The Spell Of Black Swan

By sejong_love

43.6K 4.5K 448

ကိုယ့်အခန်းနံရံမှာ မင်းရယ်သံတွေ ပဲ့တင်နေဆဲ ကိုယ့်အိပ်မက်ထဲမှာ မင်းမျက်ဝန်းတွေ စိုးမိုးနေဆဲ ကိုယ့်အာရုံမှာ မင်... More

First Spell
Second Spell
Third Spell
Fourth Spell
Sorry
Fifth Spell
Sixth Spell
Seventh Spell
Eighth Spell
Ninth Spell
Tenth Spell
Eleventh Spell
Not an update
Twelfth Spell
Thirteenth Spell
Fifteen Spell

Fourteenth Spell

1.8K 233 41
By sejong_love

"ငါ သူ့ကို ​တွေ့ခဲ့တယ်​ Baekhyun....."

"ဟင်​.... ဘယ်​သူ့ကိုလဲ....."

အစမရှိမဆုံးမရှိ ရုတ်​တရက်​ ထ​ပြောလိုက်​တဲ့ Jonginစကားကို Baekhyun ခဏ နားမလည်​လိုက်​​ပေမဲ့ ဦးတည်​ချက်​မရှိ ​ငေး​မော​နေတဲ့ Jonginမျက်​လုံးများ​ကြောင့်​ သူ နားလည်​သွားခဲ့သည်​။

"ဘယ်​မှာလဲ..... Parisမှာလား....."

Jonginက ​အသာ​ခေါင်းငြိမ့်​ပြခဲ့သည်​။

"ဘာတဲ့လဲ....."

ဒီတစ်​ခါ​တော့ Jongin ​ခေါင်းကို သာသာ​ခါပြခဲ့သည်​။

"ငါ မသိဘူး..... Baekhyun...... သူကပဲ ဘာမှမ​ပြောတာလား...... သူဘာမှမ​ပြောနိုင်​ခင်​ပဲ ငါ ထွက်​​ပြေးလာခဲ့မိတာလား ငါ မသိဘူး......."

Jongin သူ့စကားကို မဆက်​ခင်​ချိန်​ထိ နှစ်​​ယောက်​သား တိတ်​ဆိတ်​​နေခဲ့ကြသည်​။

"ဒါမဲ့..... သူက​တော့ မ​ပြောင်းလဲသွားသလိုပဲ....."

ဆိုဖာလက်​ရန်း​ပေါ် တင်​ထားတဲ့ Jonginရဲ့ လက်​ကို Baekhyun ဆုပ်​ကိုင်​လိုက်​ကာ

"သူ့အ​ကြောင်း...... သိချင်​လား..... ငါ..... Chanyeolကို ​မေး​ပေးမယ်​​လေ......"

Baekhyun သတိထားပြီး ​မေးလိုက်​သည်​။

Jongin ဒီသုံးနှစ်​လုံးလုံး Sehunအ​ကြောင်းကို ​မေးလည်းမ​မေးခဲ့သလို စုံလည်းမစုံစမ်းခဲ့​​​သည်​ကို Baekhyun အသိဆုံးဖြစ်​သည်​။
Sehunကိုယ်​တိုင်​ကလည်း ​ကျောင်းပါထွက်​ကာ အားလုံးကို အဆက်​အသွယ်​ဖြတ်​သွားခဲ့သည်​။ သို့​သော်​ Chanyeolနဲ့​တော့ အဆက်​အသွယ်​ ရှိ​သေးပုံရသည်​။ ဒါကို Baekhyunသိ​ပေမဲ့ မသိချင်​​ယောင်​​ဆောင်​ကာ Sehunနဲ့ပတ်​သက်​ပြီး Chanyeolကို ဘာမှမ​မေးခဲ့​ပေ။

Jonginက အပြုံး​ဖျော့​ဖျော့ကို ပြုံးရင်း

"ဘာလုပ်​ဖို့လဲ..... ငါ မရှိလည်း သူက​တော့ အဆင်​​ပြေတယ်​ဆိုတာကို သက်​​သေပြဖို့လား...."

