပတ္ျပီး တစ္စံုတစ္ေယာက္ကို ရွာေဖြေနသေယာင္

"သူက Jonginကို သိတယ္ေပါ့"

က်ေနာ္ အေမႊးစုတ္ဖြားနဲ႔အေကာင္ေပါက္စေလးကို ခ်စ္စႏိုးေလး ဆြဲဖက္မယ္ လုပ္ေတာ့ Jongdae ရင္ခြင္ထဲအတင္းတိုးဝင္သြားကာ အထိမခံ

"သူက လူေရြးတယ္ကြ…သူစိမ္းေတြ အထိမခံဘူး"

ပါပီေလးက က်ေနာ့္ကို သေဘာမက်သည့္ပံုစံ ျဖစ္ေနတာေၾကာင့္ ဆက္မထိေတာ့ပဲ

"သူက က်ေနာ့္ကို Jongin မထင္ဘူးလား"

"သူတို႔က လူေတြထက္ ပိုျပီးအနံ႕ခံ ခြဲျခားႏိုင္တယ္ေလ…ငါ့ ကေလးက ငါကသာေက်ြးေမြးထားရတာပါ …သူက ငါ့ထက္ Jonginကို ပိုခ်စ္ခဲ႔တာဆိုေတာ့ ခုရက္ပိုင္းေတြ သူ အထီးက်န္ေနတယ္"

က်ေနာ္ ထိုအေကာင္ေပါက္ေလးကို ၾကည့္ေနဆဲမွာပဲ Jongdae ရင္ခြင္ထဲက ထိုပါပီေပါက္ေလးက ခ်က္ခ်င္းပဲ တစ္ေနရာကို ေျပးဆင္းသြားသည္။

Jongdaeလည္း ရုတ္တရက္မို႔ အံ႕အားသင့္သြားကာ

"သူ ဘယ္ကို ေျပးသြားတာလဲ"

"အဲဒီဘက္မွာ ေရကူးကန္ရွိတယ္ … ေရထဲျပဳတ္က်ရင္ အေအးမိေနဦးမယ္"

ေျပာလည္းေျပာ က်ေနာ္ႏွင့္ Jongdae ေရကူးကန္ရွိတဲ႔ဘက္ ေျပးျပီး သြားၾကည့္ေတာ့ က်ေနာ္တို႔ကို ေက်ာေပးျပီး တစ္ေယာက္ထဲ ထိုင္ေနတဲ႔ Sehun

ခုနက ဘယ္သူမွအထိမခံပါဘူးဆိုတဲ႔ Jongdae hyungရဲ႕ ပါပီေပါက္စေလးက Sehunရင္ခြင္ထဲမွာ

ေျခသံၾကားလို႕ထင္သည္ Sehun ေနာက္ကိုလွည့္ၾကည့္လာသည္။

Jongdaeကေတာ့ မယံုႏိုင္စြာပင္ Sehun ေပြ႕ခ်ီထားတဲ႔ သူ႕ကေလးေလးကို ၾကည့္ေနသည္။

" သူ က်ေနာ့္ဆီေျပးလာလို႔ ခဏေခၚထားတာ "

Sehun သူ႕လက္ထဲက ပါပီေလးကို Jongdae လက္ထဲလႊဲေပးလိုက္တာေတာင္ ပါပီေလးက Sehunဆီက မခြာခ်င္ေသးသည့္ပံု

"Sehunေရာလား"

Jongdae က အံ႕ၾသသြားသလို က်ေနာ့္ကို ၾကည့္ျပီးေမးလိုက္သည္။

ommaတို႕ေျပာသလိုပဲ Chanyeolႏွင့္ က်ေနာ္တို႕ မိသားစုကလြဲ ဘယ္သူကမွ က်ေနာ္တို႔အေၾကာင္း မသိထားဘူးဆိုေတာ့ Sehun ဒီပြဲမွာရွိေနျခင္းက သူတို႕အတြက္ ထူးဆန္းေနႏိုင္သည္။

"က်ေနာ္ဖိတ္ထားတာ"

Jongdae Hyung က Sehunကို တျခားသူေတြလို မလိုမုန္းတီးသည့္ အမူအယာမ်ိဳးေတြေတာ့မရွိ

"ေရွ့မွာ ဧည့္သည္ေတြေရာက္ေနေလာက္ျပီ သြားရေအာင္ေလ"

ေရပန္းနားကအျဖတ္ Sehun ဆက္မသြားပဲ ရပ္ေနတာနဲ႔

"ဘာျဖစ္လို႔လဲ"

"ဒီေရပန္းကို မဖြင့္ထားလို႔"

"ဖြင့္လို႔မရလို႔"

ျပီးစလြယ္ေျဖလိုက္တာ ျဖစ္ေပမဲ႔  Sehun က်ေနာ္တုိ႕အနားက ထြက္သြားျပီး ေရပန္းေဘးက မီးအိမ္ကို  မီးအေရာင္ေျပာင္းလိုက္တာနဲ႔ ေရပန္းေတြ ျဖာထြက္လာသည္။

"ဖြင့္လို႔ရပါတယ္"

က်ေနာ္ ဘာမေျပာႏိုင္ပဲ သူ႕ကို ထူးဆန္းစြာ ေၾကာင္ေငးမိသလို Jongdaeသည္လည္း ထိုနည္းတူပင္

ဲီထိုမီးအိမ္က လက္ေဗြရာနဲ႕မွ မီးေျပာင္းလို႔ရတာ
ေျပာရမယ္ဆို ပိုင္ရွင္ကလြဲရင္ တျခားသူ မီးေျပာင္းလို႔မရဘူး

