Fifth Spell

2.8K 358 31
                                    

"ကျောင်းပြန်မသွားဘူးလား Sehun..."

Jongin အကကျင့်နေတာကို ရပ်လိုက်ပြီး သူ့နောက်နားက ကြမ်းပြင်ပေါ်ထိုင်နေတဲ့ Sehunကို လှည့်မေးလိုက်သည်။

သူ့ရဲ့ ကိုယ်ပိုင်အကလေ့ကျင့်ချိန်တိုင်း ရောက်ရောက်လာကာ သူ ကတာကို ထိုင်ကြည့်နေတတ်တဲ့ Sehun.....။ သူ့ရဲ့ အချိန်ဇယားကို ဘယ်လိုသိလည်းတော့ မသိ။

"သွားချင်ဘူး...."

"ဘာလို့လဲ ရှေ့နှစ်ရက်ကလည်း မသွားဘူးမလား ဒီမှာပဲ လာနေနေပြီးတော့ "

"မင်းနဲ့ မခွဲချင်လို့...... "

"အီ...အသည်းယားစရာတွေ မပြောပါနဲ့.... "

ရုတ်တရက် ထလာပြီး သူ့ကို ဆွဲဖက်လိုက်တဲ့ Sehunကြောင့် Jongin ရုန်းလိုက်ကာ

"ချွေးတွေနဲ့ ..... မဖက်နဲ့.... လွှတ်"

"ဖက်မှာပဲ ဘာဖြစ်လဲ Jonginလေး ချွေးနံ့နဲ့ ကိုယ်သင်းနံ့လေးက ဈေးကြီးရေမွှေးတွေ ထက်တောင် မွှေးသေးတယ် ကိုယ်
ကြိုက်တယ် "

"အမယ်လေး ကိုယ်တော်လေးရယ် သူများတွေ ကြားရင် အန်ကုန်ကြဦးမယ် အပိုတွေ  သိပ်မပြောနဲ့"

"Jongin"

"Hmm?"

"နောက်တစ်ပတ် သောကြာနေ့ကျရင် ကိုယ်  ပြိုင်ပွဲရှိတယ် လာကြည့်မယ်မလား"

သူ နောက်တစ်ပတ် သောကြာနေ့ ဘာလုပ်စရာရှိလဲဆိုပြီး Jonginအမြန် စဉ်းစားကြည့်လိုက်သည်။

"ဘယ်ချိန်လဲ"

"11နာရီ အားတယ်မလား အတန်းချိန်မရှိတာ ကိုယ်သိတယ် "

"အင်း အချိန်မရှိတာတော့ ဟုတ်​ပါတယ်​ ဒါမဲ့ အဲ့နေ့ အဲ့ချိန်က ချိန်းပြီးသားကြီးဖြစ်နေပြီ"

Sehunရဲ့ အလိုမကျဟန် ဖြစ်သွားတဲ့ မျက်နှာကို ကြည့်ပြီး Jongin ရယ်ချင်သွားသည်။

"ဘယ်သူနဲ့ ချိန်းထားတာမလို့လဲ ဖျက်လို့မရဘူးလား"

"အင်း မရတော့ဘူး ဒယ်ဒီနဲ့ လေလံပွဲတစ်ခု လိုက်ပေးမယ်လို့ ကတိပေးပြီးသွားပြီ ဖျက်ရင် ဒယ်ဒီစိတ်ဆိုးလိမ့်မယ်"

"ချစ်သူက လေလံပွဲတစ်ခုလောက်တောင် အရေးမကြီးဘူးလား Jongin"

နက်မှောင်နေတဲ့ မျက်ခုံးထူထူတို့ကို ကြုတ်ထားပြီး မျက်နှာတစ်ခုလုံး သုန်မှုန်နေတာတောင် ချောမောနေဆဲဖြစ်တဲ့ Sehun ကို Jongin ငေးမောရင်း ကြုတ်ထားတဲ့ မျက်ခုံးနှစ်ခုကို လက်ညိုးနဲ့ လက်မသုံးကာ သာသာလေး ဖြေပေးလိုက်သည်။

The Spell Of Black Swan Where stories live. Discover now