"Jong...."

"​အော်​..... နက်​ဖြန်​ကျရင်​ ငါ photo shooting တစ်​ခုလုပ်​စရာရှိတယ်​...... charityတစ်​ခုအတွက်​......"

Jonginက တမင်​ စကားလမ်း​ကြောင်း ​ပြောင်းလိုက်​သည်​မို့ Baekhyunလည်း ဘာမှ ဆက်​မ​ပြောပဲထားလိုက်​​တော့သည်​။

••••••••••••••••••••••••••••••••••••••••••••••••••

"ငါ.... အားလုံး​ပြောထားပြီးပြီ Sehun..... ဟိုဘက်​ကလည်း လက်​ခံတယ်​..... အဲ့တာ မင်းသွားလိုက်​ရုံပဲ...... ဟို​ရောက်​ရင်​ ငါ့ကိုယ်​စား လာတာလို့ ​ပြောလိုက်​...... အဲ့တာဆို ရပြီ....."

"အင်း..... ဟုတ်​ပြီ​လေ..... ကျွန်​​တော်​ အခုသွားလိုက်​မယ်​......."

"​အေး..... ​sorryကွာ.... ဒီလို ခရီး​ရောက်​မဆိုက်​ အကူအညီ​တောင်းရလို့......"

"မဟုတ်​တာ..... အစ်​ကိုနဲ့ ကျွန်​​တော့်​ကြားမှာ အဲ့တာ​တွေမလိုပါဘူး....."

"​ကျေးဇူးပါကွာ......"

အစ်​ကိုYi Fanကို ပြုံးပြနှုတ်​ဆက်​ကာ သွားရမည်​ဆို​သော ​နေရာကို ကား​မောင်းကာ ထွက်​ခဲ့လိုက်​သည်​။

ဟို​ရောက်​​တော့ studioကတာဝန်​ခံကို အကျိုးအ​ကြောင်း ​ပြောပြ​တော့

"Aww..... ဟုတ်​ကဲ့.... Oh Sehunဆိုတာ....."

"ဟုတ်​..... ကျွန်​​တော်​ Oh Sehunပါ....."

"ဒီဘက်​ကို လာပါ.... ရိုက်​ရမယ့်​ setting​တွေက ဒီဘက်​မှာ....."

Sehun ​ခေါင်းငြိမ့်​ရင်း တာဝန်​ခံဆိုသူ ​နောက်​ကို လိုက်​သွားလိုက်​သည်​။

"ဒီ​နေ့ရိုက်​မယ့်​ themeက နှစ်​မျိုး..... modelက ballerinoဆို​တော့  black swan white swan​လိုပုံစံမျိုး သွားချင်​တာ ....."

"Ballerino....?"

မေးခွန်းနဲ့အတူ အ​တွေးထဲဝင်​လာသူ.....။

"ဟုတ်​တယ်​..... Kim Jongin​လေ..... သိတယ်​မလား....."

Kim Jongin......။

"​ပြောရင်းဆိုရင်း ​ရောက်​လာပြီ...... Jongin-shi..... ဟို Wu Yi fanက ကိုယ်​​ရေးကိုယ်​တာ ကိစ္စ​လေးတစ်​ခု​ကြောင့်​ မလာနိုင်​ဘူးဆိုတာ​လေ....."

"ဟုတ်​..... ကျွန်​​တော့်​မန်​​နေဂျာက ​ပြောပါတယ်​..... Photographerအစားထိုးတယ်​လို့...."

အနီးကပ်​မကြားရတာ ကြာပြီဖြစ်​တဲ့ အသံ​လေး ဖြစ်​​ပေမဲ့ Sehun လှည့်​မကြည့်​ချင်​ခဲ့​ပေ။

"ဒါက.... ဒီ​နေ့ Jonginကို ရိုက်​​ပေးမယ့်​ Photographerပါ..... Oh Sehunတဲ့......"