အထူးသျဖင့္ မီးေျပာင္းလိုက္မွ ေရပန္းပြင့္လာေအာင္ ခ်ိတ္ဆက္ထားသည္ဆိုတာကေရာ ဘယ္သူမွ မသိတာ သူက ဘာလို႔သိေနတာလဲ

"ဒီေရပန္း ဘယ္သူဖြင့္လိုက္တာလဲ"

ခ်က္ခ်င္းပဲ က်ေနာ္တို႔အိမ္က အိမ္အကူေတြသာမက omma appaတို႔ပါ ေရပန္းနား ေရာက္လာသည္။ ျခံဳေျပာရင္ ဒီအိမ္အေၾကာင္း အပ္က်တာအစ မသိတာမရွိသည့္ အိမ္ေတာ္ထိန္း Leeပါ ေရပန္းဖြင့္သူကို စိတ္ဝင္စားေနသည္။

"က်ေနာ္ဖြင့္လိုက္တာ"

Sehun အေျဖမေပးခင္ ဝင္ေျဖလိုက္သည္က ဘယ္အခ်ိန္က ေရာက္လာသည္မသိသည့္ Chanyeol

"ဘယ္လိုဖြင့္လိုက္တာလဲ"

Chanyeol ေရပန္းေဘးက အုတ္ခံုရဲ႕ ေအာက္က္ုိ လက္ညိႈးထိုးျပလိုက္သည္။

"ဒီမွာ ခလုတ္ရွိတယ္ေလ … ဘယ္သူမွမသိၾကဘူးလား ဖြင့္လို႔လည္းရတယ္…ပိတ္လို႔လည္းရတယ္"

ေျပာရင္း Chanyeol ခလုတ္ႏိွပ္လိုက္ေတာ့ ေရပန္းက ပိတ္သြားကာ သူျပန္ဖြင့္ေတာ့ ေရေတြျပန္ျဖာက်လာသည္။

ေသခ်ာတာက က်ေနာ္တို႔ မ်က္စိမမွားတာ လံုးဝေသခ်ာသည္။

ဒီေရပန္းကို ပထမဆံုးဖြင့္တဲ႔သူက Chanyeol မဟုတ္သလို Sehunဖြင့္လိုက္တာလည္း အဲဒီခလုတ္ကေန ဖြင့္လိုက္ျခင္းမဟုတ္… ေရပန္းဖြင့္ခ်ိန္ Chanyeolလည္း ေရပန္းနားရွိမေန

အိမ္ကသူေတြက ေရပန္းဖြင့္သည္ေျပာသည့္ Chanyeolကိုသာ အထူးအဆန္းၾကည့္သြားၾကျပီး သူတို႕ေနရာ သူတို႕ လုပ္စရာရွိတာေတြလုပ္ဖို႕ ျပန္သြားၾကသည္။ Sehunကိုေတာ့ သိပ္ဂရုမျပဳမိၾက။ Jongdae hyungလည္း အနားက ထြက္သြားေတာ့ ထိုေနရာမွာ က်ေနာ္ရယ္ Chanyeolရယ္ Sehunရယ္သာ က်န္ရစ္ခဲ႔သည္။

"ခင္ဗ်ားဖြင့္တာမွ မဟုတ္တာ"

Chanyeol က က်ေနာ့္ကို တစ္ခ်က္သာၾကည့္ျပီး ဘာမွျပန္မေျဖပဲ Sehunလက္ကိုဆြဲေခၚသြားသည္။

"Chanyeol…ခင္ဗ်ား ဘယ္ကိုေခၚသြားမလို႔လဲ သူ႕ကို ခင္ဗ်ား ေခၚသြားလို႔မရဘူး"

က်ေနာ္ေျပးလိုက္ျပီး သူတို႔ေရွ့ကေန ရပ္တားလိုက္သည္။

Chanyeol က က်ေနာ့္ကို စိတ္ပ်က္သလို တစ္ခ်က္ၾကည့္ျပီး Sehunလက္ကို လႊတ္ေပးလိုက္ကာ

"မင္းမိဘေတြနဲ႔သူ႕ကိုအရင္ဆံုး မိတ္ဆက္ေပးထားသင့္တာ Sehun"

Chanyeol ေျပာလိုက္ေတာ့ Sehun မ်က္ႏွာ ဘာမွေျပာင္းလဲမသြားေပမဲ႔ သူ လက္သီး ခပ္ဖြဖြ ဆုပ္ထားတာကို ျမင္လိုက္ရသည္။

"သူ႕မိဘေတြ…ဟုတ္လား"

"မင္းကို ငါေျပာသားပဲ လူတစ္ေယာက္ကို လက္ထပ္ခ်င္ရင္ေတာင္ သူ႕အေၾကာင္းေသခ်ာသိမွ ေရြးခ်ယ္ပါလို႕ … မင္းအခု သူ႕မိဘေတြေတာင္ မသိဘူးမလား"

က်ေနာ္ ပထမဆံုးအၾကိမ္ ရွက္မိသြားသည္။

ကိုယ္လက္ထပ္ထားတဲ႔ သူတစ္ေယာက္အေၾကာင္း ကိုယ္က တျခားသူတစ္ေယာက္ေျပာျပမွ သိရမဲ႔ဘဝမ်ိဳးလား။

ဒါေတြမလိုဘူးလို႕ထင္ခဲ႔ေပမဲ႔ က်ေနာ္ အခုသိခ်င္မိလာသည္ Sehunရဲ႕ မိဘေတြက ဘယ္သူေတြလဲ

"မင္း မိဘေတြက ဘယ္သူေတြလဲ"

