Venus Flytrap ( Book 1 )

By L_8894

29.9K 3.4K 513

နတ္သမီးေထာင္ေခ်ာက္ WARNING : ကိုယ္​့ကိုကိုယ္​ IQ ျမင္​့တယ္​ဟု ယူဆသူမ်ားဖတ္​ရန္​ 😜 More

He ? ( Intro )
Part-1
Part-2
Part-3
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14 ( End )

Part-4

1.3K 210 13
By L_8894

"Kim Kai မင္းရူးေနတာလား … အဲဒီေကာင္ကိုေတာ့ အိမ္ေပၚလံုးဝ ေခၚမတင္လာနဲ႔ … ေျပာမရတဲ႔အဆံုး သူမွသူျဖစ္ေနလို႕ လိုခ်င္တယ္ဆိုရင္ေတာ့ အိမ္ေပၚကေနဆင္းသြား"

ဘယ္တုန္းကမွ က်ေနာ့္အလိုကို ျငင္းဆိုခဲ႔ျခင္း မရွိသည့္ Appaက ဒီတစ္ၾကိမ္မွာေတာ့ လံုးဝခါးခါးသည္းသည္း ကန္႕ကြက္ေနသည္။

"သားက လိမၼာပါတယ္ ေသခ်ာစဥ္းစားပါေနာ္ … သူ႕ကိုျမင္ရင္ omma ျမန္ျမန္ အသက္တိုမွာပဲ … သားက အခု ကေလးပဲမလို႕ စိတ္ကစားတာပါ အလ်င္စလို မဆံုးျဖတ္ပါနဲ႔ Doctor Park သာ သားနဲ႔ အသင့္ေတာ္ဆံုး"

Omma ဘယ္ေလာက္ပဲ နားခ်ပါေစ က်ေနာ္ဆံုးျဖတ္ခ်က္က ျပင္စရာမရွိမွာ ေသခ်ာသည္

"သားဆံုးျဖတ္ျပီးျပီ…သူ႕ကို မျမင္ခ်င္ရင္လည္း သီးသန္႕အိမ္ခြဲေနေပးမယ္…သူ႕ကို လက္ထပ္ဖို႕ကိစၥေတာ့ ေနာက္မဆုတ္ႏိုင္ဘူး"

ဧည့္ခန္းထဲ Ommaရဲ႕ ငိုရိႈက္သံ ထြက္ေပၚလာသည္။

Kim Kai ဆိုတဲ႔ က်ေနာ္ကလည္း ေခါင္းမာသည့္ေနရာတြင္ ႏွစ္ေယာက္မရွိသူ

ဘယ္ကေန သတင္းၾကားလာသည္မသိသည့္ Chanyeolလည္း ခ်က္ခ်င္းပဲ က်ေနာ္တို႕အိမ္ကို ေရာက္ခ်လာသည္။

အခုခ်ိန္က ပံုမွန္ဆို သူ ေဆးရံုမွာ အလုပ္ရႈပ္ေနခ်ိန္မလား

"သားေရ သားၾကီးကို ကူေျပာေပးပါဦး… ommaတို႕ ဘယ္လိုတားတား သူ နားမေထာင္ဘူး "

Chanyeol အနားကို တျဖည္းျဖည္းတိုးလာသည္အထိ က်ေနာ္ မလႈပ္မယွက္ ျငိမ္ေနမိသည္။

အခုခ်ိန္ ဘယ္သူတားတား Sehunကိုပဲ လက္ထပ္မွာ ေသခ်ာသည္။

" မင္း သူ႕ကို ခ်စ္လား … သူ႕ အေၾကာင္း ဘယ္ေလာက္သိလဲ … မင္းပဲေျပာတယ္ ေနာက္ေၾကာင္း မသိရင္ လက္ထပ္ဖို႕ စိတ္မသန္႕ဘူးဆို "

"အဲဒါ ခင္ဗ်ားနဲ႔လက္ထပ္မယ္ဆိုမွ ေျပာတာေလ … Sehun နဲ႔ လက္ထပ္ဖို႕ဆို ခုနကေျပာတဲ႔စကားေတြ တစ္ခုမွ မလိုအပ္ဘူး"