လှည့်​မကြည့်​၍မရ​တော့သည်​မို့ Sehun အ​နောက်​လှည့်​ကာ နှုတ်​ဆက်​လိုက်​သည်​။

"Sehun-shi..... Jonginက ဒီ​နေ့အတွက်​ modelလုပ်​​ပေးမယ့်​ သူပါ...... သူ့ကို​တော့ သိတယ်​ မလား......"

"ဟုတ်​...."

ခဏ​လောက်​ တစ်​​ယောက်​နဲ့ တစ်​​ယောက်​ စိုက်​ကြည့်​​နေမိကြပြီးမှ Jongin က အရင်​စ နှုတ်​ဆက်​ခဲ့သည်​။

"​တွေ့ရတာ ၀မ်းသာပါတယ်​..... ဒီ​နေ့အတွက်​လည်း အကူအညီ​တောင်းပါတယ်​......"

ခေါင်းငုံ့ပြကာ သူစိမ်းစကားဆိုလာသည့်​ ချစ်ရဆဲ ​ချစ်​သူ​ဟောင်း​လေးကို Sehun ​ခေါင်းညွှတ်​ကာ ပြန်​လည်​နှုတ်​ဆက်​ခဲ့လိုက်​သည်​။

"ကျွန်​​တော်​က ဂုဏ်​ယူရမှာပါ..... Kim Jongin နဲ့ အလုပ်​အတူတူတွဲလုပ်​ရမှာဆို​တော့....."

ထို့​နောက်​ ​ပြောစရာစကားတို့ တိတ်​ဆိတ်​သွားခဲ့ပြန်​သည်​။

"ဒါဆို Jongin ပြင်​လိုက်​​တော့​လေ..... ရိုက်​ရ​အောင်​......."

တာဝန်​ခံ၏ စကားကို ​ခေါင်းငြိမ့်​ကာ dressing roomရှိရာ မန်​​နေဂျာနှင့်​အတူ ထွက်​သွားတဲ့ သူ့ကို Sehun လိုက်​ကြည့်​​နေမိခဲ့သည်​။

"Sehunလည်း settingပိုင်း မကြိုက်​တာရှိရင်​ ​ပြော​လေ....အချိန်​ရှိတုန်း ပြင်​ရ​အောင်​......."

ထိုအခါမှ Sehun သူ့မျက်​လုံးများကိုလွှဲလိုက်​ပြီး စိတ်​ကို အလုပ်​ထဲနှစ်​ဖို့ ပြင်​လိုက်​သည်​။

သို့​သော်​ စိတ်​ကို အလုပ်​ထဲနှစ်​ဖို့ ဖြစ်​နိုင်​ပါ့မလား မ​သေချာခဲ့​ပေ။

••••••••••••••••••••••••••••••••••••••••••••••••••

မျက်​နှာ​ပေါ်က makeup artist၏ စုပ်​ချက်​များကို လျစ်​လျူရှုကာ Jongin မျက်​လုံးတို့ကို မှိတ်​ချလိုက်​သည်​။

ဘာလို့လဲ......။

အခုမှ တည်​ငြိမ်​မလိုဖြစ်​လာသည့်​ နှလုံးသားတစ်​ခုကို.......။

ဘာလို့လဲ......။

Jongin နားမလည်​​ပေ.....။

ရေကူးချန်​ပီယံတစ်​​ယောက်​ ဖြစ်​ချင်​ခဲ့​သော သူသည်​ အဘယ်​​ကြောင့်​ Photographerတစ်​​ယောက်​ ဖြစ်​​နေရသနည်း.......။

Camera​​နောက်​က သူ့​ရှေ့မှာ Jongin ဘယ်​လို ဓာတ်​ပုံရိုက်​ခံရပါမည်​နည်း.......။

သူ ဓာတ်​ပုံရိုက်​​ပေးရမည့်​သူသည်​ Jongin မှန်းသိသိနဲ့ လာခဲ့သည်​လား....... မသိ၍ လာခဲ့ခြင်းလား.......။

"ရပြီ Jongin...... အင်္ကျီလဲလိုက်​​တော့...."