Sehun ဘာမွျပန္မေျဖ။

ပိုက္ဆံနဲ႕ေပးဝယ္ထားတဲ႔ ဆက္ဆံေရးတစ္ခုမွာ ဒါေတြေျပာေနစရာ ေျဖေနစရာမလိုဘူးလို႕ သူေတြးလိုက္တာမ်ားလား

"ေပ်ာက္လို႕လိုက္ရွာေနတာ မင္းက ဒီကိုေရာက္ေနတာလား"

Baekhyun အနားကို ေရာက္လာေတာ့ က်ေနာ္ျပႆနာကို အရွိန္သတ္လိုက္သည္။

Chanyeol ႏွင့္ Sehun ႏွစ္ေယာက္လံုး Baekhyunကို စိုက္ၾကည့္ေနသည္။

Baekhyunလည္း သူတို႔ႏွစ္ေယာက္ကို ျမင္ေတာ့ မ်က္ႏွာတစ္မ်ိဳးေတာ့ျဖစ္သြားသည္လို႕ ခံစားမိသည္။

"Baekhyun … မင္းကို ငါေျပာတဲ႔ သူေလ … ေဒါက္တာ Chanyeol… ဒီဘက္က Sehun "

Baekhyunျပံဳးျပီး Sehun ႏွင့္ Chanyeolကို ႏႈတ္ဆက္ေနေပမဲ႔ ႏွစ္ေယာက္လံုးက ျပန္မျပံဳးျပပဲ မ်က္ႏွာလႊဲသြားသည္မလို႕ ၾကားထဲက က်ေနာ္ကပဲ အားနာသြားရသည္

"က်ေနာ္တစ္ခုေလာက္ေမးလို႔ရမလား Chanyeol shi"

Baekhyun စိတ္ဆိုးသြားတာလား

"ဘာေမးခ်င္လို႔လဲ မသိဘူး "

"အခုလို ေပၚတင္ေမးရမွာ အားေတာ့နာပါတယ္… ဒါေပမဲ႔ က်ေနာ္ ကေလးထဲက တစ္ကယ္သိခ်င္ခဲ႔တာပါ … အဲတုန္းက ကေလးမလို႔ မေမးရဲသလို အခုလို ထိပ္တိုက္ေတြ႕ရေလာက္တဲ႔ အထိလည္း အခြင့္ေရးမရခဲ႔ေတာ့ ေမးခြင့္မရွိခဲ႔ဘူး"

Chanyeol က Baekhyun ကို စူးစိုက္ၾကည့္ေနသည္။Baekhyunက သူသိခ်င္တာက္ုိ လက္ေလ်ာ့မည့္ပံု မေပၚ

"က်ေနာ္ ငယ္ငယ္တုန္းက အတန္းထဲမွာ  Sehunနဲ႔လည္း မခင္ပါဘူး … စကားလည္း မေျပာဖူးပါဘူး … တျခားေက်ာင္းသားေတြလိုလည္း သူ႕ကို အႏိုင္မက်င့္ဖူးပါဘူး…က်ေနာ့္နဲ႕လည္း ဘာျပႆနာမွ မျဖစ္ဖူးပဲ ဘာလို႕ က်ေနာ့္ကို မုန္းေနတာလဲ "

ဘာေတြလဲ… Sehunနဲ႔ Chanyeolက ဘယ္တုန္းထဲက သိခဲ႕ၾကတာလဲ… Baekhyun ေမးပံုအရဆို ပတ္သက္မႈတစ္ခုရွိခဲ့သလိုလို…ဒါဆို Jonginနဲ႔ ပတ္သက္မႈမရွိခင္ထဲကလား …

"မင္းမွားေနျပီ ထင္တယ္ Baekhyun… ကိုယ္မင္းကို သိလည္းမသိဘူး … မုန္းလည္းမမုန္းဘူး…မလိုအပ္ပဲ စကားေတြသိပ္မမ်ားပါနဲ႔"

Chanyeol ေျပာပီး Sehun လက္ကို ထပ္ဆြဲျပီးအထြက္
Yi Fan နဲ႔တိုက္မိသည္။

Yi Fanက Chanyeol လက္ဆြဲထားသည့္ Sehunကို စူးစိုက္ၾကည့္ေနသည္။

"မင္းက ဒီေနရာကို ဘာလာလုပ္တာလဲ"

Sehun ကို ျမင္ျပီး အလန္႕တၾကားဆိုလိုက္သလို Yi Fan ရဲ႕ ommaလည္း Sehunကို ျမင္ျပီး ေတာ္ေတာ္မ်က္ႏွာပ်က္သြားသည္။

" သူက ဘာလို႕ ဒီေနရာမွာ ရွိေနတာလဲ … "

ပါးစပ္ကလည္းေျပာ လက္ကလည္း Sehun ကို ထုရိုက္ဖို႕ ရြယ္လိုက္တာနဲ႔ က်ေနာ္ ဝင္တားလိုက္ရသည္။

Sehunက လူမုန္းမ်ားတာ က်ေနာ္သိသည္။
သူတို႕ေတြ ဘာေၾကာင့္ Sehunကို မလိုၾကတာလဲဆိုတာ က်ေနာ္မသိေပမဲ႔ က်ေနာ့္မ်က္စိေရွ့မွာ သူ႕ကို ဒီလိုဆက္ဆံတာ မၾကိဳက္ဘူး

"သူက က်ေနာ္လက္ထပ္ထားတဲ႔သူမလို႕ ဒီေနရာမွာ ရွွိေနတာပါ … ျပီး က်ေနာ့္ ေယာက္်ားကို အခုလို ရိုင္းစိုင္းစြာ ဆက္ဆံေနတာ မၾကိဳက္ဘူး … Sehunကို ထိတာ Kim အိမ္ေတာ္ကိုထိပါးေစာ္ကားတာနဲ႔အတူတူပဲ"

က်ေနာ္ ဘာလို႕ ဒီစကားေတြ ေျပာမိမွန္းလည္း မသိဘူး

က်ေနာ္သိတာ သူ႕ကို ေခၚလာတာ က်ေနာ္မလို႕ က်ေနာ္ပဲ တာဝန္ယူရမယ္ဆိုတာ

အားလံုးရဲ႕ မ်က္ႏွာမွာ မယံုၾကည္ႏိုင္ျခင္းေတြ ျပည့္လ်ွံလို႕

"က်ေနာ့္ေၾကာင့္ အားလံုး အေႏွာင့္အယွက္ ျဖစ္သြားရင္ ေတာင္းပန္ပါတယ္ "

Sehun ေတာင္းပန္ျပီး ထြက္သြားမယ္လုပ္ေတာ့ Chanyeol က တားထားျပီး

"မင္း ဘာအမွားမွ သူတို႕အေပၚ မလုပ္ထားလို႕ ေတာင္းပန္စရာ မလိုဘူး … ေတာင္းပန္ရစတမ္းဆို မင္းကို သူတို႕ကပဲ ေတာင္းပန္ရမွာ…"

ထိုအခ်ိန္ သူ႕သားကို လိုက္ရွာေနပံုရသည့္ Baekhyun ရဲ႕ အေဖပါ အနားကို ေရာက္လာျပီး Wu Yi Fan တို႕ သားအမိကို ျမင္ေတာ့ မ်က္ႏွာပ်က္သြားသည္။

" သား Kai … Uncle ေတာင္းပန္ပါတယ္ …ျပန္ခြင့္ျပဳပါဦး"

" ဒါနဲ႕ Mr. Byun အဲေလာက္ထိ ခြင့္ေတာင္းေနစရာ မလိုပါဘူး ရွင့္ရဲဲ႕ သားမက္အသစ္စက္စက္ေလးပဲဟာ ဒီေလာက္ေတာ့ နားလည္ေပးမွာပါ"

"Omma"

Yi Fan သူ႕ Ommaကို  ေအာ္ျပီးတားေနေပမဲ႔ Yi Fan ommaကေတာ့ ေျပာခ်င္ရာေျပာလိုက္ရ၍ ေက်နပ္ေနပံု

က်ေနာ္ Mr.Byun ကို ၾကည့္လိုက္ေတာ့ လံုးဝ မ်က္ႏွာပ်က္ယြင္းသြားသလို Baekhyunလည္း Sehunကို ၾကည့္ျပီး မ်က္ႏွာပ်က္သြားသည္။

Mr.Byunက Sehun Appa?

ဒါဆို Sehun Omma ကေရာ

Baekhyun သူ႕ Appaကို ၾကည့္လိုက္ျပီး

" Appa ေျပာေတာ့ Appaသားက Wu Yi Fan ႏွင့္ က်ေနာ္ပဲရွိတာဆို Sehunကေရာ ဘယ္က ပါလာတာလဲ Appaသားပဲလား…ဒါဆို Sehun က Wu Yi Fanရဲ႕ ညီေလးလား …က်ေနာ့္အေမက က်ေနာ္တစ္ေယာက္ပဲ ေမြးထားတာပါေနာ္"

က်ေနာ္ Baekhyunကို သနားသြားမိေပမဲ႔ သူေလာက္ေတာင္ ဘာမွ နားမလည္သည့္ က်ေနာ့္ကိုယ္က်ေနာ္သာ ျပန္သနားမိသည္။

က်ေနာ့္မိဘေတြ သိပ္ေတာ္ခ်င္ေနသည့္ ခမည္းခမက္မ်ားက က်ေနာ့္ရဲ႕ ေယာကၡမေတြျဖစ္ေနသည္ ဆိုတာ တစ္ကယ္ပဲလား

တစ္ကယ္ပဲ Sehunရဲ႕ မိဘေတြလား
Wu Yi Fanနဲ႔ Byun Baekhyunက အေဖတူ အေမကြဲ ညီအစ္ကိုေတြလား…တစ္ကယ္ Sehunရဲ႕ အစ္ကိုေတြလား …ဒါဆို ဘာလို႕ Sehun ကတစ္ေယာက္ထဲ ျဖစ္ေနတာလဲ … Chanyeolကေရာ ဘာလို႔ အားလံုးကို သိေနတာလဲ

က်ေနာ္ ဘာမေျပာႏိုင္ေသးခင္မွာပဲ အားလံုးက သူတို႕သားေတြ ကိုယ္စီလက္ဆြဲျပီး ေခၚျပန္သြားၾကသည္။

Chanyeol ကလည္း Sehunကိုသာ ဆြဲေခၚသြားသည္။

က်ေနာ္သာ ဘယ္သူ႕မွ မတားႏိုင္ပဲ ေနရာမွာ အရူးတစ္ေယာက္လို က်န္ခဲ႔သည္။

……………………………………………………………

Next-7

Unicode

"ရေပန်းမဖွင့်ဘူးလား"

ပုံမှန်ဆို  Jonginနှင့်ကျနော့်ရဲ့ မွေးနေ့ပါတီ ကျင်းပတဲ့အခါ ခြံထဲမှာ အလှရေပန်းက ဖွင့်ထားနေကျ  … ဒီနှစ်တော့ ဘယ်လိုမှ မဖြစ်နိုင်တော့

"ဒီရေပန်းက Jongin မရှိတော့ ဘယ်တော့မှ ဖွင့်လို့ရတော့မှာ မဟုတ်ဘူးထင်တယ် Jongdae hyung"