Chanyeol လံုးဝ စိတ္ပ်က္သြားသလိုနဲ႔

"ဘာလို႕ မလိုအပ္ရမွာလဲ … သိပ္ကို လိုအပ္တာေပါ့ … မင္း ေနာင္တ မရေအာင္ တားေနတာ … မင္းသိခ်င္တဲ႔ ကိုယ့္ရဲ႕ ေနာက္ေၾကာင္းေတြ အကုန္ေျပာျပမယ္ … အဲဒါဆို သူ႕ကို လက္မထပ္ပဲ ကိုယ့္ကို လက္ထပ္မလား "

" အခု မသိခ်င္ေတာ့ဘူး … အခု ခင္ဗ်ားႏွင့္သူ႕အေၾကာင္း စိတ္မဝင္စားေတာ့ဘူး … သူနဲ႔ လက္ထပ္ဖို႕ပဲ စိတ္ဝင္စားတယ္"

Chanyeol ဆိုတဲ႔ လူၾကီးကို တြန္းဖယ္ျပီး အိမ္ထဲကေန ထြက္သြားလိုက္သည္။

ဘယ္သူေတြတားတား က်ေနာ္ အခုခ်ိန္ သူ႕ကိုပဲ အပိုင္လိုခ်င္သည့္ စိတ္ကလြဲ ဘယ္အရာမွ ေခါင္းထဲမရွိေတာ့

………………………………………………………………

" ငါ့ကို လက္ထပ္ပါ "

အေၾကာင္းမၾကားပဲ Sehun တိုက္ခန္းဆီေရာက္လာျပီး သူ႕ရဲ႕ တစ္ခုတည္းေသာ အိပ္ရာေပၚတက္ထိုင္ရင္း ဆိုလိုက္ေတာ့

"ဒါပဲမလား"

က်ေနာ္ အနည္းငယ္ေတာ့ စိတ္ထဲေအာင့္သက္သက္ ျဖစ္မိသည္။

ဒီစကားက သူ႔အတြက္ ဒါပဲမလား ဆိုတာနဲ႔ အဆံုးသတ္သြားေရာပဲလား။

သူ႕မ်က္ႏွာကို ၾကည့္ေတာ့လည္း ပံုမွန္ မထူးဆန္းသလို …

" ဒါပဲမဟုတ္ဘူး မင္းႏွင့္အတူတူ ဒီမွာေနမွာ… ငါ့မိဘေတြက မင္းကို မလ္ုိခ်င္ဘူး အဲဒီေတာ့ မင္းကို ငါ့မိဘေတြနဲ႔ ေတြ႕ေပးဖို႕ ငါ့အိမ္ေခၚဖို႕က မျဖစ္ႏိုင္ဘူး"

" ျပီးေတာ့ေရာ "

" Yar… Oh Sehun မင္းငါ့ကို ရြဲ႕ေနတာလား"

သည္းမခံႏိုင္ေတာ့လို႕ ထေအာ္မိေတာ့ ေအးစက္ပီး အျပံဳးအရယ္ကင္းမဲ႔တဲ႔ မ်က္ႏွာက တစ္ခ်က္ေလးေတာင္ ပ်က္ယြင္းမသြားခဲ႔သလို ထေအာ္လိုက္ေသာ က်ေနာ့္ကိုသာ မွင္ေသေသ ျပန္ၾကည့္ေနသည္။

" ရြဲ႕ရေအာင္ … ငါေျပာတဲ႔စကားထဲ မင္းကို အခုလို ေဒါသထြက္ေစတာေတြ ပါသြားလား စဥ္းစားမရဘူး"

သူ႕ပံုစံက တစ္ကယ္ကို စဥ္းစားရခက္ေနသည့္ပံု

က်ေနာ့္ကို ေဒါသထြက္ေစသည္က သူ႕စကားေတြ မဟုတ္ပဲ အခုလို ျဖစ္ေနသည့္ သူ႕ပံုစံ

"မင္းမ်က္စိထဲ ငါ့ကို လူလို႔ေရာ ျမင္ရဲ႕လား "

အိမ္နဲ႔ အဆင္မေျပသည့္ၾကားက ေျပာရတာ အဆင္မေျပသည့္ သူ႕ေၾကာင့္ ပိုဆိုးလာသည္။

"ငါက မင္းကို လူလို႕ မျမင္လို႕ ဘယ္လိုျမင္ေနလို႕လဲ … မင္းက လူမဟုတ္လို႕လား"

အလိပ္လိပ္တက္လာသည့္ ေဒါသေတြျပန္ျမိဳခ်လိုက္ရသည္။

"ထားလိုက္ေတာ့ … မင္းသိထားဖို႕ တစ္ခုပဲေျပာမယ္ မင္းကို လက္ထပ္တာ အလွၾကည့္ေနဖို႔ မဟုတ္ဘူးဆိုတာပဲ"

အိပ္ရာထက္ ပစ္လွဲခ်လိုက္သည္။

သူႏွင့္ဒီထက္ပိုစကားေျပာမိရင္ စိတ္မရွည္လြန္းလို႕ လည္ပင္းထညွစ္မိလိမ့္မယ္ထင္သည္။

………………………………………………………………

သူႏွင့္အတူတူေနရတဲ႔ ေန႕ရက္ေတြက လူတစ္ေယာက္ႏွင့္အတူတူ ေနရတယ္လို႕ မခံစားေစရပဲ တစ္ေယာက္တည္းပဲ ေနရတယ္လို႕ ခံစားရသည္။

က်ေနာ့္ဘက္က စကားစမေျပာသေရြ႕ သူဘာမွျပန္မေျပာပါ … ေမးလည္းမေမးဘူး … က်ေနာ္ေမးရင္လည္း ေမးတာပဲေျဖသည္။

အထူးသျဖင့္ ပ်င္းလို႕ TVဖြင့္ၾကည့္တဲ႔အခါမ်ိဳး သူေဘးမွာ ရွိေနေပမဲ႔ သူႏွင့္အတူတူၾကည့္ေနရတယ္လို႕ လံုးဝ မခံစားရ။ ငိုစရာပါလည္း မငို … ရယ္စရာပါလည္း မရယ္ … သရဲကားၾကည့္လည္း မလန္႕ … တစ္ခါတေလ ေနရင္းထိုင္ရင္းနဲ႔ သူက လူစစ္စစ္ေတာ့ ဟုတ္ရဲ႕လားဆိုျပီး သံသယဝင္မိသည္။

က်ေနာ္ ေရာက္လာသည့္ေန႔ကစလို႕ တစ္ပတ္ျပည့္တဲ႔အထိ က်ေနာ္စားဖို႕ တစ္ေယာက္စာသာ သူခ်က္ျပဳတ္ေပးတတ္ျပီး သူ႕အတြက္ ေရခဲေသတၱာထဲက ႏြားႏို႕ဘူးႏွင့္ေရဘူးေတြသာ ေတြ႔ရသည္။ အႏုပညာရွင္ေတြ ေတာ္ေတာ္မ်ားမ်ား Diet လုပ္သာ သိေပမဲ႔ ေန႕တိုင္း ႏြားႏို႔ပဲ ထိုင္ေသာက္ေနတဲ႔သူက အခုခ်ိန္ထိ ဒါပဲေသာက္ေနတာ ႏို႕မျပတ္ေသးတာလား အက်င့္ပါေနတာလား။

လူဆိုတာ အနည္းဆံုးေတာ့ ခံစားခ်က္ရွိရမယ္ … သူ႕ကို က်ေနာ္ စေတြ႕သည့္ေန႕ကစ ယေန႕ထက္ထိ သူျပံဳးတာ ငိုတာ ရယ္တာ ေဒါသထြက္တာ စိတ္ညစ္ေနတာ တစ္ခါမွ မျမင္ဖူးဘူး …

ပံုမွန္ သူလုပ္စရာ က်ေနာ့္အတြက္ အလုပ္ေတြလုပ္ေပးျပီးတာနဲ႔ တန္းအိပ္တယ္ … သူ အိပ္ေနခ်ိန္ ၾကိဳက္သေလာက္ႏိႈး လံုးဝမႏိုးဘူး … သူထေနက် ညေန ငါးနာရီ မထိုးမခ်င္းေပါ့

တစ္ရက္ျပီးတစ္ရက္ ေမးခြန္းေတြ ကိုယ့္ကိုပဲ ဆက္တိုက္ေမးခဲ႔တယ္ … က်ေနာ္ သူ႕ကို လက္ထပ္မိတာ မွားျပီလား … သူနဲ႔အတူတူေနဖို႕ ေရြးခ်ယ္ခဲ႔မိတာ ေနာင္တရေနပီလား … သူက လူပံုစံတူလုပ္ထားတဲ႔ Clone တစ္ခုလား … ေပါက္ကရ အေတြးမ်ိဳးစံုနဲ႔ ရူးသြားႏိုင္သည္အထိ