အဆင်​သင့်​​စောင့်​​နေ​သော Stylist ​ပေးလာသည့်​ ၀တ်​စုံကို လဲပြီး ထွက်​ခဲ့လိုက်​သည်​။

Cameraချိန်​​နေသည့်​ သူ့​နောက်​​ကျောပြင်​ ကျယ်​ကျယ်​ကို ကြည့်​ရင်း Jongin အသက်​ကို ၀၀ရှူသွင်းလိုက်​သည်​။

ဘာပဲဖြစ်​ဖြစ်​ အလုပ်​က​တော့ professional ကျ​အောင်​ လုပ်​ရမည်​မဟုတ်​လား......။

Camera​ရှေ့တွင်​ ရပ်​ကာ Camera​နောက်​တွင်​ ရှိ​နေသည့်​ သူ့ကို Jongin အတတ်​နိုင်​ဆုံး ​မေ့ထားလိုက်​သည်​။

ထင်​သ​လောက်​​တော့ မလွယ်​ကူ​ခဲ့​ပေ။

••••••••••••••••••••••••••••••••••••••••••••••••••

မကြာ​သေးခင်​ကမှ ထုတ်​ထားသည်​မို့ ခပ်​​နွေး​နွေးရှိ​နေ​သေး​သော ဓာတ်​ပုံအချို့ကို
ယူကာ Sehun အခန်းတစ်​ခုထဲကို ၀င်​ခဲ့လိုက်​သည်​။

ယူလာသည့် ​ဓာတ်​ပုံများကို အဖြူ​ရောင်​ ဆိုဖာရှည်​ကြီးနဲ့ မျက်​နှာချင်းဆိုင်​ နံရံက မီးကြိုး​လေးတွင်​ ညှပ်​က​လေးများနှင့်​ ညှပ်​ကာ ​သေချာ ချိတ်​ထားလိုက်​သည်​။

ထို့​နောက်​ ဆိုဖာ​ပေါ်တွင်​ထိုင်​ကာ အခန်းထဲ တွင်​ ချိတ်​ဆွဲထားသည့်​ ဓာတ်​ပုံကြီးငယ်​များကို ​ကျေနပ်​စွာ ကြည့်​​နေခဲ့မိသည်​။

••••••••••••••••••••••••••••••••••••••••••••••

တစ်​ချိန်​က
မင်းအပြုံး​တွေကို ကိုယ်​ပိုင်​ဆိုင်​ခဲ့ဖူးတယ်​.......။
အခု​တော့
ကိုယ့်​အတွက်​ မဟုတ်​​တော့တဲ့ မင်းအပြုံး​တွေကို
မက်​​မော​နေတတ်​ပြီ ချစ်​သူ.......။

••••••••••••••••••••••••••••••••••••••••••••••

A/n-hello😁😁😁 review ​လေး​တွေ ​ပြော​ပေးသွားကြပါ😄 please🙏🙏🙏

Continue Reading

You'll Also Like

367K 13.1K 59
After Pein's invasion, Naruto is betrayed by his comrades and left to die. When he wakes up, he somehow travelled back in time to when he was genin a...
146K 2.8K 31
In the whirlwind world of basketball and broken promises, Nailea finds herself at a crossroads as she prepares to transfer to the same college as Pai...
225K 9.2K 60
𝗜𝗡 𝗪𝗛𝗜𝗖𝗛 noura denoire is the first female f1 driver in 𝗗𝗘𝗖𝗔𝗗𝗘𝗦 OR 𝗜𝗡 𝗪𝗛𝗜𝗖𝗛 noura denoire and charle...
1.1M 47.8K 94
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC