Fourteenth Spell

1.8K 233 41
                                    

"ငါ သူ့ကို ​တွေ့ခဲ့တယ်​ Baekhyun....."

"ဟင်​.... ဘယ်​သူ့ကိုလဲ....."

အစမရှိမဆုံးမရှိ ရုတ်​တရက်​ ထ​ပြောလိုက်​တဲ့ Jonginစကားကို Baekhyun ခဏ နားမလည်​လိုက်​​ပေမဲ့ ဦးတည်​ချက်​မရှိ ​ငေး​မော​နေတဲ့ Jonginမျက်​လုံးများ​ကြောင့်​ သူ နားလည်​သွားခဲ့သည်​။

"ဘယ်​မှာလဲ..... Parisမှာလား....."

Jonginက ​အသာ​ခေါင်းငြိမ့်​ပြခဲ့သည်​။

"ဘာတဲ့လဲ....."

ဒီတစ်​ခါ​တော့ Jongin ​ခေါင်းကို သာသာ​ခါပြခဲ့သည်​။

"ငါ မသိဘူး..... Baekhyun...... သူကပဲ ဘာမှမ​ပြောတာလား...... သူဘာမှမ​ပြောနိုင်​ခင်​ပဲ ငါ ထွက်​​ပြေးလာခဲ့မိတာလား ငါ မသိဘူး......."

Jongin သူ့စကားကို မဆက်​ခင်​ချိန်​ထိ နှစ်​​ယောက်​သား တိတ်​ဆိတ်​​နေခဲ့ကြသည်​။

"ဒါမဲ့..... သူက​တော့ မ​ပြောင်းလဲသွားသလိုပဲ....."

ဆိုဖာလက်​ရန်း​ပေါ် တင်​ထားတဲ့ Jonginရဲ့ လက်​ကို Baekhyun ဆုပ်​ကိုင်​လိုက်​ကာ

"သူ့အ​ကြောင်း...... သိချင်​လား..... ငါ..... Chanyeolကို ​မေး​ပေးမယ်​​လေ......"

Baekhyun သတိထားပြီး ​မေးလိုက်​သည်​။

Jongin ဒီသုံးနှစ်​လုံးလုံး Sehunအ​ကြောင်းကို ​မေးလည်းမ​မေးခဲ့သလို စုံလည်းမစုံစမ်းခဲ့​​​သည်​ကို Baekhyun အသိဆုံးဖြစ်​သည်​။
Sehunကိုယ်​တိုင်​ကလည်း ​ကျောင်းပါထွက်​ကာ အားလုံးကို အဆက်​အသွယ်​ဖြတ်​သွားခဲ့သည်​။ သို့​သော်​ Chanyeolနဲ့​တော့ အဆက်​အသွယ်​ ရှိ​သေးပုံရသည်​။ ဒါကို Baekhyunသိ​ပေမဲ့ မသိချင်​​ယောင်​​ဆောင်​ကာ Sehunနဲ့ပတ်​သက်​ပြီး Chanyeolကို ဘာမှမ​မေးခဲ့​ပေ။

Jonginက အပြုံး​ဖျော့​ဖျော့ကို ပြုံးရင်း

"ဘာလုပ်​ဖို့လဲ..... ငါ မရှိလည်း သူက​တော့ အဆင်​​ပြေတယ်​ဆိုတာကို သက်​​သေပြဖို့လား...."

"Jong...."

"​အော်​..... နက်​ဖြန်​ကျရင်​ ငါ photo shooting တစ်​ခုလုပ်​စရာရှိတယ်​...... charityတစ်​ခုအတွက်​......"

Jonginက တမင်​ စကားလမ်း​ကြောင်း ​ပြောင်းလိုက်​သည်​မို့ Baekhyunလည်း ဘာမှ ဆက်​မ​ပြောပဲထားလိုက်​​တော့သည်​။

The Spell Of Black Swan Where stories live. Discover now