………………………………………………………………

Sehun တိုက္ခန္းအထိ Chanyeol ေရာက္လာျပီး က်ေနာ့္ကို အိမ္ကေခၚလို႕ဆိုျပီး လာေခၚသည္။

" မေတြ႔ရတာေတာင္ ၾကာျပီ … ကိုယ္မင္းကို စိတ္ပူေနတာ အဆင္မွေျပရဲ႕လားလို႕ … "

က်ေနာ့္ကို အကဲခတ္ေမးေနသည့္ Chanyeolကို ေခါင္းတစ္ခ်က္သာ ညိမ့္ျပလိုက္သည္။

" တစ္ခုေလာက္ေမးလို႔ရမလား "

"ဘာမ်ားလဲ"

"Sehun ခင္ဗ်ားကို ျပံဳးျပဖူးလား "

အူေၾကာင္ေၾကာင္ႏိုင္သည့္ ေမးခြန္းေပမဲ႔ က်ေနာ္ ဘယ္လိုမွ မေနႏိုင္ေတာ့တာေၾကာင့္ ေမးမိေတာ့ Chanyeolက က်ေနာ့္ကို ထူးဆန္းသလိုျပန္ၾကည့္ကာ

"သူ မင္းကို မျပံဳးျပလို႕လား"

ေျဖရမွာ အနည္းငယ္ေတာင္ ေအာင့္သက္သက္ျဖစ္မိသည္။ မျပံဳးျပရံုတင္မကဘူး ဘာတုန္႕ျပန္မႈမွ မရွိတာ … ၾကာေတာ့ ကိုယ့္ကိုယ္ကို ေဒါသထြက္မိသည္။

"ဒီလိုပါပဲ ေမးလိုက္တာ … အစထဲက သူႏွင့္က်ေနာ္က ေတြ႕တာနဲ႔ ျပံဳးရယ္ျပေနရမဲ႔ ဆက္ဆံေရးမွ မဟုတ္ပဲ"

"မင္းခ်စ္လို႕ယူထားတာပဲမလား သည္းခံလိုက္ေပါ့"

Chanyeol စကားေၾကာင့္ က်ေနာ္ရယ္လိုက္ေတာ့ သူက က်ေနာ့္ကို အဓိပၸါယ္မ်ားစြာ ပါဝင္ေနသည့္ အၾကည့္ေတြနဲ႔ ေငးၾကည့္ေနခဲ႔သည္။

"သူ႕ကို က်ေနာ္က အရမ္းခ်စ္ျပေနတာနဲ႕ တူေနလို႕လား"

" ကိုယ္နားလည္ပါတယ္ … မင္း ဘာေၾကာင့္ သူ႕ကို လက္ထပ္ခ်င္ခဲ႔လဲဆိုတာ … ဒါေၾကာင့္ မင္းကို တားခဲ႔တာေပါ့… မင္း သူ႕ကို နာက်င္ေစဖို႕သက္သက္ ေရြးခ်ယ္ျခင္းဆိုရင္ ဒီနည္းလမ္းက အသံုးမဝင္ဘူး… ဘာလို႕ဆိုေတာ့ သူက မင္းကို ရွိတယ္လို႕ေတာင္ ထင္မွာ မဟုတ္လို႔ "

ရွိတယ္လို႕ေတာင္ ထင္မွာမဟုတ္လို႕တဲ႔လား

ဒါဆိုသူက ခင္ဗ်ားကိုေရာ ရွိတယ္လို႕ ထင္ရဲ႕လားလို႕ေတာ့ ျပန္မေမးမိေတာ့

အိမ္ကိုေရာက္လာေတာ့ စကားစျပတ္သြားသည္။

အိမ္ထဲဝင္ဝင္ခ်င္း အေခ်အတင္ျဖစ္ရသည္က Appaနဲ႔

ျပႆနာကေတာ့ က်ေနာ္ ေက်ာင္းတက္တုန္းက လိုအပ္ရင္သံုးဖို႕ထည့္ေပးထားတဲ႔ ဘဏ္က ေငြေတြရယ္ … က်ေနာ့္အတြက္ ဝယ္ေပးထားတဲ႔ ေျမကြက္ေတြနဲ႔ အိမ္ယာေတြ အကုန္ တစ္ခုမွ မရွိေတာ့ျခင္း … အားလံုးကိုေရာင္းျပီး Sehunကို ေပးထားျပီးျပီ အခုလက္ထဲမွာ ဘာမွမရွိတာ

ေနာက္ေတာ့ က်ေနာ့္ကို သူတို႕အရံႈးေပးလိုက္ျပီထင္ပါရဲ႕

ေက်ာင္းေျပာင္းယူျပီး ဒီမွာေက်ာင္းဆက္တက္ဖို႕နဲ႔ Sehunပါ ေခၚျပီး အိမ္ကို ေျပာင္းလာဖို႕ေျပာသည္။

ရင္ေတြလည္း ေလးမိပါတယ္ … Sehun ပံုစံနဲ႕ က်ေနာ့္အိမ္က အဆင္ေျပပါ့မလား

…………………………………………………………………

Next-5

Unicode

"Kim Kai မင်းရူးနေတာလား … အဲဒီကောင်ကိုတော့ အိမ်ပေါ်လုံးဝ ခေါ်မတင်လာနဲ့ … ပြောမရတဲ့အဆုံး သူမှသူဖြစ်နေလို့ လိုချင်တယ်ဆိုရင်တော့ အိမ်ပေါ်ကနေဆင်းသွား"

ဘယ်တုန်းကမှ ကျနော့်အလိုကို ငြင်းဆိုခဲ့ခြင်း မရှိသည့် Appaက ဒီတစ်ကြိမ်မှာတော့ လုံးဝခါးခါးသည်းသည်း ကန့်ကွက်နေသည်။

"သားက လိမ္မာပါတယ် သေချာစဉ်းစားပါနော် … သူ့ကိုမြင်ရင် omma မြန်မြန် အသက်တိုမှာပဲ … သားက အခု ကလေးပဲမလို့ စိတ်ကစားတာပါ အလျင်စလို မဆုံးဖြတ်ပါနဲ့ Doctor Park သာ သားနဲ့ အသင့်တော်ဆုံး"

Omma ဘယ်လောက်ပဲ နားချပါစေ ကျနော်ဆုံးဖြတ်ချက်က ပြင်စရာမရှိမှာ သေချာသည်

"သားဆုံးဖြတ်ပြီးပြီ…သူ့ကို မမြင်ချင်ရင်လည်း သီးသန့်အိမ်ခွဲနေပေးမယ်…သူ့ကို လက်ထပ်ဖို့ကိစ္စတော့ နောက်မဆုတ်နိုင်ဘူး"

ဧည့်ခန်းထဲ Ommaရဲ့ ငိုရှိုက်သံ ထွက်ပေါ်လာသည်။

Kim Kai ဆိုတဲ့ ကျနော်ကလည်း ခေါင်းမာသည့်နေရာတွင် နှစ်ယောက်မရှိသူ

ဘယ်ကနေ သတင်းကြားလာသည်မသိသည့် Chanyeolလည်း ချက်ချင်းပဲ ကျနော်တို့အိမ်ကို ရောက်ချလာသည်။

အခုချိန်က ပုံမှန်ဆို သူ ဆေးရုံမှာ အလုပ်ရှုပ်နေချိန်မလား

"သားရေ သားကြီးကို ကူပြောပေးပါဦး… ommaတို့ ဘယ်လိုတားတား သူ နားမထောင်ဘူး "

Chanyeol အနားကို တဖြည်းဖြည်းတိုးလာသည်အထိ ကျနော် မလှုပ်မယှက် ငြိမ်နေမိသည်။

အခုချိန် ဘယ်သူတားတား Sehunကိုပဲ လက်ထပ်မှာ သေချာသည်။

" မင်း သူ့ကို ချစ်လား … သူ့ အကြောင်း ဘယ်လောက်သိလဲ … မင်းပဲပြောတယ် နောက်ကြောင်း မသိရင် လက်ထပ်ဖို့ စိတ်မသန့်ဘူးဆို "

"အဲဒါ ခင်ဗျားနဲ့လက်ထပ်မယ်ဆိုမှ ပြောတာလေ … Sehun နဲ့ လက်ထပ်ဖို့ဆို ခုနကပြောတဲ့စကားတွေ တစ်ခုမှ မလိုအပ်ဘူး"

Chanyeol လုံးဝ စိတ်ပျက်သွားသလိုနဲ့

"ဘာလို့ မလိုအပ်ရမှာလဲ … သိပ်ကို လိုအပ်တာပေါ့ … မင်း နောင်တ မရအောင် တားနေတာ … မင်းသိချင်တဲ့ ကိုယ့်ရဲ့ နောက်ကြောင်းတွေ အကုန်ပြောပြမယ် … အဲဒါဆို သူ့ကို လက်မထပ်ပဲ ကိုယ့်ကို လက်ထပ်မလား "

" အခု မသိချင်တော့ဘူး … အခု ခင်ဗျားနှင့်သူ့အကြောင်း စိတ်မဝင်စားတော့ဘူး … သူနဲ့ လက်ထပ်ဖို့ပဲ စိတ်ဝင်စားတယ်"

Chanyeol ဆိုတဲ့ လူကြီးကို တွန်းဖယ်ပြီး အိမ်ထဲကနေ ထွက်သွားလိုက်သည်။

ဘယ်သူတွေတားတား ကျနော် အခုချိန် သူ့ကိုပဲ အပိုင်လိုချင်သည့် စိတ်ကလွဲ ဘယ်အရာမှ ခေါင်းထဲမရှိတော့

………………………………………………………………

" ငါ့ကို လက်ထပ်ပါ "

အကြောင်းမကြားပဲ Sehun တိုက်ခန်းဆီရောက်လာပြီး သူ့ရဲ့ တစ်ခုတည်းသော အိပ်ရာပေါ်တက်ထိုင်ရင်း ဆိုလိုက်တော့

"ဒါပဲမလား"

ကျနော် အနည်းငယ်တော့ စိတ်ထဲအောင့်သက်သက် ဖြစ်မိသည်။

ဒီစကားက သူ့အတွက် ဒါပဲမလား ဆိုတာနဲ့ အဆုံးသတ်သွားရောပဲလား။

သူ့မျက်နှာကို ကြည့်တော့လည်း ပုံမှန် မထူးဆန်းသလို …

" ဒါပဲမဟုတ်ဘူး မင်းနှင့်အတူတူ ဒီမှာနေမှာ… ငါ့မိဘတွေက မင်းကို မလ်ိုချင်ဘူး အဲဒီတော့ မင်းကို ငါ့မိဘတွေနဲ့ တွေ့ပေးဖို့ ငါ့အိမ်ခေါ်ဖို့က မဖြစ်နိုင်ဘူး"

" ပြီးတော့ရော "

" Yar… Oh Sehun မင်းငါ့ကို ရွဲ့နေတာလား"

သည်းမခံနိုင်တော့လို့ ထအော်မိတော့ အေးစက်ပီး အပြုံးအရယ်ကင်းမဲ့တဲ့ မျက်နှာက တစ်ချက်လေးတောင် ပျက်ယွင်းမသွားခဲ့သလို ထအော်လိုက်သော ကျနော့်ကိုသာ မှင်သေသေ ပြန်ကြည့်နေသည်။

" ရွဲ့ရအောင် … ငါပြောတဲ့စကားထဲ မင်းကို အခုလို ဒေါသထွက်စေတာတွေ ပါသွားလား စဉ်းစားမရဘူး"

သူ့ပုံစံက တစ်ကယ်ကို စဉ်းစားရခက်နေသည့်ပုံ

ကျနော့်ကို ဒေါသထွက်စေသည်က သူ့စကားတွေ မဟုတ်ပဲ အခုလို ဖြစ်နေသည့် သူ့ပုံစံ

"မင်းမျက်စိထဲ ငါ့ကို လူလို့ရော မြင်ရဲ့လား "

အိမ်နဲ့ အဆင်မပြေသည့်ကြားက ပြောရတာ အဆင်မပြေသည့် သူ့ကြောင့် ပိုဆိုးလာသည်။

"ငါက မင်းကို လူလို့ မမြင်လို့ ဘယ်လိုမြင်နေလို့လဲ … မင်းက လူမဟုတ်လို့လား"

အလိပ်လိပ်တက်လာသည့် ဒေါသတွေပြန်မြိုချလိုက်ရသည်။

"ထားလိုက်တော့ … မင်းသိထားဖို့ တစ်ခုပဲပြောမယ် မင်းကို လက်ထပ်တာ အလှကြည့်နေဖို့ မဟုတ်ဘူးဆိုတာပဲ"

အိပ်ရာထက် ပစ်လှဲချလိုက်သည်။

သူနှင့်ဒီထက်ပိုစကားပြောမိရင် စိတ်မရှည်လွန်းလို့ လည်ပင်းထညှစ်မိလိမ့်မယ်ထင်သည်။

………………………………………………………………

သူနှင့်အတူတူနေရတဲ့ နေ့ရက်တွေက လူတစ်ယောက်နှင့်အတူတူ နေရတယ်လို့ မခံစားစေရပဲ တစ်ယောက်တည်းပဲ နေရတယ်လို့ ခံစားရသည်။

ကျနော့်ဘက်က စကားစမပြောသရွေ့ သူဘာမှပြန်မပြောပါ … မေးလည်းမမေးဘူး … ကျနော်မေးရင်လည်း မေးတာပဲဖြေသည်။

အထူးသဖြင့် ပျင်းလို့ TVဖွင့်ကြည့်တဲ့အခါမျိုး သူဘေးမှာ ရှိနေပေမဲ့ သူနှင့်အတူတူကြည့်နေရတယ်လို့ လုံးဝ မခံစားရ။ ငိုစရာပါလည်း မငို … ရယ်စရာပါလည်း မရယ် … သရဲကားကြည့်လည်း မလန့် … တစ်ခါတလေ နေရင်းထိုင်ရင်းနဲ့ သူက လူစစ်စစ်တော့ ဟုတ်ရဲ့လားဆိုပြီး သံသယဝင်မိသည်။

ကျနော် ရောက်လာသည့်နေ့ကစလို့ တစ်ပတ်ပြည့်တဲ့အထိ ကျနော်စားဖို့ တစ်ယောက်စာသာ သူချက်ပြုတ်ပေးတတ်ပြီး သူ့အတွက် ရေခဲသေတ္တာထဲက နွားနို့ဘူးနှင့်ရေဘူးတွေသာ တွေ့ရသည်။ အနုပညာရှင်တွေ တော်တော်များများ Diet လုပ်သာ သိပေမဲ့ နေ့တိုင်း နွားနို့ပဲ ထိုင်သောက်နေတဲ့သူက အခုချိန်ထိ ဒါပဲသောက်နေတာ နို့မပြတ်သေးတာလား အကျင့်ပါနေတာလား။

လူဆိုတာ အနည်းဆုံးတော့ ခံစားချက်ရှိရမယ် … သူ့ကို ကျနော် စတွေ့သည့်နေ့ကစ ယနေ့ထက်ထိ သူပြုံးတာ ငိုတာ ရယ်တာ ဒေါသထွက်တာ စိတ်ညစ်နေတာ တစ်ခါမှ မမြင်ဖူးဘူး …

ပုံမှန် သူလုပ်စရာ ကျနော့်အတွက် အလုပ်တွေလုပ်ပေးပြီးတာနဲ့ တန်းအိပ်တယ် … သူ အိပ်နေချိန် ကြိုက်သလောက်နှိုး လုံးဝမနိုးဘူး … သူထနေကျ ညနေ ငါးနာရီ မထိုးမချင်းပေါ့

တစ်ရက်ပြီးတစ်ရက် မေးခွန်းတွေ ကိုယ့်ကိုပဲ ဆက်တိုက်မေးခဲ့တယ် … ကျနော် သူ့ကို လက်ထပ်မိတာ မှားပြီလား … သူနဲ့အတူတူနေဖို့ ရွေးချယ်ခဲ့မိတာ နောင်တရနေပီလား … သူက လူပုံစံတူလုပ်ထားတဲ့ Clone တစ်ခုလား … ပေါက်ကရ အတွေးမျိုးစုံနဲ့ ရူးသွားနိုင်သည်အထိ

………………………………………………………………

Sehun တိုက်ခန်းအထိ Chanyeol ရောက်လာပြီး ကျနော့်ကို အိမ်ကခေါ်လို့ဆိုပြီး လာခေါ်သည်။

" မတွေ့ရတာတောင် ကြာပြီ … ကိုယ်မင်းကို စိတ်ပူနေတာ အဆင်မှပြေရဲ့လားလို့ … "

ကျနော့်ကို အကဲခတ်မေးနေသည့် Chanyeolကို ခေါင်းတစ်ချက်သာ ညိမ့်ပြလိုက်သည်။

" တစ်ခုလောက်မေးလို့ရမလား "

"ဘာများလဲ"

"Sehun ခင်ဗျားကို ပြုံးပြဖူးလား "

အူကြောင်ကြောင်နိုင်သည့် မေးခွန်းပေမဲ့ ကျနော် ဘယ်လိုမှ မနေနိုင်တော့တာကြောင့် မေးမိတော့ Chanyeolက ကျနော့်ကို ထူးဆန်းသလိုပြန်ကြည့်ကာ

"သူ မင်းကို မပြုံးပြလို့လား"

ဖြေရမှာ အနည်းငယ်တောင် အောင့်သက်သက်ဖြစ်မိသည်။ မပြုံးပြရုံတင်မကဘူး ဘာတုန့်ပြန်မှုမှ မရှိတာ … ကြာတော့ ကိုယ့်ကိုယ်ကို ဒေါသထွက်မိသည်။

"ဒီလိုပါပဲ မေးလိုက်တာ … အစထဲက သူနှင့်ကျနော်က တွေ့တာနဲ့ ပြုံးရယ်ပြနေရမဲ့ ဆက်ဆံရေးမှ မဟုတ်ပဲ"

"မင်းချစ်လို့ယူထားတာပဲမလား သည်းခံလိုက်ပေါ့"

Chanyeol စကားကြောင့် ကျနော်ရယ်လိုက်တော့ သူက ကျနော့်ကို အဓိပ္ပါယ်များစွာ ပါဝင်နေသည့် အကြည့်တွေနဲ့ ငေးကြည့်နေခဲ့သည်။

"သူ့ကို ကျနော်က အရမ်းချစ်ပြနေတာနဲ့ တူနေလို့လား"

" ကိုယ်နားလည်ပါတယ် … မင်း ဘာကြောင့် သူ့ကို လက်ထပ်ချင်ခဲ့လဲဆိုတာ … ဒါကြောင့် မင်းကို တားခဲ့တာပေါ့… မင်း သူ့ကို နာကျင်စေဖို့သက်သက် ရွေးချယ်ခြင်းဆိုရင် ဒီနည်းလမ်းက အသုံးမဝင်ဘူး… ဘာလို့ဆိုတော့ သူက မင်းကို ရှိတယ်လို့တောင် ထင်မှာ မဟုတ်လို့ "

ရှိတယ်လို့တောင် ထင်မှာမဟုတ်လို့တဲ့လား

ဒါဆိုသူက ခင်ဗျားကိုရော ရှိတယ်လို့ ထင်ရဲ့လားလို့တော့ ပြန်မမေးမိတော့

အိမ်ကိုရောက်လာတော့ စကားစပြတ်သွားသည်။

အိမ်ထဲဝင်ဝင်ချင်း အချေအတင်ဖြစ်ရသည်က Appaနဲ့

ပြဿနာကတော့ ကျနော် ကျောင်းတက်တုန်းက လိုအပ်ရင်သုံးဖို့ထည့်ပေးထားတဲ့ ဘဏ်က ငွေတွေရယ် … ကျနော့်အတွက် ဝယ်ပေးထားတဲ့ မြေကွက်တွေနဲ့ အိမ်ယာတွေ အကုန် တစ်ခုမှ မရှိတော့ခြင်း … အားလုံးကိုရောင်းပြီး Sehunကို ပေးထားပြီးပြီ အခုလက်ထဲမှာ ဘာမှမရှိတာ

နောက်တော့ ကျနော့်ကို သူတို့အရံှုးပေးလိုက်ပြီထင်ပါရဲ့

ကျောင်းပြောင်းယူပြီး ဒီမှာကျောင်းဆက်တက်ဖို့နဲ့ Sehunပါ ခေါ်ပြီး အိမ်ကို ပြောင်းလာဖို့ပြောသည်။

ရင်တွေလည်း လေးမိပါတယ် … Sehun ပုံစံနဲ့ ကျနော့်အိမ်က အဆင်ပြေပါ့မလား

…………………………………………………………………

Next-5

Continue Reading

You'll Also Like

216K 15.9K 20
Avantika Aadish Rajawat Aadi, with his fiery nature, adds intensity and excitement to their relationship, igniting a spark in Avni. Avni, like the ca...
174K 7.8K 22
စံကောင်းမွန် + တခေတ်ခွန်း ငယ်ငယ်ကခင်မင်ခဲ့တဲ့ဆက်ဆံရေးကနေအကြောင်းတစ်ခုကြောင့်စိတ်သဘောထားကွဲလွဲပြီး ပြန်တွေ့တဲ့အချိန်မှာသူဌေးနဲ့အလုပ်သမားဆက်ဆံရေးဖြစ်သွ...
119K 10.9K 29
Unicode မြတင့်... သူ အမှားတွေ အများကြီး လုပ်ခဲ့မိသည်။ သူ့အား ချစ်ပေးခဲ့ရသောသူများအပေါ်တွင် ရက်စက်ခဲ့မိသည်။ သူ လူမှား၍ ချစ်ပေးခဲ့မိသည်။ သူ... ‌သူသေဆုံ...
198K 11.1K 22
ထည္ဝါ႐ွန္ ေႏြဦးေမာင္ ထည်ဝါရှန် နွေဦးမောင်