ဘာလို့ဆိုတော့ ဒီရေပန်းကို Jongin လုပ်ခိုင်းထားတာဖြစ်ပြီး ဖွင့်ရမဲ့ခလုတ်ကလည်း Jongin သာသိသည်။ ပွဲမလုပ်ခင်က ဘယ်နေရာကနေဖွင့်ရမလဲ ရှာကြည့်သေးပေမဲ့ လုံးဝ ရှာမတွေ့တာကြောင့် လက်လျော့ထားရခြင်းသာ

"Jonginမရှိတော့ ငါ့ကလေးပျင်းနေတော့မှာပဲ"

Jongdae ရင်ခွင်ထဲက ပါပီပေါက်စလေးကတော့ သူ့သခင်ပြောတာ နားလည်နေ၍ပဲလား ခြံထဲလှည့်ပတ်ပြီး တစ်စုံတစ်ယောက်ကို ရှာဖွေနေသယောင်

"သူက Jonginကို သိတယ်ပေါ့"

ကျနော် အမွှေးစုတ်ဖွားနဲ့အကောင်ပေါက်စလေးကို ချစ်စနိုးလေး ဆွဲဖက်မယ် လုပ်တော့ Jongdae ရင်ခွင်ထဲအတင်းတိုးဝင်သွားကာ အထိမခံ

"သူက လူရွေးတယ်ကွ…သူစိမ်းတွေ အထိမခံဘူး"

ပါပီလေးက ကျနော့်ကို သဘောမကျသည့်ပုံစံ ဖြစ်နေတာကြောင့် ဆက်မထိတော့ပဲ

"သူက ကျနော့်ကို Jongin မထင်ဘူးလား"

"သူတို့က လူတွေထက် ပိုပြီးအနံ့ခံ ခွဲခြားနိုင်တယ်လေ…ငါ့ ကလေးက ငါကသာကျေွးမွေးထားရတာပါ …သူက ငါ့ထက် Jonginကို ပိုချစ်ခဲ့တာဆိုတော့ ခုရက်ပိုင်းတွေ သူ အထီးကျန်နေတယ်"

ကျနော် ထိုအကောင်ပေါက်လေးကို ကြည့်နေဆဲမှာပဲ Jongdae ရင်ခွင်ထဲက ထိုပါပီပေါက်လေးက ချက်ချင်းပဲ တစ်နေရာကို ပြေးဆင်းသွားသည်။

Jongdaeလည်း ရုတ်တရက်မို့ အံ့အားသင့်သွားကာ

"သူ ဘယ်ကို ပြေးသွားတာလဲ"

"အဲဒီဘက်မှာ ရေကူးကန်ရှိတယ် … ရေထဲပြုတ်ကျရင် အအေးမိနေဦးမယ်"

ပြောလည်းပြော ကျနော်နှင့် Jongdae ရေကူးကန်ရှိတဲ့ဘက် ပြေးပြီး သွားကြည့်တော့ ကျနော်တို့ကို ကျောပေးပြီး တစ်ယောက်ထဲ ထိုင်နေတဲ့ Sehun

ခုနက ဘယ်သူမှအထိမခံပါဘူးဆိုတဲ့ Jongdae hyungရဲ့ ပါပီပေါက်စလေးက Sehunရင်ခွင်ထဲမှာ

ခြေသံကြားလို့ထင်သည် Sehun နောက်ကိုလှည့်ကြည့်လာသည်။

Jongdaeကတော့ မယုံနိုင်စွာပင် Sehun ပွေ့ချီထားတဲ့ သူ့ကလေးလေးကို ကြည့်နေသည်။

" သူ ကျနော့်ဆီပြေးလာလို့ ခဏခေါ်ထားတာ "

Sehun သူ့လက်ထဲက ပါပီလေးကို Jongdae လက်ထဲလွှဲပေးလိုက်တာတောင် ပါပီလေးက Sehunဆီက မခွာချင်သေးသည့်ပုံ

"Sehunရောလား"

Jongdae က အံ့သြသွားသလို ကျနော့်ကို ကြည့်ပြီးမေးလိုက်သည်။

ommaတို့ပြောသလိုပဲ Chanyeolနှင့် ကျနော်တို့ မိသားစုကလွဲ ဘယ်သူကမှ ကျနော်တို့အကြောင်း မသိထားဘူးဆိုတော့ Sehun ဒီပွဲမှာရှိနေခြင်းက သူတို့အတွက် ထူးဆန်းနေနိုင်သည်။

"ကျနော်ဖိတ်ထားတာ"

Jongdae Hyung က Sehunကို တခြားသူတွေလို မလိုမုန်းတီးသည့် အမူအယာမျိုးတွေတော့မရှိ

"ရှေ့မှာ ဧည့်သည်တွေရောက်နေလောက်ပြီ သွားရအောင်လေ"

ရေပန်းနားကအဖြတ် Sehun ဆက်မသွားပဲ ရပ်နေတာနဲ့

"ဘာဖြစ်လို့လဲ"

"ဒီရေပန်းကို မဖွင့်ထားလို့"

"ဖွင့်လို့မရလို့"

ပြီးစလွယ်ဖြေလိုက်တာ ဖြစ်ပေမဲ့  Sehun ကျနော်တို့အနားက ထွက်သွားပြီး ရေပန်းဘေးက မီးအိမ်ကို  မီးအရောင်ပြောင်းလိုက်တာနဲ့ ရေပန်းတွေ ဖြာထွက်လာသည်။

"ဖွင့်လို့ရပါတယ်"

