လူတစ်ယောက်ကို မေ့ရန်မှာ လွယ်ကူသော အရာတစ်ခု မဟုတ်ပေ.....။
ကိုယ်ဘေးမှာ ရှိတဲ့အရာ.... ကိုယ်လုပ်နေတဲ့ အလုပ်.... အားလုံးက ကိုယ် မေ့ဖို့ ကြိုးစားနေသူကို သတိရစေသည့်အခါ ပိုပြီးပင်ပန်းလှသည်။
နှိုးဆက်မြည်တိုင်း မနက်တိုင်း အချိန်မှန်မှန် ဖုန်းဆက်တတ်သော သူ့ကို သတိရသည်။
အကခန်းမရဲ့ မှန်ရှေ့မှာရပ်လိုက်တိုင်း ကျောင်းလစ်ကာ အကလေ့ကျင့်တာကို လာကြည့်တတ်သော သူ့ကို သတိရသည်။
ပျော်နေကြတဲ့ အတွဲလေးတွေတွေ့တိုင်း ချစ်ခဲ့ဖူးသော သူ့ကို သတိရသည်။
သတိရတိုင်း ရင်နာရသည်။
ရင်နာရတိုင်း သူ့ကို ပိုမုန်းခဲ့သည်။
"Jongin......"
မန်နေဂျာ ဖြစ်သူရဲ့ ခေါ်သံကြောင့် လေဆိပ်ရဲ့ မှန်ပြတင်းတွေကတဆင့် အပြင်ကို ငေးနေရာက လှည့်ကြည့်လိုက်သည်။
"လေယာဉ်က နောက်ဆယ်မိနစ်ဆို ထွက်တော့မှာ..... သွားကြစို့....."
ခေါင်းငြိမ့်ရင်း မန်နေဂျာ ဦးဆောင်ရာနောက်ကို လိုက်ရင်း စောစောက အတွေးကို ဆက်လိုက်မိသည်။
ဘာဖြစ်ဖြစ်ပေါ့.....သုံးနှစ်ဆိုသော အချိန်ကာလက သူ့ကို အများကြီးသင်ကြားပေးခဲ့သည်။
သုံးနှစ်ဆိုတဲ့ ကာလအတွင်း Jongin ဖြစ်ချင်သော ballet dancerတစ်ယောက် ဖြစ်အောင်
ကြိုးစားနိုင်ခဲ့သည်။ Korea National Ballet Company မှ တက်သစ်စ dancerတစ်ယောက်အဖြစ် နိုင်ငံတကာ ပြိုင်ပွဲများတွင် အနိုင်ရကာ နာမည်ရလာခဲ့သည်။ထို့အတူ တကယ်မမေ့ပဲနဲ့လဲ မေ့ချင်ယောင်ဆောင်တတ်ခဲ့အောင် ထိုသုံးနှစ်ဆိုသော အချိန်ကပင် သင်ပေးသွားခဲ့ခြင်းဖြစ်သည်။
နှလုံးသားထဲက ဒဏ်ရာတစ်ခုကတော့ အနာမကျက်သေးခဲ့ပေ။
YOU ARE READING
The Spell Of Black Swan
Fanfictionကိုယ့်အခန်းနံရံမှာ မင်းရယ်သံတွေ ပဲ့တင်နေဆဲ ကိုယ့်အိပ်မက်ထဲမှာ မင်းမျက်ဝန်းတွေ စိုးမိုးနေဆဲ ကိုယ့်အာရုံမှာ မင်းအရိပ်တွေ စွဲထင်နေဆဲ #Kaihun #Sekai #OhSehun #KimJongin