ကျနော် ဘာမပြောနိုင်ပဲ သူ့ကို ထူးဆန်းစွာ ကြောင်ငေးမိသလို Jongdaeသည်လည်း ထိုနည်းတူပင်

ဲီထိုမီးအိမ်က လက်ဗွေရာနဲ့မှ မီးပြောင်းလို့ရတာ
ပြောရမယ်ဆို ပိုင်ရှင်ကလွဲရင် တခြားသူ မီးပြောင်းလို့မရဘူး

အထူးသဖြင့် မီးပြောင်းလိုက်မှ ရေပန်းပွင့်လာအောင် ချိတ်ဆက်ထားသည်ဆိုတာကရော ဘယ်သူမှ မသိတာ သူက ဘာလို့သိနေတာလဲ

"ဒီရေပန်း ဘယ်သူဖွင့်လိုက်တာလဲ"

ချက်ချင်းပဲ ကျနော်တို့အိမ်က အိမ်အကူတွေသာမက omma appaတို့ပါ ရေပန်းနား ရောက်လာသည်။ ခြုံပြောရင် ဒီအိမ်အကြောင်း အပ်ကျတာအစ မသိတာမရှိသည့် အိမ်တော်ထိန်း Leeပါ ရေပန်းဖွင့်သူကို စိတ်ဝင်စားနေသည်။

"ကျနော်ဖွင့်လိုက်တာ"

Sehun အဖြေမပေးခင် ဝင်ဖြေလိုက်သည်က ဘယ်အချိန်က ရောက်လာသည်မသိသည့် Chanyeol

"ဘယ်လိုဖွင့်လိုက်တာလဲ"

Chanyeol ရေပန်းဘေးက အုတ်ခုံရဲ့ အောက်က်ို လက်ညှိုးထိုးပြလိုက်သည်။

"ဒီမှာ ခလုတ်ရှိတယ်လေ … ဘယ်သူမှမသိကြဘူးလား ဖွင့်လို့လည်းရတယ်…ပိတ်လို့လည်းရတယ်"

ပြောရင်း Chanyeol ခလုတ်နှိပ်လိုက်တော့ ရေပန်းက ပိတ်သွားကာ သူပြန်ဖွင့်တော့ ရေတွေပြန်ဖြာကျလာသည်။

သေချာတာက ကျနော်တို့ မျက်စိမမှားတာ လုံးဝသေချာသည်။

ဒီရေပန်းကို ပထမဆုံးဖွင့်တဲ့သူက Chanyeol မဟုတ်သလို Sehunဖွင့်လိုက်တာလည်း အဲဒီခလုတ်ကနေ ဖွင့်လိုက်ခြင်းမဟုတ်… ရေပန်းဖွင့်ချိန် Chanyeolလည်း ရေပန်းနားရှိမနေ

အိမ်ကသူတွေက ရေပန်းဖွင့်သည်ပြောသည့် Chanyeolကိုသာ အထူးအဆန်းကြည့်သွားကြပြီး သူတို့နေရာ သူတို့ လုပ်စရာရှိတာတွေလုပ်ဖို့ ပြန်သွားကြသည်။ Sehunကိုတော့ သိပ်ဂရုမပြုမိကြ။ Jongdae hyungလည်း အနားက ထွက်သွားတော့ ထိုနေရာမှာ ကျနော်ရယ် Chanyeolရယ် Sehunရယ်သာ ကျန်ရစ်ခဲ့သည်။

"ခင်ဗျားဖွင့်တာမှ မဟုတ်တာ"

Chanyeol က ကျနော့်ကို တစ်ချက်သာကြည့်ပြီး ဘာမှပြန်မဖြေပဲ Sehunလက်ကိုဆွဲခေါ်သွားသည်။

"Chanyeol…ခင်ဗျား ဘယ်ကိုခေါ်သွားမလို့လဲ သူ့ကို ခင်ဗျား ခေါ်သွားလို့မရဘူး"

ကျနော်ပြေးလိုက်ပြီး သူတို့ရှေ့ကနေ ရပ်တားလိုက်သည်။

Chanyeol က ကျနော့်ကို စိတ်ပျက်သလို တစ်ချက်ကြည့်ပြီး Sehunလက်ကို လွှတ်ပေးလိုက်ကာ

"မင်းမိဘတွေနဲ့သူ့ကိုအရင်ဆုံး မိတ်ဆက်ပေးထားသင့်တာ Sehun"

Chanyeol ပြောလိုက်တော့ Sehun မျက်နှာ ဘာမှပြောင်းလဲမသွားပေမဲ့ သူ လက်သီး ခပ်ဖွဖွ ဆုပ်ထားတာကို မြင်လိုက်ရသည်။

"သူ့မိဘတွေ…ဟုတ်လား"

"မင်းကို ငါပြောသားပဲ လူတစ်ယောက်ကို လက်ထပ်ချင်ရင်တောင် သူ့အကြောင်းသေချာသိမှ ရွေးချယ်ပါလို့ … မင်းအခု သူ့မိဘတွေတောင် မသိဘူးမလား"

ကျနော် ပထမဆုံးအကြိမ် ရှက်မိသွားသည်။

ကိုယ်လက်ထပ်ထားတဲ့ သူတစ်ယောက်အကြောင်း ကိုယ်က တခြားသူတစ်ယောက်ပြောပြမှ သိရမဲ့ဘဝမျိုးလား။

ဒါတွေမလိုဘူးလို့ထင်ခဲ့ပေမဲ့ ကျနော် အခုသိချင်မိလာသည် Sehunရဲ့ မိဘတွေက ဘယ်သူတွေလဲ

"မင်း မိဘတွေက ဘယ်သူတွေလဲ"

Sehun ဘာမှပြန်မဖြေ။

ပိုက်ဆံနဲ့ပေးဝယ်ထားတဲ့ ဆက်ဆံရေးတစ်ခုမှာ ဒါတွေပြောနေစရာ ဖြေနေစရာမလိုဘူးလို့ သူတွေးလိုက်တာများလား

"ပျောက်လို့လိုက်ရှာနေတာ မင်းက ဒီကိုရောက်နေတာလား"

Baekhyun အနားကို ရောက်လာတော့ ကျနော်ပြဿနာကို အရှိန်သတ်လိုက်သည်။

Chanyeol နှင့် Sehun နှစ်ယောက်လုံး Baekhyunကို စိုက်ကြည့်နေသည်။

Baekhyunလည်း သူတို့နှစ်ယောက်ကို မြင်တော့ မျက်နှာတစ်မျိုးတော့ဖြစ်သွားသည်လို့ ခံစားမိသည်။

"Baekhyun … မင်းကို ငါပြောတဲ့ သူလေ … ဒေါက်တာ Chanyeol… ဒီဘက်က Sehun "

Baekhyunပြုံးပြီး Sehun နှင့် Chanyeolကို နှုတ်ဆက်နေပေမဲ့ နှစ်ယောက်လုံးက ပြန်မပြုံးပြပဲ မျက်နှာလွှဲသွားသည်မလို့ ကြားထဲက ကျနော်ကပဲ အားနာသွားရသည်

"ကျနော်တစ်ခုလောက်မေးလို့ရမလား Chanyeol shi"

Baekhyun စိတ်ဆိုးသွားတာလား

"ဘာမေးချင်လို့လဲ မသိဘူး "

"အခုလို ပေါ်တင်မေးရမှာ အားတော့နာပါတယ်… ဒါပေမဲ့ ကျနော် ကလေးထဲက တစ်ကယ်သိချင်ခဲ့တာပါ … အဲတုန်းက ကလေးမလို့ မမေးရဲသလို အခုလို ထိပ်တိုက်တွေ့ရလောက်တဲ့ အထိလည်း အခွင့်ရေးမရခဲ့တော့ မေးခွင့်မရှိခဲ့ဘူး"

Chanyeol က Baekhyun ကို စူးစိုက်ကြည့်နေသည်။Baekhyunက သူသိချင်တာက်ို လက်လျော့မည့်ပုံ မပေါ်

"ကျနော် ငယ်ငယ်တုန်းက အတန်းထဲမှာ  Sehunနဲ့လည်း မခင်ပါဘူး … စကားလည်း မပြောဖူးပါဘူး … တခြားကျောင်းသားတွေလိုလည်း သူ့ကို အနိုင်မကျင့်ဖူးပါဘူး…ကျနော့်နဲ့လည်း ဘာပြဿနာမှ မဖြစ်ဖူးပဲ ဘာလို့ ကျနော့်ကို မုန်းနေတာလဲ "

ဘာတွေလဲ… Sehunနဲ့ Chanyeolက ဘယ်တုန်းထဲက သိခဲ့ကြတာလဲ… Baekhyun မေးပုံအရဆို ပတ်သက်မှုတစ်ခုရှိခဲ့သလိုလို…ဒါဆို Jonginနဲ့ ပတ်သက်မှုမရှိခင်ထဲကလား …

"မင်းမှားနေပြီ ထင်တယ် Baekhyun… ကိုယ်မင်းကို သိလည်းမသိဘူး … မုန်းလည်းမမုန်းဘူး…မလိုအပ်ပဲ စကားတွေသိပ်မများပါနဲ့"

Chanyeol ပြောပီး Sehun လက်ကို ထပ်ဆွဲပြီးအထွက်
Yi Fan နဲ့တိုက်မိသည်။

Yi Fanက Chanyeol လက်ဆွဲထားသည့် Sehunကို စူးစိုက်ကြည့်နေသည်။

"မင်းက ဒီနေရာကို ဘာလာလုပ်တာလဲ"

Sehun ကို မြင်ပြီး အလန့်တကြားဆိုလိုက်သလို Yi Fan ရဲ့ ommaလည်း Sehunကို မြင်ပြီး တော်တော်မျက်နှာပျက်သွားသည်။

" သူက ဘာလို့ ဒီနေရာမှာ ရှိနေတာလဲ … "

ပါးစပ်ကလည်းပြော လက်ကလည်း Sehun ကို ထုရိုက်ဖို့ ရွယ်လိုက်တာနဲ့ ကျနော် ဝင်တားလိုက်ရသည်။

Sehunက လူမုန်းများတာ ကျနော်သိသည်။
သူတို့တွေ ဘာကြောင့် Sehunကို မလိုကြတာလဲဆိုတာ ကျနော်မသိပေမဲ့ ကျနော့်မျက်စိရှေ့မှာ သူ့ကို ဒီလိုဆက်ဆံတာ မကြိုက်ဘူး

"သူက ကျနော်လက်ထပ်ထားတဲ့သူမလို့ ဒီနေရာမှာ ရှှိနေတာပါ … ပြီး ကျနော့် ယောက်ျားကို အခုလို ရိုင်းစိုင်းစွာ ဆက်ဆံနေတာ မကြိုက်ဘူး … Sehunကို ထိတာ Kim အိမ်တော်ကိုထိပါးစော်ကားတာနဲ့အတူတူပဲ"

ကျနော် ဘာလို့ ဒီစကားတွေ ပြောမိမှန်းလည်း မသိဘူး

ကျနော်သိတာ သူ့ကို ခေါ်လာတာ ကျနော်မလို့ ကျနော်ပဲ တာဝန်ယူရမယ်ဆိုတာ

အားလုံးရဲ့ မျက်နှာမှာ မယုံကြည်နိုင်ခြင်းတွေ ပြည့်လျှံလို့

"ကျနော့်ကြောင့် အားလုံး အနှောင့်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ် "

Sehun တောင်းပန်ပြီး ထွက်သွားမယ်လုပ်တော့ Chanyeol က တားထားပြီး

"မင်း ဘာအမှားမှ သူတို့အပေါ် မလုပ်ထားလို့ တောင်းပန်စရာ မလိုဘူး … တောင်းပန်ရစတမ်းဆို မင်းကို သူတို့ကပဲ တောင်းပန်ရမှာ…"

ထိုအချိန် သူ့သားကို လိုက်ရှာနေပုံရသည့် Baekhyun ရဲ့ အဖေပါ အနားကို ရောက်လာပြီး Wu Yi Fan တို့ သားအမိကို မြင်တော့ မျက်နှာပျက်သွားသည်။

" သား Kai … Uncle တောင်းပန်ပါတယ် …ပြန်ခွင့်ပြုပါဦး"

" ဒါနဲ့ Mr. Byun အဲလောက်ထိ ခွင့်တောင်းနေစရာ မလိုပါဘူး ရှင့်ရဲဲ့ သားမက်အသစ်စက်စက်လေးပဲဟာ ဒီလောက်တော့ နားလည်ပေးမှာပါ"

"Omma"

Yi Fan သူ့ Ommaကို  အော်ပြီးတားနေပေမဲ့ Yi Fan ommaကတော့ ပြောချင်ရာပြောလိုက်ရ၍ ကျေနပ်နေပုံ

ကျနော် Mr.Byun ကို ကြည့်လိုက်တော့ လုံးဝ မျက်နှာပျက်ယွင်းသွားသလို Baekhyunလည်း Sehunကို ကြည့်ပြီး မျက်နှာပျက်သွားသည်။

Mr.Byunက Sehun Appa?

ဒါဆို Sehun Omma ကရော

Baekhyun သူ့ Appaကို ကြည့်လိုက်ပြီး

" Appa ပြောတော့ Appaသားက Wu Yi Fan နှင့် ကျနော်ပဲရှိတာဆို Sehunကရော ဘယ်က ပါလာတာလဲ Appaသားပဲလား…ဒါဆို Sehun က Wu Yi Fanရဲ့ ညီလေးလား …ကျနော့်အမေက ကျနော်တစ်ယောက်ပဲ မွေးထားတာပါနော်"

ကျနော် Baekhyunကို သနားသွားမိပေမဲ့ သူလောက်တောင် ဘာမှ နားမလည်သည့် ကျနော့်ကိုယ်ကျနော်သာ ပြန်သနားမိသည်။

ကျနော့်မိဘတွေ သိပ်တော်ချင်နေသည့် ခမည်းခမက်များက ကျနော့်ရဲ့ ယောက္ခမတွေဖြစ်နေသည် ဆိုတာ တစ်ကယ်ပဲလား

တစ်ကယ်ပဲ Sehunရဲ့ မိဘတွေလား
Wu Yi Fanနဲ့ Byun Baekhyunက အဖေတူ အမေကွဲ ညီအစ်ကိုတွေလား…တစ်ကယ် Sehunရဲ့ အစ်ကိုတွေလား …ဒါဆို ဘာလို့ Sehun ကတစ်ယောက်ထဲ ဖြစ်နေတာလဲ … Chanyeolကရော ဘာလို့ အားလုံးကို သိနေတာလဲ

ကျနော် ဘာမပြောနိုင်သေးခင်မှာပဲ အားလုံးက သူတို့သားတွေ ကိုယ်စီလက်ဆွဲပြီး ခေါ်ပြန်သွားကြသည်။

Chanyeol ကလည်း Sehunကိုသာ ဆွဲခေါ်သွားသည်။

ကျနော်သာ ဘယ်သူ့မှ မတားနိုင်ပဲ နေရာမှာ အရူးတစ်ယောက်လို ကျန်ခဲ့သည်။

……………………………………………………………

Next-7

Continue Reading

You'll Also Like

58.1K 1.8K 16
Semeက လူဆိုးဖစ်ပီ ရဲတစ်ယောက်ဖစ်တဲ.ukeလေးတို.ရဲ.အကြောင်းလေးပါ သူတို.နှစ်ယောက်ရဲ.အချစ်ကဖစ်နိုင်လားမဖစ်နိုင်လား? စိတ်ကူးယဥ်သက်သက်သာ... မှတ်ချက်#မြန်မာနိ...
227K 13.9K 37
ကိုျကီးရဲ႕ေကာင္ေလး 11/04/2020 "ငါ့ဘဝမွာငါ့ညီမကအေရးျကီးဆံုးဘဲ" "ကိုယ္မင္းကိုခ်စ္တယ္ေကာင္ေလး" "ဘာအခက္အခဲဘဲရီွရီွမင္းကိုကိုယ္မစြန့္လြွက္နိုင္ဘူးကေလး" ...
454K 9.6K 51
Two girls are exchanged at birth and are given to the wrong mothers and after 13 years the truth comes out Rosabella Rossi is different from her sist...
28.6K 527 31
Unicode ကိုယ်ရဲ့ချစ်ခြင်းကို မင်းယုံဖို့ ကိုယ်မတောင်းဆိုဘူး ကိုယ်နဲ့ တူတူရှိနေရင် ခံစားရတဲ့ လုံခြုံမှု ပျော်ရွှင်မှူကနေ တစ်ဆင့် ကိုယ်ရဲ့ချစ်ခြင်းမေတ္...